Friday, 17 July 2009

အတော်ပွေလီတဲ့ ကိုချာလီ

အော် ပြောမဆုံးပေါင်တောသုံးထောင် ဆိုသလို ပဲ သူ့နိုင်ငံမှာ လာရောက်လုပ်ကိုင်နေရတော့လည်း သူ့အနွံတာ ခံရတာတော့ မစမ်းပါဘူးလေ ၊၊ ကိုယ့်မြန်မာလူမျိုးဆိုတာလည်း သည်းခံတက်တဲ့ ဗီဇကမွေးကတည်း ပါလာခဲ့ လေတော့ အကျင့်ဖြစ်နေပါပြီဗျာ ၊၊ ဒီမှာလုပ်ကိုင်နေတဲ့ ကာလအတွင်းမှာ ထိတွေ့ဆက်ဆံရတဲ့ သူတို့အကြောင်း လေးတွေ ဖေါက်သည်ချပါအုံးမယ် ၊၊ ကောင်းတာရောဆိုးတာရောပေါ့လေ ၊၊ ကိုယ်တွေ့ရော သူငယ်ချင်းတွေ့ ရော ပေါ့ဗျာ ၊၊ ကိုယ်လည်းဒီမှာကြာသေးတာ မဟုတ်တော့ သိပ်တော့လည်း မသိပါဘူး ၊၊ ကိုယ်တွေ အခံစိတ် ကလည်း သိမ်ငယ်နေတာ လည်းပါပါတယ်လေ ၊၊ လူတိုင်းကြုံတွေ့ရတဲ့ အကြောင်းလေးတွေ ပေါ့ဗျာ ၊၊

ဘယ်နေရာ မဆို ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလည်း ရှိပါတယ် ၊၊ နောက် မှတ်တမ်းလေးထားတာက တကယ် လို့များ ကျွန်တော်တို့ မသေခင် ဟိုအီးမေးတွေ ထဲကလို မြန်မာပြည်ကြီးသာလျှင် ကမ္ဘာ့အလယ်မှာ ထည်ထည် ၀ါဝါ ရပ်တည်လို့ သူတို့တွေများ လာရောက် လုပ်ကိုင်တဲ့ အခါ သူ့တို့လို မဆက်ဆံမိအောင် သတိယစေဖို့ ဆိုတဲ့ ရည် ရွယ်ချက် အပြည့်ပါပါတယ် ၊၊ ( မဖြစ်နိုင်ဘူးဆိုပြီး မပြုံးနဲ့နော် ၊ မကြာမှီလာမည်မျှော် ၊ ကိုရွှေ မေတ္တာ ဝေတယ် ပြည်သူတွေ ................ပါစေ ) တဲ့ဗျာ ၊၊



( Neck Tie အပြာရောင် နဲ့ အရပ်မြင့်မြင့် တစ်ယောက်က ကျွန်တော်ပြောတဲ့ Mr Charles Ng ပေါ့ဗျာ)

Mr Charles Ng

ကျွန်တော် ပထမဆုံးတွေ့ရတဲ့ ဒီနိုင်ငံသားစစ်စစ် ကျွန်တော်ရဲ့ လုပ်ဖေါ်ကိုင်ဖက်ပါ ၊၊ ကျွန်တော် ကံကောင်း ပါတယ်၊၊ ဘာ့လို့ဒီလိုပြောလည်း ဆိုတော့ သူကအင်မတန်မှ စိတ်ကောင်းရှိတဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ ၊၊ လူကြီးဆန်တယ် ၊၊ အသက်က ၄၀ ကျော် ဆိုပေမယ့် နည်းနည်းတော့ အိုစာတယ်ဗျ ၊၊ မြန်မာပြည်က ရုပ်ရှင်မင်း သား နေအောင် ရဲ့ ရုပ်အတိုင်းပဲ ၊၊ ကျွန်တော့ဆီက ဘင်္ဂလားတွေကတော့ Good Heart ရှိတဲ့ လူတစ်ယောက် လို့ပြောကြတယ်ဗျ ၊၊ မှန်ပါတယ် ၊၊ အင်မတန်မှ နားလည်တက်ပြီး လုပ်သက်လည်းရပြီဖြစ်တဲ့ လူတော် တစ်ယောက် ပါ ၊၊ နောက် Political ကို အင်မတန်မှ မုန်းတီးသူ တစ်ယောက်ဖြစ်ပါတယ် ၊၊ သူအဓိက လေးလေး စားစား ဆက်ဆံတာကတော့ နိုင်ငံခြားသားတွေ ပါပဲ ၊၊ နောက်အထူးအဖြင့် မြန်မာတွေကို သူ အထင် မသေး ဘူး ၊၊


