Thursday, 1 July 2010

အရိုးဆုံး အဖြေ

“ဟယ်လို အမိန့်ရှိပါခင်ဗျာ ”

"မောင်လေး မင်းအစ်ကို ကိုနိုင်သီဟ တစ်ယောက် ပြသာနာတက်နေလို့ ”

“ဘုရားရေ ၊ ဘာပြသနာများလဲ အစ်မရယ် ”

ညအချိန်မတော် လာတဲ့ တယ်လီဖုန်းမို့ နဂိုကခပ်ထိတ်ထိတ် ဖြစ်နေရတဲ့အထဲ ဒီလိုကြားလိုက် တော့ ပိုလို့တောင်မှ ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရပါတယ် ၊၊ ဘာပြသနာများပါလိမ့် ၊၊ အမ ဒီလောက် တုန်လှုပ် နေပုံ ထောက် တော့ ဘယ်လို ကြီးလေးတဲ့ ပြသာနာများပါလိမ့် ၊၊

“ဘာဖြစ်တာလဲအစ်မရယ် အလုပ်မှာများ ပြသနာတက်တာလား ” ဆိုတဲ့ ကျွန်တော့် အမေးအဆုံး မှာတော့ ငိုသံ လေး သဲ့သဲ့ နဲ့

“အင်း လူမှုရေးပြသနာ ပဲ ဆိုပါတော့ မောင်လေးရယ် ၊ တကယ့်လို့ သာ အထက်လူကြီးတွေ သိသွားရင်တော့ အလုပ်ကိုပါ ထိခိုက်တော့မယ် ”

ဆိုတဲ့ အစ်မရဲ့ ငိုမဲ့မဲ့ အသံကြားတော့ ပိုလို့တောင်မှ ရင်ထိတ် ခဲ့ရပါတယ် ၊၊ ဘယ်လို များ ဖြစ်ရ တာပါ လိမ့် ၊၊ ကိုနိုင်သီဟ ဆိုတာက အစ်ကိုလို ၊ သူငယ်ချင်းလို လေးလေးစားစား ချစ်ခင်ရတဲ့ အစ်ကို ကြီးတစ်ယောက် ၊၊ အင်မတန်မှ အပေါင်းအသင်း ၀င်ဆံ့သလို အင်မတန်မှလည်း ပျော် ပျော်နေတက်သူ ၊၊ လုပ်ငန်းခွင်ထဲမှာလည်း အထက်နဲ့ အဆင်ပြေသလို အောက်နဲ့လည်း တည့် အောင် ပေါင်းသင်းနိုင်သူအဖြစ် နာမည်ရတဲ့သူတစ်ယောက် ၊၊ ထူးထူးခြားခြား ၀ိသေသ ဂုဏ် ပုဒ်တွေနဲ့ လူတစ်ယောက် ၊ လူတိုင်းက လေးစားရတဲ့ သူတစ်ယောက် ၊ ရာထူး ရာခံ နဲ့ အင်မ တန် မှ လေးစာဖွယ် လူတစ်ယောက် က ဘယ်လို ဖြစ်ပါလိမ့် ၊၊

“ စိတ်အေးအေး ထားပြီး သေချာပြောပြပါအုံး အစ်မရယ် ၊ ဟုတ်ရော ဟုတ်လို့လား ၊ အစ်မကရော ဘယ်က ကြားလာတာလဲ ၊၊ ”

ဆိုတော့ ငိုချင်ရဲ့လက်တို့ ပြောချင်ရက် အမေးစောင့်နေတဲ့ အစ်မ ခင်ဦးတစ်ယောက် ငိုသံနှောပြီး ပြောပါ လေတော့သည် ၊၊

-------------------------------------------------------------------------------------------------------

