Thursday, 16 April 2009
2009 Mandalay Thingyan
Let me share Mandalay Thingyan Photos
I just receive from one of my fris .
Pls visit to this link ညီမင်းစံ
I informed and requested to Blog owner to share all of my fris ........
Photos of Mandalay Thingyan .
So Nice Photos................
Monday, 13 April 2009
2009 စင်ကာပူသင်္ကြန်
ToPaYoh ဘုန်းတော်ကြီးကျောင်း ဘုရားဆောင်
သီလယူသူများနှင်. ကြည်နှူးစရာ
ရွှေတို.ဆုံ ရာ City Hall က Peninsula Plaza
စည်းကမ်းရှိတဲ့ရွှေမြန်မာ ၊ စတိတ်ရှိုးဝင်ဖို. တန်းစီကာ ( စိတ်မကောင်းစရာ ၊ ကိုရွှေရဲကို အဖြူထည်ကြီးပြသနာရှာတဲ့ ညီအစ်ကိုများ လည်း တွေ.ရတာ )
မိဘအတွက် ၊ မိသားစု အတွက် ကြိုးစားကြပါလို.ဆိုရှာတဲ့ ဦးဇော်ဝမ်း ( ကျေးဇူးပါ ) ကိုဥက္ကာ ဘာတွေများ See နေတာတုန်းဗျာ ၊၊ လက်မှတ်တွေ ကံစမ်းမဲ ဖောက်တော. နံပါတ် တစ်သောင်း ကျော်တယ် လို. သူ ငယ်ချင်းတစ်ယောက်က ပြောပါတယ် ၊၊ ပျော်စရာ ပါ ၊၊ အလွမ်းတွေ ပြေပါတယ် ၊၊ ရေအများကြီး မလောင်းရလို. မကျေနပ်တဲ့ သူလည်း ရှိပါတယ် ၊၊ ဒါပေ မယ်. ဘာဖြစ်ဖြစ် ဒီလောက်ဆိုလည်း တော်ပါပြီလေ နော်..............
ဝတ်စုံတွေ အများကြီး လဲတဲ. Presenter မမ ကလည်း တကယ်တော်တာ ၊ မင်းသမီးတောင် ရှုံးတယ်ဗျာ..စတာနော် အစ်မဘယ်သူလဲသိဘူး ဟိဟိ
လာခါနီးမှ မီးမလာလို. CD မခုတ်ခဲ့ရ ပါဆိုတဲ့ ကို မျိုးကျော.မြိုင်တစ်ယောက် အသက် ၂၀ကျော်နဲ. ရည်စား ၃ ယောက်ပါတဲ့ ၊၊ ဒိုင်ရှိုကတော. အများကြီးပေါ့ ... ဒါကို လူတိုင်းသိပါတယ် တဲ့ ဟာဟ တော် လိုက်တဲ့သူ ဘယ်လိုများဒိုင်လျှိုထားပါလိမ်..............
