Friday 29 May 2009

ဖြစ်တည်လာသော

သညာလေးတွေရဲ့နောက်ကွယ် မှာ ဇာတ်လမ်းလေးတွေ ရှိတယ်တဲ့ ၊၊ ဟုတ်ပါတယ် ၊၊ အချို.သုတွေက အမည်သညာ ကိုလွယ်လွယ် မှည့်ခေါ်တက်ကြပေမယ့် အချို.ချို.တွေကတော့ အဲဒီသညာလေးတွေ အတွက် အဓိပါယ် ရှိရှိ ခံစားချက် အပြည့်နဲ့ပေါ့ ၊၊ ကျွန်တော်မင်းအိမ်ဖြူရယ်လို. ဖြစ်တည်လာပုံလေးကတော့ အင်မတန်မှ ရိုးစင်းခဲ့ပါတယ် ၊၊ ဟိုးဘလော့ စတင်ချိန်မှာ ကတည်းက ကျွန်တော်ဆိုခဲ့ဘူးသလို ကျွန်တော့်ရဲ့ ရင်ထဲမှာ ထိထိရှရှခံစား ရသမျှ ထည့်သွင်း သိမ်းစည်းထားမယ့် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အိမ်လေး တစ်လုံးအဖြစ် စတင် စိတ်ကူး တည်ဆောက် ခဲ့ခြင်းသက်သက်ရယ်ပါ ၊၊
ဒီအိမ်လေးတည်ဆောက်မယ်ရယ်လို. စဉ်းစားမိတော့ ပထမဆုံး တွေးမိတာက အိမ်လေးရဲ့ နာမည်ရယ် ၊ Posted လုပ်မယ့် စာရေးသူ နာမည်ရယ်ပေါ့ ၊၊ အိမ်လေးရဲ့ နာမည်ကိုတော့ ရိုးရိုးစင်းစင်း အဖြူရောင်အိမ်လေးတစ်လုံး ရယ် လို.ပဲ ပေးဖြစ်ခဲ့ပါတယ် ၊၊ အကြောင်းကတော့ ကျွန်တော်ဟာ အိမ်ခင်တက်သူမို. ၊ အိမ်လွမ်းသူမို. ၊ သာယာချမ်းမြေ့တဲ့ အိမ်လေးတစ်လုံးပိုင်ဆိုင် လိုသူရယ်မို. ဘလော့ နာမည်လေးကိုတော့ အဖြူရောင်အိမ်လေးတစ်လုံး လို.ပဲ ရိုးရိုးစင်းစင်း ပေးဖြစ်ခဲ့လေတယ် ၊၊ ကျွန်တော့် ရဲ့ အိမ်လေးနဲ့ ပတ်သပ်လို. ခံစားချက်ရယ်ကတော့ ကျွန်တော့ Blog ရဲ့ SideBar မှာ ရေးထားခဲ့သလို

အိမ်ဖြူကလေးရဲ. စိတ်ကူး
ငယ်ငယ်ကလေးဘ၀ကတည်းက စိတ်ကူးထဲမှာ အိမ်လေးတစ်လုံးဆောက်ခဲ.ဘူးပါ တယ်.................
အရွယ်လေးရလာတဲ.အခါ အမှန်တကယ်လည်းတည်ဆောက်ခွင်.လည်း ရခဲ.ပါတယ်………………
ဒါပေမယ်. မမြင် ရတဲ.ကံကြမာဆိုးရယ်……………..
ခဏတာ သာယာမူကိုရှေးတန်းတင် မိတဲ.ညဉ်ဆိုးရယ်…………….
မထိန်းသိမ်းနိုင်ခဲ.တဲ. အတ္တတွေ မာနတွေရယ်………………….
မလိုအပ်တဲ. ယှဉ်ပြိုင်အနိုင် ယူလိုမှုတွေရယ် ကြောင်.……………..
စိတ်ကူးထဲက အိမ်ဖြူလေး ဟာ တကယ်ဖြစ်မလာဘဲတစစီ ပျောက်ဆုံးခဲ. ရ တယ်…………...

ဒါကြောင့် အပြင်မှာတကယ် မဖြစ်လာနိုင်တော့တဲ့ အိမ်လေးတစ်လုံးကို ကျွန်တော် စိတ်ကူးလေးနဲ့ တည်ဆောက်ဖြစ်ခဲ့တာပါ ၊၊ နောက်တစ်ခုအနေနဲ. ကတော့ အိမ်ဖြူလေးကို တည်ဆောက်ထားဖြစ်တဲ့ ရည် ရွယ်ချက်ကတော့
ကျွန်တော့် ရဲ့ ရင်ထဲက ခံစားချက်လေးတွေကို သိမ်းဆည်းထားချင်တဲ့ ရင်ဘက်ထဲမှာ စူးစူးရှရှ ခံစားရသမျှ မှတ်တမ်းတင်ထားရှိမည်.ကိုယ်ပိုင်အိမ်ဖြူလေးတစ်လုံးသာ ဖြစ်ပါကြောင်း…………….

