Wednesday, 29 July 2009

Tuesday, 28 July 2009

ချောင်းသာဆိုသော ကမ်းခြေတစ်နေရာ

သူကတော့ ဓါတ်ပုံ ရိုက်နေကျတဲ့လေ ၊ ရှက်ဖူးတဲ့ ချစ်စရာလေးဗျာ

သူတို့ကတော့ ကျွန်တော့်ကို စိတ်ဆိုးတယ် သူတို့နဲ့ မလိုက်လို့တဲ့လေ .....


အပျင်းပြေ ချစ်သူနဲ့တူတူ East Coast မှာ သွားသွား အပန်းဖြေ တာလေ...... နာလိုမဖြစ်နဲ့


ပဲများသလား မမေးပါနဲ့တော့ ဓါတ်ပုံ ရိုက်တော့ ရှက်လို့တဲ့ အဟီ



ရုံးသွားရင် စီးဖို့ ယူသွားလေ ၊ စီးဖို့ဝယ်လာတာပဲ ........... သူငယ်ချင်းတွေ ယူချင်ရင်တော့ပေးလိုက်ပါမယ်..P:

ဒီတစ်ခေါက် ပြန်တုန်းက ရောက်ဖြစ်ခဲ့တဲ့ နေရာလေးတွေထဲက တစ်နေရာပေါ့ ............. ချောင်းသာကတော့ လှနေဆဲပါ
နည်းနည်းတော့ သန့်ရှင်းရေးလုပ်ဖို့လိုမယ်ထင်တာပဲ ........




Monday, 27 July 2009

ထိုညနေ


ရသေ့သူတော်တိုင်မှ ဥာဏ်မခိုင် ဈာန်ယိုင်လျောရတယ် ဆိုတဲ့ တပေါင်းလအကုန် တခူးအ၀င် ညနေခင်းလေးတစ်ခုပါ

နွေသီးနှံတွေ စိုက်ဖို့ ကွင်းရှင်းပြီး မီးရှို့နေတဲ့ မြင်ကွင်းပေါ့ ၊၊ ညနေဖက်ဆို တကွင်းလုံး မှိုင်းနေ ရောပဲ ၊၊ မြင်နေရတဲ့ တောင် တန်းစွယ်လေးက တော့ ရခိုင်ရိုးမရဲ့ အစွယ်အပွားလို့ ပြောရမလား ၊ ပဲခူးရိုးမရဲ့ အစလို့ဆိုရမလား မသိတဲ့ ကျွန်တော်တို့ ဒေသအခေါ်တော့ အနောက်တောပေါ့ ၊၊

ဒီပုံလေးတွေကို ညနေ စာပို့ရထားကြီးပေါ်ကနေရိုက်ခဲ့တာပါ ၊၊ ညနေ၀င်တဲ့ ရထားကို စာပို့ရထားတဲ့ ၊၊ စာတွေ သယ်လာလို့လေ ၊၊ စာတိုက်တွဲပါတယ် ၊၊ နောက် သတင်းစာလည်း အဲဒီရထားမှာပါတယ် ၊၊ သတင်းစာကို ညနေမှ ဖတ်ရတယ် ၊၊ ရထားနောက်ကျရင် နောက်တစ်နေ့မှ ဖတ်ရတယ် ၊၊ မသိသေးတော့လည်း အသစ်ပေါ့နော၊၊ ကျွန်တော် အဲဒီတုန်းက စီးလာတဲ့ ရထားတွဲကို မြင်သာအောင်ပြောရရင် ရထားတွဲတော့ ရထားတွဲပါပဲ ၊၊ ဒါပေမယ့် အမိုးလည်းမပါသလို ၊ အကာကလည်း အောက်ခြေ ၃ ပေသာသာ တစ်ဝက်လောက်ပဲ ပါပါတယ် ၊၊ ကျွန်တော်တို့ဘက်မှာတော့ ပက်လက်တွဲလို့ခေါ်ပါတယ် ၊၊ အများစုကတော့ ကုန်ပဲ တင်ပါတယ် ၊၊ နောက် သဲတွေ ၊ ကျောက်တွေ တင်ပါတယ် ၊၊ ကျွန်တော်ကတော့ အဲဒီပက်လက်တွဲရဲ့ ဘေးဘောင်လေး ပေါ်မှာ ထိုင်ပြီး တိုင်လေးကို ဖက်ပြီးစီးရတာ အင်မတန်မှ သဘောကျပါတယ် ၊၊ အဲဒီတစ်ခေါက် က အိမ်ကအပြန် ရထားပေါ်မှာ ရိုက်ထားတာပါ ၊၊ အခုချိန်ထိ အိမ်ကနေ ပြန်ထွက်ရလေတိုင်း ဘယ်အရာက စွဲထားမှန်းမသိလေးလံပြီး အားတွေ ပျက်နေတက်ဆဲ ၊၊ အိမ်ကိုဒီလောက်ခင်တွယ်တက်လို့လည်း သိတက်စကတည်းက အိမ်နဲ့မနေရတာထင် ပါတယ် ၊၊ အကိုတစ်ယောက်ရှိတယ် သူက ဖိနပ်စီးလိုက်တာနဲ့ ပျော်တယ်တဲ့ အိမ်မှာ မနေရတော့ ဘူးဆိုပြီးတော့တဲ့ ဒါပေမယ့် သူအိမ်ကနေ ခွာရတာ ၁၀ ရက်က အကြာဆုံး ဖြစ်မယ်ထင်ပ ၊၊ ရန်ကုန်သားဆိုတော့ ကျောင်းတက်တော့လည်း ကျွန်တော်တို့လို ဘယ်မှ သွားစရာမလိုဘဲ အိမ်ကပဲ တက် ၊ အခုမိန်းမရပြီးတော့လည်း အိမ်မှာပဲ ၊၊ ဘ၀တွေက တကယ်ကို ရယ်စရာကောင်းတယ်နော် ၊၊

အတိတ်ခရီးသို. ပြန်စောင်းငဲ့ ခြင်းဇာတ်သိမ်း

တကယ်တော့ ၁၅ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ အသိဟာ ပြည့်စုံလုံလောက် တဲ့ အတွေးအခေါ် တစ်ခု တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ၊၊ ဒါပေမယ့် အဲဒီလူငယ်လေးတစ်ယောက် အတွက် အားပေးထောက်ပံ့ကူညီပေး တဲ့ ၀န်းကျင် အသိုင်းအ၀ိုင်းကောင်းတစ်ခု သာ ရှိခဲ့မယ်ဆိုရင်တော့ ၊ အချိန်သင့် ရေလောင်းပေါင်းသင် ပြီး ဆေးကျွေးထားတဲ့ ဗူးပင်တစ်ပင်နဲ့ အလေ့ကျပေါက်တဲ့ ဖရုံပင် တစ်ပင်လို တူသယောင်ယောင်နဲ့ အသီးထွက် ကွာပါလိမ့်မယ် ၊၊ ဒါဟာလည်း အနီးစပ်ဆုံး ဥပမာတစ်ရပ် အဖြစ်တင်ပြခြင်းရယ်ပါ ၊၊ ဒါကြောင့် ကျွန်တော့် အမြင်တော့ တကယ်လို့ တူညီတဲ့ အရည်အချင်း ၊ အစွမ်းအစ ၊ ပင်ကိုယ် အရည်အသွေးသာ ရှိခဲ့မယ် ဆိုရင် နည်းစနစ်တကျ ပြုပြင် ထိန်းသိမ်း စောင့်ရှောက်ခြင်းခံရတဲ့ ကလေးတစ်ယောက် ရဲ့ ဘ၀ က အစစအရာ သာလွန် ပြည့်စုံကောင်းမွန်သော ဘ၀ပန်းတိုင်အတွက် ပိုပြီး နီးစပ်ပါလိမ့်မယ် လို့ တင်ပြလိုပါတယ် ၊၊ မှန်တယ် မဟုတ်ပေလားဗျာ ၊၊ လက်ခံနိုင်ပါတယ်နော် ၊၊

ဘာဖြစ်လို့ ကျွန်တော် ဒီအကြောင်းအရာကို အပ်ကြောင်းထပ်မျှ ဥပမာ ဥပမေးယျ စုံလင်စွာ တင်ပြနေရပါသလဲ ဆိုရင်ဖြင့် ကျွန်တော်မှာ အကြောင်းပြချက်ကောင်းကောင်း ရှိပါတယ် ၊၊ တချို့တချို့သော တခါတလေမှာ ကိုယ်ဖြတ်သန်းလာရတဲ့ ဘ၀ခရီးကို ကိုယ်အမြင့်တစ်နေရာ မှာ အခြေကျတဲ့ အခါ မေ့သွားတက်ကြသမို့ သတိပေးလိုရင်းသပ်သပ်ရယ်ပါ ၊၊ ကျွန်တော်တင်ပြချင်တာကတော့ လူတွေမှာ ကိုယ်ပိုင်အရည်အချင်း ရှိတာမှန်ပါတယ် ၊၊ ကျိုးစားအားထုတ်မှု ရှိတာလက်ခံပါတယ် ၊၊ သို့သော် တခါတလေမှာတော ပတ်ဝန်းကျင်ဆိုတဲ့ ကျွန်တော်တို့ ခပ်လွယ်လွယ်သုံနှုန်းတဲ့ အထောက် အပံ့က အင်မတန်မှ အရေးကြီးတယ်လို့ ထောက်ပြလိုတာပါ ၊၊

တကယ်လို့ မိမိကိုယ်ပိုင်အရည်အချင်းရှိလို့ ၊ တော်လို့ပါဆိုတဲ့သူတွေကို သိစေချင်တာရယ် ၊ နောက်ထပ် ဖြစ်တည် လာမယ့် ကျွန်တော်တို့ရဲ့ နောက်ထပ် မျိုးဆက်တွေကို ကျွန်တော်တို့လို မဖြစ်ရအောင် ၊ မိမိဖြတ်သန်း လာခဲ့တဲ့ ခရီးမှာ တွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေ ၊ လစ်ဟာချက်တွေကို ထောက်ပြ လမ်းညွှန် ပေးစေချင် တာရယ် ပါ ၊၊ အဲ လူငယ်တွေအတွက် ဆိုပေမယ့် လူငယ်တွေ ဖတ်ဖို့ထက် ၊ အဲဒီလူငယ်လေးတွေ ရဲ့ ဘ၀တက်လမ်း ခရီး မှာ လိုအပ်တာမှန်သမျှ ဦးဆောင် ဖြည့်ဆည်းပေးနိုင်သော ၊ ကျွန်တော်တို့ အရွယ် သက်လတ်ပိုင်းတွေကို သတိရ သတိပြုမိစေချင် တာအဓိကပါ ၊၊

လူအမျိုးမျိုး စိတ်အထွေထွေ၇ယ်ပါ ၊၊ အချို့ လူကြီးတွေ က ဘယ်လိုသဘောထားမျိုး ရှိသလဲ ဆိုတော့ ငါလည်း ဒီလမ်း မှာလဲခဲ့ဖူးတာပဲ ၊၊ မင်းလည်း လဲကြည့်မှ သိလိမ့်မယ် နေပါစေတဲ့ ၊၊ အဲ အဲဒါမျိုး ၊ အဲဒီလို လူမျိုး ကို ကိုယ်တိုင်တွေ့ ခဲ့ ဖူးတာ ပါ ကြုံခဲ့ဖူးတာပါ ၊၊ ဒါ့ကြောင့်မို့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်သဘောကတော့ Lapping ထပ်ချင်ပါတယ် ၊၊ ငါ့တုန်းကဒီနေရာမှာ လဲခဲ့ဘူးတယ် ၊၊ မင်းစမ်း ချင်လား ၊၊ ဒါမှမဟုတ် နောက်တစ်မျိုး စမ်းကြည့်ချင်လား ၊၊ ဆိုတာမျိုးပဲဖြစ်စေချင်ပါတယ် ၊၊ အဲဒီမှာ ကာယကံရှင် က လဲပါစေ ဒီလမ်းကိုပဲ ဆက်လျှောက် ချင်ပါတယ်ဆိုတော့လည်း လိုအပ်မယ့် ပစည်းလေးတွေ ထည့်ပေးလိုက် တာပေါ့ ၊၊ အဲဒီလိုမှ မဟုတ်တော့လည်း နောက်တစ်လမ်းကို ညွှန်ပြကြတာပေါ့ ၊၊ ဒီနည်းလမ်းလေးက ပိုမ ကောင်း ဘူး လားဗျာ ၊၊ ကျွန်တော်ကတော့ လူငယ်တွေကို ပိုပြီးတိုးတက်စေချင်ပါတယ် ၊၊ ကျွန်တော်တို့မှာ ကုန်လွန်ခဲ့တဲ့ အချိန်တွေကို ကျွန်တော်တို့ မသိသေးတဲ့ နောက်ထပ် အသစ်တွေ အတွက် အကျိုးရှိရှိ အချိန်ကို အသုံး ပြုစေလို ပါတယ် ၊၊ ဒီလို ခရီးရောက် ဖို့ ဆိုတာလည် ရောက်နှင့်ပြီးသူတွေက ကူညီဖို့လိုမယ်လို့ ထင်ပါတယ် ၊၊ သဘော ကွဲလွဲ လိုကြပါလားဗျာ ၊၊ နောက်လာမယ့် လူငယ်တွေ အတွက် ရောက်နှင့်ပြီးဖြစ်တဲ့ ရှေ့လူတွေက လိုအပ်တာကို လမ်းညွှန်ပေးဖို့ လိုမယ်လို့ထင်ပါတယ် ၊၊

နည်းပညာ အသစ်အဆန်းတစ်ခုကို ကိုယ်တိုင်လေ့လာရင် ပိုသိပါတယ် ၊၊ ပိုနားလည်ပါတယ် ၊၊ သို့သော် ကိုယ်သည် ဒီနည်းပညာကို အသုံးချရုံသပ်သပ် ဆိုလျှင် ပါရဂူမြောက် ကျွမ်းကျင်တက်မြောက်ဖို့ မလိုဘူး ဆိုရင် ငြင်းကြမလား ၊၊ အဲ အဲဒီလိုဆိုရင် ကိုယ်တိုင် အစအဆုံး လေ့လာနေတာထက် ၊ သိပြီးသားသူ တစ်ယောက်ကို တစ်ယောက် လက်ဆင့်ကမ်းလိုက်ရင် ပိုပြီး အချိန်ကုန်သက်သာ မသွားပေဘူးလားဗျာ ၊၊ အဲဒီလိုပဲ စာတစ်ပုဒ်ကို ကိုယ်တိုင် ခဲရာ ခဲဆစ် ကျက်မှတ်နေခြင်းထက် ၊ တကယ်နားလည် တက်သိပြီးသူက အချက်ကိုပြောပြလိုက် ခြင်းက ပိုပြီး အချိန်ကုန်လည်း သက်သာသလို ၊ အကျိုးလည်း မရှိပေဘူးလားဗျာ ၊၊ အာ ငါ့တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့ရတာ မင်းလည်းလုပ်ပေါ့ကွာ ဆိုရင်တော့ ကျွန်တော် မောင်မင်း ပြောစရာ အရှင်းမရှိပြီ ၊၊ ကျွန်တော်တို့ ရဲ့ နောက်မျိုးဆက် ကျွန်တော်တို့ရဲ့ နောက်လူငယ်တွေကို ကူညီလမ်းပြပေးဖို့ ဆော်သြလိုရင်းပါပဲ ဗျာ ၊၊ ဒါမှ သာ နောက်ထပ် ကျွန်တော်တို့မျိုးဆက်တွေက လကမ္ဘာမှာ အိမ်သွားဆောက်တဲ့အခါ အနည်းဆုံး လကမ္ဘာက ရေလေး တစ်ခွက်လောက်တော့ မျက်စဉ်းခပ်ဖို့ မှာ ကြရတာပေါ့ဗျာ ၊၊ မဟုတ်ပေဘူးလား ၊၊

ဒီနေရာမှာပဲ ကျွန်တော့်ရဲ့ မူလတန်း ၊ အလယ်တန်းဘ၀ကသူငယ်ချင်းများနဲ့ ပမာပေးတင်ပြသွားခဲ့တဲ့ အတိတ်ခရီးလေးကို တစ်ပိုင်းရပ်နားလိုက်ရပါတော့တယ်ခင်ဗျာ ၊၊ အလျင်းသင့်လို့ တင်ပြခွင့်ရှိခဲ့အုံးမယ် ဆိုရင်ဖြင့် ၊ ခွဲခွာခဲ့ကြရတဲ့ အထက်တန်းလွန်ကာလ သူငယ်ချင်းများနဲ့ တစ်ပိုင်း ၊ တကသိုလ်ဆိုတဲ့ မြကျွန်းညို
မှာ ဆုံခဲ့ဖူးတဲ့ သူငယ်ချင်းများနဲ့ တဖုံ တင်ပြပါအုံး မယ် ၊၊ အခွင့်ရှိခဲ့မယ်ဆိုရင်ပေါ့ ၊၊ ဘာပဲ ဖြစ်ဖြစ် စိတ်မပျက်လက်မပျက် အဆုံးထိ ဖတ်ပေးတဲ့ သူငယ်ချင်းရေ ကျေးဇူးတင်ခြင်းများစွာနဲ့ သူငယ်ချင်းတွေ အတွက် သူချင်းလေးတစ်ပုဒ် လက်ဆောင်ပေးလိုက်ပါတယ်ဗျာ ၊၊

ရွှင်လန်းချမ်းမြေကြပါစေ
မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

သူငယ်ချင်းများစွာ



Saturday, 25 July 2009

အတိတ်ခရီးသို. ပြန်စောင်းငဲ့ကြည့်မိသောအခါ၆

ရှေ့ပိုစ့်တွေမှာ ဆိုခဲ့ဘူးသလို ပါပဲ ၊ ကျွန်တော်ဒီလိုဆိုတော့ ဘ၀ကို အနိမ့်အမြင့်နဲ့ မတိုင်းတာပဲ ခရီးရောက်ခြင်း မရောက်ခြင်းနဲ့ တိုင်းတာပြီးနိုင်းယှဉ် ပြချင်ပါတယ် ၊၊ ကျွန်တော်ခုချိန်ထိ ယုံကြည်နေဆဲ တစ်ခုကတော့ ကျွန်တော် ပတ်သပ်ပေါင်းသင်းခဲ့ဘူးသူ သူငယ်ချင်းအားလုံးသည် ကျွန်တော်ထက် ပိုတော်ပါတယ် ဆိုတဲ့ အချက် ပါပဲ ၊၊ သို့သော် ရွေးချယ်ရာလမ်းကြောင်းကို လိုက်ရ်ျပြောင်းလဲသော ဘ၀အတွေ့ကို ခံစားရပါသည် လို့ သာ ဆိုချင်ပါတော့တယ် ၊၊ အဲဒီလိုပြောတဲ့အခါ ကံတရားဆိုတဲ့ စကားလုံးဆက်နွယ်လာ နိုင်သော်လည်း ယခု လောလောဆည် လက်တွေ့ဘ၀ကို ပြန်ပြောင်းပြောချင်ပါသဖြင့် စိတ္တဇနာမ် ကံတ၇ားကို ခဏတာ ချန်လှပ် ထားခွင့်ပြုပါခင်ဗျာ ၊၊

သိခဲ့ကြပါတယ် ၊၊ အသိချင်းတူခဲ့ ကြပါတယ် ၊၊ ဒီလမ်းကိုသွားရင် ဒီခရီးကိုေ၇ာက်မယ်လို့ ၊ သို့သော် ဒီလမ်းကို ဘယ်လို သွားကြမလဲ ဆိုတဲ့ အပေါ်မှာ လမ်းကြောင်း ရွေးချယ်မှု ပေါ်မှာ အများကြီးမူတည်ခဲ့ပါပြီ ၊၊ ကျွန်တော်ရဲ့ မူလတန်း ၊ အလယ်တန်းဘ၀ သူငယ်ချင်း တွေ နဲ့ လုံးဝ လမ်းခွဲနှူတ်ဆက်လိုက်ရတာ အဲဒီလမ်းဆုံလေးမှာပေါ့ ၊၊ သူတို့ကသိပေမယ့် ၊ အဲဒီလမ်းဆုံလေးကို ကျော်ဖို့ သူတို့မှာ နည်းလမ်းမရှိခဲ့ပါဘူး ၊၊ အဲဒီတံတားလေးကို ကူးဖို့ သူတို့မှာ အင်အားမရှိခဲ့ရှာပါဘူး ၊၊ အမှန်အတိုင်း ပြောရရင် ကျွန်တော် အဲဒီဘ၀တွေကို စိတ်နာတယ် ၊၊ လုပ်ချင်ပါလျက် လုပ်ဖို့ အင်အင်းတွေ ရှိပါ လျက် ၊ နောက်ခံဘက်ဂေ၇ာင်းလို့ လူတွေ လွယ်လွယ်ပြောနေတဲ့ အထောက်အပံ့ မရှိတဲ့ဘ၀တွေကို အမှန်တကယ် ကိုယ် ချင်းစာမိသလို စိတ်လည်းနာမိပါတယ် ၊၊ ဒါကြောင့်လည်း ဒီလိုဘ၀တွေ ကို ချပြနေမိပါတယ် ၊၊ အားလုံးကို သိစေချင်ပါတယ် ၊၊ နောက်လူတွေကို ကူညီ စေချင်ပါတယ် ၊၊
ကျွန်တော်အဲဒီ အရွယ်မှာ အ၇မ်းဖြစ်ချင်ခဲ့တာ ရှိခဲ့ဖူးပါတယ် ၊၊ အဲဒါကဘာလဲ ဆိုတော့ Junior Ambasdor ဆိုတဲ့ ဂျပန်ကို သွားရတဲ့ အစီအစဉ် တစ်ခုပါ ၊၊ ကျွန်တော်သိခဲ့တယ် ၊၊ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ မသိခဲ့ဘူး ၊၊ အဲဒီကတည်းတွေးခဲ့ဘူးတယ် ၊၊ ခလေးတွေးပေါ့လေ၊၊ ဘာလို့ ငါ့တို့ဘ၀တွေ ကွာခြားနေရတာလဲ၊၊