မှတ်မှတ်ယယ မနှစ်က နာဂစ်ဖြစ်တဲ့အခါ ဘယ်လူကြီးမှ အရေးမလုပ်ဘူး ၊၊ ဒါပေမယ့်သူက ကျွန်တော်တို့ မြန်မာ တွေ အားလုံးကို ဖုန်းဆက်တယ် ၊၊ မေးတယ် ၊၊ အိမ်နဲ့ အဆက်အသွယ် ရတဲ့ ကိုအောင်မြင့်ဆိုတဲ့ အကို အတွက်ဆို သံရုံးကို သွားဖို့ နောက် ဘယ်လိုကူညီရမလဲဆိုပြီးမေးတယ် ၊၊ တစ်ခုဆိုးတာက သူက ကျွန်တော် တို့ မြန်မာ သံရုံးအကြောင်းမှ မသိတာကိုး အဟ ၊၊ ထားလိုက်ပါ ကျွန်တော်ဆိုလိုချင်တာက သူဟာအဲဒီလို စိတ်
ကောင်း ရှိတဲ့ လူမျိုးဗျ ၊၊ တကယ်ကို စိတ်ကောင်းတာ ၊၊ နောက်လူကဲခတ် တော်တယ် ၊၊ အဲ နောက်တစ်ခုက ပြည်ကြီးတရုတ်တွေကို မုန်းတီးရေးသမား စစ်စစ် ၊၊ ဘယ်လိုမှ ကြည့်မရတာ ၊၊ တွေ့တာနဲ့ ဆဲတော့ တာပဲ ၊၊ တကယ်ပါ ၊၊ တခါတလေ ကိုယ်တောင် အားနာတယ် ၊၊ အဲဒီတရုတ်တွေကလည်း ကွယ်ရာ မှာ သူ့ကို အတင်း အုပ်တယ် မြန်မာနဲ့ ဘင်္ဂလားပဲ လူထင်တဲ့ လူကြီးတဲ့လေ ၊၊


အသက်ကြီးတယ် ၊၊ လုပ်သက်ကြာပြီ ၊၊ ဘယ်တော့မှ ငါလုပ်သလိုလုပ်လို့ မပြောဘူး ၊၊ အမြဲတမ်း တိုင်ပင်တယ် ၊၊ ကျွန်တော့်ကို လုပ်ပိုင်ခွင့်ပေးတယ် ၊၊ ကိုယ်ရဲ့ကြိုးစားမှု အရာထင်ခဲ့တယ် ၊၊ သူကလုပ်ပိုင်ခွင့်ပေးလို့ပါ ၊၊ ကျွန်တော် မှားခဲ့တာတွေ မနည်းပါဘူး ၊၊ ဒါပေမယ့် အပြစ်မပြောဘူး ဘယ်လိုဖြေရှင်းရမလဲ သင်ပေးတယ် ၊၊ အဲဒီ လိုမျိုးဆိုတော့ ကျွန်တော်တို့လည်း လုပ်ရတာ အဆင်ပြေတာပေါ့ဗျာ ၊၊ နောက်သူကျွန်တော့်ကို အမြဲပြော တယ် မင်းကို ငါယုံတယ်တဲ့ ၊၊ ဒါဟာတကယ်တော့ သူတကယ်တော်တယ်ဆိုတာ ပြတာပဲဗျ ၊၊ ဘာလို့ဒီလို ပြော လည်းဆိုတော့ ကိုယ့်ကို တော်တယ်ပြောလို့မဟုတ်ဘူး ၊၊ သူက လူတွေကို သာသာလေးနဲ့ ထိန်းချုပ်တာ ၊၊ အခြား သူတွေ တော့မသိဘူး ဗျ ၊၊ ကျွန်တော်ကတော့ အဲဒီ ယုံတယ် ဆိုတဲ့ စကားကို အကြောက်ဆုံးပဲ ၊၊ ကိုယ့် ကို ဘယ်လိုမှ လွတ်ထွက်လို့ မရအောင် ချုပ်ကိုင်လိုက်တာပဲ ၊၊


