Saturday 4 April 2009

စိတ်စင်ရာ

စိတ်စင်ရာ (လွင်.မျောတက်သော ၊ လွင်.စင်တက်သော စိတ် ၏ ခေါ်ရာသို. )

ဤ်ဇာတ်လမ်းသည် အမျိုးမျိုး ဖောက်ပြန်ပြောင်းလဲတက်သော စိတ်၏ ဆန်းကျယ်မူအား စိတ်ကူးအတွေးတစ်ခု ဖြင်.ရေးဖွဲ.ထားခြင်းသာဖြစ်ပါသည် ၊၊ မည်သည်. ရည်ရွယ်ချက်တစုံတရာမျှ မပါရှိပါကြောင်း ကြိုတင် အသိပေး ပါရစေ ၊၊


အခန်း (၁)

မှတ်မှတ်ယယ အဲဒီနေ.က မမျှော်လင်.ပဲ မိုးက သည်းကြီးမည်းကြီး ရွာနေခဲ.သည် ၊၊ တိမ်တွေမည်းပြီး နေမင်းကြီးကို အုပ်မိုးထားပေမယ်. တလောကလုံး မှောင်အတိကျနေတာ တော.မဟုတ်ပြန် ၊၊ မထင်မှတ်ဘဲ စွေ လာတဲ.မိုးက မတိတ်ဘဲ ရွာနေတာ ၂ နာရီကျော်ခဲပြီ ၊၊ တဖြည်းဖြည်းနဲ. မိုးကပိုသည်းလာသလို မိုးရေထဲ ဖြတ်ပြန် ပြေးရမှာလည်း အဝေးသား ၊၊ ဝေ ကိုယ်၌က နန္ဒနဲ. အတူရှိနေချင်သေးတာလည်း ပါသည် ၊၊ ဒီလို မိုးတွေ မည်းပြီး တလောကလုံး မှောင်နေပါစေ ကိုယ် ချစ်တဲ. သူနဲ.အတူ ရှိနေတဲ. ခဏတာ လေးကို ကုန်ဆုံးသွားမှာ စိုးရွံ.နေခဲ.သည် ၊၊

ဆိုဖာဆက်တီပေါ်မှာ အပေါ်အင်္ကျီချွတ်ပြီး လှဲနေတဲ. နန္ဒ က မျက်စိမှိတ်လို. အိပ်များ ပျော်နေပြီ လားမသိ ၊၊ ဖန်ချောင်းဖွင်.မထားဘဲ နံရံကပ် မီလေးသာထွန်းထား တဲ. ၀ါလဲ.လဲ. အခန်းမီးးရောင် က နန္ဒ ရဲ. ဗလာတည်း ခန္တာကိုယ် ကို ပိုပြီး လင်းလက်နေစေခဲ.သည် ၊၊ မောင်ဗမာ တစ်ယောက်လို ကြွက်သားတွေ အမြောင်းမြောင်း ထမနေပေမယ်. ၊ ကျစ်ကျစ် လစ်လစ် ရှိတဲ. နန္ဒရဲ. ခန္တာကိုယ်က ဝေ ရဲ. စိတ်တွေကို ဖောက်ပြန်စေခဲ.တာတော.အမှန် ၊၊
အခန်း (၂)
မျက်နှာချင်းဆိုင် ဆိုဖာခုံပေါ်မှာ ဒူးလေးနှစ်ဖက် ကိုထောင်ပြီး လက်နှစ်ဖက်နဲ. သိုင်းပိုက်ထားတဲ. ဝေရဲ. အကြည်.တွေက နန္ဒ ရဲ. ဘာသာမဲ.တဲ. ဆွဲဆောင်မူ အောက်မှာ အလူးလူး အလိမ်.လိမ်. ၊၊ အာခေါင်တွေ ပင်ခြောက် လို. ၊၊ ရေငတ်သလို ရေဆာသလို မွတ်မွတ်သိပ်သိပ် ပြင်းပြင်းပျပျ ၊၊ အားမလို အားမရ တင်းတင်း ကျပ် ကျပ် ဖတ်ထားမိတဲ. ဒူးခေါင်း နှစ်ဖက်က ဝေ ရဲ. ရင်နှစ်လွှာနဲ. ပူးပူးကပ်ကပ် ၊၊ အေးချမ်းစွာ အိပ်မော ကျ နေတဲ. နန္ဒကတော. တစ်ချက်တစ်ချက် အသက်ရှုသံ ပြင်းပြင်းလေးများ ပင်ထွက်လို. ၊၊

