Showing posts with label ကျွန်တော်နှင့်အမှတ်တယများ. Show all posts
Showing posts with label ကျွန်တော်နှင့်အမှတ်တယများ. Show all posts

Tuesday, 1 March 2011

Getting One Year Old Again


Age is a high price to pay for maturity.....

No wise man ever wished to be younger....

Anyway I am getting one year old again.......




အခုလိုနေ့မျိုးကို ရောက်တိုင်း စူးစူးရှရှ သတိယမိတာကတော့ အဖေအမေနဲ့မိသားစုကိုပါပဲ ....

နောက် ရခဲလှတဲ့ လူ့ဘ၀ကို အင်္ဂါ စုံစွာ ပြည့်စုံစွာနဲ့ ရခွင့်ပေးခဲ့တဲ့ အဖေနဲ့အမေကို ကျေးဇူးတင်တယ် .......

ဒီနေ့အထိ ရပ်တည် ရှင်သန်ခွင့်ပေးခဲ့တဲ့ ကံတရားနဲ့ သူငယ်ချင်းတွေ အားလုံးကို လည်း ကျေးဇူးတင်နေမိတယ် .........

တကယ်တော့ အဲဒီ သူငယ်ချင်းတွေ နဲ့ မိသားစု ကသာ ဖေးမ ၊ မကူညီခဲ့ဘူးဆိုရင် အမှောင်ဆုံးကာလတွေမှာ တ၀ဲလည်လည် ဖြစ်နေရအုံးမှာ ...

ကိုယ်ကိုတိုင်လည်း ပျော်ချင်သလို ၊ လူတိုင်းကိုလည်း ပျော်စေချင်တယ် ......

အားလုံးပျော်ရွှင်စရာ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ

မြန်မာပြည်ကြီးလည်း အမြန်ဆုံး တိုးတက်ပြိး အားလုံး လည်းပြည်တော် ပြန်နိုင်ကြပါစေ .............

မွေးနေ့အမှတ်တယ

မောင်မင်းအိမ်






Sunday, 1 March 2009

မွေးနေ.ပွဲ အမှတ်တယ ဓါတ်ပုံ များ

ဒီနေ.ကျရောက်တဲ. ကျွန်တော်.ရဲ. မွေးနေ. ပွဲလေး ကို ရိုးစင်းစွာ ပဲကျင်းပခဲ.ပါတယ်၊၊ ဘုန်းတော်ကြီး (၃) ပါး ကို သင်္ကန်း လှူ ပြီး နေ.ဆွမ်းကပ်တယ် ၊၊ သူငယ်ချင်း တွေ နဲ. နေ. လည်စာ စား ဖြစ်တယ်၊၊ ဒါပါပဲ ၊၊ ဒီပွဲလေး ဖြစ်မြောက်ဖို. အစအဆုံး စီစဉ်ပေးတဲ.သူငယ်ချင်းတွေအား လုံး ကို တကယ် ကျေှးဇူး ပါ…………………..



ဘုရားစင်လေး

ဘုရားစင်လေး

သင်္ကန်း နှင်. လှူဖွယ်


ဘုရား အချို ပွဲ နှင်. ဆွမ်းတော်

ဓါတ်တော်တိုက်ဆရာတော်ဘုရားနှင့် သီရီလင်္ကာမှဆရာတော်များ

ဓါတ်တော်တိုက်ဆရာတော်ဘုရားနှင့် သီရီလင်္ကာမှဆရာတော်များ ပရိတ်တော်များ ပူဇော်နေစဉ်

သီရီလင်္ကာမှဆရာတော်များဆွမ်းဘုန်းနေစဉ်
ဒီမွေးနေ.အလှူပွဲလေးအတွက် ဘုန်းကြီးပင်.တာကအစ ဆွမ်းချက်တာအလယ် ဆွမ်းကပ်တာအဆုံး အိမ်သန်.ရှင်းရေးပါမကျန် အစအဆုံး စီစဉ်ဆောင်ရွက်ပေးခဲ.သော
Nicolas
Kelvin
L Deepa နှင်.
Manoj Kumar တို.အား ကျေးဇူး ပါ.................
အချိန်ပေးပြီး လာဖော်ရတဲ.
ံHeart Thi
Denise Chua
Nee W . Tun
Richard
N Ong
C Tee နှင်. T. Wint တို.ကို လည်း ကျေးဇူး ပါ...............