အော် အတိတ် ကာလလေးကို ပြန်တွေးမိတော့ ကိုနိုင်သီဟ အကြောင်းကို ပြန် သတိရ မိပါတယ် ၊၊ ဖြစ်ခဲ့တာကြာတော့ မေ့တောင်နေကြပေါ့ ၊၊ အခုတော့လည်း တချိန်က သူ မဖြစ်ခဲ့ဘူးသလို သူတို့ အိမ်ထောင်စုလေးက အင်မတန်မှ ငြိမ်းချမ်းလိုက်တာ ၊၊ အခုဆိုရင် သားကြီး ညီမင်းတောင်မှ ဆရာဝန်ကြီးတစ်ယောက် ဖြစ်ခဲ့ပြီ ၊၊ အငယ်မ နွယ်နီမင်းက စင်ကာပူမှာ Junior College တောင် တက်နေ လေရဲ့ ၊၊၊ အငယ်ကောင် ငွေမင်းက ပြင်ဦးလွင် မှာ တပ်မတော် အင်ဂျင်နီယာ ကျောင်းသား ကြီးပေါ့ ၊၊ အေးချမ်း တည်ငြိမ်နေတဲ့ မိသားစုလေးက ဟိုးအရင် အတိတ်က မုန်တိုင်း မ၀င်ခဲ့ဘူးသလို တည်ငြိမ် လို့ပါလား ၊၊ မြင်ရသူ တွေ အတွက် အားကျစရာ မိသားစုလေးတစ်ခု ၊၊

သူတို့အကြောင်းလေးကို ပြန်သတိရမိတော့ အတိတ်က ဖြစ်ခဲ့ဘူးတဲ့ ဇာတ်ကြောင်းလေးကို သတိရမိ ပါရဲ့ ၊၊ အဲဒီမုန်တိုင်းဝင်တဲ့အချိန်မှာ တကယ်လို့သာ အားလုံးက ၀ိုင်းဝန်းကူညီ မဖြေရှင်းပေးခဲ့ဘူး ဆိုရင် သူတို့ မိသားစုလေးဟာ ဒီနေ့လို သာယာနေမှာ မဟုတ်ပေဘူး ၊၊ ကိုကြီး ကိုနိုင်သီဟ လည်း အရက်သမားကြီး ဖြစ်နေမလား ၊၊ အစ်မခင်ဦးရော မျက်ရည်နဲ့မျက်ခွက် သောက တွေ ပွေနေမလား ၊၊ သားသမီးတွေရော အခုလို သာယာတဲ့ အနာဂတ်လေးတွေ ပိုင်ဆိုင်နိုင်ပါ့မလား ၊၊ အော် အမှားမကင်းတဲ့ လူသားတွေအတွက်တော့ အမှားဆိုတာ လူတိုင်း ကြုံတွေ့ ရတက်တဲ့ အဖြစ်အပျက်တရားတစ်ခုပါပဲလေ ၊၊ အဲဒီအမှားကို သိသိကြီးနဲ့ ဆက်မှား သွားသူနဲ့ ကိုယ့်အသိတရားနဲ့ကိုယ် သို့မဟုတ် ပတ်ဝန်းကျင်ရဲ့ ဖေးမကူညီမှုနဲ့ အတူ ပြန်လည် တည့်မတ်သွားသူတွေကို တော့ အမှားလုပ်ဖူးသူတစ်ယောက် အနေနဲ့ထက် အမှားကို ပြုပြင် နိုင်သူ အဖြစ် အသိအမှတ်ပြု ဖေးကူသွားရမှာ ပါပဲလေ ၊၊

-------------------------------------------------------------------------------------------------------

မှတ်မှတ်ရရ အဲဒီနေ့က အဲဒီအမျိုးသမိးကို သွားတွေ့ဖြစ်ခဲ့တယ် ၊၊ တက်နို်င်ဘူးလေ ပြသနာတွေက ဖြစ်နေပြီပဲ ၊၊ ဒီအချိန်မှတော့ ရှက်နိုင်တော့ဘူး ၊၊ ကိုယ့်ဘက်က အရှက်မကွဲဖို့သာအဓိကပေါ့ ၊၊ သူတို့ လည်း ဘာမှတော့ ထွေထွေ ထူးထူး ပြသနာမရှာနိုင်ပါဘူး ၊၊ ကိုယ်ကပဲ လူတက်ကြီး ၀င်လုပ်ရတော့တာပေါ့ ၊၊ အစ်မခင်ဦး ခံစားနေရတာလည်း နားလည်ပါတယ် ၊၊ အဲဒီ အချိန်မှာ ဖြစ်ချင်တာဖြစ် တရားတာ မတရားတာ တွေ ကိုယ် မတွေးနိုင်ခဲ့ဘူး ၊၊ ပြသနာတွေကို အကောင်း ဆုံး ဖြေရှင်းနိုင်ဖို့ပဲ စဉ်းစားခဲ့တယ် ၊၊ ကလေးတွေ နဲ့ ဒီမိသားစုလေး မပြိုကွဲဖို့သာ အဓိကလို့ ကိုယ် သဘောထားခဲ့ပါတယ် ၊၊ တခါတလေမှာ တစ်ဖက် အတွက် သူရဲကောင်း ဖြစ်နေပေမယ့် အခြား တစ်ဖက် အတွက်တော့ ကိုယ်က လူဆိုးလည်း ဖြစ်နေနိုင်တာပဲလေ ၊၊

