Saturday 18 April 2009

ဆုံခွင်.ရှိရင်သာ

" မြတ်နိုးရိပ် " မှာ ထမင်းစားတဲ့. အခါတိုင်း သတိယမိတဲ့ စိတ် ကို ထိန်းချုပ်လို. မရမှန်းသိ လို. ဘယ်တော.မှ မစားဘူးလို. ဆုံးဖြတ်ထားတဲ့ ကြားက ရောက်တိုင်း ၀င်မိတဲ့ စိတ် ကို ဘာသာ မကျေမနပ် ဖြစ်မိသည် ၊၊ စားပြီးရင် ခံစားရသည် ၊၊ စားပြီးတိုင်းလည်း နောက်မကြိမ် မလာဘူးရယ်လို. အကြိမ်ကြိမ် စိတ်ထဲမှာ တွေးမိ သည် ၊၊ ဒါပေမယ်.လည်း ၃ နှစ်မက ကြိုးကျခဲ့တဲ့ ခြေလှမ်းတွေက ဘာသာ ခေါ်ဆောင်သွားနေကျ ၊၊ ရောက်ဖြစ် တဲ့ အခါတိုင်းလည်း မှာမထားပါလျက် ကန်ဇွန်းပလိန်း တစ်ပွဲရယ် ၊ ကြက်ချဉ်စပ်ရယ် ၊ ကြက်ဥ မွေကြော်တစ် ပွဲရယ် က အဆင်သင်. ၊၊ ဇွန်း ခရင်းတစ်စုံ နဲ. လက်ကိုင်ပ၀ါလေးက ဘေးနားမှာ ငြိမ်လို. ၊၊ အရာအားလုံး ဟာ ကျောင်းတက်နေတုန်းက အတိုင်း ၊၊ မရှိတော.တာက မလေးငယ်ဆို တဲ့ အမျိုးသမိးတစ်ဦး ရယ်သာ ၊၊

ကံကောင်းတယ်လို. ဆိုမလား ၊ ကံဆိုးတယ်လို. ပြေမလား၊၊ ဘ၀မှာဘယ်တော. မှ မေ.လို.မရတဲ့ စွယ်တော် နန်း နဲ. နီးနီးနားနား စီမံကိန်းမှာ တာဝန်ကျတာ ၊၊ အလုပ်ပြောင်းရွှေ. မိန်.စာ ရတော. ၀မ်းသာသလို ၀မ်းနည်းသလို ၊၊ မလေးကိုလည်းပို သတိယမိသလို ၊၊ အလုပ်ထဲမှာ စိတ်ကို နှစ်ထားပေမယ်. တခါတလေတော. နင်.နင်.သည်းသည်း သတိယမိတာ အမှန် ၊၊ မလိမ်ညာချင် ၊၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ ငွေအတွက်လည်း မဟုတ်ပါပဲ သွားနေတဲ့ မလေးကို တခါတခါ တမ်းတမိတာတော. မညာချင် ပါ ၊၊ မလေးလို တကယ်တော်တဲ့ မိန်းမတစ် ယောက်ကို နိုင်ငံအတွက် နှမြောမိသည် ၊၊ မလေးက ပြောသည် ၊၊ ငွေလိုချင်ရင် ငါအိမ်မှာ စိပွားရေး လုပ်လို. ရသည် တဲ့ ၊၊ ဟုတ်ပါတယ် လေ ၊၊ မလေး ချမ်းသာတာလည်း သိပါတယ် ၊၊

ကံဆိုတာ လူကလုပ်တာမို. ကံကိုရိုးမယ် ဖွဲ. ဘ၀ကို အရှုံးပေးနေတဲ့ သူတွေကို မလေးအ မုန်းဆုံးပါတဲ့ ၊၊ လုပ်တိုင်းဖြစ်တဲ့ မလေးငယ် ၊၊ ခုချိန်ထိလည်း အောင်မြင်မှူ သရဖူတွေ ဆင့်ကဲဆင့်ကဲ ဆောင်းနေ ဆဲဆိုတာ ကြားတော. မလေးအတွက် ဂုဏ်ယူမိသည် ၊၊ နောက်နောင်လည်း ထိထက်ပိုပြီး အောင်မြင်ပါစေ လို. ဆုတွေ တောင်းနေ ဆဲပါလေ၊၊ ချမ်းသာတဲ့ အ၀န်းအ၀ိုင်းက ပေါက်ဖွားလာသူမို. ငွေစကားမပြောတက်ပေမယ့် တကယ်. ဘ၀တွေကို မမြင်နိုင်ခဲ့တဲ့ မလေးကို ရှင်းပြဖို.လည်း ဘယ်တုန်းက မှ မကြိုးစားခဲ.ဘူးပေ ၊၊ မလိုအပ် လို.လည်းထင်မှတ်ခဲ့ သည်၊၊ ၅ တန်း ၆ တန် ကျောင်းသား အရွယ်ကတည်းက အမေပေးတဲ့ ရွှေထုပ်လေး ကိုင် ပြီး ငွေသွား ချေးရတဲ့ ဘ၀ ဆိုတာကို မလေးများ သိရင် ဘာများပြော အုံးမလဲ ၊၊ မှတ်မိသေးတယ် အဲဒီ ရွှေဆိုင် ပိုင်ရှင် မိန်းမကြီးရဲ့ အပြော မောက်မောက်မာမာကို ၊၊ ဒီတစ်ခေါက် အိမ်ပြန်တော. အဆင်မပြေ ဘ၀ပျက်နေ ကြ တာ တွေ.တော. သူတို.အတွက် ၀မ်းမသာ စကောင်းပေမယ်. သွားတော. နှူတ်ဆက်လိုက် ချင်စမ်း ပါရဲ့ သို.သော် အသိတရားက ခွင်.မပြုခဲ့ပါ ၊၊