ရဲလေးကတော. ထခုန်တဲ့ ၊
Saturday, 11 April 2009
တရားစခန်းဝယ် ၂ ( ထွန်းအိန္ဒြာဗိုလ် နှင်. ဆုံစည်းခြင်း )
နောက် မနက် မိုးလင်း ၄ နာရီလောက်မှာမှ တောင်ပေါ်တက်မယ်. ကားတွေ စလာပါတယ် ၊၊ ဒီလိုနဲ. တောင် ခြေရင်းက တရားဝင်မယ်. ဘုန်တော်ကြီးကျောင်းကို ရောက် ရော ဆိုပါတော.ဗျာ ၊၊ ဒီလိုနဲ. သင်္ကန်း ၀တ် ၊ သိမ်ဝင် စတဲ. လုပ်ကိုင်စရာ ရှိတာတွေကို ဆရာတော်ကြီးရဲ. အစီအမံတွေနဲ. လုပ်ဆောင်ရပါတယ် ၊၊ ရောက်ပြီး နောက် တစ်နေ. မှာ သင်္ကန်းဝတ် တဲ. ကိစ အားလုံးပြီးတော. တရားစခန်းစပါတယ် ၊၊ စုစု ပေါင်း ရဟန်း အပါး ၅၀ ကျော် ၊ မယ်သီလ အပါး ၄၀ ကျော်နဲ. ယောဂီကတော. ၂၀၀ နီးပါး ရှိမယ် ထင်ပါတယ် ၊၊ ဓမာရုံ အပြည်.ပေါ.ဗျာ ၊၊
စုစုပေါင်းတရားစခန်း က ၁၀ ရက်စခန်းပါ ၊၊ နောက် ရဟန်းတွေအားလုံး က ဆွမ်းခံစားရပါတယ် ၊၊ နောက် ဓူတင် ဆောင်ရပါတယ် ၊၊ မနက် ၄ နာရီဆိုရင် စတင်ပြီး ကျောင်းဝန်းထဲက သစ်ပင်တွေ အောက် မှာ သပိတ် ယူပြီး တရား ထိုင်ရပါတယ် ၊၊ တနေ.တာရဲ. ပထမဆုံး အကြိမ်ပေါ. ၊၊ နောက် မြေကြီးပေါ်မှာ ဖျာကြမ်း အသေး လေး နဲ. ဒီတိုင်းထိုင်ရတာပါ ၊၊ ခြင်ကိုက်တော. သင်္ကန်းတွေကို ခေါင်းခြုံခွင်. ပေးပါတယ်၊၊ အိပ်ငိုက်တဲ. သူတွေအတွက်တော.( ဟဲဟဲ ) ဂွင်ပေါ.ဗျာ ၊၊ တချို.လည်း ရှေက သပိတ်နဲ. မိတ်ဆက်တာ ခွက် ခနဲတောင် အသံ ထွက်ပါတယ် ၊၊ ဒါကတော.မနက် ပိုင်း တချိန်ပေါ.ဗျာ ၊၊ အိပ်တော.ငိုက် ကြမှာပဗျာ ၊၊ ဓူတင် ဆောင်တယ် ဆိုတော. သင်္ကန်း က အားလုံးမှ ၃ ထည် ပဲ ဆောင်ခွင်. ရှိပါတယ် ၊၊ ဒီထဲကမှ သင်္ကန်းကြီး လို. ခေါ်တဲ. တထည်ကို ခေါင်းအုံးအိပ် ရတာပါ ၊၊ ခေါင်းအုံးလည်း ပေးမသုံးပါဘူး ၊၊ အိပ်တော.လည်း ဖျာကြမ်း ကြီးပေါ်မှာ ၊၊ ဘာမှ စောင်ရော သုံးခွင်.မရှိပါဘူး၊၊ ဒါဟာ ဓူတင်ဆောင်တာမို. အားလုံးကို ခြိုးခြံရပါတယ် ၊၊