ဒီလို ပြသာနာတွေ ဖြစ်ခဲ့ပြိးတဲ့ နောက်မှာတော့ ကလေးတွေ အနေနဲ့ အဖေဖြစ်သူကို အထင်မ သေးအောင် လည်း ပြောပြ စည်းရုံး ခဲ့ရပါတယ် ၊၊ ဖုံးဖိထားလို့ ရတဲ့ ပြသနာ မဟုတ်လေတော့ သူတို့ နားလည်နိုင်မယ့် စကားလုံးတွေ ကို ရွေးပြီး သူတို့ နားဝင်အောင် ပြောရပါတယ် ၊၊ အစ်မခင်ဦးကိုလည်း ဖုံးဖုံးဖိဖိ သိုသို သိပ်သိပ် နေဖို့ တ၇ားချ ရပါတယ် ၊၊ တကယ်လို့ သူဖက်က တင်းမယ် ဆိုရင်လည်း ဒီပွဲမှာ ဘယ်ဖက်မှ အဆင်မပြေပဲ ပွဲပျက်တော့မယ် လေ ၊၊ သူ့ကိုလည်း ပြတ်ပြတ်သားသား ဖိနှိပ်ခဲ့ရပါတယ် ၊၊ တကယ်ပြန်တွေး ကြည့်မယ် ဆိုရင် အစ်မ ခင်ဦး က မှားခဲ့တာ မဟုတ်ပါဘူး ၊၊ ဒါပေမယ့် သူမှန်တယ်လို့ လည်း ဆိုလို့ မရပြန်ပါဘူး ၊၊ အဲဒီတော့ သူ့ကို လည်း ဖိရပါတယ် ၊၊ “ အစ်မ ဘာဖြစ်ချင်လဲ ၊၊ အခုချိန်မှာ သစာမရှိတာတွေ ရင်ကွဲတာတွေ လာလုပ် မနေနဲ့ ၊၊ အစ်မ ကွာနိုင်သလား ၊၊ ဒါဆို နောက်တစ်ယောက် ကို အိမ်ဖေါ် ခေါ်တင်မယ် ၊၊ အစ်မဆင်းသွား ” ဆိုတာမျိုး ရက်ရက် စက်စက် လုပ်ရပါတော့တယ် ၊၊ သိပါတယ် လေ ၊၊
တကယ်တော့ အစ်မခင်ဦးမှာ ဘာအပြစ်မှ ရှိတာမဟုတ် ၊၊ ဒါပေမယ့် မိန်းမသဘာဝ ပွစိပွစိ လုပ်နေမယ် ၊၊ မကြာခဏ ခလုတ်တိုက်နေမယ် ၊၊ အမြဲတမ်း ထေ့ငေါ့ နေမယ်ဆိုရင် အပြစ် လုပ်ထားသူ ပေမယ့် ကိုကြီး ကိုနိုင်သီဟ ပိုပြီး အရွဲတိုက် တော့မယ် ၊၊ ဒါဆိုရင် ပြသနာတွေက အကောင်းဖက်ကို ဦးမတည်ပဲ အဆိုးဖက်ကိုသာ ပြောင်းသွားတော့မှာပေါ့ ၊၊ ဒီအချိန်ဟာ အင်မတန် မှ အကိုင်အတွယ်တက်ဖို့ လိုပါတယ် ၊၊ အပျော့ဆွဲဆိုတာမျိုး ဆွဲတက်မှ အဆင်ပြေမှာ ၊၊ အဲ .. ကိုယ်တကယ် မသတီတော့လို့ … ရာသက်ပန်လည်း ပြက်သားနိုင်တယ် …မပေါင်းနိုင်တော့ဘူးး ဆိုရင်တော့ တစ်မျိုးပေါ့ ၊၊ ဒါပေမယ့် ဒီပြသနာမှာက ကလေးတွေ လည်း ရှိနေသေးတယ် ၊၊ ဘယ်လို ပျက်ဆဲလို့ ဖြစ်နိုင်ပါ့မလဲ ၊၊

