အောင်မြင်ခြင်းတွေရဲ့ နောက်ကွယ် က ကြိုးစားခဲ့ရခြင်းတွေကို လူတွေ မသိတာဟာ သဘာဝ တရားပါပဲ ၊၊ တကယ်ကို အောင်မြင်လာတဲ့ တစ်နေ့ရောက်မှ ကိုယ်နောက်ကွယ်မှာ ကျိုးစားခဲ့ ရတာ ဒီလောက်ပင်ပန်းဆင်းရဲ့ခဲ့ပါလားရယ်လို့ နောက်ခရီးကို ပြန်ကြည့်ရင် ခပ်ဝါးဝါးမြင်ရတက်တာက ကြမ်းတမ်းတဲ့ ခရောင်းလမ်းပေါ့ ၊၊ အဲဒီတော့မှ လူတကာကစုတ်သပ် အင်း… သူ့ခဗျာ ပင်ပန်းခဲ့ရှာတာ ရယ်လို့ ၀ိုင်ဝန်းနှစ်သိမ့်လို့ပေါ့ ၊၊ သူကလည်း အပြုံးနု ယဲ့ယဲ့လေးနဲ့ နှစ်သိမ့်မှုတွေကို ခံယူရင်း….. စဉ်းစားဖြစ်တာက ငါတကယ်တော်ပါလား လို့………….
အင်း မအောင်မြင်ပဲ ကျဆုံးခဲ့ရတဲ့ လူတစ်ယောက်ရော ၊ အဲဒီလူ ဖြတ်သန်းခဲ့ရတဲ့ ဘ၀လမ်းကရော မကြမ်းတမ်းတော့ဘူးတဲ့လား ၊၊ အောင်မြင်မှုတွေနဲ့ လူကို ၀ိုင်းဝန်းနှစ်သိမ့်နေကြသလို ကြိုးစား ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့လူတွေကိုရော မနှစ်သိမ့်ပေးတော့ဘူးတဲ့လား ၊၊ သူတို့ေ၇ာ ခရောင်းလမ်းကို ဖြတ်သန်းခဲ့ရတာပါပဲ ၊၊ ခရောင်းလမ်းဆိုတာ အောင်မြင်သူတွေ အတွက်သာ လူတကာမြင်ပေမယ့် မအောင်မြင်တဲ့သူတွေအတွက်တော့ ခရောင်းလမ်းလေးတောင် ဟောင်းနွမ်း နေပါရောလား …..