အထက်တန်း ကျောင်းသားဘ၀ ချင်းတူပါလျက် ၊ ဘာ့ကြောင့် ကျွန်တော်တို့ ကျောင်းက ဆရာဝန်တွေ အင်ဂျင် နီယာ တွေ မထွက်ရ တာလည်း ၊၊ ဘာ့ကြောင့် ဘာသာစုံဂုဏ်ထူးရှင်တွေ မပေါ်ပေါက်ရတာလည်း ၊၊ ဆရာတွေ လည်းအထက်တန်းပြချင်းတူပါလျက် ၊ လစာခြင်းလည်းတူပါလျက် ၊ နယ်ကျောင်းကကျောင်းသားတွေ အမှတ် မကောင်းရဘူးဆိုတဲ့ သတ်မှတ်ချက်များ ရှိနေလား ၊၊ အဲဒီအချိန်မှာ အဲဒီအတွေးကို တွေးဖို့အတွက် လူတိုင်းမဖြစ် နိုင်ပါဘူး ၊၊ အဲဒီအတွေးဝင်သလို အဲဒီအတွေးကို အကောင်အထည်ဖေါ်ဖို့လည်း လိုအပ်ပြန်ပါရော ၊၊ မဟုတ်ပေ လားဗျာ ၊၊ လက်ခံပါသလား ၊၊ အဲဒါလေးတစ်ချက်က ကျွန်တော့်ရဲ့ ဘောကန်ဖက်ငယ်ပေါင်းသူငယ်ချင်းတွေကို လမ်းခွဲ စွန့်ပစ်ခဲ့ရတဲ့ အကြောင်းရင်းပေါ့ဗျာ ၊၊

အဲဒီလိုနဲ့ အဲဒီလို ကျွန်တော်ချစ်တဲ့ မွေးရပ်မြေက စာသင်ကျောင်းလေးက ကျွန်တော့်ကို ဒိထက်ကောင်းတဲ့ ဘ၀ တစ်ခုကို မပို့နိုင်ဘူးဆိုတာသိတာနဲ့ တပြိုင်နက် ကျွန်တော် စွန့်ခွာဖို့ နည်းလမ်းတွေ ရှာကြံပါတော့တယ် ၊၊ ကျွန်တော် အဲဒီအချိန်ထိ ကံကောင်းခဲ့ပါတယ် ၊၊ အမေ့ရဲ့ ထောက်ခံအားပေးမှုနဲ့ အဖေ့ဆီကဗီဇာ လွယ်လွယ် ရသလို ထောက်ပံ့ကြေးပေးမယ့် Granter အစ်ကိုအစ်မတွေ လည်းရှိတော့ ကျွန်တော် ငယ်ငယ်ရွယ်ရွယ်နဲ့ မွေး ရပ်မြေကို စွန့်ခဲ့ရတာပေါ့ ၊၊ ဒီပိုစ့်မှာ ကျွန်တော့် ရဲ့ ငယ်သူငယ်ချင်းတွေကို တခန်းရပ်မှာပါနော်၊၊ သည်းခံ ပေးပါအုန်း ၊၊ ကျွန်တော်နဲ့ အမြဲတမ်း အမှတ်တူ အရည်အချင်းတူတဲ့သူငယ်ချင်းတွေ က တကသိုလ် ၀င် အောင် စာရင်းထွက်တဲ့အခါ သာမန်အောင်တဲ့သူနဲ့ ၊ ကျတဲ့သူနဲ့ ၊ ဂုဏ်ထူးဆိုတာ သူတို့အတွက် ဘုရားပေးတဲ့ ဆုလဒ် ထက်တောင် တန်ဘိုးကြီးနေလေတော့ ကျွန်တော် အံအားသင့်ခဲ့သလို ၊ ကျွန်တော့်ရလဒ်အတွက် လည်း အံအား သင့်ခဲ့ရပါတယ် ၊၊ တကယ်လို့ကျွန်တော်သာ ဒီမွေးရပ်မြေမှာ ဆက်နေခဲ့ရင် ကျွန်တော် သူတို့နဲ့အတူတူ ခုချိန်ဆို ပျော်နေပြီလား ၊၊ ၁၀ တန်းလေးတောင် အောင် ပါ့မလား ၊၊ ဒါဟာ ဘာ့ကြောင့် ဒီလို တွေ ကွဲပြား သွား ရတာလဲ၊၊ အရည်အချင်းမတူလို့ပေါ့ကွာလို့ မပြောပါနဲ့ ၊၊ ကျွန်တော့်ကို ကျွန်တော်သိပါတယ် ကျွန်တော်ဟာ သူတို့ထက် ဘယ်နေရာမှာမှ ပိုမသာခဲ့ဘူး ၊၊

ကျွန်တော့်ရဲ့ ငယ်ပေါင်း ၊ ငယ်ကပေါင်းတဲ့ သူငယ်ချင်း အပေါင်းရဲ့ အရေးပါ အရာ ရောက်မှုကို တင်ပြပါရစေ ၊၊ အမြင့်ဆုံး နိုင်ငံတော်တာဝန်ထမ်းဆောင် နေတဲ့ သူငယ်ချင်းက စိုက်ပျိုးရေးသိပံဆင်းတဲ့ ကျေးရွာ စိုက်ပျိုးရေ မန်နေဂျာ ၊ စစ်တပ်က လက်နက်စက်ရုံက တပ်ကြပ် ၊ ရဲဝန်ထမ်းကျောင်းဆရာမ ၊ စက်ချုပ်သူ ၊ ကွမ်းယာသည် ၊ စက်ဘီးပြင်ဆရာ၊ လဖက်ရည်ဆိုင်ပိုင်ရှင် ၊ ကုန်စုံဆိုင်ရောင်းသူ ၊ ဓါတ်ပုံဆရာ ၊ သာမန်လက်လုပ်လက်စား ၊ ခုချိန်ထိ အလုပ်အကိုင် မယ်မယ်ရရ မရှိတဲ့ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ၊ ပြည်ခိုင်ဖြိုး ယောင်ယောင် ၊ စွမ်းအားရှင်လိုလို သူငယ်ချင်းတွေလည်း ရှိပါတယ် ၊၊ အမှန်တကယ် ပါ ၊၊ ကျွန်တော် ဘယ်လိုများ ခံစားနေရမလဲ ၊၊ ကျွန်တော်နဲ့ ပြန်တွေ့တဲ့ အခါ ကျွန်တော့်ကို ကြည့်တဲ့သူတို့ အကြည့်တွေကို ရင်မဆိုင် ချင်ဆုံးပါ ၊၊ ငယ်ငယ်တုန်းက ဒိုးရိုက်ဖက်ချင်း ၊ ဘောကန်ဖက်ချင်း ကျွန်တော်က ဘာတွေ သာလို့ ကျွန်တော့်ကို ဒီလို ကြည့်ရတာလဲ ၊၊ ကျွန်တော်တကယ် မခံစားနိုင်ပါ ၊၊ အဲဒီလူတွေ ဟာ ၊ ကျွန်တော့်သူငယ်ချင်းတွေဟာ ၊ ခပ်ညံညံခပ်တုန်းတုန်းတွေ တော့လည်း မဟုတ်ပေ မယ့် အခုများတော့ သူတို့မှာ သူတို့ နေ့စဉ် ပုံမှန်ဝမ်းစာအတွက် ကိုသာ လုံပန်းနေရသလို ဖြစ်သလို ဖြတ်သန်းနေကြရတာပါ ၊၊ ဒါဟာ သူတို့မှာ ကြိုးစားဖို့ အခွင့်အရေး မရခဲ့လိုပါပဲ ၊၊ အဲဒီအခွင့်အရေးကို မသိခဲ့တာ မဟုတ်ပေမယ့် တောင်းဆို ဖို့ မဖြစ်နိုင်လို့ မေ့ချင်ယောင် ဆောင် ရင်းက တကယ်ကို မေ့သွားကြတာ ယနေ့ထိပါပဲ လေ ၊၊ စဉ်းစားကြည့်ပါ ၊၊ ငယ်ကပေါင်းတဲ့သူငယ်ချင်းတွေ အကြောင်းကို ၊ သူတို့ညံ့ခဲ့လို့မှာ မဟုတ်ခဲ့တာ ၊၊ သေချာပါတယ်ဗျာ ၊၊ သူတို့ညံ့လို့မဟုတ်ဘူး ၊၊ သူတို့မှာ အခွင့်အရေး မရခဲ့တာပါ ၊၊ ( ဒီနေ့ဒီကာလမှာ ငါတော်လို့ ဒီလိုနေရတာ ဆိုတဲ့ သူမျိုးကိုတွေ့ ရင် အင်မတန်မှ ရယ်ချင်မိတာ အဲဒီလို အသံတွေ အသံကြားရတိုင်းပါ )

ဒီမှာတင် ကျွန်တော်ရဲ့ အတိတ်ခရီး ကို နောက်ဆုံးအဖြစ် ကျွန်တော့် ငယ်ဘ၀ သူငယ်ချင်းများကို တခန်းရပ်ခွင့် ပြုပါ ၊၊ နောက်ဆုံး ဇာတ်သိမ်းအဖြစ် နောက်ပိုစ့်တစ်ခုနဲ့ ကျွန်တော်အတိတ်ခရီးကို အနှစ်ချုပ်တင် ပြပါရစေလို့ တောင်းဆိုရင်း ပျော်ရွင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည် ၊၊
လေးစားခြင်းများဖြင့်
မင်းအိမ်ဖြူ

Heart of Singapore









မနေ့ညနေက အလုပ်ပြီမှသွားခဲ့တာပါ ၊၊ အားပါးပါး Orchard Mrt Station လည်းမရောက်တဲ့ ခဏအတွင်း မမှတ်မိအောင်ကို လှနေတာကလား ၊၊ ကောင်မလေးတွေကိုပြောတာလည်းပါတယ် P:
တကယ်ကိုလန်းသွားပါတယ် ၊၊ ကိုနေတာက တောဖက်ပိုင်းဆိုတော့ ဒီလိုအလန်းလေးတွေ တွေ့ရဘူး D:
ဒါ့ကြောင့်သွားသင့်ပါတယ် အချိန်ရရင် ...
ပတ်လိုက်တာ ည ၁၀ နာတောင်ဘယ်လိုကျော်သွားတယ် သိလိုဘူး .....


ဟိုပြောဒီပြောနဲ့ အဲဒါ Orchard Mrt က IoN လေ အခုမှ အသစ်စက်စက် ပြောချင်တာက ဒါပါဗျာ

Friday, 24 July 2009

ဘုရားလေးစေတီ ကုန်းမြင့်မှာတည်




ငါးသလောက်ဖမ်းသောလှေဖြစ်သည်။ သိမ်ဇရပ်ကျေးရွာမှ စစ်တောင်း မြစ်ကြောင်း အတိုင်း စုန်ဆင်းပြီး စစ်တောင်းမြစ်ဝရှိ ရန်ကုန်ပေါက်ရွာ မီးပြတိုက် ဘက် အထိ ငါးသလောက်ပိုက် ချကြသည် ။ စစ်တောင်းမြစ် တွင် ငါးသလောက်တက်ပုံက ထူးဆန်းသည် ရေထရက်ကို လိုက်၍ စစ်တောင်းမြို့ ဟောင်းကိုလိုက်၍ ငါးရချိန်၊ မုပ္ပလင်၊စွပ္ပနူး၊ကော့ထင် တို့၌ အချိန်ကာလ ကွဲပြား သည်။ ဥပမာ စစ်တောင်းမြို့ဟောင်းနှင့် သိမ်ဇရပ်ကျေးရွာ တို့တွင် မရမ်းသီး ကင်းချိန်၌ ငါးသလောက် အတက်ဆုံး ဖြစ်သည်။ ငါးသလောက်အများဆုံး ဖမ်းမိချိန်မှာ စစ်တောင်းမြို့ဟောင်း ရှိ ကျိုက္ကလွန်ပွန်းစေတီဘုရားပွဲ ကျင်းပသည့် တပို့တွဲလတွင် ဖြစ်သည်။ ငါးသလောက်များ ဘုရားဖူးချိန်ဟု ဒေသခံတို့က ပြောစမှတ်ပြုကြသည်။ ငါးသလောက် လောကတွင် စစ်တောင်း ငါးသလောက်သည် နာမည်ကြီးသည်။ မယားဆံတောက်၊ငါး ငါးသလောက် ဟု ဆိုရိုးပြုကြသည်။ စစ်တောင်း ငါးသလောက် သည် ရန်ကုန်ငါးသလောက် လို အနံ့မပြင်း၊အဆီမများ၊ကင်စား၍ ကောင်းသည်။ ပေါင်းစား၍ ကောင်း သည်။ တပေါင်လတွင်တက်သော ဇတ်နီဟု ခေါ်သော ငါးသလောက်မှာမူ ရန်ကုန် ငါးသလောက် လို အဆီများသည်။ အနံ့ကတော့ မပြင်း၊စား၍ အရသာ ရှိသည်။ စစ်တောင်း ငါးသလောက်ပေါင်း သည် ကျော်ကြားသော ဟင်းမည်တ မျိုး ဖြစ်သည်။
( ဆရာ ညောင်ခါးရှည်-မှိုင်းဝေ ၏ ဂမ္ဗီရ - ရေငန်ပိုင် )

Thursday, 23 July 2009

ံReally ! My Ideal


ကျွန်တော့်ဘ၀ရဲ့ ပထမဆုံးဆုံခဲ့ဘူးသော
ကျွန်တော်အင်မတန်မှ လေးစားအားကျရပါသော အင်ဂျင်နီယာကြီး
အင်ဂျင်နီယာချုပ် ဖြစ်သွားပြီကြားတော့ ၀မ်းမြောက်ဝမ်းသာဂုဏ်ယူမိပါ၏ ၊၊
ကျွန်တော်ပျော်တဲ့မြေ ၊ ကျွန်တော်ဂုဏ်ယူတဲ့ အင်ဂျင်နီယာဘ၀ ၊ ကျွန်တော်မြတ်နိုးတဲ့လုပ်ငန်းခွင်

Site Visit လာတိုင်း အားကျခဲ့ရတဲ့ အင်ဂျင်နီယာကြီး ၊ ငါတစ်နေ့ ဒီလိုဖြစ်ရမယ်လို့ စိတ်ကူးနဲ့ ရူးခဲ့ဖူးပေမယ့် ခုများတော့လည်း

မင်းလည်းတောသား ငါလည်းတောသား ငါ့ရာထူးတိုးဖို့အတွက်တော့ ငါ့မိဘကို နွားမရောင်းခိုင်းဘူး မင်းကိုငါတာဝန်ယူတယ် ၊ အေး ငွေပေးဖို့ဆိုရင်တော့ ငါမလိုက်ဘူး မင်းဘာသာမင်းသွား

ငါဂျာမဏီမှာ ကျောင်းတက်လာတာပါကွ ၊ ဒီမှာ မင်းဒီစာကို ယူသွား ပြီးတော့ ဂျာမန်ဘာသာ ပြန်ခိုင်းကွာ ပြီးမှ ငါလက်မှတ်ထိုးမယ် သွားသွားမြန်မြန်သွား

မြန်မာပြည်နဲ့ နိုင်ငံခြားဆိုတာ ညောင်ခါးရှည်နဲ့ ရန်ကုန်လိုကွာမှာပေါ့ကွာ ၊ မင်းကောင်မလေးက ပြန်မလာတော့ ဘူးဆို ၊ ငါ့သဘောကတော့ မင်းကို ဒီမှာပဲ လုပ်စေချင်တာပဲ ၊ ငါလည်းမင်းလိုဘ၀မျိုးကစခဲ့ရတာပဲ

ခွင့်မတောင်းပဲ တိတ်တိတ်လေး ထွက်လာမိတာ ၊ ခုချိန်ထိ တခါဖူးမျှ မဆက်သွယ်မိတာ ၊ ဂရုဏာဒေါသောနဲ့ စိတ်ဆိုးနေမယ်ဆိုရင်လည်း

ပျော်ရာမှာ နေခွင့်မရတဲ့ အညတရတစ်ကောင်ကို နားလည်ခွင့်လွတ်ပေးပါ ၊၊ ဘ၀တူချင်းပေးမယ့် ဖြတ်သန်းရတဲ့ ခေတ်မတူတဲ့အတွက် အသင် လျှောက်ခဲ့တဲ့လမ်း အကျွန် မလှမ်းနိုင်တာလေးတစ်ခုတော့ ခွင့်လွတ်ပါဗျာ




နားလည်ပါ

ဟင့်အင်း တခါမှ မငြင်းခဲ့ဘူးနော ..........
နိုးနိုးနိုး တခါဘူးမှလည်း မုန်းတယ်လို့ပြောခဲ့ပါဘူး ......... ဒါပေမယ့် မဆုံနိုင်တဲ့ ဘ၀တွေကိုသိသိကြီးနဲ့ ဘာလို့ များ နီးစပ်ချင်ရတာလဲ ၊၊

ဆုံခွင့်ရတဲ့ အချိန်က လမ်းခွဲလို့ ၀မ်းနည်းရမယ့် အချိန်နဲ့ စာရင်
မကြေကွဲတာမကောင်းဘူးလား
ဖြောင့်ဖြူးတဲ့ လမ်းခရီးမှာ ဆူးညှောင့်ခလုတ်ဖြစ်မှာထက်
ခပ်ဝေးဝေးက သစ်ပင်အိုလေးက အေးရိပ်ကိုပေးတယ်လို့များ မဖြေသိမ့်နိုင်ဘူးလား ၊၊

ဘာလုပ်မှာလဲ
တစ်ညတာ လက်တွဲပြီး တစ်ဘ၀တာခွဲနေရမယ့်အရေး
ခပ်ဝေးဝေးက လွမ်းရတာခံသာပါအုံးမယ် ၊၊

မကြိုးစားချင်ဘူး ကိုယ်မကြိုးစားချင်ဘူး
သိသိကြီးနဲ့ ရုန်းဖယ်ခဲ့တာ မချစ်လို့ မဟုတ်ဘူး မုန်းလို့ မဟုတ်ဘူး
မချစ်သင့်လို့ ၊ မလွမ်းသင့်လို့ ၊ သိကာရှိရှိ လမ်းခွဲချင်လို့ရယ်ပါ ၊၊

တခါတလေ နာကျင်နေမလား
တခါတလေ ကြေကွဲနေမလား
တွေးဖူးပါတယ် တွေးဖူးပါတယ်
နောင် အခါခါ နာကျင်မှာထက်
ဒီတခါနာကျင်တာက သက်သာမှာပါလေရယ်လို့
ဖြေသိမ့်တွေးရင်း မကြင်နာခက်ခက်ရယ်နဲ့ ရင်နာလျက်နဲ့ လမ်းခွဲခဲ့တယ်
တကယ်တွေးခဲ့တာ မင်းအတွက်ရယ်ပဲ ၊၊

ရွှေလက်တွဲပြီး နွှဲခွင့်မရဘူး၇ယ်လို့ မကျေကွဲပါနဲ့လေ
ကိုယ်တွဲဖို့ လက် မင်းအတွက် မမြတ်ဘူးထင်လို့
ရင်နာလျက်က ကမ်းလက်မဆင့်ခဲ့တာပါ
ဒါကိုသာ မြင်တက်ရင် ၊ အခါခါသာ ကျေးဇူးတင်နေရမှာပါ ၊၊

ဒီဘ၀ဆုံခွင့်မရလည်း နောင်ဘ၀တွေသာ ရှိခဲ့မယ်ဆိုရင် မင်းအတွက် ကမ်းလင့်ကြိုဆဲ ၊၊



ဓါတ်ပုံလေးတွေကို ဒီနေရာလေးကယူထားပါတယ်

We R the Great !


