Friday, 5 March 2021

နွေဦးမှာ ပန်းခူးထွက်ကြတယ်

မိန်ရာသီ လတပေါင်းမို့

ပန်းပေါင်းတော့ မစုံပြီ ။ 


နွေရာသီ ခါအပြောင်းချိန်မို့ 

နွမ်းလျတော့ ကြာရှည်မခံပြီ ။ 


ပန်းတွေ မစုံပေမယ့် 

သပြေညိုတွေ ထွေးတယ် ။ 


နွမ်းတယ် ထင်ရပေမယ့် 

ရနံ့က တကယ်မွေးတယ် ။ 


မကြာမီ သဲပုံပွဲမယ် 

အောင်ပွဲသံ ညံညံစည်လိမ့်မယ် ။ 


ပန်းခူးသူကခူး ပန်းကောက်သူကကောက် ပန်းသီသူကသီ 

တူညာညီ တပြည်လုံး ရုန်းသမို့ 

မိစ္ဆာတွေ ပြုတ်ပြုတ်ပြုန်းစေဖို့ 

အား ထည့် လို့ သာ ရုန်း ။ 


မြန်မာပြည် နွေဦး အောင်ပွဲ 

မတ်လ ၄ ရက် ၂၀၂၁ ။

တပေါင်းအောင်ပွဲ

 လေရူးတွေ ပွေတဲ့ 

နွေဦးလေ အဝှေ့မှာ 

တို့တတွေ အာဏာရှင်ကို 

တော်လှန်ကြတယ် ။။


ပြည့်စုံသူလည်းပါတယ် 

မပြည့်စုံသူလည်းပါတယ် 

ပညာတတ်ကြီးလည်းပါတယ် 

အခြေခံလူတန်းစားလည်းပါတယ် 


သံပုန်းတီးသူလည်းပါတယ် 

လမ်းပေါ်ထွက်သူလည်း ပါတယ် 

ရှေ့တန်းက ဖီဆန်သူလည်းပါတယ်

နောက်တန်းက တောင့်ခံပေးသူလည်းပါတယ် 


လာရာမတူ အခြေခံတွေမတူပေမယ့် 

အားလုံးမှာ တူညီတာက 

“လူပီသတဲ့စိတ်”

အာဏာရှင်ကို အမြစ်ဖြုတ်မယ့်စိတ်


တပေါင်းလေနဲ့အတူ 

အဟောင်းတွေကြွေလို့ အသစ်တွေ ဝေလာပါလိမ့်မယ် ။။ 


အားလုံးရဲ့  အောင်ပွဲကို 

တပေါင်းပွဲနဲ့ တူတူ နွဲကြမယ် ။။ 


မတ်လ ၂၀၂၁

Thursday, 4 March 2021

နွေဦးအောင်ပွဲ








ပန်းတွေ မစုံပေမယ့် 

သပြေညိုတွေ ထွေးတယ် ။ 


နွမ်းတယ် ထင်ရပေမယ့် 

ရနံ့က တကယ်မွေးတယ် ။ 


မကြာမီ သဲပုံပွဲမယ် 









မတ်လ ၄ ရက် ၂၀၂၁ ။ 


မိန်ရာသီ လတပေါင်းမို့ 

ပန်းပေါင်းတော့ မစုံပြီ ။ 


နွေရာသီ ခါအပြောင်းချိန်မို့ 

နွမ်းလျတော့ ကြာရှည်မခံပြီ ။ 


ပန်းတွေ မစုံပေမယ့် 

သပြေညိုတွေ ထွေးတယ် ။ 


နွမ်းတယ် ထင်ရပေမယ့် 

ရနံ့က တကယ်မွေးတယ် ။ 


မကြာမီ သဲပုံပွဲမယ် 

အောင်ပွဲသံ ညံညံစည် ဖို့ 


ပန်းခူးသူကခူး ပန်းကောက်သူကကောက် ပန်းသီသူကသီ 

တူညာညီ တပြည်လုံး ရုန်းနေသမို့ 

မိစ္ဆာတွေ ပြုတ်ပြုတ်ပြုန်းစေဖို့ 

တို့ အား ထည့် လို့ သာ ရုန်း ။ 


မြန်မာပြည် နွေဦး အောင်ပွဲ 

မတ်လ ၄ ရက် ၂၀၂၁ ။ 


Wednesday, 3 March 2021


 Myanmar Military Coup 2021 

Days in February 

1 Feb 2021 early morning Military denounced that State Counsellor Daw Aung San Suu Kyi and President U Win Myint were detained by them. 

Sunday, 19 February 2012

မငိုနဲ့ တနင်္ဂနွေ

ဖြုတ်ကနဲ့ကြွေကျတဲ့ နှင်းတစ်ပွင့်က ဒီအပင်ကတဲ့လား
လေအလွင့် ကြွေလွင့်ခဲ့တာ နှင်းစက်မဟုတ်ပါဘူး
ဒီည မှာ ကြွေကျခဲ့တာ မျက်ရည်တစ်စပဲဖြစ်မှာပေါ့ ။

ဘေးနားမှာ အာဇာနည်ကလွဲလို့ ဘယ်သူမှ မရှိဘူး
ဒါဟာ တစ်ခဏတော့ မဟုတ်ဘူး
ဒါဟာ တစ်ဘ၀စာပဲ ၊၊

မျက်ရည် မကျဖြစ်တာ ကြာပြီရော
ရယ်သောသူ အသက်ရှည်၏ လို့ ဆိုရင် ငိုသောသူရော အသက်တိုမယ်တဲ့လား
ဒီအဆိုသာ လွှတ်ရုံးမှာ အတည်ဖြစ်ရင်တော့
နေ့တိုင်း ညတိုင်း ငိုလိုက်ချင်သား၊၊

ဒီခဏ
ဒီတစ်ည
ဒီတစ်ဘဝ
တမုဟုတ်ချင်း လွတ်ကင်းချင်တယ်
အလွမ်းသီချင်းဆိုတာ နားထောင်လို့ပဲကောင်းတာတဲ့လေ… 
ဒီည နင့်ကို သိပ်သတိယတယ်


REFERENCES : YOUTUBE
ကိုယ့်အနားရှိစေချင် ၊ ရင်ခွင်သစ် ၊ ရှင်းပြခွင့်ပေးပါ ၊ အရင်လို ချစ်တုန်းပဲလား ၊ အပြစ်မတင်ရက်ပါ ၊
နောက်ဆုံးရင်ခွင်

Saturday, 7 January 2012

သိမ်းမထားသင့်တော့တဲ့ ဒိုင်ယာရီ

သယံဇာတတွေ ပေါများပါတယ်ဆိုတဲ့ ကျွန်တော်တို့ မြန်မာပြည်၊ လူတော်တွေ ပေါများပါတယ် ဆိုတဲ့ ကျွန်တော်တို့ မြန်မာပြည်၊ ဆန်ရေစပါးတွေ ပေါများပါတယ် ဆိုတဲ့ မြန်မာပြည်၊ ဒီလိုမြန်မာပြည် ၊၊ ထေရဝါရ ထွန်းကားပါတယ်ဆိုတဲ့ မြန်မာပြည်၊ လောကပါလတရား ၊ ဗြမစိုလ်တရား ထွန်းကားပါတယ်ဆိုတဲ့ မြန်မာပြည်၊၊ လူအချင်းချင်း လှည့်ပတ်ချင်း ကင်းရှင်းကြပါစေလို့ မနက်တိုင်း မေတာပို့တဲ့ မြန်မာပြည်မှာ ဒီလို ဒိုင်ယာရီလေးတော့ သိမ်းမထားသင့်တော့ပါဘူးလေ…..

ကျွန်တော့်မှာ ဒိုင်ယာရီလေးတစ်အုပ်ရှိခဲ့ဖူးတယ် … လူတစ်ယောက်တည်းက ရေးမှတ်ထားခဲ့တဲ့ ဒိုင်ယာရီအမျိုးအစားတော့ မဟုတ်ပါဘူး … လူအနည်းငယ်ရဲ့ အိပ်မက်တွေကို မှတ်တမ်းတင်ထားတဲ့ စုပေါင်းစပ်ပေါင်း ဒိုင်ယာရီလေးပေါ့…..

မြန်မာပြည်မှာက တယ်လီဖုန်းတို့ ကားတို့ ဆိုတာက မရှိမဖြစ်လိုအပ်တဲ့ လူ့အသုံးအဆောင် ပစည်းဆိုတာထက် လူ့အတန်းအစားကို ခွဲခြားဖေါ်ပြတဲ့ ရုပ်ပြပစည်းအဖြစ် ပဲတည်ရှိနေခဲ့တာပါ … ဟန်ဖုန်းလို့ ခေါ်တဲ့ လက်ကိုင်ဖုန်းလေး ခါးခြားချိတ်နိုင်ရင် လူရာဝင်သလို … ကိုယ်ပိုင်ကားလေးစီးနိုင်ရင်တော့ ပိုပြီး လူဝင်ဆန့် တာမြန်မာပြည်မှာပါပဲ … အဲဒီလို ဖုန်းကိုင်နိုင်တဲ့သူ ကိုယ်ပိုင်ကားစီးနိုင်သူတွေဆိုတာက လက်ချိုးရေလို့ ရတယ် ပြောလို့မရပေမယ့် အနည်းငယ်သော လူတစ်စုသာ လုပ်နိုင်ကိုင်နိုင်ခဲ့တာ… ဆွေစဉ်မျိုးဆက် ချမ်းသာလာခဲ့သူဖြစ်ရင်မဖြစ် မဟုတ်ရင်တော့ အစိုးရအဆက်ဆက်နဲ့ ပလဲနံပါတ်သင့်သူ ဒါမှမဟုတ် စစ်တပ်က အဆက်အနွယ်တွေသာ ခပ်လွယ်လွယ်ရခဲ့တဲ့ အခွင့်အရေးတွေပါ … သူတို့လို လူတန်းစားကတော့ VIP လို့ခေါ်တဲ့ အခွင့်ထူးခံ လူတန်းစားတစ်မျိုးပေါ့…. ကျွန်တော်တို့လို လူလတ်တန်းစားတွေအတွက်ကတော့ ဖုန်းတို့ ကားတို့ဆိုတာက စိတ်ကူးယဉ်အိပ်မက်ထဲက ကိုယ်လှမ်းလို့ မမှီနိုင်တဲ့ အရာတွေပါပဲ ….

ငယ်ငယ်တုန်းက နယ်မှာ ကျောင်းတက်ခဲ့ရတဲ့ ကျွန်တော်အတွက် အမှတ်ယစရာက တော်တော်များပါတယ် … အဲဒီထဲက ကားနဲ့ပါတ်သပ်တာပြောရရင်တော့ … ကားရှိတဲ့သူဆိုရင် ဆရာမတွေကအစ မျက်နှာသာပေး ပြိး ဆက်ဆံပါတယ် … ဘာလို့လည်းဆိုတော့ သူတို့အရေးအကြောင်းရှိတဲ့အခါ ဒါမှမဟုတ် ကျောင်းသားအပြန်လမ်းကြုံတဲ့အခါ ကားစီးခွင့်ရလို့ပဲဖြစ်မယ်လို့ ထင်မိပါတယ် … ကျွန်တော် ၁၀ တန်းတုန်းက ရေးခဲ့တဲ့ ကျွန်တော့် ဒိုင်ယာရီလေးကို ပြန်ဖတ်တဲ့အခါ … အတန်းပိုင်ဆရာမက အဲဒီတုန်းက ကျွန်တော့် သူငယ်ချင်း နဲ့ ကျွန်တော် ကျောင်းအတူတူ ပျက်တာကို သူငယ်ချင်းကို အပြစ်မပေးပဲ ကျွန်တော့်ကို မိဘခေါ်လက်မှတ်ထိုးခိုင်းခဲ့တာလေးကို ရေးထားတာ ပြန်ဖတ်ရတယ် … အဲဒီသူငယ်ချင်းက အမှတ် ၆၆ စစ်တပ်က ဗျူဟာမှူးတစ်ယောက် ရဲ့သား ပါ … ဘာလို့လည်းဆိုတော့ ဆရာမကလည်း မီးကျောင်းရဲမှာနေတော့ တခါတလေ ဖယ်ရီမရတဲ့အခါ သူတို့ကား အစိမ်းလေးကို ကပ်ကပ်စီးခဲ့ရသူမို့ ကလေးအရွယ်ပေမယ့် အဲဒီကတည်း ကိုယ်ချင်းစာ နားလည်မိပေမယ့် … ကားနဲ့ပါတ်သပ်ပြီး ဒဏ်ရာတစ်ခုတော့ ဖြစ်ခဲ့တာပါပဲ ….

ဒီလိုနဲ့ ကားနဲ့ပါတ်သပ်ပြီး ခံစားချက် ဇာတ်လမ်းတွေ အသက်တွေ ကြီးလာတာနဲ့အမျှ တိုးတိုးထပ်လာခဲ့တာ ဒီနေ့အချိန်ထိပါပဲ … ခုနပြောသလို VIP တွေ အတွက် ထူးထူးဆန်းဆန်း မဟုတ်ပေမယ့် ကျွန်တော်တို့လို သာမာန် လူလတ်တန်းစားတွေ အတွက်ကတော့ အနိမ့် ဆုံး ကားတစ်စီး သိန်းတစ်ရာတန် ဝယ်ဖို့တောင် ဘယ်လိုမှ စိတ်ကူးယဉ်ဖို့ မလွယ်တာကို တော့ ခံစားဖူးသူတိုင်းကိုယ်ချင်းစားတက်မယ် ထင်ပါတယ်လေ….. ဒါဟာ အခုမှ ခံစားရတဲ့ ထူထူးဆန်းဆန်း ဝေဒနာ မဟုတ်ဘူးဆိုတာကိုတော့ အခြား ဒိုင်ယာရီလေးတွေ ဖတ်ရတဲ့အခါ ကိုယ်တစ်ယောက်တည်း မဟုတ်ပါလားရယ်လို့ ဖြေသိမ့်ရပါတယ် …. အော် ဒီလိုလူတွေ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိနေပါသေးလားရယ်လို့လည်း တွေးပြိး အားတက်သလိုတောင် ဖြစ်မိပါရဲ့….

၁၉၇၇ ခုနှစ်လောက်က ရေးခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်းလေး တစ်ခုထဲမှာပေါ့

ကိုသန်းနိုင်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ကျောင်းပြီးတဲ့အခါ ကျောင်းဆရာအဖြစ် အသက်မွေးဝမ်းကျောင်း အလုပ်ကို ရွေးချယ်ခဲ့ပါတယ် …. ထက်ထက်မြက်မြက် ပညာတက် ကောင်လေးမှာ ချစ်သူ ရည်းစားရှိနေခဲ့ပါတယ် …. ထမင်းတလုတ်အတွက် ရရာ အလုပ်ကို ဝင်လုပ်ခဲ့တာမဟုတ်ပဲ … အမှန်တကယ် ၀ါသနာပါလို့ ..ကျောင်းဆရာ အဖြစ်ကို ရွေးချယ်ပြိး ဆရာအတက်သင်တကသိုလ်တက်လို့ ကျောင်းဆရာ ဖြစ်လာခဲ့သူတစ်ယောက်လို့သိရပါတယ် … ဒါပေမယ့် နဂိုအခံ မချမ်းသာသူမို့ ရတဲ့ လခနဲ့ ကိုယ်ပိုင်ကားတစ်စီးပိုင်ဖို့ဆိုတာကတော့ ဘယ်လိုမှ ဖြစ်နိုင်ခဲ့မှာ မဟုတ်ပါဘူးး … ဒီလိုနဲ့ တစ်ရက် သူ့ချစ်သူ ကောင်မလေး အိမ်ကို လိုက်သွားတဲ့အခါ .. ချစ်သူအိမ်မှာ ရှိတဲ့ကားကို ချစ်သူကောင်မလေးရဲ့ မိဘတွေက မောင်းခိုင်းတယ်တဲ့ … ကိုယ်ပိုင်ကားမရှိတဲ့သူအတွက် ကားမောင်းတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလို ကျွန်တော်ကားမမောင်းတက်ပါဘူးလို့ ချက်ချင်း ထုတ်ဖေါ် ဝံခံဖို့ မရဲခဲ့တဲ့ သူ့ရဲ့ အရှက်သည်းသည်း ခံစားချက် လေးကို ရေးမှတ်ထားတဲ့ ဒိုင်ယာရီလေးထဲမှာ ချွေးဒီးဒီးကျပြီး လက်သီးနှစ်ဖက် တင်းတင်းဆုပ်ရင်း ချက်ချင်းတောင် အငွေ့ လို ပျံသွားချင်ပါတယ်ဆိုတဲ့ လူရွယ်လေးတစ်ယောက်ရဲ့ ခံစားချက်အတွက် ရင်နင့်ရပါတယ်… ဒီနေ့မှာတော့ အဲဒီလူငယ်လေးလည်း သူဝါသနာ ပါတဲ့ ကျောင်းဆရာတစ်ယောက် မဟုတ်ခဲ့တော့သလို …. စီးပွားရေးလုပ်တဲ့ လူတစ်ယောက် ၊ ကားစီးနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ သူ့ဒိုင်ယာရီလေး ကို အဆုံးသတ်ခဲ့ပါတယ် …

၁၉၉ရ ခုနှစ်လောက်က ရေးခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်းလေး တစ်ခုထဲမှာတော့