အိမ်ဖြူကလေးရဲ. အုတ်မြစ်


စိတ်ကူးထဲမှာအိမ်လေးတစ်လုံးဆောက်နေခဲ.တာ ကြာခဲ.ပါပြီ………….

ဒါပေမယ်. အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင်.မစဖြစ်ခဲ.ဘူး…………

အခုတော.လည်း. အကြောင်းကြောင်းသော. အကြောင်းကြောင်းများကြောင်. ……………..

အမှတ်တယအဖြစ် ဒီအိမ်လေး ဖန်တီးဖြစ်ခဲ. ပါတယ်…………….

အိမ်ဖြူကလေးရဲ. မှတ်တမ်းအစ


အဲဒီနေ.က မိုး မရွာဘူး၊၊ လေပြင်းတွေလည်းမတိုက်ခတ်ဘူး၊၊ နွေရာသီကုန်လွန်ကာနီး ဆောင်းရယ်လို.မပီပြင်သေးတဲ.တပေါင်းလရဲ. မနက်ခင်း လေးတစ်ခုမှာ ပေါ.၊၊ ထူးထူးခြားခြား သာယာလှပနေခဲ.တယ်၊၊
ဆောင်းမကုန်သေးတော. မနက်ခင်း လေးဟာ မြူနှင်းတွေလည်းဝေလို.ပေါ.၊၊

အဲဒီနေ့မှာ ထူးထူးခြားခြား လောကကြီးထဲကိုဝင်ရောက်လာတဲ့ ကလေးလေးတစ်ယောက်။ ရက်ထပ်နှစ်များဖြစ်ခဲ့ရင် အဲဒီကလေးလေးရဲ့ မွေးလ ဟာ ဖေဖော်ဝါရီလ (၂၉) ဖြစ်ခဲ့မှာပါ။ ဒါပေမယ့် အဲဒီနှစ်က ရက်ထပ်နှစ်မဖြစ်ခဲ့ပဲ ဖေဖော်ဝါရီလက ၂၈ရက်နဲ့ သပ်သွားခဲ့တော့ သူ့မွေးနေ့က မတ်လရဲ့ ပထမဆုံးနေ့ ဖြစ်ရတော့တာပေါ့။ မတ်လ ၁ရက်နေ့က ကြာသပတေးနေ့ ၊၊ သူ့နဲ့ လောကကြီးကို ပထမဆုံးမိတ်ဆက်ပေးခဲ့တဲ့နေ့။ ဟောဒီကမ္ဘာကြီးထဲကို စတင်ဝင်ရောက်လာတဲ့နေ့။ မိန်ရာသီဖွား စိတ်ကူးအင်မတန်ယဉ်တတ်တဲ့ ကလေးလေး။ မှားယွင်းမှုများစွာကို သယ်ဆောင်လာတဲ့ကလေးလေး။ ဒီနေ့ဟာ အဲဒီကလေးလေး အတွက်မွေးနေ့။ ဘ၀တစ်ခုဖြစ်တည်ခဲ့တဲ့ နေ့။ မှတ်မှတ်ယယလူတစ်ယောက်အဖြစ် လော က ကြီးထဲကို စတင်ရောက်ရှိလာခဲ.တဲ. မွေးနေ့လေးပေါ့။


ဒီနေ.ဟာ လောကကြီးထဲကို စတင် ရောက်ရှိ ခဲ.တဲ. နေ. .....................

ဒီနေ.ဟာ သူ စိတ်ကူးယဉ် အိမ်ဖြူကလေး ထဲ က အ ပြီးထွက်ခွာသွားတဲ.နေ. .......................

ဒီနေ.ဟာ ဘ၀ရဲ. သက်တမ်းတစ်ခုကို ပိုင်းခြားပေးလိုက်တဲ. မှတ်မှတ်ယယ နေ.လေးတစ် နေ...................

