Showing posts with label စင်ကာပူ ၏ အစဦးဆုံး နေ.ရက်များ. Show all posts
Showing posts with label စင်ကာပူ ၏ အစဦးဆုံး နေ.ရက်များ. Show all posts

Monday, 13 April 2009

စင်ကာပူ ၏ အစဦးဆုံး နေ.ရက်များ (၃)


လွမ်းရပါသော နေ.လေးတွေ
.
ဒီလိုနဲ. စင်ကာပူမြေကို ခြေချလို. အပူတပြင်းလှမ်းခဲ့ရတဲ့ နေရက်တွေက တသက်မမေ့စရာပ ၊၊ အများသူငါ သူငယ်ချင်း Pioneers များလို ခက်ခက်ခဲခဲ မသွားရပေသည်. ပင်ပင်ပန်ပန်းတော့ လှမ်းခဲ့ရတာပ ၊၊ သူတို.များ ရဲ. အားပေးထောက်ပံ့ ကူညီ ဖေးကူမှူမျိုးနဲ. လွယ်ကူခဲ့ရတယ်လို. အမြဲပဲ အောက်မေ့ ဆင်ခြင်မိပါတယ် ၊၊ ရောက်လာတာက နိုဝင်ဘာ ၊ ဒီဇင်ဘာမို. အလုပ်က နည်းနည်းတော. ပါးစပြုပါပြီ ၊၊ စင်ကာပူထုံးစံ နှစ်ကုန် အပို ဆောင်းဆုလေးအတွက် ၊ အားလုံးကစောင်.စားနေရတော. ဘယ်သူမှ အလုပ် မထွက် ကြတဲ့ အတွက် အလုပ်သစ်ရှာ သူတွေအတွက် တော်တော်လေး ခက်ခဲတဲ့ ကာလပေါ. ၊၊

ဒါပေသည်. အင်တာဗျုးလေး တွေတော. အထိုက်အသင့် ရခဲ့ပါသည် ၊၊ တနင်္ဂနွေနေ. ရောက်ပြီးတနင်္လာနေ. နေ.လည်မှာ အင်တာဗျုးစသွား ရပါတယ် ၊၊ နေ.လည် ၂ နာရီလားမှတ်ပါတယ် ၊၊ နေရာတော. မေ့သွားပါပြီ ၊၊ ဘာ.ကြောင်.လည်းဆိုတော. အလုပ်ကအဆင်မပြေခဲံ့ဘူးလေ ၊၊ အဲဒီအင်တာဗျုးမှာ စတွေတာပါ ၊၊ သူကို.ပြေ ပြ ချင်တဲ့ အကြောင်းတွေ ရင်ထဲမှာ အပြည်.ပေါ. ၊၊ ဘယ်လိုအလုပ်တွေ လုပ်ခဲ့တယ် ၊၊ ဘယ်တွေမှာ လုပ်ခဲ့တယ် ၊၊ လုပ်သက်ဘယ်လောက် ရှိပါပြီ ၊၊ စသည်ဖြင်.ပေါ့လေ ၊၊ သို.သော် စိတ်မကောင်းစရာ ကောင်းတာက ကိုယ်ကို. ကိုယ်တောင် သေချာ မိတ်ဆက်မပေးတက်တဲ့ ဘ၀ ၊၊ မှတ်မှတ်ယယ အင်္ဂလိပ် လို လုံးဝပြောရတဲ့ အစပါ ၊၊

