Friday 5 June 2009

ကျွန်တော်လွမ်းတဲ့ လူထုအော်သံ

လွမ်းတယ် ဆွေးတယ် သတိယတယ် ဆိုတာဟာ နှလုံးသား ကို အခြေပြု စီးဆင်းလာတာ မို. အလွန်အကျွံ မဖြစ်ဘူးဆိုရင် ခံစားသင့်တဲ့ အရာအဖြစ် ကျွန်တော် သတ်မှတ် လက်ခံထား ပါတယ် ၊၊ ကျွန်တော် လွမ်းတက်ပါတယ် ၊၊ ဘာ့ကြောင့်မှန်းမသိပေမယ့် တကယ် လွမ်းတက်တာပါ ၊၊ တခါတခါ မိဘတွေကိုလွမ်းတယ် ၊၊ မောင်နှမ တွေကို လွမ်းတယ် ၊၊ သူငယ်ချင်းတွေကို လွမ်းတယ် ၊၊ လွမ်းတယ်ဆိုတာ ဘယ်လို အတိအကျ အဓိပါယ် ရှိလဲ မသိပေမယ့် ကျွန်တော့် အတွက်တော့ လွမ်းတယ် ဆိုတာ တမ်းတမ်းတတ သတိယခြင်း တစ်မျိုးပါပဲ ၊၊


ငယ်စဉ်ကတည်းက အလွမ်းတွေ နဲ. ရစ်ပတ်ကြီးပြင်းခဲ့သူမို. ခုချိန်ထိလည်း လွမ်းလို.နေ ဆဲပါ ၊၊ သက်ရှိတွေ ကိုလည်း လွမ်းပါတယ် ၊၊ သက်မဲ့တွေ ကိုလည်းလွမ်းပါတယ် ၊၊ ချစ်တဲ့သူတွေကိုလည်း လွမ်းပါတယ် ၊၊ မုန်းတဲ့ သူတွေကိုလည်း လွမ်းပါတယ် ၊၊ ကိုယ့်အ ပေါ် ကောင်းတဲ့သူတွေကိုလည်း လွမ်းပါတယ် ၊၊ ကိုယ့်အပေါ် ဆိုးတဲ့ သူတွေကိုလည်း လွမ်း ပါတယ် ၊၊ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း လွမ်းတက်ပါတယ် ၊၊ တကယ် အားလုံးကို လွမ်း ပါတယ် ၊၊

အခုဒီကိုရောက်တော့ ဘာပဲဖြစ်ဖြစ် ပိုလွမ်းမိနေတာက မြန်မာတစ်နိုင်ငံလုံးကို ပါပဲ ၊၊
တိုက်ဆိုင်မှုရှိတိုင်း လွမ်းပါသည်ပေါ့ ၊၊

ဟိုးငယ်ငယ်တည်းက စာစဖတ်တက်စ အရွယ်မှာ သတင်းစာ ဆိုတာကို စပြီး မိတ်ဆက် ခွင့် ရခဲ့ပါတယ် ၊၊ အိမ်မှာက ကြေးမုံ ရော ၊ ဗိုလ်တစ်ထောင်ရော ယူပါတယ် ၊၊ ကျွန်တော်တို. မြို.က ရန်ကုန်နဲ. မိုင်၂၀၀ နီးပါးဝေးပါတယ် ၊၊ အဲဒီတော့ သတင်းစာကို ထွက် တဲ့ မနက်ပိုင်းမှာ ဖတ်ခွင့်မရပါဘူး ၊၊ ညနေ စာပို.ရထား ဆိုက်တဲ့ အချိန်မှ ဖတ်ခွင့် ရပါတယ် ၊၊ ဘာ့ကြောင့်စာပို.ရထား လို. ခေါ်လဲဆိုတော့ အဲဒီရထား မှာ စာတိုက်တွဲဆိုတာ ပါပါတယ် ၊၊ စာတွေကို အပို.အယူလုပ်တာပေါ့ ၊၊ စာတိုက်ရှိတဲ့ ဘူတာတိုင်းမှာ အဲဒီ ရထားက ရပ်ပါတယ် ၊၊


