Saturday 7 March 2009

ကျေးဇူးပါ

အိမ်လေးကို အလည်လာတဲ. အတွက် ကျေးဇူးပါ

ဝမ်းလည်းသာတယ် ၊ ကိုယ်.အိမ်လေးက စုတ်စုတ် ဖတ်ဖတ်လေး ဆိုတော.

အားလည်းငယ်တယ် ၊ အားလည်းနာတယ် ..............

ကိုလင်းဒီပက မနေ.ညကကြော်ငြာတင်ပေးလိုက်မယ်ပြော တော.

နောက်နေတယ်ပဲ ထင်တာ ....................

နောက်တင်မယ်ဆိုရင် လည်း link လေးပဲတင် ပေးထားမယ်ထင်တာ

ဒါကြောင်.တင်လိုက်လေလို. ခပ်လွယ်လွယ်ပဲ ပြောလိုက်တာ .................

လာလည်မယ်လည်းထင်ဘူးလေ ...............

လာလည်တာတွေ.ရတော. ပျော်လည်းပျော်တယ် ၊ နောက် အမှန်လည်းအားနာတယ် .................

ဘာမှပြည်.ပြည်.စုံစုံ မရှိတဲ.ကိုယ်အိမ်လေးကို ကျောင်းက ဆရာ၊ဆရာမ တွေနဲ. သူငယ်ချင်းတွေလာလည်

တော. ဆင်းဆင်းရဲရဲဆိုတောဧည်.ခံစရာကကောင်းကောင်းမရှိ၊

ရှက်ရွံအားနာနေတဲ.ခံစားမူမျိုးပေါ. ..............

ဘာပဲဖြစ်ဖြစ် ဒီလိုနွေးနွေးထွေးထွေးကြိုဆို ကြတာကျေးဇူးတင်ပါတယ် တကယ်ပါ .............

လိုအပ်တာများ ရှိရင်လည်း ထောက်ပြဝေဖန်အကြံပေးကြပါ လို. ....................

နောက်ကိုလည်းလာလည်ကြ ပါအုံးလို.နွေးနွေးထွေးထွေးဖိတ်ခေါ်ပါရစေ.............

Friday 6 March 2009

လေလွင်.လူ ၂


ခံစားချက်မဲ.တဲ.မနက်ဖြန်တွေကို
ခံစားမူကင်းတဲ.အပြုံးတွေနဲ.
ကြိုဆိုရတာ ဘ၀လား...........

မျှော်လင်.ချက်မရှိတဲ.နောင်နှစ်တွေကို
မျှော်လင်.ချက်ကင်းတဲ.အတွေးတွေနဲ.
ကြိုဆိုရတာ ဘ၀လား...........

Shopping Mall ကြီးတွေမှာ
ဈေးဝယ်သွားပြီးပျော်ရတာ ဘ၀ လား ...........

ရုံးမရှိတဲ. ညတွေမှာ
Night Club သွားပြီးပျော် ရတာ ဘ၀လား ...............

အချိန်အားတဲ. အခါ သူငယ်ချင်းတွေနဲ.
အပျော် ရှာရတာ ဘ၀လား .................

တစ်ဆယ်ရင်း လို.နှစ်ဆယ် ရရင်
ှတစ်ဆယ်က အမြတ်တဲ................

ဘ၀ရင်းပြီး အရှံးရရင်
ဘာ က အမြတ် လဲ.................

ဆယ်တန်းအောင် ဖို. ကြိုးစားခဲ.ရတဲ. အချိန်တွေကို
လွမ်းတယ်...........

ကျောင်းကြီးပြီးဖို. ကြိုးစားခဲ.ရတဲ. အချိန်တွေကို
လွမ်းတယ်...........

အလုပ် ရဖို. ကြိုးစားခဲ.ရတဲ. အချိန်တွေကို
လွမ်းတယ်...........

အခုတော. မျှော်လင်.ချက် မဲ. ကြိုးစားနေရတဲ. မနက် ဖြန်တွေကို
မုန်းတယ်...........