အသားကဖြူဝင်းမနေ ပေမယ်. ရွှေရောင် တောက်နေတဲ. နန္ဒ ရဲ. အသားအရောင်က ယောင်္ကျားတစ်ယောက် အတွက် ပိုပြီးဆွဲဆောင် စေခဲ.သည် ၊၊ ငယ်စဉ်ကတည်းက အားကစားလိုက်စား ပြီး ဖျတ်လတ်တက်ကြွ တဲ. လူ ငယ် တစ်ယောက် ၊ အရပ်မြင်. မြင်. ၊၊ Jean Pant အကျပ်တွေ အမြဲ ၀တ်တဲ. နန္ဒ ကို ဝေ ရင်ခုန်နေခဲ.တာ ကြာပြီ၊၊ ငယ်စဉ်ကလေးဘ၀ ကတည်းက အတူတွဲလာတဲ. သူငယ်ချင်း အဖြစ်ထက် မပိုတဲ. နန္ဒ ရဲ.တည်ငြီမ် မူကို အား မလိုအားမရ ဖြစ်မိသည် ၊၊ ယောင်္ကျားတန်မဲ. နီစွေး နေတဲ. နန္ဒရဲ. နှုတ်ခမ်း အစုံကို ရင်ခုန်နေခဲ.တဲ. ညပေါင်း မနည်းတော. ၊၊ စကားပြော လိုက်တိုင်း နိမ်.လိုက်မြင်.လိုက် လှုပ်ရှားနေတဲ. နန္ဒရဲ. လည်တိုင်က အရိုးဖုလေးကို တို.ထိကစားချင် နေခဲ.တာ ကြာလှပြီ ၊၊ သက်ပြင်းမောတွေ အခါခါ ချနေရတာ မြတ်နိုးမေ ဘာသာ အသိ ၊၊ (မြတ်နိုးဝေ ဟု ပြင်ဆင်ဖတ် ရှုပေးပါရန် )

အခန်း (၃)
ဖျတ်ကနဲ ၀င်လာတဲ. လေအဝှေ.က အိပ်မောကျနေတဲ.ပြေလျော.နေတဲ.နန္ဒ ရဲ. ပုဆိုးကို လျှောကနဲ ပြေလျော. စေခဲ.သည် ၊၊ ရုတ်တရတ်မို. "ဟယ် " ကနဲ အသံလေးထွက်ပြီး မျက်စိမှိတ်လိုက် ရတဲ. ဝေ ရဲ.ရင်ထဲ မှာ MRT အစီးတစ်ရာ လောက် အပြိုင်မောင်းနေခဲ.သည် ၊၊ တစ်အိမ်လုံးမှာ နှစ်ယောက်တည်း ဆိုတဲ. အသိက ၊၊ အဲဒီ နေ. က ဒေါ်လေးတိုး အိမ် သွားဖို. နန္ဒ ကို အဖေါ်ခေါ်ခဲ. မိသည် ၊၊ လူမနေတဲ.အိမ်မို. တစ်ပတ်တခါ သန်.ရှင်းရေး လာလုပ်ပေးရသည် ၊၊ မနက်ခင်းတုန်းက ကိုရွှေမိုးက ရွာဖို.နေနေသာသာ နေများပင်သာလို. ၊၊

အိမ်သန်.ရှင်းရေးကို နန္ဒက ၀ိုင်းကူလုပ်သည် ၊၊ နေ.လည် ထမင်းအတူစားပြီးတော. တရေးတမော အိပ်အုံး မယ် ဆိုပြီး အိပ်တော.သည် ၊၊ အပေါ်အိင်္ကင်္ျီချွတ်ပြီး ၊ ပုဆိုးတိုတိုနှင်. ဧညိ.ခန်းကဆိုဖာပေါ်မှာ အိပ်တော. သည်၊၊ ဆိုဖာ လက်တန်းပေါ်မှာ ခေါ်င်းတင် ပြီး လက်တစ်ဖက်က နဖူးပေါ်တင် ၊ လက်တစ်ဖက် က ဗိုက်ပေါ်တင်ပြီး ပက် လက်လှန် အိပ်နေတဲ. နန္ဒ ကို မနှောက်ယှက် ချင်တာနဲ. မျက်နှာချင်းဆိုင် ဆိုဖာပေါ်မှာ ကျုံကျုံ လေးထိုင်ပြီး နန္ဒ ကိုငေး နေမိသည် ၊၊ မကြာမတင် အိပ်မောကျပြီး ထွက်လာတဲ. အသက်ရှူသံ ပြင်းပြင်း က ဝေ ရဲ.အတွေးတွေကို ဖောက်ပြန်စေခဲ.သည် ၊၊ ရုတ်တရတ် ဒူးတစ်ဖက်ကို ထောင်ပြိး ခန္တာကိုယ် ကို ပုံစံပြင် လိုက်တဲ. နန္ဒ ရဲ. ခါးအလွန်.မှာ ၀တ်ထားတဲ. ခါးဝတ်ပုဆိုးက ပြေလျော.သွားခဲ.သည် ၊၊

အခန်း (၄)
မိုးကလည်း သည်းသည်းမည်းမည်း ၊၊ နန္ဒ ကို လူပ်နှိုးပြီး ပြန်ဖို.ပြော မလား ၊၊ ပြန်ရမှာလည်း ဒီလိုအချိန်လေး ကို နှမြောတသ ၊ အချိန်တွေကို မကုန်ချင် ၊၊ ရင်တွေခုန်နေတာလည်း အသည်းများပင် ပြုတ်ကျလုမတက် ၊၊ ရေတွေ လည်းငတ်လှပြီ ၊၊ နှုတ်ခမ်းများက မီးတောက် သလို ပူလောင်ပြင်းရှ၊၊ ဒီလိုမွတ်သိပ် တဲ.ဆာလောင် မှူမျိုး တကြီမ် တခါဖူးမျှ မခံစားဖူးခဲ. ၊၊ လက်နဲ. တင်းတင်းဖက်ထားတဲ. ဒူးနှစ်ဖက်က တဆတ်ဆတ် တုန်နေသည် ၊၊ ခြေဖျား လေး တွေက တဖျတ်ဖျတ် ခုန်နေသည် ၊၊ စိတ်ထင်တိုင်း ပေါက်ကွဲ ချင်စိတ်ကို အံကြိတ်တင်းထား ရတဲ.သွားများ ပင် ပြုတ်ထွက်လုမတက် ၊၊

