Saturday, 7 January 2012

သိမ်းမထားသင့်တော့တဲ့ ဒိုင်ယာရီ

သယံဇာတတွေ ပေါများပါတယ်ဆိုတဲ့ ကျွန်တော်တို့ မြန်မာပြည်၊ လူတော်တွေ ပေါများပါတယ် ဆိုတဲ့ ကျွန်တော်တို့ မြန်မာပြည်၊ ဆန်ရေစပါးတွေ ပေါများပါတယ် ဆိုတဲ့ မြန်မာပြည်၊ ဒီလိုမြန်မာပြည် ၊၊ ထေရဝါရ ထွန်းကားပါတယ်ဆိုတဲ့ မြန်မာပြည်၊ လောကပါလတရား ၊ ဗြမစိုလ်တရား ထွန်းကားပါတယ်ဆိုတဲ့ မြန်မာပြည်၊၊ လူအချင်းချင်း လှည့်ပတ်ချင်း ကင်းရှင်းကြပါစေလို့ မနက်တိုင်း မေတာပို့တဲ့ မြန်မာပြည်မှာ ဒီလို ဒိုင်ယာရီလေးတော့ သိမ်းမထားသင့်တော့ပါဘူးလေ…..

ကျွန်တော့်မှာ ဒိုင်ယာရီလေးတစ်အုပ်ရှိခဲ့ဖူးတယ် … လူတစ်ယောက်တည်းက ရေးမှတ်ထားခဲ့တဲ့ ဒိုင်ယာရီအမျိုးအစားတော့ မဟုတ်ပါဘူး … လူအနည်းငယ်ရဲ့ အိပ်မက်တွေကို မှတ်တမ်းတင်ထားတဲ့ စုပေါင်းစပ်ပေါင်း ဒိုင်ယာရီလေးပေါ့…..

မြန်မာပြည်မှာက တယ်လီဖုန်းတို့ ကားတို့ ဆိုတာက မရှိမဖြစ်လိုအပ်တဲ့ လူ့အသုံးအဆောင် ပစည်းဆိုတာထက် လူ့အတန်းအစားကို ခွဲခြားဖေါ်ပြတဲ့ ရုပ်ပြပစည်းအဖြစ် ပဲတည်ရှိနေခဲ့တာပါ … ဟန်ဖုန်းလို့ ခေါ်တဲ့ လက်ကိုင်ဖုန်းလေး ခါးခြားချိတ်နိုင်ရင် လူရာဝင်သလို … ကိုယ်ပိုင်ကားလေးစီးနိုင်ရင်တော့ ပိုပြီး လူဝင်ဆန့် တာမြန်မာပြည်မှာပါပဲ … အဲဒီလို ဖုန်းကိုင်နိုင်တဲ့သူ ကိုယ်ပိုင်ကားစီးနိုင်သူတွေဆိုတာက လက်ချိုးရေလို့ ရတယ် ပြောလို့မရပေမယ့် အနည်းငယ်သော လူတစ်စုသာ လုပ်နိုင်ကိုင်နိုင်ခဲ့တာ… ဆွေစဉ်မျိုးဆက် ချမ်းသာလာခဲ့သူဖြစ်ရင်မဖြစ် မဟုတ်ရင်တော့ အစိုးရအဆက်ဆက်နဲ့ ပလဲနံပါတ်သင့်သူ ဒါမှမဟုတ် စစ်တပ်က အဆက်အနွယ်တွေသာ ခပ်လွယ်လွယ်ရခဲ့တဲ့ အခွင့်အရေးတွေပါ … သူတို့လို လူတန်းစားကတော့ VIP လို့ခေါ်တဲ့ အခွင့်ထူးခံ လူတန်းစားတစ်မျိုးပေါ့…. ကျွန်တော်တို့လို လူလတ်တန်းစားတွေအတွက်ကတော့ ဖုန်းတို့ ကားတို့ဆိုတာက စိတ်ကူးယဉ်အိပ်မက်ထဲက ကိုယ်လှမ်းလို့ မမှီနိုင်တဲ့ အရာတွေပါပဲ ….

