Saturday 1 August 2009

4 Days Working for One Week


တစ်ပတ်မှာ ၄ ရက်ပဲ အလုပ်လုပ်ကြရတော့မယ်

ပြီးခဲ့တဲ့ ဂျုလိုင်လ တစ်ရက်နေ့ကစပြီး အမေရိကန်နိုင်ငံရဲ့ တချို့ဒေသတွေမှာ အလုပ်ချိန် ပြောင်းလဲ သတ်မှတ်မှုတွေ ပြုလုပ်ခဲ့ပါတယ် ၊၊ ဟိုးအရင်က တစ်ပတ်ကို ၅ ရက် တရားဝင် အလုပ်လုပ် ရာကနေ အခုတော့ တစ်ပတ်ကို ၄ ရက် ပဲ လုပ်ကြရတော့မှာပါ ၊၊ အဲဒါဆိုရင်တော့ အလုပ် ချိန်တွေ လျော့နည်းသွားတော့မှာပေါ့ လို့ ထင်ရပါတယ် ၊၊ ဒါပေမယ့် ဒီလိုတော့လည်း မဟုတ်သေးပါဘူး ၊၊ လုပ်ရမယ့် ရက် လျှော့လိုက်ပေမယ့် အလုပ်ချိန်ကတော့ လျော့သွားမှာ မဟုတ်ပါဘူး ၊၊ မူလ တစ်ပတ်ကို ၅ ရက် မှာ အလုပ်ချိန် တစ်နေ့အတွက် ၈ နာရီ လုပ်နေရာကနေ အခုတော့ တစ်ပတ်ကို ၄ ရက်မှာ အလုပ်ချိန် တစ်နေ့အတွက် ၁၀ နာရီ ဖြစ်တဲ့ အတွက် အလုပ် ချိန် စုစုပေါင်း နာရီ ၄၀ ကတော့ အတူတူပါပဲ ၊၊

အဲဒီလို အလုပ်ရက်လျော့ပေါ့ သတ်မှတ်လိုက်ခြင်းအတွက် ကောင်းခြင်း ဆိုးခြင်းဆိုတဲ့ အကြောင်း ရင်းတရားတွေတော့ ပေါ်ထွက်လာပါတယ် ၊၊ အခုလို ပြောင်းလဲသတ်မှတ် ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လောင်စာဆီ ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့ အတွက် ဖြစ်ပါတယ် ၊၊ အခုဆိုရင် အမေရိကန်နိုင်ငံမှ လောင်စာဆီ တစ်ဂါလံကို ၅ ဒေါ်လာ ရှိနေပြီ ဖြစ်ပါတယ် ၊၊ ဒါ့ကြောင့် အဲဒီလို အလုပ်ချိန် မပြောင်းလဲပဲ အလုပ်ရက်ကို လျှော့ချ လိုက်တဲ့အတွက် တစ်ရက်စာ လောင်စာဆီ ကုန်ကျစရိတ်ကို ချွေတာရာ ရောက်မှာ ဖြစ်ပါတယ် ၊၊ နဂိုမူလ တစ်ပတ်ကို ၅ ရက်သွားလာရမယ့်အစား အခုဆိုရင် ၄ ရက်ပဲ သွားရ တော့မှာဖြစ်ပါတယ် ၊၊ အလုပ်သွားဖို့ ပြင်ဆင်ရတဲ့ အချိန်တွေကိုလည်း ကာမိ လာမှာ ဖြစ်ပါတယ် ၊၊

နောက်တစ်ခုကတော့ မိဘတွေ အနေနဲ့ မိသားစုနဲ့အတူ အိမ်မှာ နေထိုင် ချိန်ပိုများ လာတဲ့ အတွက်လည်း သားသမီးတွေကို သွန်သင်ဆုံးမချိန် ပိုမိုရရှိလာမှာလည်း ဖြစ်ပါတယ် ၊၊ မိသားစု အတူနေထိုင်ချိန်တွေ ပိုများလာမှာဖြစ်ပါတယ် ၊၊ ဒါကြောင့် ရာဇ၀တ်မှု တွေ ကိုတောင် လျှော့ချ နိုင်မယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုပါတယ် ၊၊ နောက် အလုပ် လုပ်ကိုင် နေသူတွေ ကလည်း အခုလို အလုပ်ရက် လျှော့ပေါ့လိုက်တဲ့ အတွက် အလုပ်ချိန် ပိုလုပ်ရပေမယ့်လည်း ပင်ပန်းတယ် လို့ မထင်ပါကြောင်း ၊ နောက်ထပ်တစ်ရက် ပိုနားရမှာ ဖြစ်တဲ့အတွက် လုပ်အားပိုရှိပါကြောင်း ပြောပြပါတယ် ၊၊ ပိုပြီးတော့တောင်မှ အလုပ်တွေ တွင်လာပါတယ် လို့ ဆိုသူတွေလည်း ၇ှိပါတယ် ၊၊