ဆိုတဲ့ရည်ရွယ်ချက်လေးသပ်သပ် ရယ်ပဲ ရှိခဲ့တာပါ ဆိုတာလေးလည်း ကျွန်တော့်ရဲ့ Side Bar မှာ ရေးထား ခဲ့ဖူးပါတယ် ၊၊

ကျွန်တော့်ရဲ့ ကလောင်နာမည် ဖြစ်တဲ့ မင်းအိမ်ဖြူ ဆိုတာ ဖြစ်တည်လာပုံလေးကတော့ ………….

မင်း

ကျွန်တော်ဟာ မြေပြန်.ဒေသလို.ပြောလို.ရတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ရှင်သန်ကြီးပြင်းခဲ့လေတော့ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်ဟာ ဗမာစစ်စစ် ဗမာသံတွေနဲ့သာ ယဉ်ပါးခဲ့ရပါတယ် ၊၊ အခြားလူမျိုးခြားဆိုလို. တရုတ်၊ကုလား နဲ. အနည်းအကျဉ်းသော မြန်မာ လူမျိုး (ကရင် ၊ ရှမ်း ၊ ရခိုင် စသည် ) များသာ တွေ.ခွင့် ရခဲ့ပါတယ် ၊၊ ဒီလိုနဲ. မထင်မှတ်ပါပဲ တကသိုလ် ကျောင်းတက်ရတဲ့ အချိန်မှာ အခြားပြည်နယ် များမှ သူငယ်ချင်းများ နဲ့ တွေ.ဆုံပေါင်းသင်းခွင့် ရခဲ့ပါတယ် ၊၊ အဲဒီထဲကမှ ထူးထူးခြားခြား စကားသံ ၀ဲဝဲလေးနဲ. မွန်သံလေးကို သဘောကျသွားရာက စလို. မွန်နံမည်လေးတွေကိုလည်း သဘောကျသွားမိပါတယ် ၊၊ ဒါကြောင့်နောက်ထပ် နာမည်ပေးရင် ဒီလိုနာမည်လေးပေးမယ်လို. အဲဒီကတည်းက အတွေးရခဲ့ပါတယ် ၊၊ မင်းကံစည် ၊ မင်းဗညားထော ၊ မင်းကောင်းပုံ အစရှိတဲ့ မင်းနဲ.စတဲ့ နာမည်လေးတွေ ကို သဘောကျခဲ့ မိဘူးပါရဲ့ ၊၊ နောက်မှတ်မှတ်ယယ လေးက ချိုပြုံးရဲ့ သီချင်းတစ်ပုဒ်ထဲက သက်လုံးပုံ ဆိုတဲ့ သီချင်းစာသားလေးကိုလည်း သဘောကျ နှစ်သက်ခဲ့ဘူးလို. တကယ်လို.များ သမီးလေးမွေးခွင့်ရခဲ့ရင် မယ့်သက်လုံးပုံ လို.ပေးမယ်လို. စိတ်ကူးယဉ်ခဲ့ဘူးပါတယ် ၊၊ သားလေးမွေးရင်တော့ မင်းသက်လုံးပုံ ပေါ့ဗျာ ၊၊ ဒါတွေဟာ အတိတ်မှာ ကျန်နေရစ်ခဲ့ပါပြီ ၊၊ ( အတိတ်ကို ပြန်ဆွလေသလား မမယ်ကိုးရယ် )