ငယ်ငယ်တုန်းက နယ်မှာ ကျောင်းတက်ခဲ့ရတဲ့ ကျွန်တော်အတွက် အမှတ်ယစရာက တော်တော်များပါတယ် … အဲဒီထဲက ကားနဲ့ပါတ်သပ်တာပြောရရင်တော့ … ကားရှိတဲ့သူဆိုရင် ဆရာမတွေကအစ မျက်နှာသာပေး ပြိး ဆက်ဆံပါတယ် … ဘာလို့လည်းဆိုတော့ သူတို့အရေးအကြောင်းရှိတဲ့အခါ ဒါမှမဟုတ် ကျောင်းသားအပြန်လမ်းကြုံတဲ့အခါ ကားစီးခွင့်ရလို့ပဲဖြစ်မယ်လို့ ထင်မိပါတယ် … ကျွန်တော် ၁၀ တန်းတုန်းက ရေးခဲ့တဲ့ ကျွန်တော့် ဒိုင်ယာရီလေးကို ပြန်ဖတ်တဲ့အခါ … အတန်းပိုင်ဆရာမက အဲဒီတုန်းက ကျွန်တော့် သူငယ်ချင်း နဲ့ ကျွန်တော် ကျောင်းအတူတူ ပျက်တာကို သူငယ်ချင်းကို အပြစ်မပေးပဲ ကျွန်တော့်ကို မိဘခေါ်လက်မှတ်ထိုးခိုင်းခဲ့တာလေးကို ရေးထားတာ ပြန်ဖတ်ရတယ် … အဲဒီသူငယ်ချင်းက အမှတ် ၆၆ စစ်တပ်က ဗျူဟာမှူးတစ်ယောက် ရဲ့သား ပါ … ဘာလို့လည်းဆိုတော့ ဆရာမကလည်း မီးကျောင်းရဲမှာနေတော့ တခါတလေ ဖယ်ရီမရတဲ့အခါ သူတို့ကား အစိမ်းလေးကို ကပ်ကပ်စီးခဲ့ရသူမို့ ကလေးအရွယ်ပေမယ့် အဲဒီကတည်း ကိုယ်ချင်းစာ နားလည်မိပေမယ့် … ကားနဲ့ပါတ်သပ်ပြီး ဒဏ်ရာတစ်ခုတော့ ဖြစ်ခဲ့တာပါပဲ ….

ဒီလိုနဲ့ ကားနဲ့ပါတ်သပ်ပြီး ခံစားချက် ဇာတ်လမ်းတွေ အသက်တွေ ကြီးလာတာနဲ့အမျှ တိုးတိုးထပ်လာခဲ့တာ ဒီနေ့အချိန်ထိပါပဲ … ခုနပြောသလို VIP တွေ အတွက် ထူးထူးဆန်းဆန်း မဟုတ်ပေမယ့် ကျွန်တော်တို့လို သာမာန် လူလတ်တန်းစားတွေ အတွက်ကတော့ အနိမ့် ဆုံး ကားတစ်စီး သိန်းတစ်ရာတန် ဝယ်ဖို့တောင် ဘယ်လိုမှ စိတ်ကူးယဉ်ဖို့ မလွယ်တာကို တော့ ခံစားဖူးသူတိုင်းကိုယ်ချင်းစားတက်မယ် ထင်ပါတယ်လေ….. ဒါဟာ အခုမှ ခံစားရတဲ့ ထူထူးဆန်းဆန်း ဝေဒနာ မဟုတ်ဘူးဆိုတာကိုတော့ အခြား ဒိုင်ယာရီလေးတွေ ဖတ်ရတဲ့အခါ ကိုယ်တစ်ယောက်တည်း မဟုတ်ပါလားရယ်လို့ ဖြေသိမ့်ရပါတယ် …. အော် ဒီလိုလူတွေ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိနေပါသေးလားရယ်လို့လည်း တွေးပြိး အားတက်သလိုတောင် ဖြစ်မိပါရဲ့….

၁၉၇၇ ခုနှစ်လောက်က ရေးခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်းလေး တစ်ခုထဲမှာပေါ့