ဝေအကြိမ်ကြိမ် ထိန်းချုပ်ခဲ.ရတဲ. စောင်.စည်းခဲ.ရတဲ. ရေကာတာကြီး ကျိုးပေါက်ဖို. အား အကောင်းဆုံး အချိန် ၊၊ အရာအားလုံးက ဝေ ရဲ. တိတ်တခိုး လိုအပ်ချက်တွေကို အားဖြည်.ကူညီပေးနေ လေရဲ. ၊၊ လူသူကင်းမဲ.နေတဲ. ခြံကျယ်ကြီးထဲက အိမ်ခန်းလေးထဲမှာ ၊၊ မိုးများ က သည်းသည်းထန်လို. ၊၊ တားဆီးနှောင်.ယှက်မ ယ်.သူ တစ်စုံ တစ်ဦးမှ မရှိ ၊၊ အ၀တ်အစား ကင်းမဲ.နေတဲ. ၊ သန်မာဖွံ. ထွားတဲ. နန္ဒ ရဲ. ယောင်္ကျားပီသတဲ. ခန္တာ ကိုယ်က ဝေရဲ. ဆန္ဒ ဆိုးတွေကို မီးလောင်ရာ လေပင်. နေစေခဲ.သည် ၊၊

အခန်း (၅)
ဆိုဖာဆက်တီပေါ်မှ အသာထရ်ျ ဖွင်.ထားသော ပြတင်းပေါက်များကို ပိတ်လိုက်သည် ၊၊ မိုးတွေက သည်းသည်း မည်းမည်း ရွာတုန်း ၊၊ ခန္တာ ကိုယ် ပြေလျော.လျော. လေးနှင်. ပက်လက်လှန်ပြီး အိပ်မော ကျနေတဲ. နန္ဒ ရဲ. အ၀တ်အစားမဲ.နေတဲ. ခန္တာ ကိုယ်က ဝေ ရဲ. စိတ်ရိုင်း စိတ်မိုက်တွေကို အားကောင်းတဲ. သံလိုက်နဲ. ဆွဲငင်သလို အသိ ၊ သိက္ခာ ၊ အရှက် ၊ အကြောက် အားလုံးကို ချေမွှ ဖျတ်ဆီး ပစ်လိုက်သည် ၊၊ ကျိုက်ကျိုက်ဆူ နေ တဲ. ဝေ ရဲ. ရင်အစုံက နိမ်.ချည် မြင်.ချည် ၊၊ တင်းကျပ် လာတဲ. ခံစားမူကြောင်. ၊ အ၀တ်အစားတွေ အားလုံးကို ဆွဲချွတ် လိုက်ချင်သည် ၊၊ ဝေရဲ. လက် အစုံက

...............................................
အခန်း (၆)
" နန္ဒ ရေ ၊ နင်နိုး ရင် ပြန်လာခဲတော. နော် ၊ ငါပြန်သွားနှင်.ပြီ "

ဆိုတဲ. စာရွက်လေး က ဆိုဖာဆက်တီ စားပွဲ ပေါ်မှာ weight တုံးလေးနှင် ဖိလို. ၊၊

.......................................................
ဇာတ်သိမ်း

မိုးရေထဲမှာ တစ်လှမ်းချင်း လျှောက်ပြန်လာတဲ. ဝေ ကို မိုးစက်လေးတွေက ကောင်းချီး ပေးကြသည် ၊၊ လျှပ်စီး တွေ တဖျတ်ဖျတ် လက်လို. ဂုဏ်ပြုကြသည် ၊၊ ဘယ်လိုလူ တစ်ဦး တစ်ယောက် မှ လွယ်ကူစွာ ကျော်နိုင် ဖို. ရန် ခဲယဉ်းတဲ. ရာဂ တောင်တန်းကြီးကို ကျော်လှန်းနိုင်ခဲ.သည်. ဝေ ၊၊ မောပန်းနွမ်းနယ်တဲ. ခြေလှမ်းများနှင်. ၊၊ ခက်ခဲ ပင်ပန်းကြီးစွာ ဖြတ်ကျော် ခဲ.ရသော ခရီးကြမ်းကြီးအတွက် လေးလံခြင်းများစွာနှင်. ၊၊ ဒါပေသည်. ဝေ အနိုင် ရခဲ.ပါသည် ၊၊ ဂုဏ်ယူပါ တယ် ဝေရယ် ၊၊ ဒီတောင်ကို ကျော်ဖို. အားထုတ်ခဲ.ရတဲ. ဝေ ရဲ. ပင်ပန်း ဆင်းရဲ မူကို ဖြတ်သန်း ခံစားဖူးသူ များသာ ကိုယ်ချင်းစာ နားလည်ပေးနိုင်ပါ လိမ်.မည် ၊၊

ဝေ ရဲ. မျက်ဝန်းအစုံက မိုးရေနဲ.အတူကျခဲ.ရတဲ.အပြာရောင်မျက်ရည်များက ပိုရ်ျ
အေးမြပါသည် ၊၊






Friday 3 April 2009

စင်ကာပူ၏ အဦးဆုံးနေ.များ (၂)

.
.
အလွမ်းပြေ
.
.
....................................




