Friday 7 August 2009

Behind the Achievement


အောင်မြင်ခြင်းတွေရဲ့ နောက်ကွယ် က ကြိုးစားခဲ့ရခြင်းတွေကို လူတွေ မသိတာဟာ သဘာဝ တရားပါပဲ ၊၊ တကယ်ကို အောင်မြင်လာတဲ့ တစ်နေ့ရောက်မှ ကိုယ်နောက်ကွယ်မှာ ကျိုးစားခဲ့ ရတာ ဒီလောက်ပင်ပန်းဆင်းရဲ့ခဲ့ပါလားရယ်လို့ နောက်ခရီးကို ပြန်ကြည့်ရင် ခပ်ဝါးဝါးမြင်ရတက်တာက ကြမ်းတမ်းတဲ့ ခရောင်းလမ်းပေါ့ ၊၊ အဲဒီတော့မှ လူတကာကစုတ်သပ် အင်း… သူ့ခဗျာ ပင်ပန်းခဲ့ရှာတာ ရယ်လို့ ၀ိုင်ဝန်းနှစ်သိမ့်လို့ပေါ့ ၊၊ သူကလည်း အပြုံးနု ယဲ့ယဲ့လေးနဲ့ နှစ်သိမ့်မှုတွေကို ခံယူရင်း….. စဉ်းစားဖြစ်တာက ငါတကယ်တော်ပါလား လို့………….

အင်း မအောင်မြင်ပဲ ကျဆုံးခဲ့ရတဲ့ လူတစ်ယောက်ရော ၊ အဲဒီလူ ဖြတ်သန်းခဲ့ရတဲ့ ဘ၀လမ်းကရော မကြမ်းတမ်းတော့ဘူးတဲ့လား ၊၊ အောင်မြင်မှုတွေနဲ့ လူကို ၀ိုင်းဝန်းနှစ်သိမ့်နေကြသလို ကြိုးစား ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့လူတွေကိုရော မနှစ်သိမ့်ပေးတော့ဘူးတဲ့လား ၊၊ သူတို့ေ၇ာ ခရောင်းလမ်းကို ဖြတ်သန်းခဲ့ရတာပါပဲ ၊၊ ခရောင်းလမ်းဆိုတာ အောင်မြင်သူတွေ အတွက်သာ လူတကာမြင်ပေမယ့် မအောင်မြင်တဲ့သူတွေအတွက်တော့ ခရောင်းလမ်းလေးတောင် ဟောင်းနွမ်း နေပါရောလား …..

Thursday 6 August 2009

Got Feeling !


ကျွန်တော်ကိုယ်တိုင်က မကောင်းခဲ့ လို့ ဒီလို မျိုးတွေနဲ့ ဆုံရတယ်လို့ပဲ မှတ်ပါတယ် ၊၊ ဒါပေမယ့် သေချာတာကတော့ သိတက်တဲ့အချိန်က စလို့ မဆိုးမိအောင် ထိန်းသိမ်းနေမိပါတယ် ၊၊ မှားခဲ့ ဘူးတဲ့ အတိတ်ဆိုးက ဖျောက်ဖျက်လို့ မရတာ သိပေမယ့် ၊ တောင်းပန်ရုံနဲ့ မကျေနပ် နိုင်တာ သိပေမယ့် ၊ ဘယ်လိုမျိုး မှကျေနပ်နိုင်မှာလဲ ၊၊

လူတကာအပေါ်မှာ မကောင်းခဲ့ပေမယ့် တက်နိုင်သမျှ လူတိုင်းအပေါ်မှာ ကောင်းဖို့ ကြိုးစားခဲ့တာ ကိုတော့ အနီးကပ်သူငယ်ချင်းတွေ အသိဆုံးပါ ၊၊ လိုတရပြီး ပြည့်စုံကုံလုံတဲ့ အသိုင်းအ၀ိုင်းက ဆင်း သက်လာတာ မဟုတ်လို့ မပြည့်စုံခြင်းရဲ့ ခံစားချက်ကို နားလည်သမို့ တက်နိုင်သမျှ နဲ့ လူတကာကို နှုတ်၏စောင်မခြင်းနဲ့ ကြားပွဲစားလုပ်ပေးခဲ့တာလည်း အခါခါပါပဲ ၊၊

ကျေနပ်ပါလေ ၊၊ အစွဲအလန်းတွေ မေ့ဖျောက်ပေးပါ ၊၊ ကျေးဇူးပြုပြီး မေ့လျော့ပေးပါ ၊၊ မဖြစ်နိုင်တာ တောင်းဆိုမိမှန်းသိပေမယ် ၊ ခွင့်လွှတ်ပေးပါ ၊၊ ဒီကောင်မှာ အဲဒီလောက် အကြံမရှိသလို ၊ အဲဒီ လောက် ဥာဏ်မသိတာကြောင့် နောက်ကွယ်က ထပ်ထိုးမယ့် ဓါးတစ်ချက်ထက် ၊ ရှေ့ က ထိုးလာ မယ့် လှံဆယ်ချက်ကို ပြုံးပြုံးကြီးခံယူပါရစေ ၊ ဘယ်အချိန်မှာ ထပေါက်မယ် မသိတဲ့ အဏုမြူ ဗုံး တစ်လုံး ခါးပိုက်ကြားမှာ ပိုက်မထားပါရစေနဲ့ ၊၊ သည်းမခံနိုင်တဲ့အဆုံး အဝေးဆုံးကို ပြေးပုန်းရ ပါလိမ့်မယ် ၊၊ ထာဝရပေါ့ ၊၊

( အလှည့်ကျတော့ မနွှဲ့စတမ်း ဆိုတော့လည်း အင်း …… ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ရှိပါစေလေ )

Wednesday 5 August 2009

ခုတလော ... များ

ခုတလောမှာ အမှန်တိုင်းပြောရရင် ဘာမှကို မလုပ်ချင်တာ ၊၊ P::

ခုတလော

တွေးနေမိတာက


အလုပ်တွေ အကြောင်း ၊ ပြောင်းရင်ကောင်းမလား မပြောင်းရင်ကောင်းမလား ၊၊

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ပိန်နေတယ် ၊၊ ဘယ်လောက်စားစား မ၀ဘူး ၊၊ Oramin G လည်း မကယ်နိင်ဘူး ၊၊ စားသမျှ ဘယ်ရောက် သွားမှန်း မသိဘူး ၊၊ ပိန်မြဲ ၊၊