လူတစ်ယောက်ဟာ သစာမရှိဘူး ၊၊ဖောက်ပြန်ရေးသမား ဘယ်လိုပဲဖြစ်နေပါစေ သူကို အမြဲတိုက်ခိုက် နေမယ်ဆိုရင်တော့ သူလည်း ထွက်ပေါက်တစ်ခု ရှာတော့ မှာပေါ့ ၊၊ ငါမှ မမှားတာ ငါဘာဂရုစိုက်စရာ လိုလဲ ဆိုတဲ့ အတွေးမျိုးက ကျောင်းသင်ခန်းစာမဟုတ်တဲ့  လူမှုရေး ပြသနာ တွေ မှာတော့ ငါမှန်တယ် ဆိုပြီး အခြားတစ်ဖက်ရဲ့ အားနည်းချက်ကို ဖိနှိပ်လို့မရပါဘူး ၊၊ ဒါဆိုရင် ပြသနာတွေဟာ အကောင်းဖက်ကို ဥိးမတည်ပဲ အဆိုးဖက်ကိုသာ ဥိးတည်သွားတော့မှာပါ ၊၊ ဒါဟာလည်း ပြသာနာကို လက်ခံ ဖြေရှင်း သူ တစ်ဥိးစီရဲ့ အမြင်ပေါ့လေ ၊၊ လူဆိုတာ မှားတက်တဲ့ သဘာဝ ရှိတာမို့ ဖြစ်ပြိးသွားတဲ့ ပြသနာထက် နောက် ပိုင်းမျာ အညင်သာဆုံး ဘယ်လို ဖြေရှင်းမလဲ ဆိုတာမျိုးကသာ အသင့်တော်ဆုံး အဖြေ ဖြစ်ပါလိမ့်မယ် ၊၊


မိသားစုစိတ်ဓါတ်ဆိုတာ ဒါပါပဲလေ ၊၊ တစ်ဥိးတစ်ယောက် ရှုံးနိမ့်နေချိန်မှာ မဖိနှိပ်ပဲ အားပေးတာ ၊၊ နှုတ်က ဖွင့်ဟဖေါ်ကျူး အားပေးနေတာထက် လိုအပ်မယ် ထင်တာလေးတွေ ကို တိတ်တိတ်ဆိတ် ဆိတ် လုပ်ပေးတာ ၊၊ သူနေစေချင်သလိုလေး နေပေးတာ တွေဟာလည်း ထောက်ပံ့ကူညီတာပါပဲ ၊၊ အမှန်တကယ်ပြန်တွေး ကြည့်မယ် ဆိုရင် အခုပွဲမှာ အစ်မခင်ဦးနိုင်ပြီပေါ့ ၊၊ သို့သော် မိသားစု ဘ၀မှာ အနိုင်အရှုံးဆိုတာ ဂုဏ်သိကာနဲ့ မလဲယူစကောင်းပါ ၊၊ တကယ်လို့ အဲဒီအချိန်မှာ ပွဲကြမ်းခဲ့ရင် ကာယကံရှင်နျစ်ယောက်ထိပ်တိုက် တွေ့ခဲ့ရင် ဘာတွေ ဖြစ်ကုန်မလဲ ၊၊ ရှက်၇မ်းတွေ ရမ်းပြီး ပွဲတွေ ကြမ်းကုန်ပြီပေါ့ ၊၊ ရလာမယ့် အကျိုးဆက်ကဘာလဲ ၊၊ ဘာဖြစ်လာမလဲ ၊၊ မိသားစုဘ၀လေး ပြိုကွဲသွား မယ် ၊၊ ချစ်တဲ့သူချင်း အမှားတစ်ခုအတွက် လမ်းခွဲရမှာပဲပေါ့ ၊၊ အမှန်တကယ် ပြတ်သားနိုင်ခဲ့ရင် မထောင်းသာပေမယ့် အမှန်တကယ် မပြတ်သားနိုင်တဲ့ အခါ ဘ၀ တစ်လျှောက်လုံး ခံစားနေရမှာ ဒီချစ်သူ နှစ်ယောက်ပါပဲလေ ၊၊