မနက်ဖြန်
မနက်ဖြန်
မနက်ဖြန်
ဘာမှန်းမသိတဲ. မနက်ဖြန်တွေ.............

လေလွင်.လူ အတွက်
နားခိုစရာ
အကိုင်းလေးတစ်ခုတော.
ဖန်ဆင်းပေးပါလား
လောကကြီး ရယ်.................

လေလွင်.လူ




ဘ၀မှာ
သုည ဆိုရင်တောင်
မစရသေး တဲ.သုညနဲ.
ပျက်စီးလာတဲ.သုည
ခံစားချက်ကတခြားစီ..............
ပမာဏတူပေမယ်.
တန်ဖိုးခြင်းက
ခြားနားတယ်.............
လေဟုန်စီးတာချင်းတူတူ
လေလွင်.တာချင်းတူတူ
ဦးတည်ချက်မဲ.တဲ.ဘဝ
ခံစားချက်ကတခြားစီ.............
သြော်
ဦးတည်ချက်မဲ.တဲ. ဘဝ
ပန်းတိုင်ပျောက်တဲ. ခဏ
ရောက်ချင်ရာရောက်နေတဲ. တစ်ည
ဘယ်တော.များမှ ဆုံး ပါ.မယ်.............

Wednesday 4 March 2009

သိမှတ်စရာ

ဒီနေ.ဖတ်ဖြစ်တဲ. My Paper 4 March ထဲက ဆောင်းပါးရှင် Mr Nelson Quah ရဲ. Internet နဲ.ပတ်သပ်တဲ. ဆောင်းပါးလေး ကို မျှဝေခံစားစေချင်လို. မူရင်းအတိုင်းလေး ပဲ ကူးယူ ဖေါ်ပြပေးလိုက် ပါတယ်..............

I refer to the letter ' Parents crucial in fight against cyber-bullies' ( my paper , Jan 20)
To help parents discharge their role effectively , more should be done to educate them on what cyber-bullying is all about.
Here are some measures which parents can teach theirs childern to prevent them from cyber bully-victims.

1.Do not provide your personal information online.

2.Do not disclose your password to anyone , expect your parent.

3.Do not respond to a threatening message .Bring it to your parents's attention.

4.Do not open e-mail from an anonymous sender or a bully.

5.Do not put anything which can be used against you online .

6.Do not send message to anyone when you are angry. Consider how your recipients will react before sending them.

If left unchecked , cyber-bullying can lead to serious crimes such as threats , assaults , harassment and sexual exploitation. In such cases , the police should be informed.
It is high thme the authorities did something to protect Internet users, especially children, from falling prey to bullies.
For a start , they can creat public awareness by launching programmes and campaigns against cyber-bullying.

Mr Nelson Quah

ဒီဆောင်းပါးလေးကို ဆောင်းပါးရှင် ရဲ. မူရင်းအတိုင်း ကူးယူဖေါ်ပြပေးလိုက်ပါတယ်၊၊

ငယ်




ငယ် .........
ဘ၀မှာ ဖြစ်ချင်တာထက်
ဖြစ်သင်.တာကိုဦးစားပေးရမယ်ဆိုတာ မောင် နားလည်ပါတယ်.............

ဒါပေမယ်.
အခုအချိန်ထိ မောင်
ဖြစ်ချင်တာတွေကို ဦးစားပေးနေတုန်းပဲ.....................

ဒါ.ကြောင်.မောင်.ဘ၀မှာ
အမှားတွေတောင်ပုံရာပုံနဲ.
အလဲလဲအကွဲကွဲ ရှုံးနိမ်.နေဆဲပဲ ငယ်.............

ဒါပေ.မယ်.
ဒီအမှားတွေအားလုံး ဟာ မောင် . တစ်ယောက် မှာ သာ
တာဝန်ရှိတာ ပါ...........

ငယ်ရေ
ရုံးသွားရင်း ကားမှားစီး ရင် ပြန်ပြောင်းစီးလို.ရပေမယ်. လက်တွေ. ဘ၀ မှာတော. ဆုံးဖြတ်ချက်လေးတစ်ခု မှားတာနဲ.ပေးလိုက်ရတာ က ဘ၀တွေ လေ.........