ကိုအောင်မြင့်ဆိုတဲ့ စီးပွားရေးတကသိုလ်ကျောင်းဆင်း တစ်ယောက် ရင်ဖွင့်ထားတဲ့ ကားနဲ့ပါတ်သပ်တဲ့ အကြောင်းအရာလေးပါပဲ ….. သားတစ်ယောက် ကျောင်းက ဆုပေးပွဲ သွားတဲ့နေ့မှာ ကိုယ်ပိုင်ကားမရှိလို့ သားဖြစ်သူ အတွက် ခံစားချက်လေးကို ရေးဖွဲ့ထားခဲ့တာပါ .. ရန်ကုန်မြို့လို အပြိုင်အဆိုင်များတဲ့ နေရာမှာ ဆုပေးပွဲလို နေ့မျိုးမှာတော့ မိစုံဖစုံ သားသားနားနား သွားချင်ပေမယ့် .. လိုင်းကားစီးသွားရင်း လမ်းမှာ ဒုက ဖြစ်ရတဲ့အခါ တာဝန်ကျေတဲ့ သားအတွက် တာဝန်ကျေချင်ပေမယ့် တာဝန်မကျေနိုင်တဲ့ ဖခင်တစ်ယောက်ရဲ့ မိမိကိုယ်ကို အားမလိုအားမရမှတ်တမ်းလေးပါ … ဒါပေမယ့် သူလည်းမကြာခင်မှာပဲ … ဓါတ်ဆီဆိုင်တစ်ခုကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရင်း သူအရင်ဆုံး မဖြစ်မနေ ကားတစ်စီးရအောင် ကြံဆောင်ခဲ့တယ်လို့ သူ့ရဲ့ ဒိုင်ယာရီလေးကို အဆုံးသတ်ထားခဲ့ပါတယ် …

၂၀၀၇ ခုနှစ်လောက်က ရေးခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်းလေး မှာတော့

ချစ်သူ့ ဆီကို သူငယ်ချင်းတွေနဲ့ အလည်လိုက်သွားတဲ့ ကောင်လေးတစ်ယောက် …. ချစ်သူ့အိမ်က ကားကို မမောင်းတက် မောင်းတက်နဲ့ မောင်းရင်း အရှက်ရခဲ့ပုံ ကိုရေးမှတ်ထားတဲ့ ဇာတ်လမ်းလေးပါ ….. ကိုယ်ပိုင်ကားမရှိပေမယ့် အရေးကြုံတဲ့အခါ မောင်းလို့ရအောင် သင်တန်းတက်ထားတဲ့ ကောင်လေးဟာ ကားမောင်း ကျွမ်းကျင်လှတာတော့ မဟုတ်ပါဘူး … ဒါပေမယ့် ကားမမောင်းတက်ပါဘူး လို့ အများရှေ့မှာ ငြင်းရမှာ ရှက်လို့ ကားတက်မောင်းရင် ပြသနာတက်ပုံလေး … ဒီလို ပြသနာတွေ ကြိုဖြစ်မှာဆိုးလို့ ချစ်သူကောင်မလေးကို ကားမမောင်းခိုင်းဖို့ ကြိုတင်တောင်းပန်ထားပေမယ့် ချစ်သူကောင်မလေးရဲ့ ပညာသားပါပါ မိသားစုရှေ့မှာ အရှက် ခွဲလိုက်ပုံလေးကို ရေးမှတ်ထားတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဒိုင်ယာရီလေးပါပဲ …. အဲဒီဒိုင်ယာရီလေးကတော့ ခုတလောမှာ အစိုးရက ဖွင့်ပေးနေတဲ့ ကားပါမစ် လို့ခေါ်တဲ့ ကားတင်သွင်းခွင့်တွေကြောင့် လှလှပပလေး အဆုံးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိတာပါပဲ … လှလှပပလေး အဆုံးသတ်နိုင်ပါစေလို့လည်း ဆုတောင်းပေးမိပါတယ် …

တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်မှာ ခုနလို ရင်နင့်စရာ ဒိုင်ယာရီမှတ်တမ်းတွေ မရှိသင့်တော့ပါဘူး…. ဒိုင်ယာရီတွေထဲမှာ ပျော်ရွှင်စရာတွေသာ မှတ်တမ်းထားသင့်တော့ပါတယ် .. ထားလည်းထားနိုင်ပါစေလို့ပဲ ဆနပြုဆုတောင်းမိပါတော့တယ် …..

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

Friday, 6 January 2012

ငြိမ်းချမ်းတဲ့နေ့

အချိန်ဆိုတာ အကောင်းဆုံး သမားတော်ပါပဲ ဆိုတဲ့ စကားကို ဟိုးငယ်ငယ်လေးကတည်းက ကြားဖူးခဲ့ပေမယ့် ကိုယ်တိုင်မကြုံခဲ့ဘူးလေတော့ ဘယ်လောက် အသုံးကျမှန်ကန်တဲ့စကားလည်းဆိုတာ သဘော မပေါက်ခဲ့မိဘူး….. တကယ်လက်တွေ့ကျကျ ကြုံဖူးတော့မှပဲ ဒါဟာသိပ်ကို မှန်တဲ့ အမှန်တရားရယ်လို့ နားလည် လက်ခံလာမိပါတယ်… လောဘတွေ ၊ မာနတွေ ၊ အနိုင်ယူလိုစိတ်တွေ ၊ တကိုယ်ကောင်းစိတ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူအ၀န်းအ၀ိုင်းမှာ နေ့စဉ်နေ့တိုင်း အဆင်ပြေမှုတွေ ကိုပဲ ကြုံ တွေ့ နေရတယ်ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး…

တခါတလေ စိတ်ညစ်စရာတွေ ကြုံရမယ် ..တခါတလေ ၀မ်းနည်းစရာတွေ ကြုံရမယ် .. တခါတလေ တစ်ဘ၀စာ လက်တွဲပါမယ်လို့ ရည်ရွယ်ထားပေမယ့် လမ်းခွဲရတာတွေလည်း ကြုံရနိုင်တာပါပဲ.. ဒါဟာ လူ့ဘ၀ရဲ့ အချဉ်အခါး ခပ်စူးစူး အရသာ တစ်မျိုးပေပဲပေါ့… အဲဒီအခါ အချို့က ငိုကြတယ် .. အချို့ကတော့ လွမ်းကြတယ် … အချို့ကတော့ ဆွေးကြတယ်… အချို့က အရက်တွေ သောက်တယ် .. အချို့က အလုပ်တွေ ပျက်တယ် … အချို့က လောကကြီးကို စိတ်နာတယ်လို့ မြည်တမ်းတယ်… အချို့ကတော့ ကိုယ်အရင်က အသည်းနင့်အောင် ချစ်ခဲ့ပါတယ် ဆိုတဲ့ သူတွေကို ကျိန်ဆဲတယ် … ဒါတွေဟာ တကယ့် ပြသနာ ဖြေရှင်းနည်းတွေတော့ မဟုတ်ခဲ့ပါဘူး ….

ကိုယ်ငိုလို့လည်း သူပြန်လာတော့မှာမှ မဟုတ်တာ … ငိုလွမ်းလို့လည်း သူပြန်လွမ်းမှာမှ မဟုတ်တော့တာ .. ကိုယ်ဆွေးလို့လည်း သူနဲ့ ပြန်လည်နွေးထွေးလာမှာမှ မဟုတ်တော့တာ… ကိုယ်အရက်သောက်တော့ ကိုယ်ဇိုးသမားဖြစ်မယ်…ကိုယ်အလုပ်ပျက်တော့ ကိုယ်ထမင်းငတ်မယ်.. ကိုယ်က လောကကြီးကို စိတ်နာတော့ ကိုယ့်အတွေးတွေ နာမယ်.. ကိုယ်ကျိန်ဆဲတော့ရော ကိုယ်သာပူလောင်ပြင်းပြရမှာပေါ့… ကိုယ်အလုပ်သင့်ဆုံး အရာကတော့ ထားရှိခဲ့ဖူးတဲ့ မေတာမပျက်ဆက်လက် ချစ်ခင်သွားဖို့ ဆိုတာပါပဲ .. ဒီလိုပဲ ကိုယ်လုပ့်သင့်တဲ့ လုပ်စရာရှိတဲ့ အရာကိုလည်း ဆက်လက်အကောင်အထည်ဖေါ်သွားဖို့ပါပဲ … မတည်မြဲတဲ့ လောက၀ဲမှာ ပူလောင် မှုတွေကို အသစ်မဖန်တီးတော့ပဲ တက်နိုင်သမျှငြိမ်းအေးစေဖို့ပဲ ကြိုးစားသင့်ပါတယ်…

ငယ်ငယ်တုန်းက ဆရာမ ဂျူးရဲ့ “ လိပ်ပြာဖမ်းသူများ” ကို သဘောကျခဲ့မိပေမယ့် အခုတော့ လိပ်ပြာ ဖမ်းခဲ့သူတွေ ကို မတွေ့ချင်တော့တာ အမှန်ပဲ…ပူလောင်လှတဲ့ ခဏတာ လူ့ဘ၀လေးမှာ ဘာအတွက် ရယ်နဲ့များ လိပ်ပြာဖမ်းချင်ကြတာတုန်း …. ဆင်လိပ်ပြာမို့ ပိုလှသယောင်ထင်ရပေမယ့် လိပ်ပြာအမျိုးဝင် ပုစဉ်း ဆိုတာလည်း သူ့အစွမ်းနဲ့ သူပါပဲ …. ငါးစိမ်းမြင်ရင် ငါးကင်ပြစ်တဲ့ ဆိုတဲ့ စကားပုံက အသစ်မြင်လို့ အဟောင်းမေ့တယ်ဆိုတဲ့ လိပ်ပြာဖမ်းသူတွေအတွက်ပဲလေ…. ဒါဟာ သိပ်ကောင်းတဲ့ ဂုဏ်ပုဒ်တစ်ခုတော့ မဟုတ်ပါဘူး… လောကမှာ မလိမ်သင့်တဲ့အရာဟာ နှလုံးသားလို့ ခံစားနားလည်လာတဲ့အချိန်မှာတော့ ကိုယ့်ဘ၀ လုံခြုံမှုအတွက် အသုံးမချသင့်တဲ့ အရာဟာ လူသားပါလားရယ် သဘောပေါက်လာခဲ့တယ် … ဒါပေမယ့် ခုချိန်ထိတော့ လိပ်ပြာဖမ်းသူတွေ ရှိနေသေးသလို …. ကိုယ့်ဘ၀လုံခြုံမှုအတွက် လိမ်လည် ဟန်ဆောင်မှုတွေလည်း ဆက်ပြီး ဖြစ်ပွားနေသေးတယ် … ဒါတွေ ရပ်တဲ့နေ့က ကမာကြီး ငြိမ်းချမ်းတဲ့နေ့ဖြစ်လိမ့်မယ် …….

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

Wednesday, 25 May 2011

သူမ နဲ့ ကျွန်တော်

အချိန်တော်တော်ကြာ ပိတ်ထားတဲ့ ပြတင်းတံခါးကို မထင်မှတ်ပဲ လှပ်ကနဲဖွင့်လိုက်သလို အလင်းတွေက အတားအဆီးမဲ့ ဒလဟော ၀င်လာခဲ့လို့ ကျွန်တော့်မျက်လုံးတွေ ပြာဝေသွားခဲ့တာ မမေ့နိုင်တဲ့ ကျောင်း တက်ရက်တွေ ထဲက တစ်ရက်မှာပေါ့ …….

အမြဲတမ်း ကျောင်းကို နောက်ကျပြီးမှရောက်တဲ့ ကျွန်တော့်အတွက် လက်ဝဲဖက်ဝင်ပေါက်ဘေးက ထောင့်ဆုံး ခုံလေးဟာ ကျွန်တော့်အပိုင်နေရာတစ်ခု ဖြစ်လာခဲ့ပါတယ် .. အဲဒီနေရာလေးကလည်း အတန်းဖေါ် အစ်မကြီး တစ်ယောက်ရဲ့ စာနာနားလည်မှုနဲ့ ဦးပေးထားလို့ ရနေတဲ့ နေရာလေးပါ ….. တကယ်လို့ အဲဒီအစ်မ ကြီးသာ ဦးပေးမထားဘူးဆိုရင် ဟိုးနောက်ဖက် ချောင်ကျကျ နေရာတစ်ခုမှာ သော်လည်းကောင်း ဆရာ့ရှေ့တည့်တည့် ရှေ့ဆုံးတန်းမှာ ခေါင်းမော့ပြီး သော်လည်းကောင်း ကျွန်တော် ထိုင်ရမှာ သေချာပါတယ် …. အခုတော့ အစ်မကြီးကျေးဇူးနဲ့ သတ်သတ်မှတ်မှတ် နေရာလေးတစ်ခု ကံကောင်းစွာ ရခဲ့ပါတယ် … အဲဒီနေရာလေး ကျေးဇူးကြောင့်ပဲ ရပ်ဆိုင်းနေတာ အတော်ကြာပြီဖြစ်တဲ့ ကျွန်တော့် ရင်ခုန်သံတွေကို ပြန်လည် သံပတ်ပေးသလို နိုးထလာစေခဲ့တာပါ …..

အလယ်တန်းက လူ ၁၀ ယောက်လောက်ထိုင်လို့ ရပြိး စုစုပေါင်း ၇ တန်းလောက်ရှိမယ် .. အဲဒီ အလယ်တန်း ရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီမှာ မှ ဘေးတစ်စောင်းနဲ့ နံရံကို ကျောပေးပြိး ထိုင်ရတဲ့ မျက်နှာချင်းဆိုင် ၂ တန်းထက်ရှိတယ် … ဒါ့ကြောင့် မျက်နှာချင်းဆိုင် ကျွန်တော်တို့လိုပဲ နံရံကို ကျောပေးထားတဲ့ အခြားတစ်တန်းကို လှမ်းမြင်နေရတာပေါ့ … တခါတလေတော့လည်း ဇက်လည်ပြိး တစ်စောင်း ကြည့်နေရတဲ့ စိတ်မ၀င်စားတဲ့ ဆရာ့ပရိုဂျက်တာကြီးထက် ဇက်လည်စရာမလိုတဲ့ မျက်နှာချင်း ဆိုင်အတန်းကို ကြည့်ရင်း မျက်လုံးကစားမိတာ ကျွန်တော့်အပြစ်တော့ မဟုတ်ပါဘူးနော် …. အဲဒီမှာ စတွေ့ တော့တာပါပဲ …..

တကယ်လို့ သူမကို လှတယ် လို့ တစ်ယောက်ယောက်က သွားပြောရင် သူမက ဟက်ဟက်ပတ်ပတ် ရယ်မော နေမှာ အမှန်ပါပဲ … ဘာလို့လည်းဆိုတော့ သူမက သူမလှတယ် ဆိုတာကို သတိထားမိတဲ့ပုံမပေါ်သလို အဲဒီလို အလှအပေါ်မှာလည်း ယစ်မူးသာယာနေတဲ့ သာမာန် မိန်းမတစ်ယေက် ပုံပေါက်မနေလို့ပါပဲ …….. ဘယ်တော့မှ မျက်နှာမှာ ဘာမှလိမ်းမထားတဲ့ သူမက ရောင်စုံမျက်နှာနဲ့ အတန်းဖေါ် တစ်ယောက်ရဲ့မျက်နှာထက် ပိုမိုဝင်းပ နေတယ်ဆိုတာကို စတွေ့ကတည်းက သတိထားခဲ့ မိပါတယ် … မြင်လိုက်ရတဲ့သူတွေကို ရင်ထဲကို အေးမြသွားစေမယ့် သူမကို မြင်လိုက်တိုင်း တကယ်ကို အေးချမ်းမှုကို ခံစားရတာတော့ ဘာသာ ပြန်ဖို့ခက်တဲ့ စာတစ်ကြောင်းသာဖြစ်ပါလိမ့်မယ်…..

ကျွန်တော်က Nokia 5610 အစုတ်ကလေးနဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ သူမကတော့ Iphone အဖြူရောင်လေးနဲ့ အမြဲတမ်း ခေါင်းမမော့တမ်း အလုပ်ရှုပ်နေတာ သတိထားမိခဲ့ပါတယ် … တခါတလေတော့ သူမ ဘာတွေများလုပ်နေပါလိမ့်လို့ ယောင်္ကျားကြီးတန်မယ့် စပ်စုချင်ပေမယ့် သူမနဲ့ကျွန်တော် သိတောင် မသိကြသေးတာဆိုတော့ ဘယ်လိုများ သွားပြိး စပ်စုပါ့မလဲနော် …. ဒါပေမယ့် ကံတရားက ကျွန်တော့်ကို နည်းနည်းလေးတော့ မျက်နှာသာပေးခဲ့တယ်လေ … အဲဒါကတော့ ခုနကျွန်တော့် အတန်းဖေါ် အစ်မကြီးနဲ့ သူမနဲ့က အရင်အတန်းတုန်းက အတန်းဖေါ် တွေဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ တွေ့ရှိချက်က ကျွန်တော်နဲ့ သူမရဲ့ ပတ်သပ်မှု ကို သက်သေပြနိုင်မယ့် အခြေခံ ပြည့်စုံ ခိုင်မာမှု တစ်ချက်ဖြစ်လာခဲ့တယ်လေ … တခါတခါတော့လည်း ကံတရားက ချစ်စရာကောင်းသား နော်….

