ဒီကျွန်းကို စရောက် တဲ့နေ.ကတည်းက အခုဆို သူ.ကို ရှာနေမိတာ ၂ နှစ်ကျော်ပြီပေါ့……..
*********************************
ပထမဆုံး ပြည်ပခရီးကလည်း ဖြစ်ပြန် ၊ လေယာဉ် စီးဖူးတာလည်း ပထမဆုံးဖြစ်ပြန် ၊ နောက် ဘာမှ မသေချာသေးတဲ့ နေထိုင်ခွင့်နဲ. အလုပ်အတွက်လည်း ပူရပြန်ဆိုတော့ လေယာဉ် စီးရတာ ဘယ်လို မှ သက်တောင့်သက်သာ မဖြစ်တာတော့ အမှန်ပါပဲ ၊၊ တစ်ခုခုကို စိုးရိမ်ပူပန်မှူတွေက ကျွန်တော့် မျက်နှာပေါ်မှာ အထင်းသား ပေါ်လွင်နေမှာ အမှန်ပါပဲ ၊၊ လက်နှစ်ဖက်ကို ဆုပ်လိုက် ဖြန်.လိုက် တစ်ရှူးထုတ်ပြီး ချွေးသုတ်လိုက်နဲ. တကယ်ကို ရုပ်ပျက်ဆင်းပျက် ဘာမှန်းမသိပဲ ပူပန်နေမိပါတယ် ၊၊ မိဘတွေကို စိတ်မချ ၊ သူတို.က ကိုယ့်ကို စိတ်မချ ၊ မှာတမ်းတွေ ချွေနဲ့ နောက်ဆုံးမှ ၀င်ခဲ့တော့ ထိုင်ခုံက ဟိုးနောက်မှာ ၊၊ ကံကောင်းချင်တော့ မတောင်းပေမယ့် Window Seat လေးရတော့ မြန်မာပြည် မင်္ဂလာဒုံ လေဆိပ်ကြီးကို ထင်ထင် ရှားရှား မြင်နေရတာ တော့ အတော်ကို သက်တောင့်သက်သာ ခံစားရပါတယ် ၊၊
မှုန်တိမှုန်ဝါး ဖူးမြင်နေရတဲ့ ဘုရားစေတီ စုံကို လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး အဆင်ပြေရာ အဆင်ပြေကြောင်း တစ်တွတ်တွတ် ဆုတွေ တောင်းလို. ပေါ့ ၊၊ဂါထာစုံ ရွတ်ဖတ်သရဇယ်လို. ပြီးလောက်ကျမှ ၊ အနည်းငယ် စိတ်အနည်ကျမှ ဘေးဘေးဘီဘီ သတိထား အမှတ် ပြုမိပါတယ် ၊၊ အလယ်မှာ ထိုင်နေတာက ကြွေရုပ်လေး ၊၊ သူက လည်း ကျွန်တော့်ကို ကြည့်လို. ၊၊ ဖြတ်ခနဲ အမှတ်မထင် ကျွန်တော်လှည့် ကြည့်လိုက်မှ သူ မျက်လွှာလေး ချလို. ခေါင်းငုံ.သွားလေတယ် ၊၊ ကျွန်တော့်ရဲ့ တကိုယ်တော် ပျာယာခတ်နေတဲ့ Performance ကို ဘယ် အချိန်ကတည်းက ရှူစားတော်မူနေတယ် မသိ ၊၊ ကျွန်တော့်ရဲ့ သွေးခုန်နှုန်းတွေ ၇ပ်တန်. သွား ပြီလားလို.တောင် ခံစားမိရဲ့ ၊၊ခေါင်းလေးငုံ.ပြီး ရှက်နေတဲ့ ၊ ဖြောင်းစင်းပြီး နက်မှောင်နေတဲ့ ကေသာတွေ နဲ့ ဖုံးကွယ် နေတဲ့ သူရဲ့ မျက်ဝန်းချိုချိုလေးကို ကြမ်းတမ်းစွာ ဆွဲလှန်ပြီး နောက်တစ်ကြိမ် မြင်ချင်စိတ်ကို မနည်းကို ထိန်းချုပ်ထားရသည် ၊၊