အဲသည်ဘ၀နဲ. ပတ်သပ် ဆက်နွယ်နေတဲ. ဘ၀တွေအား လုံး လည်းကစင်.ကလျားနဲ. စောက်ထိုးမိုးမျှော် ဖြစ်ရတာပဲ...............

အားလုံးကို မေ.ပစ်ပြီး တစ်ကပြန်စရင် ရော .... ပြန်မရနိုင်တော.တာ က ၊ ပြန်ပြင်လို. မရနိုင်တော.တဲ. ရင်ထဲကခံစားချက်တွေ ၊ ဘယ်လိုအရာ နဲ.မှ အစားထိုးလဲလှယ်လို.မရတော.ဘူးလေ.....................

ဒါတွေကို သိသိကြီးနဲ. အမှားတွေကို ဆက်တိုက် ကျူးလွန်ခဲ.တဲ. မောင်. အတွက် ရလဒ် က နောင်တတွေ တပွေ.တပိုက် နဲ.ဦးတည်ချက်ပျောက်နေတဲ. လှေတစ်စင်းလိုပဲ.............

ဘယ်အချိန်မှာ အဆုံးသတ်မယ် မသိတဲ. ဘ၀ခရီးရှည်ကြီး တစ်ခုကို ကူကယ်မဲ.တဲ.လှေကလေးတစ်စင်း ဘယ်လောက်များလွင်.ချင်တိုင်းလွင်.နေအုံးမလဲ..............

တခါတရံတော.လည်း နီးစပ်ရာ ကမ်းလေးတစ်ခုမှာ ကပ်ပြီး ဘ၀ အမောတွေကို ချွှေးသိပ်ချင်ပါရဲ. .... ဒါပေမယ်. အပြစ်တွေ၊မကောင်းမူတွေတပုံတပင်နဲ. လှေငယ်လေးကို ဘယ် ကမ်းကမှ လက်မခံချင်ကြ တာ
ကမ်းရဲ.မပြစ်မှမဟုတ်တာနော်.................

ဒီလောကကြီး ရဲ.တစ်နေနေရာရာ မှာ လှေငယ်လေးအတွက် နားခိုစရာ ၊ ကမ်းကပ်စရာ နေရာလေးတော. ရှိတန်ကောင်းပါ ရဲ. ဆို တဲ. မယုံမရဲမျှော်လင်. ချက်လေးနဲ. ပဲ ဆက်လွင်.နေရအုံးမယ်...............

ဒီလိုလွင်.နေရတဲ. ကာလမှာစဉ်းစားဥာဏ်နည်းပြီး အရာရာကို ကြို မမြင်တက်တဲ. သဘာဝအတိုင်း ကမ်းထင်လို.ကပ်လိုက်မိတာက ဒိုက် ၊ကမ်းမဟုတ်တဲ. ဒိုက်တွေနဲ.တိုက် မိတဲ. အခါ ဘ၀ပင်လယ်ကျော မှာ မျောရုံ မက မြုပ်မသွားအောင် ကျားကန်ပြိး မရေရာတဲ.ဘ၀ခရီး ဆက်နေရတုံးပေါ......................

အမှန်တကယ်ကို တည်ငြီမ်တဲ.ဘ၀လေးနဲ. အေးချမ်းချင်လှပါပြီ ငယ်.....................

ဘ၀ကမောင်.ကို ဘယ်အချိန်ထိများ ဒဏ်ခတ်နေအုံးမလဲနော်........................

ထိုက်တန်တဲ. ဘ၀ကျိန်စာတော. မောင် လက်ခံမှာပေါ. ............................

မောင်ပေးဆပ်ရအုံးမှာပေါ. ......................

လိုချင်တာဆိုဘယ်တော.မှမရ တဲ. မောင်.ရဲ. ဘ၀ပေး ကောင်းလေတော. ....................

လွင်.ချင်ရာကို လွင်.အုံးပေါ.လှေငယ်....................



ငယ်သို.အမှတ်တယ..