နောက် မနက်ပိုင်း တရားဖြုတ်တော. ခဏပေးနားပါတယ် ၊၊ နောက် အာရုံဆွမ်း ဘုန်းလို.မရပါဘူး ၊၊ တစ်နေ. လုံးကိုမှ ဆွမ်းတစ်နပ်ပဲ ဘုန်းရပါတယ် ၊၊ ဆွမ်းခံကြွတော. ကိုယ်. အစု နဲ. ကိုယ် နီစပ်၇ာ ရွာတွေကို ကြွရ ပါတယ် ၊၊ အနီဆုံး ရွာက ၃ မိုင်ဝေးပါတယ် ၊၊ ဆွမ်းခံတယ် ဆိုတော. ဖိနပ်လည်း စီးခွင်.မရှိပါဘူး ၊၊ ရွာသူ ရွာသားတွေက သဒ္ဒါတရား အတော် ကို ကောင်းကြပါတယ် ၊၊ ကျွန်တော်က အရပ်မြင်.တော. တန်းစီရင် နောက်ဆုံးက လိုက်ရပါတယ် ၊၊ အဲဒီတော. ပိုသမျှဆွမ်းက ကျွန်တော်. သပိတ်ထဲမှာ ၊ နင်.နေအောင်သယ် ရပါတယ် ၊၊ ဆွမ်းတွေရော ၊ ဟင်းတွေရော ရောပြီးလောင်းကြတာပါ ၊၊ နောက် ပိုင်းတော. ကျွန်တော် သပိတ် ဖွင်.ပေးရမှာတောင် ကြောက်လာပါတယ် ၊၊ ဝေးကလည်းဝေး ၊ သပိတ်ကလည်းလေး ၊ သင်္ကန်းကြီးက တမျိုး ၊ နေကလည်းပူ ၊ ဖိနပ်ကလည်းမစီးရ အညာ မြေ ဆူးတောထဲမှာ ၊၊
ဆွမ်းစားတော.လည်း ကိုယ် သပိတ်နဲ.ကိုယ် ပဲ ဘုန်းရပါတယ် ၊၊ ဟင်းခွက် ၊ ဆွမ်းခွက် အပို ဆောင်ခွင်. မရှိပါ ဘူး ၊၊ အချိုပွဲတောင် ဒကာမတွေက သပိတ်ဖုံးထဲ မှာပဲ လာထည်. သွားတာ ပါ ၊၊ နောက် ကိုယ်. သပိတ် ကိုယ်ဆေးပြီး မှတ် ထားရပါတယ် ၊၊ ဒီသပိတ်က ၁၀ ရက်တာ အတွက် အင်မတန် အရေးကြီးပါတယ် ၊၊ မနက် တရားထိုင်သွားရင် ယူသွားရပါတယ် ၊၊ နောက် ဆွမ်းခံရာမှာ သုံးရပါတယ်၊၊ ဒါကြောင်စင် အောင် ဆေးပြီး သေချာ မှတ် ပြီးသ်ီမ်းထားရပါတယ် ၊၊ သပိတ် အကြီးရထားတဲ့ ကိုယ်တော် က အသေးနဲ. မှားသလိုနဲ. လဲ သွားတာ မျိုးကြုံတက်တော. သတိလည်းထားရပါတယ် ၊၊
ဒီလိုနဲ.တရား ထိုင် ဖို. ဒုတိယပိုင်း အဖြစ် ဆွမ်းစားပြီးတာ နဲ. ပြန်စပါတယ် ၊၊ နေ.ပိုင်းမှာ ၂ ကြိမ်ထိုင်ရပါတယ်၊၊ နောက် ညပိုင်းရောက် တော. ဘုရားဝတ်ပြုတာ ၁ နာရီနဲ. တရားထိုင်တာ တကြီမ် ဆက်ရပါတယ် ၊၊ နောက် ည ၉ နာရီလောက်မှာ တရားစခန်း တနေ.တာ အဆုံးသတ်ပါတယ် ၊၊ ပထမပိုင်း ရက်တွေမှာ ပင်ပန်းပေမယ်. နောက် ပိုင်း ၅ ရက် ၆ ရက်မှာ တော. အတော်ကို အဆင်ပြေလာပါတယ် ၊၊ ထိုင်လို.လည်းကောင်းလာသလို ဆွမ်းခံ ကြွရတာလည်း ကျင်.သားရလာပါတယ် ၊၊ အတော်လေးလည်း ငြိမ်သက်လာတယ် ပေါ.ဗျာ၊၊ စိတ်ထဲမှာလည်း ကြည်ကြည်လင်လင် လေး ရှိလာပါတယ် ၊၊ နောက် ဆရာတော် က တုတ်ချက်ပြင်း တော. ငိုက်တဲ.သူ လည်းမရှိတော.ပါဘူး ၊၊ တရားတက်လာကြတယ် ဆိုရမှာပေါ.ဗျာ ၊၊