ဒီလိုနဲ. တစ်ယောက်ပြီး တစ်ယောက် ခေါ်သွားလိုက်တာ ကျွန်တော်ပါ ပါသွားရော ၊၊ နောက်ထပ် Counter တစ်ခုက Officer တစ်ယောက်နဲ. တွေ.ရတယ် ၊၊ သူမေးလိုက် ကိုယ်ဖြေလိုက်ပေါ.၊၊ ဒီမှာလည်း အဆင်မပြေဘူး ၊၊ သူတို.ကမေးတယ် အလုပ်ရှာမှာလားတဲ. ၊၊ ရှာပါဘူးလို. ၊၊ အလည်လာတာ လို.ပြောလိုက်တယ် ၊၊ သေချာလားတဲ. ၊၊ Sure လို. ၊၊ နောက်ထပ် တစ်ယောက် ရော စုစုပေါင်း ၆ ယောက် ၊၊ အားလုံး ရွှေတွေ ချည်းပဲ ၊၊ နှစ်နာရီလောက်ကြာ မယ်ထင်တယ် ၊၊ မေးလိုက် ၊ ထိုင်ခိုင်းထားလိုက် ၊၊ နောက်ဆုံး တွက်ပါတယ် ၊၊

စင်ကာပူတော. ရောက်ပြီးပြီ လေဆိပ်ကနေ လှည်.ပြန်ရတော. မယ်လို. ၊၊

မြန်မာပြည် တန်း ပြန် ရပြိထင် ထားတာ၊၊ ပစည်းတွေ လည်းဒီတိုင်းပဲပေါ. ၊၊ သူငယ်ချင်းတွေတော. ဖုန်းဆက်ပြီး နှုတ်ဆတ်မယ် ပေါ .၊၊ ဟုတ်တယ်လေ ၊၊ သူနိုင်ငံလာတာ လက်မခံပြန် ရမှာပေါ. နော် ၊၊ ဒါပေမယ်. နောက်ဆုံးတော. လက်ဗွေတွေကို Scan ဖတ်ယူထားတယ် ၊၊ နောက် နေထိုင်ခွင်. တစ်လပေးတယ် ၊၊ မင်းအိမ်ဖြူ ဆိုတာ ဒီလိုကောင် ၊၊ လူတိုင်းလွယ်လွယ် ကူကူ ၀င်လာရတယ် ၊၊ ကျွန်တော်တို.က ဒီလိုမျိုး ၊၊ သူများတွေ ဘယ်လောက် လွယ် လွယ် ကျွန်တော် မလွယ်ဘူး ၊၊ အရာရာ ပါ ပဲ ၊၊ ဘယ်အရာမှ လွယ်လွယ်မရခဲ. ဘူး၊၊ ကျွန်တော်. အထက်က အမလုပ်တဲ. သူ က ပြောတယ် ဘ၀ မှာ ဘယ်အရာ ကမှ ငါတို. အတွက် အလ ကား လွယ်လွယ် မရဘူးတဲ. ၊၊ ဟုတ်တယ်ဗျာ ၊၊ ဘယ်သူတွေ လွယ်တယ် ၊ ပြောပြော ကျွန်တော်တို.အတွက်တော. မရဘူး ၊၊

အဲဒီလိုနဲ. Immegration ကနေ ထွက်လာရော ဆိုပါတော.ဗျာ ၊၊ အိတ်တွေက Belt ပေါ်မှာတောင် မရှိတော.ဘူး ၊၊ ဟိုးဘက် ထောင်. လေးမှာ ပုံလို.ဗျာ ၊၊ စောင်.နေတဲ. သူတွေတောင် မရှိတော.ဘူး ၊၊ ကျွန်တော်. ကို လေယာဉ်ချိန် မှားပြီးလာ ကြိုတဲ. သူငယ်ချင်း တရုတ်မ(နာမည်ပါ ၊ လူတရုတ်မ မဟုတ်ပါ ) အတွက်တော. အဆင်ပြေသွားတာပေါ.ဗျာ ၊၊ စောင်.စရာမလိုတော. ဘူးလေ ၊၊ ကျွန်တော်. သူငယ်ချင်းတွေက ဒီလိုဂရုစိုက် ကြတာ ၊၊ သူက သူလာကြို မယ်ထင်လို . သူ က သူသွားကြိုမယ် ထင်လို.နဲ. လေ ၊၊ ကြည်စားတာပါ ၊ တကယ်ကို နွေးနွေးထွေးထွေး ကြိုပါတယ် ၊၊ လိုမယ်ထင်တာ လည်းအားလုံး လုပ်ထားပေး ကြတယ် ၊၊

