Monday 7 September 2009

စံ

လူတစ်ယောက်နဲ့တစ်ယောက် သတ်မှတ်ထားတဲ့ စံ နှုန်းတွေ မတူညီတဲ့အခါမှာ တခါတလေတော့လည်း ပြသနာ လေးတွေဖြစ်တက်ပါတယ် ၊၊ နားလည်မှုဆိုတဲ့ ချိန်ညှိုကိရိယာလေးနဲ့ တိုက်ညှိုလိုက်တဲ့အခါမှာတော့ တခါတလေလည်း အဆင်ပြေမှုလေးတွေကို ရရှိပေမယ့် တခါတလေတော့လည်း ဘယ်တော့မှ မဆုံတော့ ဘူးရယ် ဆိုတဲ့ညောင်ညိုပင်စခန်းမှာ လမ်းခွဲရတာလေးတွေလည်း ရှိတက်တာကလား ၊၊

ဘာပဲဖြစ်ဖြစ် ရှေ့ခရီးကိုအတူဆက်ရန်ပဲဖြစ်ဖြစ် ၊ ညောင်ညိုပင်စခန်းမှာ လမ်းခွဲရသော်လည်းရှိ တွေ့ဆုံညှိုနိုင်း မှုဆိုတာမျိုးက တခါလောက်တော့ လုပ်သင့်တယ်လို့ ထင်မြင်နေမိဆဲ ၊၊ တွေ့ဆုံညှိုနိုင်းခြင်းရဲ့ရလဒ်က အဆိုးထွက် တော့လည်းတမျိုးပေါ့ ၊၊ အဲ အကောင်းထွက်လာရင်တော့ အမြတ်လို့ပဲ ဆိုရပေမပေါ့ ၊၊ ကျွန်တော် ကိုယ်တိုင်ကတော့ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံ ဆွေးနွေးမှုကိုပဲ အားပေးတယ် ၊၊ လိပ်ခဲတည်းလည်း တစ်ယောက် နဲ့တစ်ယောက် သံသယနဲ့ ပတ်သပ်နေမယ့်အစား ပွင့်ပွင့်လင်းလင်း ညှိုနှိုင်းခြင်းက အကောင်းဆုံး မဟုတ်ပေ ဘူးလား ၊၊ အဲရလဒ်ကိုတော့ လက်ခံနိုင်တဲ့အား ရှိရပေမပေါ့ ၊၊

ဒီလို ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ ယဉ်ပါးလာတဲ့ ကျွန်တော့်အတွက်တော့ ရန်များလာတာတော့ လည်း အသေအချာပါပဲ ၊၊ ဒါပေမယ့်လည်း ခုထိတိုင်ပတ်သပ်နေသမျှ လူအားလုံးကိုလည်း စိတ်ရှင်းရှင်းနဲ့ ဆက် ဆံလို့၇နေမြဲ ၊၊ ဒါဟာအမြတ်ပေါ့ ၊၊ တခါတခါ လည်မလိုလိုနဲ့ အတော်ကို နုံအတဲ့ကျွန်တော်ဟာ ဘာမှ နားမလည် ပဲလည်း ၀င်ဝင် ဆရာလုပ်တက်နေမြဲ ၊၊ အဲကိုယ်ထင်တာကိုလည်း အမှန်လို့ ထင်မှတ်နေဆဲ ၊၊ ကိုယ် မှန်တယ်ထင်တာက မှားနေပြီး ၊ ကိုယ်မကောင်းဘူးထင်တာက တခါတခါ ထင်မထားတက်အောင် ကောင်းနေဆဲ ၊၊ ဒါမျိုးလေးတွေ ကြုံတွေ့နေရပေမယ့် တရက်နဲ့တရက် ပုစာမထပ်တဲ့ ဘ၀ ကျောင်းသင်္ခန်းစာကို တော့ မကျေမညပ် သင်အံကျက်မှတ်နေမိဆဲ ၊၊
တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာနိုင်ကြပါစေ ၊၊
မင်းအိမ်ဖြူ

5 comments:

ဝက်ဝံလေး said...

ဟုတ်တယ် ကိုမင်းအိမ်ဖြူပြောတာ မှန်တယ်နော် လိပ်ခဲတည်းလည်း မနေဘဲ ပွင့်ပွင့်လင်း လင်း မေးသင့်တယ် ဝုတ်တယ်

ဝက်ဝံလေး said...

ဘယ်သူလဲ ကွ ငါ့အစ်ကို မင်းအိမ်ဖြူကို ပစ်ထားတာ ဟွင်းးး နာမယ်

ဝက်ဝံလေး said...

ဘယ်သူ့မှ အစ်ကို့ကို ပစ်မထားပါဘူး ဟိဟိ ဂရုမစိုက်တာပါ အဲလေ ယောင်လို့ ဘွာ ဘွာ မအားလို့ပါ နော် ဟိဟိ အရှုပ်တွေလုပ်နေ အဲ အလုပ်တွေ ရှုပ်နေလို့ပါ သည်းခံပါရှင့် ဟိဟိ အမှန်တော့ အိမ်ပြင်လိုက်တာလေ လိပ်စာပျောက်သွားလို့ သိလား လူဂျီးရဲ့ ဟွင်းးးး

ဝက်ဝံလေး said...

တော်ပါပြီ နံပါတ် ၄ မယူတော့ပါဘူးနော် တော်နေ မေတ္တာပို့နေမှာစိုးလို့ ခိခိ

ဘိုင် တာ့တာ

မင်းနေဝေး said...

ဟုတ်တယ် ကိုမင်းအိမ်ရေ .... တွေ့ဆုံဆွေးနွေးခြင်းက သံသယကို ရှင်းစေတယ် ...

အပေါ်ကတစ်ယောက်တည်း ပတ်ပြေးနေတာ ဘူလည်းကွ ... :D