ဒီလိုနဲ.မှတ်မှတ်ယယ ၈ ရက်မြောက်တဲ. ညရဲ. နောက်ဆုံးတရား ချိန်မှာ ပေါ.ဗျာ ၊၊ ကျွန်တော် ဆိုခဲ.သလို ဘုန်ကြီကျောင်းက ပုပါး တောင် အတက် ရဲ.အစ ၊ Popa Resort Hotel ရဲ. ဘေး ခြံတခြံကျော်မှာပါ ၊၊ ကား လမ်းနဲ.လည်းလှမ်းပါတယ် ၊၊ ဒါပေမယ်. ညဖက်ဆိုရင် တော. ဖြတ်သွားတဲ.ကားသံတွေ ကြားရပါတယ် ၊၊ အဲဒီ တစ်ည ၈ နာရီ ခွဲလောက် တရားအရှိန်ရနေတဲ. အချိန် ၊၊ လူခြေတွေကတိတ်လို. တရားမှတ် တဲ. အသက် ရှူသံ ပြင်းပြင်းတွေ ကလည်း ညီလို. ၊၊ ဓမာ ရုံတစ်ခုးလုံး တိတ်ဆိတ်ပြီး တရားမှတ်သံပဲ ရှိနေတဲ. အချိန်မှာ ပေါ.ဗျာ ၊၊
ကျွန်တော် ထင်တာတော. Popa Resort Hotel ကထင်ပါတယ် ဗျာ ၊၊ လူခြေတွေတိတ်ပြီး ငြီမ်လို. တရား မှတ်နေကြတဲ. အချိန်မှာ ၊၊ “မီး နဲ. ရေ …… ဘယ်အရာကို ခွဲမလဲ ………… ရေနဲ.မီးနဲ. ကြားမှာ နှလုံး သားလေးဟာ မခွဲခြား သေးဘူး ” ဆိုတဲ. တေးသံရှင် Tun Endrain Bo ရဲ. မီးနဲ.ရေ ဆိုတဲ. သီချင်းသံ က စီ.....ပြီးထွက်လာတာဗျာ ၊၊ ကောင်းလိုက်တာဗျာ ၊၊ တခါဘူးမျှ ဒီလောက်ကောင်းတာ မကြားဖူးဘူး ၊၊ တကယ်ပါ ၊၊ တရားက အရှိန်တက် နေကြတဲ.အချိန် ၊ သီချင်နားမထောင်ရတာက ၈ ရက် ၉ ရက် ၊၊ ညကလူခြေ တိတ်နေ တဲ.အချိန် ၊၊ ကျွန်တော် တို.ရဲ. သမာဓိတွေ တည် ငြီမ်ပြီး စုစည်းနေတဲ.အချိန် ၊၊ အားပါး ပါး ကောင်းလိုက်တာ ၊၊ နားထဲကို အီဆိမ်. ပြီးဝင်သွားတာ များဗျာ ၊၊ အဆိုရှင် ကိုယ် တိုင် ခုချိန်မှာ လာ ဆိုပြ ကျိန်းသေတယ် ၊၊ အဲဒီတုန်း က လောက်မကောင်းဘူး ၊၊
အားလုံးငြီမ် ပြီးမျောသွားကြတာ ၊၊ ဆရာတော်ရဲ. ဒုတ်သံနဲ . ဟဲ.အကောင် တွေ ကောင်မတွေ ဆိုတဲ. ငေါက်သံကြား မှပဲ တရားမှတ် အသက်ရှူသံတွေ ပြန် အသက်ဝင်လာပါတော. တယ် ဗျာ ၊၊