မြန်မာပြည်မှာ တစ်ခါ အင်တာဗျုးဝင်ဘူးပါတယ် ၊၊ ဂျာမဏီသံရုံး မှာ ၊၊ ဌာနက တဆင်. သွားဖြေရတာ ၊ အခြား လုပ်ဖေါ်ကိုင်ဖက်တွေလည်းပါ ပါတယ် ၊၊ သံအမတ်ကြီးဆိုသူ (နှာခေါင်းရှည် ရှည် လူကြီးနဲ.တွေ.ရတာ ) ပေါဗျာ၊၊ သဘောကောင်းတယ်ဗျ ၊၊ ပြောလိုက်ရတာ ၁ နာရီလောက်ကြာမယ်ထင်ပ ၊၊ ဒါပထမဆုံး အင်္ဂလိပ်လို မြန်မာပြည်မှာ ပြောဘူးခြင်းပါ ၊၊ အင်္ဂလိပ်ကောင်းတာ တော. ပြောမနေနဲ.တော. ၊၊ ဒီလိုဒီလို ၊၊ အဲတော. ဒီမှာ အင်တာဗျုးလည်းဝင် ရော စတွေ.တာပေါ. တရုတ်ကြီးနဲ. ၊၊ ဒီလိုနဲ. ဒီလိုနဲ.ပေါ.ဗျာ ၊၊ အဓိက ပြောချင်တာက တော. အင်္ဂလိပ်စာ ကောင်း ခြင်းနှင် အင်တာ ဗျုး အကြောင်းပါ ၊၊ ကြွားတာပါ ကြုံလို. ၊၊

အဲဒီလိုနဲ. ရလာတဲ့ အင်တာဗျုးလေးတွေသွား ဖြေရင်း အလုပ်ရလာတာပေါ့ဗျာ ၊၊ အဓိက တင်ပြချင် တာကတော. ကျွန်တော်တို. ကျင်.သုံးခဲတဲ့ နည်းစနစ်လေးတစ်ခုပေါ့ဗျာ ၊၊ ကျွန်တော်တော. ဘယ်တော.မှ မေ့မှာ မဟုတ်သလို ၊ အကြံလည်းပေးမိပါတယ် ၊၊ သိုသော် သို.သော် ........ ၊၊ ကျွန်တော. သူငယ်ချင်းတစ် ယောက်က ကျွန်တော်. အရင် ရှေ တစ်ပတ်မှာ ရောက်တာဗျ ၊၊ အမှန်တိုင်းပြောရရင် အဲဒီသူငယ်ချင်းက တဖွဲ. တည်း တွဲခဲ့တဲ့ သုငယ်ချင်းတွေမဟုတ်ပါဘူး ၊၊ အတန်းတူ သူငယ်ချင်းပါ ၊၊ အစအနောက်လည်း သန်တော. သတိထားပေါင်းရတဲ့သူငယ် ချင်းပေါ့ ( သူငယ်ချင်းရေ စတာနော် ၊ မင်းပြန်စမှာ ကြောက်လို.ပါ )

ကျွန်တော်ရောက်တဲ့ အချိန်မှာ သူလည်းအင်တာဗျုးမရသေးဘူး ၊၊ ကျွန်တော်နဲ.မှ အတူတူ အင်တာဗျုးရတာပါ ၊၊ သူလည်းရ ကိုယ်လည်းရပေါ. ၊၊ ဒါပေမယ်. ကုမ္မဏီက မတူဘူး ၊၊ ကျွန်တော်တို. ဘယ်လို လုပ်လိုက်လည်း ဆိုတော့ တူတူသွားမယ် ၊၊ မေးမယ်ပေါ. ရရင် ၂ ယောက်တူတူ ဗျုးမယ် ဆိုပြီတော. ၊၊ နောက် အဲဒီလို လည်း လုပ်ခဲ့ပါတယ် ၊၊ တကယ်လည်း တူတူ သွားတယ် ၊၊ HR မှာ ၀င်မေးတယ် ၊၊ ကျွန်တော်. သူငယ်ချင်းလည် အတူတူပဲ အင်တာဗျုးဝင်လို. ရမလားဆိုပြီးတော. ၊၊ တချို.လည်း လက်ခံတယ် ၊၊ တချို.လည်း အဆင်မပြေဘူးပေါ့ ၊၊ ဘာပဲဖြစ်ဖြစ် အင်တာဗျုးဝင် ခွင်.ရတာဟာ ကျွန်တော်တို. အတွက် ၅၀ % သေချာ တာပဲ မဟုတ်လားဗျာ ၊၊ တကယ် ကို ဒီလိုလုပ်ပြီး အလုပ်ရှာ ခဲ့တာပါ ၊၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် တို. တကယ်ကို ဖေးမကူညီခဲ့ကြပါတယ် တစ်ယောက်ကိုတစ်ယောက် ၊၊