အိမ်

မိစုံဖစုံ ၊ ပြည့်စုံပါလျက် နဲ. မိသားစုနဲ. အတူနေခွင့်မရတဲ့ ဘ၀ကို ငယ်ငယ်ကတည်းက စိတ်နာမိပါတယ် ၊၊ ကိုယ့်လောဘတွေ ၊ အတ္တတွေ ၊ ရမက်တွေ ၊ မာနတွေ ကြောင့် ကိုယ်ပေးဆပ်ရတဲ့ နာကျင်မှူတွေ အတွက် ကိုယ်သာ အကျေ ကွဲရဆုံးပါ ၊၊ ဟိုးငယ်ငယ် မိသားစု ဘ၀ကို သိတက်ခါစအချိန်မှာပဲ မိသားစုနဲ့ ဝေးရာကို တစ်ယောက်တည်း ထွက်လာခဲ့ရပါတယ် ၊၊ ထူးအိမ်သင် ရဲ့ အမေ့အိမ် နဲ. ဟေမာနေ၀င်းရဲ့ အမေ့အိမ်ကို တလှည့်စီ ဖွင့်ရင်း ခံစားရတဲ့ လွမ်းဆွတ်မှူဟာ ခုချိန်ထိပြန်တွေးတိုင်း နာကျင်နေရဆဲ ၊၊ အရွယ်မတိုင် ခင် အလိုဆန္ဒတစ်ခု ကို ရဖို.ပေးဆပ်ခဲ့ရတဲ့ ဒီခံစားမှူမျိုးကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မခံစားစေချင် တော့ ၊၊ အမေလည်းနာကျင်စွာ ခံစားခဲ့ရတယ်ဆို တာ နောက်ကျမှ သိခွင့်ရခဲ့တယ် ၊၊ ခွင့်လွှတ်ပါ အမေ ၊၊ ဒါဟာ အမေတို. အတွက်ပါလို. အမေနားလည်မှာပါ နော် ၊၊ ညစဉ် ၁၀ နာရီ ခွဲ လို. အမြန်ရထားကြီး ၀င်လာတိုင်း ဖိနပ်သံ တရှပ်ရှပ်နဲ. သားထွေးပြန်လာမလားလို. ထွက်ထွက်မျှော်တက်တဲ့ အမေ့အကြောင်း ပြန်ကြား ရတော့ မျက်ရည်မကျပဲ ရှိုက်ငိုနေခဲ့မိတယ် ၊၊ ကျွန်တော့်ဘ၀မှာ လိုချင်တာဆို ဘယ်အရာမှ မရတက်တာ ခုချိန်ထိ ၊၊ ကျွန်တော့်လောက် မိသားစုဘ၀ကို ခုံမင်တာ မရှိခဲ့ ၊၊ ဟိုးကတည်းက မိသားစုမစုံရင် ထမင်းမစားဘဲ စောင့်နေတက်တဲ့ ကျွန်တော် မိသားစုနဲ. အတူ ထမင်းစားခွင့် ရခဲ့တာ အသက် အလွန်ဆုံးရှိလှ ၉ နှစ် ၁၀ နှစ် ပေါ့ ၊၊ အခုတော့ ဘ၀လည်း ထက်ပိုင်းကျိုးပါပြီ ၊၊ အစ်ကို အစ်မတွေ အားလုံး လည်း အိမ်ထောင် တွေ ကျလို. ကျွန်တော် မျှော်မှန်းခဲ့ဘူးတဲ့ ထမင်းဝိုင်းမျိုး ဘယ်တော့မှ ပြန်မရနိုင်တော့ ၊၊ အဖေနဲ. အမေ ရဲ့ ရွှေရတု နှစ်ပတ်လည် မင်္ဂလာပွဲမှာတော့ မောင်နှမတွေ ပြန်လည် ဆုံ တွေ. ကြပါစို.လို. ဟိုတစ်လောက အားလုံးကို အကြောင်းကြားထားလေရဲ့ ၊၊ ကံတရားက ကျွန်တော့်ကို မျက်နှာသာ ပေးပါစေလို. ဆုတောင်းမိရဲ့ ၊၊ ဒီလိုနဲ့ ကျွန်တော်ဟာ အိမ်နဲ.ဝေးခဲ့သူမို. အိမ်ကို ခင်တွယ် မိပါတယ် ၊၊ ဟိုးကတည်းက သာယာတဲ့ အိမ်ထောင်လေး တစ်ခုကို မက်မောခဲ့ပေမယ့် ခုလို ဘ၀ ထက်ပိုင်း ကျိုးတဲ့ထိ ဘ၀ကို တစ်ယောက်တည်း လျှောက်လှမ်းနေဆဲ ၊၊ ကိုယ်ပိုင်အိမ်ဆိုပေမယ့် မိသားစုမရှိတဲ့ အိမ်တစ်လုံးဟာ ဇရပ်တစ်လုံးနဲ.အတူတူပါပဲ ၊၊ ကိုယ့်အိမ်ကိုယ် သော့ဖွင့်ဝင် ရတဲ့ ခံစားချက်ဟာ ခုအခါမှာ အသားကျ ကျင့်သားရ နေပေမယ့် အရင်အချိန်တွေ တုန်းကတော့ အရမ်းကို ထိတ်လန်.ခံစားခဲ့ဘူးပါတယ် ၊၊ ဒါကြောင့် ကိုယ့်အိမ်ကို တံခါးပိတ်ပြီး မိသားစု ရှိတဲ့ သူငယ်ချင်းတွေ အိမ်မှာ ခိုကပ်နေခဲ့ဘူးရဲ့ ၊၊ အိမ်ဆိုတဲ့ အဓိပါယ်ဟာ မိသားစု စုံစုံလင်လင် ရှိပါမှ ပြည့်စုံတာကလား ၊၊ ဒါကြောင့် ဒါကြောင့် …………. ဒီစကားလုံးလေးကို မြတ်မြတ်နိုးနိုးလေး အသုံးပြုမိပါတယ် ၊၊ အိမ် ရယ် လို.