နောက်ထပ် အဲဒီ အခြေခံ ပြည့်စုံမှုကို ထပ်မံပြီး မီလောင်ရာလေပင့်ပေးခဲ့တာက ဆရာရဲ့ အဖွဲ့လိုက် Presentation ပါတဲ့ Group Project လုပ်ရမယ်ဆိုတဲ့ ကြေငြာချက်ပါပဲ … ကြားလိုက်ချင်ကြားလိုက်ချင်း ဆရာ့ကို တော်တော် အမြင်ကပ်သွားမိပြိး တော်တော် စိတ်အနှောက်အယှက် ဖြစ်မိပေမယ့် နောက်တော့ လည်း အဲဒီဆရာကိုပဲ အဲဒီ ပရောဂျက် လုပ်ဖို့ ဆော်သြခဲ့တဲ့အတွက် ကျေးဇူးတွေ တစ်လှေကြီး တင်ခဲ့မိပါတယ် …. တော်တော်ကို ချစ်စရာကောင်းတဲ့ အတန်းဖေါ်အစ်မကြီးက ဘာမပြောညာမပြောနဲ့ ဆက်ကနဲ့ အတန်းပြိးတာနဲ့ သူမကို သွားပြိးစကားပြောတာတော့ မြင်လိုက်မိပါတယ် .. နောက် သူမက ပြုံးပြိး စကားတွေပြန်ပြောနေတာမြင်ရသလို .. တောက်ပလင်းလက်တဲ့ ..တခါမှ မဆုံဖူးတဲ့ အရည်လဲ့နေတဲ့ မျက်ဝန်းအကြည့်ကို သူမရဲ့ အနက်ရောင် ကိုင်းတပ်ထားတဲ့ မျက်မှန်တွင်းကနေတဆင့် ဖျတ်ကနဲ့ အကြည့်ချင်း ဆုံဖြစ်ခဲ့ပါတယ် .. နှုတ်ခမ်းလေးတွန့်တယ် ဆိုသလို ပြုံးသယောင်ယောင်ပြုံးပြလာတဲ့ သူမကို ဘယ်လိုပြန်ပြုံးပြရမလဲ မသိအောင်ကို တခဏတော့ ဆွံအ သွားခဲ့မိပါတယ် … ကျွန်တော့်ကို သူမက အဲဒီလို ပြုံးပြခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့် မထားခဲ့မိဘူးလေ ….

အစ်မကြီးက ၀မ်းသာအားရနဲ့ ပြန်လာပြိး အဖွဲလိုက် ပရေဂျက်လုပ်ဖို့ အဆင်ပြေတဲ့အကြောင်းနဲ့ သူမက လိုလိုချင်ချင် အတူလုပ်ဖို့ လက်ခံလိုက်တဲ့အကြောင်းပြောလာတဲ့အခါမှာပေါ့ …. ၀ုန်းကနဲ့ ထခုန်လိုက်ချင်ပေမယ့် ခပ်နိမ့်နိမ့် ပျံမိုးလေးတွေနဲ့ စာသင်ခန်းအထွက် လျှောက်လမ်းထဲမှာမို့ အိနြေရေ ဆောင်ရင်း ပြုံးဖြီးဖြီး ကြီးလုပ်နေမိတာကိုတော့ ဘယ်သူမှ မြင်မယ်မထင်ပါဘူးလေ ….

အဲဒီနေ့ကစပြီး ကျွန်တော့်ရဲ့ စာသင်ရက်တွေ ပိုပြိး ပျော်ရွှင်စရာကောင်းလာခဲ့သလို … ကျောင်းကြီးကလည်း ပိုပြိး လှလာသလိုပဲ … အရင်တုန်းက အမြဲတမ်းပြေးရင်း လျွှားရင်း အချိန်မှီအောင် သွားရတဲ့ ကျောင်းတက်ရက်နှစ်ရက်ကို မုန်းမိပေမယ့် အခုတော့ တစ်ပတ်ကို ၇ ရက်လောက်တောင် ပြေးသွားနေချင်မိပါတော့တယ် .. ဒါပေမယ့် အသက်ခပ်ကြီးကြိး လူကြိးတစ်ယောက်ဆိုတော့လည်း အိနြေရေ အပြည့်နဲ့ အပျော်တွေကို ဖုံးဖိထားရင် ဘယ်သူမှ မမြင်အောင် ပြုံးဖြီးဖြီးကြီးပဲ လုပ်နေရတော့ တာပေါ့ … အလုပ်ထဲမှာ အင်မတန်စိတ်တိုတက်တဲ့ လူပျိုကြီးတစ်ယောက် ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောတွေ လွတ်ကောင်းနေ တော့ ဘေးလူတွေ ကတော့ သို့လောသို့လော တွေ့မိနေမလား မသိတော့ပါဘူး …. တက်နိုင်ဘူးလေ… အဲဒီလို မပြုံးမပျော်ရတာ နှစ်တွေ ကြာခဲ့ပြိ မဟုတ်လား …..

မောမောပန်းပန်း အလုပ်ကပြန်လာပေမယ့် စာတွေပြန်ဖတ်ရတာ အမော … သူမ သိသလောက်မှ ကိုယ်မသိရင် ရှက်စရာကြီး … သူမအထင်သေးမှာလည်း ကြောက်တော့ ဖတ်လိုက်ရတဲ့ စာတွေ … နောက်ဆုံး Youtube တောင်မလွတ်အောင် သက်ဆိုင်ရာ ဘာသာရပ် ပါတဲ့ ဗီဒီယိုဖိုင်တွေလိုက်ကြည့်ရတာ ည နာရီပြန် ၂ ချက် ၃ ချက်ထိုးတဲ့အထိပေါ့ … ဒီလိုနဲ့ စာသင်ပြိးလေတိုင်း ပရောဂျက်အကြောင်းပြပြိး စကားတွေ ပြောရတာ … တစ်ပတ်မှာ တစ်ရက်ပဲ နားရတဲ့ တနင်္ဂနွေလေးကို မနားနိုင်ပဲ ကျောင်းကိုပြေးပြိး ပရောဂျက်ရတာတွေဟာ ပင်ပန်းပေမယ့် တကယ်ကို ပျော်ရွှင်စေခဲ့တယ်ဆိုတာ ဘာသာ အသိဆုံးပါပဲ … လူလည်းတော်တော်ကို ပင်ပန်းခဲ့ပါတယ် … ညည့်နက်အောင် စာတွေဖတ် .. အလုပ်ကိုသွား .. ကျောင်းကိုပြေး …. တနင်္ဂနွေတောင် တစ်ရက်မှမနားဖြစ်တော့ပဲ … အ၀တ်လျှော်မီးပူတိုက်တယ် ဆိုတာလည်း သုတ်သုတ်သာ လုပ်ဖြစ်ပါတော့တယ် …

ကော်ဖီကြိုက်တဲ့ကျွန်တော်က အတန်း တက်တိုင်း ကော်ဖီခွက်လေး နေ့တိုင်းစွဲပြိး စာသင်နေရင်း သောက်တက်ပါတယ် … သူကလည်း ကျွန်တော်တိုက်တဲ့ ကော်ဖီကို မငြင်းလေတော့ ကော်ဖီ ၀ယ်ရတာလည်း အလုပ်တစ်ခု ဖြစ်လာခဲ့ပါတယ် … အရင်က ကျွန်တော်ရယ် အတန်းဖေါ်အစ်မကြီးရယ် အတွက် ၂ ခွက်သာ ၀ယ်ရပေမယ့် အခုတော့ သူမအတွက်ပါ ၃ ခွက် သယ်ရပေမယ့် ကျွန်တော်ပျော်ပါတယ် … ကိုယ့်တာဝန်သာ ကိုယ်ယူတက်တဲ့ တိုင်းပြည်မှာ အခြားလူတွေအတွက်ပါ ကော်ဖီခွက်တွေ တို့လို့တွဲလောင်းနဲ့ ကျွန်တော့်ကို အထူးအဆန်းလို ကွက်ကြည့်ကွက်ကြည့် လုပ်တဲ့ အခြား ကျောင်းသွားဖေါ်တွေကို တခါတလေ နည်းနည်း ရှက်သလိုဖြစ်မိပေမယ့် တကယ်ကို ပျော်ရွှင် ကြည်နူး ခဲ့ရပါတယ် ……

အတန်းထဲမှာ ပရောဂျက်အတွက် နောက်ဆုံး Presentation လုပ်မယ်ဆိုတဲ့နေ့ကတော့ မဆီမဆိုင် အလုပ်က ခွင့်တောင်ယူခဲ့ပါသေးတယ် …. ဟုတ်တယ်လေ ပွဲမ၀င်အပြင်ကကျင့်ဆိုသလို … ဇာတ်တိုက်ရအုံးမှာကိုး ….. အင်မတန်မှာ စနစ်ကျတဲ့သူက စကားအ၀င်အထွက် ဟန်ပန်အမူအရာကအစ သေချာလေ့ကျင့်ထားသလို လက်ထဲမှာ ချရေးထားတဲ့ စာရွက်လေးနဲ့ပေါ့ …. အင်မတန်မှ ဆွဲဆောင်မှုရှိတဲ့ သူမကို ငေးနေမိရင် ကျွန်တော်ပြောရမယ့် စကားတွေကို မေ့နေလို့ မနည်း ပြန်အစဖေါ်ရင် ဆောရီးနော်လို့ သူ့ကို တောင်းပန်လိုက်ရသေးတယ် … သူမကလည်း ရှက်ပြုံးလေးပြုံးရင်း Nevermine လို့ မပွင့်တပွင့်လေးပြောရင် ခေါင်းလေးငုံးသွားတော့ ကိုယ့်မှာ လည်ချောင်းတွေ ပူပြိး ရေတွေငတ်သလို တံတွေးတွေ အတင်းမြိုချလိုက်ရတယ် လေ …. ဒါတွေ တကယ်ဖြစ်ခဲ့တာပါ …..

ကိုယ်ပြောတာကို ပြုံးပြိး ကြည့်နေတဲ့ သူ့အကြည့်ကြောင့် ကိုယ့်အသံတွေ ပိုကျယ်လောင်လာခဲ့သလို … ယုံကြည်မှုတွေ လည်း ပိုပြည့်လာခဲ့သလိုပဲလေ… ကိုယ့်အလှည့်ကို ဘယ်လိုပြီးသွားလည်း မသိအောင်ကို စွမ်းအားတွေ အပြည့်ပေးခဲ့တယ့် … သူ့အကြည့်တစ်ချက်အောက်မှာပေါ့ …. နောက်တော့ ဘယ်လိုနေလဲ လို့ မေးကြည့်တဲ့အခါ …. Ko Ko , You are good တဲ့လေ ….. ၀ါး… ပျော်ရွှင်လိုက်သည့်ဖြစ်ချင်းဗျာ ….

ဒီလိုနေ့ တကယ့်နေ့မှာတော့ ဘာမှ ထူးထူးခြားခြား ၀တ်မထားပဲ လှနေတဲ့ သူမက အနက်ရောင် ၀မ်းဆက်ကို အချိုးကျလှပနေခဲ့ပါတယ် … ဘယ်တုန်းကမှာ မျက်နှာမှာ ဘာမှ မတင်တဲ့ သူမ အဲဒီနေ့က နှုတ်ခမ်းလေးရဲနေသလို ပါလေးတွေလည်း နည်းနည်းလေး မှုန်နေအောင် မသိမသာလေး ပြင်လာခဲ့တာ အနီးကပ်ကြည့်တဲ့ ကျွန်တော်ပဲ သတိထားခဲ့မိမယ်ထင်ပါတယ် … ဒါပေမယ့် သူမ လိမ်းထားတော့လည်း လှနေတာပါပဲ … တကယ်လို့ အမေသာ သူမကို တွေ့ရင် ကိုရီးယားမင်းသမီးလေး အွန်စောနဲ့ တူတယ်နော် သားရဲ့လို့ ပြောအုံးမှာ အသေအချာပါပဲ …. ဆံပင်လေးကိုး ဒိတိုင်း ကပိုကရိုလေးသိမ်းပြိးး နောက်ဖက်မှာ သေးသေးလေး ထုံးထားတဲ့ သူမက အရပ်အရမ်းမမြင့်ပေမယ့် အဲဒီနေ့ကတော့ တော်တော်မြင့်တဲ့ ဒေါက်ဖိနိပ်လေးကြောင့် ကျွန်တော့် ပခုံးလောက်နီးနိး မြင့်နေခဲ့တာ သတိပြုမိခဲ့တယ် …..

ကျောင်းပြိးသွားလို့ အပြန်ရောက်တော့ မင်းကို ကျေးဇူးတင်ပါတယ်နော် လို့ မတ်ဆေ့လေးပို့လိုက်တော့ Ko Ko , you are the best among us တဲ့လေ .. ပျော်လိုက်သည့် ဖြစ်ချင်း .. ချက်ချင်းတောင် ကားပေါ်မှာ ထခုန်လိုက်ချင်တယ် … ဘယ်လောက်များ ရင်ခုန်စရာကောင်းလိုက်သလဲနော် .. တကယ် မဟုတ်မှန်းတော့ သိပေမယ့် …သူ့ဆီက အဲဒီစကားကြားရတာ … ၂.၂ မီလျှံ ထီပေါက်သလောက်ကို ၀မ်းသာမိခဲ့တယ် ဆိုရင် အပြစ်များဖွဲ့ကြလေအုံးမလားဘဲ … လွန်မယ်တော့ ထင်ပါဘူးလေ… ဒါသဘာဝပဲ မဟုတ်ဘူးလား … ကွယ်ရာမှာတော့ လူပျိုကြိး ကြီးမှ ၀က်သက်ပေါက်တယ် ရယ်လို့တော့ စကားအတင်း မဆိုကြပါနဲ့နော် … ဒါတကယ်ဖြစ်ခဲ့တာပါ …..

အမြဲတမ်း မျက်နှာသာပေးချင်းမခံရတဲ့ ကံတ၇ားက ထုံးစံအတိုင်းပဲ … ကျွန်တော့်ရဲ့ပျော်ရွှင်မှုကို တခန်းရပ်စေခဲ့တယ်လေ …. နောက်တစ်ပတ် ကျောင်းတက်တဲ့အချိန်မှာ သူ့ဘေးမှာရောက်နေတဲ့ အိမ်ရှင်နိုင်ငံသား အတန်းဖေါ်ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရတဲ့ ခဏမှာ ကျွန်တော့် မျှော်လင့်ချက်တွေ အဖျက်အဆီးခံလိုက်ရသလိုပါပဲ … ပုံမှန်အတိုင်း ကော်ဖီလေးတစ်ခွက်သွားပေးခဲ့ မိပေမယ့် ဟက်ဟက်ပတ်ပတ် သိပ်မရှိတဲ့ သူမကို သူ့ဘေးက တစ်ယောက်ကြောင့်များလားရယ်လို့ သ၀န်တိုခဲ့မိသေးတယ် ….ဆရာစာသင်ထာထက် သူမကို တစ်ချိန်လုံးကြည့်နေမိတဲ့ ကျွန်တော် သူမ ကော်ဖီ မသောက်တာ သတိထားခဲ့မိပေမယ့် … အတန်းပြိးလို့ အားလုံးပြန်သွားတဲ့အချိန်မှာ .. အတန်းရှေ့က အမှိုက်ပုံးထဲကို မွှေနှောက်ပြိး သူမ သောက်မသောက် သွားပြိး အတည်ပြုခဲ့မိသေးတယ် .. ကျွန်တော့် ကော်ဖီတွေက တခါသုံးခွက် ဗူးလေးထဲမှာ ဒီတိုင်းပဲလေ …. အရာရာဟာေ၀၀ါးပြိး ဦးတည်ချက် မဲ့သွားတဲ့ ခြေလှမ်းတွေကြောင့် အဲဒီညက ဘယ်အချိန်မှာ အိမ်ပြန်ရောက်သွားမှန်း မသိခဲ့ပေမယ့် … ခံစားနေဖို့ အချိန်မရှိရှာတဲ့ ကျွန်တော် နောက်တစ်ရက်မှာတော့ သူမကို မေ့ဖို့ စတင်ပြိး ကြိုးစားခဲ့ရတော့တာပါပဲ …. သူမသိပ်ရက်စက်တယ်လို့ မပြောချင်ပါဘူး .. တကယ်တော့ သူမ ရက်စက်တယ် လို့ မပြောရက်ခဲ့ပါဘူး … ကံအကြောင်းမလှတဲ့ ကိုယ့်ဘ၀ကို ပြန်လည်ပြုပြင်ဖာထေးဖို့ ကြိုးစားခဲ့ရပြန်ပါတယ် … ၁၀ နှစ်လောက်ကြာမှာ တခါသာ ပွင့်တဲ့ ကျွန်တော့် ရင်ထဲက အချစ်ပန်းလေး ဘယ်တော့များ ပြန်ပြိး ပွင့်လာပါအုံးမလဲနော် …..

သူမကို အဲဒီ အိမ်ရှင်နိုင်ငံသားနဲ့ပဲ ကျောင်းမှာ တတွဲတွဲ တွေ့ခဲ့ရသလို စာမေးပွဲနောက်ဆုံးနေ့က နှုတ်ဆက်ချင်ခဲ့ပေမယ့် သူမနဲ့ အဲဒီလူ ကို တူတူ တွဲပြိး တွေ့ခဲ့ရတာမို့ မသိသလိုသာ တိတ်တိတ်လေး ဆရာ့ကို နှုတ်ဆက်ပြိး ကျောခိုင်းခဲ့ပါတယ် …. သူမ ကို ထပ်တော့တွေ့ချင်မိပါသေးတယ်လေ ….. ဖြစ်ချင်တော့ အမှတ်မထင် ဖေ့ဘွတ်စာမျက်နှာတွေပေါ်မှာ သူမ အကောင့်ကိုရော အဲဒိ အိမ်ရှင် နိုင်ငံသား အကောင့်ကိုပါ သီခြားတွေ့ခဲ့ရပါတယ် … သူမ ရဲ့ Wall ကို ကြည့်လို့မရပေမယ့် .. အဲဒီ အခြားတစ်ယောက်ရဲ့ Wall ကို ကြည့်လို့ရတာမို့ သူမကို သတိရမိတိုင်း သူမတို့ရဲ့ ဆက်သွယ်မှုတွေများတွေ့ရမလားရယ်လို့ အမြဲတမ်း ၀င်ကြည့်နေခဲ့မိပါတယ် …. ဒါပေမယ့် သူမနဲ့ သူတို့ရဲ့ ဆက်သွယ်မှု သဲလွန်စလေးတစ်ခုကိုတောင် ဒီနေ့ထိတော့မတွေ့သေးပါဘူး … သိုသိုသိပ်သိပ် နေတက်တဲ့ သူမက လူတွေမသိစေချင်တာလား ဒါမှမဟုတ် သူမတို့ဟာ ကျွန်တော့် ကို အမြင်လွဲမှားစေဖို့ တမင်တွဲပြခဲ့တာလား … ကိုယ်တိုင်လည်း ယနေ့အထိ ဇဝေဇ၀ါ ဖြစ်နေရဆဲပါပဲ …. သူမ ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေက သူမမှာ ရည်းစားမရှိဘူးလို့ ပြောလာတဲ့အခါ ပိုပြိး နားလည်ရခက်ခဲ့ပေမယ့် …. နည်းနည်းလေး မာနကြီးတဲ့ ကျွန်တော်ကတော့ သူမ ကျွန်တော့်ကို မလိုချင်လို့ တမင် လုပ်ခဲ့လေသလားရယ် တွေးမိပြိး နောက်ထပ်ဆက်သွယ်ဖို့ မကြိုးစားခဲ့မိတော့ဘူး … ဒါပေမယ့် သေချာတာကတော့ သူမကို သတိယ လွမ်းဆွတ်နေဆဲဆိုတာရယ် သူမသတင်းသဲ့သဲ့လေးကို ကြားရဖို့ ခပ်လှမ်းလှမ်းက မျှော်ကြည့် နေမိဆဲဆိုတာကို တကယ်လို့ သာ ကျွန်တော် ရိုက်တဲ့ မြန်မာ ဖောင့်ကို သူမ ဖတ်တက်တဲ့အခါ သူမနားလည်နိုင်မှာပါ …. ဒီနှစ်ကုန်လောက် ထိမှ သူတို့ နှစ်ယောက်ရဲ့ ဆက်သွယ်မှုကို မတွေ့ရရင်တော့ သူမကို ပြန်ပြိး ဆက်သွယ်မိလေမလားပဲ …. အခုထိတော့ ဖေ့ဘွတ်ကို စောင့်ကြည့်နေဆဲ

ဝန်ခံချက် ၊၊ ၊၊ စိတ်ကူးပုံရိပ်များအား ဇာတ်လမ်းသဖွယ် ရေးဖွဲ့ခြင်းသာဖြစ်ပြိး တကယ့်ဖြစ်ရပ် မဟုတ်ပါကြောင်း ရဲရဲကြီး ၀န်ခံပါသည် P ၊၊

Tuesday, 1 March 2011

Getting One Year Old Again


Age is a high price to pay for maturity.....