Wednesday, 22 July 2009

အဖြေမတူခြင်း၏ နောက်ဆက်တွဲ


ကျွန်တော် ဒီပိုစ့်လေးကို မီမီအတွက်ရယ် နောက် စာဖတ်ပြီး ခံစားပေးတဲ့သူငယ်ချင်းတွေ အတွက်ရယ် ကျွန်တော် ရဲ့ ဆိုလိုရင်းလေးလည်း မပျောက်စေချင် တာ ရယ် ကြောင့်ရေးဖြစ်ခဲ့ပါတယ် ၊၊

ကျွန်တော့်ရဲ့ ဇာတ်ကောင် မီမီဟာ တံလျပ်ကိုရေထင် ရွှေသမင် အလိုက်မှားတဲ့ မိန်းမတစ်ယောက် မဟုတ်ဘူး ဆိုတာ ကို ပထမဆုံး အသိပေးပါရစေ ၊၊ အသိဥာဏ်ရှိတဲ့ ပညာတက်မိန်းမတစ်ယောက်ပါ ၊၊ သာမာန်ယောင်္ကျား တစ်ယောက် ထက် ပိုတော် ပါတယ် ၊၊ ဘာလို့ ဒီလို ဆိုရ သလဲ ဆိုတော့ အကြောင်း ရင်းတွေ အများကြီး ရှိပါတယ် ၊၊ ကျွန်တော့်ပိုစ့် မှာလည်း ရေးခဲ့ ပါတယ် ၊၊ မီမီဟာ ခပ်ညံ့ညံ့ မိန်းမ တစ်ယောက် မဟုတ်ပါဘူးလို့ ၊၊

ကျွန်တော်နဲ့ မတွေ့ခင်တုန်းကမီမီ

မီမီ ၁၀ တန်းလောက်မှာ မီမီတို့ မိသားစု အသိုက်အမြုံလေး ရှင်ကွဲကွဲခဲ့ရပါတယ် ၊၊ ပတ်ဝန်းကျင်ရဲ့ အမျိုးမျိုး ပြောဆို နှိမ့်ချမှုအောက်မှာ မီမီဟာ ဒူးမထောက် အရှုံးမပေးပဲ အမေနဲ့ လူမမယ် မောင်ငယ် တို့ကို ဦးဆောင်ပြီး ဘ၀ကို မားမားမတ်မတ် ရင်ဆိုင်ခဲ့ပါတယ် ၊၊ နေစရာ အတွက်တောင် အတည်တကျအဆင်မပြေတဲ့ဘ၀မှာ မီမီ ရဲ့ ကြိုးစားအားထုတ်မှု ၊ နောက်ကံတရားက မျက်နှာသာပေးလေတော့ ၁၀ တန်းကလေးတွေကို စာပြတဲ့ အလုပ်က အဆင်ပြေလို့ သာမန်နေလို့ရတဲ့ တန်ဖိုးနည်းတိုက်ခန်းလေး တစ်ခုတောင် ပိုင်ဆိုင်ခဲ့ပါတယ် ၊၊ မီမီ အားတက်ခဲ့ပါတယ်၊၊ ရန်ကုန်မြေမှာ ကျောချစရာ တစ်နေရာရရင် စားစရာ ပူဖို့မလို ရှာလို့ရပြီမို့ ပိုပြီးကြိုးစား ရုန်းကန်ခဲ့ပါတယ် ၊၊ လမ်းခုလတ်က စပွန်ဆာတွေ ၊ အော်ဖာတွေကို လျစ်လျူရှုပြိး ကိုယ်လမ်းကို ကိုယ် ဆက်လျှောက်ခဲ့ပါတယ် ၊၊ ဒီလိုနဲ့ စက်မှုတကသိုလ်ကနေ မြို့ပြအင်ဂျင်နီယာ ဆိုတဲ့ သာမန်လူတွေ မရနိုင်တဲ့ အတောင်၂၀ ၀တ် မင်းယောင်္ကျားတွေ တောင် မလွယ်ကူတဲ့ ဘွဲ့တစ်ခုကို အမေတစ်ခုလပ် ၊ လူမမယ် မောင် ငယ် တို့အတွက် ရုန်းကန် ရှာဖွေရင်း ထိုက်ထိုက်တန်တန် ရခဲ့ပါတယ် ၊၊

ကျွန်တော်နဲ့ တွေ့တဲ့မီမီ

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်နဲ့ တစ်နေ့တည်း အလုပ်ဝင်တဲ့ ၀န်ထမ်းအသစ်ကလည်း ကျောင်းကပဲ ဆိုတဲ့ စကား ကြားတာနဲ့တင် စိတ်ထဲမှာ အလိုလို ရင်းနှိးသွားမိတာ ကျောင်းကြီးရဲ့ ကျေးဇူးတရားပါပဲ ၊၊ တခါဘူးမှ အပြင်မှာ မမြင်ဘူးပေမယ့် တယ်လီဖုန်းပြောရင်း သူငယ်ချင်းတွေ ဖြစ်လို့ပေါ့ ၊၊ မှတ်မှတ်၇၇ ကျွန်တော့် တို့ MD ဦးနေစိုးအောင် Site Visit လာတဲ့နေ့မှာမှ တွေ့ဖူးကြပါတယ် ၊၊ ဒါပေမယ့် ပိုပြီး ရင်းနှီးဖို့အကြောင်းဖန်လာတာက ကျွန်တော် ရုံးချုပ်ကို ပြန်ဝင်ရတာနဲ့ အတူတူ အလုပ်လုပ်ခွင့်ရပါတယ် ၊၊ အင်မတန်တော်တဲ့ မိန်မဆိုတာ အလုပ် လုပ်ကြည့်ရင်းသိလာ ပါတယ် ၊၊ အင်မတန်မှ သင်ယူလိုစိတ်များသလို မခိုမကပ်လည်း အလုပ်ကြိုးစား နိုင်ပါ တယ် ၊၊ ကျွန်တော့်ကိုတောင် မှ တခါတခါ ပြိုင်ဖိုက်ချင်သေးရဲ့ ၊၊ ကျွန်တော်တို့တော်တော် ကို အတွဲညီခဲ့ပါတယ် ၊၊ ကုမ္မဏီအတွက်လည်း အလုပ်တွေ အတူတွဲပြီး တော်တော်ကို လုပ်ပေးဖြစ်ခဲ့ပါတယ် ၊၊ အဲဒီအချိန်မှာ သူက တပြိုင်နက် ထဲ MSc မဟာဘွဲ့တက်နေသလို ၊ ခလေးတွေကိုလည်း တဖက်က စာသင်နေပါသေးတယ် ၊၊ သူက ကျွန်တော့် ထက် လခနည်းတာကိုလည်း နည်းနည်းမှ မခံနိုင်တဲ့အတွက် အလုပ်ကိုလည်းအင်မတန်မှ ကြိုးစားပါတယ် ၊၊ ဒါဟာ မနာလိုတာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ် ၊၊ Civil Department က Director ဆိုကျွန်တော်တို့ကို အင်မတန်မှ သဘောကျပြီး အလုပ်ပြီးတဲ့အခါ သူငယ်ချင်းလိုပေါင်းဖြစ်ခဲ့ပါတယ် ၊၊ ဒါဟာ ကျွန်တော်သိတဲ့ မီမီ ပေါ့ ၊၊

အဲဒီအချိန်မှာ သူ့ရဲ့ ရည်းစားနဲ့ တရားဝင် လမ်းခွဲလိုက်ပါပြီ ၊၊လူတွေကတော့ မသိဘူးပေါ့ ၊၊ ဒါ့ကြောင့်လည်း အရေး ပေါ်လာတဲ့အခါ အခုမှ ပဲ နန္ဒကို လမ်းခွဲသလို ပြောခဲ့ကြတာပေါ့ ၊၊ အမှန်တော့ အရင်လမ်းခွဲတာပါ ၊၊ အေ ကြောင်းကလည်းရှင်းပါတယ် ၊၊ နန္ဒက လန်ဒန်ကို ခေါ်မယ် ၊၊ ဒါပေမယ့်မီမီကမလိုက်နိုင်ဘူး ၊၊လိုအပ်တဲ့သင်တန်း တွေ တက်ခိုင်းတယ် ၊၊ အင်္ဂလိပ်စာပေါ့ ၊၊ ကျွန်တော်တို့ Civil Engineer အတွက် ဘာသာစကားကောင်းဖို့ထက် AutoCad တက်ဖို့က ပိုအရေးကြီးပါတယ် ၊၊ ကျွန်တော်ကိုယ်တိုင်လည်း E ကောင်းဖို့ထက် လိုအပ်တဲ့ ဘာသာရပ် ဆိုင်ရာ သင်တန်းတွေသာ တက်နေမိပါတယ် ၊၊ ဒါကတော့ ကျွန်တော်တို့ရဲ့ ခံယူချက်နဲ့ အမြင်ပေါ့ ၊၊ အဲဒီမှာ သူတို့ နှစ်ယောက် အဆင်မပြေတော့ပါဘူး ၊၊ ဟုတ်ပါတယ် မီမီ သွားရင် ဘယ်သူ က ဒီသားအမိကို တာဝန်ယူမလဲ၊၊ နန္ဒက မီမီတစ်ယောက်ကိုသာ တာဝန်ယူနိုင်မှာပေါ့ ၊၊ ဒီအတွက်နဲ့ပဲ ညှိုနှိုင်းလို့မရတဲ့ အဆုံး သူတို့ နှစ်ယောက် ညောင်ညိုပင်စခန်းမှာ နေမညိုခင်လမ်းခွဲလိုက်ကြပါတော့တယ် ၊၊

နောက်ကုမ္မဏီက ကျွန်တော်တို့ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်က ကြိုးစားပါသေးတယ်၊၊ ဒါပေမယ့် အဲဒီအချိန် မှာ မီမီ တကယ်ကို လူတွေကိုစိတ်နာနေပါပြီ ၊၊ သူ့မှာ အချစ်ဆိုတာ တကယ်ကို မရှိတော့ပါဘူး ၊၊ သူဆီက စကား တွေကို ကျွန် တော် အကုန်ပြန်ကြားနေ၇တဲ့အတွက် သူ့အကြောင်းတွေကို ပိုသိနေပါတယ် ၊၊ သူ နန္ဒကို တကယ် နှစ်နှစ်ကာကာ ချစ်ခဲ့ပါတယ် ၊၊ ငယ်ချစ်ကိုး ၊၊ ဒါပေမယ့် သူ့ဘ၀က သူ့ကို အလိုမလိုက်ဘူး ၊၊ အဲဒီ အချိန်မှာ သူရဲ့ အတ္တတွေ ၊ လောဘတွေ ၊ မနာလိုမှုတွေဟာ ပိုပြီးကြီးထွားလာခဲ့ပါတယ် ၊၊ ခုနပြောတဲ့ သူက GTI ဆင်းအစ်ကိုတစ်ယောက်ပါ ၊၊ အသက်ကတော့ မတိမ်မယိမ်းပေါ့ ၊၊ ပြည့်စုံပါတယ် ၊၊ မှီခိုနိုင်တဲ့လူတစ် ယောက်ပါ ၊၊ တကယ်ချစ်တဲ့သူကို စွန့်လွှတ်လိုက်ရတဲ့ မီမီဟာ တော်တန်ရုံ လူတစ်ယောက်ကို အစားထိုးမှာ မဟုတ် တော့ပါဘူး ၊၊ ကျွန်တော်သိပါတယ် ၊၊ ထင်တဲ့အတိုင်းပါပဲ ၊၊ သူငြင်းလိုက်ပါတယ်၊၊ ကျွန်တော့်ကို မှတ်မှတ် ရရတစ်ရက်မှာ မီမီကမေးပါတယ် ၊၊ အချစ်ဆိုတာဘာလဲ ကိုမင်းအိမ်တဲ့လေ ၊၊ သူဘာခံစား နေရတယ် ဆိုတာ ကျွန်တော် နားလည် ကိုယ်ချင်းစာနိုင်ပါတယ် ၊၊ အဲဒီအချိန်တွေမှာ ကျွန်တော်သူ့ကို သူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့ အကောင်းဆုံး ဆက်ဆံခဲ့ပါတယ် ၊၊ သူရင်ဖွင့်လာသမျှကို ကျွန်တော် လက်ခံနား ထောင်ပေး ခဲ့ပါတယ် ၊၊ မသိတဲ့သူတွေ ဆို ကျွန်တော်တို့နှစ်ယောက်ကို တောင် သမုတ်ကြသေးရဲ့ ၊၊ လူတွေကို မုန်းတီးနေတဲ့မီမီ နဲ့ မဟုတ်တာကို ပုံကြီးချဲ့တက်သူတွေကို အရွဲ့တိုက်ချင်တဲ့ ကျွန်တော်တို့အတွက် ဟာသ တစ်ပုဒ် ပါပဲ ၊၊ အဲဒီအချိန်မှာ ကျွန်တော့် ရည်းစားလည်း နိုင်ငံခြားမှာ ကျောင်းတက်နေဆဲကာလတွေပေါ့ ၊၊ ကျွန်တော်တို့မှာ သူတို့ပြောသလို ဖောက်ပြန်ဖို့ စိတ်တောင် မကူးမိကြပါဘူး ၊၊ တစ်ယောက် သောက တစ်ယောက် နားထောင်ဖြေရှင်း ပေးကြရုံမှ အပ ဘာမှမဖြစ်ကြတာ ကိုယ်တွေ ဘာသာ အသိဆုံးပါ ၊၊

တဖြည်းဖြည်းကျပ်တည်းလာတဲ့ မြန်မာနိုင်ငံနဲ့အတူ အားလုံးက နိုင်ငံခြားသွားနေကြတဲ့ အချိန်မှာ မီမီအတွက် လည်း စိတ်ကူးတစ်ခုပေါ်လာပြီး အဲဒီစိတ်ကူးကို အကောင်အထည်ဖေါ်ဖြစ်စေဖို့ မီမီရဲ့ ဘ၀ဇာတ်ခုံပေါ်ကို အလိုလို ရောက်လာခဲ့တာကတော့ ဦးမိုးမြင့်ယံ ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကုမ္မဏီ ဒါရိုက်တာ လူပျိုကြီးပါပဲ ၊၊ ကျွန်တော် တို့ နှစ်ယောက်ရဲ့ တီးတိုးဝေဖန်စရာ ၊ တိုင်ပင်စရာ ခေါင်းစဉ်တစ်ခုအဖြစ် ဦးမိုးမြင့်ယံက ၀င်ရောက် လာခဲ့ပါတယ် ၊၊ နောက်ဆုံးမှာတော့ အလုပ်တွေ မလုပ်နိုင်တော့လောက်အောင် အမူအရာတွေ ပျက်လာတဲ့ သူဌေး အတွက် အခြားလုပ်ဖေါ်ကိုင်ဖက်တွေကပါ သတိပြုမိလာပါတော့တယ် ၊၊ အစွယ်လိုသူ မိဖုရား ၊ အသွား စေခိုင်းသူ မင်းဧကရာစ် ၊ မြှောက်ပေးသူ ကျွန်တော်မျိုး မဖြစ်အောင် တော့ ဖုံးဖုံးဖိဖိ နေထိုင်ခဲ့ရပါတယ် ၊၊ တကယ် ကို ညီမျှတဲ့ ကစားပွဲပဲ ၊၊ ဒီပွဲမှာ လောင်းကြေးထပ်တာ မလွန်ပါဘူးနော် ၊၊ မီမီလိုအပ်တာက ငွေကြေးနဲ့ ဂုဏ်သိကာ ၊ ဦးမိုးမြင့်ယံလိုအပ်တာ က မီမီ ရဲ့ ပညာအရည်အချင်းနဲ့ ငယ်ရွယ်နုပျိုမှု ၊၊ မီမီပြောတဲ့ အလဲအထပ် ပါ ၊၊ ညီမျှပါတယ်နော် ၊၊ အဲဒီအတွက် ကျွန်တော့်သူငယ်ချင်းဘက်က လိပ်ပြာလုံတဲ့အတွက် ကျွန်တော် မီမီကို လိုအပ်သလို အကြံဥာဏ်ပေး ခဲ့ပါတယ် ၊၊

ကျွန်တော် မတွေ့ဖြစ်တော့တဲ့ မီမီ

အဲဒီကာလမှာ ပဲ မရှေးမနှောင်းမှာ ကျွန်တော်လည်း အလုပ်ပြောင်းဖြစ်သွားတဲ့အတွက် မဆုံဖြစ်ကြတော့ပါဘူး ၊၊ သတင်းတွေတော့ ကြားနေရပါတယ် ၊၊ မီမီဘက်က ကြားရတဲ့ သတင်းရယ် ၊၊ တဖက်က ကျန်တဲ့ သူငယ်ချင်း တွေ ဖက်ကကြားရတဲ့ သတင်းရယ်ပေါ့ ၊၊ မကြာပါဘူး မီမီလည်း စင်ကာပူကို ကျောင်းသွားတက်တယ် ဆိုတာ ပဲ ကြားလိုက်ရပါတယ် ၊၊ နောက် သူ ဦးမိုးမြင့်ယံနဲ့ တရားဝင် လက်ထပ် လိုက်တယ် ကြားပါတယ် ၊၊ သူကျောင်းပြီး သွားပြီ လို့သိရပါတယ် ၊၊ နောက် ဦးမိုးမြင့်ယံလည်း သူရှိတဲ့ စင်ကာပူမှာပဲ ကုမ္မဏီ အလုပ်ကို ဆက်လုပ်တယ် ကြားရပါတယ် ၊၊ သူလည်း တစ်ဘ၀လုံး ရုန်းကန်ခဲ့ရပေမယ့် ခုတော့ ကံကောင်းတယ် ပြောရမှာပေါ့လေ ၊၊ ခုချိန် ထိပေါ့ ၊၊ နောက်တစ်ကြိမ် လူချင်းတွေ့ကြရင်တော့ သှူ့ရင်တွင်းက စကားတွေကို ကျွန်တော် ကြားခွင့်ရအုံးမှာပါ၊၊

ကျွန်တော်မီမီနဲ့ပါတ်သပ်ပြီးပေးချင်တဲ့ မှတ်ချက်ကတော့

မီမီဟာ သနားစရာ မိန်းမတစ်ယောက်မဟုတ်ပါဘူး

တကယ်လို့ အတုယူမယ်ဆိုရင် နမူနာယူလောက်တဲ့ မိန်းမတစ်ယောက်ပါ ၊၊ ဒါကတော့ သူငယ်ချင်းဘက်ကပေါ့ လိုက်ပြောရတာပေါ့လေ ၊၊

နောက် မီမီဟာငွေနောက်ကို လိုက်သွားတဲ့ မိန်းမ မဟုတ်ပါဘူး ၊၊ ငွေတစ်ခုတည်းသာ ကြည့်ရင် မီမီ အိမ်ထောင်ကျ ပြီး ချမ်းသာနေတာ ကြာပေါ့ ၊၊

သူ့ရဲ့ ရွေးချယ်မှုအတွက် အမှန်ကန်ဆုံး လုပ်ခဲ့တဲ့ အတွက် နောင်တလည်း ရမှာ မဟုတ်ပါဘူး ၊၊ အဲဒီအချိန်မှာ အဲဒီ အဖြေထက်မှန်ကန်တာ ဘာ မှ မရှိတော့ပါဘူး ၊၊ အဖြေတစ်ခုဟာ အချိန်တစ်ခုနဲ့လည်း တိုက်ရိုက် သက်ဆိုင် ပါတယ် ၊၊

ကျွန်တော် သူ့အတွက် စိတ်မကောင်းတာလေးတစ်ခုပဲ ၊ ဘာလဲဆိုတော့

သူ့လို တကယ်တော်တဲ့ ၊ ကြိုးစားအားထုတ်တဲ့ ၊ မိသားစုအပေါ် အရမ်းကောင်းတဲ့ မိန်မတစ်ယောက်ဟာ တစ်ဘ၀လုံး ၊ ရုန်းကန်လာပြီးတဲ့နောက်မှာ သူရလာတဲ့ ရလဒ်က ပြည့်စုံခြင်းဖြစ်မယ်ဆိုရင်တောင် ၊ သူ့မှာ နှလုံး သား ဆိုတာ မရှိတော့ဘူး ၊၊ သူလည်း၇ီနေပေမယ့် မပျော်တော့ဘူး ၊၊ သူကိုယ်တိုင်လည်း ကျွန်တော့်ကို အဲဒီလိုပြောပြီး ရွေးချယ်သွားတဲ့ လမ်းခရီး ၊ ဘ၀လမ်းကြောင်းဖြစ်တဲ့အတွက် သူ့အတွက် မတရားတဲ့ ကံတ၇ား ကိုပဲ အပြစ်မြင်မိတယ် ၊၊ ဒါလေးပါပဲ ၊၊ တကယ်ကို ဒါလေးပါပဲ ၊၊ တကယ်လို့သာ ဆုတောင်းပေးလို့ ရရင် နောင် ဘ၀တွေ မှာ ဒီလိုဘ၀မျိုး မကြုံတွေ့ပါစေနဲ့တော့ ၊ နှလုံးသားပါတဲ့ နှစ်နှစ်ကာကာ ပျော်ရွှင်ရတဲ့ ဘ၀တစ်ခုကိုသာ တည်ဆောက်နိုင်ပါစေလို့ ဆု တောင်းပေးနေမိမှာပါ ၊၊

ဆန္ဒ နဲ့ ဘ၀တစ်ထပ်တည်းကျကြပါစေ ၊၊

မင်းအိမ်ဖြူ

Tuesday, 21 July 2009

နှစ်သိမ့်ဆုပဲ ထိုက်တန်သူ


သနားသဖြင့်တွေးပြီး

အပြုံးလေးတစ်ပွင့်မပေးလိုက်ပါနဲ့တော့ မခံယူလိုပါပြီ ၊၊

နှစ်သိမ့်ဆုဆိုတာကို ဘ၀မှာ အမုန်းဆုံး

ဘယ်ပွဲပဲ ပြိုင်ပြိုင် နော်မနေးရှင်းတော့ ၀င်ရဲ့

တစ်ကြိုပေးပြီး လွဲခံထိတာလည်းကိုယ်ပါပဲ ၊၊

မကျည်းတန် သူက ပြောတယ်

နှစ်သိမ့်ဆုဟာ နှစ်သိမ့်ဆုပါပဲတဲ့ ၊၊

ဟင့်အင်း ဒီနေရာမှာတင် လဲသေပါရစေ

နှစ်သိမ့်ဆုတော့မပေးလိုက်ပါနဲ့ ၊၊

တော်ပါပြီဗျာ

ဒီဆုတွေ ကျွန်တော့်ဘ၀မှာများလှပြီ ၊၊

သနားသဖြင့်ပေးလာတဲ့ ဆုလဒ်

ဒီတစ်သက်တော့ လက်မခံပါရစေနဲ့တော့ဗျာ ၊၊

ထပ်ပြီးလက်မခံပါရစေနဲ့တော့ ၊၊

နှစ်သိမ့်ဆုတွေ ၊ နှစ်သိမ့်အပြုံးတွေကို မုန်းတီးလှပါပြီ ၊၊



ကဗျာလိုလိုစာလေးတစ်ပုဒ်ပါ ၊ ဘယ်တော့ဖြစ်ဖြစ် ပန်းဝင်ဖို့ တစ်ပေးခံရပါလျက် ဒီနေ့ထိဘယ်ပွဲမှာမှ မနိုင်ခဲ့ ဘူးတဲ့ ကိုယ့်ဘ၀လေးကို သနားသလိုခံစားမိလို့ပါ ၊၊ မသေခင် ဖြစ်နိုင်ရင် တခါလောက်တော့ နိုင်ဖူးချင်မိရဲ့