ကိုသန်းနိုင်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ကျောင်းပြီးတဲ့အခါ ကျောင်းဆရာအဖြစ် အသက်မွေးဝမ်းကျောင်း အလုပ်ကို ရွေးချယ်ခဲ့ပါတယ် …. ထက်ထက်မြက်မြက် ပညာတက် ကောင်လေးမှာ ချစ်သူ ရည်းစားရှိနေခဲ့ပါတယ် …. ထမင်းတလုတ်အတွက် ရရာ အလုပ်ကို ဝင်လုပ်ခဲ့တာမဟုတ်ပဲ … အမှန်တကယ် ၀ါသနာပါလို့ ..ကျောင်းဆရာ အဖြစ်ကို ရွေးချယ်ပြိး ဆရာအတက်သင်တကသိုလ်တက်လို့ ကျောင်းဆရာ ဖြစ်လာခဲ့သူတစ်ယောက်လို့သိရပါတယ် … ဒါပေမယ့် နဂိုအခံ မချမ်းသာသူမို့ ရတဲ့ လခနဲ့ ကိုယ်ပိုင်ကားတစ်စီးပိုင်ဖို့ဆိုတာကတော့ ဘယ်လိုမှ ဖြစ်နိုင်ခဲ့မှာ မဟုတ်ပါဘူးး … ဒီလိုနဲ့ တစ်ရက် သူ့ချစ်သူ ကောင်မလေး အိမ်ကို လိုက်သွားတဲ့အခါ .. ချစ်သူအိမ်မှာ ရှိတဲ့ကားကို ချစ်သူကောင်မလေးရဲ့ မိဘတွေက မောင်းခိုင်းတယ်တဲ့ … ကိုယ်ပိုင်ကားမရှိတဲ့သူအတွက် ကားမောင်းတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလို ကျွန်တော်ကားမမောင်းတက်ပါဘူးလို့ ချက်ချင်း ထုတ်ဖေါ် ဝံခံဖို့ မရဲခဲ့တဲ့ သူ့ရဲ့ အရှက်သည်းသည်း ခံစားချက် လေးကို ရေးမှတ်ထားတဲ့ ဒိုင်ယာရီလေးထဲမှာ ချွေးဒီးဒီးကျပြီး လက်သီးနှစ်ဖက် တင်းတင်းဆုပ်ရင်း ချက်ချင်းတောင် အငွေ့ လို ပျံသွားချင်ပါတယ်ဆိုတဲ့ လူရွယ်လေးတစ်ယောက်ရဲ့ ခံစားချက်အတွက် ရင်နင့်ရပါတယ်… ဒီနေ့မှာတော့ အဲဒီလူငယ်လေးလည်း သူဝါသနာ ပါတဲ့ ကျောင်းဆရာတစ်ယောက် မဟုတ်ခဲ့တော့သလို …. စီးပွားရေးလုပ်တဲ့ လူတစ်ယောက် ၊ ကားစီးနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ သူ့ဒိုင်ယာရီလေး ကို အဆုံးသတ်ခဲ့ပါတယ် …

၁၉၉ရ ခုနှစ်လောက်က ရေးခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်းလေး တစ်ခုထဲမှာတော့

ကိုအောင်မြင့်ဆိုတဲ့ စီးပွားရေးတကသိုလ်ကျောင်းဆင်း တစ်ယောက် ရင်ဖွင့်ထားတဲ့ ကားနဲ့ပါတ်သပ်တဲ့ အကြောင်းအရာလေးပါပဲ ….. သားတစ်ယောက် ကျောင်းက ဆုပေးပွဲ သွားတဲ့နေ့မှာ ကိုယ်ပိုင်ကားမရှိလို့ သားဖြစ်သူ အတွက် ခံစားချက်လေးကို ရေးဖွဲ့ထားခဲ့တာပါ .. ရန်ကုန်မြို့လို အပြိုင်အဆိုင်များတဲ့ နေရာမှာ ဆုပေးပွဲလို နေ့မျိုးမှာတော့ မိစုံဖစုံ သားသားနားနား သွားချင်ပေမယ့် .. လိုင်းကားစီးသွားရင်း လမ်းမှာ ဒုက ဖြစ်ရတဲ့အခါ တာဝန်ကျေတဲ့ သားအတွက် တာဝန်ကျေချင်ပေမယ့် တာဝန်မကျေနိုင်တဲ့ ဖခင်တစ်ယောက်ရဲ့ မိမိကိုယ်ကို အားမလိုအားမရမှတ်တမ်းလေးပါ … ဒါပေမယ့် သူလည်းမကြာခင်မှာပဲ … ဓါတ်ဆီဆိုင်တစ်ခုကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရင်း သူအရင်ဆုံး မဖြစ်မနေ ကားတစ်စီးရအောင် ကြံဆောင်ခဲ့တယ်လို့ သူ့ရဲ့ ဒိုင်ယာရီလေးကို အဆုံးသတ်ထားခဲ့ပါတယ် …

၂၀၀၇ ခုနှစ်လောက်က ရေးခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်းလေး မှာတော့