No wise man ever wished to be younger....

Anyway I am getting one year old again.......




အခုလိုနေ့မျိုးကို ရောက်တိုင်း စူးစူးရှရှ သတိယမိတာကတော့ အဖေအမေနဲ့မိသားစုကိုပါပဲ ....

နောက် ရခဲလှတဲ့ လူ့ဘ၀ကို အင်္ဂါ စုံစွာ ပြည့်စုံစွာနဲ့ ရခွင့်ပေးခဲ့တဲ့ အဖေနဲ့အမေကို ကျေးဇူးတင်တယ် .......

ဒီနေ့အထိ ရပ်တည် ရှင်သန်ခွင့်ပေးခဲ့တဲ့ ကံတရားနဲ့ သူငယ်ချင်းတွေ အားလုံးကို လည်း ကျေးဇူးတင်နေမိတယ် .........

တကယ်တော့ အဲဒီ သူငယ်ချင်းတွေ နဲ့ မိသားစု ကသာ ဖေးမ ၊ မကူညီခဲ့ဘူးဆိုရင် အမှောင်ဆုံးကာလတွေမှာ တ၀ဲလည်လည် ဖြစ်နေရအုံးမှာ ...

ကိုယ်ကိုတိုင်လည်း ပျော်ချင်သလို ၊ လူတိုင်းကိုလည်း ပျော်စေချင်တယ် ......

အားလုံးပျော်ရွှင်စရာ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ

မြန်မာပြည်ကြီးလည်း အမြန်ဆုံး တိုးတက်ပြိး အားလုံး လည်းပြည်တော် ပြန်နိုင်ကြပါစေ .............

မွေးနေ့အမှတ်တယ

မောင်မင်းအိမ်






Monday, 27 December 2010

ဝါသနာ ဗီဇ နဲ့ အားထုတ်မှု

တခါတလေ မှာ ထပ်တူကျတက်ပေမယ့် တခါတလေမှာတော့ တက်တက်စင်အောင် လွဲတက်ပါတယ် ၊၊ ဒါပေမယ့် ကိုယ်ရောက်တဲ့ နေရာမှာ ကျ၇ာ ဇာတ်ရုပ်မှာ ပီပြင်အောင် သရုပ်ဆောင်တက်ရင်တော့ ထူးထူးချွန်ချွန် အကယ်ဒမီ မရရင်တောင်မှ ပရိတ်သတ် ရဲ့ အသိအမှတ် ပြုမှုကို တော့ ရတက်ပါတယ် .....

ရုပ်ရှင်မင်းသမီးကြီး ၀ါဝါ၀င်းရွှေက ငွေအတွက် ရုပ်ရှင်ရိုက်ခဲ့တာပေမယ့် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို .... စိုးမြတ်သူဇာ ဆိုတဲ့ မင်းသမိးလည်း ထို့အတူပါပဲ ......

ကိုယ်ဖြစ်ချင်တာက ဆရာဝန်ပေမယ့် .... အဆင်မသင့်သူတွေက စီးပွားရေး လုပ်ရင်း ကိုယ့်ရဲ့ အောင် မြင်မှုကို ရယူသွားတက်ကြပါတယ်

ဒါကိုတော့ ကိုယ်ရည်ကိုယ်သွေးလို့ပဲ ဆို၇ပါမယ် ......

၁၀ တန်းတုန်းက ဆရာတစ်ယောက်က ဆရာဝန်ဖြစ်ချင်ခဲ့ပေမယ့် ..... အဆင်မပြေတော့ ကျူရှင်ဆရာ ဘ၀နဲ့ ကျွန်တော်တို့ ဒေသမှာတော့ အတော်ကို အောင်မြင်ခဲ့ပါတယ် ....

လူတော်တွေက ဘယ်နေရာရောက်ရောက် အောင်မြင်အောင် ကြိုးစားကြတယ်လို့ပဲ မှတ်ယူမိပါတယ် ....

တကယ်လို့ သူတို့ လုပ်ချင်တာ ၊ ၀ါသနာပါတာကိုသာ လုပ်ခွင့်ရရင် ပိုအောင်မြင်ပေမပေါ့ .......

ဒါပေမ့ယ် ဖြစ်ချင်တာ မဖြစ်လို့ ဆိုပြီး လောက ကို အရွဲ့တိုက် လမ်းလွဲလိုက်နေမယ့် အစား ကိုယ် ကျလာတဲ့ ဇာတ်ရုပ်မှာ ပီပြင်အောင် သရုပ်ဆောင် အောင်မြင်နေသူတွေကို အထူးကို လေးစားမိတာပါပဲ ....

လူတိုင်းကိုလည်း အဲဒီလိုပဲ ကြိုးစားကျစေချင်ပါတယ်

Wednesday, 15 December 2010

ပြည်တွင်းမှ ရတနာများ

“လူငယ်တွေ တော်တော်များများ တိုင်းပြည်အပြင်ကို ထွက်ခွာသွားတဲ့အတွက် ကျန်နေတဲ့ လူငယ်တွေက တာဝန်တွေ မယူနိုင်ဘူး၊ ယူနိုင်တဲ့ အရည်အချင်း မရှိဘူးဆိုတာ မဟုတ်ပါဘူး။ အခုဆိုရင် ပြည်တွင်းမှာ လေ့လာချင်တဲ့၊ သတိထား စောင့်ကြည့်နေသူတွေ ရှိပါတယ်။

“ပြည်တွင်းက လူငယ်တွေဟာ အပြင်မှာ ရောက်နေတဲ့ သူတွေလောက် အခွင့်အလမ်းတွေ မရတဲ့အတွက် ပြည်ပက လူငယ်တွေလောက် မသိတာတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ သူတို့မှာ လေ့လာသင်ယူချင်တဲ့ စိတ်တွေ ပြင်းပြနေကြပါတယ်။

“ပညာအတတ်ဆုံးသူတွေ စိတ်ပျက်လက်ပျက်နဲ့ တိုင်းပြည်ကနေ ထွက်သွားကြပေမဲ့ ကျန်နေတဲ့ အဲဒီ လူငယ်တွေနဲ့ လက်တွဲပြီး ကျမတို့ ဆက်အလုပ်လုပ်ရပါလိမ့်မယ်။ တော်တော်များများက နိုင်ငံခြားမှာ အခွင့်အလမ်းတွေ ပိုရတယ်ဆိုပြီး ထွက်သွားကြတာပါ။ ဒါပေမဲ့လည်း ဒီလို အခွင့်အလမ်းတွေ အပြင်မှာ ပိုရမယ်ဆိုတာ သိရက်နဲ့ ပြည်တွင်းမှာပဲ နေပြီး တခုခု ကောင်းအောင် လုပ်နေတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။”

အထက်က စာသားလေးကတော့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်တာဗျူးတစ်ခုက အဖြေ စကားလေးပါပဲ ၊၊ ပြည်တွင်းမှာ ကျန်နေခဲ့တဲ့လူငယ်တွေအတွက် အင်မတန်မှာ ၀မ်းမြောက်ဂုဏ်ယူမိပါတယ် ၊၊ ဘာလို့လဲ ဆိုတော့ ကျွန်တော် ကိုယ်တိုင်လည်း ပြင်ပ တစ်နေရာမှာ လက်ရှိရောက်ရှိနေပေမယ့် ဟိုးအရင်တုန်း ကတော့ ပြည်တွင်းမှာ လုပ်ကိုင် ရုန်းကန်ခဲ့ဖူးပါတယ် ၊၊ အမှန်တိုင်းပြောရရင်တော့ ကိုယ်ရေးကိုယ်တာ ကိစတစ် ခုကြောင့် ပြည်ပမှာ နေထိုင်လုပ်ကိုင်နေရပေမယ့် ကိုယ့်ကိုကိုယ် အမြဲတမ်း စိတ်မလုံ ဖြစ်မိတာတော့ အမှန်ပါပဲ ၊၊ လိပ်ပြာမလုံ ခံစားမိတာတော့ အချိန်တိုင်းပါပဲ ၊၊

အမှန်တကယ် တိုင်းပြည်တွင်းမှာ နေပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုးမဖက်ပဲ အလုပ်လုပ်ပေးနေသူ တွေ ဒုနဲ့ ဒေးပါ ၊၊ လူတွေကလည်း ခက်ပါတယ် ၊၊ တခါတလေ ပြည်ပ ထွက် အလုပ်လုပ်နေသူတွေကပဲ ပိုတော် ပိုတက် သယောင်ယောင် ၊ ပြည်တွင်းမှာ လုပ်ကိုင်နေသူတွေကပဲ လူပျင်းတွေလိုလို လူဖျင်းတွေလိုလို အကြည့် မျိုးနဲ့ ပြောတက်တာလည်း ကိုယ်တိုင်ခံစားခဲ့ဖူးပါတယ် ၊၊၊ ကိုယ်တိုင်လည်း အားမလို အားမရ ဖြစ်ခဲ့ဖူးပါတယ် ၊၊ မြန်မာပြည်မှာ ကျန်နေခဲ့တဲ့ တကယ်တော်တဲ့ သူငယ်ချင်းတွေအတွက်လည်း အမြဲတမ်း အားကျ ဂုဏ်ယူမိသလို သူတို့ကိုလည်း လေးစားမိပါတယ် ၊၊ ဘယ်လို သာမာန်လူပဲ ဖြစ်ဖြစ် နေထိုင်ရှင်သန် ရပ်တည်လို့ အခြေခံလစာ လောက်တော့ လူတိုင်း ရှာနိုင်တဲ့ ပြည်ပမှာ အဆင်ပြေတယ် ဆိုတာ ဘယ်လိုမှ ဂုဏ်ယူစ၇ာ မရှိတာတော့ အမှန်ပါပဲ ၊၊

ဒါ့ကြောင့် ပြင်ပတစ်နေရာမှာ ရှိနေသမျှကာလလေးမှာ ရသမျှ ပညာ ၊ ဥစာလေး တွေစုဆောင်းပြီး မဝေးတော့ တဲ့ အနာဂတ်မှာ သာယာလှပနေတော့မယ့် အမိမြန်မာပြည် ပြန်စို့ ရယ်လား ....

Thursday, 29 July 2010

နှုတ်ဆက်ပါသည် ဧရာဝတီ

တကယ်တော့ စောလွန်း ပါသေးတယ် ၊၊ ခွဲခွာ နှုတ်ဆက် လက်ပြ ထွက်ခဲ့ဖို့ မသင့်တော် သေးမှန်း သိခဲ့ပေမယ့် နောင်သံသရာ အစဉ်အဆက် အတွက် ဒီတစ်ခါ တကယ်ကို နှုတ်ဆက်ဖြစ်ခဲ့ပြီ ၊၊

တခါတခါ မိုးခါးရေဆိုတာ ကိုယ်မသောက်မိရင်ပဲ အရူးရယ်လို့ အခေါ်ခံရလေမလား အတွေးဝင်မိသည် ၊၊ ဒါမှမဟုတ် သူများ သောက်သလို ဇွတ်မှိတ်ပြိး သောက်လိုက်ရ လေမလားရယ်လို့လည်း မိုက်လိုက် ချင်မိသည် ၊၊ သို့သော် အဲဒီလို ဝေခွဲရခက်လာတဲ့အခါ လက်လှမ်းမှီသမျှ တရားမှတ်ပွားရင်းပဲ ဖြေသိမ့် တွေးရပါသည် ၊၊ သမာဓိ အပြည့်နဲ့ တရားအသိ မရှိသေးပေမယ့် တက်နိုင်သမျှလေးတော့ သံသရာ ကို အကောင်း အတိုင်းနဲ့ ဖြတ်ချင်သည် ၊၊ ဘယ်အရာမှ မတည်မြဲတဲ့ တဘ၀စံ အကုသိုလ်တရားတွေကို လည်း နောင်သံသရာ ကို သယ်မသွားချင်တော့ ၊၊ ဒီဘ၀ ဒီမျှနဲ့ သံသရာ မပြတ်နိုင်ပေမယ့် နောက်ဘ၀ နောက်ဘ၀ တွေ ကိုတော့ အကောင်း ဆုံး ဆိုတာတွေကို ပဲ သယ်သွားချင်မိတော့သည် ၊၊

လူသာမာန် ပုထုဇဉ်မို့ လောကီကို စုံးစုံးဖြတ်ဖို့ ဆိုတာလည်း မဖြစ်နိုင်သေးတာ ဘာသာ နားလည်မိပါသည် ၊၊ ကိုယ်မလုပ်နိုင်ပေမယ့် ဒီဘ၀မှာ အနေလှဖို့ ကြိုးစားရုန်းကန်နေရတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကိုလည်း ကိုယ့်အတွက်တော့ စိတ်အနှောင့်အယှက် မဖြစ်စေလို ၊၊ ကိုယ့်ကို ရှိန်လို့ သူ့ကိုယ့်ရို့ စေရမယ့် အဖြစ်မျိုး ကိုလည်း မဖြစ်စေလို ၊၊ လူတစ်ကိုယ်စိတ်တစ်မျိုး ဆိုသလို သံသရာခရီးကို ကိုယ်ယုံကြည်ရာ လမ်းနဲ့ ဖြတ်သန်းနေရတဲ့ ခရီးသွားဖေါ်ချင်းပေမို့ တခဏတာ ဆုံစည်းရတဲ့ အခိုက်အတန့်မှာ တစ်ဦး နဲ့ တစ်ဦး စိတ်အနှောင့်အယှက် မပေးလိုတော့ ပြီ ၊၊ အပေါ်လမ်းက သာမယ်ထင်သူ အပေါ်လမ်းက လျှောက်လိမ့်မည် ၊၊ အလယ်လမ်းက သာမယ်ထင်သူ အလယ်လမ်းကို သွားလိမ့်မည် ၊၊ အောက်နားဆီက သာမယ်ထင်သူ အောက်နားဆီက ရွေ့လိမ့်မည် ၊၊

တကယ်တော့လေ ဒီဘ၀ အခြေအနေ ဒီနေ့ဒီကာလကို ခပ်လွယ်လွယ်ရောက်ခဲ့တာတော့ မဟုတ်ပါဘူး ၊၊ အတားအဆီးအခက်အခဲပေါင်းစုံကို ကျော်လွားပြိးမှ ဒီနေ့ဒီကာလ ဒီအခြေအနေလေး တစ်ခုကို ရရှိခဲ့တာ ၊၊ ဂုဏ်ယူမိတာပေါ့ ၊၊ ကိုယ့်ကိုကိုယ်လည်း ကျေနပ်မိတာပေါ့ ၊၊ ဒါပေမယ့် အဲဒီ ဂုဏ်ယူ ကျေနပ်အားရ ပီတိ တွေက အဲဒီ ဘ၀နောက်ကွယ်က အရောင် တွေစွန်းပေနေတဲ့ ငွေစကုတွေ မဟုတ်ပါဘူး ၊၊ ဖြူစင်မှု မရှိတဲ့ ပြည့်စုံ ခြင်းတွေ မဟုတ်ပါဘူး ၊၊ ကိုယ့်တက်စွမ်းသမျှ ကိုယ့် အတက်ပညာလေးနဲ့ ကိုယ်ဖွားသောမြေ ကိုယ့် ဌာနေကို အခြေတိုးမြင့် ကျန်ကောင်းသင့်ဖို့ ပေးဆပ်ခြင်းက ရရှိလာတဲ့ ပီတီ သက်သက်ရယ်ပါ ၊၊ အင်း လေ ဒါကိုယ်လည်း ကိုယ် ကိုနားလည် ကိုယ်နဲ့ လမ်းကြောင်းတူသူတွေသာ ခံစားပေးနိုင် ပေမပေါ့ ၊၊