အဲဒီလိုနဲ့ သတင်းစာနဲ့ ရင်းနှီးလာတဲ့ အနှီကလေးလေး ကျွန်တော် ဟာ သတင်းစာ ၂ စောင် လုံးကို အမြဲတမ်း စောင့်ပြီး ဖတ်ပါတယ် ၊၊ ဘူတာမှာ သွားယူပါတယ် ၊၊ သူတို.အိမ်ကိုလာ ဝေရင် ကြာလို.ပါ ၊၊ အဲဒီလို ဘူတာက ပြန်ရင်း လမ်းလျှောက်ဖတ် ရတဲ့ အရသာဟာ တကယ်ကောင်းပါတယ် ၊၊ အခုတောင် အဲဒီလိုလေး ဘောင်းဘီတို အကွက်လေး ၀တ်ပြီး ပြန်သွားပြီး ဖတ်လိုက်ချင်ရဲ့ ၊၊ ဘာတွေ များဖတ်တုန်း ၊၊ ကာတွန်းပါ ၊၊ နောက်ကာတွန်း ပြီးရင်ဖတ်တာက တော့ လူထုအော်သံ ပါ ၊၊ အရမ်းကြိုက်ပါတယ် ၊၊ အဲဒီကာလ တုန်းက ခုလို ဂျာနယ်တို. ဘာတို.ကလည်းမရှိ ၊၊ အင်တာနက်တို. ဘာတို.ကလည်း မရှိ ၊၊ ဆိုတော့ အဲဒီသတင်းစာ ဟာ ကျွန်တော်တို. အတွက်တော့ တံခါးပေါက်ပါပဲ (ကိုဒီပ ၇ဲ့ ပြတင်းပေါက်တော့ မဟုတ်ပါ ) ၊၊


တကယ်ကို အဲဒီတုန်းက ကာတွန်းလေးတွေဆို အရမ်းကောင်းပါတယ် ၊၊ ဖြစ်နေတဲ့ ခေတ် အမြင်လေးတွေကို တင်ပြတာပါ ၊၊ နောက်လူထု အော်သံ ဆိုလည်း တကယ် အော်လို. ရပါတယ် ၊၊ မုန်.ဟင်းခါးဖို အပုပ်နံ. ဘေးအိမ်မခံနိုင် ၊ တို. ရပ်ကွက်တွင်းမှ ဟိုအိမ်တွေ ဖယ်ရှားပေးစေချင် တို. ဘော်ဒီရုံမှ အသံ လမ်းတွင်း နေသူများ အိပ်မရ တို. ပဲလှော်ဖိုမှ မီးဘေးစိုးရိမ်ရ တို. ညဖက်သန်းခေါ်င် သုံးဘီးကားသံ နားမခံသာ တို. စသည် ဖြင့်ပေါ့ ၊၊ တကယ်ဖတ်လို.ကောင်းပါတယ် ၊၊ ဘာဖြစ်ဖြစ် ကိုယ် မသွားနိုင် မမြင်နိုင်တဲ့ ဆီက အသံတွေကို ကြားနေရပါတယ် ၊၊ ( အခုတော့ တစ်ပြည်လုံးသာယာပြီဆိုတော့ ဒါတွေ လိုတော့ ပါဘူးနော် ၊ လမ်းဖောက် ၊ တံတားဆောက် ၊ ရေအားလျှပ်စစ်ထုတ် တဲ့ သတင်းတွေ တောင် မှ ဖေါ်ပြဖို. စာမျက်နှာမဆံ့လို. နောက် အချပ်ပို ထုတ်နေရတာလေ နော် )


အခုတော့ မမြင်ရတော့တဲ့ အဲဒီ လူထုအော်သံ လေး လွမ်းတယ်ကွယ် ၊၊
ဦးဦးအယ်ဒီတာကြီးခင်ဗျား .........................
ဆို အစပြုပြီး ရေး လိုက်ချင်မိပါရဲ့ ၊၊


(ဒီက Straits Times သတင်းစာမှာ ကျွန်တော် ငယ်ငယ်တုန်းက အမြဲစောင့်ဖတ် ရတဲ့ ကျွန်တော် လွမ်းနေတဲ့ ကာတွန်းနဲ့ လူထုအော်သံ ဆိုတာလေးပါလို. ပိုလွမ်းမိသွားတာ ပါဗျာ : အခုဟာက အင်္ဂလိပ် လိုဆိုတော့ ဖတ်တက်ဘူး P: )