အဲဒါပေမယ့် ပြသနာတစ်ခုလည်း ရှိပါတယ် ၊၊ ဒါကတော့ အစိုး၇ရုံးတွေ နဲ့ ပါတ်သပ် လုပ်ကိုင် ရတဲ့ အလုပ်တွေပါပဲ ၊၊ ဒါအတွက်လည်း ခုချိန်မှာတော့ အဆင်ပြေ ဆုံး အချိန်တစ်ခုကို သတ်မှတ် လုပ်ကိုင်ကြဖို့ အစိုးရက ခွင့်ပြုထားပါတယ် ၊၊ တချို့က တနင်္လာ နေ့မှာ ခွင့်ယူမယ် ၊ အချို့ က သောကြာနေ့မှာ ခွင့်ယူမယ် ဆိုတာမျိုးတွေ ရှိတဲ့အတွက် အဲဒီအတွက်တော့ ထပ်မံ ညှိုနိုင်းကြမယ် ထင်ပါတယ် ၊၊ ဘာ့ကြောင့်လည်းဆိုတော့ အစိုးရ ပုံမှန် ရုံးဖွင့်ရက်ကတော့ တနလာင်္ကနေ သောကြာနေ့ဖြစ်လို့ပါပဲ ၊၊ ဒါ့ကြောင့် ရုံးလုပ်ငန်း တွေ ဆောင်ရွက်ဖို့အတွက်တော့ အနည်းငယ် ကသီလင်တ ဖြစ်ဖွယ် ရှိပါတယ် ၊၊ ဒါကတော့ ဆိုးကျိုးလို့ ဆိုရပါမယ် ၊၊

ဘာ့ကြောင့်ဒီလို အစီအစဉ်လေး ဖြစ်ပေါ်လာလည်း ဆိုတော့ အခုအခါမှာ မြင့်တက်လာတဲ့ လူနေမှုစရိတ်တွေကို ကာမိဖို့ အစိုးရက ပုံမှန် ထောက်ပံ့ကြေး ပေးရာမှ နေပြီး ဒီနှစ်မှာတော့ ထောက်ပံ့ကြေးအစား ဒီလို အလုပ်ရက်လျော့ပေါ့ပေးလိုက်တယ်လို့ ဆိုပါတယ် ၊၊ အခုဆိုရင် သူတို့အဆိုအရတော့ အားလုံးပျော်ရွှင်နေကြတယ် လို့ဆိုပါတယ် ၊၊ အခုလို ရက်လျှော့ သတ်မှတ်လိုက်တဲ့ အထဲမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း ပါဝင် တယ်လို့ သိရပါတယ် ၊၊ နောက်တစ်ခုကတော့ မီးသတ်နဲ့ ရဲဌာန ကတော့ အခုလည်း ၂၄ နာရီ တာဝန်ထမ်းဆောင်နေ၇တာမို့ ထူးခြားတဲ့ပြောင်းလဲမှု မရှိဘူးလို့ဆိုပါတယ် ၊၊

နောက်ပိုင်းမှာတော့ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိမယ်ဆိုတာတော့ မသိနိုင်သေး ပါဘူး ၊၊
အိမ်မှာ နေချိန်တွေ ပိုများလာတဲ့အတွက် အိမ်က မီတာခတွေ များပိုပြီးကြီးမြင့်လာမလား ၊၊
အိမ်မှာ နားရက်တွေ ပိုလာတဲ့အတွက် အကျိုးမဲ့ လူမှုရေးပြသနာတွေ ပိုလာမလား ၊၊
အလုပ်လုပ်သူတွေ သာမက ကျောင်းသူကျောင်းသားတွေ အတွက်ရော ဘယ်လို ဖြစ်လာမလဲ ၊၊ ဆိုတာလေးတွေကတော့ ကျွန်တော့် ဖြည့်စွက်အတွေးလေးပါ ၊၊ (စာရေးသူ)