သူနဲ့ပတ်သပ်ရင်တော့ ပြောစရာတွေကအများကြီးပါ ၊၊ ပျင်းနေမှာဆိုးလို့ ဖြတ်လိုက်တော့မယ် ၊၊ နောက်လူတွေ လည်းအများကြီးပြော ရအုံးမယ်လေ ၊၊ အဲသူကျွန်တော့်ကိုပေးထားတဲ့ နာမည် တစ်ခုရှိသေးတယ် ၊၊ ကွယ်ရာမှာ လည်းအဲဒီလိုပဲ ခေါ်တယ် ၊၊ ကုမ္မဏီ Anniversary Dinner ညတစ်ခုမှာ စပြီး နာမည်ပေးလိုက်တာလေ ၊၊ အဲဒီနာမည်ကိုပဲ ခေါ်တယ် ၊၊ သူစိတ်ပျော်ရင်ပေါ့ ၊၊ ဘယ်လိုခေါ်လည်း သိချင်ကြလား ၊၊ Handsome Man တဲ့ဗျား ၊၊ ဒါ့ကြောင့်ပြောတာပေါ့ဗျ Charles က လူတော်ပါ လို့ ........... ကဲယုံပြီမဟုတ်လား ၊၊
မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

Thursday, 16 July 2009

နိုင်ငံခြားသားဆို ကြောက်သတဲ့လား


Geylang , Chinese and the irrationality of fear

လွန်ခဲ့တဲ့ အပတ် က ဖေါ်ပြပါရှိခဲ့တဲ့ The Straits Times forum Page မှာပါတဲ့ ဆောင်းပါလေးတစ်ပုဒ်ကို ပြန်လည် ဖြေရှင်းချင်ပါတယ် ၊၊ ဒါဟာ စင်ကာပူနိုင်ငံသားအားလုံးကို မရည်ရွယ်ပါဘူးဆိုတာတော့ အရင်ဆုံး သိစေလိုပါတယ်နော ၊၊ စင်ကာပူမှာ Mandarin ဘာသာ စကားကို ပိုမိုတိုးတက် အသုံးပြုစေလိုပါတယ် ဆိုတဲ့ အဆိုကိုတော့ ကြိုဆိုလက်ခံ ပါတယ်ဗျာ ၊၊ သို့သော်လည်း ကျွန်တော်တို့က သီးခြား ဖွဲစည်းထားတဲ့ Geylang လို သတ်မှတ်ထားတဲ့ နယ်နိမိတ်ဘောင် ကျဉ်းကျဉ်းလေး မဟုတ်ဘူးလေဗျာ ၊၊ စာရေးသူ Amy Loh ထောက်ပြ သွားတဲ့ Geylang မှာရှိတဲ့ ဆိုင်နာမည် ဆိုင်းပုဒ်တွေ ၊ အထူးသဖြင့် Chinese only ဆိုတဲ့ စာသားတွေ ဟာ စင်ကာပူနိုင်ငံသားများရဲ့ ဆန္ဒပါလို့ဆိုလိုတာတော့ မဟုတ်သေးဘူးထင်ပါတယ်ဗျာ ၊၊

သူမကပြန်မေးထားသေးရဲ့ ဘယ်နိုင်ငံမှာများ ဘာသာစကားလေးမျိုးကို တရားဝင်ပြဌာန်းထားပါသလဲ ၊ ဒီလို Geylang မှာ တရုတ်စာတွေ နဲ့အသုံးပြုထားတာဟာ တရုတ်စာ တိုးတက်ရေးအတွက် တွန်းအားပေးတဲ့ လုပ်ဆောင် ချက်မဟုတ်ဘူးလား ရှင် တဲ့ ၊၊ နောက်ထပ်သူမထပ်ဆိုတာက ဒီလို ဘာသာစကား ၄ မျိုးကို အသုံး ပြုခွင့်ပြုထားတာဟာ " Distrubing trend " ၊ ဆိုးရွားတဲ့လမ်းကြောင်းကို ဦးတည်နေတာနော်တဲ့ ဗျာ ၊၊ နောက်ထပ် သူက ဆက်ဆိုပါသေးတယ် နိုင်ငံခြားသားတွေ က လွမ်းမိုး ၊ ချုပ်ကိုင် ၊ ၀ါးမြိုသွားမယ့် ၊ အနောက်နိုင်ငံ တွေ ဆီဦးတည် နေတဲ့ လမ်းကြောင်းကို စင်ကာပူနိုင်ငံက ပြန်လည် တွန်းလှန် တားဆီး သင့်တယ် နော်တဲ့ ဗျာ ၊၊