လွန်ခဲ့တဲ့ ၁၀ စုနှစ် ၂ ခုကျော်ကာလကတည်း က ဖြူစင်စွာ အသက်မွေးရပါ၏ ရယ်လို့ ရည်မှန်းလို့ ဖြူစင်တဲ့ အသက်မွေး ပညာကို သင်ယူဖို့ အားသန်မိခဲ့ပါတယ် ၊၊ ကြိုးစားခဲ့ရပါတယ် ၊၊ ပညာနဲ့ သာ အသက် မွေးသူ ဖြစ်ရပါလို၏ ဆိုတဲ့ အတိုင်း အသိပညာတွေ ပြည့်ဝစေဖို့ ရိုးကုပ်ကြိုးထုတ် ခဲ့ရပါတယ် ၊၊ လူ့အသက်ကို ကယ်ဆယ် ခြင်းဖြင့် အသက်မွေးချင်ခဲ့ပေမယ့် ကံတရားက စေခိုင်းတာက လူသားတွေ ဘ၀ အခြေမြင့်ဖို့ ဆောင်ရွက်ပေးရတဲ့ အင်ဂျင်နီယာဘ၀ ၊၊ ဂုဏ်ယူမိပါသည် ၊၊ တကယ်ကို ဂုဏ်ယူမိပါသည် ၊၊ လူဦးရေ သန်းပေါင်းများစွာထဲမှာမှ အနည်းငယ်သော လူသားတွေသာ ရရှိနိုင်တဲ့ ဒီအခွင့်အေ၇း ၊၊ ကိုယ်တိုင် လည်း ဇွဲသန်လို့ လူသားကောင်းကျိုး သယ်ပိုးခွင့်အတွက် ပီတိတွေ တပွေ့တပိုက် နဲ့ အင်မတန် မှ ကျေနပ်ခဲ့ရပါသည်၊၊

မှတ်မိပါသေးသည် ဟိုးအရင် အထက်တန်းကျောင်းသား ဘ၀ကပေါ့.. ရုပ်မြင်သံကြားက ကြည့်ခဲ့ရတဲ့ အကျိုးပြု ဇာတ်လမ်းလေးတစ်ခု…. အင်းစိန်ကြို့ကုန်းက တိုင်လုံးကြီးတွေနဲ့ အရမ်းလှတဲ့ YIT ကျောင်းကြီးမှာ ပျော်ပျော်ပါးပါး ကျောင်းတက်ခဲ့ကြတဲ့ ဇာတ်ဆောင်တွေ၊ နိုင်ငံအနှံ့ တံတားတွေ လိုက်ဆောက်တဲ့ အင်ဂျင်နီယာတွေ.. အော် တကယ်ကို အားကျစရာ……. ဆယ်တန်းမှာ အမှတ် ကောင်းအောင် ဖြေ... ဆရာဝန်မဖြစ်ရပေမယ့် အင်ဂျင်နီယာဖြစ်ရတာကို ဂုဏ်ယူခဲ့ကြတာပါ့... သြဘာလမ်းဆိုတာကိုလည်း ရင်ခုန်စွာရောက်ဖူးချင်ခဲ့ကြတယ်.. တကယ်တော့ ဒါတွေဟာ မက်ခဲ့တဲ့ အိပ်မက်တွေပါ.. အဲဒီ အိပ်မက်တွေရဲ့ နောက်ကွယ်မှာ ဘာအရောင်မှာ ခြယ်စိုး ထားတာ မရှိခဲ့တာတော့ အသေအချာပါပဲ ၊၊

တကယ်တန်းကျတော့ အိပ်မက်ဆိုတာ မိုးလင်းရင် ပျောက်ကွယ်သွားတာပေါ့လေ.. တက်ချင်လှပါတယ် ဆိုတဲ့ YIT ကျောင်းကြီးရဲ့ အဝေးမှာ တကွဲတပြားစီ ကျောင်းတက်ခဲ့ရတယ်….. ဒါတွင်မက တကယ့် လုပ်ငန်းခွင် ၀င်တော့လည်း …………..

ဒီလိုနဲ့ …… တကယ့်လက်တွေ့ ဘ၀တွေ မှာတော့ ……………

မြန်မာပြည်ရဲ့ အသက်သွေးကြော မိခင်ဧရာဝတီ ကို ဖြတ်ကျော်တည်ဆောက်ထားတဲ့ တံတားကြိး ၄ စင်း အနက်တွင်မှ တံတားတစ်ခုမှာ ပါဝင်တည်ဆောက် လုပ်ကိုင်ခွင့် ရတဲ့ အခွင့်အရေး ၊၊ လူတကာ မက်မောတဲ့ အခွင့်အရေးတွေနဲ့ ဘ၀ ၊၊ အမြင်မှာ တကယ်လှပေမယ့် ကိုယ်တိုင်သာ သိတဲ့ နေ့စဉ်ဘ၀တွေက အမော တွေ ၊၊ အမောတွေ ၊၊ အမောတွေ ၊၊ အဲဒီအမောတွေ နောက်ကွယ်က ဒေါသတွေ မောဟတွေ လောဘတွေ ၊၊ အဲဒီ လောဘတွေ မောဟတွေနဲ့ လျှံထွက်လာတဲ့ ကိန်းဂဏန်းတွေ ၊၊ ဟိုစဉ်ကတည်းက ဒါတွေကို မမက် မောမိသူမို့ မောဟတွေ ဖုံးလွမ်းထားတဲ့ လောဘကိန်းဂဏန်းတွေကြားမှာ အသက်တစ်ချက် ၀၀ ရူဖို့ဆိုတာ ဧရာဝတီ မြစ်ဘေးမှာ နေပြီး လေငတ်နေသူလိုပါပဲ ၊၊ ကွင်းပြင်ကြီးက ကျယ်ပေမယ့် ကိုယ့်အသိတွေက ပိန်းပိတ်နေတယ် ၊၊ လေတွေတဟူးဟူး တိုက်ခတ်နေပေမယ့် အသက်ရူ ခြင်းတွေက မွန်းကျပ်နေတယ် ၊၊ ရေတွေ တသွင်သွင် စီးဆင်းနေပေမယ့် ကိုယ် သောက်တဲ့ ရေ ဖြူစင်ပါသလားရယ် လို့ သောက်ပြိးတိုင်း ငတ်မပြေ ခံစားနေရတယ် ၊၊

ဒါကြောင့်လေ သံယောဇဉ်တွေ နဲ့ ရစ်ပတ်နှောင်ထားတဲ့ လုပ်ဖေါ်ကိုင်ဖက် မောင်နှမတွေကို အသာ ကျောခိုင်းလို့ …. ဖြူဖြူစင်စင်လေး သောက်သုံးခွင့်ရမယ့် ရေတစ်ခွက်အတွက် ၊ အေးအေးမြမြလေး ရူသွင်း ရှိုက်ခွင့်ရမယ့် လေတစ်ထွေးအတွက် ၊ မောဟတွေ ကင်းစင်တဲ့ အစာတစ်လုတ်အတွက် နှုတ်မဆက်ချင် ပေမယ့် လက်ပြခဲ့ပါတယ် ဧရာဝတီရယ် ၊၊ ကိုယ့်ကို နားလည် ခွင့်လွတ်ပေးပါ ၊၊

အပြစ်မဲ့စွာ တသွင်သွင် စီးဆင်းနေတဲ့ အမိဧရာဝတီ ကို နှုတ်မဆက်ချင်ပေမယ့် သံသရာ အတွက် ဒီတခါတော့ တကယ့် နှုတ်ဆက်ခဲ့ရတယ် ………………………..
နားလည်ပေးပါ ဧရာဝတီရယ် ………………


လေးစားစွာဖြင့်
မင်းအိမ်ဖြူ

လူသာမာန်တွေ မလုပ်နိုင်တဲ့ စွန့်ခွာခြင်းကို သံသရာအတွက် ရဲရဲဝံ့ဝံ့ ကျောခိုင်းခဲ့တဲ့ သူငယ်ချင်း တစ်ယေက် အတွက် အမှတ်တယ ခံစားရေးဖွဲ့ပါသည် ၊၊

Thursday, 1 July 2010

အရိုးဆုံး အဖြေ

“ဟယ်လို အမိန့်ရှိပါခင်ဗျာ ”

"မောင်လေး မင်းအစ်ကို ကိုနိုင်သီဟ တစ်ယောက် ပြသာနာတက်နေလို့ ”

“ဘုရားရေ ၊ ဘာပြသနာများလဲ အစ်မရယ် ”

ညအချိန်မတော် လာတဲ့ တယ်လီဖုန်းမို့ နဂိုကခပ်ထိတ်ထိတ် ဖြစ်နေရတဲ့အထဲ ဒီလိုကြားလိုက် တော့ ပိုလို့တောင်မှ ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရပါတယ် ၊၊ ဘာပြသနာများပါလိမ့် ၊၊ အမ ဒီလောက် တုန်လှုပ် နေပုံ ထောက် တော့ ဘယ်လို ကြီးလေးတဲ့ ပြသာနာများပါလိမ့် ၊၊

“ဘာဖြစ်တာလဲအစ်မရယ် အလုပ်မှာများ ပြသနာတက်တာလား ” ဆိုတဲ့ ကျွန်တော့် အမေးအဆုံး မှာတော့ ငိုသံ လေး သဲ့သဲ့ နဲ့

“အင်း လူမှုရေးပြသနာ ပဲ ဆိုပါတော့ မောင်လေးရယ် ၊ တကယ့်လို့ သာ အထက်လူကြီးတွေ သိသွားရင်တော့ အလုပ်ကိုပါ ထိခိုက်တော့မယ် ”

ဆိုတဲ့ အစ်မရဲ့ ငိုမဲ့မဲ့ အသံကြားတော့ ပိုလို့တောင်မှ ရင်ထိတ် ခဲ့ရပါတယ် ၊၊ ဘယ်လို များ ဖြစ်ရ တာပါ လိမ့် ၊၊ ကိုနိုင်သီဟ ဆိုတာက အစ်ကိုလို ၊ သူငယ်ချင်းလို လေးလေးစားစား ချစ်ခင်ရတဲ့ အစ်ကို ကြီးတစ်ယောက် ၊၊ အင်မတန်မှ အပေါင်းအသင်း ၀င်ဆံ့သလို အင်မတန်မှလည်း ပျော် ပျော်နေတက်သူ ၊၊ လုပ်ငန်းခွင်ထဲမှာလည်း အထက်နဲ့ အဆင်ပြေသလို အောက်နဲ့လည်း တည့် အောင် ပေါင်းသင်းနိုင်သူအဖြစ် နာမည်ရတဲ့သူတစ်ယောက် ၊၊ ထူးထူးခြားခြား ၀ိသေသ ဂုဏ် ပုဒ်တွေနဲ့ လူတစ်ယောက် ၊ လူတိုင်းက လေးစားရတဲ့ သူတစ်ယောက် ၊ ရာထူး ရာခံ နဲ့ အင်မ တန် မှ လေးစာဖွယ် လူတစ်ယောက် က ဘယ်လို ဖြစ်ပါလိမ့် ၊၊

“ စိတ်အေးအေး ထားပြီး သေချာပြောပြပါအုံး အစ်မရယ် ၊ ဟုတ်ရော ဟုတ်လို့လား ၊ အစ်မကရော ဘယ်က ကြားလာတာလဲ ၊၊ ”

ဆိုတော့ ငိုချင်ရဲ့လက်တို့ ပြောချင်ရက် အမေးစောင့်နေတဲ့ အစ်မ ခင်ဦးတစ်ယောက် ငိုသံနှောပြီး ပြောပါ လေတော့သည် ၊၊

-------------------------------------------------------------------------------------------------------

အော် အတိတ် ကာလလေးကို ပြန်တွေးမိတော့ ကိုနိုင်သီဟ အကြောင်းကို ပြန် သတိရ မိပါတယ် ၊၊ ဖြစ်ခဲ့တာကြာတော့ မေ့တောင်နေကြပေါ့ ၊၊ အခုတော့လည်း တချိန်က သူ မဖြစ်ခဲ့ဘူးသလို သူတို့ အိမ်ထောင်စုလေးက အင်မတန်မှ ငြိမ်းချမ်းလိုက်တာ ၊၊ အခုဆိုရင် သားကြီး ညီမင်းတောင်မှ ဆရာဝန်ကြီးတစ်ယောက် ဖြစ်ခဲ့ပြီ ၊၊ အငယ်မ နွယ်နီမင်းက စင်ကာပူမှာ Junior College တောင် တက်နေ လေရဲ့ ၊၊၊ အငယ်ကောင် ငွေမင်းက ပြင်ဦးလွင် မှာ တပ်မတော် အင်ဂျင်နီယာ ကျောင်းသား ကြီးပေါ့ ၊၊ အေးချမ်း တည်ငြိမ်နေတဲ့ မိသားစုလေးက ဟိုးအရင် အတိတ်က မုန်တိုင်း မ၀င်ခဲ့ဘူးသလို တည်ငြိမ် လို့ပါလား ၊၊ မြင်ရသူ တွေ အတွက် အားကျစရာ မိသားစုလေးတစ်ခု ၊၊

သူတို့အကြောင်းလေးကို ပြန်သတိရမိတော့ အတိတ်က ဖြစ်ခဲ့ဘူးတဲ့ ဇာတ်ကြောင်းလေးကို သတိရမိ ပါရဲ့ ၊၊ အဲဒီမုန်တိုင်းဝင်တဲ့အချိန်မှာ တကယ်လို့သာ အားလုံးက ၀ိုင်းဝန်းကူညီ မဖြေရှင်းပေးခဲ့ဘူး ဆိုရင် သူတို့ မိသားစုလေးဟာ ဒီနေ့လို သာယာနေမှာ မဟုတ်ပေဘူး ၊၊ ကိုကြီး ကိုနိုင်သီဟ လည်း အရက်သမားကြီး ဖြစ်နေမလား ၊၊ အစ်မခင်ဦးရော မျက်ရည်နဲ့မျက်ခွက် သောက တွေ ပွေနေမလား ၊၊ သားသမီးတွေရော အခုလို သာယာတဲ့ အနာဂတ်လေးတွေ ပိုင်ဆိုင်နိုင်ပါ့မလား ၊၊ အော် အမှားမကင်းတဲ့ လူသားတွေအတွက်တော့ အမှားဆိုတာ လူတိုင်း ကြုံတွေ့ ရတက်တဲ့ အဖြစ်အပျက်တရားတစ်ခုပါပဲလေ ၊၊ အဲဒီအမှားကို သိသိကြီးနဲ့ ဆက်မှား သွားသူနဲ့ ကိုယ့်အသိတရားနဲ့ကိုယ် သို့မဟုတ် ပတ်ဝန်းကျင်ရဲ့ ဖေးမကူညီမှုနဲ့ အတူ ပြန်လည် တည့်မတ်သွားသူတွေကို တော့ အမှားလုပ်ဖူးသူတစ်ယောက် အနေနဲ့ထက် အမှားကို ပြုပြင် နိုင်သူ အဖြစ် အသိအမှတ်ပြု ဖေးကူသွားရမှာ ပါပဲလေ ၊၊

-------------------------------------------------------------------------------------------------------

မှတ်မှတ်ရရ အဲဒီနေ့က အဲဒီအမျိုးသမိးကို သွားတွေ့ဖြစ်ခဲ့တယ် ၊၊ တက်နို်င်ဘူးလေ ပြသနာတွေက ဖြစ်နေပြီပဲ ၊၊ ဒီအချိန်မှတော့ ရှက်နိုင်တော့ဘူး ၊၊ ကိုယ့်ဘက်က အရှက်မကွဲဖို့သာအဓိကပေါ့ ၊၊ သူတို့ လည်း ဘာမှတော့ ထွေထွေ ထူးထူး ပြသနာမရှာနိုင်ပါဘူး ၊၊ ကိုယ်ကပဲ လူတက်ကြီး ၀င်လုပ်ရတော့တာပေါ့ ၊၊ အစ်မခင်ဦး ခံစားနေရတာလည်း နားလည်ပါတယ် ၊၊ အဲဒီ အချိန်မှာ ဖြစ်ချင်တာဖြစ် တရားတာ မတရားတာ တွေ ကိုယ် မတွေးနိုင်ခဲ့ဘူး ၊၊ ပြသနာတွေကို အကောင်း ဆုံး ဖြေရှင်းနိုင်ဖို့ပဲ စဉ်းစားခဲ့တယ် ၊၊ ကလေးတွေ နဲ့ ဒီမိသားစုလေး မပြိုကွဲဖို့သာ အဓိကလို့ ကိုယ် သဘောထားခဲ့ပါတယ် ၊၊ တခါတလေမှာ တစ်ဖက် အတွက် သူရဲကောင်း ဖြစ်နေပေမယ့် အခြား တစ်ဖက် အတွက်တော့ ကိုယ်က လူဆိုးလည်း ဖြစ်နေနိုင်တာပဲလေ ၊၊