ကြုံခဲ.ဘူးတဲ. သင်္ကြန် တွင်း တရားစခန်းလေး တစ်ခုမှာ ပေါ.ဗျာ ၊၊
Thursday, 9 April 2009
တရားစခန်းဝယ် ၁
ဟိုး မြန်မာနိုင်ငံ အလည်ပိုင်း ရဲ. အိုအေစစ်လို. ပြောကြတဲ. ၊ စကားဝါ ပန်းတို. ပွင်.လန်းရာ ၊ မယ်ဝဏ တို.ပျော် စံရာ ပုပါး ဆိုတဲ. နေရာ လေးမှာပေါ.ဗျာ ၊၊ ဘုန်းတော်ကြီးက တောင်တွင်းကြီးက ဗိသာနိုးနန်းတွင်းက သာသနာပြုဆရာတော် ဦးစီးပြီးဖွင်.တာပါ ၊၊ ဆရာတော်က ကျွန်တော်တို.ရွာ ဇာတိပါ ၊၊ ကျွန်တော်.မိဘ တွေကိုးကွယ်တဲ. ဆရာတော်ပါ ၊၊ သူကဒီလိုပဲ တရားစခန်းတွေ ဖွင်.တယ် ၊၊ သင်္ကြန်ဆို ပုပါးမှာ ၊ ကဆုန်လဆို ရွာမှာ ၊ နောက် တောင်တွင်းကြီး နန်းထဲမှာလည်း ဖွင်.တယ် ၊၊ နောက် ဖြူးဆရာတော်ကြီးနဲ.လည်း ပွဲတွေ လုပ်ပါတယ် ၊၊ ဖြူးဆရာတော် ကြီးလည်း ကြွလာတက်ပါတယ် ၊၊ ကျွန်တော်တို.ဒေသ က လူတွေကတော. တော်တော် လေးကို ယုံယုံ ကြည်ကြည် ကိုးကွယ် ကြပါတယ် ၊၊
တချို.လူတွေကို ဆို တော်တော်ကို ယုံကြည်ကြပါတယ် ၊၊ ဆရာတော် ဆွမ်းခံ သပိတ်ထဲက ဆွမ်းကျန်ကို စားဖို. စောင်.နေသူလည်း မနည်းပါ ဘူး ၊၊ ဒါတွေကတော. သူ.ယုံကြည် မှူနဲ.သူပေါ.လေ ၊၊ ဆရာတော်ဆိုလို. တလက် စတည်း ဆရာတော် အကြောင်းပြောရအုံးမယ် ၊၊ ဆရာတော် ကို ကိစအားလုံးပြီး နေပြီလို.လည်း ကျွန်တော်တို. ဒေသတ၀ိုက်မှာတော. သမုတ်ကြပါတယ် ၊၊ နောက် ယုံကြည်မှူအရ အစွမ်းပြတာတွေ လည်းရှိတာပလေ ၊၊ ဒါတွေကတော. လူကြီးတွေနဲ. ယုံကြည်သူတွေ ရဲ. အလုပ်ပါလေ ၊၊ ကျွန်တော် သတိထားမိသလောက် တော. ဆရာတော် ဟာ စကားပြောတာတော. တော်တော် ကို ကြမ်းပါတယ် ၊၊ ဘယ်တော.မှ နာမည် မခေါ်ပါ ဘူး၊၊ ယဉ်ယဉ်ကျေးကျေး ကောင်မတွေ ၊ အကောင်တွေ ပဲခေါ်ပါတယ် ၊၊ ကျွန်တော်တို. လည်း နားယဉ်သွားပါပြီ ၊၊ ကြားခါစတော. တမျိုးပေါ့ ၊၊ အဖေတို. အမေ တို. ကိုးကွယ်ပေမယ်. ကျွန်တော်တို. မောင်နှမတွေကတော. တော်တော် ကြောက်ကြပါတယ် ဆရာတော်ကို ၊၊ ကွယ်ရာမှာတောင် ဘာမှမပြောရဲပါဘူး ၊၊ ပြောမိရင်လည်း နင်ပြောတာနော် ၊ငါမပြောဘူး ဆရာတော်က သိတယ်တဲ. ဆိုပြီး တစ်ယောက်နဲ. တစ်ယောက် စတက်ပါတယ်၊၊