MRT Card ကအစ အဆင်သင် . ၊၊ Sim Card လည်း ၀ယ်ထားပေးပြီးသား ၊၊ Hand set ထဲ ထည်.လိုက်ရုံပါပဲ ၊၊ Phone No က မြန်မာပြည် ကနေ အလုပ်လျှောက်ကတည်း က ထည်.လျှောက်ထားပြီလေ ၊၊ ပထမဆုံး နေရတဲ. အိမ်က Yishun ဘက်မှာ ၊၊ MRT station နားမှာပဲ ၊၊ မှတ်မှတ်ယယ Blk 752 တဲ. ၊၊ သတိယနေ သေးတယ် ၊၊ Taxi ခလည်း တရုတ်မ ပဲ ပေးသွားတယ် ၊၊ ရောက်ရောက်ချင်း ပဲ အထုပ်တွေ ချပြီး City Hall ကို လိုက်ပို.ပါတယ် ၊၊ တကယ်ကို ဒီမှာ ရောက်နှင်. နေတဲ. သူငယ် ချင်းတွေကို ကျေးဇူးတင်ပါတယ် ၊၊

လုပ်ပေးသင်. တာ လုပ်ပေးတယ် ၊၊ ပြောပြသင်.တာ ပြောပြတယ် ၊၊ သင်ပေးတယ် ၊၊ အလုပ်ရှာတာကမှ အစ ၊ Interview သွားတာ အဆုံး ၊၊ အ၀တ်အစား ဘယ်လိုဝတ် သွား ဆိုတာပါ မကျန် ၊၊ ဘယ်နေရာ ရောက်နေနေ မသွားတက်တော.ရင် လှမ်းမေး လိုက် ၊၊ အကုန်လုံး စိတ်ရှည် လက်ရှည် ပြောပြတယ် ၊၊ ပိုက်ဆံလည်း ချေးပေးတယ် ဗျ ၊၊ ဒီလိုနဲ. အဲဒီ ညနေ City Hall ကို သွား ကြရောပေါ.ဗျာ ၊၊
.

Wednesday 1 April 2009

စင်ကာပူ ၏ အဦးဆုံးနေ.များ ( ၁ )

.

ပြည်ဝင်ခန်း
.
.
.......................................

အဲသည် နေ.က မှတ်မှတ်ယယ နိုဝင်ဘာလ (၁၁) ရက်နေ. တနင်္ဂံနွေနေ.၊၊ မြန်မာပြည်မှာ အေးလို.ကောင်းနေဆဲ ဆောင်တွင်း ကာလကြီးပေါ. ၊၊ မြန်မာပြည်ကနေ ပြီး မနက် ( ၁၁ ) နာရီလောက် ထွက်လာတာ ဆိုတော. စင်ကာပူ စံတော်ချိန် နေ.လည် (၃ ) နာရီ ခွဲလောက် ရောက်တယ် ဗျာ ၊၊ လာခဲ. တာ ကတော. Silk Air လေကြောင်းလိုင်းနဲ.ပါ ၊၊ ပထမဆုံး ပြည်ပ လေကြောင်းလိုင်းကို စီးဖူး တာဗျ၊၊ ကံကောင်း ချင်တော. window seat လေးလည်း ရ တော. မြန်မာ လေဆိပ် ကြီးကို ကောင်းကောင်းလွမ်းရတာပေါ.ဗျာ၊၊

အဲသည် အချိန်တုန်း က ဖြစ်ခဲတဲ.ခံစားမှုကို ပြန်ဖမ်းကြည်.တော.ခံစား နေရတာက တစ်ခုခုကို လွမ်းနေ သလိုပဲ ၊၊ နောက် ပထမဆုံး အကြိမ်သွားရတဲ.ပြည်ပခရီးစဉ်ဆိုတော.ရင်ခုန် နေတာတော.အမှန်ပဲ၊၊ မရှက် တမ်းဝန်ခံရရင် လေယာဉ်ပေါ် မှာ သူတို.ပြောတဲ. English စကားကို ကျွန်တော် လုံးဝနားမလည်ပါဘူးဆိုတာပါ ပဲ၊၊ အမှန်ကို နားမလည်ခဲ.ရိုးအမှန်ပါ၊၊ အဲသည်မှာ ကျွန်တော် ပထမဆုံး ကြေက်စိတ် လေးတော.၀င်မိတယ်၊၊ ငါအဆင် မှပြေပါ.မလား ဆိုတဲ. အတွေးလေးပဲ၊၊ ပထမဆုံး ဆင်ခြင် မိတဲ. အတွေးလေး ပေါ.၊၊