အကြီးတွေအားလုံး တပြိုင်တည်း တက္ကသိုလ်ဆိုတာ ကို သွားနေကြတဲ့ အချိန်မှာ ၊ အိမ်မှာ ကျန်နေခဲ့တဲ့ ဘ၀တွေက ဟိုရှေ.က လူတွေ မျက်နှာမငယ်ဖို. ချိုးခြံ ချွေတာခဲ့ ရပါတယ် ဆိုတဲ့ ဘ၀တွေကို မလေးများသိရင် ဘာများပြောအုံးမလဲ ၊၊ မနက် အိပ်ရာထတာနဲ. ဈေးဆိုင်ဝင် ၊၊ ကျန်တဲ့ အစ်မ ၂ ယောက် ဈေးရောင်းဖြောင်. စေဖို. မနက်စာ ပြင်နေရတဲ့ ၄ တန်းကျောင်းသား အရွယ် အမောင်ငယ် ဟာ မောင်မိုးပါ ဆိုရင် မလေးဘာ ဆိုအုံးမလဲ ၊၊ ဒီလိုနဲ့ ကျောင်းကို မောင်နှမတွေ ကသုတ်ကရုတ်ပြေးလို. စာတွေ သင်ကြပေါ့ ၊၊ ကျောင်းဈေး ဆိုင်တန်း က အစ်မကြီးက မောင်မိုးဆီက ပိုက်ဆံရရင် ထီထိုးမယ် လို. အနောက် ခံရတဲ့ အထိ တို.များ မောင် နှမတွေ တကြီမ်ဘူးမျှ ကျောင်းဈေးဆိုင်မှာ မုန်.၀ယ်မစားဘူးတာ တစ်သက်နဲ. တစ်ကိုယ် ၊၊ ၃ တန်း ၄ တန်း ကျောင်းသားဘ၀ မှာကတည်းက ကျောင်းတက်ရင်း မုန်.ရောင်းစားခဲ. ဘူးပါတယ် ဆိုရင် မလေး အံ့သြမလား၊၊
ဆိုင်မှာ ရောင်းတဲ့ ပြား ၈၀ တန် မုန်းတစ်ထုပ်ကုန်ရင် တစ်ကျပ်နဲ. ၂၅ ပြားရတယ် ၊၊ လွယ်အိတ်ထဲမှာ တင် ဈေး ဆိုင် တည် ထားခဲ့ တာ ၊၊

မလေးမသိခဲ့ ဘုးတဲ့ အမောင်.ဘ၀ ထဲက တစ်စိတ်တဒေသပေါ့ ၊၊ ဒီလို ဒီလိုနဲ အမောင်.ဘ၀ ပေါ . ၊၊ ဟိုတုန်း က မောင်မိုးဆိုတာ အခု ထိုင် ပြီးထမင်းစားနေတဲ့ အရာရှိကြီးပါ ဆိုရင် ယုံကြမယ်မဟုတ် ဘူးလေ ၊၊ သြော် မလေးငယ် နိုင်ငံခြား သွားတော. လိုက်ချင်လိုက်တာ ၊၊ မောင်မိုး အကိုကို ပြောပြတော. အကိုက တသက်မမေ့ စရာ ပြောပေးခဲ့တာ ၊၊ အေး ငါတို.က သူများလို ချမ်းသာတာ မဟဟုတ်ဘူး ၊ အခြားလူတွေ အတွက် နောက် တစ်ကြိမ်ဆိုတာ ရှိတယ် ၊၊ ငါတို.အတွက် စမ်းသပ်ခွင်.မရိုဘူး ၊၊ မင်းသွားချင်ရင်တော. ငါမရရအောင် ရှာပေး မယ် ၊၊ ဒါပေမယ်. သေတော. သေချာမစေနော်တဲ့ ၊၊ မလေး ရေ မလေးတို. အတွက် ၂၀ ၊ အစိတ် ဆို တာ ဈေး သွား ငါးဝယ် ၊ Shopping ထွက်သလောက် ရှိပေမယ် ၊ မောင်မိုးတို. ဘ၀ကို ကြည်.ပါအုံး ၊၊ အသက် ၂၃ ။၂၄ အရွယ် အလုပ်မလုပ်ဘူးတဲ့ ကောင်လေးက ဘယ် လို အာမခံချက်တွေနဲ. ဒီငွေတွေကို ယူဝံ့ပါ.မတုံး ၊၊

မလေးသိနေတဲ့ အစ်ကိုအကြီးဆုံ ဆိုတာက အပြောသက်သက်လေ ၊၊ ဘာမှမကူညီတဲ့ အပြင် အငယ်တွေကို စိတ် ဒုက္ခတွေပါ ပေးသေးရဲ့ ၊၊ အခုအချိန်မှ ရိုးသားစွာ ၀န်ခံရရင် မလေး တို.ဘက်က ငွေအကူ အညီကို သာ ရ ခဲ့ရင် အဲဒီတုန်းက လက် ခံမိမှာ အမှန်ပဲ ၊၊ မရှက်တမ်း ပြောတာပါမလေးရယ် ၊၊ အဲဒီအချိန်တွေ ကို ပြန်မတွေး ချင်ပါဘူး ၊၊ အဆိုးဝါးဆိုး ဖြတ်ကျော်ခဲ့ ရတဲ့ ဘ၀ ရဲ့ အစိတ် အပိုင်းေ တွ ပဲ ၊၊

ဒီနေ. လည်း ထူးထူးခြားခြား ကျေင်းကို ရောက်ဖြစ်ခဲ့ပြန်တာ ပေါ့  ၊၊ မလေး ရယ် မောင်မိုး ရယ် ပျော်ခဲ့ဘူး တဲ့ ကျောင်းကြီး ကတော့ ရောက်လာ တဲ့ သူတိုင်းကို ပျော်စေနေတုန်းပေါ့ ၊၊ တို.များလို ဘယ် နှစ်တွဲများ ကွဲလို. ဘယ်နှစ်တွဲများ ပေါင်းရမလဲ ကျောင်းကြီးကတော. သိရှာမယ် ထင်ဘူး ၊၊ လက်ခုပ်ပင် ကြီကလည်း ထီတည်း တစ်ပင်တည်း ၊၊၊ ခုများတော. ကိုယ် နဲ. ဘ၀တူပေါ့လေ ၊၊ ဘွဲနှင်းသဘင် လမ်းဘေးက ရေတမာစောက်ထိုး တွေက အရင် ထက်တောင် ဝေစည် လို.ရယ် ၊၊ ကိုယ်တို. လက်တွေ.၀င် ရတဲ့ လက်တွေ.ခန်း ဘက်လည်း စားသောက်ဆိုင် တွေနဲ့ ဝေစည် လို ရယ် ၊၊ ဗိသုကာ ဌာန က အဆောင်ပုလေး တွေက ပို ပြီး လှလို. ၊၊ မလေး ကြိုက်တဲ့ ခရေပန်းလေး တွေတောင် ဝေတပွင်. ကြွေတလွင်.နဲ. ၊၊