အရှက်ပိုနေတဲ့ ကြွေရုပ်လေး ဘယ်အချိန် ကိုယ့်နားရောက်လာတယ် မသိအောင် စိတ်ပူပန်နေမိတဲ့ ကိုယ့်ကိုကိုယ်လည်း နာနာကျည်းကျည်း ကျိန်ဆဲမိရဲ့ ၊၊ ဟိုးဘက်က တစ်ယောက်ကို ကြည့် လိုက်တော့ အန်ကယ်ကြီး တစ်ယောက် ၊၊ ကြွေရုပ်လေးရဲ့ အုပ်ထိန်းသူများလား ရယ် လို. စိုး၇ွံ.စွာ အကဲ ခတ်တော့ ဟုတ်ဟန်မတူ ၊၊ ဟူး တော်ပါသေးရဲ့ လို.ဘာသာ သက်ပြင်းချမိသည် ၊၊ဘယ်လိုမှ ပြန်မော့မလာတော့ တဲ့ ကြွေရုပ်လေးကို ဘယ်လိုလုပ် ၇ပါ့မလဲ စဉ်းစားနေဆဲမှာပဲ ၊ ကံဇာတာ မျက်နှာ သာ ပေးတာကြောင့် လေယာဉ်မယ်ကလေးတွေ ရဲ့ ချိုသာပျုငှာ စွာမေးလာတဲ့ ၊ ဘာများသုံးဆောင်ပါအုံးမလဲ ရှင်ဆိုတဲ့ အသံ လေး ပေါ်လာမှပဲ ကြွေရုပ်လေး အသက်ဝင်လာလေရဲ့ ၊၊
********************************
အရမ်းကို မြန်လွန်းတဲ့ Flight Time ၂ နာရီအတွင်းမှာ ကျွန်တော်နဲ. ကြွေရုပ်လေးနဲ. သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ် ၊၊ တစတစ ရင်းနှီးလာတာနဲ. အမျှ တစ်ယောက်အကြောင်း တစ်ယောက် မေးဖြစ်ပြောဖြစ်ပေါ့ ၊၊ အရမ်းသတ္တိကောင်းတဲ့ ကြွေရုပ်လေးပါပဲ ၊၊ ဒီလိုခရီးကို သူငယ် ချင်းတောင် မပါပဲ တစ်ယောက်တည်း စွန်.စွန်.စားစား ထွက်လာဝံ့တယ် ၊၊ ရှက်ကိုးရှက်ကန်း ကောင်မလေးက မီး ကြောက်ပါဘူးတဲ့ ၊၊ ဒါဆိုခုန ဘာလို.ခေါင်းငုံသွားတာလည်းဆိုတော့ ဒါတော့ မီးမသိဘူး ကိုကြီးကိုတော့ မီးတကယ် ရှက်သွားတယ်တဲ့ ၊၊ သူပြောတဲ့ အသံလေးကလည်း တကယ် ကို ကြိုးကြာသံ ၊ ကရိတ်ဝိတ်သံ မကြားဖူးပေမယ့် ကျွန်တော့် နားထဲမှာ တော့ ချိုမြိန်ခြင်း မြစ်တစ်စင်း စီးဆင်းလို.ပေါ့ ၊၊အပြင်ကျောင်းတစ်ခု တက်ဖို.လာတဲ့ ကြွေရုပ်လေးက ကျွန်တော့်ကိုတောင် ပြန်အားပေးသေးရဲ့ ၊၊ စိတ်မပူပါနဲ. ကိုကြီးရယ်တဲ့ ၊၊ ကျွန်တော် စက်မှူတကသိုလ် ပြီးခဲ့ပေမယ့် ဘယ်လိုမှ မခုန်ခဲ့ဘူးတဲ့ ရင် ဟာ ကြွေရုပ်လေး နဲ.မှ တခဏ အတွင်းမှာ ပဲ ပြောင်းဆန်လို.ပါလား ၊၊ အလုပ်ထဲမှာလည်း ဘယ်လိုမှ မပြောင်းလဲခဲ့တဲ့ ကျွန်တော့်ရဲ့ နှလုံးသားကို ကြွေရုပ်လေးက အပိုင်သိမ်းပြီး မင်းမူ တိုက်ခိုက်လို. သွားခဲ့လေရဲ့ ၊၊ သြော် တကယ်ကို. ပိုင်စိုးမှု ဧကရီပါလား ၊၊
***************************
သူငယ်ချင်းတွေ ကောင်းမှူနဲ. Prepaid ဖုံးတစ်လုံး နံပါတ် ကြိုရထားတဲ့ အတွက် ကျွန်တော် ဘက်က ကံတရားက မျက်နှာသာပေးတယ် လို. အဲဒီ ကံတရားကို မှတ်မှတ်ယယ ကျေးဇူးတင်မိ ပါတယ် ၊၊ ကျွန်တော့် ရဲ့ ကြွေရုပ်လေးမှာတော့ ဖုံးနံပါတ် မရှိသေးဘူးတဲ့ ၊၊ သူအရင် သွားနှင့်တဲ့ ကောင်မလေး သူငယ်ချင်းတွေ လာကြိုမယ် ဆိုတဲ့အတွက် ကျွန်တော် တို.