ဟုတ်ပါတယ် ၊၊ ဒါဟာမခင်ဥိး မှားခဲ့တာမှမဟုတ်တာ ၊၊ မှားတာက ကိုနိုင်သီဟ ၊၊ အပြစ်တွေကို ကိုနိုင်သီဟ ခံပေါ့ လို့ဆိုနိုင်ပေမယ့် ကိုနိုင်သီဟကို ဘယ်လို အပြစ်ပေးမလဲ ၊၊ လူသိရှင်ကြား ဖောက် ပြန်ရေးသမားအဖြစ် ထုတ်ဖေါ်ကြေငြာမလား ၊၊ ဒါမှမဟုတ် အိမ်ထောင်ရေးကို ရပ်စဲလို့ လမ်းခွဲလိုက် ကြမလား ၊၊ ဖြစ်တာတွေက ဖြစ်ပြီးပြီမို့ အပြစ်တင်နေလို့ရော ဘာများရလာပါအုံးမလဲ ၊၊ ရလာဒ်က ဘာဖြစ်လာမလဲ ၊၊ ဖြစ်ပြီးတဲ့ ပြသနာကို ၀ိုင်း ၀န်း အဖြေရှာတာသာ အကောင်းဆုံး မဟုတ်ပေဘူးလား ၊၊

လူတိုင်းဟာ အမှားမကင်းကြပါဘူး ၊၊ မှားတက်ကြပါတယ် ၊၊ ဒါပေမယ့် အဲဒီအမှားကို ၀ိုင်းဝန်းပြုပြင် ပေးမှသာ သူကိုချစ်ရာရောက်မှာပေါ့ ၊၊ တကယ်လို့သာ အဲဒီပြသနာမှာ အားလုံးက ၀ိုင်းဝန်း မကူညီ ကြပဲ ဖိနှိပ်တဲ့ နည်း အကျပ်ကိုင်တဲ့နည်းတွေ သုံးရင်ဘာတွေ ဖြစ်လာမလဲ ၊၊

အခုတော့လည်း အားလုံးက လေးလေးစားစား မေ့မေ့ပျောက်ပျောက် နေပေးကြတယ် ၊၊ အရင်လိုပဲ လေးလေးစားစား ဆက်ဆံကြတယ် ၊၊ ၀ိုင်းဝန်းထိန်းသိမ်းပေးတဲ့အခါ အခုတော့လည်း ကိုနိုင်သီဟ ဆိုတဲ့ သူတစ်ယောက်ဟာ ဒီလိုဖြစ်ခဲ့ပါတယ် ဆိုရင်တောင် ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး ၊၊ အစ်မ ခင်ဥိးလည်း အခုဆိုရင် ပျော်ရွှင် လို့ ၊၊ အားလုံးရဲ့ လေးစားစွာဆက်ဆံမှုကြောင့် ကိုနိုင်သီဟဟာ အရင် ကထက်တောင်မှ ပိုပြီး တည်ငြိမ်လို့ လာပါတယ် ၊၊ မိသားစု အပေါ်မှာလည်း အရင်ထက်တောင် ပိုဂရုစိုက်လာခဲ့ပါတယ် ၊၊ အဆိုးထဲက အကောင်းလို့ပဲ မှတ်ယူရမှာပေါ့ ၊၊ သူကိုယ်သူလည်း ဖြစ်ခဲ့ဖူးတဲ့ အရှက်တစ်ခုနဲ့ ထိမ်းသိမ်း သွားပါတယ် ၊၊ ဒါဟာ အဖြေမှန်ပဲပေါ့ ၊၊ တကယ်လို့သာ မလိုလားအပ်ပဲ ပေါက်ကွဲကြ ၊ ပြောကြဆိုကြ ဆိုရင် တော့ ကွဲကြ ပြဲကြရုံပေါ့ လေ ၊၊