ဒီလို ပြသာနာတွေ ဖြစ်ခဲ့ပြိးတဲ့ နောက်မှာတော့ ကလေးတွေ အနေနဲ့ အဖေဖြစ်သူကို အထင်မ သေးအောင် လည်း ပြောပြ စည်းရုံး ခဲ့ရပါတယ် ၊၊ ဖုံးဖိထားလို့ ရတဲ့ ပြသနာ မဟုတ်လေတော့ သူတို့ နားလည်နိုင်မယ့် စကားလုံးတွေ ကို ရွေးပြီး သူတို့ နားဝင်အောင် ပြောရပါတယ် ၊၊ အစ်မခင်ဦးကိုလည်း ဖုံးဖုံးဖိဖိ သိုသို သိပ်သိပ် နေဖို့ တ၇ားချ ရပါတယ် ၊၊ တကယ်လို့ သူဖက်က တင်းမယ် ဆိုရင်လည်း ဒီပွဲမှာ ဘယ်ဖက်မှ အဆင်မပြေပဲ ပွဲပျက်တော့မယ် လေ ၊၊ သူ့ကိုလည်း ပြတ်ပြတ်သားသား ဖိနှိပ်ခဲ့ရပါတယ် ၊၊ တကယ်ပြန်တွေး ကြည့်မယ် ဆိုရင် အစ်မ ခင်ဦး က မှားခဲ့တာ မဟုတ်ပါဘူး ၊၊ ဒါပေမယ့် သူမှန်တယ်လို့ လည်း ဆိုလို့ မရပြန်ပါဘူး ၊၊ အဲဒီတော့ သူ့ကို လည်း ဖိရပါတယ် ၊၊ “ အစ်မ ဘာဖြစ်ချင်လဲ ၊၊ အခုချိန်မှာ သစာမရှိတာတွေ ရင်ကွဲတာတွေ လာလုပ် မနေနဲ့ ၊၊ အစ်မ ကွာနိုင်သလား ၊၊ ဒါဆို နောက်တစ်ယောက် ကို အိမ်ဖေါ် ခေါ်တင်မယ် ၊၊ အစ်မဆင်းသွား ” ဆိုတာမျိုး ရက်ရက် စက်စက် လုပ်ရပါတော့တယ် ၊၊ သိပါတယ် လေ ၊၊
တကယ်တော့ အစ်မခင်ဦးမှာ ဘာအပြစ်မှ ရှိတာမဟုတ် ၊၊ ဒါပေမယ့် မိန်းမသဘာဝ ပွစိပွစိ လုပ်နေမယ် ၊၊ မကြာခဏ ခလုတ်တိုက်နေမယ် ၊၊ အမြဲတမ်း ထေ့ငေါ့ နေမယ်ဆိုရင် အပြစ် လုပ်ထားသူ ပေမယ့် ကိုကြီး ကိုနိုင်သီဟ ပိုပြီး အရွဲတိုက် တော့မယ် ၊၊ ဒါဆိုရင် ပြသနာတွေက အကောင်းဖက်ကို ဦးမတည်ပဲ အဆိုးဖက်ကိုသာ ပြောင်းသွားတော့မှာပေါ့ ၊၊ ဒီအချိန်ဟာ အင်မတန် မှ အကိုင်အတွယ်တက်ဖို့ လိုပါတယ် ၊၊ အပျော့ဆွဲဆိုတာမျိုး ဆွဲတက်မှ အဆင်ပြေမှာ ၊၊ အဲ .. ကိုယ်တကယ် မသတီတော့လို့ … ရာသက်ပန်လည်း ပြက်သားနိုင်တယ် …မပေါင်းနိုင်တော့ဘူးး ဆိုရင်တော့ တစ်မျိုးပေါ့ ၊၊ ဒါပေမယ့် ဒီပြသနာမှာက ကလေးတွေ လည်း ရှိနေသေးတယ် ၊၊ ဘယ်လို ပျက်ဆဲလို့ ဖြစ်နိုင်ပါ့မလဲ ၊၊

လူတစ်ယောက်ဟာ သစာမရှိဘူး ၊၊ဖောက်ပြန်ရေးသမား ဘယ်လိုပဲဖြစ်နေပါစေ သူကို အမြဲတိုက်ခိုက် နေမယ်ဆိုရင်တော့ သူလည်း ထွက်ပေါက်တစ်ခု ရှာတော့ မှာပေါ့ ၊၊ ငါမှ မမှားတာ ငါဘာဂရုစိုက်စရာ လိုလဲ ဆိုတဲ့ အတွေးမျိုးက ကျောင်းသင်ခန်းစာမဟုတ်တဲ့  လူမှုရေး ပြသနာ တွေ မှာတော့ ငါမှန်တယ် ဆိုပြီး အခြားတစ်ဖက်ရဲ့ အားနည်းချက်ကို ဖိနှိပ်လို့မရပါဘူး ၊၊ ဒါဆိုရင် ပြသနာတွေဟာ အကောင်းဖက်ကို ဥိးမတည်ပဲ အဆိုးဖက်ကိုသာ ဥိးတည်သွားတော့မှာပါ ၊၊ ဒါဟာလည်း ပြသာနာကို လက်ခံ ဖြေရှင်း သူ တစ်ဥိးစီရဲ့ အမြင်ပေါ့လေ ၊၊ လူဆိုတာ မှားတက်တဲ့ သဘာဝ ရှိတာမို့ ဖြစ်ပြိးသွားတဲ့ ပြသနာထက် နောက် ပိုင်းမျာ အညင်သာဆုံး ဘယ်လို ဖြေရှင်းမလဲ ဆိုတာမျိုးကသာ အသင့်တော်ဆုံး အဖြေ ဖြစ်ပါလိမ့်မယ် ၊၊


မိသားစုစိတ်ဓါတ်ဆိုတာ ဒါပါပဲလေ ၊၊ တစ်ဥိးတစ်ယောက် ရှုံးနိမ့်နေချိန်မှာ မဖိနှိပ်ပဲ အားပေးတာ ၊၊ နှုတ်က ဖွင့်ဟဖေါ်ကျူး အားပေးနေတာထက် လိုအပ်မယ် ထင်တာလေးတွေ ကို တိတ်တိတ်ဆိတ် ဆိတ် လုပ်ပေးတာ ၊၊ သူနေစေချင်သလိုလေး နေပေးတာ တွေဟာလည်း ထောက်ပံ့ကူညီတာပါပဲ ၊၊ အမှန်တကယ်ပြန်တွေး ကြည့်မယ် ဆိုရင် အခုပွဲမှာ အစ်မခင်ဦးနိုင်ပြီပေါ့ ၊၊ သို့သော် မိသားစု ဘ၀မှာ အနိုင်အရှုံးဆိုတာ ဂုဏ်သိကာနဲ့ မလဲယူစကောင်းပါ ၊၊ တကယ်လို့ အဲဒီအချိန်မှာ ပွဲကြမ်းခဲ့ရင် ကာယကံရှင်နျစ်ယောက်ထိပ်တိုက် တွေ့ခဲ့ရင် ဘာတွေ ဖြစ်ကုန်မလဲ ၊၊ ရှက်၇မ်းတွေ ရမ်းပြီး ပွဲတွေ ကြမ်းကုန်ပြီပေါ့ ၊၊ ရလာမယ့် အကျိုးဆက်ကဘာလဲ ၊၊ ဘာဖြစ်လာမလဲ ၊၊ မိသားစုဘ၀လေး ပြိုကွဲသွား မယ် ၊၊ ချစ်တဲ့သူချင်း အမှားတစ်ခုအတွက် လမ်းခွဲရမှာပဲပေါ့ ၊၊ အမှန်တကယ် ပြတ်သားနိုင်ခဲ့ရင် မထောင်းသာပေမယ့် အမှန်တကယ် မပြတ်သားနိုင်တဲ့ အခါ ဘ၀ တစ်လျှောက်လုံး ခံစားနေရမှာ ဒီချစ်သူ နှစ်ယောက်ပါပဲလေ ၊၊

ဟုတ်ပါတယ် ၊၊ ဒါဟာမခင်ဥိး မှားခဲ့တာမှမဟုတ်တာ ၊၊ မှားတာက ကိုနိုင်သီဟ ၊၊ အပြစ်တွေကို ကိုနိုင်သီဟ ခံပေါ့ လို့ဆိုနိုင်ပေမယ့် ကိုနိုင်သီဟကို ဘယ်လို အပြစ်ပေးမလဲ ၊၊ လူသိရှင်ကြား ဖောက် ပြန်ရေးသမားအဖြစ် ထုတ်ဖေါ်ကြေငြာမလား ၊၊ ဒါမှမဟုတ် အိမ်ထောင်ရေးကို ရပ်စဲလို့ လမ်းခွဲလိုက် ကြမလား ၊၊ ဖြစ်တာတွေက ဖြစ်ပြီးပြီမို့ အပြစ်တင်နေလို့ရော ဘာများရလာပါအုံးမလဲ ၊၊ ရလာဒ်က ဘာဖြစ်လာမလဲ ၊၊ ဖြစ်ပြီးတဲ့ ပြသနာကို ၀ိုင်း ၀န်း အဖြေရှာတာသာ အကောင်းဆုံး မဟုတ်ပေဘူးလား ၊၊

လူတိုင်းဟာ အမှားမကင်းကြပါဘူး ၊၊ မှားတက်ကြပါတယ် ၊၊ ဒါပေမယ့် အဲဒီအမှားကို ၀ိုင်းဝန်းပြုပြင် ပေးမှသာ သူကိုချစ်ရာရောက်မှာပေါ့ ၊၊ တကယ်လို့သာ အဲဒီပြသနာမှာ အားလုံးက ၀ိုင်းဝန်း မကူညီ ကြပဲ ဖိနှိပ်တဲ့ နည်း အကျပ်ကိုင်တဲ့နည်းတွေ သုံးရင်ဘာတွေ ဖြစ်လာမလဲ ၊၊

အခုတော့လည်း အားလုံးက လေးလေးစားစား မေ့မေ့ပျောက်ပျောက် နေပေးကြတယ် ၊၊ အရင်လိုပဲ လေးလေးစားစား ဆက်ဆံကြတယ် ၊၊ ၀ိုင်းဝန်းထိန်းသိမ်းပေးတဲ့အခါ အခုတော့လည်း ကိုနိုင်သီဟ ဆိုတဲ့ သူတစ်ယောက်ဟာ ဒီလိုဖြစ်ခဲ့ပါတယ် ဆိုရင်တောင် ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး ၊၊ အစ်မ ခင်ဥိးလည်း အခုဆိုရင် ပျော်ရွှင် လို့ ၊၊ အားလုံးရဲ့ လေးစားစွာဆက်ဆံမှုကြောင့် ကိုနိုင်သီဟဟာ အရင် ကထက်တောင်မှ ပိုပြီး တည်ငြိမ်လို့ လာပါတယ် ၊၊ မိသားစု အပေါ်မှာလည်း အရင်ထက်တောင် ပိုဂရုစိုက်လာခဲ့ပါတယ် ၊၊ အဆိုးထဲက အကောင်းလို့ပဲ မှတ်ယူရမှာပေါ့ ၊၊ သူကိုယ်သူလည်း ဖြစ်ခဲ့ဖူးတဲ့ အရှက်တစ်ခုနဲ့ ထိမ်းသိမ်း သွားပါတယ် ၊၊ ဒါဟာ အဖြေမှန်ပဲပေါ့ ၊၊ တကယ်လို့သာ မလိုလားအပ်ပဲ ပေါက်ကွဲကြ ၊ ပြောကြဆိုကြ ဆိုရင် တော့ ကွဲကြ ပြဲကြရုံပေါ့ လေ ၊၊

-------------------------------------------------------------------------------------------------------
အင်းအတိတ်ကို ပြန်တွေးမိတာပါ ၊၊ ဒိနေ့ သမိးလေး နွယ်နီမင်းကို ကျောင်းမှာ သွားပြီး ခေါ်ရအုံးမယ် ၊၊ ဒီနေ့က သမိးလေးရဲ့ မွေးနေ့မို့ ညစာကျွေးမယ်လို့ ကတိပေးထားမိလေတာကိုး ၊၊ အင်းပြီးမှပဲ ကိုကြီး နိုင်သီဟ တို့ဆီ လည်း ဖုန်းခေါ်လိုက်ပါအုံးမယ် ၊၊ မတွေ့ဖြစ်ကြတာတောင်ကြာပေါ့ ၊၊ ကိုယ့်မှာကလည်း တစ်ကိုယ်တည်းသမားမို့ အိမ်ထောင်တာဝန်မရှိပေမယ့် အခြား ဗာရီရ တွေ ကများသားလားနော် ၊၊ အခုတော့လည်း လူမှူရေး လုပ်ငန်းတွေပဲ ပိုလုပ်ဖြစ်နေလေရဲ့ ၊၊ အော် ၅၀ဆိုတဲ့ အသက်ဆိုတာလည်း မငယ် တော့ပါလားနော် ၊၊ ဒီအချိန်မှာ ကိုယ့်အတွက်လည်းကိုယ် လုပ်အုံးမှ ၊၊ အခြားသူတွေကို ကူညီဖြေရှင်း ပေးခဲ့ဘူးပေမယ့် ကိုယ်ပြသာနာတော့ ကိုယ်မရှင်းနိုင်ခဲ့သမို့ ခုလို တစ်ယောက်တည်း ဘ၀နဲ့ပဲ အရိုး ထုတ်ရပေအုံးမယ် ၊၊ ကိုကြီးနိုင်သီဟတို့ အစ်မခင်ဥိးတို့ တွေ့ မှ နောက်ရပေအုံးမယ် ကျွှန်တော့်ကိုကျ တော့ မကူ ညီခဲ့ ကြပဲကိုး ရယ်လို့လေ၊၊

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ


( မိသားစု အတော်များများ ၊ သမီးရည်းစားအတွဲတော်တော်များများမှာ ကြုံဖူးတက်တဲ့ ကြုံတွေ့ရတက်တဲ့ အရိုးရှင်းဆုံး ပြသနာလေးတစ်ခုပါပဲ ၊ အတွဲတော်တော်များများ ရဲ့ ၈၀ % လောက်ဖြစ်တက်ပါတယ် ၊ အဲဒီထဲမှာ ကိုယ်မပါသေးရင်တော့ အင်း ၂၀ % ထဲမှာ ပါတယ်လို့ ကြိတ်ပြီး ၀မ်းသာရမှာပေါ့ ၊၊ သို့သော် သိပ်တော့ ၀မ်း မသာပါနဲ့အုံးလေ သမိုင်းဆိုတာ သေတဲ့နေ့မှ ပြောလို့ရမှာမို့ ခဏတာတော့ ၀မ်းသာရမှာပေါ့ ၊၊ ဘာတွေ ပဲ ဖြစ်လာ ဖြစ်လာ အဲဒီလို ကြုံတွေ့လာတဲ့ အခါမှာသာ အငြင်သာဆုံး နည်းနဲ့ အကောင်းဆုံး လမ်းကို ရွေးချယ် ဖြေ ရှင်း နိုင်ဖို့ သည်သာ အလိုအပ်ဆုံး နှင့် အကောင်းဆုံး ၊ အရိုးဆုံး အဖြေပါ တစ်ခု ဖြစ်ပါလိမ့် မယ်လို့ ကျွန်တော့် အမြင်လေးကို တင်ပြလိုက်ရပါသည် )


ဝန်ခံချက် ၊၊ ၊၊ ပိုစ့်အဟောင်းလေးကို အနည်းငယ် ပြုပြင် ရ်ျ ပြန်လည် တင်ဆက်လိုက်ပါသည် ၊၊

Monday, 14 June 2010

သင်သေသွားသော်

သြော် လူ့ပြည်လောက၊လူ့ဘဝကား
အိုရနာရ၊သေရဦးမည်
မှန်ပေသည်တည့်။

သို့ တပြီးသား၊ သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတတ်မြင့်၊ ကျန်ကောင်းသင့်၏

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေသတည်း။

Friday, 11 June 2010

မြတ်နိုးမေ နှင့် အချစ်ဆိုင်

ဆိုင်ဖွင်.ကာစ မအူမလည် ၊ သိမ်သိမ်ငယ်ငယ် ......
ဖောက်သည်ဆိုတာလည်းမရှိ ၊ မျှော်လိုက်ရတဲ.ဧည်.သည် ၊
ဧည်.ခံလိုက်ရတာ အမော၊၊
စေတနာဆိုတာ ပဲရှိ ၊ ပညာဆိုတာ မရှိတော. တဖက်သား အသည်းခိုက်အောင်
မဆွဲဆောင်လိုက်နိုင်တာ တော.အမှန် ...........

စေတနာဆိုတာထက် ပညာဆိုတာလည်း လိုသားလား.........
စေတနာဖြူဖို.ထက် ပညာမြူဖို.လည်း လိုအပ်တယ်...........

လူမတက်ပေမယ်. လဖက်ထုပ်တက်တယ် ဆိုသလို
ကြားရ မြင်ရ တွေ.ရ ကြုံရ
အချစ်ဈေးလောကမှာ
ကျင်လည်ရဖန်များတော. ...............





ဒီလိုနဲ.
အချစ်တွေထားခဲ.ရင်လည်း ယူတယ်.......
အချစ်တွေယူချင်ရင်လည်း ရောင်းတယ်.......
တခါတလေ ရှုံးပေမယ်. ...............
တခါတလေ မြတ်တယ်.............

ရှုံးတခါမြတ်တလှည်. နဲ.
နှစ်တွေကြာလာတော.
ဆိုင်ကြီး ကနားကြီးနဲ.
အချစ် ကုန်သည်ကြီးတောင် ဖြစ်နေပါရော.လား .............


မင်းအိမ်ဖြူ

ဝန်ခံချက် ၊၊ ၊၊ ကဗျာ အဟောင်းလေးပါ ၊၊ ဘာလို့ပြန်တင်ဖြစ်လဲဆိုတော့ ဟိုတစ်နေ့က အင်တာဗျူးလေး တစ်ခုမှာ အိမ်ထောင်ဆက်တွေ မများချင်ပဲ များခဲ့ရပါတယ် ဆိုတဲ့ စာသားလေးကို တွေ့မိလို့ပါ ၊၊ ဟုတ်ပါတယ် ၊၊ တခါတလေမှာ မဖြစ်ချင်ပေမယ့် ငြင်းဆန်ရှောင်ဖယ်လို့ မရတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်သလို ဆက် သွားနေရတဲ့ ဘ၀တွေ အများကြီးပါဆိုတာ လေးကို သိစေချင်ပါတယ် ၊၊ မကောင်းဘူးဆိုတာ သိပေမယ့် မလုပ် ချင်ပေမယ့် လောက ဇာတ်ဆရာ အလိုကျ သင့်တော်ရာ ဇာတ်ရုပ်မှာ ပီပြင်အောင် လုပ်နေရသူတွေ အများကြီး ပါ .....