ချစ်သူ့ ဆီကို သူငယ်ချင်းတွေနဲ့ အလည်လိုက်သွားတဲ့ ကောင်လေးတစ်ယောက် …. ချစ်သူ့အိမ်က ကားကို မမောင်းတက် မောင်းတက်နဲ့ မောင်းရင်း အရှက်ရခဲ့ပုံ ကိုရေးမှတ်ထားတဲ့ ဇာတ်လမ်းလေးပါ ….. ကိုယ်ပိုင်ကားမရှိပေမယ့် အရေးကြုံတဲ့အခါ မောင်းလို့ရအောင် သင်တန်းတက်ထားတဲ့ ကောင်လေးဟာ ကားမောင်း ကျွမ်းကျင်လှတာတော့ မဟုတ်ပါဘူး … ဒါပေမယ့် ကားမမောင်းတက်ပါဘူး လို့ အများရှေ့မှာ ငြင်းရမှာ ရှက်လို့ ကားတက်မောင်းရင် ပြသနာတက်ပုံလေး … ဒီလို ပြသနာတွေ ကြိုဖြစ်မှာဆိုးလို့ ချစ်သူကောင်မလေးကို ကားမမောင်းခိုင်းဖို့ ကြိုတင်တောင်းပန်ထားပေမယ့် ချစ်သူကောင်မလေးရဲ့ ပညာသားပါပါ မိသားစုရှေ့မှာ အရှက် ခွဲလိုက်ပုံလေးကို ရေးမှတ်ထားတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဒိုင်ယာရီလေးပါပဲ …. အဲဒီဒိုင်ယာရီလေးကတော့ ခုတလောမှာ အစိုးရက ဖွင့်ပေးနေတဲ့ ကားပါမစ် လို့ခေါ်တဲ့ ကားတင်သွင်းခွင့်တွေကြောင့် လှလှပပလေး အဆုံးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိတာပါပဲ … လှလှပပလေး အဆုံးသတ်နိုင်ပါစေလို့လည်း ဆုတောင်းပေးမိပါတယ် …

တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်မှာ ခုနလို ရင်နင့်စရာ ဒိုင်ယာရီမှတ်တမ်းတွေ မရှိသင့်တော့ပါဘူး…. ဒိုင်ယာရီတွေထဲမှာ ပျော်ရွှင်စရာတွေသာ မှတ်တမ်းထားသင့်တော့ပါတယ် .. ထားလည်းထားနိုင်ပါစေလို့ပဲ ဆနပြုဆုတောင်းမိပါတော့တယ် …..

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

3 comments:

Mae Coe said...

ဖတ်ရတာ စိတ်မကောင်းဘူး။
အားလုံးကို ကိုယ်ချင်းစာပါတယ်။
ဒါပေမယ့် ပိုက်ဆံရှိရင်တောင် ကိုယ်တိုင်ကားမောင်းဖို့ ဘယ်တော့မှ မစဉ်းစားဘူး။ သူများတိုက်မိမှာ စိုးလို့း) ...
လူအရိပ်မြင်တာနဲ့ သူ့အလိုအလျှောက်သွားတဲ့ ကားတွေ ဈေးပေါမှပဲ ကားမောင်းတတ်ဖို့ စဉ်းစားတော့မယ်း)

Anonymous said...

ုရေကူးခြင်း နှင့် ကားမောင်းခြင်း - ဒီနေ့ခတ်ကြီးထဲမှာ ဖြစ်နိုင်ရင် အရွယ်ရောက်တဲ့လူတိုင်း တတ်ထားသင့်တဲ့အရာတွေပါ။ ကားရှိမှ ကားမောင်းတတ်ရမယ်လို့ မဖြစ်စေချင်ပါဘူး။ ဒါဟာ အလုပ်အကိုင်တစ်ခုအတွက် အခွင့်အလမ်းတစ်ခု ဖြစ် လာကောင်းဖြစ်လာနိုင်ပါတယ်။ ၁၉၇၇ ခုနှစ်ကတော့တမျိုးပေါ့လေ။

ချစ်သူကို အရှက်ကွဲစေချင်တဲ့လူကတော့ ရှိမယ်မထင်ပါဘူး။ နားလည်မှုလွဲနေတာ ဖြစ်မှာပါ။

ဘာဘဲဖြစ်ဖြစ် ကားပါမစ်အကြောင်းကြားရတာ ဝမ်းသာစရာပါ။

ဒါပေမဲ့ အဲဒီကားပါမစ်သွင်းဖို့ $$$$ မရှိတာတော့:((((((((((

Unknown said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog