Saturday, 12 December 2009

ဒီနေ့ စနေနေ့

ဒီနေ့ စနေနေ့ ၊၊ အမှန်အတိုင်းပြောရရင် စနေနေ့ လောက် အလုပ်လုပ်ရတာ ပျင်းတာ မရှိပါဘူး ၊၊ နေ့တစ်ဝက် ဆိုပေမယ့် တစ်နေကုန်သွား တော့တာပါပဲ ၊၊ အခြားသူတွေ က တနင်္လာနေ့ကို ကြောက်တယ် ၊၊ ကျွန်တော်က တော့ စနေနေ့ကို ကြောက်တယ် ၊၊ တခါတလေများ ည နက်သန်းခေါင်ဖြစ်သွားတက်တယ် ၊၊ ထားလိုက်ပါတော့ လေ ကိုယ့်ဒေါသနဲ့ ကိုယ်ဆိုတော့လည်း လုပ်အုံးပေါ့ ၊၊ ဒီလိုနဲ့ ဒီနေ့လည်း ထုံးစံအတိုင်း ကြောက်ကြောက်နဲ့ အလုပ်လာတာပါ ၊၊ ကိုယ့်အပျော်ကိုယ်ရှာမယ်ပေါ့ ဆုံးဖြတ်ပြီး ဖတ်နေကျ စာအုပ်လေးပိတ် ၊ မျက်စိလေး မှိတ်ပြီး စဉ်းစားပြီး မှိန်းနေတုန်း ၀ူးဝါး ၀ူးဝါး အသံတွေ ကြားလို့ ဘေးဘီကို ငေးလိုက်တော့ ကုလားနှစ်ယောက် အခုမှ တွေ့တဲ့ သူတွေလို စကားတွေပြောနေလိုက်တာ ရထားတစ်စီးလုံး သူတို့ပဲ ရှိလား မှတ်ရတယ် ၊၊ တစ်တွဲလုံး ငေးနေတာလည်း ဂရုမစိုက်ပါဘူး ၊၊ သူတို့ ရွာမှာ အမီနာ လင်နောက်လိုက်သွားတဲ့ အကြောင်းများ ပြောပြီး လွမ်းနေကြတာလားမသိ ၊၊

မကြာပါဘူး ၊၊ နောက်ထပ် ၀ူးဝါးဝူးဝါး အသံထပ်ထွက်လာပါတယ် ၊၊ တစ်တွဲလုံးလည်း လိုက်ရှာတာပေါ့ ဘယ်ကပါလဲပေါ့ ၊၊ ဒီနေ့ ရထားပေါ်ကလူတွေက အကြံတူနေတယ် ထင်ပ ၊၊ ကျွန်တော့်လိုပဲ စာအုပ်လေးပိတ် ထားတဲ့သူနဲ့ ၊ သတင်းစာလေး ပိတ်ထားတဲ့သူနဲ့ လိုက်ရှာကြတာ တတိယ အသံရှင်ကို ၊၊ ဟော တွေ့ပါပြီ ၊၊ ကိုယ် တော်ချောက ခုနက ကုလားနှစ်ယောက်ဘေးကနေ ဖုန်းထပြောနေတာ၊၊ အားကောင်းမောင်းသန်ကို အော်နေတာ ပြည်မက အမျိုးတွေနဲ့ အကြွေးကိစ ဆွေးနွေးနေပုံရပါတယ် ၊၊ ဟဲဟဲ ပွဲကတော့ စည်လာပါတယ် ၊၊ သူလည်း ကိုကုလားတွေကို နိုင်အောင်တော့ မပြောနိုင်ရှာပါဘူး ၊၊ နောက်ဆုံးတော့ သူတို့ဘာသာဘာဝ တရုတ် သီချင်းကို အကျယ်ကြီး ထဖွင့်ပါတော့တယ် ၊၊ တန်ဆောင်တိုင်ပွဲတော်လို ကုလားနှစ်ယောက်က အပြိုင်ပြော နေသလို တရုတ်ကလည်း သီချင်းသံကုန်နဲ့ တော်တော်ကို အိပ်ချင်ပြေသွားပါတယ် ၊၊