နောက်သူငယ်ချင်းတစ်ယောက်က တော. ပြောင်းပြန်ပါ ၊၊ မြန်မာပြည် မှာတုန်းကတော. အတူတူ အလုပ်ရှာရ အောင် ၊ ဖေးမကူညီကြတာပေါ့ ၊၊ အမြဲပြောနေတက်တာပါ ၊၊ ဒါပေမယ်. ဒီကိုရောက် တော. အိတ်မဖောင်းပဲ စိတ်တွေ ပြောင်ပြီး မပြောနိုင်မဆိုနိုင်ပေါ့ဗျာ ၊၊ ဖြစ်ချင်တော. အင်တာဗျူးတစ်ခုမှာ သွားဆုံပါသေးတယ် ၊၊ ကျွန်တော်. ရဲ့ အခြားသူငယ်ချင်းဆို အင်မတန်မှ အမြင်ကတ်ပါတယ် ၊၊ အဲဒီသွားဆုံတဲ. အင်တာဗျုးမှာ ဖြစ်ချင်တော. ကျွန်တော် တို. Offer ရခဲ့ပေမယ်. သူကတော.အဆင်မပြေခဲ့ ဘူးကြားရတယ် ၊၊
ကျွန်တော်တို. အလုပ်ရသွားထဲ့အထိ အဲဒီသူငယ်ချင်း အဆင်မပြေရှာပါဘူး ၊၊ နောက်အတော်ကြာမှ အဆင်ပြွေသွားပါတယ်၊၊ ကြုံခဲ့ဘူးတာလေးပေါ.နော် ၊၊

နောက်တစ်ယောက်ကတော့ ဘယ်လိုလဲဆိုတော . အင်တာဗျုးတစ်ခုမှာ တူတူသွား ဆုံ ရပါတယ် ၊၊ သူဌေးလုပ်သူကကျွန်တော် တို.ကို ပုံမှန်ထက် ဈေးချပြီးလုပ်ခိုင်းပါ တယ် ၊၊ ကျွန်တော်တို.က နှစ်ယောက်ဆိုတော. တိုင်ပင်လို.ရတယ် ၊၊ နောက် သူငယ် ချင်းတွေကို လှမ်းမေးလို.ရပါတယ် ၊၊ ဥပမာ ကိုယ် က ၃ ယောက် သူက ၃ ယောက်ဆို ကျွန်တော်တို. လူ ၆ ယောက်ရဲ့ အကြံဥာဏ်ကို ရပါတယ် ၊၊ စဉ်းစားလို. ရတာပေါ. ၊၊ အဲဒီသူငယ် ချင်း တစ်ယောက်က ကျောင်းမတူပါဘူး ၊၊ တက္ကသိုလ်တော.တူတာပေါ့လေ ၊၊ သူကတော.မြိုးကြီးကျောင်းကပေါ့ လေ ၊၊ သူက လာပြောပါတယ်၊ ဈေးချပြီးလုပ်ခိုင်းတာ လက်မခံဖို. ၊၊ မြန်မာတွေ ဈေးမဖျက်ဖို. ၊၊ သူကလာပြောတာနော်၊ သူက အရင်ရောက်နေတာ ၊၊ အဲဒီအချိန်မှာ ကျွန်တော်တို. လက်မခံဖို. ဆုံးဖြတ်ပြီးသားပါ ၊၊ နောက်အင်တာဗျုးတွေလည်း ရပြီးသားပါ ၊၊ ကိုယ်တွေကတော. သူတို.ိုမြိုကြီးသားတွေလို အပြောမတက်တော.အင်းပါပေါ. ၊၊ ကျွန်တော်တို.လက်မခံဘူး နောက်လည်းရပြီးနေပါပြီပေါ့၊၊