Ms Loh ကဘယ်လိုများ သုံးသပ်ချက်ထပ်ပေးလဲဆိုတော့ တခါတရံမှာ စင်ကာပူနိုင်ငံသားတွေ ရင်ထဲမှာ အမည်မသိတဲ့ ကြောက်ရွံမှုတစ်မျိုး ခံစားနေရတယ် ၊၊ အဲဒါဟာဘာလဲဆိုတော့ နိုင်ငံခြားသားတွေ ကို ကြောက် ရွံမှုဆိုတဲ့ Xenophobia ဆိုတဲ့ ရောဂါတစ်မျိုးပဲ ၊၊ ဒါဟာလည်းတကယ်တော့ အံ့အားသင့်စရာ တစ်ခုတော့ မဟုတ်ပါဘူးလေ ၊၊ စီးပွားရေ တဟုန်တိုး ဖွံ့ဖြိုးတိုးတက်လာတဲ့ အကျိုးရလာဒ်ကြောင့် ၀င်ရောက်လာတဲ့ အမြောက် အမြားသော နိုင်ငံခြားသားများက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ၀င်ရောက်နေရာ ယူလိုက် ကြလို့ပါပဲ ၊၊ ဒါဟာ စင်ကာပူးရီးယန်းတွေ ရင်ထဲက မြင်သာထင်သာ ကြောက်ရွံမှူတွေပေါ့ ၊၊ သူတို့ဘာတွေ များ စိုးရိမ်နေလဲဆိုတော့ သူတို့ရဲ့ အလုပ်တွေ ၊ သူတို့ရဲ့ ကျောင်းတွေ နောက်ဆုံး သူတို့ရဲ့ ဇနီး ခင်ပွန်းတွေကိုပါ သူတို့ စိုးရိမ်လာကြတယ်လေ ၊၊

တကယ်တော့ ဒီလို ရောဂါဟာ ဒီတစ်နိုင်ငံထဲတော့ မဟုတ်ပါဘူး ၊၊ စီးပွားရေးအရ ထိပ်တန်းရောက်နေတဲ့ နိုင်ငံ ကြီးတွေဖြစ်တဲ့ London , Sydney နဲ့ New York တွေမှာလည်း ဖြစ်နေတာပါပဲ ၊၊ စင်ကာပူကတော့ နည်းနည်း ပိုဆိုးနေရတာက တော့ Richy-endowed နိုင်ငံ တစ်ခု ဖြစ်နေလို့ပါပဲ ၊၊ အင်မတန်မှ ဖွံ့ဖြိုးတိုးတက် နေပြီး ၊ ကမ္ဘာနဲ့အညီ စီးပွားရေးရင်ဘောင်တန်းနေဖို့အတွက် လည်း လိုအပ်နေတဲ့ နိုင်ငံခြားသား ပညာရှင်များကို စနစ် တကျ လေးထိန်းချုပ်ပေးမယ် ဆိုရင် အဆင်ပြေမှာပါ ၊၊ ဒါဟာလည်း စင်ကာပူနိုင်ငံသားတွေ အတွက် တစ်ခုတည်း သောနည်းလမ်းဖြစ်မယ်ထင်ပါတယ် ၊၊ ယခုလက်ရှိရော နောင်အနာဂတ်ပါ အဆင်ပြေစေမယ့် နည်းလမ်းပါ ၊၊ ဖွံ့ဖြိုးပြီး နိုင်ငံတိုင်း ကြုံတွေ့နေရတဲ့ ဖြစ်စဉ်မို့ စင်ကာပူအတွက်လည်း ချွင်းချက်တော့ မရှိပါ ဘူးလေ၊၊

Geylang ဟာ ဘာသာစကားတစ်မျိုးသာ ပြောရတဲ့ နေရာ ဖြစ်ရမယ်ဆိုတဲ့ ကိစကတော့ ဘယ်လိုမှ မဖြစ်နိုင် ပါဘူးလေ ၊၊ သီးသန့် စီးပွားရေးလုပ်ငန်းတွေ အရ ကျန်ရှိနေမယ် ၊ ဘာသာစကားတမျိုးပဲ ပြောကြမယ် ဆိုရင် တောင် အဲဒီလိုသတ်မှတ်ချက်ကြောင့်တော့ မဖြစ်သင့်ပါဘူး ၊၊ ကမ္ဘာပေါ်မှာ အင်္ဂလိပ် စကားအသုံးပြုမှု ဟာ တရုတ်စကားထက်ပိုပြီးကျယ်ပြန့်နေတယ်လေ ၊၊ Geylang မှာရှိတဲ့ တရုတ်လူမျိုးတွေသာမက ၊ စင်ကာပူတစ် နိုင်ငံလုံးမှာ ရှိတဲ့ တရုတ်လူမျိုးတွေ ဟာ လူမျိုးရေး ခွဲခြားမှုတွေ ကို ပယ်ဖျက်ပြီး သူတို့ရဲ့ လူမှုဆက်ဆံရေး နယ်ပယ် ပိုမိုကျယ်ပြန့်စေချင်ရင်တော့ အခြေခံ အင်္ဂလိပ်စာလောက်တော့ ကြိုးစားသင့်တယ်လေ ၊၊ ဒီမှာ လည်း အလုပ်ထဲမှာ သုံးနေကြတာက အင်္ဂလိပ်စကားပဲလေ ၊၊ နိုင်ငံခြားက၀င်ရောက်လာတဲ့ တရုတ်လူမျိုးတွေ အနေနဲ့ သင်ယူလာခဲ့မယ် ဆိုရင် စင်ကာပူနိုင်ငံ ဥိးတည်နေတဲ့ Multi-Raicial Environment ကို ပိုပြီး တိုးတက်စေမှာပါ၊
စင်ကာပူနိုင်ငံ သားတွေ အနေနဲ့ သင့်လျော်သော သတ်မှတ်ထားတဲ့ အချိန်တစ်ခုကို ပိုပြီးစိတ်ရှည်ရှည်နဲ့ စောင့်စားသင်ပါတယ်လေ ၊၊