လာပါပြီနောက်တစ်မျိုး ၊၊ ရထားကနေ ကားပေါ်ရောက်တော့ မှိန်းနေတုန်း နောက်နားဆီက " အင်....... ဟင့်........... မောင်.................. အွန့် ရောက်တော့မယ်လေ ................ အာ............. ကွားးးးးးးးးး အသံကြီးကလည်း အိပ်ချင်မူးတူး ကြီးနဲ့ ............. ဘာလဲ ............့ kjlkjflfjlksfjlsfjriri vnkdslfjsdlfjdsf jfpefp သူဌေး ဆီကနေ ညနေကားတောင်းလာခဲ့နော် မောင် လို့ မနက်ဖြန် သွားစရာ ရှိတယ်လေ ကွာ......... ယယယယယယယယယယယယယယ " အိုးမိုင်ဂေါ့ နောက်တစ်မျိုးကတော့ ရွာကအမျိုး စာဥ ရယ်လေ ၊၊ ချွဲပြီး ပျစ်နေတာ အင်း စိတ်ကူးဖဲရိုက်ပြိး အသံကတော့ ကြံကျိတ်ဆုံက ထွက်လာသလို ဆိုတော့ ရုပ်ကို မှန်းပြီ ပေါ့ ၊၊ ဘယ်လိုလေးလဲပေါ့ ၊၊ ကြည့်ချင်စိတ်တွေကို ထိန်းချုပ်ပြီး ကိုယ့်ဘာသာကို တစ်ယောက်တည်း ဖဲရိုက်လာတာ ၊ ဟိုဖက်က သာအေး ကိုတောင် ဘယ်လို ပုံပါ လိမ့်ပေါ့ ၊၊ နောက်ဆုံး မှတ်တိုင်ရောက်တော့ အသာလေး ခလုတ်လေးကို နှိပ် ခေါင်းလေးကို ၄၅ ဒီဂရီ စောင်းပြီး ရူုလိုက်တော့ အားပါးပါး ............... မြန်မာကားတွေ ကြည့်ကြတယ် မဟုတ်လား ဟီဟီ ဟိုမင်းသမီးလေးလေ ........... နာမည်တော့ မေ့နေတယ် ............ ဟိုတခါ မိုးဒီနဲ့တောင် ထက်လင်း ရင်လူးဆေး ကြော်ငြာ ရိုက်ဖူးတဲ့ မင်းသမီးလေးလေ ............ ဟီဟိ
ဘာရယ်မဟုတ် အလုပ်ကို ညထိ လုပ်ရအုံးမယ့် စနေနေ့ အမှတ်တယ ရုံးရောက်ရောက်ချင်း ဘာမှ မစခင် တင်လိုက်တာပါ
မင်းအိမ်ဖြူ