ဖြူ

ဖြူစင်လွန်းတဲ့ အင်္ကျီလေး ၀တ်ဖို.ကြောက်တက်လာတဲ့ ကျွန်တော်က အခုချိန်ထိ ဖြူစင်မှူကို မြတ်နိုး နေဆဲပါဆိုရင် သူတစ်ထူးတွေ ရီကြမယ်လားမသိ ၊၊ တကယ်ပါ ၊၊ ဟိုးငယ်စဉ်ကတည်းက အဖြူရောင်ကို မြတ်နိုးခဲ့ပါတယ် ၊၊ ဖြူစင်မှူတွေကို တန်ဖိုးထားခဲ့ပါတယ်၊၊ ဒါပေမယ့် ကိုယ်ကိုတိုင်တော့ ဖြူစင်မှူဆိုတာကို ထိန်းသိမ်းမထားခဲ့နိုင်ဘူးလို. ရင်မှာ ခံစားမိတယ် ၊၊ ဖြူစင်ခြင်း ဟာ ကိုယ်နဲ. မထိုက်တန်လေဘူးရယ်လို. ဘာသာ အားငယ် မိတယ် ၊၊ ၂၀၀၅ အကုန်ပိုင်းတွေ နဲ့ ၂၀၀၆ ခုနှစ်တွေ မှာ ကျွန်တော့် ရဲ့ ဖြူစင်မှူတွေကို ရိုက်ချိုး ခံခဲ့ရပါတယ် ၊၊ အကျပ်ကိုင်ခံရတယ် ဆိုတဲ့ စကားကို ကြားဖူးပေမယ့် ကိုယ်တိုင် မလူးသာ မလွန်.သာ ခံစား ရမှ ထိထိရှရှ နားလည်းသဘောပေါက်ခဲ့ရတယ် ၊၊ ကိုယ် စိုက်ခဲ့တဲ့ အပင်က အချဉ်သီး သီးပြီမို. ကိုယ်သာ ကြိတ်မှိတ်ခံစား ကိုယ်ပြုသည့်ကံ ကိုယ်ထံလာတယ်လို.ပဲ တရားမရပေမယ့် တရားနဲ.ပဲ ဖြေတွေးခဲ့ပါတယ် ၊၊ ဒီလိုနဲ. အဲဒီဖြူစင်မှူဆိုတာလေးကို တိတ်တခိုးမြတ်နိုး ရသူ အဖြစ် ဒီစကားလုံးလေးကို ကျွန်တော် သုံးမိပါတယ် ၊၊ တခါတခါ ကိုယ့် အတွက် အရမ်းခံစားရတဲ့အခါ ၊ မတန်ဘူးလို. အားနာမိတဲ့အခါ ဒီစကား လုံးလေးကို ၀ှကှ်ထားတက်ပါတယ် ၊၊ ဒီလိုအဓိပါယ်လေးတွေ ပေါင်းစုလို. မင်းအိမ်ဖြူ ဆိုတဲ့ ကလောင်နာမည်လေးတစ်ခု ဖြစ်တည် လာခဲ့ပါတယ်
(နာကျင်မှူတွေကို ပြန်လည်ခံစားစေတဲ့ ညီမမယ်ကိုးရေ ကျေနပ်မယ်လို. ထင်ပါတယ်နော် ၊ ဆက်ပြီး မခံစားပါရစေနဲ့တော့ လို. )
ကျွန်တော်ကို အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းသတိယဖို. အခွင့်ပေးတဲ့ ညီမငယ် မယ်ကိုး ကို ကျေးဇူး တင်ပါတယ် ၊၊

နောက်ထပ် ကျွန်တော်ကလည်း အခွင့်ရှိတုန်းလေးမှာ ဆက်ပြီး ရင်ဖွင့်စေချင်တာကတော့ ကျွန်တော့် ပြတင်းပေါက်လေး ဆိုတဲ့ ဘလော့ ပိုင်ရှင် ကိုလင်းဒီပ ဖြစ်တည်လာပုံနဲ. တကယ်လို.များ အချိန်ရရင် သဲကိုးဖြာလေးဆိုတဲ့ အသုံးလေးကို ခေါ်တွင်ဖြစ်ခဲ့ပုံလေးပါ သိပါရစေလို.

ရှားရှားပါးပါးကျွန်တော်သိတဲ့ ဘလော့ဂါ က ဒါလေးပဲ ရှိတာမို. နောက် တစ်ယောက်ကတော့ စိမ်းလန်းသောမြေ က ကိုရွှေအောင်လံ ကို ဖိတ်ပါတယ် ၊၊ နာမည်လေးကို အနက်ဖွင့်ပေးဖို. ..

ကျွန်တော်နဲ. သိတဲ့ ဘလောဂါ အနေနဲ. ကိုဗီလိန်လေး တစ်ယောက် ရှိသေးပေမယ့် သူ.မှာက ပရိတ်သတ် သူငယ်ချင်း များသူရယ်မို. ဒီတစ်ခေါက်တော့ ဒုက္ခမပေးလိုတော့ (မုန့်ကျွေးရမယ် ဟာဟ ၊ နောက်တစ်ခေါက်မှ လိန်လိန်အလှည့်….. )

နောက်ဆုံးတစ်ယောက်ကတော့ ကျွန်တော် အပြင်မှာ မသိပေမယ့် မထင်မှတ်ပဲ ကျွန်တော့် ရဲ့ ပထမ ဘလော့ လိပ်စာလေးဖြစ်တဲ့ http://www.minneainphyu.blogspot.com/ မှာ နေရာယူပြီး ၀င်ရေးနေတဲ့ မသူလေး ဆို တဲ့ Home Sick ရဲ့ ပိုင်ရှင် ဘလော့ဂါ ညီမလေးပဲ ဖြစ်ပါတယ် ၊၊ Home Sick ဆိုတဲ့ Blog လေးဖြစ်တည်လာပုံပေါ့လေ…..

နောက်ထပ် တစ်ယောက်ကတော့ ထူထူးခြားခြား အတွေးစာလေးတွေနဲ. ဆရာတာရဲ့ ဖြန်.ထွက်တွေးခြင်းတို. လှည်းတစ်ဘီး တို.ကို ပြန်လည်သတိယစေတဲ့ ၀ိုင်ချိုချို လေး ရဲ့ ပိုင်ရှင် ကုမ်ရာသီသူ ကို ပြောပြစေချင်ပေမယ့် သူကိုယ်တိုင် သူများတွေ မတောင်းဆိုခင် ကတည်းက ရှင်းပြပြီး သားရယ်မို. နောက်တစ်ကြိမ်များမှ ပဲ တောင်းဆိုမယ်လို. တေးမှတ်ထားလေရဲ့ ………

စာရေးသူ များ အနေနဲ. တကယ်လို. ဒီလိုပညတ်လေး အတွက် နာကျင်စွာခံစားရမယ့် အတိတ် ဇာတ်ကြောင်း လေးတွေ ရှိမယ် ဆိုရင်တော့ ကြိုပြီးတောင်းပန်ပါတယ် ၊၊ ကျွန်တော့်ရဲ့တောင်းဆိုချက် (Tag ) ကလေးကိုလည်း လက်ခံပြီး ပြန်လည်းဆင့်ပွား ရေးသားပေးပါလိမ့်မယ်လို.ယုံကြည်စွာ ခံစားရင်းဖြင့် ………………..

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

ဝမ်းမြောက်ပါတယ် စင်ကာပူ

ကျွန်တော့်တို.နိုင်ငံမှာ အရှူပ်အထွေးတွေနဲ. ပူဆွေးနေတဲ့ အချိန်မှာ စင်ကာပူကတော့ သူတို.ရဲ့ Circle MRT လိုင်းသစ်ကို ဒီနေ့မှာပဲ အောင်မြင်စွာ စတင် ဖွင့်လှစ်ပြေးဆွဲပါတယ် ၊၊
တို.နိုင်ငံနဲ. သိပ်မဝေးပဲ ဘာတွေများ ကွာခြားနေ ပါသလဲ ကွယ် .............တကယ်ကို ခံစားရပါတယ်

ရထားစီးရင်း ခံစားခဲ့ရတယ် ၊ မှတ်မှတ်ယယ ဒီနေ့မှ အလုပ်ထဲက Singaporean တစ်ယောက်က နေ.လည် Coffee သောက်ရင်း ပြောဖြစ်ကြတယ် ၊၊ မင်းတို.မြန်မာတွေ သိပ် Smart ဖြစ်တယ် ဒါပေမယ့် ဘာ့ကြောင့် မင်းတို. နိုင်ငံက အဆင်မပြေတာလဲတဲ့ ၊၊ ဘာပြန်ပြောရမလဲ ၊၊ သူတို.နဲ. ယှဉ်ပြီးစကားတွေ ပြောဖြစ်ခဲ့တယ် ၊၊ မြန်မာပြည်ကိုပိုလွမ်းတယ်........................

အမှတ်တယ Bishan Interchange ပထမဆုံးနေ.

Sunday 24 May 2009

အိပ်မက်လေလား

YGN ဆိုတဲ့ အင်တာနက်ကောင်းကင်မှာ အမှတ်မထင် ဆုံ တွေ.ခွင့်ရခဲ့တဲ့ Moon ဆိုတဲ့ ကောင်လေးရယ် ၊ Star ဆိုတဲ့ ကောင်မလေးရယ် ၊၊


**************************************


တိတ်ဆိတ်နေတဲ့ ညလေးတစ်ခုမှ အနက်ရောင် မော်နီတာပေါ် မှာမထင်မှတ်ပဲ တွေလို. သူငယ်ချင်းတွေ ဖြစ်ခဲ့ရတယ် ၊၊ ကောင်လေး ရဲ့ နာမည် ၀ှက်က Moon လို.ခေါ်ပြီး ကောင်မလေးရဲ့ နာမည်ဝှက်ကတော့ Star တဲ့ ၊၊ တွေ.ဆုံခဲ့တာက မဟူရာညရဲ့ YGN အင်တာနက် ကောင်းကင်မှာပေါ့ ၊၊ တိမ်တိုက်တွေလွင့်မျော နေတဲ့ ကောင်းကင် ပြင်ထဲမှာ သီးခြားလွင့်မျောနေတဲ့ အစိတ်အပိုင်းလေးတွေ အဖြစ် တွေ.ဆုံခွင့်ရတဲ့ ကြယ် နဲ့ လ ဆိုတာ အလင်းနှစ်သန်းပေါင်း များစွာ ဝေးကွာတယ် ဆိုတာ မသိခဲ့လေသလား ၊၊ ဘယ်တော့ မှ မဆုံတွေ နိုင်တဲ့ ကြယ် နဲ့ လ ဟာ အမြင်မှာ နီးပေမယ့် တကယ် လက်တွေ. ဘ၀မှာ တော့ မရေမတွက်နိုင်သော အလင်းနှစ်သန်းပေါင်းများစွာ ဝေကွားရင်းပေါ့ ၊၊


**************************************


Star : ဟလို ၊ နေကောင်းလား ?

Moon : ကောင်းပါတယ် ဗျာ ၊၊ ခင်ဗျားလေးရော နေကောင်းပါသလားခင်ဗျာ ?

အဲဒီလိုတွေ ဆုံမှု နဲ့ ညပေါင်းများစွာ ကြာတဲ့ အခါ မတွေရရင် မနေနိုင်တဲ့ အထိ ခင်မင်ခြင်း သံယောဇဉ် တွေ တိုးလာခဲ့ရင်းပေါ့ ၊၊ ညစဉ် ထမင်းစားပြီးတိုင်း YGN မ၀င် ရရင် မနေနိုင်တဲ့ အကျင့်တစ်ခု စွဲလို. ၊၊ ဒီလိုနဲ. Online မတက်ရရင် မနေနိုင်တဲ့ ၊ အိပ်လို.မပျော်တဲ့ ညတွေ များစွာကို အထီးကျန်စွာ ကျော်ဖြတ်ရင်း ၊၊ မဆုံဖြစ်တဲ့ ညတွေမှာ ဆို ရင်မှာ ဟာတာတာနဲ့ တစ်ခုခု လိုအပ်နေခဲ့မိပေါ့၊၊ အဲဒီလို အချိန်မှာများ သူရဲ့ Nick လေး က အစိမ်းရောင်ပြောင်းလို. Online လေးများပေါ်ခဲ့ရင် အငမ်းမရ နှူတ်ဆက်မိခဲ့တာ ၊၊

Moon : ဟေး နေကောင်းလား ၊၊ ဘယ်ရောက်နေတာလဲ ၊၊ ကြာလိုက်တာနော် ၊၊

Star : ဘယ်သွားသွားပေါ့ ၊၊ ကြာတော့ ဘာဖြစ်လဲ ၊၊

အဲဒီလိုများ ဖြေခဲ့ရင် ကိုယ် အရမ်းကို ခံစားရတယ်လေ ၊၊ သိသိကြီးနဲ့ နှိပ်စက် နေတာ များလား ရယ် လို. မထင်ရက်ခဲ့ ၊၊ ဒါပေမယ့် သူရဲ့ နောက်ဆက်တွဲ စကားလေးကြောင့် ပဲ ကိုယ့် မှာ ကျေနပ်ရပြန်ရော ၊၊ ကြည်နှူးရပြန်ရော ၊၊ ကျွန်တော့်ရဲ့ အဖြစ်က သူနဲ့ တွေ. ဆုံ ရတဲ့ အခါ တိုင်း ရေပူရေနွေး နဲ. Shower အောက်မှာ ရေချိုးနေရသလို ပဲ ၊၊ တခါတခါ နွေးခနဲ ခံစားရပြီး ၊ တခါတခါတော့ အေးကနဲ စိမ့်ကနဲ ပေါ့ ၊၊ တခါတလေတော့ လည်း နှစ်ခုပေါင်းလို. နွေးနွေးကြီးလေ ၊၊ ဒါဟာအချစ်တဲ့လားကွာ ၊၊

Star : စိတ်မဆိုးနဲ.နော် ၊၊ စတာ သိလား ၊၊ ရေချိုးပြီး ခေါင်းလျှော်နေလို. ကြာသွားတာ၊၊ နောက်ဆို နောက်မကျစေရဘူး သိလား ၊၊

အဲဒီလိုလေးများ ကြားရရင်ဖြင့် စောင့်နေရသမျှတွေ က ပိန်းကြာဖက်ပေါ် ရေမတင်သလိုပ၊၊

Moon : ကိုယ်တို. အပြင်မှာ တွေ . ရအောင်လေကွာ ၊၊

Star : အခုလည်းညတိုင်း တွေ နေရတာပဲ ၊၊ နောက်မှ တွေ ကြတာပေါ့နော် ၊၊

Moon : ကိုယ်တို.ခင်တာ ကြာပြီပဲ ၊၊ သူငယ်ချင်းတွေ အဖြစ် အပြင်မှာ တွေ. ရအောင်လေ ၊၊ ကော်ဖီအတူတူ သောက်ကြမယ်လေ ၊၊

Star : တကယ်လို. အပြင်မှာ အသားမည်းမည်း ၊ အရပ်ပုပု ၊ အရုပ်ဆိုးဆိုးကြီးဆိုရင် ဘယ်လိုလုပ် မလဲ ၊၊

Moon : ဒါတွေ မလိုပါဘူးကွာ ၊၊ ကိုယ်တို.နှစ်ယောက်ကခင်နေပြီပဲ ၊၊ ကိုယ်သူငယ်ချင်းကို အပြင်မှာတွေ. ချင်တာပါပဲ ၊၊ လို. ကိုယ်ကချွဲရင် …

Star : နောက်ဆိုတွေမယ်လေကွာ နော် ၊၊ အခုတော့ ဒီတိုင်းပြောကြတာပေါ့ ၊၊ ဒါနဲ့ သူ.ကို ပြောပြရအုံးမယ်သိလား ၊၊ ဒီနေ.တို.မြို.ထဲမှာ ကော်ဖီသွားသောက်တာ အရှက်ကွဲရသေး တယ်သိလား ၊၊ ……………… ၊၊ …………….၊၊ ………………

ဒီလိုနဲ. သူရဲ့ စကားတွေ အောက်မှာ ကျွန်တော့်ရဲ့ အပြင်မှာ တွေ ရအောင်ဆိုတဲ့ ဦးတည်ချက်လေးပျောက်ပြီး စီးမျောသွားရပြန်တာပါပဲလေ ၊၊



**************************************


ဒီလိုနဲ့ မထင်မှတ်ပါပဲ နဲ. ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့် ကျွန်တော် အရမ်းတွေ.ချင်နေတဲ့ Star ဆိုတဲ့ ကောင်မလေးကို အပြင်မှာတွေ. ခွင့်ရခဲ့ပါတယ် ၊၊ အဲဒီအချိန်ကတည်းက YGN ဆိုတဲ့ မဟူရာကောင်းကင်ကနေ ပြေးထွက်လာခဲ့တာ ဒီနေ. ထိပေါ့ ၊၊ သူနဲ.အတူရှိခဲ့ဖူးတဲ့ အမိမြေကနေ ထွက်ခွာလာခဲ့တာ ကြာလှပေါ့လေ ၊၊ Online ပေါ်ကို နောက်ထပ်မရောက်ခဲ့တော့ သလို တွေဆုံနေကြ ညပိုင်းတွေ မှာ ပူလောင်ပြင်းပျတဲ့ သဲကန္တာရကို ဖြတ်ကျော်လှမ်းလျှောက် ရသလို ပါ ၊၊ မထင်မှတ်တဲ့ တွေ.ဆုံမှူလေးက ………….

“ဟာ ကိုကို တစ်ယောက်တည်းလား ၊ ဒါမှမဟုတ် တစ်ယောက် ယောက် ကိုစောင့် နေတာလား ” လို.မေးလာတဲ့ ညီညီ က ကျွန်တော် ထိုင်နေတဲ့ စားပွဲမှာ လာထိုင်ရင်း သူနဲ. အတူပါလာတဲ့ ချစ်စရာကောင်မလေးကိုလည်း ထိုင်ခိုင်းရင်းပေါ့ ၊၊ ဆူးလေဘုရားလမ်းက Cyber Café တစ်ခုရဲ့ ဘေးက Aroma မှာ တစ်ယောက်တည်း ကော်ဖီသောက်နေတဲ့ ကျွန်တော့် ရဲ့ အတွေးတွေကို ဖြတ်တောက်ရင်းလေ ၊၊ Star ဆိုတဲ့ကောင်မလေးရဲ့ အကြောင်းကို အေးစိမ့်စိမ့် ကော်ဖီဆိုင်လေးထဲမှာ ထိုင်ပြီးတွေးနေဆဲ မှာ ပေါ့ ၊၊

“ တစ်ယောက်တည်းညီညီ ဒီမှာထိုင်လေ ကိုကို ကော်ဖီ တိုက်မယ် ” လို.ညီ့ ကို ပြန်ပြောတော့
“ အတော်ပဲ ကိုကို ၊ ဒီကောင်မလေးက အင်တာနက်သုံးမလို.တဲ့ ၊ အခုတော့ အဖေါ်ရပြီ ၊ မဟုတ်ရင် တစ်ယောက်တည်းပျင်းနေမှာ ”

မျက်နှာလေးချိုပြီး ၊ အ၇မ်းလည်းချစ်စရာကောင်းတဲ့ ကောင်မလေးကတော့ Americano ကော်ဖီတစ်ခွက်ကို သောက်ရင်း နာရီ တကြည့်ြ့ကည့်နဲ့ပေါ့ ၊၊

“ ကိုကို လည်း အင်တာနက်သွားသုံး မလို.ကွ သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားလို. ၊ ညီညီ ခဏစောင့်ပြီး သီချင်းနားထောင်ပေါ့ကွာ ” ဆိုတော့

အရမ်းကို စိတ်ပျက်သွားတဲ့ အမူအရာနဲ့ ညီညီက

“ ကိုကိုကလည်း အင်တာနက်သုံးမှာ ဒါဆို ညီတစ်ယောက်တည်း ပျင်းနေတော့မှာ ” ဆိုပြီး ကလေးတစ်ယောက်လို စိတ်ပျက်လက်ပျက် ငြီးနေတဲ့ ညီညီကို ချော့ထားပြီ ထွက်လာခဲ့တယ် ၊၊ ညီညီဆိုတာက အနားမှာ အဖေါ်တစ်ယောက်မရှိရင် မနေတက်တဲ့သူ ၊၊ ညီညီ ရဲ့ ကောင်မလေးကလည်းကျွန်တော်နဲ့ အတူ ပါလာခဲ့ပါတယ် ၊၊ ကျွန်တော်က ညီမက ဘာသုံးမှာလည်း လို.မေးကြည့်တော့ “ ဟဲဟဲ ချက်တင်း ၀င်မလို. အစ်ကို ” တဲ့ ဆိုတော့ သြော် အစ်ကိုလည်း ချက်တင်း ၀င်လေ့ရှိတယ် ညီမရဲ့ လို. ဆိုရင်း ညီမနဲ.များ YGN မှာ တွေ. နေမလားပဲ မသိဘူးနော်ဆိုတော့
“ခု ညီမ ၀င်မယ့် Nick က Star တဲ့ အစ်ကို ” လို.ဆိုရင်း လွတ်နေတဲ့ ခုံတစ်လုံးမှာ နေရာယူရင်း အလုပ်တွေ ရှူပ်နေတော့ တဲ့ ကောင်မလေးကို အံ့အောစွာ ငေးမောရင်း ကျောခိုင်းလို. စင်္ကြ၀ဌာ ကြီးထဲကပါ ပြေးထွက်သွားချင်တော့တာပါပဲ ၊၊ ညီညီ့ကိုတောင် နှူတ်မဆက်နိုင်တော့ ပဲ ပြန်ခဲ့ပါတယ် ၊၊ ဖေါ်မပြနိုင်တော့တဲ့ ခံစားချက်တွေနဲ. ရက်စက်တဲ့ ကံတရားရဲ့ တိုက်ဆိုင်စွာ လှည့်စားမှုကို တိတ်တိတ်လေး ကျိန်ဆဲရင်း အပြစ်တင်မိပါတယ် ၊၊

**************************************


“မောင် ကိုကို ပြန်သွားပြီ လား” လို.ကော်ဖီဆိုင်ထဲကို ၀င်လာတဲ့ ကောင်မလေး ကမေးတော့
“ပြန်သွားတာတောင် ကိုယ်ကိုနှူတ်ဆက် မသွားဘူး ” လို.ကောင်လေးကဖြေရင်း ဆက်လို.
“မင်းအစ်မ ကိစရော အဆင်ပြေလား ” ဆိုတော့ ကောင်မလေးက
“မမပေးတဲ့ Nick နဲ့ဝင်တာပဲ မောင်ရယ် ၊ စပယ်လည်း သိပ်မှ မသုံးတက်တာ ၊ စောင့်တော့ နေတာပဲ ၊ မမပြောတဲ့ Star ဆိုတဲ့ သူလည်းမလာဘူး ၊ ဒီလိုမှန်းသိ မောင့် အစ်ကို ကို အကူအညီတောင်းလိုက်ပါတယ်နော် ၊ သူကပိုကျွမ်းမှာ ၊ အိမ်မှာ ပြန်ပြောပြရင် မမက ငိုအုံးမှာ ၊ မမ သနားပါတယ် မောင်ရယ် ” ဆိုပြီး ကောင်မလေးက ဆွေးဆွေးမြည့်မြည့် ဆိုရင်း ကောင်လေးကလည်း စိတ်ဝင်စားစွာနားထောင်ရင်းပေါ့ ………


**************************************


အဲဒီ နေ.ကတည်းက YGN ဆိုတဲ့ ကောင်း ကင်ကြီးထဲ ကနေ Moon ဆိုတဲ့ User လေးတစ်ယောက် ရယ် Star ဆိုတဲ့ နာမည်ပြောင်လေးတစ်ခုရယ် ပျောက်သွားခဲ့တာ ဒီနေ. ထိပေါ့ ၊၊ Star ဆိုတဲ့ ကောင်မလေး များ တွေ.ခဲ့ရင် Moon ဆိုတဲ့ ကောင်လေး Singapore ရဲ့ ကောင်းကင် ကြီးထဲမှာ ဆုံဖို. စောင့်နေဆဲ ပါဆိုတဲ့ အကြောင်းလေး သတင်းလေးပါးပေးပါ ဗျာ …………