သပြေညို
သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။
တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။
သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။
တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။
မင်းသုဝဏ်
အင်္ဂလန် (၁၉၃၈) ဇန်န၀ါရီလ ၄ ရက်
အင်္ဂလန် (၁၉၃၈) ဇန်န၀ါရီလ ၄ ရက်
ဆရာမင်းသုဝဏ် ရေးသားခဲ့သော ကဗျာလေးတစ်ပုဒ်ပါ ၊၊ လွတ်လပ်ရေးမရခင် ၁၀ နှစ်တိတိ ၁၉၃၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ ရေးသားစပ်ကုံးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ရယ်လို့ ဆရာ ချစ်ဦးညို ပြောလို့ သိခဲ့ရပါတယ် ၊၊ ဆရာက ဌာန်ကရိုဏ်းကျကျ ရွတ်ပြတဲ့အခါ မျက်ရည်လည်း ၀ဲခဲ့မိပါတယ် ၊၊ မြန်မာပြည်ဖွားတွေဟာ ဘယ်နေရာ ဘယ်ဌာနမှာပဲ ရောက်နေပေမယ့် အမိမြန်မာ ပြည်ကို လွမ်းဆွတ်နေကြဆဲပါ ၊၊ တမ်းတနေကြဆဲပါ ၊၊ အခါမသင့်လို့ အခွင့်ရယ် မသာသေးချိန်မို့ တိုင်းတစ်မြေခြားမှာ လုပ်ကိုင်စားနေရပေမယ့် သပြေညို တွေဝေနေတဲ့ ပြည်မြန်မာကို အောင်စည်ရွမ်း ဖို့ ကမ်းလင့်မျှော်နေကြဆဲပါ ၊၊




ဓါတ်ပုံ ၊၊ ၊၊ စာပေဟောပြောပွဲ အမှတ်တယ ( ၂၀ ရက် ဒီဇင်ဘာလ ၂၀၀၉ ခုနှစ် တနင်္ဂနွေနေ့ နေ့လည် )