စီမံကိန်းတွေ တစ်ခုပြီး တစ်ခုပြီးလို. နေရာတွေ တစ်နိုင်ငံလုံး နှံ.နေပေမယ်. ကျောင်းမြေကို တော. ပုံမှန် လာ မိနေတုန်းပဲ ၊၊ ရောက်တိုင်းလည်း မလေးကိုလွမ်း နေဆဲပဲ ၊၊ မလေး တစ်ယောက် အဆင်ပြေတယ် ဆိုတာ ကြား တော. ရင်ထဲမှာ ၀မ်းသာ ပီတိ တွေ ဝေနေဆဲ ပဲ ၊၊ သြော် ဘာမှ မကြာဘူးထင် ရပေမယ်. အခု ဆိုရင် မလေး ရဲ့ သားသမီးတွေ တောင် အတန်းတွေ အတော် ရောက် နေရော.ပေါ့  ၊၊ မောင်မိုးဆိုတဲ့ လူတစ်ယောက် က တော့ ကျောင်းဖက်ကို ရောက်တဲ့ အခါတိုင်း ကြွေပေမယ်. လန်းနေဆဲ ဖြစ်တဲ့ ခရေပန်း လေးတွေ ကို ကောက် လို. သီနေဆဲပေါ. လေ ............
အဆင်သင်.ရင်ဖြင်. တခါတစ်ခေါက်လောက်တော. လာရောက်လို. နှူတ်ဆက်လိုက် ချင် စမ်းပါ ရဲ့............
လွမ်းလို.နေဆဲ

ဘယ်မဆုံပန်း

" မဟုတ်သေးဘူး လေးကြည်ဖြူ ........... နင်ထွက်သွားမယ်. လမ်းမှာ ငါဟာ ဆူးညှောင်ခလုတ်တစ်ခု မဖြစ်စေ ရပါဘူး ......... နင်သွားချင်ရာသွားဖို. ခင်းပေးထားမယ်. ခြေနင်းပျဉ် ပါးပါးလေးရယ် ပါ ........... "
-------------------------------------
ကြည်ဖြူရေ ....... နင်ဘယ်ဆီမှာများ ရောက်နေမလဲနော် ၊ နင်ရှိနေမယ်. အရပ်ကို မသိခဲ့ဘူးဆိုရင်လည်း ကောင်းသားလား ခုများတော. နင်န.ဲငါန.ဲ ဘ၀ က နီးလျက်နဲ.ဝေး ၊ ကျွမ်းလျက်နဲ.ဆွေးနေရပါလားနော် .....

ငါလေ ဒီနေရာကို ပြန်ရောက်တိုင်း ၊ ရင်ထဲမှာ မချိအောင်ခံစားရတာ ကိုယ်တိုင်သာ သိပါတယ် ၊၊ မလာပဲလည်း မနေနိုင် တာလည်း တာဆီးလို.မရတဲ့ နင်ကို ချစ်နေဆဲ ငါ့ရဲ အလွမ်းတွေ ကြောင်.ပေါ့ ၊၊ နင်ရဲ. သတင်းကောင်း တွေကြားရတိုင်း ၀မ်းသာဂုဏ်ယူမိပေမယ့် ၊ လွမ်းတဲ.စိတ်နဲ. မချိအောင်နာ တဲ့ ရင် နှစ်ခြမ်းက အလွမ်းတွေက ဗြမ်းဗြမ်းကွဲရော.ပေါ့ ၊၊

နင်က ငါ.ကိုမှာသတဲ့လေ " ပြုစု ပျိုးထောင်ခဲတဲ့ နင်.ရဲ.ကျေးဇူးတွေနဲ. ရရှိလာခဲ့တဲ့ အသိးအပွင်.တွေကို အခြား နင်မဟုတ်တဲ့ သူတစ်ယောက်ကို ပေးဆပ်နေရတာ ငါ ရင်အနာဆုံးပါတဲ့ " သြော် ခုချိန်ထိ ငါရင် နာ အောင် စကားတွေတက်နေဆဲပါလား မရွှေစာ ၊၊ နင်ရယ် ငါရယ် အတူရှိနေတဲ့ အချိန်လေးမှာ နင်စိတ် ချမ်းသာ တာကို မြင်ရရင် ကျေနပ်နေတဲ့ ငါက နင်လိုတာကို လုပ်ပေးဖို. ဆန္ဒ ဆိုတာက လွဲရင် ငါ.ရင်ထဲမှာ ဗလာပါ လေးကြည်ြ့ဖူ ရယ် ၊၊

" ငါရှိရာကို မလာနိုင်တဲ့ သူဟာ ငါ.ကို စော်ကားတာ မဟုတ်ဘူးလား တိုးမောင် " လို.နင်က တိုးမောင်ကို မေးတယ်လို . ငါ.ကို ပြန်ပြောပြတယ် ၊၊ သြော်မာနတွေ တံခွန်ထူလို. ၊ အောင်လံတွေ တလူလူ လွင်.နေဆဲ ပါလားရယ်လို. တွေးမိသေးတယ် မလေးရယ် ၊၊ ငါလေ နင်.ကို အသည်းနင်.အောင် ချစ်တယ် ၊၊ ဒါပေမယ်. နင်.ကို ရင်နာအောင်လည်း မုန်းတယ်သိလား ..........

နင်ရဲ့ အဆင်ခြင်တရားကင်းတဲံ့ စကားလုံးတွေ အောက်မှာ ငါရဲ့. သိက္ခာတရားတွေ ဘာမှကုန်းကောက် စရာမ ရှိတော.ဘူး ၊၊ ဒါပေမယ်. ချစ်နေဆဲပါ မလေးရယ် ၊၊ နင်ကို ချစ်တဲ့ အချစ်တွေက ဘာနဲတူလဲဆိုတော. ကန်တက် ကျောက်တက်တဲ့ ကလေးလေးကို ချစ်ရသလို ၊၊ ဆဲတက်ကာစ ကလေးသေးသေးလေးကို ချစ်ရသလို ၊၊ ဘာတွေဘယ်လိုပြောင်းပြောင်း ငါနင့်အပေါ်ထားတဲ့ မေတ္တာတွေ မပြောင်းလဲသေးတာ ငါ့ ဘာသာ အသိဆုံး ပါလေ၊၊

ဒီနေ.လေ ဘာကြောင့် မှန်းမသိဘူး နင်နဲ.ငါ အတူ အမြဲရှိနေခဲ့တဲ့ ပိတောက်ပင်ကြီး နားမှာ လာထိုင်နေမိတယ် ၊၊ အမေကတော. ငိုတယ်ကြည်ဖြူရယ် ၊၊ ထုံးစံအတိုင်း သူက ငါ နင်.ကို သတိယနေတယ် ထင်တိုင်းပေါ. ၊၊ ငါပြောပါတယ် ဟာ အားလုံး ဟာကံတရားပါလို. ၊၊ အမေ့ သား သူ.ကို သတိယနေတာမဟုတ်ဘူး ၊ သားရဲ့ဘ၀ ကို သားလွမ်း နေတာ ပါလို. ၊၊ သူသာ တကယ် ချစ်ရင် သားရဲ့ အပြစ် တွေက သူ.ရဲ့ ချစ်ခြင်းတွေ အောက်မှာ အပြစ်ကင်း ပျောက်သွား မှာပေါ. လို. ၊၊ ငါ့မေက ရိုးသားပြီး ချစ်စရာကောင်းပါ တယ် ကြည်ဖြူရယ် ၊၊ ဒါပေမယ်. နင် လိုချင်တဲ့ ဂုဏ် သရေ ရှိတဲ့ ပညာတက် မိန်းမကြီးတော. မဟုတ်ဘူးနော် ၊၊