( ဒီနေ့ Straits Times မှာပါတဲ့ Review & Forum ဆိုတဲ့ အယ်ဒီတာ့ အာဘော်လေးကို ဘာသာပြန်ပါသည် ၊၊ )

ဒီဆောင်းပါးလေးကို ဘာလို့ တင်ဖြစ်သလဲဆိုတော့ ကျွန်တော်တို့ရဲ့နေ့စဉ် ဘ၀မှာ အင်မတန် အရေးပါတဲ့ ပြော ဆိုဆက်ဆံရေးနဲ့ ပတ်သပ်တာရယ် ၊ အင်မတန်မှ Smarty ဖြစ်ပြီး ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းတဲ့ လူမျိုး ၊ အဲဒီလူမျိုးတွေရဲ့ ရင်ထဲက လာတဲ့ ဘာသာစကားတစ်ခု ဖြစ်တာရယ်ကြောင့်ပါ ၊၊

မှတ်မိပါသေးတယ် ၊၊ ပထမ ကုမ္မဏီ အစည်းအဝေးတစ်ခုမှာတုန်းကပေါ့ ၊၊ အဲဒီမှာ ပါတာက စင်ကာပူရီးယန်း တွေ ရယ် ၊ တရုတ်ကလာတဲ့ လူတွေ ရယ် ၊ မြန်မာတွေရယ် ၊ အိန္ဒီယ နဲ့ ဘင်္ဂလားတွေပေါ့ ၊၊ အားလုံးက အင်္ဂလိပ်လို ပြောသလို ဘာဖြစ်ဖြစ် အနည်းအပါးတော့ နားလည်ပါတယ် ၊၊ တရုတ်တွေက တကယ်လည်း နား မလည်သလို အိပ်တောင် ငိုက်နေသေးရဲ့ ၊၊ ဒါပေမယ့် သူတို့လူမျိုးချင်းတော့ ချစ်တယ် ၊၊ တရုတ်လို ပြန်ရှင်းပေး တယ် လေ၊၊ နောက် ကျွန်တော်တို့ကို ကြည့်ပြီးဆိုလိုက်သေးတယ် သူတို့က အင်္ဂလိပ်စကား နားမလည်ပေမယ့် နည်းပညာကို ကျွမ်းကျင်တယ် တဲ့လေ၊၊ ဘာမှ မဆိုင်ဘဲ အသားလွတ် စော်သွားတာ၊၊ သူက Local ပါ နောက် ကျွန်တော်တို့ ရဲ့ Senior Project Director လေ ၊၊ အဲဒီနေ့ကတည်းက ကြည့်လို့လည်းမရသလို ၊ မတွေ့အောင် နေတယ် ၊၊ အခုထွက်သာလာရော နှုတ်မဆက်ခဲ့ဘူး ၊၊ ညစာစားပွဲတောင် သူပါရင် မသွားဘူး ၊၊ ဟာဟ ဒီလို ..