ကျန်းမာရေး

ကျန်းမာအောင် နေ နေပါတယ်။ ပြေးတယ် ၊ ရေသွားဆော့တယ် ၊၊ MC ဆိုပြီး ပျင်းလို့အိပ်ချင်တာ တစ်ခုပဲ ၊၊

ဖတ်ဖြစ်တဲ့စာအုပ်တွေက

ဂျူး
ငါ မင်းကို ဘယ်တော့မှ ( အခုပဲ ဖတ်နေတာ )

ရောက်နေဖြစ်တာက

Topayoh က မြန်မာဘုန်းကြီးကျောင်း ၊ ဘာလို့ ရောက်နေမှန်းမသိဘူး အခုဆို အပတ်တိုင်းလိုပဲ


ရေးဖြစ်နေတာက

လုံချင်း ကမ်းလှမ်းထားတာလေးတွေ ဖြတ်နေတယ် ၊၊ ဟီဟိ
မဟုတ်ပါဘူး ငွေရေးကြေးရေးကြောင့် ဒီမှာ ပိုလီ မထားချင်လို့ မြန်မာပြည်မှာ ဆေးကျောင်းတက်ဖို့ ညီလုပ်သူ ကို တရားချတဲ့စာေ၇းနေပါတယ် ၊၊ ဟိုတစ်ပတ်က ၁၀ တန်းကောင်ကို လျှောက်လွာ ၇ မျက်နှာ ဆုံးမစာ အရှည်ကြီး ပို့ပြီးပြီ ၊၊ ဖတ်မဖတ်တော့မသိ ၊၊ အခုက နောက်တစ်ကောင် အတွက်


နားထောင်ဖြစ်နေတာက

အောင်ပါစေ ၊၊

ရွတ်နေမိတဲ့ကဗျာက

ဘယ်သူသေသေ ငတေ မာရင် ပြီးတာပဲ P:
အော်နောက်တစ်ခုကတော့
ဟန်ဆောင်မျက်နှာဖုံးနဲ့ ကိုမောင်လုံး ဟီဟိ

ဖြစ်ချင်နေတာက

ဘာမှမှ မရှိတာ မဖြစ်ချင်ပါဘူး ၊၊ အင် ဟုတ်သေးပါဘူး အေးချမ်းချင်ပါတယ်

စားဖြစ်နေတတ်တာက

ဒီနေ့ နန်းကြီသုတ်စားတယ် ၊၊ မနေ့ညကတော့ ဘာမှန်မသိတဲ့ တရုတ်မုန့်ဟင်းခါး သွားစားတယ် Bugis မှာ ကောင်းတယ် ဗျ ၊၊ ဈေးလည်းကြီးတယ် P:


သနားနေမိတာက

မျက်နှာဖုံးတွေ ပြောင်းပြောင်းပီး စွပ်နေရတဲ့ မျက်နှာတွေ ပြီးတော့ ဟန်ဆောင်ပြုံးတက်တဲ့လူတွေ


လွမ်းနေမိတာက

အင် အင်း ဘယ်သူ့ကိုလွမ်းရပါ့ ၊၊ ရွာဘုန်းကြီးပျံ ကိုလွမ်းတယ် ၊ ကောင်ညင်းကျည်တောက်စားချင်လို့

မေ့လျော့ပစ်နေမိတာက

အကြွေးများ ( ကိုယ်ပေးရန် )


ခါးသက်နေမိတာက

အခုပဲသောက်လိုက်တဲ့ ကြက်ဟင်းခါးသီးဖျော်ရည် ( ၀တယ် ဆိုလို့ တစ်နေ့ ၂ ခွက်သောက်တယ် )

တမ်းတနေမိတာက

မူကြိုတုန်းက ဆရာမလေး ၊ သူက သားထမင်းဘူးထဲက ထမင်းတွေ ဟင်းတွေကို အမြဲ တစ်ဝက်ယူထားလို့

ကြိတ်ပြီးချီးကျူးနေမိတာက

ကိုယ့်ဘာသာကိုယ်

ကြိတ်ပြီးအထင်သေးနေမိတာက

လူတကာကို ( ဟီဟိကောင်းရော )

ဆန္ဒမရှိတဲ့နေရာ

ဆန္ဒမရှိပေမယ့် ကိုသီလ ရှိရင်လည်း စကားပြောဖေါ်ရပါတယ်

ဆန္ဒရှိနေတဲ့ကိစ္စ

ပြောပြဘူး ၊၊ လူတွေ သိကုန်မှာပေါ့ဗျ ၊၊ သိချင်ဖုန်းဆက်လိုက် ၊၊


မုန်းတီးနေမိတာက

မုန့်ဝယ်မကျွေးတဲ့သူတွေ

ချစ်နေတာက

ဟီဟိ ဒါလည်း ပြောသေးဘူး ၊၊ တော်ကြာ ရန်တွေ ထဖြစ်ကုန်မှာပေါ့


စိတ်ပျက်နေမိတာက

ဘေးနားက သူငယ်ချင်းတွေ ကို ( သူတို့ မဖတ်ပါဘူး ဒါတွေကို ရေးလို့ရတယ် )


စွဲလန်းနေမိတာက

သူကလေးပေါ့ ဟီဟိ ( ဟိုလူလိုလို ဒီလူလိုလို ပြီးတော့ ဘယ်သူမှ မဟုတ်ပါဘူး )

သဘောကျနေမိတာက

သူများတွေ ရတဲ့ လခ


လိုအပ်နေတာက

ုပိုက်ပိုက်ဗျိုးးးး


တောင်းနေမိတဲ့ဆု

ပေးကောင်းကောင်းနဲ့ အလုပ်ကောင်းကောင်း ရပါစေ


ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

ဗိုက်ဆာတယ် ၊၊


ဝန်ခံချင်တာက

ကိုကြီး စနေသား ရဲ့ Tag Post ကို ပေါ့ပေါ့ပါးပါး၊ အပြေးအလွှား တင်လိုက်ကြောင်းပါ ခင်ဗျား။

ကိုကြီးစနေခေါ် ကိုမိုးကုတ် ကျေနပ်နိုင်မယ် မျှော်လင့်ပါတယ်။ ကိုကြီးရေ ပျင်းလို့ ဟာသလုပ်သွားပါတယ်

ဆောရီး နော အခုလည်း ရေထချိုးရမှာ ပျင်းနေတယ် ၊၊ ပြီးရင် မန်မန်က ၀ါးရအုံးမယ် ၊၊

ဘိုင်

Tuesday 4 August 2009

Cloudy Evening At ThuWaNa


အဲဒီညနေ နေ၀င်ရီတရော ......
................
................

