ဖြုတ်ကနဲ့ကြွေကျတဲ့ နှင်းတစ်ပွင့်က ဒီအပင်ကတဲ့လား
လေအလွင့် ကြွေလွင့်ခဲ့တာ နှင်းစက်မဟုတ်ပါဘူး
ဒီည မှာ ကြွေကျခဲ့တာ မျက်ရည်တစ်စပဲဖြစ်မှာပေါ့ ။
ဘေးနားမှာ အာဇာနည်ကလွဲလို့ ဘယ်သူမှ မရှိဘူး
ဒါဟာ တစ်ခဏတော့ မဟုတ်ဘူး
ဒါဟာ တစ်ဘ၀စာပဲ ၊၊
မျက်ရည် မကျဖြစ်တာ ကြာပြီရော
ရယ်သောသူ အသက်ရှည်၏ လို့ ဆိုရင် ငိုသောသူရော အသက်တိုမယ်တဲ့လား
ဒီအဆိုသာ လွှတ်ရုံးမှာ အတည်ဖြစ်ရင်တော့
နေ့တိုင်း ညတိုင်း ငိုလိုက်ချင်သား၊၊
ဒီခဏ
ဒီတစ်ည
ဒီတစ်ဘဝ
တမုဟုတ်ချင်း လွတ်ကင်းချင်တယ်
အလွမ်းသီချင်းဆိုတာ နားထောင်လို့ပဲကောင်းတာတဲ့လေ…
ဒီည နင့်ကို သိပ်သတိယတယ်
REFERENCES : YOUTUBE
ကိုယ့်အနားရှိစေချင် ၊ ရင်ခွင်သစ် ၊ ရှင်းပြခွင့်ပေးပါ ၊ အရင်လို ချစ်တုန်းပဲလား ၊ အပြစ်မတင်ရက်ပါ ၊
နောက်ဆုံးရင်ခွင်
4 comments:
REFERENCES : YOUTUBE
ကိုယ့်အနားရှိစေချင် ၊ ရင်ခွင်သစ် ၊ ရှင်းပြခွင့်ပေးပါ ၊ အရင်လို ချစ်တုန်းပဲလား ၊ အပြစ်မတင်ရက်ပါ ၊
နောက်ဆုံးရင်ခွင်
:D :D
လှောင်တာ မဟုတ်ပါဘူး
reference ကို သဘောကျလို့
မမေ
Long time no see .. စာလေး လာဖတ်တယ် လား
ဘယ်တွေ ရောက်နေလဲ မမေ...
အဆင်ပြေပါစေ
ခင်တဲ့
Hi looks so impressive and interesting blogs, come and visit us back too:
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog
ကိုမင်းအိမ် blog ပိတ်ထားတာ ခု ပြန်ဖွင့်ပီလား
email တောင် ပို့သေးတယ်
အဆင်ပြေပါစေ
Post a comment