Saturday, 18 July 2009

အဖြေမတူနိုင်သော ဘ၀ပုစ္ဆာ

" မီမီ နင့်ရဲ့ လုပ်ရပ်တွေ ကဘာတွေလဲ ၊ နင်ဘယ်လမ်းကြောင်းကို ဦးတည်နေတယ်လို့ ထင်လို့လဲ ၊၊ သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါ သိပ်တော့ မပြောချင်ဘူးဟာ ဒါပေမယ့် "
ကျွန်တော့်စကား တောင် မဆုံးလိုက်ရပါဘူး ၊ မီမီဆီက " ဟင်းဟင်း မီမီဘာလုပ်နေတယ်ဆိုတာ ကိုမင်းသစ် သိပါတယ်လေ ၊ ကိုမင်းသစ် တစ်ယောက် ကတောင် နားမလည်ဘူးဆိုရင်တော့ ခု ကုမ္မဏီမှာ မီမီကို ပြောနေတဲံ လူတွေ အားလုံးကို မီ အပြစ်မတင်တော့ဘူး ကိုမင်းသစ် " နာကျင်ကျေကွဲနေတဲ့ မီမီရဲ့စကားလုံးတွေက နာကျည်း မှုနဲ့ ပြည့်နှက်နေပါတယ် ၊၊ တစ်လောကလုံးက မှားတယ်ဆိုရင်တောင် မပြင်တော့ဘူးတဲ့ဆုံးဖြတ်ချက် ကို ချပြီးတဲ့သူတစ်ယောက်လို မီမီဟာ အရာရာကို ရင်ဆိုင်ဖို့ ပြတ်သားဖို့ အသင့်ဖြစ်နေတဲ့ ပုံပါပဲ ၊၊

မီမီကကျွန်တော့် စားပွဲရဲ့ ဘေးကပ်ရပ်စားပွဲမှာ ထိုင်ပြီး AutoCad ဆွဲနေတာပါ ၊၊ ကျွန်တော်ကတော့ ဒီနေ့ညနေ အိမ်တစ်လုံးအတွက် Estimate ပေးဖို့ ချိန်းထားလို့ တွက်နေတာပါ ၊၊ ကျွန်တော်တို့ ကုမ္မဏီမှာ ကဒီအချိန်ပဲ လူရှင်းပြီး စကားပြောလို့ရတာပါ ၊၊ ၀န်ထမ်းအများစုက ၁၁ နာရီခွဲ ကနေ ၁၂ နာရီအတွင်းဆို အများစုက Dining Room ထဲကိုရောက်နေပါပြီ ၊၊ ကျွန်တော်တို့ကတော့ အလုပ်ရှိရင်ရှိသလို ၊ အားချင်းပေးစရာ ရှိရင် ပြီးမှ ပဲ စားလေ့ရှိပါတယ် ၊၊ နောက်တစ်ခုကတော့ မီမီ အနေနဲ့ က ခုတလော အခြားသူတွေကို မဆုံချင်တာ လည်း ပါမှာပါ လေ၊၊

" နင်စဉ်းစားပါအုံးမီမီ ရယ် ၊ အရာရာ ဟာ သတိထားပြီး ဆုံဖြတ်ရမှာပါ ၊၊ ပြင်လို့ ရပါသေးတယ် ဟာ ၊၊ နောက်ပြီး မီမီကိုမေးမယ်နော် လောကမှာ အရေး ကြီးဆုံးက ဘာလဲ " ဆိုပြီး ကျွန်တော်က ဖျောင်းဖျရင်း မေးတော့ မီမီကတစ်ချက်လှည့်ပြီး ကျွန်တော့်မျက်နှာကို ထီမထင်တဲ့ မျက်နှာနဲ့ ကြည့်ရင်းပြောလိုက်တာ ကတော့ " ငွေပေါ့ ကိုမင်းသစ်ရဲ့ အဲဒါ မီမှားလား ၊ ဟင်းဟင်း " ဆိုပြီး ပြန်လှည့်ပြီး ပုံဆက်ဆွဲနေပါတယ် ၊၊ ကျွန်တော့်မှာသာ လက်ထဲက Calculator နဲ့ ဘောပင်ကို ချရင်း " မီမီ နင်မှားနေပြီ နင်အရမ်းကို မှားနေပြီ သိလားသူငယ်ချင်း နင် နင် " ဆိုပြီး ပျာပျာသလဲ ပြောနေမိ တားနေမိပါတယ် ၊၊ မီမီ နားလည်းလက်ခံအောင် ပြောဖို့ ကျွန်တော့်မှာ စကားလုံး မရှိတော့ပါဘူး ၊၊ မီမီဆိုတဲ့ သူငယ်ချင်း နားလည်လက်ခံအောင် ကျွန်တော် ဘယ်လို စကားလုံးတွေ ကို အသုံးပြုရပါမလဲ ၊၊

" ကိုမင်းသစ်က မီမီရဲ့ အကြောင်းကို အသိဆုံးပါနော် ၊ ကိုမင်းသစ်စဉ်းစားကြည့်ပါ ၊၊ မီမီ ဒီလိုမလုပ်သင့်ဘူး ဆိုတာ ပညာတက်မိန်းမတစ်ယောက်အနေနဲ့ သိပါတယ် ၊၊ ဒါပေမယ့် မီမီမှာ ရွေးစရာလမ်းမရှိဘူး ကိုမင်းသစ် ရေ ၊၊ မီမီချမ်းသာချင်တယ် ၊ ပွင့်ပွင့်လင်းလင်းပဲ ဒီခေတ်မှာ မိန်းမတစ်ယောက် မြန်မြန်ချမ်းသာဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ် ၊၊ ဒါဟာ မီမီ ဘ၀အတွက် အပြောင်းအလဲတစ်ခုပါ မီမီ မငြင်းဆန်နိုင်တော့ ပါဘူး ကိုမင်းသစ် ရယ် "

နှူတ်ခမ်းနှစ်လွာကို တင်းတင်းစေ့ပြီး အံကြိတ်ပြောနေတဲ့ မီမီရဲ့ မျက်ဝန်း မှာ မျက်ရည်တွေ ဝေ့သီလို့ပါလား ၊၊ ဒါဟာ မီမီ ငိုတာမဟုတ်ပါဘူး ၊၊ မီမီဆိုတဲ့ မိန်းမတစ်ယောက်ဟာ ဘယ်တော့မှ ငိုမယ့်မိန်းမတစ်ယောက် မဟုတ် ဘူးဆိုတာ ကျွန်တော်သိတာပေါ့ ၊၊ မီမီဆိုတဲ့ မိန်းမ ဟာ လိုချင်တာကို ရအောင်ယူတတ်တဲ့သူတစ်ယောက်ပါ ၊၊ အရာရာကို လွယ်လွယ် အရှုံးမပေးတက်တဲ့သူတစ်ယောက်ပါ ၊၊မကျေနပ်တဲ့သူတွေကို ရိုက်ဖို့ လက်ကိုင်တုတ် ကောင်းကောင်းရထားတဲ့သူတစ်ယောက်လို အောင် နိုင်တဲ့ အပြုံးနဲ့ မီမီဆက်ပြောတာက " ပြောချင်တာ တွေ ပြောကြပါစေ ကိုမင်းသစ်၇ယ် ၊ ခုချိန်မှာ မီမီ ကိုသူတို့ ပြောနေကြပေမယ့် တစ်ချိနှ်မှာ ပွဲပြီးသွားတဲ့ အချိန်မှာ မီမီဟာ သူတို့ရဲ့ ဆရာကတော်ပါ ၊၊ " ဆိုပြီး အောင်နိုင်သူတစ်ယောက်လို ကြုံးဝါးနေပေမယ့် မီမီရဲ့ အသံမှာ စိတ် ပျက်အားငယ်မှုတွေ အပြည့် ပါတယ် ဆိုတာ ကျွန်တော်တို့ နှစ်ယောက်လုံး သိနေကြပါတယ် ၊၊

မီမီဆိုတာ ကျွန်တော့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်ဖြစ်သလို ၊ တစ်ကျောင်းတည်း ဆင်းတဲ့ ကျောင်းနေဖက် လို့လည်းပြောလို့ ရပါမယ် ၊၊ နောက် ဒီကုမ္မဏီမှာ လည်း မီမီကို နားလည်ပေးနိုင်သူရယ်လို့ သူရင်ဖွင့်လို့ ရတာ ကျွန်တော်ပဲ ရှိတာဆိုတော့ ကျွန်တော်တို့ နှစ်ယောက် ကပိုပြီး ရင်နှီးပါတယ် ၊၊ ရွယ်တူလည်းဖြစ်သလို တစ်ယောက် အကြောင်းတစ်ယောက်လည်း ရင်ဖွင့်နေကြဆိုတော့ နားလည်ကြပါတယ် ၊၊ ကျွန်တော်ကလည်း ကျွန်တော့်ကောင်မလေးအကြောင်း ရင်ဖွင့်တက်သလို သူကလည်းသူ့ဘ၀အကြောင်းကို ရင်ဖွင့်တက်ပါတယ် ၊၊ အဲဒီအချိန်တုန်းက ကျွန်တော့်ကောင်မလေးကလည်း နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့အချိန် ၊ ဆိုတော့ သူ့ကိုပဲ အနီးကပ်သူငယ်ချင်းအဖြစ် ရင်ဖွင့်ရပါတယ် ၊၊

မီမီမှာ အရင်က နန္ဒဆိုတဲ့ ချစ်သူကောင်လေးတစ်ယောက်ရှိပါတယ် ၊၊ ကျွန်တော်တို့နဲ သက်တူရွယ်တူပါပဲ ၊၊ အဝေသင်နဲ့ ဘွဲ့ရပြီး နိုင်ငံခြားထွက်ဖို့ တက်လမ်းရှာကျိုးစားနေတဲ့ လူငယ်တစ်ယောက်ပါပဲ ၊၊ မိဘများကလည်း ပြေလည်ပြည့်စုံပါတယ် ၊၊ အဲဒီအချိန်တုန်းက နန္ဒက အင်္ဂလန်မှာ ကျောင်းသွားတက်ဖို့ ကြိုးစားနေတဲ့ ကာလပေါ့ ၊၊ အရပ်မြင့်မြင့် အသားဖြူဖြူ နဲ့ စတိုင်ကျကျနေတက်တဲ့ သူတစ်ယောက်ပါ ၊၊ မီမီနဲ့လည်း အင်မတန်မှ ရှေ့သွား နောက်လိုက်ညီပါတယ် ၊၊ ဒါပေမယ့် အင်ဂျင်နီယာဖြစ်တဲ့ မီမီနဲ့ သာမာန်ဘွဲ့ရတစ်ယောက်ဖြစ်တဲ့ နန္ဒ တို့ နှစ်ယောက်က ဘ၀ ချဉ်းကပ်ပုံချင်း တခါတခါ တော်တော်ကို ကွဲလွဲကြပါတယ် ၊၊ နန္ဒ ဟာ ပြည့်စုံတဲ့ မိသားစု ကလာသလို ဘ၀ကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ရပေမယ့် မီမီ အနေနဲ့တော့ ဒီနေ့ ဒီအချိန်ရောက် အောင် တော်တော်ကို ကြိုးစားရုန်းကန်တည်ဆောက်ခဲ့၇ပါတယ် ၊၊ ဒါတွေဟာ မီမီနဲ့ နန္ဒ ဆိုတဲ့ ချစ်သူနှစ်ယောက်ကို တစ်နေရာဆီ တစ်လမ်းဆီပို့လိုက်တာပါပဲ ၊၊ နောက်တစ်ခုကတော့ နန္ဒ က မီမီကို သူ့မိသားစု ဘ၀ထဲကနေ ဆွဲထုတ်ဖို့ ကြိုးစားသလို ၊ မီမီအတွက်လည်း နန္ဒဟာ လှေခါးထစ်တစ်ခု မဟုတ်တာသေချာပါတယ် ၊၊

“ မီမီဖြတ်သန်းနေရတဲ့ ဘ၀ဟာ ခါးသည်းပါတယ် ကိုမင်းသစ်ရယ် ၊ မီမီလေ ရုန်းကန်နေရတာ အရမ်းပင်ပန်းတာပဲ ၊ တခါတလေတော့လည်း ရွယ်တူသူငယ်ချင်း တွေ ကိုကြည့်ပြီး ကိုယ့်ဘ၀ကို သက်တောင့်သက်သာလေး ဖြတ်သန်းချင်မိတယ် ၊၊ မီမီရဲ့ ဘ၀ မီမီရဲ့ မိသားစု ဘ၀ကိုပြောင်းလဲစေမယ့် ဒီအခွင့်အရေးကို လက်မလွတ်ချင်ဘူး ကိုမင်းသစ် နောက် မီမီ သူများတွေလို မဟာဘွဲ့ကို စင်ကာပူမှာ သွားယူချင်သေးတယ် ” ဆိုပြီးရင်ဖွင့် လာတဲ့ မီမီကို့ အခြေအနေအားလုံး သိနေသူတစ်ယောက်အဖြစ် နားလည်စာနာပေးလို့ ရပေမယ့် ဘ၀တစ်ခုကို အရင်အနှီးအဖြစ် တည်ဆောက်မယ့် မီမီကိုတော့ စိုးရိမ်မိတာ အမှန်ပါပဲ ၊၊ မီမီဟာ ငွေကြေးဓန မပြည့်စုံပေမယ့် အရင်ဘ၀က ကုသိုလ်ကောင်းခဲ့လေတော့ က်ျထ္တိရူပံ ဓနံ ဆိုတဲ့အတိုင်း အသားဖြူဖြူ အရပ်မြင့်မြင့် ပိန်ပိန် သွယ်သွယ်လေးပါ ၊၊ မျက်နှာချိုပြီး ဟန်ဆောင်ထားတဲ့ မျက်လုံးတွေကလွဲရင် တကယ့်ကို ကလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ကျွန်တော့် သူငယ်ချင်းမလေးပါ ၊၊

“ အခုအားလုံးက မီမီကိုပြောနေကြတယ်လေ ၊ မီမီသိပါတယ် ဒါပေမယ့် မီမီ ဖောက်ပြန်တာမှ မဟုတ်တာ ကိုမင်းသစ် စဉ်းစားကြည့်လေ ၊ ဦးမိုးမြင့်ယံမှာ အိမ်ထောင် မရှိဘူး နောက်ဒီဇာတ်လမ်းကို မီမီ ဘက်ကစတင်ခဲ့တယ် ဖန်တီးခဲ့တယ်လို့ စွပ်စွဲ မယ် ဆိုရင်တောင် နှစ်ဦးသဘောတူပါနော် ၊၊လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့ မမြည်ဘူး လေ ဟုတ်တယ် မဟုတ်လား ဟင် ” ဆိုပြီး မခံချင်စိတ်နဲ့မေးလာပေမယ့် မီမီကိုယ်တိုင် လိပ်ပြာမလုံဘူး ဆိုတာ သိသာပါတယ် ၊၊ မမှားဘူး မမှားဘူး လို့ ဟစ်ကျွေးနေရပေမယ့် မမှန်ဘူး ဆိုတာ သိနေတဲ့ မီမီကိုသနားမိပါတယ် ၊၊ ဒါပေမယ့်ကျွန်တော်ကိုယ်တိုင်လည်း ဘယ်လိုမှပြောမထွက်ခဲ့ပါဘူး ၊၊

“ အသက်လည်းကြီးပြီး ဥပဓိရုပ်မရှိတဲ့ ဦးမိုးကို ဘာ့ကြောင့်ချဉ်းကပ်တယ်ဆိုတာ အရှင်းကြီးပါ အရှက်မရှိတဲ့ မိန်းမ ၊ ဒီဘက်ကိုပိုင်ပြီဆိုတာနဲ့ အရင်ကောင်လေးကိုဖြတ်ပစ်တယ် သနားစရာလေးပါဟယ် ဟိုက ချောချောလေး ရယ် ကောင်လေးက ” ဆိုတာမျိုးတွေ
ဒီမိန်းမ ဒါမျိုးလုပ်စားနေတာ ဖြစ်ရမယ် ၊ အရှက်မရှိဘူးနော် အမလေးဟယ် ပြောနေတာများ ချွဲပစ်နေတာပဲ ” ဆိုတဲ့ အပုပ်ချသံတွေ “ ကိုယ့်ရုပ်ကိုယ်ရည် မှ အားမနာဟယ် အဖေလောက်ကြီးကိုများ ” ဆိုတဲ့ ၀န်တို သံတွေ ရယ်ကို အမြဲကြား နေရတာက ကြားလူ ကျွန်တော်ပါ ၊၊ ဒါတွေ ကို မီမီလည်း သိနေတာပါပဲ ၊၊ ကျွန်တော် ဘာမှ ပြန်ပြောပြစ၇ာမလိုပါဘူး ၊၊ လူတွေ ဆိုတာလည်း ခက်ပါတယ် ၊၊ အခုတော့ ပိုပြီး ကျယ်ကျယ်လောင်လောင် အသံတွေ ထွက်လာရတာပေါ့ ၊၊ သူတို့ပြောတာတွေက ဟုတ်တာတွေရော မဟုတ်တာတွေ ပါ စုံလို့ပါပဲ ၊၊ ကျွန်တော်နဲ့တောင်မှ သမုတ်ချင်သေး ရဲ့ ၊၊ ဒါပေမယ့် ကိုယ့်အကြောင်းကိုယ်သာသိတဲ့ ကျွန်တော်တို့ အတွက်တော့ တခါတခါ သူတို့ ကဒီလိုပြောရင် ရယ်စရာ ဟာသတစ်ခုလိုပဲ လွတ်လပ်ပေါ့ပါး ရယ်မောနေမိကြရဲ့ ၊၊

“ဒီအသံတွေကို လျစ်လျူရှုပြီး မီမီဘ၀အတွက် မိသားစု ဘ၀အတွက် စွတ်မှိတ်လိုက်တာ ဟာ တန်ရဲ့လားမီမီ ရယ် ” လို့ မမေးရက်ခဲ့တော့ပါဘူး ၊၊ ကျွန်တော်သိနေတဲ့ အဖြေအတွက် မီမီကိုမေးခွန်းမထုတ် ရက်တော့ပါဘူး ၊၊ အရာအားလုံးဟာ ကံတရားအတိုင်းပေါ့လေ၊၊ ၀ဠ်ကြွေးတွေ မကုန်သရွေ့တော့ ဆပ်နေကြရအုံမှာပါလေ၊၊ ဒါတွေ အားလုံးဟာ တကယ်တော့ ၀ဠ်ကြွေးတွေပါပဲ ၊၊ ဒါပေမယ့် မီမီကို တစ်ခုတော့ မှာလိုက် ချင်မိပါသေးတယ် ၊၊
“ လောကမှာ ငွေဟာ ထိုက်သင့်သလောက် အရေးပါပါတယ် ဒါပေမယ့် ကိုးကွယ်ရာတစ် ခုတော့ မဟုတ်ပါဘူးမီမီ ၊၊ ကိုယ့်ဘ၀ရဲ့ ပျော်ရွှင်မှုတွေ ၊ ဆန္ဒတွေ ၊ လွတ်လပ်ခွင့်တွေ ၊ ဂုဏ်သိကာတွေ အဲဒါတွေကို ရင်းနှီးလဲလှယ်ပြီး ရလာတဲ့ ငွေတွေဟာ တကယ်ရော တန်ရဲ့လား ၊၊ ကိုယ်ပေးဆပ်လိုက်ရတာတွေနဲ့ ပြန်ရလိုက်တဲ့ အရာတန်ပါရဲ့လား ”

ဒါပေမယ့် ဒီအချိန်မှာ မီမီကို ဒီမေးခွန်းတွေ မမေးပါဘူး ၊၊ နောက်ထပ်ဆယ်စုနှစ် နှစ်ခုလောက် ကျော်လွန်ဖြတ်သန်းပြီးတဲ့ အချိန်မှာ ပြန်တွေ့ဖြစ်ခဲ့ကြရင် မေးဖြစ်မှာပါ ၊၊ အဲဒီအချိန်ဆိုရင် ဒေါ်မီမီဆိုတဲ့ အမျိုးသမီးကြီးရဲ့ အဖြေကဘာများဖြစ်လေမလဲနော် ၊၊

စေတနာရင်းဖြင့်
မင်းအိမ်ဖြူ

Friday, 17 July 2009

အတော်ပွေလီတဲ့ ကိုချာလီ

အော် ပြောမဆုံးပေါင်တောသုံးထောင် ဆိုသလို ပဲ သူ့နိုင်ငံမှာ လာရောက်လုပ်ကိုင်နေရတော့လည်း သူ့အနွံတာ ခံရတာတော့ မစမ်းပါဘူးလေ ၊၊ ကိုယ့်မြန်မာလူမျိုးဆိုတာလည်း သည်းခံတက်တဲ့ ဗီဇကမွေးကတည်း ပါလာခဲ့ လေတော့ အကျင့်ဖြစ်နေပါပြီဗျာ ၊၊ ဒီမှာလုပ်ကိုင်နေတဲ့ ကာလအတွင်းမှာ ထိတွေ့ဆက်ဆံရတဲ့ သူတို့အကြောင်း လေးတွေ ဖေါက်သည်ချပါအုံးမယ် ၊၊ ကောင်းတာရောဆိုးတာရောပေါ့လေ ၊၊ ကိုယ်တွေ့ရော သူငယ်ချင်းတွေ့ ရော ပေါ့ဗျာ ၊၊ ကိုယ်လည်းဒီမှာကြာသေးတာ မဟုတ်တော့ သိပ်တော့လည်း မသိပါဘူး ၊၊ ကိုယ်တွေ အခံစိတ် ကလည်း သိမ်ငယ်နေတာ လည်းပါပါတယ်လေ ၊၊ လူတိုင်းကြုံတွေ့ရတဲ့ အကြောင်းလေးတွေ ပေါ့ဗျာ ၊၊

ဘယ်နေရာ မဆို ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလည်း ရှိပါတယ် ၊၊ နောက် မှတ်တမ်းလေးထားတာက တကယ် လို့များ ကျွန်တော်တို့ မသေခင် ဟိုအီးမေးတွေ ထဲကလို မြန်မာပြည်ကြီးသာလျှင် ကမ္ဘာ့အလယ်မှာ ထည်ထည် ၀ါဝါ ရပ်တည်လို့ သူတို့တွေများ လာရောက် လုပ်ကိုင်တဲ့ အခါ သူ့တို့လို မဆက်ဆံမိအောင် သတိယစေဖို့ ဆိုတဲ့ ရည် ရွယ်ချက် အပြည့်ပါပါတယ် ၊၊ ( မဖြစ်နိုင်ဘူးဆိုပြီး မပြုံးနဲ့နော် ၊ မကြာမှီလာမည်မျှော် ၊ ကိုရွှေ မေတ္တာ ဝေတယ် ပြည်သူတွေ ................ပါစေ ) တဲ့ဗျာ ၊၊



( Neck Tie အပြာရောင် နဲ့ အရပ်မြင့်မြင့် တစ်ယောက်က ကျွန်တော်ပြောတဲ့ Mr Charles Ng ပေါ့ဗျာ)

Mr Charles Ng

ကျွန်တော် ပထမဆုံးတွေ့ရတဲ့ ဒီနိုင်ငံသားစစ်စစ် ကျွန်တော်ရဲ့ လုပ်ဖေါ်ကိုင်ဖက်ပါ ၊၊ ကျွန်တော် ကံကောင်း ပါတယ်၊၊ ဘာ့လို့ဒီလိုပြောလည်း ဆိုတော့ သူကအင်မတန်မှ စိတ်ကောင်းရှိတဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ ၊၊ လူကြီးဆန်တယ် ၊၊ အသက်က ၄၀ ကျော် ဆိုပေမယ့် နည်းနည်းတော့ အိုစာတယ်ဗျ ၊၊ မြန်မာပြည်က ရုပ်ရှင်မင်း သား နေအောင် ရဲ့ ရုပ်အတိုင်းပဲ ၊၊ ကျွန်တော့ဆီက ဘင်္ဂလားတွေကတော့ Good Heart ရှိတဲ့ လူတစ်ယောက် လို့ပြောကြတယ်ဗျ ၊၊ မှန်ပါတယ် ၊၊ အင်မတန်မှ နားလည်တက်ပြီး လုပ်သက်လည်းရပြီဖြစ်တဲ့ လူတော် တစ်ယောက် ပါ ၊၊ နောက် Political ကို အင်မတန်မှ မုန်းတီးသူ တစ်ယောက်ဖြစ်ပါတယ် ၊၊ သူအဓိက လေးလေး စားစား ဆက်ဆံတာကတော့ နိုင်ငံခြားသားတွေ ပါပဲ ၊၊ နောက်အထူးအဖြင့် မြန်မာတွေကို သူ အထင် မသေး ဘူး ၊၊


မှတ်မှတ်ယယ မနှစ်က နာဂစ်ဖြစ်တဲ့အခါ ဘယ်လူကြီးမှ အရေးမလုပ်ဘူး ၊၊ ဒါပေမယ့်သူက ကျွန်တော်တို့ မြန်မာ တွေ အားလုံးကို ဖုန်းဆက်တယ် ၊၊ မေးတယ် ၊၊ အိမ်နဲ့ အဆက်အသွယ် ရတဲ့ ကိုအောင်မြင့်ဆိုတဲ့ အကို အတွက်ဆို သံရုံးကို သွားဖို့ နောက် ဘယ်လိုကူညီရမလဲဆိုပြီးမေးတယ် ၊၊ တစ်ခုဆိုးတာက သူက ကျွန်တော် တို့ မြန်မာ သံရုံးအကြောင်းမှ မသိတာကိုး အဟ ၊၊ ထားလိုက်ပါ ကျွန်တော်ဆိုလိုချင်တာက သူဟာအဲဒီလို စိတ်
ကောင်း ရှိတဲ့ လူမျိုးဗျ ၊၊ တကယ်ကို စိတ်ကောင်းတာ ၊၊ နောက်လူကဲခတ် တော်တယ် ၊၊ အဲ နောက်တစ်ခုက ပြည်ကြီးတရုတ်တွေကို မုန်းတီးရေးသမား စစ်စစ် ၊၊ ဘယ်လိုမှ ကြည့်မရတာ ၊၊ တွေ့တာနဲ့ ဆဲတော့ တာပဲ ၊၊ တကယ်ပါ ၊၊ တခါတလေ ကိုယ်တောင် အားနာတယ် ၊၊ အဲဒီတရုတ်တွေကလည်း ကွယ်ရာ မှာ သူ့ကို အတင်း အုပ်တယ် မြန်မာနဲ့ ဘင်္ဂလားပဲ လူထင်တဲ့ လူကြီးတဲ့လေ ၊၊


အသက်ကြီးတယ် ၊၊ လုပ်သက်ကြာပြီ ၊၊ ဘယ်တော့မှ ငါလုပ်သလိုလုပ်လို့ မပြောဘူး ၊၊ အမြဲတမ်း တိုင်ပင်တယ် ၊၊ ကျွန်တော့်ကို လုပ်ပိုင်ခွင့်ပေးတယ် ၊၊ ကိုယ်ရဲ့ကြိုးစားမှု အရာထင်ခဲ့တယ် ၊၊ သူကလုပ်ပိုင်ခွင့်ပေးလို့ပါ ၊၊ ကျွန်တော် မှားခဲ့တာတွေ မနည်းပါဘူး ၊၊ ဒါပေမယ့် အပြစ်မပြောဘူး ဘယ်လိုဖြေရှင်းရမလဲ သင်ပေးတယ် ၊၊ အဲဒီ လိုမျိုးဆိုတော့ ကျွန်တော်တို့လည်း လုပ်ရတာ အဆင်ပြေတာပေါ့ဗျာ ၊၊ နောက်သူကျွန်တော့်ကို အမြဲပြော တယ် မင်းကို ငါယုံတယ်တဲ့ ၊၊ ဒါဟာတကယ်တော့ သူတကယ်တော်တယ်ဆိုတာ ပြတာပဲဗျ ၊၊ ဘာလို့ဒီလို ပြော လည်းဆိုတော့ ကိုယ့်ကို တော်တယ်ပြောလို့မဟုတ်ဘူး ၊၊ သူက လူတွေကို သာသာလေးနဲ့ ထိန်းချုပ်တာ ၊၊ အခြား သူတွေ တော့မသိဘူး ဗျ ၊၊ ကျွန်တော်ကတော့ အဲဒီ ယုံတယ် ဆိုတဲ့ စကားကို အကြောက်ဆုံးပဲ ၊၊ ကိုယ့် ကို ဘယ်လိုမှ လွတ်ထွက်လို့ မရအောင် ချုပ်ကိုင်လိုက်တာပဲ ၊၊


သူနဲ့ပတ်သပ်ရင်တော့ ပြောစရာတွေကအများကြီးပါ ၊၊ ပျင်းနေမှာဆိုးလို့ ဖြတ်လိုက်တော့မယ် ၊၊ နောက်လူတွေ လည်းအများကြီးပြော ရအုံးမယ်လေ ၊၊ အဲသူကျွန်တော့်ကိုပေးထားတဲ့ နာမည် တစ်ခုရှိသေးတယ် ၊၊ ကွယ်ရာမှာ လည်းအဲဒီလိုပဲ ခေါ်တယ် ၊၊ ကုမ္မဏီ Anniversary Dinner ညတစ်ခုမှာ စပြီး နာမည်ပေးလိုက်တာလေ ၊၊ အဲဒီနာမည်ကိုပဲ ခေါ်တယ် ၊၊ သူစိတ်ပျော်ရင်ပေါ့ ၊၊ ဘယ်လိုခေါ်လည်း သိချင်ကြလား ၊၊ Handsome Man တဲ့ဗျား ၊၊ ဒါ့ကြောင့်ပြောတာပေါ့ဗျ Charles က လူတော်ပါ လို့ ........... ကဲယုံပြီမဟုတ်လား ၊၊
မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

Thursday, 16 July 2009

နိုင်ငံခြားသားဆို ကြောက်သတဲ့လား


Geylang , Chinese and the irrationality of fear

လွန်ခဲ့တဲ့ အပတ် က ဖေါ်ပြပါရှိခဲ့တဲ့ The Straits Times forum Page မှာပါတဲ့ ဆောင်းပါလေးတစ်ပုဒ်ကို ပြန်လည် ဖြေရှင်းချင်ပါတယ် ၊၊ ဒါဟာ စင်ကာပူနိုင်ငံသားအားလုံးကို မရည်ရွယ်ပါဘူးဆိုတာတော့ အရင်ဆုံး သိစေလိုပါတယ်နော ၊၊ စင်ကာပူမှာ Mandarin ဘာသာ စကားကို ပိုမိုတိုးတက် အသုံးပြုစေလိုပါတယ် ဆိုတဲ့ အဆိုကိုတော့ ကြိုဆိုလက်ခံ ပါတယ်ဗျာ ၊၊ သို့သော်လည်း ကျွန်တော်တို့က သီးခြား ဖွဲစည်းထားတဲ့ Geylang လို သတ်မှတ်ထားတဲ့ နယ်နိမိတ်ဘောင် ကျဉ်းကျဉ်းလေး မဟုတ်ဘူးလေဗျာ ၊၊ စာရေးသူ Amy Loh ထောက်ပြ သွားတဲ့ Geylang မှာရှိတဲ့ ဆိုင်နာမည် ဆိုင်းပုဒ်တွေ ၊ အထူးသဖြင့် Chinese only ဆိုတဲ့ စာသားတွေ ဟာ စင်ကာပူနိုင်ငံသားများရဲ့ ဆန္ဒပါလို့ဆိုလိုတာတော့ မဟုတ်သေးဘူးထင်ပါတယ်ဗျာ ၊၊

သူမကပြန်မေးထားသေးရဲ့ ဘယ်နိုင်ငံမှာများ ဘာသာစကားလေးမျိုးကို တရားဝင်ပြဌာန်းထားပါသလဲ ၊ ဒီလို Geylang မှာ တရုတ်စာတွေ နဲ့အသုံးပြုထားတာဟာ တရုတ်စာ တိုးတက်ရေးအတွက် တွန်းအားပေးတဲ့ လုပ်ဆောင် ချက်မဟုတ်ဘူးလား ရှင် တဲ့ ၊၊ နောက်ထပ်သူမထပ်ဆိုတာက ဒီလို ဘာသာစကား ၄ မျိုးကို အသုံး ပြုခွင့်ပြုထားတာဟာ " Distrubing trend " ၊ ဆိုးရွားတဲ့လမ်းကြောင်းကို ဦးတည်နေတာနော်တဲ့ ဗျာ ၊၊ နောက်ထပ် သူက ဆက်ဆိုပါသေးတယ် နိုင်ငံခြားသားတွေ က လွမ်းမိုး ၊ ချုပ်ကိုင် ၊ ၀ါးမြိုသွားမယ့် ၊ အနောက်နိုင်ငံ တွေ ဆီဦးတည် နေတဲ့ လမ်းကြောင်းကို စင်ကာပူနိုင်ငံက ပြန်လည် တွန်းလှန် တားဆီး သင့်တယ် နော်တဲ့ ဗျာ ၊၊

Ms Loh ကဘယ်လိုများ သုံးသပ်ချက်ထပ်ပေးလဲဆိုတော့ တခါတရံမှာ စင်ကာပူနိုင်ငံသားတွေ ရင်ထဲမှာ အမည်မသိတဲ့ ကြောက်ရွံမှုတစ်မျိုး ခံစားနေရတယ် ၊၊ အဲဒါဟာဘာလဲဆိုတော့ နိုင်ငံခြားသားတွေ ကို ကြောက် ရွံမှုဆိုတဲ့ Xenophobia ဆိုတဲ့ ရောဂါတစ်မျိုးပဲ ၊၊ ဒါဟာလည်းတကယ်တော့ အံ့အားသင့်စရာ တစ်ခုတော့ မဟုတ်ပါဘူးလေ ၊၊ စီးပွားရေ တဟုန်တိုး ဖွံ့ဖြိုးတိုးတက်လာတဲ့ အကျိုးရလာဒ်ကြောင့် ၀င်ရောက်လာတဲ့ အမြောက် အမြားသော နိုင်ငံခြားသားများက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ၀င်ရောက်နေရာ ယူလိုက် ကြလို့ပါပဲ ၊၊ ဒါဟာ စင်ကာပူးရီးယန်းတွေ ရင်ထဲက မြင်သာထင်သာ ကြောက်ရွံမှူတွေပေါ့ ၊၊ သူတို့ဘာတွေ များ စိုးရိမ်နေလဲဆိုတော့ သူတို့ရဲ့ အလုပ်တွေ ၊ သူတို့ရဲ့ ကျောင်းတွေ နောက်ဆုံး သူတို့ရဲ့ ဇနီး ခင်ပွန်းတွေကိုပါ သူတို့ စိုးရိမ်လာကြတယ်လေ ၊၊

တကယ်တော့ ဒီလို ရောဂါဟာ ဒီတစ်နိုင်ငံထဲတော့ မဟုတ်ပါဘူး ၊၊ စီးပွားရေးအရ ထိပ်တန်းရောက်နေတဲ့ နိုင်ငံ ကြီးတွေဖြစ်တဲ့ London , Sydney နဲ့ New York တွေမှာလည်း ဖြစ်နေတာပါပဲ ၊၊ စင်ကာပူကတော့ နည်းနည်း ပိုဆိုးနေရတာက တော့ Richy-endowed နိုင်ငံ တစ်ခု ဖြစ်နေလို့ပါပဲ ၊၊ အင်မတန်မှ ဖွံ့ဖြိုးတိုးတက် နေပြီး ၊ ကမ္ဘာနဲ့အညီ စီးပွားရေးရင်ဘောင်တန်းနေဖို့အတွက် လည်း လိုအပ်နေတဲ့ နိုင်ငံခြားသား ပညာရှင်များကို စနစ် တကျ လေးထိန်းချုပ်ပေးမယ် ဆိုရင် အဆင်ပြေမှာပါ ၊၊ ဒါဟာလည်း စင်ကာပူနိုင်ငံသားတွေ အတွက် တစ်ခုတည်း သောနည်းလမ်းဖြစ်မယ်ထင်ပါတယ် ၊၊ ယခုလက်ရှိရော နောင်အနာဂတ်ပါ အဆင်ပြေစေမယ့် နည်းလမ်းပါ ၊၊ ဖွံ့ဖြိုးပြီး နိုင်ငံတိုင်း ကြုံတွေ့နေရတဲ့ ဖြစ်စဉ်မို့ စင်ကာပူအတွက်လည်း ချွင်းချက်တော့ မရှိပါ ဘူးလေ၊၊

Geylang ဟာ ဘာသာစကားတစ်မျိုးသာ ပြောရတဲ့ နေရာ ဖြစ်ရမယ်ဆိုတဲ့ ကိစကတော့ ဘယ်လိုမှ မဖြစ်နိုင် ပါဘူးလေ ၊၊ သီးသန့် စီးပွားရေးလုပ်ငန်းတွေ အရ ကျန်ရှိနေမယ် ၊ ဘာသာစကားတမျိုးပဲ ပြောကြမယ် ဆိုရင် တောင် အဲဒီလိုသတ်မှတ်ချက်ကြောင့်တော့ မဖြစ်သင့်ပါဘူး ၊၊ ကမ္ဘာပေါ်မှာ အင်္ဂလိပ် စကားအသုံးပြုမှု ဟာ တရုတ်စကားထက်ပိုပြီးကျယ်ပြန့်နေတယ်လေ ၊၊ Geylang မှာရှိတဲ့ တရုတ်လူမျိုးတွေသာမက ၊ စင်ကာပူတစ် နိုင်ငံလုံးမှာ ရှိတဲ့ တရုတ်လူမျိုးတွေ ဟာ လူမျိုးရေး ခွဲခြားမှုတွေ ကို ပယ်ဖျက်ပြီး သူတို့ရဲ့ လူမှုဆက်ဆံရေး နယ်ပယ် ပိုမိုကျယ်ပြန့်စေချင်ရင်တော့ အခြေခံ အင်္ဂလိပ်စာလောက်တော့ ကြိုးစားသင့်တယ်လေ ၊၊ ဒီမှာ လည်း အလုပ်ထဲမှာ သုံးနေကြတာက အင်္ဂလိပ်စကားပဲလေ ၊၊ နိုင်ငံခြားက၀င်ရောက်လာတဲ့ တရုတ်လူမျိုးတွေ အနေနဲ့ သင်ယူလာခဲ့မယ် ဆိုရင် စင်ကာပူနိုင်ငံ ဥိးတည်နေတဲ့ Multi-Raicial Environment ကို ပိုပြီး တိုးတက်စေမှာပါ၊
စင်ကာပူနိုင်ငံ သားတွေ အနေနဲ့ သင့်လျော်သော သတ်မှတ်ထားတဲ့ အချိန်တစ်ခုကို ပိုပြီးစိတ်ရှည်ရှည်နဲ့ စောင့်စားသင်ပါတယ်လေ ၊၊


( ဒီနေ့ Straits Times မှာပါတဲ့ Review & Forum ဆိုတဲ့ အယ်ဒီတာ့ အာဘော်လေးကို ဘာသာပြန်ပါသည် ၊၊ )

ဒီဆောင်းပါးလေးကို ဘာလို့ တင်ဖြစ်သလဲဆိုတော့ ကျွန်တော်တို့ရဲ့နေ့စဉ် ဘ၀မှာ အင်မတန် အရေးပါတဲ့ ပြော ဆိုဆက်ဆံရေးနဲ့ ပတ်သပ်တာရယ် ၊ အင်မတန်မှ Smarty ဖြစ်ပြီး ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းတဲ့ လူမျိုး ၊ အဲဒီလူမျိုးတွေရဲ့ ရင်ထဲက လာတဲ့ ဘာသာစကားတစ်ခု ဖြစ်တာရယ်ကြောင့်ပါ ၊၊

မှတ်မိပါသေးတယ် ၊၊ ပထမ ကုမ္မဏီ အစည်းအဝေးတစ်ခုမှာတုန်းကပေါ့ ၊၊ အဲဒီမှာ ပါတာက စင်ကာပူရီးယန်း တွေ ရယ် ၊ တရုတ်ကလာတဲ့ လူတွေ ရယ် ၊ မြန်မာတွေရယ် ၊ အိန္ဒီယ နဲ့ ဘင်္ဂလားတွေပေါ့ ၊၊ အားလုံးက အင်္ဂလိပ်လို ပြောသလို ဘာဖြစ်ဖြစ် အနည်းအပါးတော့ နားလည်ပါတယ် ၊၊ တရုတ်တွေက တကယ်လည်း နား မလည်သလို အိပ်တောင် ငိုက်နေသေးရဲ့ ၊၊ ဒါပေမယ့် သူတို့လူမျိုးချင်းတော့ ချစ်တယ် ၊၊ တရုတ်လို ပြန်ရှင်းပေး တယ် လေ၊၊ နောက် ကျွန်တော်တို့ကို ကြည့်ပြီးဆိုလိုက်သေးတယ် သူတို့က အင်္ဂလိပ်စကား နားမလည်ပေမယ့် နည်းပညာကို ကျွမ်းကျင်တယ် တဲ့လေ၊၊ ဘာမှ မဆိုင်ဘဲ အသားလွတ် စော်သွားတာ၊၊ သူက Local ပါ နောက် ကျွန်တော်တို့ ရဲ့ Senior Project Director လေ ၊၊ အဲဒီနေ့ကတည်းက ကြည့်လို့လည်းမရသလို ၊ မတွေ့အောင် နေတယ် ၊၊ အခုထွက်သာလာရော နှုတ်မဆက်ခဲ့ဘူး ၊၊ ညစာစားပွဲတောင် သူပါရင် မသွားဘူး ၊၊ ဟာဟ ဒီလို ..