Sunday, 29 November 2009

နောက်တစ်နေရာ


ဒီနိုင်ငံလေး ဒီ ကျွန်းလေးကို ရောက်တာ သိပ်ကာလ မကြာသေးပေမယ့် ပြောင်းရွှေ့နေထိုင်ရတဲ့ အိပ်ခန်း လေးတွေ တော်တော်များခဲ့ပြီ ၊၊ အင်း .....တော်တော်များပြီဆိုတာက ကိုယ့်စံနဲ့ကိုယ်ပေါ့လေ ၊၊ ဟိုမှသည်မှ ဟိုနေရာ ကသည်နေရာ ၊၊ ကိုယ်အဆင်ပြေမယ်ထင်တာလေးတွေ ၊ အဆင်ပြေမယ်ထင်ရတဲ့ နေရာလေးတွေမှာ ပြောင်းရွှေ့နေထိုင်ရတာပါပဲလေ ၊၊ အလုပ်တစ်ခုပြောင်းဖြစ်တိုင်း အလုပ်သွားရမှာ ပျင်းတဲ့ ကျွန်တော့်အတွက် တော့ နီစပ်ရာနေရာလေးတွေ ပြောင်းရွှေ့နေဖြစ်ခဲ့တယ် ၊၊ ဒီအကျင့်က မြန်မာပြည်က ပါလာတဲ့ အကျင့်လို့ပဲ ဆိုရမယ် ၊၊ ဘာလို့လည်းဆိုတော့ ကိုယ်လုပ်ခဲ့တဲ့ မြန်မာပြည်က အလုပ်တွေက အစိုးရစီမံကိန်းတွေ ဆိုတော့ မြို့မနီး ရွာမနီး ကိုယ့်အစုအဖွဲ့လေးနဲ့ကို နေထိုင်လုပ်ကိုင်ရတဲ့ ရွာလေးတစ်ခုလို ၊၊ အလုပ်ဆိုတာလည်း အိမ် ၊ အိမ်ဆိုတာလည်း အလုပ် ၊၊ မနက်အိမ်ယာထလို့ မျက်နှာ ကပျာကယာ သစ်ပြီးတာနဲ့ ဆိုက်ထဲရောက်နေပြီ ၊၊ ညနေလည်း အလုပ်သိမ်းတာနဲ့ အိမ်ပေါ် ရောက်နေပြီ ၊၊ ဘာအ၀တ်အစားမှ လဲစရာ မလိုသလို ၊ ဘာမှလည်း ပြန်ဆင်ဖို့ မလို ၊၊ မီးပူလည်း မလို သလို ရေမွှေးတွေလည်း မလိုတဲ့ ဘ၀ ကောင်းလိုက်တာ အော် လွမ်းလိုက် တာ ၊၊ ဒီလိုနဲ့ ဒီမှာနေဖြစ်တော့လည်း အလုပ်သွားတဲ့ အချိန်ကို တော်တော် အပျင်းကြီးခဲ့သည် ၊၊ ဒီလိုနဲ့ အလုပ်နဲ့ အဆင်ပြေတဲ့ နေရာလေးတွေ ပြောင်းရွှေ့ နေထိုင်ဖြစ်ခဲ့သည် ၊၊ အင်းအခုလည်း နောက်တစ်နေရာ ပြောင်းရ ပြန် ပြီ ၊၊ ရောက်တဲ့နေရာ ပျော်တက်တဲ့ ကျွန်တော် ၊ ပေါင်းမိတဲ့ သူကို ခင်တက်တဲ့ ကျွန်တော် အိမ်ရှင် တွေကို သံယောဇဉ် ဖြစ်နေမိပြန်သည် ၊၊ ဒီလိုပါပဲလေ ကြာတော့လည်း မေ့သွားမှာပါ ၊၊ ဒီလိုနဲ့ ချီတက်လာခဲ့တာ ကြာခဲ့ ပြီပဲ ၊၊ ကိုယ်ချစ်တဲ့ သူတွေကိုကျောခိုင်းခဲ့သလို ကိုယ်ခင်တဲ့သူတွေကို နှုတ်ဆက်ခဲ့ တာလည်း များခဲ့ပြီ ၊၊ ဒီလို ပြောင်းရရွှေ့ရ နေရာသစ်ကို သွားရတဲ့ အခါတိုင်း နေရာဟောင်းကိုတော့ တသလွမ်းဆွတ်နေမိပြန်ရော လေ ၊၊ ဒါကြောင့် အသစ်အသစ်တွေကို မခင်ချင် မကြင်လိုတော့ပြီ ၊၊