Monday 2 March 2009

မြတ်နိုးမေ

ပွင်.လင်းတယ်၊၊ ရိုးသားတယ်၊၊ဖေါ်ရွေတယ်၊၊ဟန်ဆောင်မှူကင်းတယ်၊၊ ဖုံးကွယ်မထားတက်ဘူး၊၊ ပြောချင်တာကို စိတ်ထဲမှာရှိတဲ.အတိုင်းပြောတက်တယ်၊၊မကောက်ကျစ်ဘူး၊၊ မယုတ်မာဘူး၊တက်အားသရွေကူညီတက်တယ်၊၊ သူလိုအပ်ရင်လည်းပွင်.ပွင်.လင်းလင်း အကူအညီတောင်းတက်တယ်၊၊ အသားဖြူတယ်၊၊အရပ်မြင်.တယ်၊၊ရုပ်ချော တယ်၊၊ ဆွဲဆောင်မှူရှိတယ်၊၊ သူတပါးနားဝင်အောင်ပြေတက်တယ်................

လူတကာကိုလေးလေးစားစားဆက်ဆံတက်တယ်၊၊ပေါင်းသင်းဆက်ဆံရေးဝင်ဆံ.တယ်၊၊ဟန်ဆောင်လိမ်ညာမှူ ကိုမုန်တယ်၊၊ပွင်.လင်းတဲဆက်ဆံရေးကိုအလေးထားတယ်၊၊ပညာတက်တယ်၊၊ဆွေဂုဏ်မျိုးဂုဏ်ရှိတယ်၊၊ အသိုင်း
အ၀ိုင်းကောင်းတယ်၊၊ ဘာအပြစ်များပြောစရာရှိလဲ.....................

အားနာတက်တယ်၊၊မပြတ်သားဘူး၊၊တွေဝေတယ်၊၊အထီးကျန်ဘ၀ကို မခံစားနိုင်ဘူး၊၊အနားမှာအဖေါ်တစ် ယောက်ရှိနေဖို.လိုအပ်တယ်၊၊ ဒါဟာ မြတ်နိုးမေ ရဲ. ပျော.ကွက်ပဲ..................

ဒီလိုနဲ..........................

'''' ရည်းစားမများဖို. ကြိုးစားရင်း ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် ထားဖြစ်ခဲ.ပါတယ်"" ဆိုတဲ. မြတ်နိုးမေ ....................

"" တစ်ယောက်တည်းကို ချစ်ဖို.ကြိုးစားရင်း တစ်ယောက်ပေါင်းများစွာကို ချစ်ခဲ.ရပါတယ်ဆိုတဲ. ''''' မြတ်နိုးမေ................

"""""" ကံကြမ္မာက မတရားတာ လား ၊ မြတ်နိုးမေ က ဆန်းပြားတာ လား """""

ရည်းစားမများချင်ဘဲ မျက်နှာများခဲ.ရတဲ.ဘ၀က မခမ်းနားတာတော.အမှန်၊၊ ပွင်.လင်းတဲ. မြတ်နိုးမေ ၊၊
မဖုံးကွယ်တက်တဲ. မြတ်နိုးမေ ၊၊ လူတကာရဲ. ကဲ.ရဲ. ခြင်းခံရရှာ တဲ.မြတ်နိုးမေ၊၊ အတင်းအဖျင်းဆိုတာ မြတ်နိုးမေ အတွက် မဆန်းတော.ပေ၊၊ဒီလိုအကြောင်းမလှတဲ. ဘ၀ကံကြမာအလှည်.အပြောင်းတွေကြား ထဲက မြတ်နိုးမေ အထုအထောင်းတွေ များတော. ထုသားပေသားလည်း ကျခဲပြီ၊.......................