Job Vacancy for Ministry of Construction


ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဝန်ကြီးဌာန
http://csstb.imis.com.mm/

ဆောက်လုပ်ရေးဝန်ကြီးဌာန
http://www.myanmar.gov.mm/ministry/Construction/publicwork/organization_chart.html


July 27 , 2009
Abstract -Job Vacancy for Ministry of Construction Advertisement Number = 9/2009 Staff Officer / Assistant Engineer (54) Posts
Details - Job Advertisement Number = 9/2009 Title of Post = Staff Officer / Assistant Engineer for Ministry of Construction
Selection department (adv_9/2009)

မနေ့က မြန်မာပြည်မှာ ကျန်နေခဲ့တဲ့ သူငယ်ချင်းက လှမ်းပြီး အကြောင်းကြားလာပါတယ် ၊၊ PSC လို့ကျွန်တော်တို့ ခေါ်တဲ့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး ဌာနကနေပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အတွက် Assistant Engineer ရာထူးအတွက် အလုပ်ခေါ်စာတွေ့လို့ဆိုပြီး သတင်းပေးတာပါ ၊၊ အော် သံယောဇဉ် မပြတ်ဘူး ဆိုသလိုပဲ သူတို့ကလည်း ကျွန်တော် ဘယ်လောက် သံယောဇဉ် ကြီးခဲ့တယ်ဆိုတာ သိတဲ့အတွက် လှမ်းပြီး သတင်းပေးရင်း လာဖြေမလားလို့ မေးနေလေရဲ့ ၊ သူငယ်ချင်းတွေနဲ့ စီမံကိန်းကလူတွေကတော့ အခု ဗန်းမော်မှာ တံတားအသစ်တစ်စင်းကို အားကြိုးမာန်တက် ဆက်လက်တည်ဆောက်နေလေရဲ့ ၊၊ အခုလည်း သံယော ဇဉ်က မကုန်သေးသမို့ မသိတဲ့သူတွေလည်း သိရအောင် ရေးလိုက်ပါအုံးမယ် ဗျာ ၊၊ သည်းခံ ဖတ်ရှု တော် မူကြပါအုံး ၊၊

စုစုပေါင်း ခေါင်းစဉ် ၉ ခုအတွက် လူဦးရေ ၅၄ ယောက်တောင်ခေါ်တာပါ ၊၊ တကယ့်ကို မဟာ အခွင့်အရေးပါပဲ ၊၊ ကျွန်တော်တို့ သိတက်စကတည်းကဒီလို ၀န်ထမ်းရွေးချယ်ရေးကတဆင့် မခေါ်တော့တဲ့ ရာထူးလို့ပဲ ဆိုရလေမလား ၊၊ ၁၀ စုနှစ် နီးပါးရှိပြီထင်ပါတယ် ၊၊ အခြားဌာနတွေအတွက် ဒီရာထူးနေရာကို ၀န် ထမ်းရွေးချယ်လေ့ကျင့်ရေး က ခေါ်ပေမယ့် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက်တော့ ဒိလိုခေါ်တယ်ဆိုတာ အစဉ်အလာမရှိတော့ပါဘူး ၊၊ ဌာနတွင်းကပဲ တစ်ဆင့်ချင်း သွားရ တာပါ ၊၊ ပထမဆုံး အငယ်တန်းအင်ဂျင်နီယာ ၊ အဲဒီမှာမှ အငယ်တန်းအင်ဂျင်နီယာ ၁ ၊ ၂ ၊ ၃ ၊ ၄ ဆိုပြီး ရှိပါတယ် ၊၊ အဆင့်ဆင့်ပဲ နံပါတ် ၄ ကနေသွားရ တာပါ ၊၊ ဆောက်လုပ်ရေး ဌာနတွေမှာ လုပ်နေတာ ၁၀ စုနှစ်ကျော်ပေမယ့် အမြဲတမ်းဝန်ထမ်း မဖြစ်ပဲ နေ့စားလို့ခေါ်တဲ့ လုပ်ငန်းပြ နဲ့လုပ်နေရသူတွေ ( အများစု GTI ဆင်းတွေ ) အများကြီး ရှိပါတယ် ၊၊ အမြဲတမ်း ၀န် ထမ်း က အငယ်တန်းအင်ဂျင်နီယာ ၄ ကစတာပါ ၊၊ နောက်မှ လုပ်သက်ရလာမှ အငယ်တန်း အင်ဂျင်နီယာ ၃ ဖြစ်ပါတယ် ၊၊ နောက် အငယ်တန်းအင်ဂျင်နီယာ ၂ ပြီးမှ ၁ ဖြစ်ပြီး Assistant Engineer ဆိုတဲ့ ပြန်ထမ်းဝန်အရာ၇ှိဖြစ် တာပါ ၊၊ GTI ဆင်းတွေအတွက်တော့ အငယ်တန်း အင်ဂျင်နီယာ ၂ မှာပဲ ရပ်သွားပြီး ၊ နောက် အတော်ရှားရှားပါးပါး လောက်သာ ဒီထက် ရာထူးဆက်တက်တာပါ ၊၊