ဟုတ်တယ် ...အတူတူ အလုပ်လုပ်တဲ့ ပြည်မက သူငယ်ချင်း တရုတ်ကိုပြောဘူးတယ် ၊၊ ကျွန်တော်လည်း အင်္ဂလိပ်က တောင် တစ်လုံးမြောက်တစ်လုံးပါ ၊၊ မင်းလည်းကြိုးစားပြီးပြောပါလား ပေါ့ ၊၊ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ကြား မှာ နောက်တစ်ယောက်က အမြဲတမ်း စကားပြန်လုပ်နေရတယ်လေ ၊၊ Local သူငယ်ချင်းတစ်ယောက်က သူ့အလုပ်ထက် ကျွန်တော်တို့ စကားပြန်လုပ်ရတယ် ၊၊ ဘာပြောတယ်ထင်လဲ၊၊ အင်္ဂလိပ်စာ မတက်လည်း စင်ကာပူမှာ ဘယ်သွားသွားရတယ် ၊၊ မသင်နိုင်ဘူးတဲ့လေ ၊၊ အဲဒါပညာတက် Professional တစ်ယောက်နော်၊၊ သူက ကမ္ဘာနဲ့ ချီပြောတာဗျ ၊၊

ကျွန်တော်အလုပ်မှာကလည်း တရုတ်များတယ်လေ ၊၊ ပြည်ကြီးကတရုတ်တွေ ၊၊ ဘယ်လိုမှ ပြောလို့မရ ဆိုလို့မရ ၊၊ အဲဒီမှာ Sub-Con သူဌေးက ဘာလာပြောလဲဆိုတော့ မင်းဘာလို့ တရုတ်စကားမသင်ခဲ့တာလဲတဲ့ဗျာ ၊၊ မှန်ပါတယ်လေ ၊၊ ကျွန်တော့် လုပ်ဖေါ်ကိုင်ဖက်တွေက ဒေါတွေကန်လို့ ၊၊ Malaysian တွေ Philipine တွေနဲ့က အဆင်ပြေတယ်ဗျ ၊၊ နောက် ကျွန်တော် ကွန်ပလိန်းတက်တော့မှ မြန်မာ-တရုတ် စကားပြန်တစ်ယောက် ထားပေးတယ် ၊၊ သူကအလုပ်လည်းလုပ် စကားပြန်လည်းလုပ်ပေါ့ ၊၊ ရှမ်းပြည်ဘက်ကကောင်လေး တစ်ယောက် ၊၊ သူလည်းမသက်သာဘူး အဲဒီတရုတ်တွေက သိပ်လည်းလူလည်လုပ်တော့ သူ့ခဗျာ ကြားထဲက တော်တော် ခံရ တာလား ၊၊ အဲဒါနောက်ပိုင်း ခုနပြောတဲ့ ဒီစလုံးသူငယ်ချင်းရောက်လာမှ သူလည်းဝဍ်ကျွတ်သွားတယ် ၊၊

ဘာရယ်မဟုတ်ပါဘူး ၊၊ ကြုံလို့ ရေးလိုက်ပါတယ် ၊၊ သူတို့က သိပ်လည်းတော်သလို ၊ သိပ်လည်း တကိုယ် ကောင်း ဆန်ကြပါတယ်၊၊ ဒါကတော့ တော်တဲ့သူတွေရဲ့ အမူအကျင့်တစ်ခုလို့ ပဲ လက်ခံလိုက် တယ် ၊၊ ကိုယ်ကို တိုင်ကတော့ သိပ်ကို Flexible ဖြစ်လွန်းတော့ မကောင်းတဲ့နေရာတွေတော့ မကောင်းဘူး ၊၊ ကိုယ့်အတွက် တောင် ကိုယ်ပိုင်လိုင်းတစ်ခုရယ်လို့ မထားပဲ လိုက်လျောတက်လွန်းတော့လည်း ကြာတော့ စော်ကား ချင်ကြတယ်၊၊
သူတို့လိုလည်း ပြတ်ပြတ်သားသား ငြင်းဆန်ပြီး တင်းခံနိုင်တဲ့ စိတ်ဓါတ် အားမျိုးတော့ တခါတခါ လိုချင်သား ၊၊ သို့သော် ကိုယ့်နှလုံးသားက လက်မခံ.......
မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

Wednesday, 15 July 2009

စာရိတ္တ ခိုင်မာရေး တဲ့လား

Seoul teachers targeted in anti-bribery drive


ကျောင်းသား များ ၊ ကျောင်းသားမိဘများထံမှ လက်ဆောင် များ ၊ ငွေကြေးနှင့် လာဘ်ပသကာများ လက်ခံတယ် ဆိုတာဟာ တကယ်တော့ ဆရာဆရာမများရဲ့ ဂုဏ်သရေ ကို ညှိုး နွမ်းစေပါတယ် ၊၊ အဲဒီလို ကျောင်းသားမိဘများထံမှ လက်ဆောင် ပစည်းများ လက်ခံနေပါတယ် ဆိုတဲ့ ဆရာဆရာမများကို ဖေါ်ထုတ်သတင်းပေးသူများအား ဆုငွေ ချီးမြှင့်ပါမယ် ဆိုတဲ့ လှုပ်ရှား မှုတစ်ရပ် ကိုးရီးယား နိုင်ငံ ဆိုးမြို့ ပြုလုပ်ခဲ့ပါတယ် ၊၊