မြတ်နို်းမေ

ပွင်.လင်းတယ်၊၊ ရိုးသားတယ်၊၊ဖေါ်ရွေတယ်၊၊ဟန်ဆောင်မှူကင်းတယ်၊၊ ဖုံးကွယ်မထားတက်ဘူး၊၊ ပြောချင်တာကို စိတ်ထဲမှာရှိတဲ.အတိုင်းပြောတက်တယ်၊၊မကောက်ကျစ်ဘူး၊၊ မယုတ်မာဘူး၊တက်အားသရွေကူညီတက်တယ်၊၊ သူလိုအပ်ရင်လည်းပွင်.ပွင်.လင်းလင်း အကူအညီတောင်းတက်တယ်၊၊ အသားဖြူတယ်၊၊အရပ်မြင်.တယ်၊၊ရုပ်ချော တယ်၊၊ ဆွဲဆောင်မှူရှိတယ်၊၊ သူတပါးနားဝင်အောင်ပြေတက်တယ်................

လူတကာကိုလေးလေးစားစားဆက်ဆံတက်တယ်၊၊ပေါင်းသင်းဆက်ဆံရေးဝင်ဆံ.တယ်၊၊ဟန်ဆောင်လိမ်ညာမှူ ကိုမုန်တယ်၊၊ပွင်.လင်းတဲဆက်ဆံရေးကိုအလေးထားတယ်၊၊ပညာတက်တယ်၊၊ဆွေဂုဏ်မျိုးဂုဏ်ရှိတယ်၊၊ အသိုင်း
အ၀ိုင်းကောင်းတယ်၊၊ ဘာအပြစ်များပြောစရာရှိလဲ.....................

အားနာတက်တယ်၊၊မပြတ်သားဘူး၊၊တွေဝေတယ်၊၊အထီးကျန်ဘ၀ကို မခံစားနိုင်ဘူး၊၊အနားမှာအဖေါ်တစ် ယောက်ရှိနေဖို.လိုအပ်တယ်၊၊ ဒါဟာ မြတ်နိုးမေ ရဲ. ပျော.ကွက်ပဲ..................

ဒီလိုနဲ..........................

'''' ရည်းစားမများဖို. ကြိုးစားရင်း ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် ထားဖြစ်ခဲ.ပါတယ်"" ဆိုတဲ. မြတ်နိုးမေ ....................

"" တစ်ယောက်တည်းကို ချစ်ဖို.ကြိုးစားရင်း တစ်ယောက်ပေါင်းများစွာကို ချစ်ခဲ.ရပါတယ်ဆိုတဲ. ''''' မြတ်နိုးမေ................

"""""" ကံကြမ္မာက မတရားတာ လား ၊ မြတ်နိုးမေ က ဆန်းပြားတာ လား """""

ရည်းစားမများချင်ဘဲ မျက်နှာများခဲ.ရတဲ.ဘ၀က မခမ်းနားတာတော.အမှန်၊၊ ပွင်.လင်းတဲ. မြတ်နိုးမေ ၊၊
မဖုံးကွယ်တက်တဲ. မြတ်နိုးမေ ၊၊ လူတကာရဲ. ကဲ.ရဲ. ခြင်းခံရရှာ တဲ.မြတ်နိုးမေ၊၊ အတင်းအဖျင်းဆိုတာ မြတ်နိုးမေ အတွက် မဆန်းတော.ပေ၊၊ဒီလိုအကြောင်းမလှတဲ. ဘ၀ကံကြမာအလှည်.အပြောင်းတွေကြား ထဲက မြတ်နိုးမေ အထုအထောင်းတွေ များတော. ထုသားပေသားလည်း ကျခဲပြီ၊.......................

အရင်တုန်းက ချစ်တယ် ဆိုတဲ.စကား တခွန်းပြောဖို. နှူတ်မ၀ံ့သူ ၊၊ ချစ်ပါတယ်ဆိုတဲ.စကားကြားရင် ရင်ခုန်လို. မဆုံးတဲ.သူ၊၊အခုများတော. ချစ်တယ် ဆိုတဲ.စကား ပြောရဖန်များတော. CD ပြားဆိုပေါက် လောက်ပြီ၊၊ ကြားရဖန် များတော. ရိုးလှပြီ၊၊အရင်တုန်းက ပစ်ခွာသွားရင် အိပ်မရ စားမ၀င်၊၊ အခုများတော. Good Bye ဆို ရင် ပြုံး ချင်ပြီ...............

“”” ဘ၀ကပေးတဲ. သခန်းစာ လား ၊ မြတ်နိုးမေ ရဲ. ခံစားခွင်.လား “”””

“””” ရိုးသားဖို.ကြိုးစား ရင်း မရှိလို.ခိုးခဲ.ရတာပါ “”””””””” ဆိုသလို ပဲ

တည်ငြိမ်တဲ.ဘ၀တစ်ခုတည်ဆောက်ချင်ရှာတဲ. မြတ်နိုးမေ ၊ ဘ၀ခရီးကြမ်းကို ဘယ်အချိန်ထိများ တစ်ယောက် တည်း လျှောက်လှမ်းနေရပါအုံးမလဲ၊၊ အဖေါ်မရှိရင်မနေတက်ပါတဲ. မြတ်နိုးမေ ၊၊ အကျီကို နေ.တိုင်းလဲသလို အတွဲတွေများနေ.တိုင်းလဲနေမလား၊၊ လိုချင်တာလေးတစ်ခုအတွက် ပေးလိုက်ရတဲ.ဘ၀ တစ်ခုကို မြတ်နိုးမေ သတိမှပြုမိလေစွ……….

အတုအယောင်တွေများတဲ.လောကကြီးထဲမှာ ရင်တွင်းစကားဘယ်တော.များ ကြား ရရှာမလဲ………
ကြားခဲ.ရင်ရော ရင်ဘတ်ထဲက ခံစားယုံကြည်လက်ခံနိုင်ပါအုံး မလား မြတ်နိုးမေ…………..

မြတ်နိုးမေရဲ.ဘေးမှာ အရာရာကို နားလည်မှုအပြည်.နဲ.ရပ်တည်ပေးနိုင်မယ်.
ဘ၀လက်တွဲဖေါ်နှင်.အတူ အမြန်ဆုံးပြုံပျော်နိုင်ပါစေ လို………………….

မြတ်နိုးမေ သို. အမှတ်တယ………………..

Thursday, 3 June 2010

မအေးသာ

ငယ်ငယ်တုန်းကတော့ မအေးသာ တစ်ယောက်လှခဲ့တာပေါ့လေ …… အခုများတော့လည်း ပါးရေနားရေ တွေ အတွန့်တွန့်နဲ့ အသက် ၈၀ ကျော် အဖွားကြီး ဖြစ်နေပါ့ပေါလား …………………

ရွယ်တူတွေလည်း တစ်ချို့တော့ သွားနှင့်ကြပြီ ၊၊ ကိုယ်မှာသာ အသက်ရှည်လို့ ကိုယ်မချမ်းသာပဲ ဒီအတိုင်း အသက်ရှင်နေရတာ ၊၊ ဘုရားတရားရယ်လို့လည်း ၀ါတွင်းကာလလေးတောင်မှ …. ဘုန်းကြီးကျောင်းဆိုတာ ပုံမှန် မရောက်ဖြစ်ခဲ့ ၊၊ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရတဲ့ဘ၀ … ဘယ်မှာများအေးချမ်းပါ့မလဲလေ ၊၊ ဒီနေ့လည်း နေ့မမြင့်ခင် အစောထလို့ နောက်နေ့စာလေးရအောင် သွားအုံးမှ ၊၊ လူတွေက တောတွေ ရှင်းတော့ အရင်လို အင်ဖက်ကလည်း တောစပ်တင် ခပ်လွယ်လွယ်မရတော့ ၊၊ တော်တော်လေး တောဝင်နိုင်ပါမှ တစ်နေ့စာ လေး အဆင် ပြေတာ ၊၊

သားလုပ်တဲ့သူကလည်း သူကိုယ်တိုင်တောင် မှ မွေးထားတဲ့ တစ်ကျိပ်ကိုးယောက် အပေါက်လောက် အောင် မဖို့နိုင်ရှာတော့ ကိုယ်လည်း ဘာမှ မမျှော်ကိုးပါဘူးလေ ၊၊ သမီးကလည်း လင်သည် ယောင်္ကျား အရက်သမား ကစော်ဖိုးတောင် မလောက်တော့ ခက်သားလား ၊၊

မှတ်မှတ်ယယ သူတို့အဖေ ကိုလူလှနဲ့ မရခင် အပျိုဘ၀ကတည်းက ဖက်ခူးရောင်းလာတာ အခုအသက် ၈၀ ကျော်တော့လည်း ဒီဖက်တွေ နဲ့ ကျင်လည်နေရတုန်း ၊၊ ကိုယ်ခူးခဲ့တဲ့အင်ဖက်ပင်သာ ကြီးလို့ ထင်းဖြစ်သွား တယ် ကိုယ့်မှာတော့ ဒီတောထဲမှာပဲ ဖက်ခူးလိုက် မှိုနှုတ်လိုက် အင်အုလေး ယက်လိုက်နဲ့ ရာသီစက်ဝန်းလို လည်ပတ်လို့ပါလား ……………..အင်း ငါဘာတွေ တွေးနေမိပါလို့ လုပ်စရာ ရှိတာလေး မြန်မြန်လုပ်မှ … မနက်ဖန်စာ မရှိရင် အခက်လား ……………..

မင်းအိမ်ဖြူ

ဒီနေ့မေးလေးတစ်ခုကနေ နိုင်ငံခြားမှာ အသက်ကြီးတဲ့ သူတွေ ဘ၀မလှ ကြပါကြောင်း စာလေးတွေ့လို့ပါ ၊၊ အမှန်တော့ ရေးချင်တာ ကြာခဲ့ပါပြီ ၊၊ ဒါတကယ့် အဖြစ်ပါ ၊၊ ဒေါ်အေးသာဆိုတဲ့  ဖက်ရွက်ရောင်းရတဲ့ အဖွား ကြီး အကြောင်းပါ ၊၊ ရွာက အဖွားကြီး တစ်ယောက် အကြောင်းပါ ၊၊ တကယ့်အဖြစ်ပါ ၊၊ ဘာလို့ ရေးဖြစ်သွား လည်းဆိုတော့ အင်း …. သူဌေးသင်္ဘောမှောက်တာကို ငိုနေတဲ့ သူတွေ ကို သနားလို့ပါ ၊၊ သူတောင်းစား ခွက် ပျောက် တာ ပိုအရေးကြီးတယ်ထင်ပါတယ် ……. ကန့်လန့်ကျွန်တော် ကျွန်တော် ကန့်လန့် ပါ ဗျာ …

Saturday, 29 May 2010

အမေကို ပြောချင်တဲ့အကြောင်း

တကယ်ပါအမေ ...... သားလေ အမေ့ကို တွေ့ချင်တယ် ..... စကားတွေလည်းပြောချင်တယ် ....

ရောက်တက်ရာရာ တွေ ပြောရင်းနဲ့ ဟိုတစ်နေ့ က ည အလုပ်က အပြန် တက်စီပေါ်မှာ အမေ့အကြောင်းလည်း ပါတာပေါ့အမေရယ် ..........

မဟတမ ဂနီ ခေတ် မဟုတ်တော့တာတော့ သေချာတယ် အမေ...............

သားလည်း အမေ့လောက်တော့ နားမလည်ပါဘူး .............

သို့သော် .......... စားပင်တွေ ကြီးစေချင်ရင် ပေါင်းပင်တွေကိုတော့ ရှင်းရမှာပဲ အမေ ..............

တခါတလေလည်း ပိုးကောင်တွေကို ဒီတိုင်းမောင်းလို့ မရတော့ရင် တော့ အင်း ပိုးသတ်ဆေးတော့  သုံးရတာပဲ မဟုတ်လား ...........

သားက ဥာဏ်နည်းပါတယ်လေ ........

အမေ ကိုတော့ ပြောပြချင်တယ် ........... အကြောင်းတွေ

မင်းအိမ်ဖြူ

Friday, 28 May 2010

အောင်ခြင်းရှစ်ပါး

အခုရက်အတွင်း စိတ်တွေက ရွာလေးဆီ ပြန်ရောက်နေမိတယ် ............ဂရောက်ဂယက် အတွေးတွေ ရောက်နေတာက မကြာမီလို့ ပြောနေတဲ့ ကာလလေးတစ်ခု .............

ဖတ်နေမိတာက အောင်ခြင်းရှစ်ပါး အောင်ခြင်းရှစ်ပါး

တခါတခါတော့လည်း သည်းခံခြင်းတရားဆိုတာထက် ..............

အမေ့ကိုလည်း စကားတွေပြောချင်သည် ...................

အားမရဘူးအမေရယ် .....................

အမေမှန်ပေမယ့် .................... တခါတခါ ပျော့ပျောင်းနူးညံ့မှုတွေကို အခွင့်ကောင်းယူတက်ကြတာ အမေ ပြန်တွေးစေချင်တယ် ..................

ဘာဖြစ်ဖြစ်အမေရယ် ................... နားမလည်တဲ့ သူတွေကို တရားဟောနေတာထက် ...............

အမေ.................

ကလေးတွေ ရှေ့ရေးအတွက် တခုခုကိုတော့ ပြတ်သားစေချင်တယ် အမေရယ် .............

မင်းအိမ်ဖြူ

Wednesday, 26 May 2010

ဘ၀လား လွမ်းတယ် မုန်းတယ်

ခံစားချက်မဲ့တဲ့မနက်ဖြန်တွေကို
ခံစားမူကင်းတဲ.အပြုံးတွေနဲ့
ကြိုဆိုရတာ ဘ၀လား...........


မျှော်လင့်ချက်မဲ့တဲ့နောင်နှစ်တွေကို
မျှော်လင့်ချက်ကင်းတဲ့အတွေးတွေနဲ့
ကြိုဆိုရတာ ဘ၀လား...........

တကယ်မဟုတ်တဲ့ လုပ်ဇာတ်တွေကို
အဟုတ်အဟတ်လို
ထောက်ခံနေရတာ ဘ၀လား ...........

အနှစ်မပါတဲ့ သတင်းတွေကို
စိတ်မပါတဲ့ ရုပ်တည်တွေနဲ့
နားထောင်နေရတာ ဘ၀လား ...............

မဟုတ်တာတွေ လုပ်နေတာကို
ဟန်ဆောင်ထားတဲ့ အပြုံးတုတွေနဲ့
ခေါင်းညိတ်နေရတာ ဘ၀လား .................

အလုပ်မရှိတဲ့ ဘ၀ ................

အရင်းမရှိတဲ့ဘ၀ .................

အမျိုးကြီးကြီးတွေ မရှိတဲ့ဘ၀ ……………

ဆယ်တန်းအောင် ဖို. ကြိုးစားခဲ.ရတဲ. အချိန်တွေကိုလွမ်းတယ်...........

ကျောင်းကြီးပြီးဖို. ကြိုးစားခဲ.ရတဲ. အချိန်တွေကိုလွမ်းတယ်...........

အလုပ် ရဖို. ကြိုးစားခဲ.ရတဲ. အချိန်တွေကိုလွမ်းတယ်...........

မျှော်လင်.ချက် မဲ. ကြိုးစားနေရတဲ. မနက် ဖြန်တွေကို မုန်းတယ်...........

အဟုတ်အဟတ်မဟုတ်တဲ့ လုပ်ဇာတ်ခင်းပြီး ဆက်သွားအုံးမယ့် Road Map ဆိုတာကြိးကို မုန်းတယ် ………….

ခေတ်မှီဖွံ့ဖြိုး တိုးတက်နေတယ်ဆိုတဲ့ သတင်းကို မီးပျက်လို့ မကြည့်လိုက်ရတဲ့ ညတွေကို မုန်းတယ် …………..

ခနာကိုယ်ကို ဈေးကောင်းရဖို့ ကိုယ့်ကိုကိုယ်ရောင်းစားနေရတဲ့ သူတွေကို မုန်းတယ် ……………

မနက်ဖြန်
မနက်ဖြန်
မနက်ဖြန်
ဘာမှန်းမသိတဲ့ မနက်ဖြန်
မရေရာတဲ့ မနက်ဖြန်တွေ ကိုလည်း မုန်းတယ် .............

မင်းအိမ်ဖြူ

ဝန်ခံချက် ၊၊ ၊၊ မကြာမီ ကျင်းပတော့မယ့် ခြိမ့်ခြိမ့်သဲ ပွဲတော် ကြီးအား ကြိုဆို ဂုဏ်ပြုပါ၏ ၊၊

Tuesday, 25 May 2010

အမေအို တစ်ယောက်ခွင့်လွှတ်မှာပါလေ

အချိန် ၁၉၇၀ ၀န်းကျင်ခန်.