ကျွန်တော်.ဘ၀မှာ မှတ်မှတ်ယယ ဘယ် English Training Class ကို မှ ကျားကုတ်ကျားခဲ မသင်ယူခဲ.မိတာ နောင် တရသလို ခံစားရတယ်၊၊ ဒါလည်း အဲသည်တုန်းက ခဏ ပါ ပဲ ၊၊ အခုတော.လည်း Singlish နဲ. အဆင်ပြေသလို ဖြစ်နေတော. English စာလေ.လာဖို.ဆိုတာ နေလာရင် နှင်းပျောက် သလို ခုများတော. အဲသည် တုန်းက စိတ်ကူးလေး ဘယ်ဆီ ရောက်သွား လဲတောင် မသိတော. ပါ ဘူး ၊၊ ကျောင်းသာပြီးသွားရော ဘယ် English class ကို မှ တကယ် မတက်ခဲ.မိဘူး၊၊ကိုယ်ပိုင် လေ.လာလားဆိုတော. လည်း English စာဖတ်ရမှာပျင်းလိုက်တာ ကို လိမ်လို.၊၊ ဘာသာပြန်ဝထ္လုဖတ် ရင်တောင် English နာမည်ဆိုကျော် ဖတ်တာ တကယ်၊၊ ဒီလိုကောင်မှ English မကောင်း ဘယ်လိုကောင်မျိုး English ကောင်းမလဲဗျာ၊၊စဉ်းစားသာကြည်.တော.၊၊
ဒီလိုနဲ. စင်ကာပူ ရောက်ရော ပေါ.ဗျာ ၊၊ ချန်ဂီဆိုတဲ. လေယဉ်ကွင်းကြီး ၊၊ နေ.လည် ခင်းကြီး ဆိုတော. ထင်ထင် လင်းလင်း အားလုံး မြင် နေရတာ ပေါ.ဗျာ ၊၊ သူငယ်ချင်း တွေက မှာလိုက်တယ် Immigration မှာတန်း စီရင် အဖြူ တွေ ရှိတဲ. နောက်မှာ စီတဲ. ၊၊ မြန်မာ များရင် မစီနဲ.တဲ. ၊၊ ဘာ.ကြောင်. လဲတော. ကျွန်တော် လည်း သေချာ မသိဘူး၊၊ သူငယ်ချင်း တွေမှာ ထား တာပေါ.၊၊ မြန်မာဆိုရင် ဂုဏ်ကြီး တဲ. သဘော ပေါ. လေ ၊၊

ကျွန်တော် ကလည်း မေးတက် ၊ ပြောတက်တဲ. အကျင်.ရှိသူ ဆိုတော. လေယာဉ်ပေါ်မှာ တင် သူငယ်ချင်း လေးယောက် ရတယ် ၊၊ သူတို. က ပြောတယ် တုတူ သွားရအောင်တဲ. ၊၊ Ok ပေါ. ၊၊ မှာထားတဲ. သူငယ်ချင်းတွေ သိတာမှတ် လို. ၊၊ ပျော်စရာကြီး ဗျာ၊၊ စုစုပေါင်း ၅ ယောက်ထင်တယ် ။ ရှေးဆုံးက တစ်ယောက် စထိ တယ်ဗျာ ၊၊ White Card မှာ ဖြည်.ထားတာ မှားလို.တဲ. ၊၊ ကိုယ်တော် ကြိးက ခပ်တည်တည်ပဲ ၊၊ ကျွန်တော်.ကို ပြန်လာမေးတယ် ၊၊ ဘယ်မှာ မှားတာလဲတဲ.၊၊ အထုပ်တွေက Immigration Officer ရဲ. Counter ရှေ.မှာ ၊၊ စဉ်းစားသာ ကြည်. ၊၊ ဘယ်လောက် များ ရဲ.၀ံ.လိုက်တဲ. ရွှေမြန်မာ လဲလို. ၊၊

အဲဒီ အချိန်ကျ မှ ကျွန်တော် လည်း ဘာလုပ်ရမယ် မှန်းမသိတော. ဘူး ၊၊ I dont Know , who are you ? တွေဘာတွေ သွားလုပ် လို. မရတော.ဘူးလေ ၊၊ အဲဒီအချိန်မှာ အခြား Counter သွားဖို. စဉ်းစားသေးတယ် ၊၊ ဒါပေမယ်. သိလိုက်ရတဲ. အချိန်မှာ ""ကျွန်တော် က ....................ရောက်နေပြီ အမေ "" ဆိုသလိုပဲ ဘာမှလုပ်လို. မရတော.ဘူး ၊၊

Monday 30 March 2009

မှောက်ရက်လဲခြင်း


.
.
................ ....................

...................မနေ.က မှတ်တမ်း တင် ဖြစ်ခဲ.သော Topayoh ကျောင်းနှင်.
......................................ကြည်ညိုဖွယ် ရာ စေတီတော်



ကျွန်တော် မနေ.က အကြောင်း အရာ လေး တစ်ခု ကိုပြော ပြချင်ပါတယ် ၊၊ ထုံးစံ အတိုင်း နမော်နမဲ. နိုင်လှ စွာသော ကျွန်တော် မှောက်ရက် လဲကျရသော အကြောင်း အရာလေး ပေါ.ဗျာ ၊၊

မနေ.က တနင်္ဂနွေ ဆိုတော. ရုံးပိတ်ရက် အပြင် ထွက်ဖြစ် တာပေါ.ဗျာ ၊၊ အခုရက် ဘယ် မှလည်း မထွက် ချင် ပါဘူး ၊၊ စိတ်ထဲ ဘာဖြစ်နေလဲ တော.မသိဘူးဗျ ၊၊ သိပ်မရွှင်ဘူး ၊၊ ဒါပေမယ်. မနေ.ကတော. သွားဖြစ် တာတွေ က ဘုရား နဲ. ဘုံကျောင်းကိုပါ ၊၊ ဒါကြောင်.လည်း သွားခဲ.တာ ၊၊

