“ဘုံဘိုင်ကရေလည်း သန့်ပါတယ်ဗျာ ၊ တကယ်တော့ ရေသန့်ဗူးခွံတွေက သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေတာဗျ ” လို့ ကျွမ်းကျင်သူပညာရှိများက ဆိုပါတယ် ၊၊
Australian နိုင်ငံ Sydney တောင်ပိုင်းမှ မြို့ငယ်လေးတစ်ခုဖြစ်တဲ့ Bundanoon မြို့မှာ လွန်ခဲ့တဲ့ ဗုဒ္ဒဟူးနေ့က သောက်ရေသန့်ဗူး တားဆီးတိုက်ဖျက်ရေး အတွက် မဲခွဲဆုံးဖြတ်တဲ့ ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်၊၊ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံးပြုလုပ်တဲ့ သောက်ရေသန့်ဗူး တိုက်ဖျက်ရေး စီမံကိန်းတစ်ခု ဖြစ်ပါတယ် ၊၊
စင်ကာပူမှာတော့ ဒီလိုကန့်ကွက်တားဆီးရေး ဆိုတာ မလွယ်ကူတဲ့ ဖြစ်ရပ်တစ်ခုပါလို့ ကျွမ်းကျင်သူများက ဆိုပါတယ် ၊၊ အဲဒါပေမယ့် လူတွေ အားလုံးပူးပေါင်းပါဝင် ပြီး ဒီဗူးတွေ ကို သပိတ်မှောက်ဖို့ဆိုတာတော့ မျှော်လင့်ချက်တစ်ခုပါပဲ ၊၊
လွန်ခဲ့တဲ့နှစ်က သောက်ရေသန့်ဗူး ၁၃၅ ၀၀၀ တန်ကျော် အတွက် စုစုပေါင်း စင်ကာပူဒေါ်လာ ၁၂၆သန်းကျော် အသုံးပြုခဲ့ရပါတယ် လို့ဆိုပါတယ် ၊၊ Lee Kuan Yew School of Public Policy ကျောင်း မှ PhD ကျောင်းသူ Ms Leong Ching နှင့် Professor Tommy Koh ကဆိုတာကတော့ စင်ကာပူနိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ အမူအကျင့် တွေ ကို ပြုပြင်မယ် လို့ယုံကြည်ပါတယ် ၊၊ ဒီအလေ့အကျင့်ဟာ မကောင်းဘူးဆိုတာလည်း သူတို့သိနေတာ ပဲ ၊၊ နိုင်ငံတော်အတွက် လည်း မလိုအပ်ပဲ ငွေကြေးတွေ အမြောက်အမြား ကုန်ကျနေတယ်လေ ၊၊
ဆောင်းပါးအနေနဲ့ PUB Magazine , Pure , Straits Times တွေမှာ တင်ပြခဲ့ပြီးပါပြီ ၊၊ ပတ်ဝန်းကျင်နှင့် ရေအရင်းမြစ်ထိန်းသိမ်းရေး ၀န်ကြီးဌာနသို့လည်း တိုက်တွန်းခဲ့ပြီးဖြစ်ပါတယ် ၊၊ ၀န်ကြီးဌာနတွေအားလုံး ၊ အဖွဲ့အစည်းများအားလုံး ၊ ဆက်စပ်နေသော လုပ်ငန်းများအားလုံးသို့ ပညာရေးဌာနအဖွဲ့အစည်းများ အားလုံးသို့ ရေသန့်ဗူး သောက်သော အလေ့အထကို တားဆီးရေးအတွက် တိုက်တွန်း သင့်တယ်လို့ထင်ပါတယ် လို့ သူတို့နှစ်ဦးက ဆိုပါတယ် ၊၊
ဂျာနယ် ဆရာမတစ်ယောက်ဖြစ်တဲ့ Ms Leong ကဆိုတာကတော့ တကယ်တော့လေ လူတွေ အားလုံး သိအောင် ဆောင်ရွက်သင့်ပါတယ် ၊၊ အခုတော့ လူတွေကအဲဒီအကြောင်းကို သေချာမသိကြဘူးရှင့် ၊၊ ရေသန့်ဘူးထဲက ရေက ဘုံဘိုင်ရေထက်သန့်တယ်လို့ သူတို့က ထင်နေကြတာလေ ၊၊ တကယ်တော့ ရေသန့်ဗူးထဲက ရေက ဘုံဘိုင်ရေထက် အဆ ၈၅၀ ပိုပြီးဈေးကြီးတယ်ဆိုတာ သူတို့သိစေချင်လိုက်တာ၊၊ လို့ဖြည့်စွက်ပြောကြားလိုက်ပါတယ် ၊၊