ပထမဆုံး အိမ်လေးက Yishun ဆိုတဲ့ အိမ်လေး ၊၊ ဧည့်ခန်းမှာ ၁၀ ရက်လောက် အိပ်ခဲ့ရဖူးတယ် ၊၊ စိတ်လည်း ညစ်ခဲ့ရတယ် ၊၊ ပျော်လည်းပျော်ခဲ့ရပါတယ် ၊၊ နောက်တော့ တစ်နေရာပြောင်းဖြစ်ပြန်ရော ၊၊ နောက် ထပ်ပြောင်းပြန်ရော ၊၊ နောက် နောက် နောက် ၊၊ အတူနေခဲ့ဖူတဲ့ သူငယ်ချင်းတွေနဲ့လည်း တခါတလေ ကလွဲလို့ တမင်တကာ မတွေ့ဖြစ်ခဲ့ကြ ၊၊ တခါတလေ ဖုန်းဆက်ဖြစ်တာကလွဲရင် ဆုံဖြစ်ဖို့ ဘယ်လို မှ မလွယ်တော့ ၊၊

ကိုယ့်ရဲ့ ဘ၀မှာ မှတ်မှတ် ထင်ထင် ပါဝင် ပတ်သပ်ခဲ့ဖူးသူတွေကို တစ်နေ့နေ့မှာ တစ်နေရာရာ မှာတော့ အားလုံးနဲ့ ဆုံဖြစ်ခဲ့ ဖူးချင်သေးတယ် ၊၊ နောက်ဆုံး ဆိုတဲ့ ကာလလေးမတိုင်ခင်မှာပေါ့ ၊၊ အားလုံးကို လွမ်းနေဆဲ ပါ ၊၊ သတိယမိနေဆဲပါ ဆိုတာလည်း သူတို့ သိစေချင်မိတယ် ၊၊ အခြေအနေအရ အတူခရီးမဆက်ရပေမယ့် အတူ ရှိခဲ့တဲ့ ကာလလေးမှာ တစ်ဦးနဲ့ တစ်ဦး ကူညီဖေးမ ခဲ့ဖူးတာလေးတွေကို ကျေးဇူးတင် အမှတ်ထင် နေဆဲ ပါဆိုတာလေးလည်း ပြောပြချင်မိပါတယ် ၊၊ သူတို့လည်း အဆင်ပြေပါစေလေ ၊၊ ဆက်လက်ပျော်ရွှင်ကြပါစေလို့


မင်းအိမ်ဖြူ

ပထမဆုံး နေခဲ့ဖူးတဲ့ အိမ်ခန်းလေးပါ ၊၊

Saturday, 21 November 2009

အလုပ်နှင့် ကျွန်တော်

တကယ်ကို မအားမလပ်နဲ့ ဘလော့အိမ်လေးဖက် မ၀င်ဖြစ်အောင်ကို အလုပ်တွေ ရှုပ်နေတယ် ၊၊ ဘာတွေမှန်း ကို မသိတာ ၊၊ အားခဲထားတယ် အသစ်လည်း တင်ချင်တယ် ၊၊ သူငယ်ချင်းတွေ ဆီလည် လည်လည် သွားချင် တယ် ၊၊ မရောက်တာလည်း ကြာပြီ ၊၊ အလုပ်ကို တော်တော် ချစ်တဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကို တော်တော် လေးစား နေမိတယ် ၊၊ အရင်တုန်းက တခါမှ အဲဒီလို မဖြစ်ဖူးဘူး ၊၊ ပြီးခဲ့တဲ့ အလုပ်မှာ အချိန်ဘယ်လို အသုံး ချရမယ် ဆိုတာ စလုံးတွေ သင်ပေးလိုက်တာ အခုစိတ်က လုပ်ချင်စိတ်ထက် ပြန်ချင်စိတ်က များနေပြီ ၊၊ မဖြစ်သေးဘူး ၊၊ ပြင်အုံးမှ ၊၊ တန်ဖိုးရှိတဲ့ ပိတ်ရက်လေးမှာ သူငယ်ချင်းတွေ ဆီ လည်လည် သွားပါအုံးမယ်ဗျာ ၊၊
မင်းအိမ်ဖြူ