ဒါလေးကတော့ ဆောက်လုပ်ရေးမှာ ကျင့်သုံးခဲ့တဲ့ ၀န်ထမ်းဆိုင်ရာ ရာထူးပေးပုံလေး အကြမ်းဖျင်းပေါ့ဗျာ ၊၊ ဟိုးအရင်တုန်းကတော့ ၊ ရန်ကုန်စက်မှုတကသိုလ် ကြီး ကောင်းစားစဉ်တုန်းကတော့ ပညာတက်ဘွဲ့ရ ကလည်းပါးရှား ၊ လုပ်ငန်းကိုင်ငန်းကလည်း အထိုက်လျောက် ပေါများလေတော့ ကျောင်းပြီးတဲ့သူတွေ အတွက် အလုပ်ဆိုတာ သိပ်မခဲယဉ်းဘူးလို့ အထက်လူကြီးတွေ ပြောပြတာ နားထောင်ခဲ့ဘူးပါတယ် ၊၊ မလုပ်ချင်လို့ ဟိုနေရာမှ ၊ ဒီနေရာမှ ဆိုတာမျိုး ရွေးချယ်ခွင့်တွေ ရခဲ့တယ်လို့ဆိုပါတယ် ၊၊ ဒါတောင်မှ ပြန်ထမ်းဝန် အရာရှိလို့ဆိုတဲ့ အရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်ရတာပါ ၊၊ ဘွဲ့ရတဲ့သူအများစု ကတော့ အလုပ်ရကြပါတယ် ၊၊ မလုပ်လိုတဲ့သူတွေ လောက်သာ ကိုယ်ပိုင်စီးပွားရေးလုပ်သူ ၊ ဌာနမှာပဲ သင်ကြားရေးဘက်ပြောင်းသူ ဆိုပြီး ရှိတာပါ ၊၊ ဒီလို ကျောင်းကြီးဆင်းတွေ သာမက GTI ဆင်းတွေ အတွက် လည်း အထိုက်အလျောက်တော့ နေရာ ရခဲ့တယ်လို့ဆိုပါတယ် ၊၊

နောက်ပိုင်းမှာတော့ အလုပ်အကိုင်တွေလည်း ပါးရှားလာသလို ၊ ပညာတက်ဘွဲ့ရတွေလည်း ပေါများလာတဲ့ အခါ မှာတော့ လုပ်ရကိုင်ရ ၊ ရှာရဖွေရတာ ခက်ခဲလာပါတော့တယ် ၊၊ BE ဆင်းပေမယ့်လည်း သာမာန် အလုပ် တစ်ခုတောင် လွယ်လွယ် ရှာဖို့ခက်ခဲလာပါတောတယ် ၊၊ ဟိုးအရင်ကတော့ စနစ် ဟောင်းပေါ့ ဆရာဝန်ဆို ရန်ကုန်ရော မန္တလးရော ပေါင်းမှ လူ ၁၀၀၀ ၊ အင်ဂျင်နီယာဆိုတာ တစ်နိုင်ငံလုံးမှ လူ ၁၅၀၀ သာ လက်ခံပြီး တကယ်ကို တော်တဲ့ ထိပ်ပိုင်းလောက်သာ တက်ခွင့်ရခဲ့တာပါ ၊၊ နောက်ပိုင်း အင်ဂျင်နီယာတွေ လုံလောက်မှု မရှိဘူးထင်လို့ နေမယ် ၊ လှည်းနေ လှေအောင်း မြင်းစောင်း မကျန် အင်ဂျင်နီယာ ဖြစ်စေရမယ် ( စာရေးသူ ကိုယ်တိုင် ထင်မြင်ချက်နော် ) ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာ အင်ဂျင်နီယာ စက်ရုံတွေ တည်ပြီး အင်ဂျင် နီယာ တွေကို စက်ကရိုက်ထုတ်သလိုကို ထုတ်လာပါတယ် ၊၊ အခုဆိုရင် အင်ဂျင်နီယာ တကသိုလ်ပေါင်း ၄၄ တကသိုလ် ရှိတယ်လို့သိရပါတယ် ၊၊ တစ်ကျောင်း ကို အင်ဂျင်နီယာ ၁၀၀၀ ထုတ်မယ်ဆိုရင် တစ်နှစ်ကို အင်ဂျင်နီယာ ၄၀၀၀၀ ကျော်ထုတ်လို့ရပါတယ် ၊၊ အခုလို တစ်နိုင်ငံလုံး ဘွဲ့လက်မှတ် တွေ ကိုင်ဆောင်ခွင့်ရတာ ၊ ဓါတ်ပုံရိုက်ခွင့်ရတာဟာ နည်းတဲ့ ကုသိုလ်တော့ မဟုတ်ပါဘူး ၊၊ နိုင်ငံတကာမှာ ဘွဲ့ရဖို့ တော်တော် ခဲယဉ်းပေမယ့် ကျွန်တော်တို့ဆီမှာတော့ အင်ဂျင်နီယာ ဘွဲ့ရဖို့ သိပ်မခဲယဉ်းပါဘူး ၊၊

ဟိုးအရင်က Assistant Enginner ရာထူးတန်းရတာကို အင်တင်တင် လုပ်ခွင့်ရခဲ့ပေမယ် ၊ ၂၀၀၀ ကျော်နောက်ပိုင်းမှာတော့ အငယ်တန်းအင်ဂျင်နီယာ ရာထူးကို BE ဘွဲ့ရ အင်ဂျင်နီယာတွေ မနည်းကို လိုက်ကုပ်ကတ် ဒူးတုပ်တောင်းဆိုနေရပါတယ် ၊၊ နောက်ပိုင်းမှာ ဘယ်လောက်တောင် ပညာတက်တွေ များလာသလဲဆိုရင် အငယ်တန်းအင်ဂျင်နီယာ ၄ ကနေစပြီးအလုပ်ဝင်ရတာကိုတောင် လူတိုင်းလုပ်ခွင့်မရတော့ပါဘူး ၊၊ မှတ်မှတ်ရရ ၂၀၀၄ လောက်မှာ လူ ၅၀၀ ကျော် ၆၀၀ နီးပါး ၀င် ရောက်ဖြေဆိုတဲ့ အငယ်တန်းအင်ဂျင်နီယာ ၃ / ၄ ရာထူးကို လူ ၂၀ တစ်သုတ် ၊ လူ ၃၀ တစ်သုတ်နဲ့ နောက် လူ ၄၀ တစ်သုတ် ပဲ တက်ခွင့်ရပါတယ် ၊၊ သင်တန်းတခုနဲ့ တစ်ခုကြား ၁ နှစ်ကျော် ၂ နှစ်နီးပါး ကြာပါတယ် ၊၊ ပြောရရင် ၂၀ % လောက်သာ အောင်မြင်ပြီး စောင့်စားရချိန်ကလည်း ၃ နှစ်နီးပါးကြာပါတယ် ၊၊ တကယ်ကို ရတောင့်ရခဲ့ ဒုလ္လဘတရားပါပဲ ၊၊ ဆိုလိုချင်တာကတော့ ဘွဲ့ရတဲ့သူတွေလည်း ကြုံရာ ရာထူးကို ၀င် တိုး ရတော့တာပါပဲ ၊၊ အရင်နောင်တော် ကြီးများလို အိုက်တင်ခံလို့မရပါဘူး ၊၊ တချို့ကတော့ ဒီရာထူးနဲ့ မင်းတို့ဘွဲနဲ့ မတန်ဘူးလို့ ဆိုပေမယ့် ကိုယ့်ခေတ်နဲ့ကိုယ် ဒီနေရာတောင် လွယ်လွယ်ရတာမဟုတ်တော့လည်း ဘာတွေပဲ ဖြစ်နေနေ လက်ခံရတာပါပဲ ၊၊ ဒါ့ကြောင့် ဆောက်လုပ်ရေးမှာ အမြဲတမ်း ၀န်ထမ်းတစ်ယောက် ဖြစ်ရတာ ဟာ တော်ရုံ ကုသိုလ်တော့ မဟုတ်ပါဘူး လို့ဆိုချင်ပါတယ် ၊၊ တော်တော် နပ်တဲ့သူတွေ လောက်သာ ဖြစ်နိုင်တာပါ ၊၊