အဲဒီနှစ်က ငါ အတွက်ကံကြမ္မာဆိုး ၀င်တဲ့နှစ်ပဲ ၊၊ ငါတို.မိသားစု မှာ ငါဟာ သားကြီးတစ်ယောက် ၊၊ အငယ်တွေ ရှေ.ရေးကို အမေအိုကြီး တစ်ယောက်တည်း နဲ့. ငါ ဘယ်လိုထားခဲ့ရက်ပါ.မလဲ ၊၊ နင်ပြန်လာပြီး ငါ.ကိုခေါ်တော. အမေက ဘာမှမပြောဘူး ၊၊ သားသဘောပါတဲ့ ၊၊ ဒါပေမယ်.လေ အမေ ရယ် အဲဒီညက ငိုလိုက်တာ ဟယ် တည လုံး ပဲ ၊၊ငါပြန်မလာဘူး ထင်လို. ၊၊ ငါရှိနေတာကို အမေမသိဘူး ၊၊နောက် အငယ်တွေကို ပြောနေတာ ကြားတော့ ငါ.ရင်ထဲမှာ နင်.သွားတာပဲ ၊၊

" မင်းတို. အကိုကြီးက အမေတို.နဲ့ ဝေး ရာ ဟိုးအဝေးကြီးကို ထွက်သွားတော.မှာ ၊ ဒီရက်ပိုင်းမှာ ဘာမှ စိတ်ဆင်း ရဲစရာတွေ မပြောနဲ့နော် ၊ အမေ.သား စိတ်မဖြောင်.မှာ စိုးလို.တဲ့လေ "

ငါလေ မုန်းလိုက်တာ ၊ ငါကိုယ်.ငါပေါ .၊၊ နင်ကိုတော. အပြစ်မမြင်ရက်ပါဘူး မလေးရယ် ၊၊ နင်က ငါတို. ဘ၀တွေကိုမှ မသိဘဲကိုး ၊၊ နင်ဖြတ်သန်းခဲ့ ရတဲ့နင့်ဘ၀က အဆင်ပြေတဲ့ အခြေတင့်တဲ့ ဘ၀ကိုး၊၊ ငါ.အမေ သနားစရာပါ မလေးရယ် ၊၊ နင်.ကို ငါဘယ်တုန်းကမှ မပြော ဘူးတဲ့ အကြောင်းလေးပေါ .၊၊ နင်မှတ်မိမလား ၊၊ ငါကို.ကားမောင်းတက်လားမေးတော. လေ၊၊ အမေ.ကို ပြန်ပြောပြတော . အမေက သားရယ် ဟုတ်သား ပဲ ငါ.သားက ကားမောင်းတက်ရမှာပေါ့ ၊ သွားပြီးသင်တန်းတက်နော် ဆိုပြီး သူရဲ့ နားကပ်လေးကို ငါမသိအောင် ပေါင် ပြီးပေးရှာတယ်လေ ၊၊ သူသိပ်မြတ်နိုးရှာတဲ့ တစ်ရံတည်းသော မြနားကပ်လေး ၊၊ ငါ.အမေဟာ နင်ကို သိပ် ချစ်သလို လေးစားနေဆဲပါ မလေးရယ် ၊၊

ဟိုတစ်နေ.က နင်တို.အိမ်က နင်တို.ရဲ မင်္ဂလာဆောင်ဖိတ်စာ လေး လာ ပို.သွား တယ်လေ၊၊ နင်.အမေ ကိုယ်တိုင် လေးလေး စားစား လာ ဖိတ်သွား တာ ပါ ၊၊ ပြောသွားပါ သေးတယ် ၊ မောင် မိုးရော ဘယ်တော. ယူမလဲ တဲ့ ၊၊ အခု လေးကြည်ဖြူ ကောင်လေး က လေးကြည်ဖြူကို အရမ်းချစ်သလို ၊ ပညာတက် ၊ ငွေရှာလည်းကောင်း ပါသတဲ့လေ၊၊ အမေက ၀မ်းသာ လို. နင်အတွက်လေ၊၊ နောက်ငါ.ကို ပြောသေးတယ် ၊၊ အလေး အတွက် ဂုဏ် ယူလိုက်ပါ သားရယ်တဲ့လေ၊၊ အမေတို.နဲ့သာ ရရင် ၊ ငါ.သားနဲ့သာဆို ဒီလောက် အဆင်ပြေမှာမဟုတ် ဘူးတဲ့လေ၊၊ မျက် ရည် စတွေ ဝေလို.ပေါ. ၊၊

အခုတော. နင်လည်း နင်.ဘ၀နဲ.နင် အခြေကျနေပြီ ဆိုတော. ၊၊ ငါဟိုတစ်နေ. က ကျောင်းကို ကြုံလို. ၀င် ခဲ့သေး တယ် ၊၊ နင်အရမ်းသဘောကျ တဲ. လက်ပံပင်ကြီးလည်း ဒီအတိုင်းပေါ. ၊၊ လက်ပံပွင်.တွေ လည်း ဝေ လို.ကွယ် ၊၊ ကျောင်းရှေ. က မလေးရှား ပိတောက်တွေ က ပွင့် နေလိုက်တာ မလေးရယ် ၊၊ ငါတို.နောက်ဆုံး ကျောင်းကြီး မှာ ဆုံဖြစ်တဲ့ နေ.က အတိုင်း ပဲ၊၊ နင်မင်္ဂလာဆောင် အတွက်များ ဂုဏ်ပြုကြလေ သလားလို. ၊၊
နင်ရယ် ငါရယ် အတူတူစိုက် ခဲ့ဘူးတဲ့ စွယ်တော် ပင်လေးက ထူးထူုး ခြား အပွင်လေးနှစ်ပွင်.တည်း ၊၊ တစ်ပွင်. က အဖြူ ၊ တစ်ပွင်.က ခရမ်းရောင်လေး ၊၊ အပင်လေးကို ခြံစည်းရိုးလေး ခတ်ပြီး စာလေးရေးထားတာက ဘယ်မဆုံပန်းတဲ့ ၊၊ ဘယ်သူကများ နာမည်ပေးထားပါလိမ်.နော် ၊၊ တို.များစိုက်ခဲ့ တယ်ဆိုတာာ သူတို.မှ မသိဘဲလေ ၊၊ နောက် ထူးထူး ခြားခြား အပင်တမျိုး တည်းက အရောင် နှစ်မျိုးနဲ့ ပန်းတွေပွင်.နေတာ ကိုး ၊၊
ဒီ ဘယ်မဆုံ ပန်းပင်လေးကို မောင်မိုး နဲ. လေးကြည်ဖြူ ဆိုတဲ့. ဘယ်တော.မှ မဆုံနိုင်တဲ့ ချစ်သူ နှစ်ဦး စိုက်ပျိုး ခဲ့ဘူးတယ် ဆိုတာတော. တိုများရဲ. ဘေးက လက်ခုပ်ပင်ကြီး လည်းသိမှာပဲ ၊၊ တို.များလျှောက်နေကြ ဘွဲနှင်းသ ဘင်လမ်းကြီး လည်းသိမှာပဲ ၊၊ နောက် စာသင်ဆောင်ဖြူဖြူ ကြီးတွေလည်း သိနေမှာပဲနော် ၊၊