အရင်တုန်းက ချစ်တယ် ဆိုတဲ.စကား တခွန်းပြောဖို. နှူတ်မ၀ံ့သူ ၊၊ ချစ်ပါတယ်ဆိုတဲ.စကားကြားရင် ရင်ခုန်လို. မဆုံးတဲ.သူ၊၊အခုများတော. ချစ်တယ် ဆိုတဲ.စကား ပြောရဖန်များတော. CD ပြားဆိုပေါက် လောက်ပြီ၊၊ ကြားရဖန် များတော. ရိုးလှပြီ၊၊အရင်တုန်းက ပစ်ခွာသွားရင် အိပ်မရ စားမ၀င်၊၊ အခုများတော. Good Bye ဆို ရင် ပြုံး ချင်ပြီ...............

“”” ဘ၀ကပေးတဲ. သခန်းစာ လား ၊ မြတ်နိုးမေ ရဲ. ခံစားခွင်.လား “”””

“””” ရိုးသားဖို.ကြိုးစား ရင်း မရှိလို.ခိုးခဲ.ရတာပါ “”””””””” ဆိုသလို ပဲ

တည်ငြိမ်တဲ.ဘ၀တစ်ခုတည်ဆောက်ချင်ရှာတဲ. မြတ်နိုးမေ ၊ ဘ၀ခရီးကြမ်းကို ဘယ်အချိန်ထိများ တစ်ယောက် တည်း လျှောက်လှမ်းနေရပါအုံးမလဲ၊၊ အဖေါ်မရှိရင်မနေတက်ပါတဲ. မြတ်နိုးမေ ၊၊ အကျီကို နေ.တိုင်းလဲသလို အတွဲတွေများနေ.တိုင်းလဲနေမလား၊၊ လိုချင်တာလေးတစ်ခုအတွက် ပေးလိုက်ရတဲ.ဘ၀ တစ်ခုကို မြတ်နိုးမေ သတိမှပြုမိလေစွ……….

အတုအယောင်တွေများတဲ.လောကကြီးထဲမှာ ရင်တွင်းစကားဘယ်တော.များ ကြား ရရှာမလဲ………
ကြားခဲ.ရင်ရော ရင်ဘတ်ထဲက ခံစားယုံကြည်လက်ခံနိုင်ပါအုံး မလား မြတ်နိုးမေ…………..

မြတ်နိုးမေရဲ.ဘေးမှာ အရာရာကို နားလည်မှုအပြည်.နဲ.ရပ်တည်ပေးနိုင်မယ်.
ဘ၀လက်တွဲဖေါ်နှင်.အတူ အမြန်ဆုံးပြုံပျော်နိုင်ပါစေ လို………………….

မြတ်နိုးမေ သို. အမှတ်တယ………………..

Sunday 1 March 2009

မွေးနေ.ပွဲ အမှတ်တယ ဓါတ်ပုံ များ

ဒီနေ.ကျရောက်တဲ. ကျွန်တော်.ရဲ. မွေးနေ. ပွဲလေး ကို ရိုးစင်းစွာ ပဲကျင်းပခဲ.ပါတယ်၊၊ ဘုန်းတော်ကြီး (၃) ပါး ကို သင်္ကန်း လှူ ပြီး နေ.ဆွမ်းကပ်တယ် ၊၊ သူငယ်ချင်း တွေ နဲ. နေ. လည်စာ စား ဖြစ်တယ်၊၊ ဒါပါပဲ ၊၊ ဒီပွဲလေး ဖြစ်မြောက်ဖို. အစအဆုံး စီစဉ်ပေးတဲ.သူငယ်ချင်းတွေအား လုံး ကို တကယ် ကျေှးဇူး ပါ…………………..