-------------------------------------------------------------------------------------------------------
အင်းအတိတ်ကို ပြန်တွေးမိတာပါ ၊၊ ဒိနေ့ သမိးလေး နွယ်နီမင်းကို ကျောင်းမှာ သွားပြီး ခေါ်ရအုံးမယ် ၊၊ ဒီနေ့က သမိးလေးရဲ့ မွေးနေ့မို့ ညစာကျွေးမယ်လို့ ကတိပေးထားမိလေတာကိုး ၊၊ အင်းပြီးမှပဲ ကိုကြီး နိုင်သီဟ တို့ဆီ လည်း ဖုန်းခေါ်လိုက်ပါအုံးမယ် ၊၊ မတွေ့ဖြစ်ကြတာတောင်ကြာပေါ့ ၊၊ ကိုယ့်မှာကလည်း တစ်ကိုယ်တည်းသမားမို့ အိမ်ထောင်တာဝန်မရှိပေမယ့် အခြား ဗာရီရ တွေ ကများသားလားနော် ၊၊ အခုတော့လည်း လူမှူရေး လုပ်ငန်းတွေပဲ ပိုလုပ်ဖြစ်နေလေရဲ့ ၊၊ အော် ၅၀ဆိုတဲ့ အသက်ဆိုတာလည်း မငယ် တော့ပါလားနော် ၊၊ ဒီအချိန်မှာ ကိုယ့်အတွက်လည်းကိုယ် လုပ်အုံးမှ ၊၊ အခြားသူတွေကို ကူညီဖြေရှင်း ပေးခဲ့ဘူးပေမယ့် ကိုယ်ပြသာနာတော့ ကိုယ်မရှင်းနိုင်ခဲ့သမို့ ခုလို တစ်ယောက်တည်း ဘ၀နဲ့ပဲ အရိုး ထုတ်ရပေအုံးမယ် ၊၊ ကိုကြီးနိုင်သီဟတို့ အစ်မခင်ဥိးတို့ တွေ့ မှ နောက်ရပေအုံးမယ် ကျွှန်တော့်ကိုကျ တော့ မကူ ညီခဲ့ ကြပဲကိုး ရယ်လို့လေ၊၊

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ


( မိသားစု အတော်များများ ၊ သမီးရည်းစားအတွဲတော်တော်များများမှာ ကြုံဖူးတက်တဲ့ ကြုံတွေ့ရတက်တဲ့ အရိုးရှင်းဆုံး ပြသနာလေးတစ်ခုပါပဲ ၊ အတွဲတော်တော်များများ ရဲ့ ၈၀ % လောက်ဖြစ်တက်ပါတယ် ၊ အဲဒီထဲမှာ ကိုယ်မပါသေးရင်တော့ အင်း ၂၀ % ထဲမှာ ပါတယ်လို့ ကြိတ်ပြီး ၀မ်းသာရမှာပေါ့ ၊၊ သို့သော် သိပ်တော့ ၀မ်း မသာပါနဲ့အုံးလေ သမိုင်းဆိုတာ သေတဲ့နေ့မှ ပြောလို့ရမှာမို့ ခဏတာတော့ ၀မ်းသာရမှာပေါ့ ၊၊ ဘာတွေ ပဲ ဖြစ်လာ ဖြစ်လာ အဲဒီလို ကြုံတွေ့လာတဲ့ အခါမှာသာ အငြင်သာဆုံး နည်းနဲ့ အကောင်းဆုံး လမ်းကို ရွေးချယ် ဖြေ ရှင်း နိုင်ဖို့ သည်သာ အလိုအပ်ဆုံး နှင့် အကောင်းဆုံး ၊ အရိုးဆုံး အဖြေပါ တစ်ခု ဖြစ်ပါလိမ့် မယ်လို့ ကျွန်တော့် အမြင်လေးကို တင်ပြလိုက်ရပါသည် )


ဝန်ခံချက် ၊၊ ၊၊ ပိုစ့်အဟောင်းလေးကို အနည်းငယ် ပြုပြင် ရ်ျ ပြန်လည် တင်ဆက်လိုက်ပါသည် ၊၊

Monday, 14 June 2010

သင်သေသွားသော်

သြော် လူ့ပြည်လောက၊လူ့ဘဝကား
အိုရနာရ၊သေရဦးမည်
မှန်ပေသည်တည့်။

သို့ တပြီးသား၊ သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတတ်မြင့်၊ ကျန်ကောင်းသင့်၏

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေသတည်း။

Friday, 11 June 2010

မြတ်နိုးမေ နှင့် အချစ်ဆိုင်

ဆိုင်ဖွင်.ကာစ မအူမလည် ၊ သိမ်သိမ်ငယ်ငယ် ......
ဖောက်သည်ဆိုတာလည်းမရှိ ၊ မျှော်လိုက်ရတဲ.ဧည်.သည် ၊
ဧည်.ခံလိုက်ရတာ အမော၊၊
စေတနာဆိုတာ ပဲရှိ ၊ ပညာဆိုတာ မရှိတော. တဖက်သား အသည်းခိုက်အောင်
မဆွဲဆောင်လိုက်နိုင်တာ တော.အမှန် ...........