အင်းအခု ဒီလို သတင်းလေးကြားတော့ အလုပ်ရဖို့ ကြိုးစားရုန်းကန်ခဲ့ရတဲ့ ဘ၀တွေ ကို သတိရသွားလို့ ရေးဖြစ်သွားတာပါ ၊၊ အင်းသာမာန် အငယ်တန်း အင်ဂျင်နီယာ ရာထူးလေးအတွက်တောင် မလွယ်ကူတာဆိုတော့ အင်း ဒီရာထူးအတွက်တော့ အားလုံး တော်တော်ကို စိတ်လှုပ်ရှားနေကြမှာပေါ့ ၊၊ ဌာနမှာ လက်ရှိလုပ်ကိုင်နေဆဲ ရွယ်တူ သူငယ်ချင်းတွေကို ပြောတာပါ ၊၊ ဘာပဲဖြစ်ဖြစ် တကယ်တော်တဲ့ သူတွေ ၊ ရသင့်တဲ့သူတွေ ၊ နိုင်ငံတော်အတွက် တကယ်အလုပ်လုပ်တဲ့သူတွေ ရပါစေလို့ သူငယ်ချင်းတွေ အတွက် ဆုတောင်းမိ ပါတယ် ၊၊

ခင်မင်ရင်းဖြင့်
မင်းအိမ်ဖြူ
အသက် ၃၅ နှစ်မပြည့်ခင်မှာ ဒီကနေ မဟာဘွဲ့တစ်ခု ရပြီးလို့ အိမ်ထောင်လည်း မပြုဖြစ်တော့ဘူး ဆိုရင်တော့ ကျွန်တော် မြန်မာပြည်ကို တကယ်ပြန်ဖြစ်ပါပြီ ၊၊ တစ်ယောက်တည်း ဖြတ်သန်းရတော့မယ့် ဘ၀မှာ ဘာမှ မကျန်တော့တဲ့ အနှစ် အစိတ်လောက်ကို ကိုယ့်ဒေသမှာ လိုအပ်မယ်ထင်တာလေးတွေ ဖြည့်ဆည်းပေးရင်း ဘ၀ ကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တော့တယ် ၊၊ အရင် ၂ လလောက်ကတည်းက ဒီစိတ်ကူးလေး ၀င်နေတာ အခုဒီအလုပ်ခေါ်စာလေးတွေ့တော့ ပိုပြီး သေချာသလိုဖြစ်လာတယ် ၊၊ လက်ချည်းသက်သက်တော့ မပြန်လို ပါဘူး ၊၊ ဘွဲ့လေးတစ်ခုတော့ ယူသွားချင်ပါသေးတယ် ၊၊ ဒါမှလည်း ကိုယ်လုပ်ချင်တာလေးတွေကို ကိုယ့်ဆီမှာ ပြန်လုပ်ပေးလို့ရမှာပါ ၊၊ ကျောင်းအဆင်ပြေပါစေလို့လည်း ဆုတောင်းမိပါရဲ့ ၊၊ အိမ်ထောင်မပြုဖြစ်ရင်လို့ ဆိုတာကတော့ ကိုယ်က တကယ်လို့ အိမ်ထောင်ပြုဖြစ်ခဲ့ရင်တော့ အဲဒီတာဝန်တွေ ကျေပွန်အောင် ထမ်းဆောင် ရပြန်အုံးမှာလေ ၊၊ မိသားစုဟောင်းအလှည့်ပြီးတော့ မိသားစု အသစ် အလှည့်ပြန်ရောက်လာတာနဲ့ အခြားသူတွေ အတွက်ဆိုတာ ဆောင်ရွက်ဖြစ်မှာမဟုတ်တော့ဘူး ၊၊ နောက်သူတို့ပျော်ရာမှာကိုက အခြေချရမှာ

