Monday 7 September 2009

မုန်းသူ ကျိန်စာ

တစ်ကြိမ်တစ်ခါ အမှားအတွက်
အသေအချာ အသနားခံခဲ့ပေမယ့်
မရေမရာ ဘ၀ကိုဖြတ်သန်းနေရတာက
ချစ်ခဲ့သူပဲ ၊၊

အချစ်ကြီးလို့ အမျက်ကြီးသတဲ့
ရန်သူချင်းတောင် မှ
တောင်းပန်ရင်းကျေအေးရသေးတာ
ချစ်ခဲ့သူ ချင်းပဲ ၊၊

အနိုင်အရှုံး ဈေးတွက်မတွက်ပဲ
ဘ၀အမုန်းတစ်သက်လုံးမကွက်ပဲ
လက်ထပ်ခြင်းရဲ့အဆုံးသတ်မှာ အမုန်းအဖက်စေလိုတာက
ချစ်ခဲ့သူပဲ ၊၊

အမာရွတ်မြင်တိုင်း သတိရနေတယ်ဆိုရင်
နာကျင်စေချင်ခဲ့တာ မဟုတ်တဲ့အတွက်
ဒီခရီးက ဒီထိးနဲ့သင့်မယ်ထင်လို့ မင်းသွားခဲ့ပြီမို့
ရွှေအတိပြီးတဲ့မင်းဘ၀ အင်းလှပြီးရင်းလှနေပါရောလားဗျာ ၊၊
ကျေနပ်ပြီး နှစ်သိမ့်လိုက်စမ်းပါ ၊၊ ကျေအေးပြီး မုန်းပေးလိုက်စမ်းပါ ၊၊ အငြိုးအတေးတွေ ဘေးဖယ်ပေးလိုက်ပါ ၊၊

မင်းအိမ်ဖြူ

( သူငယ်ချင်းတစ်ယောက် ပြောပြတဲ့ ကိုယ်တွေ့ ဇာတ်လမ်းလေးကို ကိုယ်ချင်းစာပြီး ခံစားကြည့်ပါသည် )
(ကံမဆုံလို့ မပေါင်းခွင့်ရတဲ့နောက်မှာ ချစ်ခဲ့ဖူးသူချင်း အငြိုးအတေးတွေနဲ့ တိုက်ခိုက်နေမယ့်အစား ကောင်းစား တာမမြင်လိုဘူးဆိုရင်တောင်မှ မျက်စိမှိတ်ပြီး တိတ်တိတ်လေး နေပေးတာကမှ သင့်တော်ဦးမယ်ထင်ပါတယ် )
(ချစ်ခဲ့ဖူးသူတွေ မုန်းတဲ့အခါမှာ သာမန်အမုန်းထက်ပိုပြီးတောင်မှ ပြင်းထန်တက်ပါကလားလို့ သံဝေဂရမိ၏ )

5 comments:

မင်းနေဝေး said...

ရှူးး တိုးတိုး ကဗျာဖတ်နေတယ် :D

မင်းနေဝေး said...

ကဗျာကောင်းလေးတစ်ပုဒ်ကို ခပ်တည်တည်ဖြင့် ကဗျာရေးနေသောသူမှ အေးအေးဆေးဆေးဖြင့်
ခံစားသွားပါကြောင်း .... :P

ဝက်ဝံလေး said...

မသိဘူး ညီမ သိတာ ချစ်တဲ့လူချင်း ပေါင်းဖက်ရတာပဲ သိတယ် ဟွင်းးးးးး

ဝက်ဝံလေး said...

ဟေးလူဂျီးးးး အလုပ်တွေ ရှုပ်နေလား လို့

မယ့်ကိုး said...

ကဗျာလေး ခံစားသွားပါတယ်။

ကျေအေးပြီး မုန်းပေးလိုက်စမ်းပါ ဆိုတဲ့ စကားအသုံးလေးက အဆန်းလေးနော်။