အဖေ. ထံသို. မွေးနေ. အမှတ်တယ

အဖေရေ….. ဒီနေ့သားရဲ့မွေးနေ့ ။ ကလေးကနေလူငယ်၊ လူငယ်ကနေ လူလတ်ပိုင်းဆိုတဲ့ အရွယ်ကို ရောက်လာပြီ အဖေ။ဒီနေ့ဆို အဖေ့ကို ပိုပြီးသတိယမိတယ်။ သားသမီးတွေရဲ့ ဆန္ဒကို ရှေ့တန်းတင်ပြီး အရာရာကို အခုအချိန်အထိ ဖြေရှင်းပေးချင်နေတဲ့ အဖေ။ အဖေ အမြဲပြောတဲ့ “ကြက်သားအုပ်မကြီးလို သားသမီးတွေကို အခုအချိန်အထိရင်ခွင်ထဲမှာ အုပ်ထားချင်သေးတာ” ဆိုတဲ့ အဖေ။ အခုတော့ အဖေ့ရဲ့ သားသမီးတွေ အများစုက အဖေနဲ့ဝေးတဲ့ ဟိုးတစ်နေရာစီမှာလေ။ ဘယ်သူများ အဖေ့အနားမှာ နေပြီး ခြေဆုပ်လက်နယ်ပြုစုပေး နေနိုင်သလဲ။ နားလည်ပေးပါအဖေရယ်…. ......

သားသမီးတွေ အဝေးကို ထွက်ခွာသွားကာနီးတိုင်း ယောင်္ကျားကြီးတန်မဲ့ မျက်ရည်ဝဲပြီး ဆုပေးတတ်တဲ့ အဖေ။ ဘူတာရုံနဲ့လေယာဉ်ကွင်းတွေမှာ မမြင်ရတဲ့ အချိန်အထိ လက်ပြနှုတ်ဆက်လွမ်းနေတတ်တဲ့ အဖေ။ အဖေရေ… အဖေပြောသလို “ရေကြည်ရာ မြက်နုရာ ရှာကြရမှာပေါ့” ဆိုတဲ့ ဆွေးဆွေးမြည့်မြည့် အသံကို အခုထိ ကြားယောင်နေဆဲပဲ။ “ငါ့သားရယ် အဖေပိုင်တဲ့ ဒီခြံဝိုင်းကြီးထဲမှာ သားတွေသမီးတွေ အားလုံးကို စုစုဝေးဝေးနဲ့ တစ်ယောက်စီ အိမ်ဆောက်ပေးပြီး နေစေချင်တာကွ” ဆိုတဲ့ အဖေ။ အခုများတော့ အိမ်ကြီးထဲမှာ အမေနဲ့ နှစ်ယောက်တည်းပေါ့။ နားလည်ပေးပါ အဖေရယ်……......

မိုးသည်းတဲ့ ညတွေမှာ အဖေပြောပြနေကြ ပုံပြင်လေး သားအခုထိ သတိယနေသေးတယ်အဖေ။ ဒါပေမယ့် အခုအချိန် အထိလည်း သား ပုံပြင်လေးအဆုံးသတ်ကို မသိသေးဘူး။ အဖေကလည်း ဆက်မပြောဘူး။ သားလည်း တစ်ခါမှ မှတ်မှတ်ယယ မမေးမိခဲ့ဘူး။ သားအမြဲ အမှတ်ယနေရာက “မိုးလေးက ဖြုတ်ဖြုတ် ဖြုတ်ဖြုတ်နဲ့ ရွှေဂျိုးဖြူနဲ့ မူလခဲ… သိုက်တံခါးအဖွင့်……”ဆိုပြီး အဖေ့ဇာတ်လမ်းလေးက ရပ်သွားရော။ ဒါပေမယ့် ဘာကြောင့်ရယ် အဖြေမသိဘူးအဖေ အခုအထိတော့ အဲဒီအပိုင်းအစလေးက ရင်ထဲမှာ စွဲကျန်နေတုန်း။...............

