Friday 24 July 2009

ဘုရားလေးစေတီ ကုန်းမြင့်မှာတည်




ငါးသလောက်ဖမ်းသောလှေဖြစ်သည်။ သိမ်ဇရပ်ကျေးရွာမှ စစ်တောင်း မြစ်ကြောင်း အတိုင်း စုန်ဆင်းပြီး စစ်တောင်းမြစ်ဝရှိ ရန်ကုန်ပေါက်ရွာ မီးပြတိုက် ဘက် အထိ ငါးသလောက်ပိုက် ချကြသည် ။ စစ်တောင်းမြစ် တွင် ငါးသလောက်တက်ပုံက ထူးဆန်းသည် ရေထရက်ကို လိုက်၍ စစ်တောင်းမြို့ ဟောင်းကိုလိုက်၍ ငါးရချိန်၊ မုပ္ပလင်၊စွပ္ပနူး၊ကော့ထင် တို့၌ အချိန်ကာလ ကွဲပြား သည်။ ဥပမာ စစ်တောင်းမြို့ဟောင်းနှင့် သိမ်ဇရပ်ကျေးရွာ တို့တွင် မရမ်းသီး ကင်းချိန်၌ ငါးသလောက် အတက်ဆုံး ဖြစ်သည်။ ငါးသလောက်အများဆုံး ဖမ်းမိချိန်မှာ စစ်တောင်းမြို့ဟောင်း ရှိ ကျိုက္ကလွန်ပွန်းစေတီဘုရားပွဲ ကျင်းပသည့် တပို့တွဲလတွင် ဖြစ်သည်။ ငါးသလောက်များ ဘုရားဖူးချိန်ဟု ဒေသခံတို့က ပြောစမှတ်ပြုကြသည်။ ငါးသလောက် လောကတွင် စစ်တောင်း ငါးသလောက်သည် နာမည်ကြီးသည်။ မယားဆံတောက်၊ငါး ငါးသလောက် ဟု ဆိုရိုးပြုကြသည်။ စစ်တောင်း ငါးသလောက် သည် ရန်ကုန်ငါးသလောက် လို အနံ့မပြင်း၊အဆီမများ၊ကင်စား၍ ကောင်းသည်။ ပေါင်းစား၍ ကောင်း သည်။ တပေါင်လတွင်တက်သော ဇတ်နီဟု ခေါ်သော ငါးသလောက်မှာမူ ရန်ကုန် ငါးသလောက် လို အဆီများသည်။ အနံ့ကတော့ မပြင်း၊စား၍ အရသာ ရှိသည်။ စစ်တောင်း ငါးသလောက်ပေါင်း သည် ကျော်ကြားသော ဟင်းမည်တ မျိုး ဖြစ်သည်။
( ဆရာ ညောင်ခါးရှည်-မှိုင်းဝေ ၏ ဂမ္ဗီရ - ရေငန်ပိုင် )

9 comments:

မေဇင် said...

ငါးသလောက်ကတော့....ဘယ်သူပေါင်းပေါင်း အရိုးနှုးရင် အကုန်ကြိုက်။။။။

နွေးနေခြည် said...

အားးး စားချင်လိုက်တာ...

မယားဆံတောက်၊ငါး ငါးသလောက် ဆိုတာ ဘာကိုဆိုလိုတာလဲဟင်?

လူရိုင်းလေး said...

ရန်ကုန်ပြန်ရောက်တော့မှပဲ ဈေးထဲမှာ စစ်ကိုင်း ငါးသလောက် ပေးပါလို့ ပြောဝယ်တော့မယ်ဗျာ

Unknown said...

Hi Bro!!!
i think u can write some more. why too short?
i got some knowledge!! thanks!!

မငုံ said...

ငါးသလောက်ပေါင်းတောင် မစားရတာကြာပြီ။ အခု စားဖတ်ရင်း စားချင်လာပြီ။

Htoo Aung Lwin said...

သားကိုလဲ ကျွေးပါဗျ

Lucifer said...

ကိုမင်းအိမ်.. မမီးကတော့ငါးမကြိုက်ဘူး.. တစ်ချားဟာကျွေး..ဟီးးး

mae said...

ဟိုနေ့က trout ဆိုတာ ငါးသလောက်လို့ ပြောတာ ဖတ်ဖူးလို့ trout ဝယ်လာတယ်၊ ပြီးတော့ salmon နဲ့ အရသာ တူနေတယ်.... ကိုယ်ပဲ တုံးတာပါပဲ... ငါးသလောက်အစိမ်း မမြင်ဖူးတာ ခံပေါ့၊ :/

မယ့်ကိုး said...

ဘုရားဖူးတဲ့ ငါးသလောက်အကြောင်း ရေးထားတယ်ထင်နေတာ။
အားလုံးက ငါးသလောက်အကြောင်းပြောကြတာ စားဖို့ 
ဒီပို့ စ်ကတော့ နားမလည်ဆုံးပဲ။:P အဲဒါကြောင့် ခုမှမန့်တာ။:)