Sunday 2 August 2009

Remembrance of Honest and Best Friends


ရိုးသားတဲ့ သူငယ်ချင်းများအတွက်အမှတ်တရ

ဒီလကိုရောက်တိုင်း ကျွန်တော်မောင်မင်းတစ်ယောက် မစားဖူးတာတွေ ဗိုက်ကားအောင် စားရတာ ဘယ်တော့မှ မမေ့ပါဘူး ၊၊ ဘာလို့လည်း ဆိုတော့ ကျွန်တော်ရဲ့ ချစ်လှစွာသော သူငယ်ချင်း တစ်ဖွဲ့လုံးက ဒီလမှာ မွေးလို့ပါပဲ ၊၊ သူတို့ အမေတွေက တိုက်ညှိုများ ထား သလား ထင်ရလောက်အောင်ကို တကယ်ကို ဒီတစ်လတည်းမှာ မွေးနိုင် ကြပါရဲ့ ၊၊ တကယ် ကို တစ်ဖွဲ့လုံးက ဒီ ၈ လပိုင်း မှာပဲ မွေးကြတာဗျ ၊၊ အဲဒီတော့ သူတို့ရဲ့ မွေးနေ့ အထိမ်းအမှတ် စားပွဲလေးကတွေလည်း ဒီလမှာ တစ်ပတ်ပြီးတစ်ပတ် မထပ်အောင်ကို စားရတော့ တာပေါ့ဗျာ ၊၊ အင်း ဟိုးလွန်လေပြီးသောအခါကပေါ့ ဗျာ ၊၊ ခုတော့လည်း သူလည်း သူ့ဘ၀သူ့နေရာနဲ့သူ ကိုယ်လည်းကိုယ့်ဘ၀ကိုယ့်လမ်းကြောင်းတွေ နဲ့ပေါ့ဗျာ ၊၊ တကယ်ကို ဝေးလွန်းတဲ့နေရာတွေမှာပေါ့ဗျာ ၊၊ တစ်ယောက်နဲ့တစ်ယောက် ခုများတော့ တစ်နှစ်နေလို့တောင်မှ တစ်ခါမတွေ့ကြရတော့ပါဘူး ၊၊ တစ်မြို့တည်းမှာရှိနေတယ်ဆိုရင် တောင်မှ အခုများတော့ တယ်လီဖုန်းလေး နဲ့ဆက်သွယ်သတင်းမေး နေကောင်းလား နှုတ်ဆက် တာကလွဲရင် သူလည်း သူ့အကြောင်း ကိုယ်လည်း ကိုယ့်အကြောင်းနဲ့ကိုပေါ့ ၊၊ ဒါပေမယ့်လည်း ဒီလို သူငယ်ချင်းတွေရဲ့ မွေးနေ့လေးတွေ ရောက်လာတော့ သတိတော့ရ မိပါရဲ့ ၊၊

အမှန်တိုင်းပြောရရင် ကျွန်တော်တို့ တက်ချင်ခဲ့တာက ရန်ကုန်စက်မှုတက္ကသိုလ် ဆိုတဲ့ အင်းစိန်က ကျောင်းကြီး ၊၊ ( ကျွန်တော့် အတွက်တော့ တက်ခွင့်ရလို့ သာ တက်ချင် ခဲ့တဲ့ကျောင်း လို့ ပဲဆိုရပေမပေါ့ ၊၊ ဒါပေမယ့် လည်း ကျွန်တော် ကျောင်းကြီးကို ချစ်ပါတယ်) အင်းဒီလိုသူငယ်ချင်းတွေ နဲ့ တွေ့ဆုံဖြစ်ဖို့ တက်ဖြစ်ခဲ့တဲ့ ကျောင်းကြီး ပေလား ၊၊ ဒီလိုနဲ့ ဒီလိုနဲ့ မြင်သာမြင် မကြင်ရရှာတဲ့ ကျောင်းတော် ကြီးကို အလွမ်းပြေ ကင်တင်းမှာ ထမင်းသွားစား ၊ ဘွဲယူတဲ့အခါ ဓါတ်ပုံတွေ သွားရိုက်တာက လွဲရင် ဘယ်တော့ မှ မနမ်းခဲ့ရတဲ့ ပန်းတစ်ပွင့်ပေါ့ …. ကျွန်တော်တို့ မကြင် ခဲ့ရတဲ့ ကျောင်းကြီးကိုတော့ ဘွဲ့ယူတဲ့နေ့က အမှတ်တရဓါတ်ပုံရိုက်ဖြစ်ခဲ့ပါသေးတယ် ၊၊

အမှန်တကယ် ကျွန်တော်တို့တက်ခဲ့ရတာတဲ့ ကျောင်းကတော့ အင်း လေတဟူးဟူး ၊ ဗွက်တလူးလူး နဲ့ ကိုကိုသောင်း ထားတဲ့ ဟိုးလယ်ပြင်ကကျောင်းပေါ့ဗျာ ၊၊ မြွေလည်းပေါသလို မြက်လည်းပေါတဲ့ကျောင်းပါ ၊၊ ကွင်းလယ်ခေါင်ခေါင်မှာ လက်ခုပ်ပင် ထောင်ထောင်ကြီးလည်း တစ်ပင်ရှိရဲ့ ၊၊ သူတစ်ပင်တည်းလေ ၊၊ ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီးထိုင်နေကြ နောက် Correction Pen ( ဒီမှာတော့ Liquid ဆိုမှ နားလည်ကြပါတယ် ) တွေနဲ့ ကျွန်တော်တို့ ပေါက်တက်ကရတွေ ရေးနေကြပေါ့၊၊ နောက်ထပ် အမြဲတမ်း သတိရနေမိတဲ့ အပင်တွေက စွယ်တော်ပင်တွေပါ ပဲ ၊၊ အဲနောက် ပင်လယ် ကဗီးပင်တွေ လည်းရှိပါသေးတယ် ၊၊ နောက် မလေးရှားစကားဆိုတဲ့ အပွင့်ဝါ၀ါလေးတွေ ထိန်နေအောင် ပွင့်တဲ့ အပင်တွေ လည်းရှိပါသေးတယ် ၊၊ နောက် စာကြည့်တိုက်က စားရေးမ ချောချောလေးလည်း ရှိတယ် ၊၊ မှတ်မှတ်၇၇ ရှေစီနီယာ တန်းက အစ်မကြီး နှစ်ယောက် ချောတာလည်း မှတ်မိတယ် ၊၊ ထားပါတော့ ၊၊

ကျွန်တော်နဲ့ အတူတူ တက္ကသိုလ်မြေမှာ အတူတကွ ခြေလှမ်းချင်းတွေထပ်အောင်လျှောက် လှမ်း ခဲ့ကြဖူးတဲ့ သူငယ်ချင်းတွေကို သတိရခြင်းများစွာနဲ့ပေါ့ဗျာ ၊၊ ခုများတော့ ကျောင်း သင်ရိုး မှာ မပါတဲ့ လက်တွေ့ ဘ၀တွေ အတွက် တစ်နေရာစီမှာ ကျင်လည် လှုပ်ရှား ရုန်းကန် လုပ်ကိုင်နေကြရပေမယ့် ကျွန်တော်တို့သူငယ်ချင်းတွေ ရဲ့ ရိုးသားတဲ့ ရင်နှီးမှု ခြင်း က တော့ နီးစပ်နေဆဲပါလို့ ကျွန်တော် ယုံမှတ်နေပါတယ် ၊၊