သားသမီးတွေကို စိတ်ဓါတ်မကျဖို့ အမြဲတမ်းအားပေးတတ်တဲ့ အဖေ။ တကယ့်ကို တစ်ခါမှ မဆူခဲ့ မမာန်တတ်တဲ့ အဖေ။ နည်းမျိုးစုံသုံးပြီး စိတ်ချမ်းသာအောင် ပြောပေးတတ်တဲ့အဖေ။ မှတ်မိသေးတယ်အဖေ စာမေးပွဲဖြေဖို့ ခုံနံပါတ်တွေ ထွက်တိုင်းပြောတတ်တဲ့ စကားလေးတွေ။ ၁ဆိုရင် ထိပ်ဆုံးကပေါ့ကွ။ ၇ဆိုရင် Lucky 7 ပဲနေမှာတဲ့။ ၉ဆိုရင်လည်း ကိုးန၀င်းကြေပြန်သတဲ့။ အဲဒီတုန်းက အဖေ့ကို ပြန်ပြောမိတယ် အဖေကလည်း ဘာလာလာကောင်းတာချည်းပဲလို့။ ခုမှ ပြန်စဉ်းစားမိတယ်။ ဒါဟာ အဖေက သားသမီးတွေအပေါ်ထားတဲ့ မေတ္တာနဲ့ စေတနာပါလားလို့ သိမြင်လာရတယ်။ နှုတ်စကားလေးနဲ့တောင် မကောင်းတာ မဖြစ်စေချင်တဲ့ အဖေပါလားလို့။................

ပြီးတော့ ဘ၀မမေ့တတ်တဲ့ ကျနော့အဖေရယ်ပါလေ။ ထမင်းစားတိုင်း လျှပ်စစ်ပေါင်းအိုးနဲ့ ချက်ထားတဲ့ ထမင်းကိုမြင်ရင် မြေအိုးနဲ့ ချက်တဲ့ ထမင်းကို တမ်းတမ်းတတရှိတတ်တဲ့ အဖေ။ မနက်ခင်းစာတွေ ဖွယ်ဖွယ်ရာရာ စားရတိုင်း ငပိဖုတ်နဲ့ ပဲလှော်သုတ်ကို မမေ့နိုင်သေးတဲ့ အဖေ။ သားသမီးတွေကို ဘ၀မမေ့ဖို့ ဘ၀င်မမြင့်ဖို့ အမြဲတမ်းပုံတိုပတ်စတွေနဲ့ သိုင်းဝိုင်းဆုံးမတတ်တဲ့ အဖေ။ အဖေရေ…အဖေပြောပြောနေတဲ့ “ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့ကွာ” ဆိုတဲ့ စကားလေးအမြဲတမ်းနှလုံးသွင်းမိတယ် အဖေ။ ပေါ့ပေါ့လေးထင်ရပေမယ့် တကယ့်ကို လေးနက်ကျယ်ဝန်းတယ်အဖေ။ ဒါကြောင့် ကိစ္စတစ်ခုလုပ်ခါနီးတိုင်း ဒီစကားလေးနဲ့ ယှဉ်ပြီးစဉ်းစားတယ်အဖေ။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူး။ ဖြစ်ခဲ့ရင်ရော..ဆိုပြီးတော့ပေါ့။ အဖိုးတန်စကားလေးအတွက် ကျေးဇူးပါအဖေ။..................