စေတနာဆိုတာထက် ပညာဆိုတာလည်း လိုသားလား.........
စေတနာဖြူဖို.ထက် ပညာမြူဖို.လည်း လိုအပ်တယ်...........

လူမတက်ပေမယ်. လဖက်ထုပ်တက်တယ် ဆိုသလို
ကြားရ မြင်ရ တွေ.ရ ကြုံရ
အချစ်ဈေးလောကမှာ
ကျင်လည်ရဖန်များတော. ...............





ဒီလိုနဲ.
အချစ်တွေထားခဲ.ရင်လည်း ယူတယ်.......
အချစ်တွေယူချင်ရင်လည်း ရောင်းတယ်.......
တခါတလေ ရှုံးပေမယ်. ...............
တခါတလေ မြတ်တယ်.............

ရှုံးတခါမြတ်တလှည်. နဲ.
နှစ်တွေကြာလာတော.
ဆိုင်ကြီး ကနားကြီးနဲ.
အချစ် ကုန်သည်ကြီးတောင် ဖြစ်နေပါရော.လား .............


မင်းအိမ်ဖြူ

ဝန်ခံချက် ၊၊ ၊၊ ကဗျာ အဟောင်းလေးပါ ၊၊ ဘာလို့ပြန်တင်ဖြစ်လဲဆိုတော့ ဟိုတစ်နေ့က အင်တာဗျူးလေး တစ်ခုမှာ အိမ်ထောင်ဆက်တွေ မများချင်ပဲ များခဲ့ရပါတယ် ဆိုတဲ့ စာသားလေးကို တွေ့မိလို့ပါ ၊၊ ဟုတ်ပါတယ် ၊၊ တခါတလေမှာ မဖြစ်ချင်ပေမယ့် ငြင်းဆန်ရှောင်ဖယ်လို့ မရတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်သလို ဆက် သွားနေရတဲ့ ဘ၀တွေ အများကြီးပါဆိုတာ လေးကို သိစေချင်ပါတယ် ၊၊ မကောင်းဘူးဆိုတာ သိပေမယ့် မလုပ် ချင်ပေမယ့် လောက ဇာတ်ဆရာ အလိုကျ သင့်တော်ရာ ဇာတ်ရုပ်မှာ ပီပြင်အောင် လုပ်နေရသူတွေ အများကြီး ပါ .....


မြတ်နို်းမေ

ပွင်.လင်းတယ်၊၊ ရိုးသားတယ်၊၊ဖေါ်ရွေတယ်၊၊ဟန်ဆောင်မှူကင်းတယ်၊၊ ဖုံးကွယ်မထားတက်ဘူး၊၊ ပြောချင်တာကို စိတ်ထဲမှာရှိတဲ.အတိုင်းပြောတက်တယ်၊၊မကောက်ကျစ်ဘူး၊၊ မယုတ်မာဘူး၊တက်အားသရွေကူညီတက်တယ်၊၊ သူလိုအပ်ရင်လည်းပွင်.ပွင်.လင်းလင်း အကူအညီတောင်းတက်တယ်၊၊ အသားဖြူတယ်၊၊အရပ်မြင်.တယ်၊၊ရုပ်ချော တယ်၊၊ ဆွဲဆောင်မှူရှိတယ်၊၊ သူတပါးနားဝင်အောင်ပြေတက်တယ်................

လူတကာကိုလေးလေးစားစားဆက်ဆံတက်တယ်၊၊ပေါင်းသင်းဆက်ဆံရေးဝင်ဆံ.တယ်၊၊ဟန်ဆောင်လိမ်ညာမှူ ကိုမုန်တယ်၊၊ပွင်.လင်းတဲဆက်ဆံရေးကိုအလေးထားတယ်၊၊ပညာတက်တယ်၊၊ဆွေဂုဏ်မျိုးဂုဏ်ရှိတယ်၊၊ အသိုင်း
အ၀ိုင်းကောင်းတယ်၊၊ ဘာအပြစ်များပြောစရာရှိလဲ.....................

အားနာတက်တယ်၊၊မပြတ်သားဘူး၊၊တွေဝေတယ်၊၊အထီးကျန်ဘ၀ကို မခံစားနိုင်ဘူး၊၊အနားမှာအဖေါ်တစ် ယောက်ရှိနေဖို.လိုအပ်တယ်၊၊ ဒါဟာ မြတ်နိုးမေ ရဲ. ပျော.ကွက်ပဲ..................