ဆိုးမြို့ မှာရှိတဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းကြီးမှ နေပြီးတော့ ကိုးရီးယားငွေ သန်းပေါင်း ၃၀ ၊ စင်ကာပူဒေါ်လာ ၃၄၃၂၀ ကို ချီးမြှင့်မှာ ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ခဲ့ပါတယ် ၊၊ဒီအစီအစဉ်ဟာ အကျင့်ပျက် ချစားနေတဲ့ အမူအကျင့်ရှိသူဆရာဆရာမတွေ ကို ဖေါ်ထုတ်ပြီး အဲဒီလို အမူအကျင့်မျိုး ကို မှေးမှိန်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ် ၊၊ အတိအကျ သတင်းပေးတိုင်ကြားသူ ၅ ယောက်မှ ၇ ယောက်အထိ ကို ဆုချီးမြှင့်သွားမှာပါ ၊၊ ဖွဲ့စည်းထားတဲ့ ကော်မတီမှ လက်ခံရရှိတဲ့ တိုင်ကြားစာများကို သေချာစွာစိစစ်ပြီး ရွေးချယ် မှာလို့ ဆိုပါတယ် ၊၊

သူတို့ အဖွဲ့ရဲ့ တိုင်းတာ လေ့လာတွေ့ ရှိချက်များ အရတော့ ကျောင်းသားမိဘ ၁၆၆၀ လျှင် ၅ ယောက်က လက်ဆောင် များနှင့် ငွေကြေးများ ပေးရတယ်လို့ ဆိုပါတယ် ၊၊ ဒီလိုဖြစ်ရပ်ကို မကျေနပ်တဲ့ ၊ ကာလကြာရှည် မြိုသိပ်ထားရတဲ့ ကျောင်းသားမိဘများကတော့ အခုလို အစီအစဉ်ကို ကျေကျေနပ်နပ်ကို လက်ခံခဲ့ပါတယ် ၊၊ ဒီအစီအစဉ်ကို ကို လည်း အထူးကို ကျေးဇူးတင်နေကြပါတယ် ၊၊ ၄၆.၈ ရာနှုန်းသော ကျောင်းသားမိဘများကတော့ ဒါဟာ တကယ်တော့ လာဘ်ပေးလာဘ်ယူတဲ့ အပြစ်တစ်ခုပါပဲ လို့ ဆိုကြပါတယ် ၊၊သဘောကတော့ သူတို့ ဒီလိုပေးရတာမျိုးကို မကျေနပ်ပါဘူး လို့ ဆိုကြတာပါပဲ ၊၊ ဒီလို အကျင့်ပျက် စရိုက်ဆိုး ကို လည်း ပပျောက်စေလို ကြပါတယ် ၊၊

ပြသနာကတော့ ဘာဖြစ်လာလဲဆိုတော့ လောလောဆယ်မှာ ဆိုလ်းမှာ ရှိတဲ့ ပညာရေးဆိုင်ရာ အဖွဲ့ အစည်း ရုံး ၁၆ ရုံးအတွက် ၃ နှစ်အတွင်း တိုင်းတာရရှိတဲ့ အကျင့်စာရိတ္တကောင်းမွန်မှူ ရမှတ်က အင်မတန်မှ နည်းနေ ပါတယ် ၊၊ အဲဒီလိုတိုင်ကြားခံရတဲ့ ဆရာ တွေကလည်း ဒေါသထွက်နေပါတယ်တဲ့ ၊၊ ပြန်လည် ဖြေရှင်းဖို့ အဆင့်သင့် ဖြစ်နေကြတယ် လို့ ဆိုပါတယ် ၊၊ ဒါဟာလည်း နောက်ထပ် ပြသနာတစ်ခုပါ ၊၊ ပညာရေးဆိုင်ရာ ပြော ရေးဆိုခွင့်ရှိသူ Mr Kim Dong Seok ဆိုသူကတော့ ဘယ်လိုပြောသလဲဆိုတော့ တချို့လူတွေ ဟာ ဆုကြေးငွေ ရယူလိုမှုအတွက် ပုဂ္ဂိုလ်ရေး မုန်းတီးမှုအပေါ်မှာ မှားယွင်းတဲ့ တိုင်တန်းချက်တွေ ပေါ်ပေါက်လာပါ တယ် ၊၊ အဲဒီအတွက် အမှန်တကယ် ရိုးသားတဲ့ ဆရာတွေ ကို အကာအကွယ်ပေးဖို့ လိုအပ်ပါတယ် လို့ ဆိုပါတယ် ၊၊ နောက်ထပ်အရေးကြီးဆုံးကတော့ ကျောင်းသားတွေ နဲ့ ဆရာတွေ ကြားမှာရှိတဲ့ အပြန်အလှန် ယုံကြည် ချစ်ခင်မှုဆိုတဲ့ ဆက်ဆံရေးတစ်ခုကို ပျက်ပြားစေလိမ့်မယ် လို့ သူကစိုးရိမ်တကြီးဆိုပါတယ် ၊၊ ဒါဟာ တကယ့်ကို ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးတဲ့ အချက်ပါ လို့ ထပ်လောင်းပြောဆိုလိုက်ပါတယ် ၊၊