မျိုးကြီးဆိုတဲ့ သူငယ်ချင်း
မျက်နှာဝိုင်းဝိုင်း အရပ်ခပ်ပုပုနဲ့ ၀တုတ်တုတ် သူငယ်ချင်းတစ်ယောက်ကို စတွေ့တာက ပထမနှစ်ကတည်းကပါ ၊၊ ဒါပေမယ့် မပေါင်းဖြစ်ခဲ့ဘူး ၊၊ နောက်ပိုင်းပိုပေါင်းဖြစ်လာတာက တတိယနှစ်ရောက်မှ ၊၊ မေဂျာတူချင်းမို့ ပိုပေါင်းဖြစ်လာတယ် ၊၊ ပိုလည်း ခင်ဖြစ်လာတယ် ဆိုရပေမပေါ့ ၊၊ ကျောင်းပြီးရင် အစိုးရအလုပ်ပဲ ၀င်လုပ်မယ် ဆိုတဲ့ သူငယ်ချင်းပေါ့ ၊၊ ၀န်ထမ်းမိသားစုကလာတဲ့ သူမို့ အေးအေးလူလူ ၀န်ထမ်းပဲ် လုပ်မယ်ဆိုတဲ့ သူငယ်ချင်း အခုတော့ ကျွန်တော်တို့ အဖွဲ့ထဲမှာ အမေ့အိမ်နဲ့ အဝေဆုံး မှာ ဖြစ်မယ်ထင်တယ်၊၊ ဟိုး ပြင်သစ်နားက အယ်ဂျီးနီးယားမှာတဲ့ ၊၊ သွားပါပြီ သူ့ဘ၀ ၊၊ မိဘတွေမှ မကူရင် မိန်းမ ရဖို့ လမ်း မမြင်တော့ဘူး ၊၊ မြန်မာဆိုလို့ သူနဲ့ အတူတူ သွားတဲ့ သူ့အကိုပဲ ရှိတာလေ ၊၊ အဲဒီသူငယ်ချင်းက လည်း ဒီလ မှာမွေးတာတဲ့ဗျာ ၊၊

တက်ဖိန်ဆိုတဲ့သူငယ်ချင်း
နောက်တစ်ယောက်က မြန်မာပြည်မှာ ပဲ ရှိနေတုန်းပဲ ၊၊ နေချင်လွန်းလို့ရယ်တော့ မဟုတ် ရှာပါဘူး ၊၊ မြန်မာပြည်မှာ ငွေရှာရလွယ်လို့ နေနေတဲ့ သူငယ်ချင်း ၊၊ ငွေကလွဲရင် ဘာကိုမှ စိတ်မ၀င်စားဘူး ၊၊ ဒီကနေလက်ဆောင်ဝယ်ပေးလိုက်တာတောင် မင်းပေးတာက ဘယ်လောက်တန် ၊ သူပေးတာက ဘယ်လောက်တန်ဆိုပြီး ကွန်ပလိန်းတက်တဲ့ကောင် ၊၊ တော်ပါသေးရဲ့ ဒီကောင်ဒီမှာသာနေရင် ပိုပြီး ကွန်ပလိန်းတက်မယ့်ကောင် ပေါ့ ၊၊ သူဌေးဗျ ၊၊ ကင်မရာ ဘယ်လိုဝယ်တယ်ထင်သလဲ ၊၊ သူ့တပည့်ကောင်လေးတစ်ယောက်ကို ShowRoom ကို လွှတ်ပြီး အကောင်းဆုံး နောက်ဆုံးပေါ် ဈေးအကြီးဆုံး ၀ယ်ခဲ့ဆိုပြီး ၀ယ်ခိုင်းတာလေ ၊၊ မှတ်ကရော ၊၊ ကျွန်တော်ပြန်တော့ ဗဟိုလမ်းက စားသောက်ဆိုင်တစ် ဆိုင်မှာ လိုက်ကျွေး ရှာတယ် ၊၊ သူ့ကင်မရာကြီးထုတ်ပြီး ဓါတ်ပုံရိုက်မယ်လုပ်ပြီးတော့ ဘယ်လို ရိုက်ရမလဲတဲ့ဗျာ ၊၊ သူလည်း ဒီလမှာ မွေးတာပဲ ၊၊ အော်သူကတော့ ဆောက်လုပ်ရေး က အရာရှိပေါ့ဗျာ ၊၊ အခုမှဖွင့်ကာစ အမြန် လမ်းကြီး မကောင်းတော့ရင် သူ့ကို ကွန်ပလိန်း တက်ရမယ် ၊၊

ယပက်လက် ဆိုတဲ့သူငယ်ချင်း
နောက်တစ်ယောက်ကတော့ ရန်ကုန်မှာ ၊၊ အေးအေးဆေးဆေး စားနေရတဲ့ ဘ၀ကို မကျေနပ်လို့ စင်ကာပူမှာ လာပြီး သုတ်သုတ်ထမင်း သုတ်သုတ်ဟင်း စားချင်ရှာသတဲ့ ၊၊ နေရာချင်းသာ လဲလိုက်ချင်ရဲ့ ဆိုတဲ့ သီချင်းကို အဲဒီသူငယ်ချင်းကိုသတိယတိုင်း ဆိုဖြစ်တယ် ၊၊ တစ်ဦးတည်းသောသမီး ၊ ဘာမှ လုပ်စရာမလိုသလို မိဘတွေကလည်း သန်တုန်းမြန်တုန်း လုပ်နိုင်တုန်း ၊၊ သူ့အလုပ်က ညနေဆိုငွေသွားသိမ်း အင်း သွားသိမ်းမဟုတ်ပါဘူး လာပို့ ၊၊ ဒါကို ပျော်ရှာဖူးဆိုပြီး တွေ့တိုင်းညည်းရဲ့ ၊၊ ကျွန်တော် ရန်ကုန်မှာ ကျပ်ကျပ်တည်းတည်း နေရတုန်းက သူ့ အကြွေးမကင်းတော့လည်း သိပ် ပြန် မပြောရဲဘူး P;၊၊ အခုထိလည်း ဒီမှာသာနေတာ သူ့အကောင့်ထဲက လိုအပ်ရင် ယူသုံးနေရ တုန်း ၊၊ သူ့ကို လက်ဆောင် ၀ယ်ပေးရတာတန်တယ် ၊ ကိုယ်ပေးတာထက် ၂ ဆ ၊ ၃ ဆ အမြဲ ရတယ် လေ ၊၊ ဒီသူငယ်ချင်းလည်း ဒီလမှာမွေးတာပဲ ၊၊ အော်သူကတော့ မေဂျာ မတူဘူး လျှပ်စစ်အင်ဂျင်နီယာပေါ့ ၊၊