ဘာဖြစ်လို့သူတို့ ရေသန့်ဗူးတွေကို သောက်နေရတယ်ဆိုတာ နားလည်ပါတယ် ၊၊ သူတို့အတွက် အခြား နည်းလမ်း မရှိဘူးလေ၊၊ နောက်တစ်ခုက တကယ်တော့ ရေက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတဲ့ အချက်အလက်မခိုင်မာတဲ့ အချက်အယူအဆတစ်ခုကလည်း ရှိနေသေးတယ်လေ ၊၊ စင်ကာပူမှာ ဒီဗူးခွံတွေကို မီးရှို့ပစ်ရတယ် နောက် ကာဗွန်ဒိုင်အောက်ဆိုက်တွေ လည်း အကြောင်းမဲ့ ထွက်နေတာပေါ့၊၊ ကမ္ဘာတစ်ဝှမ်းမှာ ရေသန့်ဗူးတိုက်ဖျက်လျော့ချရေး စီမံချက်တွေဟာ ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနဲ့ ၊ ကုန်ကျ စရိတ် လျှော့ချရေးအတွက် တစ်တပ်တစ်အားပါဝင်လာမှာပါ ၊၊
Euromonitor International Research company ရဲ့ တွေ့ရှိချက်အဆိုအရတော့ ကျန်းမာရေးအတွက် စိတ်ချရတာရယ် ၊ လွယ်လွယ်ကူကူ ၀ယ်ယူရရှိနိုင်တာရယ်က ရေသန့်ဗူးတွေကိုသောက်သုံးဖြစ်စေဖို့ အကြောင်းပြချက်တစ်ခု ဖြစ်မယ်လို့ဆိုပါတယ်၊၊ နောက်အသက် ၁၇ နှစ်အရွယ် Nanyang Polytechanic ကျောင်းသူ Ms Melanie Ghui ကဆိုတာကတော့ လွယ်လွယ်ကူကူဝယ်လို့ရတယ် နောက် ဈေးလည်း သိပ်မကြီးဘူးလေ၊၊ ဒါ့ကြောင့်ဖြစ်မယ့်ရှင့် လို့သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြပါတယ် ၊၊
ကျွမ်းကျင်သူပညာရှိများကတော့ ခန္တာကိုယ်အတွက် လိုအပ်တဲ့ အဟာရတွေကို အစားအစာတွေ ကနေ ရပါတယ် ၊၊ ရေကနေရတာမဟုတ်ပါဘူးလို့ ထပ်လောင်းအတည်ပြုပါတယ်၊၊ လိုအပ်တဲ့ အဟာရဓါတ်ပြည့်ဝ ဖို့ ရေတွေ အများကြီးသောက်ဖို့လိုအပ်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစပါလို့ Nutritionist Velumani Deepapriya ဆိုသူက ထပ်လောင်းပြောဆိုပါတယ် ၊၊
ဒါပေမယ့် လူတွေ ရဲ့ အမူအကျင့်ကို ပြုပြင်ဖို့တော့ တော်တော် ခဲယဉ်းမှာပါ ၊၊ စင်ကာပူမှာတော့ စီမံချက် တစ်ခုအနေနဲ့ အခုလောလောဆယ် မလုပ်သေးပါဘူး ၊၊ ဒါပေမယ့် စင်ကာပူနိုင်ငံသားတွေကိုတော့ လက်ခံယံကြည်စေချင်ပါတယ်လို့ Director Howard Shaw က ဆိုပါတယ် ၊၊ ဒီလို စီမံချက်မျိုးတော့ လုပ်သင့်တယ်လို့ ထင်မြင်ပါတယ် ၊၊ ဘာ့ကြောင့်လည်းဆိုတော့ ဘုံဘိုင်ရေကလည်းေ သာက်လို့ ဖြစ်နေတာ ပဲ လေ၊၊ ဒါပေမယ့် စားသောက်ဆိုင်တွေ အတွက်တော့ အဆင်မပြေနိုင်ဘူးထင်တယ် ၊၊ နောက်တစ်ခုက PUB က ကြော်ငြာထားတာကတော့ စင်ကာပူက ဘုံဘိုင်ရေက ကမ္ဘာ့ အဆင့်အတန်း မှီ ရေသန့်ဖြစ်တယ်လေ ၊၊ ဒါဆိုစိတ်ချလက်ချ သောက်လို့ရတာပေါ့ ၊၊ မစိုးရိမ်ပါနဲ့ဗျ ၊၊ လို့ဆိုပါတယ်လေ ၊၊

ဒီနေ့ထုတ် Straits Times သတင်းစာမှ ဆောင်းပါးတစ်ပုဒ်အား ဘာသာပြန်ပါသည် ၊၊ မပြည်စုံ လွဲမှားမှုများ သည် ကျွန်တော် ဘာသာပြန်သူ၏ ညံ့ဖျင်းမှု အားနည်းချက်သက်သက်သာ ဖြစ်ပါသည် ၊၊
လေးစားစွာဖြင့်
မင်းအိမ်ဖြူ
http://www.fileden.com/files/2009/7/12/2506628/water-disaster.pps
သူငယ်ချင်းတစ်ယောက် ပို့ပေးလိုက်တဲ့ Water-disaster ဆိုတဲ့ PowerPoint File လေးကိုလည်း အတူတကွ သိမ်းဆည်းထား လိုက်ပါသည် ၊၊