( My Paper မှ သတင်းတိုလေးအား ခံစား ဘာသာပြန်ပါသည် ၊၊ မှားယွင်းမှုများသည် စာရေးသူ၏ ချိုးယွင်း ချက်သာဖြစ်ပါကြောင်း တောင်းပန်ပါသည် )


အင်း ဒီသတင်းလေးဖတ်မိတဲ့အခါ ကိုယ့်ရဲ့ငယ်ဆရာတွေကို သတိယမိတာတော့ အမှန်ပါပဲ ၊၊ တကယ် စဉ်းစား မယ်ဆိုရင် ဆရာ ဆရာမတွေ ဆိုတာဟာ နိုင်ငံတော် အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်ပါတယ် ၊၊ ပညာရေးဆိုတာ ဟာ အကျင့်စာရိတ္တ ရဲ့ မဏိုင် တစ်ခုပင် မဟုတ်ပါလား ၊၊ ဒီလိုပညာရေးရဲ့ အရေးပါမှုကို သိမြင်ရပါလျက် နောင်လာနောက် သား လူငယ်များရဲ့ ဦးဆောင်လမ်းညွှန် ဆရာတွေ အတွက်လည်း ကြံကြံ့ခိုင်ဖို့ ၊ မယိုင်လဲဖို့ ဘယ်လို အားနဲ့များ ခြေ ကန်ထားရပါမလဲ ၊၊ လူအဖွဲ့အစည်းအတွက် အရေးကြီးဆုံး သော အခြေခံ အချက်ကြီး ၃ ခုဖြစ်ပါတဲ့ စားရေး ၊ ၀တ်ရေး ၊ နေရေး ဆိုတဲ့ အခြေခံအချက်တွေ ပြည့်စုံပါမှသာ စာရိတ္တ မယိုင်အောင် ခြေကန်နိုင်မှာ မဟုတ်ပေ လားဗျာ ၊၊

အူမတောင့်မှ သီလစောင့်နိုင်ပါသတဲ့လေ ၊၊ ကျွန်တော်တို့ ဒီနေ့ဒီအချိန်မှာ ဒီလို ရပ်တည်နိုင်ဖို့ သင်ကြားပေးခဲ့ ကြတာဟာ ကျွန်တော်တို့ရဲ့ ဆရာများ မဟုတ်ပါလားဗျာ ၊၊ ကျွန်တော်တို့သာ ကြီးပြင်းလာတယ် ၊ ဆရာဝန်ကြီး တွေ ၊ အင်ဂျင်နီယာကြီးတွေ ဖြစ်လာတယ် ကျွန်တော်တို့ ဆရာဆရာမတွေ ကတော့ မူလတန်းမှာ ကျန်နေခဲ့ကြ ဆဲပါ ၊၊ ဟိုးကတည်းက ၀တ်ဆင်ခဲ့တဲ့ လုံချည်အစိမ်းလေးလည်း နွမ်းနေဆဲပါပဲလေ ၊၊ အင်္ကျီအဖြူလေး လည်း ဖားအု တွေ စွဲနေ လို့ပါလား ၊၊ ကိုယ့်တပည့်လေးတွေ က ကြီးပြင်းလို့ လူလားမြောက် ၊ အရွယ်တွေ ရောက် ကြီးပွား နေပေမယ့် ကျွန်တော်တို့ရဲ့ ဆရာတွေ ကတော့ ခုချိန်ထိ နဂိုအတိုင်း မပြောင်းလဲသေးပါလားနော......


လွမ်းဆွတ်ခြင်းများစွာဖြင့်
မင်းအိမ်ဖြူ