နောက်တစ်ခေါက် ကျောင်းကြီးကို ပြန်လာဖြစ်ခဲ့ရင် ဘယ်မဆုံ ပန်းပင်လေးရယ် ၊ အဲဒီအပင်နား မှာနင်.ကို နေ.တိုင်းလွမ်းနေရှာတဲ့ မောင်မိုးဆိုတဲ့ ငါ.ဆီရယ်ကို တစ်ခေါက်လောက်ဖြစ်ဖြစ် လာကြည်.ခဲ့ပါလား လေးကြည်ဖြူ ..

နင်.ကို အလွမ်းပြေ ကြည်.ရုံလေးသက်သက်ရယ် ပါ .........................
ပြီးတော. နင် မယုံတဲ့ ဘယ်မဆုံပန်း လေးလည်း ပြချင်ရုံပါ ဟယ်..................

Friday 17 April 2009

မင်္ဂလာနှစ်သစ် ဖြစ်ပါစေ

HAPPY NEW YEAR
2009
မင်္ဂလာနှစ်သစ်ပါ
၁၃၇၁
New Year is the Time for people to cleanse themselves of the defilement , they might have collected during the year and look forward to a better life
Wishing You and Your Family Good Health and Good Wealth in very Happy at Myanmar New Year 1371
May the New Year Brings You
Good Health , Happiness , Prosperity and other Good Things .
Best Wishes
MINN EAIN

Thursday 16 April 2009

2009 Mandalay Thingyan

Dear all

Let me share Mandalay Thingyan Photos

I just receive from one of my fris .

Pls visit to this link ညီမင်းစံ

I informed and requested to Blog owner to share all of my fris ........

Photos of Mandalay Thingyan .

So Nice Photos................

Monday 13 April 2009

2009 စင်ကာပူသင်္ကြန်

.
ToPaYoh ဘုန်းတော်ကြီးကျောင်း ဘုရားဆောင်



သီလယူသူများနှင်. ကြည်နှူးစရာ






သီလယူပြီး စတုဒီသာ တိုးဖို. ပြေးကြတာ







မြန်မာတွေပျော်တဲ့ပွဲက သင်္ကြန်ပွဲပါ ၊၊ သင်္ကြန်သံကြားရင် ရင်တုန်သလို ၊ ရင်ခုန်သလို ၊၊ December ကျော်လောက်ကတည်း က သင်္ကြင်္န်သံတွေကြားနေရပြီ ၊၊ မြန်မာပြည်ကို ပိုလွမ်းမိပါသည်ပေါ့ ၊၊ သင်္ကြန်ကို တူတူ ရင်ခုန်ရအောင် ဓါတ်ပုံလေးတွေ ပဲ တင်ပေးလိုက်ပါတယ် ၊၊ အမှတ်တယပေါ့ ၊၊ ကျွန်တော်အတွက် ဓါတ်ပုံတွေ အလကားရိုက်ပေး တဲ. Nicolas ၊ Jerry ၊ Richard နှင်. ကို ဒီပတို.ကို ကျေးဇူးပါ ၊၊ ကိုယ်တိုင်တော့ မရိုက်နိုင်ခဲ့ဘူး (အချိန်မရလို.ပါ ၊ ဟုတ်ပါဘူး Camera မရှိလို.ပါ ) ၊၊ ကိုယ်.ပုံတော. ချစ်တီးနဲ. ကိုဒီပ ရိုက်ပေးလို. ရခဲ့သေးတယ် ၊၊ နောက်ဆို လာ မကြည်.မှာစိုးလို. ကိုယ်.ပုံတော. တင်ပေးတော.ပါ ဘူးဗျာ ၊၊ ( ကြည်.ချင်သူများ Email မှတဆင်. တောင်းယူနိုင်ပါသည် ၊ သင်္ကြန်တွင်း အထူး Discount ပါ .... kwi kwi ..... )



စာတော.ကျွန်တော်.သူငယ်ချင်း ကိုဒီပဆီကပဲ ကြည်.လိုက်ပါတော.၊၊ ကျွန်တော်တောင် ကွင်းနာမည် တွေဘာတွေ သူ.စာ ဖတ်ပြီးမှ သိတာ ၊၊ ဟီဟိ ၊၊ ဘာဖြစ်မှန်းမသိဘူး ဒီတမနက်လုံး ဓါတ် ပုံ တင်တာ ဘယ်လိုမှ အဆင်မပြေဘူး ၊၊ စာလည်းရိုက်ချင်တော.ဘူး ၊၊ အခုပဲ ၂ နာရီထိုးပြီ ၊၊ မနက် ၉ နာရီထဲက စတာ ဘယ်လိုမှ လုပ် ရဘူး ၊၊ တင်လိုက် ပြုတ်လိုက် စာ ရိုက်လို.မရလိုက်နဲ. ၊၊ ပုံစာလေးတွေလည်း ရိုက်ပေးချင်တာ ၊၊ ရှင်ဖုန်း ပုံတွေလည်း ပျောက်ကုန်တယ် တင်ပြီးမှ ၊၊
ToPaYoh ကျောင်း စတုဒီသာ ပျော်ရွှင်စရာ


ရွှေတို.ဆုံ ရာ City Hall က Peninsula Plaza စည်းကမ်းရှိတဲ့ရွှေမြန်မာ ၊ စတိတ်ရှိုးဝင်ဖို. တန်းစီကာ ( စိတ်မကောင်းစရာ ၊ ကိုရွှေရဲကို အဖြူထည်ကြီးပြသနာရှာတဲ့ ညီအစ်ကိုများ လည်း တွေ.ရတာ )
မိဘအတွက် ၊ မိသားစု အတွက် ကြိုးစားကြပါလို.ဆိုရှာတဲ့ ဦးဇော်ဝမ်း ( ကျေးဇူးပါ ) ကိုဥက္ကာ ဘာတွေများ See နေတာတုန်းဗျာ ၊၊ လက်မှတ်တွေ ကံစမ်းမဲ ဖောက်တော. နံပါတ် တစ်သောင်း ကျော်တယ် လို. သူ ငယ်ချင်းတစ်ယောက်က ပြောပါတယ် ၊၊ ပျော်စရာ ပါ ၊၊ အလွမ်းတွေ ပြေပါတယ် ၊၊ ရေအများကြီး မလောင်းရလို. မကျေနပ်တဲ့ သူလည်း ရှိပါတယ် ၊၊ ဒါပေ မယ်. ဘာဖြစ်ဖြစ် ဒီလောက်ဆိုလည်း တော်ပါပြီလေ နော်..............