ဟုတ်တယ် ...အတူတူ အလုပ်လုပ်တဲ့ ပြည်မက သူငယ်ချင်း တရုတ်ကိုပြောဘူးတယ် ၊၊ ကျွန်တော်လည်း အင်္ဂလိပ်က တောင် တစ်လုံးမြောက်တစ်လုံးပါ ၊၊ မင်းလည်းကြိုးစားပြီးပြောပါလား ပေါ့ ၊၊ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ကြား မှာ နောက်တစ်ယောက်က အမြဲတမ်း စကားပြန်လုပ်နေရတယ်လေ ၊၊ Local သူငယ်ချင်းတစ်ယောက်က သူ့အလုပ်ထက် ကျွန်တော်တို့ စကားပြန်လုပ်ရတယ် ၊၊ ဘာပြောတယ်ထင်လဲ၊၊ အင်္ဂလိပ်စာ မတက်လည်း စင်ကာပူမှာ ဘယ်သွားသွားရတယ် ၊၊ မသင်နိုင်ဘူးတဲ့လေ ၊၊ အဲဒါပညာတက် Professional တစ်ယောက်နော်၊၊ သူက ကမ္ဘာနဲ့ ချီပြောတာဗျ ၊၊

ကျွန်တော်အလုပ်မှာကလည်း တရုတ်များတယ်လေ ၊၊ ပြည်ကြီးကတရုတ်တွေ ၊၊ ဘယ်လိုမှ ပြောလို့မရ ဆိုလို့မရ ၊၊ အဲဒီမှာ Sub-Con သူဌေးက ဘာလာပြောလဲဆိုတော့ မင်းဘာလို့ တရုတ်စကားမသင်ခဲ့တာလဲတဲ့ဗျာ ၊၊ မှန်ပါတယ်လေ ၊၊ ကျွန်တော့် လုပ်ဖေါ်ကိုင်ဖက်တွေက ဒေါတွေကန်လို့ ၊၊ Malaysian တွေ Philipine တွေနဲ့က အဆင်ပြေတယ်ဗျ ၊၊ နောက် ကျွန်တော် ကွန်ပလိန်းတက်တော့မှ မြန်မာ-တရုတ် စကားပြန်တစ်ယောက် ထားပေးတယ် ၊၊ သူကအလုပ်လည်းလုပ် စကားပြန်လည်းလုပ်ပေါ့ ၊၊ ရှမ်းပြည်ဘက်ကကောင်လေး တစ်ယောက် ၊၊ သူလည်းမသက်သာဘူး အဲဒီတရုတ်တွေက သိပ်လည်းလူလည်လုပ်တော့ သူ့ခဗျာ ကြားထဲက တော်တော် ခံရ တာလား ၊၊ အဲဒါနောက်ပိုင်း ခုနပြောတဲ့ ဒီစလုံးသူငယ်ချင်းရောက်လာမှ သူလည်းဝဍ်ကျွတ်သွားတယ် ၊၊

ဘာရယ်မဟုတ်ပါဘူး ၊၊ ကြုံလို့ ရေးလိုက်ပါတယ် ၊၊ သူတို့က သိပ်လည်းတော်သလို ၊ သိပ်လည်း တကိုယ် ကောင်း ဆန်ကြပါတယ်၊၊ ဒါကတော့ တော်တဲ့သူတွေရဲ့ အမူအကျင့်တစ်ခုလို့ ပဲ လက်ခံလိုက် တယ် ၊၊ ကိုယ်ကို တိုင်ကတော့ သိပ်ကို Flexible ဖြစ်လွန်းတော့ မကောင်းတဲ့နေရာတွေတော့ မကောင်းဘူး ၊၊ ကိုယ့်အတွက် တောင် ကိုယ်ပိုင်လိုင်းတစ်ခုရယ်လို့ မထားပဲ လိုက်လျောတက်လွန်းတော့လည်း ကြာတော့ စော်ကား ချင်ကြတယ်၊၊
သူတို့လိုလည်း ပြတ်ပြတ်သားသား ငြင်းဆန်ပြီး တင်းခံနိုင်တဲ့ စိတ်ဓါတ် အားမျိုးတော့ တခါတခါ လိုချင်သား ၊၊ သို့သော် ကိုယ့်နှလုံးသားက လက်မခံ.......
မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

Wednesday, 15 July 2009

စာရိတ္တ ခိုင်မာရေး တဲ့လား

Seoul teachers targeted in anti-bribery drive


ကျောင်းသား များ ၊ ကျောင်းသားမိဘများထံမှ လက်ဆောင် များ ၊ ငွေကြေးနှင့် လာဘ်ပသကာများ လက်ခံတယ် ဆိုတာဟာ တကယ်တော့ ဆရာဆရာမများရဲ့ ဂုဏ်သရေ ကို ညှိုး နွမ်းစေပါတယ် ၊၊ အဲဒီလို ကျောင်းသားမိဘများထံမှ လက်ဆောင် ပစည်းများ လက်ခံနေပါတယ် ဆိုတဲ့ ဆရာဆရာမများကို ဖေါ်ထုတ်သတင်းပေးသူများအား ဆုငွေ ချီးမြှင့်ပါမယ် ဆိုတဲ့ လှုပ်ရှား မှုတစ်ရပ် ကိုးရီးယား နိုင်ငံ ဆိုးမြို့ ပြုလုပ်ခဲ့ပါတယ် ၊၊

ဆိုးမြို့ မှာရှိတဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းကြီးမှ နေပြီးတော့ ကိုးရီးယားငွေ သန်းပေါင်း ၃၀ ၊ စင်ကာပူဒေါ်လာ ၃၄၃၂၀ ကို ချီးမြှင့်မှာ ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ခဲ့ပါတယ် ၊၊ဒီအစီအစဉ်ဟာ အကျင့်ပျက် ချစားနေတဲ့ အမူအကျင့်ရှိသူဆရာဆရာမတွေ ကို ဖေါ်ထုတ်ပြီး အဲဒီလို အမူအကျင့်မျိုး ကို မှေးမှိန်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ် ၊၊ အတိအကျ သတင်းပေးတိုင်ကြားသူ ၅ ယောက်မှ ၇ ယောက်အထိ ကို ဆုချီးမြှင့်သွားမှာပါ ၊၊ ဖွဲ့စည်းထားတဲ့ ကော်မတီမှ လက်ခံရရှိတဲ့ တိုင်ကြားစာများကို သေချာစွာစိစစ်ပြီး ရွေးချယ် မှာလို့ ဆိုပါတယ် ၊၊

သူတို့ အဖွဲ့ရဲ့ တိုင်းတာ လေ့လာတွေ့ ရှိချက်များ အရတော့ ကျောင်းသားမိဘ ၁၆၆၀ လျှင် ၅ ယောက်က လက်ဆောင် များနှင့် ငွေကြေးများ ပေးရတယ်လို့ ဆိုပါတယ် ၊၊ ဒီလိုဖြစ်ရပ်ကို မကျေနပ်တဲ့ ၊ ကာလကြာရှည် မြိုသိပ်ထားရတဲ့ ကျောင်းသားမိဘများကတော့ အခုလို အစီအစဉ်ကို ကျေကျေနပ်နပ်ကို လက်ခံခဲ့ပါတယ် ၊၊ ဒီအစီအစဉ်ကို ကို လည်း အထူးကို ကျေးဇူးတင်နေကြပါတယ် ၊၊ ၄၆.၈ ရာနှုန်းသော ကျောင်းသားမိဘများကတော့ ဒါဟာ တကယ်တော့ လာဘ်ပေးလာဘ်ယူတဲ့ အပြစ်တစ်ခုပါပဲ လို့ ဆိုကြပါတယ် ၊၊သဘောကတော့ သူတို့ ဒီလိုပေးရတာမျိုးကို မကျေနပ်ပါဘူး လို့ ဆိုကြတာပါပဲ ၊၊ ဒီလို အကျင့်ပျက် စရိုက်ဆိုး ကို လည်း ပပျောက်စေလို ကြပါတယ် ၊၊

ပြသနာကတော့ ဘာဖြစ်လာလဲဆိုတော့ လောလောဆယ်မှာ ဆိုလ်းမှာ ရှိတဲ့ ပညာရေးဆိုင်ရာ အဖွဲ့ အစည်း ရုံး ၁၆ ရုံးအတွက် ၃ နှစ်အတွင်း တိုင်းတာရရှိတဲ့ အကျင့်စာရိတ္တကောင်းမွန်မှူ ရမှတ်က အင်မတန်မှ နည်းနေ ပါတယ် ၊၊ အဲဒီလိုတိုင်ကြားခံရတဲ့ ဆရာ တွေကလည်း ဒေါသထွက်နေပါတယ်တဲ့ ၊၊ ပြန်လည် ဖြေရှင်းဖို့ အဆင့်သင့် ဖြစ်နေကြတယ် လို့ ဆိုပါတယ် ၊၊ ဒါဟာလည်း နောက်ထပ် ပြသနာတစ်ခုပါ ၊၊ ပညာရေးဆိုင်ရာ ပြော ရေးဆိုခွင့်ရှိသူ Mr Kim Dong Seok ဆိုသူကတော့ ဘယ်လိုပြောသလဲဆိုတော့ တချို့လူတွေ ဟာ ဆုကြေးငွေ ရယူလိုမှုအတွက် ပုဂ္ဂိုလ်ရေး မုန်းတီးမှုအပေါ်မှာ မှားယွင်းတဲ့ တိုင်တန်းချက်တွေ ပေါ်ပေါက်လာပါ တယ် ၊၊ အဲဒီအတွက် အမှန်တကယ် ရိုးသားတဲ့ ဆရာတွေ ကို အကာအကွယ်ပေးဖို့ လိုအပ်ပါတယ် လို့ ဆိုပါတယ် ၊၊ နောက်ထပ်အရေးကြီးဆုံးကတော့ ကျောင်းသားတွေ နဲ့ ဆရာတွေ ကြားမှာရှိတဲ့ အပြန်အလှန် ယုံကြည် ချစ်ခင်မှုဆိုတဲ့ ဆက်ဆံရေးတစ်ခုကို ပျက်ပြားစေလိမ့်မယ် လို့ သူကစိုးရိမ်တကြီးဆိုပါတယ် ၊၊ ဒါဟာ တကယ့်ကို ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးတဲ့ အချက်ပါ လို့ ထပ်လောင်းပြောဆိုလိုက်ပါတယ် ၊၊

( My Paper မှ သတင်းတိုလေးအား ခံစား ဘာသာပြန်ပါသည် ၊၊ မှားယွင်းမှုများသည် စာရေးသူ၏ ချိုးယွင်း ချက်သာဖြစ်ပါကြောင်း တောင်းပန်ပါသည် )


အင်း ဒီသတင်းလေးဖတ်မိတဲ့အခါ ကိုယ့်ရဲ့ငယ်ဆရာတွေကို သတိယမိတာတော့ အမှန်ပါပဲ ၊၊ တကယ် စဉ်းစား မယ်ဆိုရင် ဆရာ ဆရာမတွေ ဆိုတာဟာ နိုင်ငံတော် အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်ပါတယ် ၊၊ ပညာရေးဆိုတာ ဟာ အကျင့်စာရိတ္တ ရဲ့ မဏိုင် တစ်ခုပင် မဟုတ်ပါလား ၊၊ ဒီလိုပညာရေးရဲ့ အရေးပါမှုကို သိမြင်ရပါလျက် နောင်လာနောက် သား လူငယ်များရဲ့ ဦးဆောင်လမ်းညွှန် ဆရာတွေ အတွက်လည်း ကြံကြံ့ခိုင်ဖို့ ၊ မယိုင်လဲဖို့ ဘယ်လို အားနဲ့များ ခြေ ကန်ထားရပါမလဲ ၊၊ လူအဖွဲ့အစည်းအတွက် အရေးကြီးဆုံး သော အခြေခံ အချက်ကြီး ၃ ခုဖြစ်ပါတဲ့ စားရေး ၊ ၀တ်ရေး ၊ နေရေး ဆိုတဲ့ အခြေခံအချက်တွေ ပြည့်စုံပါမှသာ စာရိတ္တ မယိုင်အောင် ခြေကန်နိုင်မှာ မဟုတ်ပေ လားဗျာ ၊၊

အူမတောင့်မှ သီလစောင့်နိုင်ပါသတဲ့လေ ၊၊ ကျွန်တော်တို့ ဒီနေ့ဒီအချိန်မှာ ဒီလို ရပ်တည်နိုင်ဖို့ သင်ကြားပေးခဲ့ ကြတာဟာ ကျွန်တော်တို့ရဲ့ ဆရာများ မဟုတ်ပါလားဗျာ ၊၊ ကျွန်တော်တို့သာ ကြီးပြင်းလာတယ် ၊ ဆရာဝန်ကြီး တွေ ၊ အင်ဂျင်နီယာကြီးတွေ ဖြစ်လာတယ် ကျွန်တော်တို့ ဆရာဆရာမတွေ ကတော့ မူလတန်းမှာ ကျန်နေခဲ့ကြ ဆဲပါ ၊၊ ဟိုးကတည်းက ၀တ်ဆင်ခဲ့တဲ့ လုံချည်အစိမ်းလေးလည်း နွမ်းနေဆဲပါပဲလေ ၊၊ အင်္ကျီအဖြူလေး လည်း ဖားအု တွေ စွဲနေ လို့ပါလား ၊၊ ကိုယ့်တပည့်လေးတွေ က ကြီးပြင်းလို့ လူလားမြောက် ၊ အရွယ်တွေ ရောက် ကြီးပွား နေပေမယ့် ကျွန်တော်တို့ရဲ့ ဆရာတွေ ကတော့ ခုချိန်ထိ နဂိုအတိုင်း မပြောင်းလဲသေးပါလားနော......


လွမ်းဆွတ်ခြင်းများစွာဖြင့်
မင်းအိမ်ဖြူ

Tuesday, 14 July 2009

ဘုံဘိုင်ရေ လည်းသန့်ပါတယ်


“ဘုံဘိုင်ကရေလည်း သန့်ပါတယ်ဗျာ ၊ တကယ်တော့ ရေသန့်ဗူးခွံတွေက သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေတာဗျ ” လို့ ကျွမ်းကျင်သူပညာရှိများက ဆိုပါတယ် ၊၊

Australian နိုင်ငံ Sydney တောင်ပိုင်းမှ မြို့ငယ်လေးတစ်ခုဖြစ်တဲ့ Bundanoon မြို့မှာ လွန်ခဲ့တဲ့ ဗုဒ္ဒဟူးနေ့က သောက်ရေသန့်ဗူး တားဆီးတိုက်ဖျက်ရေး အတွက် မဲခွဲဆုံးဖြတ်တဲ့ ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်၊၊ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံးပြုလုပ်တဲ့ သောက်ရေသန့်ဗူး တိုက်ဖျက်ရေး စီမံကိန်းတစ်ခု ဖြစ်ပါတယ် ၊၊

စင်ကာပူမှာတော့ ဒီလိုကန့်ကွက်တားဆီးရေး ဆိုတာ မလွယ်ကူတဲ့ ဖြစ်ရပ်တစ်ခုပါလို့ ကျွမ်းကျင်သူများက ဆိုပါတယ် ၊၊ အဲဒါပေမယ့် လူတွေ အားလုံးပူးပေါင်းပါဝင် ပြီး ဒီဗူးတွေ ကို သပိတ်မှောက်ဖို့ဆိုတာတော့ မျှော်လင့်ချက်တစ်ခုပါပဲ ၊၊

လွန်ခဲ့တဲ့နှစ်က သောက်ရေသန့်ဗူး ၁၃၅ ၀၀၀ တန်ကျော် အတွက် စုစုပေါင်း စင်ကာပူဒေါ်လာ ၁၂၆သန်းကျော် အသုံးပြုခဲ့ရပါတယ် လို့ဆိုပါတယ် ၊၊ Lee Kuan Yew School of Public Policy ကျောင်း မှ PhD ကျောင်းသူ Ms Leong Ching နှင့် Professor Tommy Koh ကဆိုတာကတော့ စင်ကာပူနိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ အမူအကျင့် တွေ ကို ပြုပြင်မယ် လို့ယုံကြည်ပါတယ် ၊၊ ဒီအလေ့အကျင့်ဟာ မကောင်းဘူးဆိုတာလည်း သူတို့သိနေတာ ပဲ ၊၊ နိုင်ငံတော်အတွက် လည်း မလိုအပ်ပဲ ငွေကြေးတွေ အမြောက်အမြား ကုန်ကျနေတယ်လေ ၊၊

ဆောင်းပါးအနေနဲ့ PUB Magazine , Pure , Straits Times တွေမှာ တင်ပြခဲ့ပြီးပါပြီ ၊၊ ပတ်ဝန်းကျင်နှင့် ရေအရင်းမြစ်ထိန်းသိမ်းရေး ၀န်ကြီးဌာနသို့လည်း တိုက်တွန်းခဲ့ပြီးဖြစ်ပါတယ် ၊၊ ၀န်ကြီးဌာနတွေအားလုံး ၊ အဖွဲ့အစည်းများအားလုံး ၊ ဆက်စပ်နေသော လုပ်ငန်းများအားလုံးသို့ ပညာရေးဌာနအဖွဲ့အစည်းများ အားလုံးသို့ ရေသန့်ဗူး သောက်သော အလေ့အထကို တားဆီးရေးအတွက် တိုက်တွန်း သင့်တယ်လို့ထင်ပါတယ် လို့ သူတို့နှစ်ဦးက ဆိုပါတယ် ၊၊

ဂျာနယ် ဆရာမတစ်ယောက်ဖြစ်တဲ့ Ms Leong ကဆိုတာကတော့ တကယ်တော့လေ လူတွေ အားလုံး သိအောင် ဆောင်ရွက်သင့်ပါတယ် ၊၊ အခုတော့ လူတွေကအဲဒီအကြောင်းကို သေချာမသိကြဘူးရှင့် ၊၊ ရေသန့်ဘူးထဲက ရေက ဘုံဘိုင်ရေထက်သန့်တယ်လို့ သူတို့က ထင်နေကြတာလေ ၊၊ တကယ်တော့ ရေသန့်ဗူးထဲက ရေက ဘုံဘိုင်ရေထက် အဆ ၈၅၀ ပိုပြီးဈေးကြီးတယ်ဆိုတာ သူတို့သိစေချင်လိုက်တာ၊၊ လို့ဖြည့်စွက်ပြောကြားလိုက်ပါတယ် ၊၊

ဘာဖြစ်လို့သူတို့ ရေသန့်ဗူးတွေကို သောက်နေရတယ်ဆိုတာ နားလည်ပါတယ် ၊၊ သူတို့အတွက် အခြား နည်းလမ်း မရှိဘူးလေ၊၊ နောက်တစ်ခုက တကယ်တော့ ရေက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတဲ့ အချက်အလက်မခိုင်မာတဲ့ အချက်အယူအဆတစ်ခုကလည်း ရှိနေသေးတယ်လေ ၊၊ စင်ကာပူမှာ ဒီဗူးခွံတွေကို မီးရှို့ပစ်ရတယ် နောက် ကာဗွန်ဒိုင်အောက်ဆိုက်တွေ လည်း အကြောင်းမဲ့ ထွက်နေတာပေါ့၊၊ ကမ္ဘာတစ်ဝှမ်းမှာ ရေသန့်ဗူးတိုက်ဖျက်လျော့ချရေး စီမံချက်တွေဟာ ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနဲ့ ၊ ကုန်ကျ စရိတ် လျှော့ချရေးအတွက် တစ်တပ်တစ်အားပါဝင်လာမှာပါ ၊၊

Euromonitor International Research company ရဲ့ တွေ့ရှိချက်အဆိုအရတော့ ကျန်းမာရေးအတွက် စိတ်ချရတာရယ် ၊ လွယ်လွယ်ကူကူ ၀ယ်ယူရရှိနိုင်တာရယ်က ရေသန့်ဗူးတွေကိုသောက်သုံးဖြစ်စေဖို့ အကြောင်းပြချက်တစ်ခု ဖြစ်မယ်လို့ဆိုပါတယ်၊၊ နောက်အသက် ၁၇ နှစ်အရွယ် Nanyang Polytechanic ကျောင်းသူ Ms Melanie Ghui ကဆိုတာကတော့ လွယ်လွယ်ကူကူဝယ်လို့ရတယ် နောက် ဈေးလည်း သိပ်မကြီးဘူးလေ၊၊ ဒါ့ကြောင့်ဖြစ်မယ့်ရှင့် လို့သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြပါတယ် ၊၊

ကျွမ်းကျင်သူပညာရှိများကတော့ ခန္တာကိုယ်အတွက် လိုအပ်တဲ့ အဟာရတွေကို အစားအစာတွေ ကနေ ရပါတယ် ၊၊ ရေကနေရတာမဟုတ်ပါဘူးလို့ ထပ်လောင်းအတည်ပြုပါတယ်၊၊ လိုအပ်တဲ့ အဟာရဓါတ်ပြည့်ဝ ဖို့ ရေတွေ အများကြီးသောက်ဖို့လိုအပ်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစပါလို့ Nutritionist Velumani Deepapriya ဆိုသူက ထပ်လောင်းပြောဆိုပါတယ် ၊၊

