Tuesday, 8 September 2009

နေရာလေးတစ်ခု


ဒီနေရာလေးမှာ တရားဝင်ထိုင်ပြီး ဟောဒီလိုညနေခင်း နေ၀င်ချိန်လေးတွေကို ငေးချင်မိပါရဲ့ ၊၊ ဘယ်တော့များမှ ကိုယ့်အလှည့်ကျမှာလဲနော် ၊၊ စောင့်စားခဲ့တာ အချိန်တွေကြာပေါ့ ၊၊ အင်း ဘာပဲဖြစ်ဖြစ် ဆက်စောင့်နေအုံးမှာပဲ ၊၊ တစ်နေ့တော့ ကိုယ့်အလှည့်ရောက်လာမှာပေါ့ ၊၊ သွားစရာနည်းလမ်းတွေ အသွယ်သွယ်ရှိပေမယ့် ကိုယ့် လိပ်ပြာ ကိုယ်လုံချင်သရွေ့တော့ လမ်းရိုးကို လျှောက်လှမ်းနေမှာပဲ ၊၊ ကျားကုတ်ကျားခဲ ရခဲ့တဲ့ နည်းနည်းလေး မို့ လွယ်လွယ်လည်း စွန့်မပစ်နိုင်ဆဲ၊၊

Monday, 7 September 2009

မုန်းသူ ကျိန်စာ

တစ်ကြိမ်တစ်ခါ အမှားအတွက်
အသေအချာ အသနားခံခဲ့ပေမယ့်
မရေမရာ ဘ၀ကိုဖြတ်သန်းနေရတာက
ချစ်ခဲ့သူပဲ ၊၊

အချစ်ကြီးလို့ အမျက်ကြီးသတဲ့
ရန်သူချင်းတောင် မှ
တောင်းပန်ရင်းကျေအေးရသေးတာ
ချစ်ခဲ့သူ ချင်းပဲ ၊၊

အနိုင်အရှုံး ဈေးတွက်မတွက်ပဲ
ဘ၀အမုန်းတစ်သက်လုံးမကွက်ပဲ
လက်ထပ်ခြင်းရဲ့အဆုံးသတ်မှာ အမုန်းအဖက်စေလိုတာက
ချစ်ခဲ့သူပဲ ၊၊

အမာရွတ်မြင်တိုင်း သတိရနေတယ်ဆိုရင်
နာကျင်စေချင်ခဲ့တာ မဟုတ်တဲ့အတွက်
ဒီခရီးက ဒီထိးနဲ့သင့်မယ်ထင်လို့ မင်းသွားခဲ့ပြီမို့
ရွှေအတိပြီးတဲ့မင်းဘ၀ အင်းလှပြီးရင်းလှနေပါရောလားဗျာ ၊၊
ကျေနပ်ပြီး နှစ်သိမ့်လိုက်စမ်းပါ ၊၊ ကျေအေးပြီး မုန်းပေးလိုက်စမ်းပါ ၊၊ အငြိုးအတေးတွေ ဘေးဖယ်ပေးလိုက်ပါ ၊၊

မင်းအိမ်ဖြူ

( သူငယ်ချင်းတစ်ယောက် ပြောပြတဲ့ ကိုယ်တွေ့ ဇာတ်လမ်းလေးကို ကိုယ်ချင်းစာပြီး ခံစားကြည့်ပါသည် )
(ကံမဆုံလို့ မပေါင်းခွင့်ရတဲ့နောက်မှာ ချစ်ခဲ့ဖူးသူချင်း အငြိုးအတေးတွေနဲ့ တိုက်ခိုက်နေမယ့်အစား ကောင်းစား တာမမြင်လိုဘူးဆိုရင်တောင်မှ မျက်စိမှိတ်ပြီး တိတ်တိတ်လေး နေပေးတာကမှ သင့်တော်ဦးမယ်ထင်ပါတယ် )
(ချစ်ခဲ့ဖူးသူတွေ မုန်းတဲ့အခါမှာ သာမန်အမုန်းထက်ပိုပြီးတောင်မှ ပြင်းထန်တက်ပါကလားလို့ သံဝေဂရမိ၏ )