ဝတ်စုံတွေ အများကြီး လဲတဲ. Presenter မမ ကလည်း တကယ်တော်တာ ၊ မင်းသမီးတောင် ရှုံးတယ်ဗျာ..စတာနော် အစ်မဘယ်သူလဲသိဘူး ဟိဟိ

လာခါနီးမှ မီးမလာလို. CD မခုတ်ခဲ့ရ ပါဆိုတဲ့ ကို မျိုးကျော.မြိုင်တစ်ယောက် အသက် ၂၀ကျော်နဲ. ရည်စား ၃ ယောက်ပါတဲ့ ၊၊ ဒိုင်ရှိုကတော. အများကြီးပေါ့ ... ဒါကို လူတိုင်းသိပါတယ် တဲ့ ဟာဟ တော် လိုက်တဲ့သူ ဘယ်လိုများဒိုင်လျှိုထားပါလိမ်..............


မြင်ကွင်းက ပျော်ရွှင်စရာ ၊ လူတွေများ ထင်မှတ်စရာတောင်မရှိပါ ၊၊ ဘောလုံးတစ်ကွင်းလုံး ပြည်.ရှံကာ ၊၊ သင်္ကြန်အလွမ်းဖြေကြတာ ၊၊

မရှင်ဖုန်းလည်း ပျော်ရွှင်စွာ ၊ တယ်လီဖုန်းကို အပြစ်တင်နေဆဲပါ ( ကျွန်တော်တို.လည်း မကျေနပ်ပါ ဖုန်းခတွေ မတရားကျလို. တစ်လတစ်လ )




ဖြူဖြူက လိမ္မာရင် မြန်မာပြည် ပြန်ခေါ်သွားမယ် ဆိုတော. လိုက်ချင်ဘူး လိုက်ချင်ဘူးတဲ့ အားလုံးက




ရဲလေးကတော. ထခုန်တဲ့ ၊
ကိုစည်သူက လွမ်းရယ်မပြေ တဲ့ကျောင်းကြီကို ပြန်ခေါ်သွားသေးရဲ့ ...........




ရေမှန်မီးမှန်ရင် ပြန်လာခဲ့ပါဆိုတဲ့ ၊ အားလုံးဟာဘ၀သမားတွေပါ လို. ပြောတဲ့ ကို ဆောင်းဦးက မြန်မာဟေ့ မြန်မာတဲ. ပြီးတော.
အားမငယ်ကြပါနဲ.တဲ့............. သူပြောသွားတာ ...

စင်ကာပူ ၏ အစဦးဆုံး နေ.ရက်များ (၃)


လွမ်းရပါသော နေ.လေးတွေ
.
ဒီလိုနဲ. စင်ကာပူမြေကို ခြေချလို. အပူတပြင်းလှမ်းခဲ့ရတဲ့ နေရက်တွေက တသက်မမေ့စရာပ ၊၊ အများသူငါ သူငယ်ချင်း Pioneers များလို ခက်ခက်ခဲခဲ မသွားရပေသည်. ပင်ပင်ပန်ပန်းတော့ လှမ်းခဲ့ရတာပ ၊၊ သူတို.များ ရဲ. အားပေးထောက်ပံ့ ကူညီ ဖေးကူမှူမျိုးနဲ. လွယ်ကူခဲ့ရတယ်လို. အမြဲပဲ အောက်မေ့ ဆင်ခြင်မိပါတယ် ၊၊ ရောက်လာတာက နိုဝင်ဘာ ၊ ဒီဇင်ဘာမို. အလုပ်က နည်းနည်းတော. ပါးစပြုပါပြီ ၊၊ စင်ကာပူထုံးစံ နှစ်ကုန် အပို ဆောင်းဆုလေးအတွက် ၊ အားလုံးကစောင်.စားနေရတော. ဘယ်သူမှ အလုပ် မထွက် ကြတဲ့ အတွက် အလုပ်သစ်ရှာ သူတွေအတွက် တော်တော်လေး ခက်ခဲတဲ့ ကာလပေါ. ၊၊

ဒါပေသည်. အင်တာဗျုးလေး တွေတော. အထိုက်အသင့် ရခဲ့ပါသည် ၊၊ တနင်္ဂနွေနေ. ရောက်ပြီးတနင်္လာနေ. နေ.လည်မှာ အင်တာဗျုးစသွား ရပါတယ် ၊၊ နေ.လည် ၂ နာရီလားမှတ်ပါတယ် ၊၊ နေရာတော. မေ့သွားပါပြီ ၊၊ ဘာ.ကြောင်.လည်းဆိုတော. အလုပ်ကအဆင်မပြေခဲံ့ဘူးလေ ၊၊ အဲဒီအင်တာဗျုးမှာ စတွေတာပါ ၊၊ သူကို.ပြေ ပြ ချင်တဲ့ အကြောင်းတွေ ရင်ထဲမှာ အပြည်.ပေါ. ၊၊ ဘယ်လိုအလုပ်တွေ လုပ်ခဲ့တယ် ၊၊ ဘယ်တွေမှာ လုပ်ခဲ့တယ် ၊၊ လုပ်သက်ဘယ်လောက် ရှိပါပြီ ၊၊ စသည်ဖြင်.ပေါ့လေ ၊၊ သို.သော် စိတ်မကောင်းစရာ ကောင်းတာက ကိုယ်ကို. ကိုယ်တောင် သေချာ မိတ်ဆက်မပေးတက်တဲ့ ဘ၀ ၊၊ မှတ်မှတ်ယယ အင်္ဂလိပ် လို လုံးဝပြောရတဲ့ အစပါ ၊၊