အမေရိကန်မှာက အလုပ်လုပ်သူ ၁၀ ရောက်မှာ အလုပ်ကို ကိုယ်ပိုင်ကားနဲ့သွားတဲ့သူက ၉ ယောက်ရှိပါတယ်တဲ့ ၊၊ ဒါ့ကြောင့် ယာဉ်ကြောပတ်ဆို့မှုတွေ များသလို ၊ လောင်စာဆီ တွေ လည်း မတရားကုန်ကျတာပေါ့ ၊၊ သူတို့အတွက် ဒီနည်းစနစ်လေးဟာ တော်တော်ကို အသုံး ၀င်မယ်လို့ထင်ရပါတယ်၊၊ အဲဒီစနစ်ကို အားလုံးက ကြိုဆိုထောက်ခံကြသလို ၊ နော်က်ထပ် ကျင့်သုံးမယ့် ပြည်နယ်တွေလည်း ရှိပါတယ် ၊၊ အခုဒီလ ၁ ရက်နေ့ 1st of August (ဒီနေ့ပေါ့ဗျာ)ကစပြီး ဒီစနစ်ကို ကျင့်သုံးမယ့် ပြည်နယ်တွေ လည်း ရှိနေ ပါတယ် ၊၊ ပျော်ရွှင်စရာသတင်းစကား ကောင်း လေး တစ်ခုလို့ ထင်ပါတယ် ၊၊ဒါဟာ အမေရိကန် ပြည်ထောင်စု အတွက်ပါ ၊၊

အလုပ်လုပ်သူ ၁၀ ယောက်မှာ ၁၀ ယောက်လုံး ဘတ်စ်ကား ကို ကျပ်ကျပ် တည်းတည်း စီးရတဲ့ တိုင်းပြည် မှာတော့ အင်း နောက် နှစ်ပေါင်း မည်မျှကြာရင် ဒီစနစ်ကို ပြောင်းလဲမယ် မသိ ၊၊ စိတ်ကူးမယဉ်မိကြစေဖို့ သတိခပ်ကျပ်ကျပ်လေး ပေးပါ၏ ၊၊

မနေ့ညက နားထောင်ဖြစ်တဲ့ သုတစုံလင် အမေရိကန်တစ်ခွင်ဆိုတဲ့ ဗီအိုအေ အစီအစဉ်လေးကို ဖြည့်စွက်ခံစား ရေးဖွဲ့တင်ပြလိုက်ပါသည် ၊၊ ပိုပြီး ဘလော့ကင်းနိုင်ကြပြီပေါ့ဗျာ၊၊

ကြည်နူးပျော်ရွှင်နိုင်ကြစေဖို့
မင်းအိမ်ဖြူ
ဓါတ်ပုံလေးတွေကိုတော့ ကိုမြတ်သူရ ဘလော့က ယူထားပါတယ်ဗျာ ၊၊

Tuesday 28 July 2009

ချောင်းသာဆိုသော ကမ်းခြေတစ်နေရာ

သူကတော့ ဓါတ်ပုံ ရိုက်နေကျတဲ့လေ ၊ ရှက်ဖူးတဲ့ ချစ်စရာလေးဗျာ

သူတို့ကတော့ ကျွန်တော့်ကို စိတ်ဆိုးတယ် သူတို့နဲ့ မလိုက်လို့တဲ့လေ .....


အပျင်းပြေ ချစ်သူနဲ့တူတူ East Coast မှာ သွားသွား အပန်းဖြေ တာလေ...... နာလိုမဖြစ်နဲ့


ပဲများသလား မမေးပါနဲ့တော့ ဓါတ်ပုံ ရိုက်တော့ ရှက်လို့တဲ့ အဟီ



ရုံးသွားရင် စီးဖို့ ယူသွားလေ ၊ စီးဖို့ဝယ်လာတာပဲ ........... သူငယ်ချင်းတွေ ယူချင်ရင်တော့ပေးလိုက်ပါမယ်..P:

ဒီတစ်ခေါက် ပြန်တုန်းက ရောက်ဖြစ်ခဲ့တဲ့ နေရာလေးတွေထဲက တစ်နေရာပေါ့ ............. ချောင်းသာကတော့ လှနေဆဲပါ
နည်းနည်းတော့ သန့်ရှင်းရေးလုပ်ဖို့လိုမယ်ထင်တာပဲ ........