စံ

လူတစ်ယောက်နဲ့တစ်ယောက် သတ်မှတ်ထားတဲ့ စံ နှုန်းတွေ မတူညီတဲ့အခါမှာ တခါတလေတော့လည်း ပြသနာ လေးတွေဖြစ်တက်ပါတယ် ၊၊ နားလည်မှုဆိုတဲ့ ချိန်ညှိုကိရိယာလေးနဲ့ တိုက်ညှိုလိုက်တဲ့အခါမှာတော့ တခါတလေလည်း အဆင်ပြေမှုလေးတွေကို ရရှိပေမယ့် တခါတလေတော့လည်း ဘယ်တော့မှ မဆုံတော့ ဘူးရယ် ဆိုတဲ့ညောင်ညိုပင်စခန်းမှာ လမ်းခွဲရတာလေးတွေလည်း ရှိတက်တာကလား ၊၊

ဘာပဲဖြစ်ဖြစ် ရှေ့ခရီးကိုအတူဆက်ရန်ပဲဖြစ်ဖြစ် ၊ ညောင်ညိုပင်စခန်းမှာ လမ်းခွဲရသော်လည်းရှိ တွေ့ဆုံညှိုနိုင်း မှုဆိုတာမျိုးက တခါလောက်တော့ လုပ်သင့်တယ်လို့ ထင်မြင်နေမိဆဲ ၊၊ တွေ့ဆုံညှိုနိုင်းခြင်းရဲ့ရလဒ်က အဆိုးထွက် တော့လည်းတမျိုးပေါ့ ၊၊ အဲ အကောင်းထွက်လာရင်တော့ အမြတ်လို့ပဲ ဆိုရပေမပေါ့ ၊၊ ကျွန်တော် ကိုယ်တိုင်ကတော့ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံ ဆွေးနွေးမှုကိုပဲ အားပေးတယ် ၊၊ လိပ်ခဲတည်းလည်း တစ်ယောက် နဲ့တစ်ယောက် သံသယနဲ့ ပတ်သပ်နေမယ့်အစား ပွင့်ပွင့်လင်းလင်း ညှိုနှိုင်းခြင်းက အကောင်းဆုံး မဟုတ်ပေ ဘူးလား ၊၊ အဲရလဒ်ကိုတော့ လက်ခံနိုင်တဲ့အား ရှိရပေမပေါ့ ၊၊

ဒီလို ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ ယဉ်ပါးလာတဲ့ ကျွန်တော့်အတွက်တော့ ရန်များလာတာတော့ လည်း အသေအချာပါပဲ ၊၊ ဒါပေမယ့်လည်း ခုထိတိုင်ပတ်သပ်နေသမျှ လူအားလုံးကိုလည်း စိတ်ရှင်းရှင်းနဲ့ ဆက် ဆံလို့၇နေမြဲ ၊၊ ဒါဟာအမြတ်ပေါ့ ၊၊ တခါတခါ လည်မလိုလိုနဲ့ အတော်ကို နုံအတဲ့ကျွန်တော်ဟာ ဘာမှ နားမလည် ပဲလည်း ၀င်ဝင် ဆရာလုပ်တက်နေမြဲ ၊၊ အဲကိုယ်ထင်တာကိုလည်း အမှန်လို့ ထင်မှတ်နေဆဲ ၊၊ ကိုယ် မှန်တယ်ထင်တာက မှားနေပြီး ၊ ကိုယ်မကောင်းဘူးထင်တာက တခါတခါ ထင်မထားတက်အောင် ကောင်းနေဆဲ ၊၊ ဒါမျိုးလေးတွေ ကြုံတွေ့နေရပေမယ့် တရက်နဲ့တရက် ပုစာမထပ်တဲ့ ဘ၀ ကျောင်းသင်္ခန်းစာကို တော့ မကျေမညပ် သင်အံကျက်မှတ်နေမိဆဲ ၊၊
တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာနိုင်ကြပါစေ ၊၊
မင်းအိမ်ဖြူ