အိမ်ကနေ SBS 25 Bus ကား စီးပြီး AngMoKio ကို အရင် သွားတယ်ဗျ ၊၊ ပထမဆုံးက Topayoh တရုတ် ဘိုးဘိုး ကြီး နတ်နန်းကို ပါ ၊၊ အဲဒီကနေ MRT စီပြီး သွားမယ်ပေါ. လေ ၊၊ AngMoKio Bus Interchange ကနေ MRT station ကို Underpass ကနေ ဖြတ်သွား လို.ရတယ် လေ ၊၊ အဲဒီ လမ်း အကူးလေးမှာ ပေါ.ဗျာ ၊၊

ဖြစ်ချင်တော. မနေ.က ကျွန်တော် က Slipper ဖိနပ်လေး စီးသွား တယ်ဗျ ၊၊ ဟောင်းနေ ပြီဆိုတော. ထိပ်က ခြေညှပ် နေရာ က ကြိုးက လျော.နေပြီ ၊၊ သတိတော. ထားမိ ပါတယ် ၊၊ စပြီးအိမ်မှာ ထုတ်စီးထဲက ၊၊ ဒါပေမယ် . လွတ်လွတ် လပ်လပ် ပဲ သွား ချင်တဲ.စိတ်က စိုးမိုးနေတော. ဘာကိုမှထပ်ပြီး မစဉ်းစားချင်တော.ဘူး ၊၊ မဖြစ်လောက်ပါ ဘူးပေါ. ၊၊ ခပ်ဖော.ဖော.ပဲ တွေးပြီး အတည် ပြုလိုက်တယ် ၊၊

ကျွန်တော.ဘ၀မှာလည်း ဒီလိုပဲဗျာ ၊၊ မဖြစ်လောက်ပါဘူး ဆိုတဲ . အသေးအဖွား လေးတွေက အကြီးအမားတွေ ဖြစ်လာရတာ ၊၊ ပြသသနာ ဖြစ်နိုင်တယ် ဆိုတာတော. တွေးမိတာပဲဗျ ၊၊ ဒါပေမယ်. အဲဒီအချိန်မှာ အမှန်ကို မဆင်ခြင်နိုင် လောက်အောင် ၊ လုပ်ချင်တဲ. ဖြစ်ချင်တဲ. ဆန္ဒတွေက စိုးမိုးထားတော. ဘာကိုမှ မဝေခွဲ နိုင်တော.ဘူးဗျ ၊၊ မကောင်းမှန်း သိပေမယ်. ၊ ဆန္ဒတစ်ခု ရှိနေတော. ကိုယ် စိတ်ကို ဖော.တွေး ပြီး ၊ အမှန်တရားကို လျစ်လျုရှု တက်တာ လူသဘာဝပဲနော် ၊၊

Interchange ကအထွက် မှာ လှေကားထစ်လေးတွေ ရှိတယ်ဗျ ၊၊ လှေကားထစ်လေး တွေ ပြီးတော. Man Hole အဖုံး ၃ ခုလောက် ရှိတယ် ၊၊ မြောင်းသေးသေးလေးတွေဖြစ်နေတာ ပေါ.ဗျာ ၊၊ လမ်းလျှောက်လိုက် ရင် ဖိနပ်က နောက် ကျန်နေခဲ.တော. သတိထားနေတာပဲ ၊၊ မြောင်းလေးတွေ တွေ.တော. ဖိနပ်ထိပ် ၀င်သွား ရင် လဲကျသွား နိုင်တယ် ပေါ. ၊၊ စဉ်းစားပြီး လှမ်းနေရင်း ဖျတ်ဆို ၀င်သွား ပြီး မှောက်ရက်လဲတော.တာ ပဲဗျ ၊၊ သိတယ်နော် ၊ တွေးတယ်နော် ၊ စဉ်းစားမိတယ်နော် ၊ သတိထားတယ်နော် ၊၊ ဒါပေမယ်. နောက်ကျသွားခဲ.ပြီ ၊၊
စပြီးတွေး မိတည်း က အိမ်မှာ ဖိနပ် ပြောင်းစီးခဲ.ရင် ၊ ပိုပြီး သတိထား ခဲ.ရင် ၊ ပိုပြီး ဆင်ဆင်ခြင်ခြင် ၊ ဂရု ပိုစိုက် ခဲ.ရင် ၊ ဒီလို လဲကျမှာ မဟုတ် ဘူး ဗျာ ၊၊

လက်တစ်ဖက်က ပိုက်ဆံအိတ် နဲ. ရှင်ဆန္ဒာဓိက စာအုပ်လေး ကိုင်လို. ၊ လက် တစ်ဖက်က တယ်လီဖုန်း ကိုင်လို. ၊၊ လဲကျတာက လမ်းလယ်ကောင်မှာ ၊၊ ခြေလွတ် လက်လွတ် ၊၊ မှောက် ရက် ကြီး ၊၊ ဘယ်လိုမှ ထိန်းလို. မရတော.ဘူး ၊၊ အလျှင်အမြန် ထိန်းပေမယ် . အရှိန်ကို မထိန်းနိုင်တော.ဘူး ၊၊ ညာဖက်လက်က ထောက် လိုက်လို. မျက်နှာနဲ. မြေပြင် တိုက်ရိုက် မထိသွားတာ ကံကောင်းတယ်ပေါ . ၊၊ နောက် ဒူးနှစ်ဖက် နဲ.ထောက်လိုက် လို. ရင်ဘက်နဲ. နှစ်ပါ.မသွားတာပါ ၊၊ ဒူးနှစ်ဖက်လည်း တော် တော်ပွန်း သွားတယ် ၊၊ ဘောင်းဘီတို ဆိုတော. ပိုစိုးသွားတယ် ၊၊ ရုပ်ပျက်ဆင်းပျက်ကို မှောက်ရက်လဲကျတာပါပဲ ၊၊