ဒါပေမယ့် လူတွေ ရဲ့ အမူအကျင့်ကို ပြုပြင်ဖို့တော့ တော်တော် ခဲယဉ်းမှာပါ ၊၊ စင်ကာပူမှာတော့ စီမံချက် တစ်ခုအနေနဲ့ အခုလောလောဆယ် မလုပ်သေးပါဘူး ၊၊ ဒါပေမယ့် စင်ကာပူနိုင်ငံသားတွေကိုတော့ လက်ခံယံကြည်စေချင်ပါတယ်လို့ Director Howard Shaw က ဆိုပါတယ် ၊၊ ဒီလို စီမံချက်မျိုးတော့ လုပ်သင့်တယ်လို့ ထင်မြင်ပါတယ် ၊၊ ဘာ့ကြောင့်လည်းဆိုတော့ ဘုံဘိုင်ရေကလည်းေ သာက်လို့ ဖြစ်နေတာ ပဲ လေ၊၊ ဒါပေမယ့် စားသောက်ဆိုင်တွေ အတွက်တော့ အဆင်မပြေနိုင်ဘူးထင်တယ် ၊၊ နောက်တစ်ခုက PUB က ကြော်ငြာထားတာကတော့ စင်ကာပူက ဘုံဘိုင်ရေက ကမ္ဘာ့ အဆင့်အတန်း မှီ ရေသန့်ဖြစ်တယ်လေ ၊၊ ဒါဆိုစိတ်ချလက်ချ သောက်လို့ရတာပေါ့ ၊၊ မစိုးရိမ်ပါနဲ့ဗျ ၊၊ လို့ဆိုပါတယ်လေ ၊၊
ဒီနေ့ထုတ် Straits Times သတင်းစာမှ ဆောင်းပါးတစ်ပုဒ်အား ဘာသာပြန်ပါသည် ၊၊ မပြည်စုံ လွဲမှားမှုများ သည် ကျွန်တော် ဘာသာပြန်သူ၏ ညံ့ဖျင်းမှု အားနည်းချက်သက်သက်သာ ဖြစ်ပါသည် ၊၊
လေးစားစွာဖြင့်
မင်းအိမ်ဖြူ


http://www.fileden.com/files/2009/7/12/2506628/water-disaster.pps


သူငယ်ချင်းတစ်ယောက် ပို့ပေးလိုက်တဲ့ Water-disaster ဆိုတဲ့ PowerPoint File လေးကိုလည်း အတူတကွ သိမ်းဆည်းထား လိုက်ပါသည် ၊၊

Thursday, 9 July 2009

လွမ်းပါသေးတဲ့ စကားလေးတစ်ခွန်း


"ကြီးသူကို ရိုသေ
ရွယ်တူကိုလေးစား
ငယ်သူကိုသနား " ဆိုတဲ့ အတိုင်း ကျွန်တော်တို့ မြန်မာလူမျိုးများ ဟာ အင်မတန်မှ လိမ္မာယဉ်ကျေး ပြီး ၊ ကျေးဇူးတရားကို နားလည်သိတက်သူများ အဖြစ် မိမိကိုယ်ကို ဂုဏ်ယူတက်သော လူမျိုး ဖြစ်ပါသည် ၊၊ မိမိထက် အသက်အားဖြင့် ငယ်ရွယ်သူ ၊ ဂုဏ်အားဖြင့် ငယ်ရွယ်သူ ၊ ဥစာအားဖြင့် အားနည်းသူများကိုလည်း မိမိတို့၏ မွေး ရာပါ ဗီဇသိဖြင့် သနားညှာတာ ကူညီထောက်ပံ့ တက်သူများပါ ၊၊ အခြားသူတစ်ဦးတစ်ယောက် ၏ အားပေး ထောက်ပင့်စရာ မလိုပဲ ကူညီတက်သူများ ဖြစ်ပါသည် ၊၊


ထိုမျှမက မိမိနှင့် အဆင့်အတန်း ၊ ဂုဏ်ဓန ၊ ပညာ ၊ အသက်အရွယ် အားဖြင့် တန်းတူ သူများအားလည်း လေးလေး စားစား တန်ဖိုးထားပြီး ဆက်ဆံပေါင်းသင်း တက်သူများအဖြစ် ဂုဏ်ယူရပါသည် ၊၊ ထိုမျှမက တစ်ဦး နှင့်တစ်ဦး ကူညီထောက်ပံ့တက်သူများ ဖြစ်ပါသည် ၊၊ နှူတ်၏စောင်မခြင်း ၊ လက်၏စောင်မခြင်း များဖြင့်လည်း မိမိတက်စွမ်းသမျှ ကူညီပေးတက်သူများ ဖြစ်ပါသည် ၊၊ ထိုသို့သော မွေးရာပါ ဗီဇ အရည်အသွေးများ အရ ရောက်ရှိ အခြေချ ၊ နေထိုင် လုပ်ကိုင် ရာ နေရာတိုင်းတွင် မြန်မာလူမျိုး အဖြစ် ၊ ကြင်နာသနားတက်သူ ၊ ကိုယ်ချင်းစာ တရားလက်ကိုင်ထားတက်သူ ၊ ကူညီထောက်ပံ့တက်သူ များအဖြစ် မျက်နှာပွင့်လန်း ရပါသည် ၊၊


အရှက် ၊ အကြောက် ၊ သိက္ခာ တရားတို့ဖြင့် ယဉ်ပါးကြီးပြင်းလာရပါသော ကျွန်တော်တို့ မြန်မာလူမျိုးများသည် မိမိထက် ဂုဏ်အားဖြင့် ၊ အသက်အားဖြင့် ၊ သိက္ခာအားဖြင့် ၊ ၀ါအားဖြင့် ၊ ပညာအားဖြင့် ၊ ကြီးမြတ်သူများ ကိုလည်း ရိုသေလေးစားစွာ ဆက်ဆံ ပြုမူတက်ကြခြင်းမှာ သင်ကြားရန် မလိုသော နဂိုအသိ ပင်ကိုယ် အတွေး ချစ်စရာ အမူအကျင့်လေးများ ပင် မဟုတ်ပါတကား ၊၊ မြန်မာပြည်တွင် နေထိုင်ရှင်သန်ကြီးပြင်း ခဲ့သူတို့ အတွက် သင်ကြား လမ်းပြ သွန်သင် ဆုံးမ ရန်မလိုပဲ အလိုလို တက်မြောက်ပြီးဖြစ်သော ကောင်းမွန် လိမ္မာသော ဓလေ့ များပင် ဖြစ်ပါသည် ၊၊


ဒီလိုဝန်းကျင်အသိုင်းအ၀ိုင်းတွင် ရှင်သန်ကြီးပြင်းလာသူတို့ အတွက် အခါကြီး ရက်ကြီး ၊ နေ့ထူးနေ့မြတ်များ ၊ မွေးနေ့ စသည်ဖြင့် အထိမ်းအမှတ် နေ့များ ၊ သာမက ခရီးတို ခရီးရှည် ထွက် ခွာနီးတိုင်း မိမိထက် အကြီး အကဲ များ ၊ မိဘဘိုးဘွားများ ၊ ဦးကြီးဦးလေး ၊ အဒေါ်အစ်မများ အား ကန်တော့ နှူုတ်ဆက်တက်သည်မှာလည်း မွေးရာ ပါအမူအကျင့် တစ်ခုအဖြစ် အရိုးစွဲ နေဆဲပေါ့ ၊၊ အပြစ်ရှိရင် ကျေသတဲ့ ၊ သွားလမ်းလာလမ်း ဖြောင့်တန်း သတဲ့ ၊ တစ်ဦးစေတနာ တစ်ဦးမေတ္တာ ကို အပြန်အလှန် အသိအမှတ်ပြု သော ချစ်စရာ ဓလေ့ အဖြစ် မှတ်သား လက်ခံ နာယူ ကျင့်သုံးမိပါတယ် ၊၊ အရိုးစွဲနေတဲ့ အမူအကျင့်လေး တစ်ခု ပေပေါ့ ၊၊


အဲဒီလို ကန်တော့ လေတိုင်း လူကြီးမိဘ ၊ အကန်တော့ခံ ပုဂ္ဂိုလ်များမှ ပြန်လည်ရ်ျ ဆုမွန်ချွေပေးတက်ကြမြဲ ၊၊ မိမိတို့ ၏ တူ သား တပည့်လေးများ ဘေးမသီရန်မခ စေဖို့ မိမိ ရင်တွင်းမှ မေတ္တာ စေတနာကို နှူတ်မှ ဖွင့်ဟ ရေရွတ် ဆုချွေပေးတက်ကြမြဲ ၊၊ အဲဒီလို ဆုချွေစကားလေးများနဲ့ အတူ ဆုတောင်းဆုံးမစကားလေးလည်း အမြဲလိုလို ကပ်ရ်ျပါမြဲ ၊၊ အမြဲလိုလို ကြားနေကျ ဆုပေးစကားလေးကတော့ " ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေ ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်တန်းကြပါစေ ၊ ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ " ရယ်လို့ ဆုပေးစကား ဆိုတက် ကြမြဲ ၊၊ အဲဒီနောက်မှာတော့ ထပ်မံမှာကြား တက်တဲ့ ဆုံးမစကားလေးကတော့ " ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်စေကြနဲ့ကွာ " ဆိုတဲ့ မှာကြားချက်လေး ကန်တော့တဲ့ အမှုကို အဆုံးသတ်ကြစမြဲ ၊၊


အခုများတော့ ခေတ်တွေလည်း ၊ ပြောင်းသလို ၊ စနစ်တွေလည်းပြောင်းလို့ အခြေအနေတွေလည်း ပြောင်းလာ လိုက်တာ ကန်တော့တဲ့အခါ ဆုပေးတဲ့ ပုံစံလေးတွေလည်း ပြောင်းလာပါတော့တယ် ၊၊ ခေတ်မှီတိုးတက် လာကြ လေသလား ၊၊ ဒါမှမဟုတ် ခေတ်ရေစီးကြောင်းကို မလွန်ဆန်နိုင်ကြလေသလား ၊၊ ရှေ့ပိုင်းက ဆုးပေး စကားလေး ဖြစ်တဲ့ " ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေ ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်တန်းကြပါစေ ၊ ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ " ဆိုတဲ့ ဆုပေးစကားလေး ကတော့ မပြောင်း လဲပေမယ့် နောက်ပိုင်းက မှာကြားချက်လေးဖြစ်တဲ့ " ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်စေကြနဲ့ကွာ " ဆိုတဲ့ စကားလေးကတော့ မသိမသာ ပြုတ်ကျန်ခဲ့လေတာ သတိထားမိလာပါတယ် ၊၊ ဆုပေးတဲ့သူတွေ က ဒီစကားလေးကို မေ့သွားကြလေသလား ၊၊ လွမ်းတော့ အလွမ်းသား ၊၊


သူတို့မမေ့ပါဘူး ၊၊ အဲဒီစကားလေးနေရာမှာ အစားထိုးဝင်ရောက်လာခဲ့တာက တော့ " ဘယ်လိုလဲ ၊ လုပ်ငန်းကိုင် ငန်း အဆင်ပြေကြရဲ့လား ၊ ညောင်သီးလည်းစား လေးသံလည်းနားထောင်ကြပေါ့ကွာ " ဆိုတဲ့ စကားလေးပါပဲ ၊၊ ဘယ်လိုပဲ ပုံစံပြောင်းသွားပေမယ့် ခလုတ်မထိ ဆူးမငြိ စေချင်တဲ့ စေတနာကတော့ အထင်း သား တွေ မြင်နိုင်ပါတယ် ၊၊ ဒီထက်ပိုပြီး စကားဆိုတက်သူတွေ ဆိုရင်တော့ " အရမ်းကြီးလည်း လမ်းရိုး ကြီး လိုက်မနေနဲ့နော် ၊ ဟိုဖက် အိမ်က မောင် ဘယ်သူဆို ခဏလေးပဲ အဆင်ပြေနေပြီ ၊ မီးစင်ကြည့်ကပေါ့ကွာ ၊၊ ရိုးရိုးကြီးလုပ်မနေနဲ့ " လို့ နောက်ဆက်တွဲ မှာကြားတက်ကြပါတယ် ၊၊ ကိုယ့်တူ ကိုယ့်သား ကိုယ့်တပည့် သား ကို ကြီးပွားတိုးတက်စေလိုသော စေတနာသပ်သပ်ရယ်ပါ ၊၊


အင်း ....... ဟိုးတုန်းက ဆုံးမစကားလေးကိုတော့ လွမ်းမိသေးတာ အမှန်ပါ ၊၊ လူတိုင်းကိုလည်း သတိယစေချင် ပါတယ်လေ ၊၊ သို့သော် ခေတ်ကာလ ရဲ့ တောင်းဆိုမှုဆိုတော့လည်း အတင်းအကျပ်တော့ ပြောသာဘူးပေါ့ ၊၊
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ " ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေကြနဲ့ ကွာ " ဆိုတဲ့ စကားလေး ဘယ်ချောင်မှာများ ကပ်နေမလဲနော် ၊၊


မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

.

.
မှတ်ချက် ၊၊ လူတိုင်း အတွက် မဆိုလိုပါဘူးဗျာ ၊၊ နောက်တစ်ခု က ဒီလိုပြောလို့လည်း စိတ်မဆိုးလိုပါဘူး ၊၊ အူမ မတောင့်ရင် သီလမစောင့်နိုင်တာကိုတော့ ကိုယ်တိုင် ခံစားဖူးသူမို့ ကိုယ်ချင်းစာပါတယ် ၊၊ မြန်မာပြည်မှာ လုပ်နေ ကြတဲ့ သူငယ်ချင်းတွေကို သတိယမိလို့ ဒီပိုစ့်လေးကို တင်မိပါတယ် ၊၊ လွန်တာရှိရင် ၀န္ဒာမိပါလို့ ၊၊

Tuesday, 7 July 2009

ပြန်မတွေးချင်ဘူး

အဲဒီညတုန်းက အမေရယ် ၊ ကျွန်တော်ရယ် နှစ်ယောက်တည်း စကားတွေ ပြောဖြစ်ခဲ့ကြတယ် ၊၊ အမေဘုရား ရှိခိုး ပြီးချိန် ထိထိုင်စောင့်နေရင်း ရှေ့ဆက်ရမယ့် ဘ၀ကို မရေရာမှုတွေနဲ့ အတူ မှုန်ဝါးဝါး စဉ်းစားရင်းပေါ့ ၊၊ ကျွန်တော်လေ တကယ်ကို စိတ်နုတယ် ၊၊ ဒီအိမ်ကြီးကနေ ထွက်ခွာရတော့မယ်လို့ စဉ်းစားမိချိန်တိုင်း မျက်ရည်တွေ က အမြဲတမ်း တွေတွေ စီးကျလာမြဲ ၊၊ ဒီလိုထွက်ခွာခဲ့တာလည်း ဒါဟာ ပထမအကြိမ်မဟုတ်တာ ဘာသာအသိဆုံး ၊၊ ဟိုးလွန်ခဲ့တဲ့ ၄ ၊ ၅ နှစ်ကျော် ၁၅ နှစ်သားအရွယ်ကတည်းက ခွဲခွာခဲ့ရတဲ့ မိသားစု အေးရိပ် ကို တမ်းတနေဆဲ ၊၊ ခုချိန်မှာ မလွမ်းသင့်တောပါဘူးလေ ၊၊ ဒါပေမယ့် မေ၇ရာတဲ့ မနက်ဖြန်တွေကို တွေးမိတိုင်း ခါခါ သက်ပြင်းချမိဆဲ ၊၊ ကိုယ်ဘ၀ရှေ့ရေးကလည်း ဘာရယ်လို့ မသေချာသေး ၊၊ အမေ့ရှေ့မှာလည်း မျက်၇ည် မကျချင်တော့ ၊၊

" သားလုပ်ချင်တာကို အမေမတားပါဘူးသားရယ် ၊၊ ဒါပေမယ့် အမေ့သဘောကတော့ သားကို ဒီဘွဲ့လေးတော့ ရအောင် ယူစေချင်တယ် ၊ အမေ့သားသမီးတွေ အားလုံးထဲမှာ မင်းတစ်ယောက်တည်း ဘွဲ့မရဘူး ဆိုရင် အမေ စိတ်ကောင်းမှာ မဟုတ်ဘူးသား " တလုံးချင်း ထွက်လာတဲ့ အမေ့အသံက ငိုချင်ရဲ့ လက်တို့ဖြစ်နေတဲ့ ကျွန်တော့်ကို ဘာမှန်းမသိဘဲ ၀မ်းပန်းတနည်း ငိုကြွေးစေခဲ့တယ် ၊၊ အမေလည်း ငိုလို့ပေါ့ ၊၊ သားတစ်ယောက် အနေနဲ့ အမေ့စေတနာကို သဘောပေါက်ပါတယ် ၊၊ အမေက ကျွန်တော့်ဘ၀ပျက်သွားမှာကို မလိုလားဘူး ၊၊ ကျွန်တော်သိပါတယ်လေ၊၊ ကျွန်တော် လျှောက်လှမ်းနေတဲ့ လမ်းကြောင်းက ကျွန်တော်တို့ နဲ့ ဘယ်တုန်းကမှ မပတ်သပ်ဘူးတဲ့ လမ်းကြောင်းတစ်ခု ၊၊ လူတစ်သန်းမှာ တစ်ယောက်တောင် ဖြစ်မြောက်ဖို့ မလွယ်ကူတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခု ၊၊

မရေရာတဲ့ ခရီးထက် ၊ ကိုယ့်သားသမီးကို ရေရာသေချာတဲ့ လမ်းကိုလျှောက်လှမ်းစေချင်တာ မိဘတိုင်းရဲ့ စေတနာပါ ၊၊ နားလည်ပါတယ်လေ ၊၊ ကျွန်တော့်ခေါင်းကို ပွတ်ရင်း အမေလည်း မျက်ရည် တွေ သွင်သွင်စီးလို့ပေါ့ ၊၊ " မင်းပစည်းတွေ ရော အားလုံးထည့်ပြီးလား ၊ မင်းအစ်ကို ကို သွားပြောလိုက်အုံး ၊ နှုတ်ဆက်လိုက်အုံး " ဆိုပြီး စက်ဖက်မှာနေတဲ့ အစ်ကို့ဆီကို သွားရအုံးမယ်ဆိုတာ သတိပေးတယ် ၊၊ အော် ဒီလို အချိန်တွေ ကို မဆုံချင်ပါဘူးလေ၊၊ ကိုယ်သွားချင်တဲ့ နေရာတစ်ခုဟာ အနတရယ်တွေ များနေသတဲ့ ၊၊ ကိုယ်တွေ နဲ့လည်း အလှမ်းကွာလွန်းသတဲ့လေ၊၊ သီချင်းတောင်မှ ခပ်ကျယ်ကျယ် ဖွင့်နားမထောင်တက်တဲ့ မိသားစုအတွက် ဒီအသက်မွှေးဝမ်းကြောင်းက အံအားသင့်စရာပ ၊၊

" မင်းလည်းသိတာပဲလေ ၊၊ မင်းလည်းအရွယ်ရောက်ပြီ ၊၊ ငါ့အနေနဲ့တော့ ဘာမှ မပြောလိုဘူး ၊၊ မင်းဘာလိုလဲ ၊၊ မင်းငွေလိုရင် ငါတက်နိုင်သလောက် ထောက်ပံ့မယ် ၊၊ မင်းအဖေနဲ့ အမေအတွက် ဘာမှ မပူနဲ့ ၊၊ ငါနဲ့ မိငယ်လေး တို့မောင်နှမ နှစ်ယောက် ရှိတယ် ၊၊ မင်းလုပ်ချင်ရာလုပ် ၊၊ ဒါပေမယ့် လုပ်မယ်ဆိုရင်တော့ အောင်မြင် အောင် လုပ် ၊ ဒီလောက ထုံးစံလည်း မင်းသိတာပဲ " ဆိုတဲ့ အကိုလုပ်သူစကားကြားတော့လည်း သူတို့ရဲ့ ပူပန်စိုးရိမ်မှု ကို နားလည်မိပါတယ်လေ ၊၊ ဘာမှန်းမရေရာတဲ့ လမ်းကြောင်းကို စွတ်တိုးချင်တဲ့ ညီအတွက် ပူပန်ရုံမှတစ်ပါး သူလည်း ဘာတက်နိုင်ပါ့မတုံး ၊၊ " အေး အထက်မရောက် ၊ အောက်မရောက်ဆိုရင်တော့ မင်း ဘ၀ပျက်လိမ့် မယ် ၊ ဒါလေးတစ်ခုတော့ သတိထားကွာ ၊ သွားတော့ ရထား ကို ငါလိုက်ပို့မယ် " ဆိုတဲ့ အစ်ကိုစကားကို လက်ခံလို့ အိမ်ပြန်ခဲ့ပေမယ့် စိတ်တွေ ဘယ်ဆီရောက်နေမှန်းမသိပါဘူးလေ ၊၊

" ပင်လယ်ဆို တာ ဖြစ်လာဖို. အတွက် အနားသတ်ပေး ရတဲ့ ကမ်းနားဆိုတာ ရှိရတယ် ၊၊ အောင်မြင်တဲ. သူ တစ်ယောက် ဖြစ်လာဖို.အတွက် မအောင်မြင်တဲ. သူတွေဆိုတာ အနားမှာ ၀န်းရံ ဇာတ်ပို.ပေးရတယ် ၊ အနု ပညာ အလုပ်ဆို တာ ဟာ ပိုပြီးခက်ခဲ နက်နဲတယ် ၊ ကြောက်စရာလည်း ကောင်းတယ် ၊ နင်အောင်မြင်ရင် ထိပ်ကိုရောက်မယ် ၊ မအောင်မြင်ရင် အနားမှာ ၀န်းရံနေရတဲ့ ဘ၀ ခံနိုင်ရမယ် " ဆိုတဲ့ အစ်မလတ်လုပ်သူ ရဲ့ နောက်ဆုံး ဆုံးမစကားကတော့ ဘ၀တသက်တာ အတွက် ဘယ်တော့မှ မေ့မှာ မဟုတ်တော့တဲ့ အဖိုးတန် လက်ဆောင်ပါပဲ ၊၊ တားမရတဲ့ မောင်ငယ်ကို စိုးရိမ်တကြီး တက်သလောက်မှတ်သလောက် ဆုံးမရှာတာ ပေမယ့် သူ့စကားဟာ တကယ်ကို ကျွန်တော့်အတွက်တော့ ထာဝရလက်ဆောင်ပါ ၊၊ တကယ်လို့ ဒီမရေရာတဲ့ လမ်းကို လမ်းလျှောက်ဖြစ်ခဲ့မယ်ဆိုရင်တောင် ဒီစကားလေးဟာ ထာဝရ မှတ်သားရမယ့် စကားပဲ ၊၊ အခုလည်း သူ့စကားဟာ ကျွန်တော့်အတွက် အသုံးဝင်နေဆဲပါ ၊၊