အဲဒီတော. သင်္ကြန်ရက် ဆရာတော်ဆီမှာ ဘုန်းကြီးသွားဝတ် မယ်ပြောတော. အဖေတို. အမေတို. က ထီပေါက်သလောက် ပျော်တာပေါ. ၊၊ ဘာလုပ်ပေးရမလဲ. ၊ အားလုံးအဆင်သင်. ၊၊ သွားရမှာက ပုပါးကို ၊၊ ကျွန်တော်တို. ရွာက သွားတဲ. သူတွေက အားလုံးသွားကုန်ကြပြီ ၊၊ ဘယ်သူမှ မကျန်တော.ဘူး ၊၊ နောက်လိုက်မေး တော.လည်း အားလုံးက သူ.အစီအစဉ်နဲ.သူ ၊၊ ဒီခရီးမျိုးက ကြိုစီစဉ်ရတာလေ ၊၊ ကျွန်တော်. လို. စိတ်ကူးပေါက်မှ ထသွားလို.ရတာမျိုးမဟုတ် ၊၊ သင်္ကြန်ရက်ကြီး ၊၊ အဖေလည်းမနေရ ၊ အမေ လည်းမနေရ ပေါ. ၊၊ ဒုက္ခပေးတာ မွေးကတည်းက ဗျ ၊ ကျုပ်ဆိုတဲ.ကောင်က ၊၊ အဖေကတော. အမေ.မျက်နှာနဲ. လိုက်မေးနေရပေ မယ်. သိပ်တော. မကြည်ဘူးပေါ.ဗျာ ၊၊ အမေ.ပုံကလည်း အဆင်မပြေရင် အဖေကို. လိုက်ပို.ခိုင်း မယ်.ပုံကိုး ၊၊
နောက်ဆုံးတော. ကျုပ်ကပဲ ၊ ရတယ်အမေ သားမြိုကနေတဆငိ. ကားနဲ.သွားမယ်ပေါ့ ၊၊ အမေကို စိတ်ချမ်းသာ အောင်ပြောပြီး ထွက်လာခဲ.တယ် ၊၊ သိတဲ.အတိုင်း ဒီရက်တွေ ဘယ်မှာ လက်မှတ်ရမတုံး ၊၊ မြို.က သူငယ်ချင်းက သူလည်း လိုက်မယ်ဆိုတော. ၂ ယောက်ပေါ့ ၊၊ ကားတွေလိုက်မေးတာ ဘယ်မှမ်ါရဘူး ၊၊ မြတ် မန္တလာ ထွန်း ကားတွေပေါ.ဗျာ ၊၊ ဘယ်ကားမှ ခုံ မကျန်ဘူး ၊၊ စဉ်းစားကြည်.ပါအုံး ၊၊ ဘယ်ကျန်မတုံးဗျာ ၊၊ ဒါပေမယ်. အမေကတော. မှာလိုက်တယ် ၊၊ သား ဆရာတော်ကို လှမ်းလျှောက်လိုက် ၊၊ အမေလည်းဒီကနေ လျှောက်လိုက်မယ် တဲ. ၊၊ ပြန်ပြောလိုက်သေးတယ် အမေ.ကို အမေကလည်း သူဟာသူ နေတဲ. ဆရာတော် ကို လှမ်းဒုက္ခပေး နေပြန်ပါပြီလို. ၊၊ သူလည်းသူ. ယုံကြည်မှူနဲ. သူပေါ.လေ ၊၊