လက်ဆောင်

အဒေါ်တစ်ယောက်နဲ. အတူ ကျွန်တော်တို. ညပိုင်း ရုပ်မြင်သံကြား ကလာတဲ့ ပေါင်ချိန်ကား ထိုင်ကြည့် နေတဲ့ အချိန် ပေါ့ ၊၊ အဲဒီမှာ တစ်ယောက်က ပေါင်ချိန်ရုံးထိပ်က စည်ကြီး ရှိရင်ကောင်း မယ်ပေါ့ ၊၊ မကျေနပ်ရင် သွားအော် လို.ရတယ် ပေါ့ ၊၊ အဲဒီတော့ အဒေါ် လုပ်သူက ၀င်ပြောပါတယ် ၊၊ မရှိတာကောင်းပါတယ်ဟယ်တဲ့၊၊
ဘာလို.လည်း အဒေါ်ရပေါ့ ၊ အားလုံးက ၀ိုင်းမေးတဲ့ အခါ
ဟဲ့ အဲဒါကြီးရှိတော့ ဘယ်သူမှ အလုပ်လုပ်ရမှာ မဟုတ်ဘူး ၊ အော်ဖို.တန်းစီနေရတာနဲ့ အော်စရာတွေ က အများကြီး ဘယ်လိုလုပ်မတုန်းတဲ့ ၊၊ဒီတိုင်းလေးပဲကောင်းပါတယ် ဟယ် တဲ့ ၊၊
အင်း သူဟာနဲ့သူတော့ နေသားကျလို.ပါပဲလေ ....……..လို.သာစဉ်းစားရင်း

9 comments:

မိုးခါး said...

ပေါင်ချိန်ကြီးရှိရင်လည်း နားတောင်နားရမယ်မထင် :D

မယ့်ကိုး said...

လူထုအော်သံတော့ မလွမ်းဘူး။ တကယ်အော်ချင်တဲ့ အသံကို ပိတ်ထားလို့ လေ။
ပေါင်ချိန်ကြီးတော့ ရှိစေချင်တယ်။ ငယ်ငယ်ကတည်းက... ကျန်ကျောင်းမကြိုက်ဘူး. ပေါင်ချိန်ပဲကြိုက်တယ်

ဝက်ဝံလေး said...

အယ် ဘာတွေတုံးဂျာ လိုက်လို့မမီတော့ဘူးထင်တယ် ညီမက အရပ်ပုလို့ ခိခိ

အတန်းပြီးလို့ ပြုံးနေတာဟုတ်ဘူး ဂျ အဲလိုပဲ များက ဓာတ်ပုံရိုက်ရင် ပဲများတယ် ခစ်ခစ်

လင်းဒီပ said...

သူ့ဟာလေးနဲ့ သူ အသားကျနေတာ ကြာပါပြီ..
သူ့ဟာလေးနဲ့ သူ အသားကျအောင်လုပ်တတ်တဲ့ လူကြီးမင်းတွေလည်း လေးစားပါရဲ့
အင်း လောကကြီးမှာ “လုပ်တတ်”ဖို့လည်းလိုသေးတယ်လေ..။(ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ်..)
တချို့တွေက ကောင်းတာသာ မလုပ်တတ်ရင် ရှိမယ်။မကောင်းတာတော့ ပိုင်ပိုင်နိုင်နိုင်လုပ်တတ်ကြတယ်..။

လင်းဒီပ said...

စိတ်ထဲရှိတာ ချရေးသွားတာပါ.

မင်းအိမ်ဖြူ Minn Eain Phyu said...

မိုးခါးရေ ဟုတ်ပါရဲ့နော်.....

ပေါင်ချိန်ကြိုက်တဲ့ ညီမမယ်ကိုးအတွက် ပေါင်ချိန်ပို.လိုက်မယ်

ပုတော့ နုတာပေါ့ ငှက်ကလေးရယ်

ဟုတ်ပါပြီ ကိုဒီပရယ် ...
အဲဒါကို သဘာလို.ခေါ်တယ် ထင်ပါတယ်ဗျာ

မဆုမွန် said...

ခွေးခေါင်းဖြတ်စက်လဲ သွေးဆေးချိန်တောင် ရမယ် မထင်ဘူး ၀ဲ ၀ူ တွေကလဲ တရစပ် အော်နေရမယ်။

ပေါင်ချိန်စည်ကြီးထုဖို့ ကြားပွဲစားတွေပါ ပါလာနိုင်တယ် လူများလွန်းလို့

ဟုတ်တယ်
လူထုအော်သံ လေးတွေက ဖတ်လို့လဲ ကောင်းတယ် ဖြစ်ပျက်နေတာတွေကိုလည်း သိရတယ်
အခုတော့...မကြားရတာ ကြာပေါ့

အားလုံးကောင်းပါသည်..

Anonymous said...

ဟုတ်တော့အဟုတ်သားဗျ..

မင်းအိမ်ဖြူ Minn Eain Phyu said...

မှန်တယ် မဆုမွန်ရေ...

ဘာတုန်းဗျ ကိုကာတွန်းရ ဟာဟ .....
ဟုတ်တော့ အဟုတ်သားဆိုတာ.....

ပျော်ရွင်နိုင်ကြပါစေဗျာ....