လူတွေကြားထဲ မှာဆိုတော. ၊ ရှက်ကလည်း ရှက် ၊ တော. မြန်မြန် လူးလဲ ထလိုက် ရပါတယ်၊၊ သွေးပူနေတုန်း တော. ဘယ်နေရာကမှ မနာပါဘူး၊၊ ဒူးခေါင်းနေ ရာ ပွန်းသွားတာနဲ. ၊ လက်နေရာ ပွန်းသွားတာ ပဲ ၊၊ မြန်မြန် ထပြေးခဲ.ရပါတယ် ၊၊ နောက် အဲဒီကနေ Topayoh က ဘိုးဘိုးကြီးနန်း သွား အမွေးတိုင် တွေဘာတွေ ပူဇော်ပေါ. ၊၊ နောက် အဲဒီကနေတဆင် . Topayoh မြန်မာ ဘုန်းတော် ကြီးကျောင်း ဆက်သွားတယ် ၊၊ ဘုရားကန်တော. ပြီး SBS 130 စီးပြီး Bugis က Kwan Inn မယ်တော် ကျောင်း ဆက်သွားဖြစ်တယ် ၊၊

လဲကျကာစ ၊ ရှက်ရှက်နဲ. လူးလဲထ ခဲ.လို. ဘာမှမဖြစ်ဘူး ထင်ပေမယ် . ၊ သွေးအေးလာတော. တဖြည်းဖြည်း နာလာတယ် ၊၊ စောင်.ကျတဲ. အရှိန်နဲ. လက်မောင်းရင်းက နာလာတယ် ၊၊ ဒူခေါင်းနေရာက လမ်းလျှောက်လို. သိပ်မကောင်း ချင်တော.ဘူး ၊၊ ထွက်လာ လက်စနဲ. ဆက်သွားနေရပေမယ်. စိတ်က မပါတော.ဘူး ၊၊ နောက် လိုအပ်တာလေး တွေ ၀ယ်ဖို. Musafa Center ကို ၀င် ၊၊ ခဏပါ ပဲ ၊၊ လူကနာနေပြီ ၊၊ နားချင်နေပြီ ၊၊

ဘ၀မှာလည်း ဒီလိုပါပဲ ၊၊ ဘာမှမဖြစ်နိုင်ဘူး လို.ထင်ရတဲ. ကိစအသေး အဖွား လေးက အစ ပြု ပြီး ဘ၀တစ် ခုလုံးကို ပြောင်းပြန် လှန်ပစ် တက်တာကို တွေးမိ လာတယ် ၊၊ ဒီဖိနပ် ကို စီးရင် ၊ ဒီလို လဲကျ မယ်ဆိုတာ သိခဲ. ပေမယ်. ၊ လွတ်လပ်စွာ သွားချင်တာလေး တစ်ခုအတွက် နဲ. သိသိကြီးနဲ. မပြောင်း လဲနိုင်ခဲ.ဘူး ၊၊ မှောက် ရက် လဲကျကာမှ ဘယ်လိုကျားကန် ပေမယ်. မရတော.ဘူး ၊၊ မတားနိုင်တော.ဘူး ၊၊ အနည်းငယ် သတိလေး ရှိလို. လုံးဝ မှောက်ရက်ကြီး ကျမသွားပေမယ်. ၊ လဲကျခဲ.တဲ. အရှိန်နဲ. ခန္တာကိုယ် တစ်ခုလုံး နာကျင်နေပြီ ၊၊ ဘယ်လောက် ကြာကြာ ခံစားနေရ အုံးမလဲ ၊၊ ပျောက်သွားခဲ ရင်ရော ၊ ဒဏ်ဖြစ်ပြီး ကျန်နေအုံးမှာ မလွဲပါ ၊၊
အချိန်အခါ မရွေးပြန်ပေါ် လာနိုင်တဲ. ဒဏ်ဖြစ်နေ အုံးမှာ ပါ ၊၊

ဒါကြောင်. ဘယ်နေရာ ၊ ဘယ်ကိစမှာမဆို ပြသသနာ ဖြစ်နိုင်တယ် ၊ ဒုက္ခပေးနိုင်တယ် လို. ခံစား လာရရင် ၊ ဘာကိုမှ စောင်းဆိုင်း စဉ်းစား အချိန်မဆွဲ ပဲ အမြန်ဆုံး ပြင်ဆင်နိုင်ပါစေ လို. ၊၊ ကျွန်တော်. ဘ၀မှာ လည်း မှားမှန်း သိပေမယ်. မပြင်မိခဲ. တဲ. အတွက် ရခဲ.တဲ. ဒဏ်ရာတွေ ၊ ဒဏ်ဖြစ်နေဆဲပါ ၊၊ ဒါကြောင်. မှားမှန်းသိရင် အမြန်ပြင်နိုင် ကြပါစေလို. ................
.
.
.