သူငယ်ချင်း ၂ ယောက် ဆိုင်ကယ်တစီးနဲ. တလည်လည် ပေါ.ဗျာ ၊၊ ဒါပေမယ်. ကျုပ်လည်း ကြံရာမရတဲ. အဆုံး ၊ စိတ်ထဲကနေ အမေပြောတဲ.အတိုင်း ဆရာတော်ကို လှမ်းလျှောက်လိုက်တယ် ၊၊ " ဆရာတော်ဘုရား တပည်.တော် တို.၂ ယောက် အမှန်တကယ် လာချင်ပါသည်ဘုရား ၊ တပည့်တော်က ဘုန်းကြီးဝတ်ပါမည် ၊ သူငယ်ချင်းက တရားစခန်းဝင်ပါ မည် ဘုရား ၊ သွားရေးလာရေးအဆင်ပြေအောင် ကူညီတော်မူပါ ဘုရား " ဆို့ပြီး လျှောက် လိုက်တယ် ဗျာ ၊၊ စိတ်ထဲကလည်း အမှန်တကယ် ယုံယုံ ကြည်ကြည် နဲ.ပါ ၊၊ စဉ်းစားကြည်. ပါနော် ၊ မန္တလေး လမ်းကို သင်္ကြန်ရက် တရက်ကြို လက်မှတ်ဖြတ်တာ ကျုပ်တို. ပဲရှိမယ် ၊၊ ရလိုရငြား ပတ်ကြည်. ရအောင်ဆိုပြီး နောက်တစ် ပတ်ပတ်ကြပြန်ရော ဗျာ ၊၊ ကားဝန်းထဲမှာ ပေါ . ဆိုင်ကယ်တစင်းနဲ. ၊၊ ကြုံရာ ကြားခုံ နဲ.လိုက်ပါမယ် ဆိုတာတောင် ဘယ်ကားမှ မတင်ချင်ဘူး ၊၊ ဟုတ်ပါတယ် လေ ၊၊ ခရီးရှည် ကြီး ဘေးလူတွေက ရှိသေးတာ ကို ၊၊
တကယ်ကို Surprise ဗျာ ၊၊ ခုံနံပါတ် ၁ နဲ. ၂ ကို ကားဆရာက ခေါ်ပေးတယ် ၊၊ ဘယ် လောက်များ အံအားသင်. စရာကောင်းသလဲ ၊၊ ခုံမရလို. တန်းစီစောင်.နေ သူ တွေအများကြီး ၊၊ ကိုယ်တွေရှေ.မှာ ၊၊ စဉ်းစားကြည်. တော်တော် ကို အံ့သြဖို. ကောင်းပါတယ် ၊၊ အဲဒီတုန်းက ၁၁ ရက်ဖြစ်မယ်ထင်တယ် ၊၊ သင်္ကြန် မတိုင်မီ ၂ ရက်ပဲ လိုတော.တယ် ၊၊ ဘာအပိုကြေးမှ လည်း မပေးခဲ.ရဘူး ၊၊ ဒါနဲ.လက်မှတ်ကို အမြန်ယူပြီး အိမ်ကို လှမ်းဖုန်း ဆက် အကြောင်းကြားရတာပေါ.ဗျာ ၊၊ အဖေကတော. ပျော်တာပေါ. ၊၊ သူ.အတွက်လည်း ပြောစရာရသွားတယ် လေ ၊၊ ကျုပ်သားပေါ. ဆိုပြီး ဆရာတော်နဲ. ပတ်သပ်လို. သူ.ကိုယ်တွေ.အဖြစ် သူ. သူငယ်ချင်းတွေကြား ပြောလို. ရသွားတာကိုး ၊၊ ( သားလိမ္မာ ဆိုတာ ဒီလိုသားမျိုးပေါ.ဗျာ ) ၊၊ ( သူ.သားလူချော ကို စာရေးမလေးတွေ ကြောင်ပြီးပေး လိုက်တာ အဖေမသိ ရှာဘူ: kwi kwi ) ၊၊ တကယ် ပါ ဗျာ ၊၊ ကျုပ်လည်း အံအား သင်.ပါ ရဲ. ၊၊ တိုက်ဆိုင်မှူ ဆိုရင်တောင် တော် တော် ထူးခြားတဲ. တိုက်ဆိုင်မှူလို. သတ်မှတ်ရမယ် ၊၊ ဒီလိုနဲ. ကားကိစ အဆင်ပြေ သွားရော ဆိုပါတော.ဗျာ ၊၊