နောက်ဖြစ်ချင်တော. အိမ်မှာ တူတူနေတဲ့ အစ်ကိုကြီးက အဲဒိကုမ္မဏီကနေ Resign တင်ထားတဲ့အချိန် ၊၊ သူပြောပြလို. ကိုယ် ကအကြောင်း သိတော. မကောင်းတဲ့အကြောင်း ပြောပြမယ်ပေါ့ ဆိုပြီး ဟိုပုဂ္ဂိုလ်ကို ဖုန်းဆက်တော. ၊၊ ခုနက တရားတွေ ဟောသွားတဲ့ မြိုကျောင်းသားကြီးက လက်ခံထားတယ် ၊၊ ပေးထားတဲ့ လျော.ဈေးနဲ. ၊၊ လူတွေသဘာဝ ရယ်ချင်မိပါရဲ့ ၊၊ အဲဒီလူကို ဒီနေ.ထိလည်း မှတ်မိနေသေးတယ် ၊၊ နာမည် ရယ် ၊ မေဂျာရယ် ၊၊ ကျောင်းရယ် ၊၊ လူတော. ပြောပြမှ မှတ်မိမှာပါ ၊၊ ခုဒီစာကို ဖတ်နေမယ်. သူ တစ်ယောက်လည်း ဖြစ်ချင်ဖြစ်မှာပေါ. နော် ၊၊ သူ.မှာလည်း သူ.အခက်အခဲတော.ရှိမှာပါလို. တွေးပြီးဖြေပါတယ် ၊၊ ဘာလဲမသိဘူးဆိုပြီး ရီချင်တာပါ ၊၊ လူတွေ ဟာ တကယ် အရေးကြုံလာ မှ အကြောင်းသိရတာပါ ၊၊

ကျွန်တော်ပြောပြချင်တာက ကျွန်တော် အသုံးပြုခဲ့တဲ့ နည်းလေးကို ကျွန်တော်တို.တော. သဘောကျပါတယ် ၊၊ ပိုကောင်းတယ်လို.လည်း ထင်ပါတယ် ၊၊ တစ်နှစ်ပြည်.တဲ.နေ.တုန်းက မှတ်မှတ်ယယ လေး လာတုန်းက ကူညီထားတဲ့သူငယ်ချင်းတွေဆီကို ကျေးဇူးတင် အမှတ်ယနေကြောင်း Message လေးပို.လိုက် ပါတယ် ၊၊ အားလုံးက ပြန်ပို.ပါတယ် ၊၊ အဆင်ပြေပါစေတို. ၊ အချိန်ကုန်တာ မြန်လိုက်တာတို. ၊ ဒါဟာ ဘ၀ အစပဲ ရှိသေးတယ် တို. ၊ ဒါဟာဘ၀နဲ.ယှဉ်ရင် သေးသေးလေးပါတို. ( ကျေးဇူးရှင်ပြန်ပို.တာပါ ) စသည်ဖြင်.ပေါ.လေ ၊၊ အဲဒီသူငယ်ချင်း ပြန်ပို.တဲ့ Message လေးကို အခုထိသိမ်းထား မိသေးတယ် ၊၊ သူက ဘယ်လိုပြန်ပို.လဲဆိုတော့ " Ialso Thank You So Much . We have to go ahead . So we can remember and thank each other . I always remember our begining time in sg . I distributed other people to looking for job like you and me . But they could not do .So our understanding very high . Thank again fri . Everything is Good Luck for you "