ရန်ကုန်မြို့က လူတွေ ကလွဲရင် အားလုံး နယ်ကျောင်းမှာ ပြောင်းတက်ရတော့မယ်တဲ့ ၊၊ နယ်မှာဆိုရင် ကျွန်တော့် အလုပ်တွေကို ဘယ်လို ဆက်လုပ်ရပါ့မလဲ ၊၊ တကယ်ကို ဘ၀ရဲ့ လမ်းဆုံ ၊ လမ်းခွပါပဲ ၊၊ ကျွန်တော် ဘယ်လမ်းကို ရွေးချယ် ပြီး လျှောက်လှမ်းရမလဲ ၊၊ အားလုံးက အားမပေးတဲ့ မရေရာတဲ့ လမ်းကို ဆက်လျှောက် ရမလား ၊၊ အနှစ်နှစ်အလလ ကကြိုးစား အရင်းတည်ခဲ့ရတဲ့ ပညာရေးကို ကျွန်တော် စွန့်လွှတ်လိုက်ရမလား ၊၊ အိပမက်ဆိုးတွေ ရှည်လွန်းပါတယ်လေ ၊၊ အဲဒီအချိန်မှာ ဘယ်သူတစ်ဦးတစ်ယောက်ဆီကမှ ဘယ်လိုအကြံ မျိုးကိုမှ မရခဲ့ဘူး ၊၊ ငါ့ဘ၀ကို ဘယ်လိုဆက်လျှောက်ရမလဲရယ်လို့ တွေးရင်း တစ်ယောက်တည်း ချာချာတွေ လည်ခဲ့ရတယ် ၊၊ အရိုးသားဆုံး ၀န်ခံရရင် အဲဒီအချိန်မှာ လက်ခုပ်သံလေး ဖျောက်တိဖျောက်ကြားကို ရင်ခုန်စွာ စွဲလန်းမိနေပြီ ၊၊ ဒီအထဲက ဘယ်လိုရုန်းထွက်ရပါ့မလဲ ၊၊ အိပ်ပျက်တဲ့ ညတွေကို တမ်းတနေမိပြီ ၊၊ မီးရောင် အောက်မှာ ပြုံးရတဲ့ အသက်မပါတဲ့ လေ့ကျင့်ထားတဲ့ အပြုံးတွေကို ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်နေ ပြီလား ၊၊ ခုံမင်နေမိပြီလား ၊၊

မီးရောင် ၊ မှန်ရောင်အောက်က ဖြိုးဖြိုးဖျောက်ဖျောက် လက်ခုပ်သံလေးကို နားဆင်ဖို့ ၊ အဲဒီခဏတာလေးကို ခံစားဖို့ ပေးဆပ်ရတဲ့ လူတွေမသိတဲ့ ကန်လန်ကာနောက်ကွယ်က ငရဲခန်းတွေကို ကိုယ်ကိုတိုင်သာ အသိဆုံး ၊၊ ဒီလို ခရီးကို ဆက်လျှောက်ဖို့ ၊ ကိုယ်ခံစွမ်းအားတွေ ရှိ့ပါ့မလား ၊၊ အားပေးကူညီသူမရှိတဲ့ ၊ တစ်ယောက်တည်း သမားအတွက် ဘယ်လောက်ကြာကြာ ရပ်တည်နိုင်ပါ့မလဲ ၊၊ ဆန်ပေးမှ ဆီရတဲ့ ဒီလောက ငရဲက ၊ ရင်ရှုပ်စရာ ဇာတ်လမ်းတွေ မှာ ကိုယ်တိုင်ပါဝင် အသုံးတော်ခံဖို့ ဇာတ်စာထောက်သူ မရှိတာမို့ ၊ လက်မြှောက်ကာ အရှုံးပေး အမေပြောတဲ့ အေးဆေးတဲ့ ဘ၀ထဲကိုပဲ ပြန်ဝင် ရလေမလား ၊၊ ပူပန်မှုတွေ အကြားမှာ ရုန်းရင်းကန်ရင်း ပြေးရင်း လွှားရင်း ၊ လိုချင်တာတစ်ခုအတွက် ပေးဆပ်ရမယ့် အရာတွေ ကဘ၀ဆိုတာဖြစ်လာတဲ့ အခါမှာတော့ ......

ဒီလိုနဲ့ လူတွေပြောကြ ဆို ကြတဲ့ မရေရာ ပါဘူး ဆိုတဲ့ ဘ၀လေး တစ်ပိုင်း တခန်းရပ်ခဲ့ပေါ့ ................
လက်တွေ့ဘ၀က လှန့်နိုး လိုက်လို့ ကိုယ်တိုင်မက်ခွင့်မရှိတော့တဲ့ အိပ်မက်လေးပေမယ့် ၊ အဲဒီအိပ်မက် လေးက တစ်ခန်းရပ်သွားတာတော့မဟုတ်ခဲ့ပါဘူး ၊၊ အဆင်ပြေလို့ အခွင့်သာအုံးမယ်ဆိုရင်ဖြင့် အဲဒီ အိပ်မက်တွေကို ကိုယ်တိုင် မက်ခွင့် မရပေမယ့် ၊ အိပ်မက်ရှင်လေးတွေ အတွက် အိပ်မက်လေးတွေ ဖန်တီးပေးဖို့ ကြိုးစားသွား ဖြစ်ဦးမှာပါ ၊၊ တစ်နေ့နေ့ပေါ့ ဗျာ ၊၊
မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ
.
.
.
ကိုကြီးမိုးကုတ်သား ရေ အိပ်မက်လေးကို ပြန် အမှတ်ယခွင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဗျာ ၊၊

လုပ်ငန်းခွင်



Monday, 6 July 2009

မောင့်ချစ်သူ

မကြင်နာလို. စိမ်းတာ
တမင်ခွာလို. တိမ်းတာ
မမြင်တာ ကြာလို. မုန်းလိုက်တာလား
မောင်.ချစ်သူ ၊၊

.......................................................

Wednesday, 1 July 2009

သံယောဇဉ် မပြတ်ဘူး

ငယ်ကအချစ်မို့ သံယောဇဉ် မပြတ်လေသလားကွယ်

အမှန်တိုင်းပြောရရင် ၊ မေ့ပစ်လိုက်ဖို့ပါပဲ ၊၊ ဒါပေမယ့် ကိုယ်ကို တိုင်က သံယောဇဉ် မပြတ် သေးဘူး ၊၊ မင်းလေးသိပါတယ်လေ ၊၊ မင်းလေး နဲ့ ကိုယ်နဲ့ ပတ်သပ်နေထိုင်ခဲ့တဲ့ ကာလကလည်း ပြောရမယ် ဆိုရင်တော့ မနည်း တော့ ဘူးလေ ၊၊ အတူစား အတူသွား အတူနေ အတူထိုင် နောက်ဆုံး အိပ်ရင်တောင် မှ တခါမှ မခွဲခဲ့ဖူးဘူး ၊၊ ဒါကြောင့်လည်း ပြတ်ပြတ်သားသား မေ့မပစ်နိုင်ဘဲ သံယောဇဉ် အမျှင်တန်း နေမိတာ ပေါ့ ၊၊ အပြစ်တော့ မဖွဲ့ကြပါနဲ့လေ ၊၊ ဒီလောက် ချစ်ခဲ့ပါလျက် ၊ အတူနေထိုင်ခဲ့ပါလျက် စွန့်ပစ်ရက်တဲ့ ကိုယ့် ကို လူယုတ်မာ ရယ် လို့လည်း ခပ်လွယ်လွယ် တံဆိပ် မကပ်လိုက်ကြ ပါနဲ့နော် ၊၊ ကြိုတင် တောင်းပန် ပါရစေ ၊၊ တခါတလေ ချစ်ပင်ချစ်ညား သော်လည်း ၊ မပေါင်းဖက်သင့် တော့ တဲ့ အခါ ရင် နာနာ နဲ့ လမ်းခွဲ ရတာပါ ပဲ လေ ၊၊ ကိုယ်မုန်းလို့ တော့ မဟုတ်ပါဘူး ၊၊

ပြသာနာဆိုတာ တစ်ဖက်တည်း ဖြစ်တက်တာမှ မဟုတ်တာနော် ၊၊ နှစ်ဖက်ရှာမှ ပြသနာလေ၊၊


နောက်ဆုံး ခွဲခွာ သွား တဲ့ အချိန်မှာတောင် ဖျတ်ကနဲ လေး ဖြစ်ဖြစ် ကြည့်မိသေးသား ၊၊ ဒါပေမယ့် လည်း ရင်နာနာနဲ့ ပဲ ဒီနေ့နေလည်တော့ ကျောခိုင်းခဲ့ပါတယ် ၊၊ ပြန်လည်း မကြည့်လိုတော့ ပါဘူး ၊၊ သူလည်းသူ့ဘ၀နဲ့သူ ကိုယ်လည်း ကိုယ့်ဘ၀နဲ့ကိုယ်ပေါ့လေ ၊၊ တကယ်ကို နာနာကျင်ကျင် ကျောခိုင်းခဲ့ရတာပါ ၊၊ ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာနိုင် ပါလိမ့် မပေါ့ နော ၊၊ ဒီလိုနေ့မျိုးကို မကြုံလိုတော့ပါဘူး ၊၊ ကိုယ်လည်းဒီလို မဖြစ်အောင် အမျိုးမျိုး ကြိုးစား ထိန်းသိမ်းခဲ့ပါတယ် ၊၊ သူညိုငြင်မှာ စိုးလို့ ညစဉ် ညတိုင်း ထွေးပွေ့ ပြုစု ယုယ ပြီးမှ အိပ်တက်တာ သူသာ အသိဆုံးပါ ၊၊ တခါတလေ ပင်ပန်းလွန်းလို့ ၊ နွမ်းနယ် လွန်းလို့ မေ့လျော့ပြီး အိပ်ပျော်သွားမိတက်တဲ့ ညတွေ ဆို အိပ်မက်ဆိုးတွေ တောင်မက်မိရဲ့ ၊၊


ဘယ်လောက်ပဲ ချစ်ခင်ယုယ ခဲ့ပေမယ့် အခုတော့လည်း မတူညီတော့တဲ့ ဘ၀တွေမို့ ဝေးကြပြီပေါ့ ၊၊ သူက ကိုယ့်ကို ဒုကတွေ ပေးလာခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး ၊၊ ဒါပေမယ့် သူ့ကို ကိုယ် မစွန့်ပစ်နိုင်ရက်လို့ သည်းညည်းခံခဲ့ပါတယ် ၊၊ ဒါကိုလည်းသူသိပါ တယ်လေ ၊၊သူမရှိရင် ကိုယ့်ဘ၀မှာ နေလို့မှ အဆင်ပြေပါ့မလားရယ်လို့ ကိုယ်တွေးပြီး ချွေးပြန်ခဲ့ဘူးတယ် ၊၊ သူမရှိတဲ့နေ့မှာ ကိုယ်ဘယ်လိုများ နေရပါ့မလဲရယ်လို့ တွေးတွေးပြီး အိပ်မပျော်ခဲ့တဲ့ညတွေ မရေမတွက်နိုင်ပေါ့ ၊၊


ဒီနေ့တော့ ကိုယ်သူ့ကိုယ် တကယ်ကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီ ၊၊ အမှန်တော့ ကိုယ် တက် နိုင် သမျှလေးသူ့ကို ထိန်းသိမ်းထား ချင်ပါသေးတယ် ၊၊ ဒီနေ့လည်း တခါတည်း စွန့်ပစ် ဖို့ အစီအစဉ် မရှိခဲ့ပါဘူး ၊၊ သူ့အကြောင်းကို နားလည်တဲ့အစ်မတစ်ယောက်ကို ကြိုတင် ချိန်းပြီးသွားတွေ့ခဲ့တာပါ ၊၊ အမှန်ကတော့ မေးမြန်းတိုင်ပင်ပြီး ဘယ်လို ပြုပြင် ရင် ရနိုင်မလဲ ၊၊ ဘယ်လို ဆက်ပြီးထိန်းသိမ်းသွားမလဲ ၊၊ ဒါလေးကို သွားပြီး တိုင်ပင်ခဲ့တာပါ ၊၊ စိတ်မကောင်းဘူးဗျာ ၊၊ မင်းမေ့လိုက်ပါတော့တဲ့လေ ၊၊


သူမရှိလို့လည်း မင်းဘ၀မှာ ဘာမှ မဖြစ်ဘူးတဲ့ ၊၊ အစ်မနှစ်ယောက်တွေ့ခဲ့တာပါ ၊၊ ပထမ အစ်မငယ်ကို သေချာ ပြောပြပြီး မေးတော့ သူလည်း ဘယ်လိုဆက်လုပ်သွားမလဲ မေးမြန်း ပြီး စဉ်းစားကြပါသေးတယ် ၊၊ အစ်မကြီးကတော့ ခပ်ပြတ်ပြတ်ပဲ ၊၊ လုံးဝအဆက်ဖြတ်လိုက် ပါတော့တဲ့ ၊၊ ကျွန်တော် ဘယ်လောက်များ နာကျင်လိုက် မလဲနော် ၊၊နှစ်ပေါင်းများစွာ အတူ ရှိခဲ့တဲ့ နေ့ရက်တွေ အတွက်ဘယ်လိုများ မေ့နိုင်ပါ့မလဲနော် ၊၊ သူကိုယ့် အပေါ် မကောင်း တော့ ဘူး ၊၊ ဒုကတွေ ပေးနေပြီ ၊၊ မကောင်းကြံနေပြီ ၊၊ နောက်ဆုံး ကိုယ့်ဘက် က ဘယ်လောက်ပင် ဂရုတစိုက် ပြု စု ယုယ ၊ ခဲ့ပေမယ့် သူ့ဘက်ကတော့ ကိုယ့်ကို အစားတလုတ်တောင် ကောင်းကောင်း အရသာခံ မစားရလောက်အောင် ကို နှောက်ယှက်နေခဲ့ပြီ လေ ၊၊


ရင်နာနာနဲ့ အစ်မကြီးလုပ်သူရဲ့ လမ်းညွှန်ချက်ကိုပဲ လက်ခံခေါင်းညိတ်ရတော့မယ် ၊၊ ကိုယ့်မှာ ရွေးစရာလမ်း မရှိတော့ဘူး ၊၊ ကိုယ့်ကို အခုချိန်မှာ အပစ်မတင်ပါနဲ့တော့နော် ၊၊ တစ်သက် လုံးတူတူနေလာခဲ့ပြီး ၊ အသုံးမ၀င်တော့မှ ခပ်လွယ်လွယ် စွန့်ပစ်သွားသူရယ် လို့ အပြစ်မတင် ပါနဲ့နော် ၊၊ ကိုယ်အဲဒီလို လူစားမျိုးမဟုတ်ပါဘူး ၊၊ လိုရင်သုံးလို့ ၊ မလိုတဲ့ အခါ စွန့်ပစ်သွားတက်သူထဲမှာ ကိုယ်မပါပါဘူး ၊၊ ကိုယ် ဘယ်လိုအင်အားမျိုးနဲ့ မင်းကို စွန့်ပစ် နိုင်မှာလဲ ၊၊ တကယ်လို့ အစ်မကြီးတို့သာ မကူညီဘူး ၊ မဆောင် ရွက်ပေးဘူး ဆိုရင် ကိုယ် မင်းကို ဒီလို စွန့်ပစ်သွားနိုင်မှာ မဟုတ်ပါဘူး ၊၊ ကိုယ့်ကို ခွင့်လွှတ်ပါလို့ နောက်ဆုံး တောင်းပန် ရင်း ပဲ အစ်မကြီးတို့ စီမံရာကို အသာလေး အသံတိတ် လက်ခံလိုက် ရ ပါ တော့တယ် ၊၊


ကိုယ်လေ မင်းမရှိရင် အစာတောင် ၀င်ပါ့မလား ၊၊ အခုချိန်မှာ အတွေးလေးနဲ့ ရေ လေးသောက်ဖို့တောင် ကိုယ် မ၀ံ့တော့ ပါဘူး ၊၊ ကိုယ့်ကို လိုအပ်တဲ့ အချိန်မှာသာ အသုံးချတက်ပြီး မလိုအပ်တော့ ဘူးထင်ရင် ခပ်လွယ် လွယ် စွန့်ပစ်တက်သူရယ်လို့ တော့ တံဆိပ်မကပ် လိုက်ပါနဲ့နော် ၊၊ ကိုယ်ဟာ အဲဒီလို လူစားမျိုး မဟုတ်ပါဘူး ၊၊ မှန်ပါတယ် ၊၊ အရင်တုန်းက ၊ အတိတ် တချိန်တုန်းက မင်းလေးဟာ ကိုယ့် အပေါ် အင်မတန်ကောင်းခဲ့တယ် ၊၊ ကိုယ်လက်ခံပါတယ် ၊၊ ကျေးဇူးလည်း တင်ပါတယ် ၊၊ ဘာဖြစ်ဖြစ် မင်းကိုယ့်ကို ကာကွယ်ပေးခဲ့တယ် ၊၊ ဒါပေမယ့် အခုတော့ မင်းရှိနေတာ ကိုယ့်အတွက် အန္တရယ် ဖြစ်နေပြီ ၊၊ မင်းကိုယ့်ကို အနီးကပ် တိုက်ခိုက်နေပြီ ၊၊ ဒါ့ကြောင့် ရင်နာနာ နဲ့ ပဲ အစ်မကြီးတို့ အကူအညီနဲ့ မင်းကို လုံးဝ စွန့်ပစ် လိုက်ပါပြီ ၊၊ မင်း အစ်မတို့ကိုလည်း စိတ်မနာပါနဲ့နော် ၊၊ သူတို့က ကိုယ့်အတွက် ကြားထဲက လူစွမ်းကောင်းလုပ်ပြီး မင်းကို ကိုယ့်ဆီကနေ ဆွဲထုတ်ပေးလိုက်ကြတာပါ ၊၊ ဒါပေမယ့် ခုချိန်ထိတော့ လေ မင်းလေး ကို သံယောဇဉ် မပြတ်သေးဘူးကွာ ၊၊ အချိန်ဆိုတဲ့ သမား တော်သာလျှင် မင်းလေးကို မေ့ဖို့ ကူညီနိုင်မလား ၊၊ ဘာပဲပြောပြော သံယောဇဉ် တော့ မပြတ်သေးဘူးကွာ ၊၊



ဒီနေ့ ညာဖက် အပေါ် အံသွားတစ်ချောင်း နှုတ်လိုက် ရ တယ် လေ ၊၊ ချိုင်းနားတောင်းက ဒေါက်တာ မမ တွေ အကူအညီနဲ့ပေါ့ဗျာ ၊၊ မမတို့ကလည်း တို့များ မြန်မာနိုင်ငံ ကပါပဲ ၊၊ တကယ်လို့ များ လိုအပ်ရင် သွားဖို့ လမ်းညွှန်တာပါ ၊၊ ကျွန်တော်လည်း ဒီနိုင်ငံမှာ သွားနှူတ်ဖို့ ဈေးကြီးလွန်းလို့ မြန်မာ ပြည် ပြန်မှ ပဲ လုပ်မလို့ပါ ၊၊ ဘယ်လိုမှ မနေနိုင်တာနဲ့ လုပ်လိုက် ရတယ် ၊၊ ဈေးနှုန်းလည်း ချိုသာပါတယ် ၊၊ နောက် မြန်မာ အချင်းချင်းဆိုတော့ ပြောရ ဆိုရတာ အင်မ တန်မှ အဆင်ပြေပါတယ် ၊၊ ဘာပဲ ဖြစ်ဖြစ် မြန်မာလို ပြောလိုက်ရမှ အားရှိတဲ့ ကျွန်တော်တို့ မြန်မာသူငယ်ချင်းတွေ အတွက် လမ်းညွှန်ပေးတာပါ ၊၊ ကြော်ငြာတာ မဟုတ်ပါဘူးနော် ၊၊ ကျွန်တော်ဆို နောက်ထပ် သွားတွေ တောင် သွားဖာ ရအုံးမှာ ၊၊ အခုတော့ ပိုက်ပိုက် မရှိသေးလို့ စုလိုက်အုံးမယ် ၊၊ ဒီတချောင်း နှုတ်တာ နဲ့ ဒီလ အတွက် ကျန်းမာရေးစရိတ် ပြည့်သွားပြီ ၊၊ အပျော် ပါ ၊ နောက်တာပါ ၊ အတည်ပါ ၊ တကယ်ပါ ၊ ဟုတ်ပါတယ် ၊၊
www.idcsg.com ဆိုတာကတော့ အဲဒီဆေးခန်း Website လိပ်စာလေး ဖြစ်ပါတယ် ၊၊ ဒါလေးတော့ ထည့်ပေးလိုက်ပါတယ် ၊၊ တကယ်လိုအပ်လို့ အသေးစိပ်သိလိုရင် တော့ ကျွန်တော့် ဆီကို အီးမေး ပို့လိုက်ပါနော် ၊၊ ကျွန်တော် တက်နိုင်သမျှ ပြောပြ လမ်းညွှန်ပေးပါမယ့် ၊၊

အားလုံးကျန်းမာ ပျော်ရွှင် နိုင်ကြပါစေ ၊၊

မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