ဗိုလ်အောင်ကျော်ဆိုတဲ့ သူငယ်ချင်း( နာမည်ပြောင်ပါ ၊ ဟို ဗိုလ် မဟုတ်ပါဘူးဗျာ )
နောက်တစ်ယောက်ကတော့ နေပြည်တော်က အရာရှိကြီး ၊၊ မာစဒါဂျစ်ကို ဒရိုင်ဘာနဲ့ မောင်း နိုင်တဲ့ ဆည်မြောင်းက အရာရှိပေါ့ဗျာ ၊၊ အိတ်တောင်မှ တပည့်တွေက ဆွဲသတဲ့လေ ၊၊ ကျွန်တော်က တော့ ငါပြန်လာရင် မင်းမာစဒါ ဂျစ်နဲ့ လာကြိုစမ်းပါကွာလို့ စီးဖူးချင်လို့ပါလို့ တောင်းပန်ထားတယ် ၊၊ နောက် သင်္ကြန်တွေ့တုန်းကနောက်ဖြစ် သေးတယ် ၊၊ အတန်းထဲကပဲ သူငယ်ချင်းတစ်ယောက်က သူ့ထက်ရာထူးနိမ့်တယ် ၊၊ အဲဒီတော့ ကျွန်တော်က သူက မင်းအိတ်ကို ဆွဲလားကွဆိုတော့ ၊ အေးပေါ့ဆွဲရတာပေါ့တဲ့ ၊၊ သူကလည်း ခပ်ပျော်ပျော်သမားဆိုတော့ အချင်းချင်းနောက်တာပါ ၊၊ ကျွန်တော် ကပြောလိုက်တယ် ၊ ဒါဆိုငါမင်းဆီလာလည်ရင် ငါ့အိတ်ကိုလည်း သူက ဆွဲရမှာပေါ့ကွနော ငါက အရာရှိသူငယ်ချင်းပဲဆိုပြီး ပြောပြီးရယ်ဖြစ်ကြသေးရဲ့ ၊၊ အင်း သူလည်း ဒီလ မွေးတာပဲ ၊၊

ဟက်သီ ဆိုတဲ့ သူငယ်ချင်း
နောက်တစ်ယောက်ကျန်သေးတယ် ၊၊ သူကတော့ ဘ၀ကို ဖြတ်သန်းဖို့ လှေတစ်စီးရထား တာ လေ ၊၊ သူ့အတွက် အရာရာက အဆင်သင့်ပဲ ၊၊ အဲသူ လွယ်လွယ် မရသေးတာ တစ်ခု ပဲ ရှိတယ် ၊၊ ဒါတော့ လျှို့ဝှက်ချက်မို့ ပြောသေးဘူး ၊၊ နောက်မှ ဖောက်သည်ချမယ် ၊၊ သူကတော့ မြို့ပြအင်ဂျင်နီယာပဲ ၊၊ လခ နှစ်နေရာက စားနေတဲ့ သူငယ်ချင်း ၊၊ ခုတော့ မဟုတ်တော့ ပါဘူး ၊၊ မရတော့ဘူးလေ ၊၊ အခုလည်း ဂျပန်ကုမ္ပဏီတစ်ခုမျာ ဟိုက်ဟိုက် ဆိုပြီး ငိုက်ငိုက် နေလေရဲ့ ၊၊ အဲလို မဟုတ်ပါဘူးလို့ ပြောတာပါဗျာ၊၊ သူ့ကိုလည်း ကျွန်တော်က ကြောက်ရတယ် ၊၊ ငွေလိုတိုင်း သူ့ဆီကပဲ ယူနေရတာလေ ၊၊ ကျွန်တော့် ရဲ့ ဒုတိယ တတိယ အလုပ်ရှင်တွေပေါ့ဗျာ ၊၊ သူလည်း ဒီလမှာပဲ မွေးတာဗျ ၊၊ ကျွန်တော့် အပေါင်းအသင်း ဒီလဖွားတွေ တယ်များတာကိုးဗျ ၊၊

ကဲဒီသူငယ်ချင်းတွေ အားလုံး အခုကျရောက်တဲ့မွေးလကနေနောက်နှစ်ပေါင်းများစွာ တိုင်အောင် ပျော်ရွှင် အဆင်ပြေတဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေးပါတယ် ဗျာ ၊၊ လိုချင်တာတွေလည်း မိဘတွေ အကူအညီ မပါပဲ ခပ်မြန်မြန် လေး အဆင်ပြေ ဆွတ်ခူးနိုင်ကြပါစေဗျာ ၊၊ ဘလော့က သူငယ်ချင်းတွေကလည်း ၀င်ပြီး ဆုတောင်း ပေးကြပါအုံးဗျာ ၊၊ သူတို့တစ်ယောက်မှ မဘာနိုင်ကြသေးလို့ပါ P: ၊၊

ဟိုးတုန်းက ဘုန်းဘုန်းတစ်ပါးက မိန့်ဖူးတယ် ၊၊ ကျွန်တော့်ကိုပေါ့လေ ၊၊ ဟမောင်မင်းအိမ်ရ မင်းကွာ အသက်အစိတ်မှ ပါးခတ် မချိတ်ရင်တော့ အင်း မင်းဘ၀ တစ်သက်မနိပ်တော့ ဘူး ကွတဲ့ ၊၊
အင်း…… ကျွန်တော့်သူငယ်ချင်းတွေလည်း
အင်း…… ဒီတစ်သက်နိတ် ကြပါတော့မလား ရယ်တော့ ပူမိသား ……. D:
အင်း…..

မွေးနေ့မှာ သူငယ်ချင်းတွေအားလုံး ပျော်ရွှင်ကြည်နူးကြပါစေ၊၊

ခင်မင်ခြင်းများစွာဖြင့်

မင်းအိမ်ဖြူ