ဒါကြောင့် ဒီအကြောင်းအရာလေးကိုဝေ မျှတာပါ ၊၊ ဘာပဲဖြစ်ဖြစ် အတူတူ သာ တိုင်တိုင်ပင်ပင် လုပ်ကြရင် ပျော်စရာ ကြီးပါ ၊၊ ပြန်တွေးလိုက်တိုင်းလည်း ကြည်နူးရပါတယ်၊၊ အခုချိန်ထိလည်း ကျွန်တော်တို. ကိစရှိရင် တိုင်ပင်အကြံပေးနေဆဲ ၊၊ ဒါပေမယ်. ကျွန်တော်တို.မတွေ.ဖြစ်တာ ကြာပေါ. ၊၊ ဖုန်းနဲ.ပဲတွေ.ဖြစ်ကြတာပါ ၊၊ သူရဲ. သတင်းကောင်းတွေ ကို ဝေမျှတိုင်း မုဒိတာ ပွားနေရဆဲ ၊၊ ကျွန်တော်.အတွက်လည်း ဖေးမကူညီနေ ဆဲပါ ၊၊ (မနာလိုတာ တစ်ခုတော.ရှိရဲ. မကြာခင် အိမ်ထောင်ပြုတော့မယ်တဲ့ ၊ နောက်တာပါ ) ၊၊ ဒီလိုသူငယ်ချင်း မျိုးနဲ. ဘ၀တစ်ကွေ.မှာ ဆုံတွေ.ခဲ့ရတာ ဟာ အဆိုးတွေထဲက အကောင်းလေးတစ်ခုပေါ.ဗျာ ၊ ကျွန်တော်.အတွက်တော့ ၊၊
(ဓါတ်ပုံလေးသုံးခွင်.ပေးတဲ့ Jerry ကို ကျေးဇူးပါ ၊ Topayoh ဘုန်းကြီးကျောင်းက နေ ရိုက်ထားတဲ့ ပုံလေးပါ )

Wednesday, 1 April 2009

စင်ကာပူ ၏ အဦးဆုံးနေ.များ ( ၁ )

.

ပြည်ဝင်ခန်း
.
.
.......................................

အဲသည် နေ.က မှတ်မှတ်ယယ နိုဝင်ဘာလ (၁၁) ရက်နေ. တနင်္ဂံနွေနေ.၊၊ မြန်မာပြည်မှာ အေးလို.ကောင်းနေဆဲ ဆောင်တွင်း ကာလကြီးပေါ. ၊၊ မြန်မာပြည်ကနေ ပြီး မနက် ( ၁၁ ) နာရီလောက် ထွက်လာတာ ဆိုတော. စင်ကာပူ စံတော်ချိန် နေ.လည် (၃ ) နာရီ ခွဲလောက် ရောက်တယ် ဗျာ ၊၊ လာခဲ. တာ ကတော. Silk Air လေကြောင်းလိုင်းနဲ.ပါ ၊၊ ပထမဆုံး ပြည်ပ လေကြောင်းလိုင်းကို စီးဖူး တာဗျ၊၊ ကံကောင်း ချင်တော. window seat လေးလည်း ရ တော. မြန်မာ လေဆိပ် ကြီးကို ကောင်းကောင်းလွမ်းရတာပေါ.ဗျာ၊၊

အဲသည် အချိန်တုန်း က ဖြစ်ခဲတဲ.ခံစားမှုကို ပြန်ဖမ်းကြည်.တော.ခံစား နေရတာက တစ်ခုခုကို လွမ်းနေ သလိုပဲ ၊၊ နောက် ပထမဆုံး အကြိမ်သွားရတဲ.ပြည်ပခရီးစဉ်ဆိုတော.ရင်ခုန် နေတာတော.အမှန်ပဲ၊၊ မရှက် တမ်းဝန်ခံရရင် လေယာဉ်ပေါ် မှာ သူတို.ပြောတဲ. English စကားကို ကျွန်တော် လုံးဝနားမလည်ပါဘူးဆိုတာပါ ပဲ၊၊ အမှန်ကို နားမလည်ခဲ.ရိုးအမှန်ပါ၊၊ အဲသည်မှာ ကျွန်တော် ပထမဆုံး ကြေက်စိတ် လေးတော.၀င်မိတယ်၊၊ ငါအဆင် မှပြေပါ.မလား ဆိုတဲ. အတွေးလေးပဲ၊၊ ပထမဆုံး ဆင်ခြင် မိတဲ. အတွေးလေး ပေါ.၊၊