မြန်မာပြည်မှာ တစ်ခါ အင်တာဗျုးဝင်ဘူးပါတယ် ၊၊ ဂျာမဏီသံရုံး မှာ ၊၊ ဌာနက တဆင်. သွားဖြေရတာ ၊ အခြား လုပ်ဖေါ်ကိုင်ဖက်တွေလည်းပါ ပါတယ် ၊၊ သံအမတ်ကြီးဆိုသူ (နှာခေါင်းရှည် ရှည် လူကြီးနဲ.တွေ.ရတာ ) ပေါဗျာ၊၊ သဘောကောင်းတယ်ဗျ ၊၊ ပြောလိုက်ရတာ ၁ နာရီလောက်ကြာမယ်ထင်ပ ၊၊ ဒါပထမဆုံး အင်္ဂလိပ်လို မြန်မာပြည်မှာ ပြောဘူးခြင်းပါ ၊၊ အင်္ဂလိပ်ကောင်းတာ တော. ပြောမနေနဲ.တော. ၊၊ ဒီလိုဒီလို ၊၊ အဲတော. ဒီမှာ အင်တာဗျုးလည်းဝင် ရော စတွေ.တာပေါ. တရုတ်ကြီးနဲ. ၊၊ ဒီလိုနဲ. ဒီလိုနဲ.ပေါ.ဗျာ ၊၊ အဓိက ပြောချင်တာက တော. အင်္ဂလိပ်စာ ကောင်း ခြင်းနှင် အင်တာ ဗျုး အကြောင်းပါ ၊၊ ကြွားတာပါ ကြုံလို. ၊၊

အဲဒီလိုနဲ. ရလာတဲ့ အင်တာဗျုးလေးတွေသွား ဖြေရင်း အလုပ်ရလာတာပေါ့ဗျာ ၊၊ အဓိက တင်ပြချင် တာကတော. ကျွန်တော်တို. ကျင်.သုံးခဲတဲ့ နည်းစနစ်လေးတစ်ခုပေါ့ဗျာ ၊၊ ကျွန်တော်တော. ဘယ်တော.မှ မေ့မှာ မဟုတ်သလို ၊ အကြံလည်းပေးမိပါတယ် ၊၊ သိုသော် သို.သော် ........ ၊၊ ကျွန်တော. သူငယ်ချင်းတစ် ယောက်က ကျွန်တော်. အရင် ရှေ တစ်ပတ်မှာ ရောက်တာဗျ ၊၊ အမှန်တိုင်းပြောရရင် အဲဒီသူငယ်ချင်းက တဖွဲ. တည်း တွဲခဲ့တဲ့ သုငယ်ချင်းတွေမဟုတ်ပါဘူး ၊၊ အတန်းတူ သူငယ်ချင်းပါ ၊၊ အစအနောက်လည်း သန်တော. သတိထားပေါင်းရတဲ့သူငယ် ချင်းပေါ့ ( သူငယ်ချင်းရေ စတာနော် ၊ မင်းပြန်စမှာ ကြောက်လို.ပါ )

ကျွန်တော်ရောက်တဲ့ အချိန်မှာ သူလည်းအင်တာဗျုးမရသေးဘူး ၊၊ ကျွန်တော်နဲ.မှ အတူတူ အင်တာဗျုးရတာပါ ၊၊ သူလည်းရ ကိုယ်လည်းရပေါ. ၊၊ ဒါပေမယ်. ကုမ္မဏီက မတူဘူး ၊၊ ကျွန်တော်တို. ဘယ်လို လုပ်လိုက်လည်း ဆိုတော့ တူတူသွားမယ် ၊၊ မေးမယ်ပေါ. ရရင် ၂ ယောက်တူတူ ဗျုးမယ် ဆိုပြီတော. ၊၊ နောက် အဲဒီလို လည်း လုပ်ခဲ့ပါတယ် ၊၊ တကယ်လည်း တူတူ သွားတယ် ၊၊ HR မှာ ၀င်မေးတယ် ၊၊ ကျွန်တော်. သူငယ်ချင်းလည် အတူတူပဲ အင်တာဗျုးဝင်လို. ရမလားဆိုပြီးတော. ၊၊ တချို.လည်း လက်ခံတယ် ၊၊ တချို.လည်း အဆင်မပြေဘူးပေါ့ ၊၊ ဘာပဲဖြစ်ဖြစ် အင်တာဗျုးဝင် ခွင်.ရတာဟာ ကျွန်တော်တို. အတွက် ၅၀ % သေချာ တာပဲ မဟုတ်လားဗျာ ၊၊ တကယ် ကို ဒီလိုလုပ်ပြီး အလုပ်ရှာ ခဲ့တာပါ ၊၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် တို. တကယ်ကို ဖေးမကူညီခဲ့ကြပါတယ် တစ်ယောက်ကိုတစ်ယောက် ၊၊

နောက်သူငယ်ချင်းတစ်ယောက်က တော. ပြောင်းပြန်ပါ ၊၊ မြန်မာပြည် မှာတုန်းကတော. အတူတူ အလုပ်ရှာရ အောင် ၊ ဖေးမကူညီကြတာပေါ့ ၊၊ အမြဲပြောနေတက်တာပါ ၊၊ ဒါပေမယ်. ဒီကိုရောက် တော. အိတ်မဖောင်းပဲ စိတ်တွေ ပြောင်ပြီး မပြောနိုင်မဆိုနိုင်ပေါ့ဗျာ ၊၊ ဖြစ်ချင်တော. အင်တာဗျူးတစ်ခုမှာ သွားဆုံပါသေးတယ် ၊၊ ကျွန်တော်. ရဲ့ အခြားသူငယ်ချင်းဆို အင်မတန်မှ အမြင်ကတ်ပါတယ် ၊၊ အဲဒီသွားဆုံတဲ. အင်တာဗျုးမှာ ဖြစ်ချင်တော. ကျွန်တော် တို. Offer ရခဲ့ပေမယ်. သူကတော.အဆင်မပြေခဲ့ ဘူးကြားရတယ် ၊၊
ကျွန်တော်တို. အလုပ်ရသွားထဲ့အထိ အဲဒီသူငယ်ချင်း အဆင်မပြေရှာပါဘူး ၊၊ နောက်အတော်ကြာမှ အဆင်ပြွေသွားပါတယ်၊၊ ကြုံခဲ့ဘူးတာလေးပေါ.နော် ၊၊