ဒီလိုနဲ..........................

'''' ရည်းစားမများဖို. ကြိုးစားရင်း ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် ထားဖြစ်ခဲ.ပါတယ်"" ဆိုတဲ. မြတ်နိုးမေ ....................

"" တစ်ယောက်တည်းကို ချစ်ဖို.ကြိုးစားရင်း တစ်ယောက်ပေါင်းများစွာကို ချစ်ခဲ.ရပါတယ်ဆိုတဲ. ''''' မြတ်နိုးမေ................

"""""" ကံကြမ္မာက မတရားတာ လား ၊ မြတ်နိုးမေ က ဆန်းပြားတာ လား """""

ရည်းစားမများချင်ဘဲ မျက်နှာများခဲ.ရတဲ.ဘ၀က မခမ်းနားတာတော.အမှန်၊၊ ပွင်.လင်းတဲ. မြတ်နိုးမေ ၊၊
မဖုံးကွယ်တက်တဲ. မြတ်နိုးမေ ၊၊ လူတကာရဲ. ကဲ.ရဲ. ခြင်းခံရရှာ တဲ.မြတ်နိုးမေ၊၊ အတင်းအဖျင်းဆိုတာ မြတ်နိုးမေ အတွက် မဆန်းတော.ပေ၊၊ဒီလိုအကြောင်းမလှတဲ. ဘ၀ကံကြမာအလှည်.အပြောင်းတွေကြား ထဲက မြတ်နိုးမေ အထုအထောင်းတွေ များတော. ထုသားပေသားလည်း ကျခဲပြီ၊.......................

အရင်တုန်းက ချစ်တယ် ဆိုတဲ.စကား တခွန်းပြောဖို. နှူတ်မ၀ံ့သူ ၊၊ ချစ်ပါတယ်ဆိုတဲ.စကားကြားရင် ရင်ခုန်လို. မဆုံးတဲ.သူ၊၊အခုများတော. ချစ်တယ် ဆိုတဲ.စကား ပြောရဖန်များတော. CD ပြားဆိုပေါက် လောက်ပြီ၊၊ ကြားရဖန် များတော. ရိုးလှပြီ၊၊အရင်တုန်းက ပစ်ခွာသွားရင် အိပ်မရ စားမ၀င်၊၊ အခုများတော. Good Bye ဆို ရင် ပြုံး ချင်ပြီ...............

“”” ဘ၀ကပေးတဲ. သခန်းစာ လား ၊ မြတ်နိုးမေ ရဲ. ခံစားခွင်.လား “”””

“””” ရိုးသားဖို.ကြိုးစား ရင်း မရှိလို.ခိုးခဲ.ရတာပါ “”””””””” ဆိုသလို ပဲ

တည်ငြိမ်တဲ.ဘ၀တစ်ခုတည်ဆောက်ချင်ရှာတဲ. မြတ်နိုးမေ ၊ ဘ၀ခရီးကြမ်းကို ဘယ်အချိန်ထိများ တစ်ယောက် တည်း လျှောက်လှမ်းနေရပါအုံးမလဲ၊၊ အဖေါ်မရှိရင်မနေတက်ပါတဲ. မြတ်နိုးမေ ၊၊ အကျီကို နေ.တိုင်းလဲသလို အတွဲတွေများနေ.တိုင်းလဲနေမလား၊၊ လိုချင်တာလေးတစ်ခုအတွက် ပေးလိုက်ရတဲ.ဘ၀ တစ်ခုကို မြတ်နိုးမေ သတိမှပြုမိလေစွ……….

အတုအယောင်တွေများတဲ.လောကကြီးထဲမှာ ရင်တွင်းစကားဘယ်တော.များ ကြား ရရှာမလဲ………
ကြားခဲ.ရင်ရော ရင်ဘတ်ထဲက ခံစားယုံကြည်လက်ခံနိုင်ပါအုံး မလား မြတ်နိုးမေ…………..

မြတ်နိုးမေရဲ.ဘေးမှာ အရာရာကို နားလည်မှုအပြည်.နဲ.ရပ်တည်ပေးနိုင်မယ်.
ဘ၀လက်တွဲဖေါ်နှင်.အတူ အမြန်ဆုံးပြုံပျော်နိုင်ပါစေ လို………………….

မြတ်နိုးမေ သို. အမှတ်တယ………………..