လူသားတွေရဲ့ အသက်ကို ကယ်တင်ဖို. မွေးဖွားလာခဲ့တဲ့ ဆရာဝန်ကြီး တစ်ယောက် ရဲ့ မာတာ မိခင် ကျေးဇူးရှင် ကြီး၏ နောက်ဆုံးအချိန် ၊၊ သစ်ပေါဝါးပေါ နဲ. ဆောက်ထားတဲ့ နှစ်ဆောင် ပြိုင် အိမ်ကြီးရဲ့ အိမ်ရှေ. ဧည်.ခန်း ဆီက ကျွန်းကုတင်ကြီးပေါ်မှာ လဲလျောင်း ရင်း သားမောင် ဆရာဝန် အလာကို စောင့် စားနေတဲ့ အမေအို တစ်ယောက်ရဲ့ နေ၀င်ချိန် ၊၊ အမေအို အသက်ရှု ရပ်သွားမယ့် အချိန်ကို ၀ိုင်းဝန်း စောင့်စားနေကြတဲ့ တူတွေ တူမတွေ ၊၊ မသိမသာ နဲ. ပစည်းတွေ ရှင်းလင်းဖို့. ပြင် ဆင်နေကြတဲ့ တူသားလုပ်သူတွေ ရဲ့ တိတ်တိတ် ဆိတ်ဆိတ် ရွေ.လျား စီမံနေပုံ တွေ ၊၊ အမေအိုတစ်ယောက် ရဲ့ နောက်ဆုံးအချိန်အတွက် ၊ ပြုပြုခဲ့သမျှသော ဒါနသီလတွေ အတွက် ပြန်လည် အောက်မေ့ နှလုံးသွင်းနိုင်ဖို. ၊ နောက်ဆုံးထွက်သက်မှာ ဘ၀ကူး ကောင်းစေဖို. ဖွင့်ပြနေတဲ့ တရားသံတွေ ၊၊ တခါတခါ “အိ” ကနဲ ရှိုက်လိုက်တဲ့ တူမတွေ ရဲ့ ကြေကွဲသံ တိုးတိုး ၊၊

ဟိုးအဝေးဆီက ဥသြသံ ပေးပြီး ၀င် လာမယ့် လော်ကယ် ရထားတစ်စင်းရဲ့ ဆွဲဆွဲ မြေ့မြေ့ တွန်လာမယ့် အသံ ရှည် ကြီးကို ရင် တမောမော မျှော်လင့် နေကြတဲ့ အမေအို အနီးက ဆွေမျိုးတွေ ၊၊ အဲဒီရထားသံ ကိုပဲ စောင့် စားနေတဲ့ အမေအို ရဲ့ ခပ်မျှင်းမျှင်း အသက် ဆက်နေသံ ညှင်းညှင်းသွဲ.သွဲ. ၊၊ သားမောင်တစ်ယောက် ဒီလော်ကယ် ရထားကြီးနဲ. များပါလာမလား ၊၊ဒါတွေ အားလုံးဟာ သားမောင် ဆရာဝန်ကြီး အတွက် အမေအို ရဲ့ နောက်ဆုံး မျှော်လင့် ချက်လား ၊၊ တစ်ချက်တစ်ချက် လွင့်ပျံလာတဲ့ ဘကြီးမောင်ရဲ့ ကြေးစည်သံ လွင်လွင်လေးက လေဝှေ. မှာ အမေအိုဆီ ကို လာလာဦးခိုက်လို. ၊၊ မကြားတစ်ချက် ကြားတစ်ချက် ပရိတ်သံလေးကို အမေအို နားစွင့်နေပါသလား ၊၊ ဘုရား ဘုရား လို.မတပဲ သား သား လို. တရင်း လော်ကယ်သံကို နားစွင့်နေပါသလား ၊၊ ဘာမှမပြော နိုင်တော့တဲ့ အမေအိုသာ သိပေ လိမ့်မည် ၊၊

ကြာနီကန်ဆရာတော် ဘုရားကြီးရဲ့ တရားသံက မာဆတ်ဆတ်ရယ် ၊ တလွင့်လွင့် တသာသာနဲ့ သံဝေဂနဲ. တရားရစရာ ၊၊ အမေအိုအတွက်များ ဒီတရားကို ဟောခဲ့လေသလား ၊၊ “ …….အရုပ်ကလေးတော့ လုပ်ပြီးပြီ ၊ ဆေးချယ်လို. ….ကဟယ် ဂဟယ် နဲ. ပညာ တွေ သင်လို. …. ဒီလိုနဲ. BA တွေ BSC တွေ BED တွေ ရပြီး သကာ လ ၊ ကိုယ် မြတ်နိုးရလိမ့်မယ် လို. မထင် …. ” ရင်ကမွေးတဲ့ သားကို ကကြီး၊ ခခွေး မှသည် ဆရာဝန်ကြီးဖြစ်လာ သည် ထိ ရုန်းကန် ထိန်း ကျောင်း ပြုစု လာခဲ့ ရသည့် မုဆိုးမ အမေအို အတွက် မောသမျှ ပန်းသမျှ ၊ သားမောင် အပြုံး တစ်ချက်နဲ. ပိန်းကြာဖက်ပေါ် ရေမတင်သလို အားလုံးကင်းစင်ပျောက် လွင့်ခဲ့ ရသည် ၊၊

ဖတဆိုး သားပေသည့် လိုအပ်ချက်တွေ မရှိစေရ ၊၊ ကိုယ်တိုင်ကလည်း စီးပွားရေး တောင့်တင်းခဲ့ လေတော့ ၊ သာလှလူလေး မေ့ရွှေသွေးကို ချွေးတစ်ချက်ပင် မစို.စေ ချင်ခဲ့ ၊၊ သာလူလှ လည်းတော်ပါပေသည် ၊၊ တောမက မြို.မကျမှာ လူဖြစ်ရပေသည့် ဆိုရှယ်လစ် ခေတ်မှာပင် ဆရာဝန်ကြီးတစ်ယောက် ဖြစ်အောင် အမေ့ အလို ကျ ကြိုးစားပြခဲ့သည် ၊၊ တစ်ရွာလုံးမှာ တစ်ယောက် ၊ တစ်နယ်လုံးမှာတစ်ယောက် ၊ တစ်ခရိုင် လုံးမှာမှ တစ်ယောက် ငါ့သားလူလှ ဒီနယ် တခွင်မှာ ယှဉ်နိုင်သူ ရှိကောင်းလားအေ့ ၊၊ လူတိုင်းမဖြစ်နိုင်တဲ့ ငါဟဲ့ ဆရာဝန် အမေ ၊၊ ယှဉ်စမ်း ၊၊ မယ်ထွေးတို. ၊ လှအေးတို. ၊ မြစိန် တို့ ညည်းတို.ကျန်တာ ပြိုင်လို.ရမယ် ၊ ငါလို ဆရာဝန် အမေဘ၀ ညည်းတို. အိပ်မက်တောင် မက်နိုင်ရဲ့လား အေ့ လို. ၊ မာနတွေ တထူတူ နဲ. သားလူလှ ဆရာဝန်ကြီး ရဲ့ မိခင် ၊၊

နှစ်ရှည် တက်လိုက်ရတဲ့ ကျောင်းအတွက် ကုန်လိုက်ရတာ ရှိသမျှလေး လည်း ပြောင်လို. ၊၊ လူမသိသူမသိ သားမောင် မသိအောင် လက်သိပ်ထိုး ရောင်းရပေါင်ရတာ တောင် မှ မုဆိုးမ အမေအို အပြုံးတစ်ချက် မပျက်ခဲ့ ၊၊ သားမောင်အတွက်ဆို လျှင် စကားအရာနဲ. အနိုင်ယူ ခဲ့ဖူးတဲ့ လှအေးတို. မြစိန်တို. ဆီ အောက်ကျခံ ရဖို.လည်း အမေအို ၀င်မလေး ၊၊ ကျုပ်သား ဆရာဝန်ကြီး ဖြစ်တဲ့အခါ ကျုပ် မှာ ဘာမှ မကျန်အုံး ကျုပ်ကျေနပ် ပါတယ်အေ ၊၊ ညည်းတို.များတက် နိုင်လို. ညည်း သား ထွေးမောင် တို. အေးသာ တို. ဆေးလိုင်း လိုက်နိုင်လို.လား အေ ရဲ့ ၊ နွားကျောင်း ကျွဲကျောင်း နဲ. ဖြစ်လှ စပါးပွဲစား ပေါ့အေ လို. တောင် ပုတ်ပုတ် ခတ်ခတ် အထက်စီးက စကားနာ ထိုးခဲ့သေးရဲ့ ၊၊

ဒီလိုနဲ. သားမောင်လည်း ဘွဲ.ရ ၊ အမေအိုလည်း ဖြူကာဖြာကာ ကျရလေတော့သည် ၊၊ သို.ပေသည့် အမေအို မာန်မလျှော့ ၊ ဇွဲခတ်လို. လှော်နေဆဲ ၊၊ သားမောင် ပြန်အလာ ဖွယ်ဖွယ် ရာရာ တွေ နဲ. ဧည့်ခံ နေမြဲ ၊၊ နားကပ်ကလေးမေးတော့ အမေနားတွေ နာလို. သား ရယ် ၊ အသက်တွေ ကြီးတော့ စိန်တွေ ရွှေတွေ လည်း အမေ မ၀တ် ချင်ပါဘူး သားရယ်လို. သားမောင်ကို စိတ်မဆင်းရဲ ဖို. ညာနေဆဲ ၊ လိမ်နေဆဲ ၊၊ သားလုပ်သူက ခပ်ပြုံးပြုံးနဲ. အမေ မ၀တ်ချင်တော့ ၊ အမေ့ချွေးမကို ပေးဝတ်လိုက်ပေါ့ အမေရယ် ဆိုတော့ အမေအို ဘယ်လိုများ နေရှာမတုန်း …………….. နင့်ကနဲ ၊ နင့်ကနဲ ……. သစ်ပင်ထက်ကကျသူကို ရိုက်နှက်ဘိသကဲ့သို. ဆိုတာထက် အမေအို ရင်တွေ တဆက်ဆက် နာရပြီကော ၊၊

တလိမ့်လိမ့်ဆင်းလာတဲ့ အသုံးမကျတဲ့ မျက်ရည် ပူတွေ ကို လက်ဖမိုးနဲ. ခပ်ကြမ်းကြမ်းလေးသုတ်လို. ငါ့သားလေးတောင် အရွယ် ရောက်မှ ပဲလို. ခပ်မာ မာ တွေးပြီး ခေါင်းကို တစ်ချက်ခါ လိုက်တဲ့ အမေ့အို. မျက်ဝန်းက လွင့်သွားတဲ့ မျက် ရည် တစ်စက်က သားမောင် လူလှ ကို တင့်တောင် တင့်တယ် အိမ်ထောင် ချပေးဖို. ဆိုတဲ့ စိတ်ကူးအတွက် အားတစ်ချက်ပေလား ၊၊ အမေအိုမမောနိုင်သေးပါ ၊၊ သားမောင်ကို လည်း တရားဝင် မမေးဝံ့သေးပါ ၊၊ သဘာဝကို အမေအို ရှောင်မဖယ်ချင်ပေမယ့် သားမောင် နှူတ်ကထွက်လာမယ့် ဟုတ်ပါတယ် ဆိုတဲ့ စကားတခွန်းကို အမေအို ရင်မဆိုင် လိုသေး ၊၊ အားတွေ မွေးဖို. လိုပါအုံးမည် ၊၊ အားတွေ မွေးဖို. လိုပါပေအုံးမည် ၊၊

ရက်ပိုင်းလောက်သာ အလည်ပြန်လာတဲ့ သားမောင်ရဲ့ အိမ်ပြန်ခရီးကို ပြင်ဆင်နေဆဲ ကာလ မှာ ပဲ မိဘတို.၀တ္တရား ရှိသည့် အတိုင်းဆိုတဲ့ စကားကို အစပျိုးလို. စာမတက်တဲ့ အမေအို ၊ မောင်ဖွားတွေကို အကူအညီတောင်းလို. သားမောင်ဘာတွေ များလုပ်ချင်သတုံး ရယ် လို. မေးရပြီ ၊၊ မမေးရက်ရက် ပေမယ့် ၊ အမေးခက်ပေမယ့် ၊ မေးသင့်သည် မို. မကြားဝံ့သည့် စကား နှုတ်ထွက် လာမှာသိပေသည့် မေးရလေပြီ ၊၊ အမေ တာဝန် ကျေပါရစေမယ် ၊ သားမျက်နှာမငယ်စေရပါ ဘူး ဆိုတဲ့စကားကို အများရှေ.မှာ နှုတ်ထွက် ရဲပေမယ့် အမေအိုမှာ ကျန်နေတာက သွားလေသူ အိမ်ထောင်ဦးဘ၀က ဆင်ပေးခဲ့တဲ့ ချယ်နားကပ် လေး တစ်ရံ နဲ. တောပိုင်းမှာ ရှိနေတဲ့ ယာ အနည်းငယ်သာ ၊၊ ခပ်ပြုံးပြုံးနဲ. အများရှေ. မှာ ဂုဏ်တွေ တက်နေတဲ့ အမေအို ရင် ထဲ ဘယ်လိုများ ရှိနေမလဲ………….

ဘွဲနှင်းသဘင် ဆိုတာကြီးကို စိတ်ကူးနဲ. ရူးလို. ရွာမှာ ကြွားခဲ့ ဘူးတဲ့ အမေအို သားလုပ်သူရဲ့ ပင်ပန်းပါတယ် အမေရယ် ဆိုတဲ့ စကား လေးနဲ.ပဲ တိတ်တိတ်လေး ခံစား ကြေကွဲနေ လေမလား ၊၊ သြော် ကြေကွဲချိန် ရပါဘူးလေ ၊၊ တောပိုင်းမှာ ရှိတဲ့ ယာလေးတွေ ဈေးကောင်း ရဖို. ငယ်နိုင် အမျိုးတွေ ကို ဟိုအော် ဒီအော် နဲ. ရသမျှလေး စု လို. ထုပ်ထား သားမောင် နောက်တစ်ခေါက်ပြန်လာ မယ့် အရေး စောင့်ရင်းတွေးလို. ၊၊ ရင်းနှီးသူ ငယ်ပေါင်း သူငယ်ချင်းမတွေက ဟဲ့ ဆရာဝန် အမေမကြီး နေပူကြီးထဲ လောဘတွေ တက်မနေနဲ. သားက ဆရာဝန်ဖြစ်နေပြီဆို လိုက်မသွားဘူးလား ဆိုပြီး လယ်ကန်သင်း ခြေကန်ရင်း အော်တော့ ၊ အမေအိုတို.ကလည်း အားကျရယ်မခံ ၊ အမလေးအေ ခေါ်ပါ့ ကျုပ်က မြိုတော့ ပျော်ဘူးအေ့ တော ပျော်တာ ရယ်လို. သားမောင် သိကာတော့ အကျမခံ ၊ ပြန်အော်ခဲ့သေးတာကလား ၊၊ အာဂအမေအို ၊၊

အမေရယ်ခရီးကလည်းဝေးတယ်၊အမေရထားစီးရမှာလည်းပင်ပန်းပါတယ်၊၊ မင်္ဂလာဆောင် ပြီးလို. အေးအေးဆေးဆေး နောက်မှ ပဲ သားတို.လာ ခဲ့ပါမယ် ၊၊ အမေ့ချွေးမ မမ ကလည်း ခရီးဝေး မသွားချင်သေးဘူး ဆိုလို. မခေါ်လာခဲ့ ဘူး အမေဆိုတော့ လည်း အမေအို က ပြုံးပြုံးလေးနဲ. ခေါင်းလေးညိမ့်လို. ပီဘိ ကျေနပ် နေသည့် အလား ၊၊ ရင်ထဲကခံစားချက်သားမောင် တစ်ချက်မသိစေရ ၊၊ အင်း အမှန်လည်း ကျေနပ်မှာပါလေ ၊၊ စုဆောင်းထားတာလေးတွေ ပေးလို. သမီးချွေးမ ကို အမေ့ မင်္ဂလာဦး နားကပ်လေး လက်ဖွဲ.လိုက်ပါ သားရယ် ဆိုပြီး မမြင်ဖူးတဲ့ ချွေးမကို စိတ်ကူးနဲ. လှမ်းချစ်လို. ၊၊ နောက်တစ်နေ. ဈေးသွားတဲ့ အခါ သားမောင် လူလှ အိမ်ထောင်ကျပါပြီ ဆိုတဲ့ အကြာင်း ကြေငြာမောင်းခတ်လို. ကြွားးပေအုံးလိမ့်မည် ၊၊

သြော်ဒီလိုနဲ. အမေအိုဘ၀ နောက်ဆုံးအချိန် ထိသားမောင် ကို မျှော်ရင်း ဘ၀မကူး နိုင်သေးပဲ အသက်ကို မျှင်မျှင်း ရှုရင်းစောင့်လို. ၊၊ဆရာဝန် တစ်ယောက်မွေးထုတ်ခဲ့တဲ့ အမေ ၊ ဆေးတစ်ပေါက် အပ်ရာ မကျန်ဘူးခဲ့ ၊ ဆေးတစ်လုံးသားမောင်တိုက်တာ မမြိုဘူးခဲ့ ဘူး ၊၊ သားမောင်ကမ်းပေးတဲ့ ရေတစ်ခွက် တောင် ဆေးအမှတ်နဲ. မသောက်ခဲ့ဘူးတဲ့ အမေအို ၊၊ အသက်ကိုမျှင်မျှင်းရှု ရင်း ၊ ဘုရားကို မတ ၊ သား ကို တနေရှာသူ ၊၊ သားတစ်ယောက်အတွက် ပေးဆပ်ခဲ့ခြင်းများစွာ အတွက် သားမောင် ဆီကဘာကိုမှ ပြန်လည် မတောာင့်တခဲ့သူ ၊၊ ပေးဆပ်ခြင်းများစွာနဲ. ရင်းနှီးမှူပေါင်း များစွာကို ရက်ရက်ရောရော ဖြည့်စွမ်းပေးခဲ့သူ ၊၊ ဘာကိုမှ ပြန်ယူမသွားခဲ့တဲ့ ထာဝရ မေတ္တာရှင် ၊၊ နောက်ဆုံး အချိန်လေးမှာတော့ သားမောင်ဆရာဝန်ကြီးကို တွေ ချင်ရှာပေလိမ့်မည် ၊၊ သားတိုက်တဲ့ ဆေးတစ်ခွက်ထက် သားပေးလာမယ့် အကြင်နာလေးတစ်ချက် တော့ မျှော်လင့် ရှာပေလိမ်မည် ၊၊ ပုံမှန်ဝင်နေကျ လော်ကယ်ရထားကြီး က ဥသြသံ လေးသဲ့သဲ့ ကြားရချိန်မှာတော့ အမေအိုလည်း အသက်ကလေးမျှင်းမျှင်း ရှုရင်း ဖြေးဖြေးချင်း ရပ်ခဲ့လေ ပြီ ၊၊

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

(၀ထ္ထုလည်းမဟုတ် ၊ ဇာတ်လမ်းလည်းမဟုတ် ၊ ခံစားချက် ရုပ်ရှင်လည်း မဟုတ်ပေသည့် တကယ့် ဖြစ်ရပ် မှတ်တမ်းတွေက ပိုရ်ျ ဇာတ်လမ်းဆန်ပါသည် ၊၊ )