နောက်တစ်ယောက်ကတော့ ဘယ်လိုလဲဆိုတော . အင်တာဗျုးတစ်ခုမှာ တူတူသွား ဆုံ ရပါတယ် ၊၊ သူဌေးလုပ်သူကကျွန်တော် တို.ကို ပုံမှန်ထက် ဈေးချပြီးလုပ်ခိုင်းပါ တယ် ၊၊ ကျွန်တော်တို.က နှစ်ယောက်ဆိုတော. တိုင်ပင်လို.ရတယ် ၊၊ နောက် သူငယ် ချင်းတွေကို လှမ်းမေးလို.ရပါတယ် ၊၊ ဥပမာ ကိုယ် က ၃ ယောက် သူက ၃ ယောက်ဆို ကျွန်တော်တို. လူ ၆ ယောက်ရဲ့ အကြံဥာဏ်ကို ရပါတယ် ၊၊ စဉ်းစားလို. ရတာပေါ. ၊၊ အဲဒီသူငယ် ချင်း တစ်ယောက်က ကျောင်းမတူပါဘူး ၊၊ တက္ကသိုလ်တော.တူတာပေါ့လေ ၊၊ သူကတော.မြိုးကြီးကျောင်းကပေါ့ လေ ၊၊ သူက လာပြောပါတယ်၊ ဈေးချပြီးလုပ်ခိုင်းတာ လက်မခံဖို. ၊၊ မြန်မာတွေ ဈေးမဖျက်ဖို. ၊၊ သူကလာပြောတာနော်၊ သူက အရင်ရောက်နေတာ ၊၊ အဲဒီအချိန်မှာ ကျွန်တော်တို. လက်မခံဖို. ဆုံးဖြတ်ပြီးသားပါ ၊၊ နောက်အင်တာဗျုးတွေလည်း ရပြီးသားပါ ၊၊ ကိုယ်တွေကတော. သူတို.ိုမြိုကြီးသားတွေလို အပြောမတက်တော.အင်းပါပေါ. ၊၊ ကျွန်တော်တို.လက်မခံဘူး နောက်လည်းရပြီးနေပါပြီပေါ့၊၊

နောက်ဖြစ်ချင်တော. အိမ်မှာ တူတူနေတဲ့ အစ်ကိုကြီးက အဲဒိကုမ္မဏီကနေ Resign တင်ထားတဲ့အချိန် ၊၊ သူပြောပြလို. ကိုယ် ကအကြောင်း သိတော. မကောင်းတဲ့အကြောင်း ပြောပြမယ်ပေါ့ ဆိုပြီး ဟိုပုဂ္ဂိုလ်ကို ဖုန်းဆက်တော. ၊၊ ခုနက တရားတွေ ဟောသွားတဲ့ မြိုကျောင်းသားကြီးက လက်ခံထားတယ် ၊၊ ပေးထားတဲ့ လျော.ဈေးနဲ. ၊၊ လူတွေသဘာဝ ရယ်ချင်မိပါရဲ့ ၊၊ အဲဒီလူကို ဒီနေ.ထိလည်း မှတ်မိနေသေးတယ် ၊၊ နာမည် ရယ် ၊ မေဂျာရယ် ၊၊ ကျောင်းရယ် ၊၊ လူတော. ပြောပြမှ မှတ်မိမှာပါ ၊၊ ခုဒီစာကို ဖတ်နေမယ်. သူ တစ်ယောက်လည်း ဖြစ်ချင်ဖြစ်မှာပေါ. နော် ၊၊ သူ.မှာလည်း သူ.အခက်အခဲတော.ရှိမှာပါလို. တွေးပြီးဖြေပါတယ် ၊၊ ဘာလဲမသိဘူးဆိုပြီး ရီချင်တာပါ ၊၊ လူတွေ ဟာ တကယ် အရေးကြုံလာ မှ အကြောင်းသိရတာပါ ၊၊

ကျွန်တော်ပြောပြချင်တာက ကျွန်တော် အသုံးပြုခဲ့တဲ့ နည်းလေးကို ကျွန်တော်တို.တော. သဘောကျပါတယ် ၊၊ ပိုကောင်းတယ်လို.လည်း ထင်ပါတယ် ၊၊ တစ်နှစ်ပြည်.တဲ.နေ.တုန်းက မှတ်မှတ်ယယ လေး လာတုန်းက ကူညီထားတဲ့သူငယ်ချင်းတွေဆီကို ကျေးဇူးတင် အမှတ်ယနေကြောင်း Message လေးပို.လိုက် ပါတယ် ၊၊ အားလုံးက ပြန်ပို.ပါတယ် ၊၊ အဆင်ပြေပါစေတို. ၊ အချိန်ကုန်တာ မြန်လိုက်တာတို. ၊ ဒါဟာ ဘ၀ အစပဲ ရှိသေးတယ် တို. ၊ ဒါဟာဘ၀နဲ.ယှဉ်ရင် သေးသေးလေးပါတို. ( ကျေးဇူးရှင်ပြန်ပို.တာပါ ) စသည်ဖြင်.ပေါ.လေ ၊၊ အဲဒီသူငယ်ချင်း ပြန်ပို.တဲ့ Message လေးကို အခုထိသိမ်းထား မိသေးတယ် ၊၊ သူက ဘယ်လိုပြန်ပို.လဲဆိုတော့ " Ialso Thank You So Much . We have to go ahead . So we can remember and thank each other . I always remember our begining time in sg . I distributed other people to looking for job like you and me . But they could not do .So our understanding very high . Thank again fri . Everything is Good Luck for you "

ဒါကြောင့် ဒီအကြောင်းအရာလေးကိုဝေ မျှတာပါ ၊၊ ဘာပဲဖြစ်ဖြစ် အတူတူ သာ တိုင်တိုင်ပင်ပင် လုပ်ကြရင် ပျော်စရာ ကြီးပါ ၊၊ ပြန်တွေးလိုက်တိုင်းလည်း ကြည်နူးရပါတယ်၊၊ အခုချိန်ထိလည်း ကျွန်တော်တို. ကိစရှိရင် တိုင်ပင်အကြံပေးနေဆဲ ၊၊ ဒါပေမယ်. ကျွန်တော်တို.မတွေ.ဖြစ်တာ ကြာပေါ. ၊၊ ဖုန်းနဲ.ပဲတွေ.ဖြစ်ကြတာပါ ၊၊ သူရဲ. သတင်းကောင်းတွေ ကို ဝေမျှတိုင်း မုဒိတာ ပွားနေရဆဲ ၊၊ ကျွန်တော်.အတွက်လည်း ဖေးမကူညီနေ ဆဲပါ ၊၊ (မနာလိုတာ တစ်ခုတော.ရှိရဲ. မကြာခင် အိမ်ထောင်ပြုတော့မယ်တဲ့ ၊ နောက်တာပါ ) ၊၊ ဒီလိုသူငယ်ချင်း မျိုးနဲ. ဘ၀တစ်ကွေ.မှာ ဆုံတွေ.ခဲ့ရတာ ဟာ အဆိုးတွေထဲက အကောင်းလေးတစ်ခုပေါ.ဗျာ ၊ ကျွန်တော်.အတွက်တော့ ၊၊
(ဓါတ်ပုံလေးသုံးခွင်.ပေးတဲ့ Jerry ကို ကျေးဇူးပါ ၊ Topayoh ဘုန်းကြီးကျောင်းက နေ ရိုက်ထားတဲ့ ပုံလေးပါ )