Saturday 21 November 2009

အလုပ်နှင့် ကျွန်တော်

တကယ်ကို မအားမလပ်နဲ့ ဘလော့အိမ်လေးဖက် မ၀င်ဖြစ်အောင်ကို အလုပ်တွေ ရှုပ်နေတယ် ၊၊ ဘာတွေမှန်း ကို မသိတာ ၊၊ အားခဲထားတယ် အသစ်လည်း တင်ချင်တယ် ၊၊ သူငယ်ချင်းတွေ ဆီလည် လည်လည် သွားချင် တယ် ၊၊ မရောက်တာလည်း ကြာပြီ ၊၊ အလုပ်ကို တော်တော် ချစ်တဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကို တော်တော် လေးစား နေမိတယ် ၊၊ အရင်တုန်းက တခါမှ အဲဒီလို မဖြစ်ဖူးဘူး ၊၊ ပြီးခဲ့တဲ့ အလုပ်မှာ အချိန်ဘယ်လို အသုံး ချရမယ် ဆိုတာ စလုံးတွေ သင်ပေးလိုက်တာ အခုစိတ်က လုပ်ချင်စိတ်ထက် ပြန်ချင်စိတ်က များနေပြီ ၊၊ မဖြစ်သေးဘူး ၊၊ ပြင်အုံးမှ ၊၊ တန်ဖိုးရှိတဲ့ ပိတ်ရက်လေးမှာ သူငယ်ချင်းတွေ ဆီ လည်လည် သွားပါအုံးမယ်ဗျာ ၊၊
မင်းအိမ်ဖြူ