ရဲ့ တွေ ဆုံမှူက ချန်ဂီမှာ ပဲ အဆုံးသတ်ရမှာမို. ရင်ထဲမှာတော့ ဆွေးသလိုလို ၊၊ နှစ်ယောက်လုံး ငြိမ်သက်လို. ဘာစကားမှ မပြောဖြစ်ခဲ့ ၊၊ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ဖုံးနံပါတ်လေး ပေးတော့မှ အားရ၀မ်းသာနဲ. မှတ်ပြီး မီးဖုံးဝယ် ပြီးတာနဲ. ကိုကြီးကို ခေါ်လိုက်မယ်နော်တဲ့ ၊၊ အဲဒီတော့ မှ နှစ်ယောက်သား စကားတွေ ပြန်ဖောင် ဖြစ်ကြလေရဲ့ ၊၊
*****************************
လေဆိပ်မှာ နောက်ဆုံး လမ်းခွဲ တော့ သူလည်းသူ.သူငယ်ချင်း ကောင်မလေး နှစ်ယောက် ခေါ်ရာ ဆီ လိုက် ၊ ကျွန်တော်လည်း လာကြိုတဲ့ သူငယ်ချင်း တွေ နောက် လိုက်ရင်း Taxi Stand မှာ အချင်းချင်း မျက်လုံးချင်း ပဲ စကားပြောဖြစ်ခဲ့ပါတယ် ၊၊ နောက်သူက အရင် ကျွန်တော့်ရှေ.က ထွက်သွား လေရဲ့ ၊၊ ထွက်သွားတဲ့ Taxi ကားပေါ်ကနေ တောင် ခေါင်းတချက်ငဲ့လို. မျက်ဝန်းလဲ့လဲ့ လေး နဲ့ နှူတ်ဆက် သွားသေးရဲ့ ၊၊
**************************
ဒီလိုနဲ. အလုပ်ရလို. Contract နဲ.၀ယ်လို. ရတဲ့ ဖုန်းပြောင်းကိုင်ဖို. သူငယ်ချင်းတွေ တိုက်တွန်း ပေမယ့် ကျွန်တော် ရောက်ကတည်းက ကိုင်ခဲ့တဲ့ Prepaid ဖုန်းလေးနဲ့ပဲ ၂ နှစ်ကျော်ခဲ့ပါပြီ ၊၊ ဖုန်းနံပါတ် ပြောင်းရင် သူခေါ်လို. မရမှာ စိုးရွံနေမိပါတယ်၊၊ အဲဒီ စင်ကာပူကို ရောက်တဲ့ နေ. ကတည်းက မျှော်နေမိတဲ့ ကြွေရုပ်လေးရဲ့ ဖုန်းဟာ တစ်ကြိမ်မှ မြည်မလာခဲ့ပါဘူး ၊၊ ခုချိန်ထိ ဖုန်း သံကြားတိုင်း ညနက်သန်းခေါင်ဖြစ်ပါစေ မျှော်လင့်တကြီး ရင်ခုန်စွာ ဖြေကြားနေဆဲ ၊၊ သူငယ်ချင်း တွေက ကျွန်တော့်ကို ဖုန်းသရဲလို. ခေါ်ပေမယ့် ကျွန်တော် ပြုံးပြရုံကလွဲလို. ဘာမှ ပြန်မပြောနိုင်ခဲ့ ၊၊ နောက်ဆုံး အိမ်သာဝင်ရင်တောင် တယ်လီဖုန်းကို လက်ကမချတဲ့ ကျွန်တော့်ကို သူငယ်ချင်းတွေ က အရူးတဲ့ ၊၊ဘယ်သူတွေ ဘာပဲ ပြောပါစေ ကျွန်တော့်ကြွေရုပ်လေးရဲ့ ဖုန်းကို ဒီနေ.ထိစောင့်မျှော်နေဆဲပါ ၊၊ တကယ်လို. ဒီစာလေးကို ကြွေရုပ်လေးဖတ်မိမယ် ၊ ကြွေရုပ်လေး ကျွန်တော့် ဖုန်းနံပါတ်လေး ပျောက်သွားလို.ပါဆိုရင် ဖြင့် ကျွန်တော် နောက်တစ်ခေါက်ထပ်ပေးလိုက်ပါမယ် ၊၊ကြွေရုပ်လေးကိုပေးခဲ့တဲ့ ကျွန်တော့်ရဲ့ Prepaid ဖုန်းလေးကို ဒီနေ.အထိ သုံးနေဆဲပါလို. ၊၊
Email ပို.လို.လည်းရပါတယ် ကြွေရုပ်လေးရယ် ………………..
လေးစားစွာဖြင့်
မင်းအိမ်ဖြူ