အလုပ်ကိစ္စတစ်ခု ခိုင်းလိုက်လို့မှားလာရင်တောင် ဘယ်တော့မှမဆူ မဆဲခဲ့ပဲ ဥပမာ ဥပမေယျနဲ့ ဆုံးမတက်တယ်။ အဖေပြောနေကြလေ “ ဖိုးဝဲဖောင်တင်လွှတ်သလိုပဲ” ဆိုတာလေ။ ဖိုးဝဲဆိုတဲ့သူကို ဖောင်တင်ရွာခိုင်းလိုက် ဖိုးဝဲရေ ဖောင်တင်က ဦးသာဗျောအိမ်မှာ မျိုးစေ့စပါးလေးသွားပေးချေစမ်းကွာ။ လို့ ပြောရင် စကားဆုံးအောင်တောင်နားမထောင်ဘူး ဖိုးဝဲက ဖောင်တင်ရောက်သွားပြီ။ ဒါနဲ့ ခိုင်းနှိုင်းပြီး ဆုံးမတတ်တာ။နောက်ရှိပါသေးတယ်။ “ဖြိုးကြီး ပျိုးနှုတ်သလိုမျိုး” တို့ “ကုလားပုဇွန်ချေးသလို” တို့။ အဖေ့အကြောင်း စဉ်းစားမိရင် တော.အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုမွေးနေ့မှာ ပိုပြီးမှတ်မှတ်ယယလေးတော့ ဖြစ်မိတယ် အဖေရယ်။ လွမ်းလိုက်တာများ အဖေရယ် .............

အ ဖေ


တောစပ်က ရွာနားမှာ ချက်မြုပ်ခဲ.ပေမယ်.

သားသမီးတွေကို မြင်.မားစေတဲ.အဖေ ၊၊

ကိုယ်ကိုတိုင်မြေအိုး နဲ. ထမင်းစားခဲ.ပေမယ်.

သားသမီးတွေကို ကြီးပွားစေချင်တဲ.အဖေ ၊၊

ကိုယ်ကိုတိုင်လမ်း မီးတိုင်အောက်မှာ စာ ကျက် ခဲ.ပေမယ်.

သားသမီးတွေကို လိုတရ စေချင်တဲ.အဖေ ၊၊

ကိုယ်ကိုတိုင် (၉) တန်းလောက်သာတက် ခဲ.ပေမယ်.

သားသမီးတွေကို မဟာဘွဲ. ရ စေချင်တဲ.အဖေ ၊၊

ရေခြားမြေခြားဆိုတာ မင်းတို.လိုပြည်.စုံသူတွေသာ

လုပ်နိုင်နေနိုင်တဲ.အရပ်ပေါ.သားရယ်ဆိုပြီး

သားသမီးတွေကို ဂုဏ်ဖေါ် စေချင်တဲ.အဖေ ၊၊

လူနည်းနည်းများစုံရင် သားသမီးတွေရဲ.

ဘွဲ.ဓါတ်ပုံတွေပြပြီး ဂုဏ်လုပ်ချင်တဲ.အဖေ၊၊

သားသမီးတွေအတွက်

ထာဝရဂုဏ်တင်ချင်တဲ. အဖေ၊၊

ခုအချိန်ထိအားမလျှော.ဘဲ

သားသမီးတွေအတွက်ရုန်းကန်ချင်နေတဲ.အဖေ၊၊

ခုအချိန်ထိ အိမ်ပြန်တိုင်း

မင်းအတွက်မုန်.ဖိုးကွဆိုပြီးပေးချင်နေတဲ.အဖေ၊၊

အဖေ

သားစဉ်းစားတယ်

ဒီလိုအဖေမျိုး သားရနိုင်ပါအုံးမလား၊၊

ဒီလိုအဖေမျိုး သားဖြစ်နိုင်ပါအုံးမလား၊၊

အိမ်ဖြူကလေးရဲ. ကျေးဇူးမော်ကွန်း


ဒီအိမ်လေးတည်ဆောက်ဖြစ်ဖို. တွန်းအားတွေပေး ခဲ.တဲ. အနားမှာ မရှိတော.တဲ. သူလေးရယ်…….

အပြင်မှာမဆောက်ဖြစ်ခဲ.တဲ. အိမ်လေးအတွက် မျှဝေ ခံစားပေးတဲ.သူငယ်ချင်းရယ်…………..

အချိန်အတိုင်းအတာတစ်ခုအထိ အနားမှာရှိနေပေးခဲ.သော ……………

အရာရာကို နားလည်မူပေးခဲ.တဲ. သူငယ်ချင်း များစွာရယ် ကို ကျေး ဇူး တင် စွာ ဖြင်……………………