Monday 27 July 2009

ထိုညနေ


ရသေ့သူတော်တိုင်မှ ဥာဏ်မခိုင် ဈာန်ယိုင်လျောရတယ် ဆိုတဲ့ တပေါင်းလအကုန် တခူးအ၀င် ညနေခင်းလေးတစ်ခုပါ

နွေသီးနှံတွေ စိုက်ဖို့ ကွင်းရှင်းပြီး မီးရှို့နေတဲ့ မြင်ကွင်းပေါ့ ၊၊ ညနေဖက်ဆို တကွင်းလုံး မှိုင်းနေ ရောပဲ ၊၊ မြင်နေရတဲ့ တောင် တန်းစွယ်လေးက တော့ ရခိုင်ရိုးမရဲ့ အစွယ်အပွားလို့ ပြောရမလား ၊ ပဲခူးရိုးမရဲ့ အစလို့ဆိုရမလား မသိတဲ့ ကျွန်တော်တို့ ဒေသအခေါ်တော့ အနောက်တောပေါ့ ၊၊

ဒီပုံလေးတွေကို ညနေ စာပို့ရထားကြီးပေါ်ကနေရိုက်ခဲ့တာပါ ၊၊ ညနေ၀င်တဲ့ ရထားကို စာပို့ရထားတဲ့ ၊၊ စာတွေ သယ်လာလို့လေ ၊၊ စာတိုက်တွဲပါတယ် ၊၊ နောက် သတင်းစာလည်း အဲဒီရထားမှာပါတယ် ၊၊ သတင်းစာကို ညနေမှ ဖတ်ရတယ် ၊၊ ရထားနောက်ကျရင် နောက်တစ်နေ့မှ ဖတ်ရတယ် ၊၊ မသိသေးတော့လည်း အသစ်ပေါ့နော၊၊ ကျွန်တော် အဲဒီတုန်းက စီးလာတဲ့ ရထားတွဲကို မြင်သာအောင်ပြောရရင် ရထားတွဲတော့ ရထားတွဲပါပဲ ၊၊ ဒါပေမယ့် အမိုးလည်းမပါသလို ၊ အကာကလည်း အောက်ခြေ ၃ ပေသာသာ တစ်ဝက်လောက်ပဲ ပါပါတယ် ၊၊ ကျွန်တော်တို့ဘက်မှာတော့ ပက်လက်တွဲလို့ခေါ်ပါတယ် ၊၊ အများစုကတော့ ကုန်ပဲ တင်ပါတယ် ၊၊ နောက် သဲတွေ ၊ ကျောက်တွေ တင်ပါတယ် ၊၊ ကျွန်တော်ကတော့ အဲဒီပက်လက်တွဲရဲ့ ဘေးဘောင်လေး ပေါ်မှာ ထိုင်ပြီး တိုင်လေးကို ဖက်ပြီးစီးရတာ အင်မတန်မှ သဘောကျပါတယ် ၊၊ အဲဒီတစ်ခေါက် က အိမ်ကအပြန် ရထားပေါ်မှာ ရိုက်ထားတာပါ ၊၊ အခုချိန်ထိ အိမ်ကနေ ပြန်ထွက်ရလေတိုင်း ဘယ်အရာက စွဲထားမှန်းမသိလေးလံပြီး အားတွေ ပျက်နေတက်ဆဲ ၊၊ အိမ်ကိုဒီလောက်ခင်တွယ်တက်လို့လည်း သိတက်စကတည်းက အိမ်နဲ့မနေရတာထင် ပါတယ် ၊၊ အကိုတစ်ယောက်ရှိတယ် သူက ဖိနပ်စီးလိုက်တာနဲ့ ပျော်တယ်တဲ့ အိမ်မှာ မနေရတော့ ဘူးဆိုပြီးတော့တဲ့ ဒါပေမယ့် သူအိမ်ကနေ ခွာရတာ ၁၀ ရက်က အကြာဆုံး ဖြစ်မယ်ထင်ပ ၊၊ ရန်ကုန်သားဆိုတော့ ကျောင်းတက်တော့လည်း ကျွန်တော်တို့လို ဘယ်မှ သွားစရာမလိုဘဲ အိမ်ကပဲ တက် ၊ အခုမိန်းမရပြီးတော့လည်း အိမ်မှာပဲ ၊၊ ဘ၀တွေက တကယ်ကို ရယ်စရာကောင်းတယ်နော် ၊၊