ကျွန်တော်.ဘ၀မှာ မှတ်မှတ်ယယ ဘယ် English Training Class ကို မှ ကျားကုတ်ကျားခဲ မသင်ယူခဲ.မိတာ နောင် တရသလို ခံစားရတယ်၊၊ ဒါလည်း အဲသည်တုန်းက ခဏ ပါ ပဲ ၊၊ အခုတော.လည်း Singlish နဲ. အဆင်ပြေသလို ဖြစ်နေတော. English စာလေ.လာဖို.ဆိုတာ နေလာရင် နှင်းပျောက် သလို ခုများတော. အဲသည် တုန်းက စိတ်ကူးလေး ဘယ်ဆီ ရောက်သွား လဲတောင် မသိတော. ပါ ဘူး ၊၊ ကျောင်းသာပြီးသွားရော ဘယ် English class ကို မှ တကယ် မတက်ခဲ.မိဘူး၊၊ကိုယ်ပိုင် လေ.လာလားဆိုတော. လည်း English စာဖတ်ရမှာပျင်းလိုက်တာ ကို လိမ်လို.၊၊ ဘာသာပြန်ဝထ္လုဖတ် ရင်တောင် English နာမည်ဆိုကျော် ဖတ်တာ တကယ်၊၊ ဒီလိုကောင်မှ English မကောင်း ဘယ်လိုကောင်မျိုး English ကောင်းမလဲဗျာ၊၊စဉ်းစားသာကြည်.တော.၊၊
ဒီလိုနဲ. စင်ကာပူ ရောက်ရော ပေါ.ဗျာ ၊၊ ချန်ဂီဆိုတဲ. လေယဉ်ကွင်းကြီး ၊၊ နေ.လည် ခင်းကြီး ဆိုတော. ထင်ထင် လင်းလင်း အားလုံး မြင် နေရတာ ပေါ.ဗျာ ၊၊ သူငယ်ချင်း တွေက မှာလိုက်တယ် Immigration မှာတန်း စီရင် အဖြူ တွေ ရှိတဲ. နောက်မှာ စီတဲ. ၊၊ မြန်မာ များရင် မစီနဲ.တဲ. ၊၊ ဘာ.ကြောင်. လဲတော. ကျွန်တော် လည်း သေချာ မသိဘူး၊၊ သူငယ်ချင်း တွေမှာ ထား တာပေါ.၊၊ မြန်မာဆိုရင် ဂုဏ်ကြီး တဲ. သဘော ပေါ. လေ ၊၊

ကျွန်တော် ကလည်း မေးတက် ၊ ပြောတက်တဲ. အကျင်.ရှိသူ ဆိုတော. လေယာဉ်ပေါ်မှာ တင် သူငယ်ချင်း လေးယောက် ရတယ် ၊၊ သူတို. က ပြောတယ် တုတူ သွားရအောင်တဲ. ၊၊ Ok ပေါ. ၊၊ မှာထားတဲ. သူငယ်ချင်းတွေ သိတာမှတ် လို. ၊၊ ပျော်စရာကြီး ဗျာ၊၊ စုစုပေါင်း ၅ ယောက်ထင်တယ် ။ ရှေးဆုံးက တစ်ယောက် စထိ တယ်ဗျာ ၊၊ White Card မှာ ဖြည်.ထားတာ မှားလို.တဲ. ၊၊ ကိုယ်တော် ကြိးက ခပ်တည်တည်ပဲ ၊၊ ကျွန်တော်.ကို ပြန်လာမေးတယ် ၊၊ ဘယ်မှာ မှားတာလဲတဲ.၊၊ အထုပ်တွေက Immigration Officer ရဲ. Counter ရှေ.မှာ ၊၊ စဉ်းစားသာ ကြည်. ၊၊ ဘယ်လောက် များ ရဲ.၀ံ.လိုက်တဲ. ရွှေမြန်မာ လဲလို. ၊၊

အဲဒီ အချိန်ကျ မှ ကျွန်တော် လည်း ဘာလုပ်ရမယ် မှန်းမသိတော. ဘူး ၊၊ I dont Know , who are you ? တွေဘာတွေ သွားလုပ် လို. မရတော.ဘူးလေ ၊၊ အဲဒီအချိန်မှာ အခြား Counter သွားဖို. စဉ်းစားသေးတယ် ၊၊ ဒါပေမယ်. သိလိုက်ရတဲ. အချိန်မှာ ""ကျွန်တော် က ....................ရောက်နေပြီ အမေ "" ဆိုသလိုပဲ ဘာမှလုပ်လို. မရတော.ဘူး ၊၊