အတိတ်ခရီးသို. ပြန်စောင်းငဲ့ ခြင်းဇာတ်သိမ်း

တကယ်တော့ ၁၅ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ အသိဟာ ပြည့်စုံလုံလောက် တဲ့ အတွေးအခေါ် တစ်ခု တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ၊၊ ဒါပေမယ့် အဲဒီလူငယ်လေးတစ်ယောက် အတွက် အားပေးထောက်ပံ့ကူညီပေး တဲ့ ၀န်းကျင် အသိုင်းအ၀ိုင်းကောင်းတစ်ခု သာ ရှိခဲ့မယ်ဆိုရင်တော့ ၊ အချိန်သင့် ရေလောင်းပေါင်းသင် ပြီး ဆေးကျွေးထားတဲ့ ဗူးပင်တစ်ပင်နဲ့ အလေ့ကျပေါက်တဲ့ ဖရုံပင် တစ်ပင်လို တူသယောင်ယောင်နဲ့ အသီးထွက် ကွာပါလိမ့်မယ် ၊၊ ဒါဟာလည်း အနီးစပ်ဆုံး ဥပမာတစ်ရပ် အဖြစ်တင်ပြခြင်းရယ်ပါ ၊၊ ဒါကြောင့် ကျွန်တော့် အမြင်တော့ တကယ်လို့ တူညီတဲ့ အရည်အချင်း ၊ အစွမ်းအစ ၊ ပင်ကိုယ် အရည်အသွေးသာ ရှိခဲ့မယ် ဆိုရင် နည်းစနစ်တကျ ပြုပြင် ထိန်းသိမ်း စောင့်ရှောက်ခြင်းခံရတဲ့ ကလေးတစ်ယောက် ရဲ့ ဘ၀ က အစစအရာ သာလွန် ပြည့်စုံကောင်းမွန်သော ဘ၀ပန်းတိုင်အတွက် ပိုပြီး နီးစပ်ပါလိမ့်မယ် လို့ တင်ပြလိုပါတယ် ၊၊ မှန်တယ် မဟုတ်ပေလားဗျာ ၊၊ လက်ခံနိုင်ပါတယ်နော် ၊၊

ဘာဖြစ်လို့ ကျွန်တော် ဒီအကြောင်းအရာကို အပ်ကြောင်းထပ်မျှ ဥပမာ ဥပမေးယျ စုံလင်စွာ တင်ပြနေရပါသလဲ ဆိုရင်ဖြင့် ကျွန်တော်မှာ အကြောင်းပြချက်ကောင်းကောင်း ရှိပါတယ် ၊၊ တချို့တချို့သော တခါတလေမှာ ကိုယ်ဖြတ်သန်းလာရတဲ့ ဘ၀ခရီးကို ကိုယ်အမြင့်တစ်နေရာ မှာ အခြေကျတဲ့ အခါ မေ့သွားတက်ကြသမို့ သတိပေးလိုရင်းသပ်သပ်ရယ်ပါ ၊၊ ကျွန်တော်တင်ပြချင်တာကတော့ လူတွေမှာ ကိုယ်ပိုင်အရည်အချင်း ရှိတာမှန်ပါတယ် ၊၊ ကျိုးစားအားထုတ်မှု ရှိတာလက်ခံပါတယ် ၊၊ သို့သော် တခါတလေမှာတော ပတ်ဝန်းကျင်ဆိုတဲ့ ကျွန်တော်တို့ ခပ်လွယ်လွယ်သုံနှုန်းတဲ့ အထောက် အပံ့က အင်မတန်မှ အရေးကြီးတယ်လို့ ထောက်ပြလိုတာပါ ၊၊

တကယ်လို့ မိမိကိုယ်ပိုင်အရည်အချင်းရှိလို့ ၊ တော်လို့ပါဆိုတဲ့သူတွေကို သိစေချင်တာရယ် ၊ နောက်ထပ် ဖြစ်တည် လာမယ့် ကျွန်တော်တို့ရဲ့ နောက်ထပ် မျိုးဆက်တွေကို ကျွန်တော်တို့လို မဖြစ်ရအောင် ၊ မိမိဖြတ်သန်း လာခဲ့တဲ့ ခရီးမှာ တွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေ ၊ လစ်ဟာချက်တွေကို ထောက်ပြ လမ်းညွှန် ပေးစေချင် တာရယ် ပါ ၊၊ အဲ လူငယ်တွေအတွက် ဆိုပေမယ့် လူငယ်တွေ ဖတ်ဖို့ထက် ၊ အဲဒီလူငယ်လေးတွေ ရဲ့ ဘ၀တက်လမ်း ခရီး မှာ လိုအပ်တာမှန်သမျှ ဦးဆောင် ဖြည့်ဆည်းပေးနိုင်သော ၊ ကျွန်တော်တို့ အရွယ် သက်လတ်ပိုင်းတွေကို သတိရ သတိပြုမိစေချင် တာအဓိကပါ ၊၊

လူအမျိုးမျိုး စိတ်အထွေထွေ၇ယ်ပါ ၊၊ အချို့ လူကြီးတွေ က ဘယ်လိုသဘောထားမျိုး ရှိသလဲ ဆိုတော့ ငါလည်း ဒီလမ်း မှာလဲခဲ့ဖူးတာပဲ ၊၊ မင်းလည်း လဲကြည့်မှ သိလိမ့်မယ် နေပါစေတဲ့ ၊၊ အဲ အဲဒါမျိုး ၊ အဲဒီလို လူမျိုး ကို ကိုယ်တိုင်တွေ့ ခဲ့ ဖူးတာ ပါ ကြုံခဲ့ဖူးတာပါ ၊၊ ဒါ့ကြောင့်မို့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်သဘောကတော့ Lapping ထပ်ချင်ပါတယ် ၊၊ ငါ့တုန်းကဒီနေရာမှာ လဲခဲ့ဘူးတယ် ၊၊ မင်းစမ်း ချင်လား ၊၊ ဒါမှမဟုတ် နောက်တစ်မျိုး စမ်းကြည့်ချင်လား ၊၊ ဆိုတာမျိုးပဲဖြစ်စေချင်ပါတယ် ၊၊ အဲဒီမှာ ကာယကံရှင် က လဲပါစေ ဒီလမ်းကိုပဲ ဆက်လျှောက် ချင်ပါတယ်ဆိုတော့လည်း လိုအပ်မယ့် ပစည်းလေးတွေ ထည့်ပေးလိုက် တာပေါ့ ၊၊ အဲဒီလိုမှ မဟုတ်တော့လည်း နောက်တစ်လမ်းကို ညွှန်ပြကြတာပေါ့ ၊၊ ဒီနည်းလမ်းလေးက ပိုမ ကောင်း ဘူး လားဗျာ ၊၊ ကျွန်တော်ကတော့ လူငယ်တွေကို ပိုပြီးတိုးတက်စေချင်ပါတယ် ၊၊ ကျွန်တော်တို့မှာ ကုန်လွန်ခဲ့တဲ့ အချိန်တွေကို ကျွန်တော်တို့ မသိသေးတဲ့ နောက်ထပ် အသစ်တွေ အတွက် အကျိုးရှိရှိ အချိန်ကို အသုံး ပြုစေလို ပါတယ် ၊၊ ဒီလို ခရီးရောက် ဖို့ ဆိုတာလည် ရောက်နှင့်ပြီးသူတွေက ကူညီဖို့လိုမယ်လို့ ထင်ပါတယ် ၊၊ သဘော ကွဲလွဲ လိုကြပါလားဗျာ ၊၊ နောက်လာမယ့် လူငယ်တွေ အတွက် ရောက်နှင့်ပြီးဖြစ်တဲ့ ရှေ့လူတွေက လိုအပ်တာကို လမ်းညွှန်ပေးဖို့ လိုမယ်လို့ထင်ပါတယ် ၊၊

နည်းပညာ အသစ်အဆန်းတစ်ခုကို ကိုယ်တိုင်လေ့လာရင် ပိုသိပါတယ် ၊၊ ပိုနားလည်ပါတယ် ၊၊ သို့သော် ကိုယ်သည် ဒီနည်းပညာကို အသုံးချရုံသပ်သပ် ဆိုလျှင် ပါရဂူမြောက် ကျွမ်းကျင်တက်မြောက်ဖို့ မလိုဘူး ဆိုရင် ငြင်းကြမလား ၊၊ အဲ အဲဒီလိုဆိုရင် ကိုယ်တိုင် အစအဆုံး လေ့လာနေတာထက် ၊ သိပြီးသားသူ တစ်ယောက်ကို တစ်ယောက် လက်ဆင့်ကမ်းလိုက်ရင် ပိုပြီး အချိန်ကုန်သက်သာ မသွားပေဘူးလားဗျာ ၊၊ အဲဒီလိုပဲ စာတစ်ပုဒ်ကို ကိုယ်တိုင် ခဲရာ ခဲဆစ် ကျက်မှတ်နေခြင်းထက် ၊ တကယ်နားလည် တက်သိပြီးသူက အချက်ကိုပြောပြလိုက် ခြင်းက ပိုပြီး အချိန်ကုန်လည်း သက်သာသလို ၊ အကျိုးလည်း မရှိပေဘူးလားဗျာ ၊၊ အာ ငါ့တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့ရတာ မင်းလည်းလုပ်ပေါ့ကွာ ဆိုရင်တော့ ကျွန်တော် မောင်မင်း ပြောစရာ အရှင်းမရှိပြီ ၊၊ ကျွန်တော်တို့ ရဲ့ နောက်မျိုးဆက် ကျွန်တော်တို့ရဲ့ နောက်လူငယ်တွေကို ကူညီလမ်းပြပေးဖို့ ဆော်သြလိုရင်းပါပဲ ဗျာ ၊၊ ဒါမှ သာ နောက်ထပ် ကျွန်တော်တို့မျိုးဆက်တွေက လကမ္ဘာမှာ အိမ်သွားဆောက်တဲ့အခါ အနည်းဆုံး လကမ္ဘာက ရေလေး တစ်ခွက်လောက်တော့ မျက်စဉ်းခပ်ဖို့ မှာ ကြရတာပေါ့ဗျာ ၊၊ မဟုတ်ပေဘူးလား ၊၊

ဒီနေရာမှာပဲ ကျွန်တော့်ရဲ့ မူလတန်း ၊ အလယ်တန်းဘ၀ကသူငယ်ချင်းများနဲ့ ပမာပေးတင်ပြသွားခဲ့တဲ့ အတိတ်ခရီးလေးကို တစ်ပိုင်းရပ်နားလိုက်ရပါတော့တယ်ခင်ဗျာ ၊၊ အလျင်းသင့်လို့ တင်ပြခွင့်ရှိခဲ့အုံးမယ် ဆိုရင်ဖြင့် ၊ ခွဲခွာခဲ့ကြရတဲ့ အထက်တန်းလွန်ကာလ သူငယ်ချင်းများနဲ့ တစ်ပိုင်း ၊ တကသိုလ်ဆိုတဲ့ မြကျွန်းညို
မှာ ဆုံခဲ့ဖူးတဲ့ သူငယ်ချင်းများနဲ့ တဖုံ တင်ပြပါအုံး မယ် ၊၊ အခွင့်ရှိခဲ့မယ်ဆိုရင်ပေါ့ ၊၊ ဘာပဲ ဖြစ်ဖြစ် စိတ်မပျက်လက်မပျက် အဆုံးထိ ဖတ်ပေးတဲ့ သူငယ်ချင်းရေ ကျေးဇူးတင်ခြင်းများစွာနဲ့ သူငယ်ချင်းတွေ အတွက် သူချင်းလေးတစ်ပုဒ် လက်ဆောင်ပေးလိုက်ပါတယ်ဗျာ ၊၊

ရွှင်လန်းချမ်းမြေကြပါစေ
မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

သူငယ်ချင်းများစွာ