ဘုရားစင်လေး

ဘုရားစင်လေး

သင်္ကန်း နှင်. လှူဖွယ်


ဘုရား အချို ပွဲ နှင်. ဆွမ်းတော်

ဓါတ်တော်တိုက်ဆရာတော်ဘုရားနှင့် သီရီလင်္ကာမှဆရာတော်များ

ဓါတ်တော်တိုက်ဆရာတော်ဘုရားနှင့် သီရီလင်္ကာမှဆရာတော်များ ပရိတ်တော်များ ပူဇော်နေစဉ်

သီရီလင်္ကာမှဆရာတော်များဆွမ်းဘုန်းနေစဉ်
ဒီမွေးနေ.အလှူပွဲလေးအတွက် ဘုန်းကြီးပင်.တာကအစ ဆွမ်းချက်တာအလယ် ဆွမ်းကပ်တာအဆုံး အိမ်သန်.ရှင်းရေးပါမကျန် အစအဆုံး စီစဉ်ဆောင်ရွက်ပေးခဲ.သော
Nicolas
Kelvin
L Deepa နှင်.
Manoj Kumar တို.အား ကျေးဇူး ပါ.................
အချိန်ပေးပြီး လာဖော်ရတဲ.
ံHeart Thi
Denise Chua
Nee W . Tun
Richard
N Ong
C Tee နှင်. T. Wint တို.ကို လည်း ကျေးဇူး ပါ...............

အိမ်ဖြူကလေးရဲ. အုတ်မြစ်


စိတ်ကူးထဲမှာအိမ်လေးတစ်လုံးဆောက်နေခဲ.တာ ကြာခဲ.ပါပြီ………….

ဒါပေမယ်. အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင်.မစဖြစ်ခဲ.ဘူး…………

အခုတော.လည်း. အကြောင်းကြောင်းသော. အကြောင်းကြောင်းများကြောင်. ……………..

အမှတ်တယအဖြစ် ဒီအိမ်လေး ဖန်တီးဖြစ်ခဲ. ပါတယ်…………….

အိမ်ဖြူကလေးရဲ. မှတ်တမ်းအစ


အဲဒီနေ.က မိုး မရွာဘူး၊၊ လေပြင်းတွေလည်းမတိုက်ခတ်ဘူး၊၊ နွေရာသီကုန်လွန်ကာနီး ဆောင်းရယ်လို.မပီပြင်သေးတဲ.တပေါင်းလရဲ. မနက်ခင်း လေးတစ်ခုမှာ ပေါ.၊၊ ထူးထူးခြားခြား သာယာလှပနေခဲ.တယ်၊၊
ဆောင်းမကုန်သေးတော. မနက်ခင်း လေးဟာ မြူနှင်းတွေလည်းဝေလို.ပေါ.၊၊

အဲဒီနေ့မှာ ထူးထူးခြားခြား လောကကြီးထဲကိုဝင်ရောက်လာတဲ့ ကလေးလေးတစ်ယောက်။ ရက်ထပ်နှစ်များဖြစ်ခဲ့ရင် အဲဒီကလေးလေးရဲ့ မွေးလ ဟာ ဖေဖော်ဝါရီလ (၂၉) ဖြစ်ခဲ့မှာပါ။ ဒါပေမယ့် အဲဒီနှစ်က ရက်ထပ်နှစ်မဖြစ်ခဲ့ပဲ ဖေဖော်ဝါရီလက ၂၈ရက်နဲ့ သပ်သွားခဲ့တော့ သူ့မွေးနေ့က မတ်လရဲ့ ပထမဆုံးနေ့ ဖြစ်ရတော့တာပေါ့။ မတ်လ ၁ရက်နေ့က ကြာသပတေးနေ့ ၊၊ သူ့နဲ့ လောကကြီးကို ပထမဆုံးမိတ်ဆက်ပေးခဲ့တဲ့နေ့။ ဟောဒီကမ္ဘာကြီးထဲကို စတင်ဝင်ရောက်လာတဲ့နေ့။ မိန်ရာသီဖွား စိတ်ကူးအင်မတန်ယဉ်တတ်တဲ့ ကလေးလေး။ မှားယွင်းမှုများစွာကို သယ်ဆောင်လာတဲ့ကလေးလေး။ ဒီနေ့ဟာ အဲဒီကလေးလေး အတွက်မွေးနေ့။ ဘ၀တစ်ခုဖြစ်တည်ခဲ့တဲ့ နေ့။ မှတ်မှတ်ယယလူတစ်ယောက်အဖြစ် လော က ကြီးထဲကို စတင်ရောက်ရှိလာခဲ.တဲ. မွေးနေ့လေးပေါ့။


ဒီနေ.ဟာ လောကကြီးထဲကို စတင် ရောက်ရှိ ခဲ.တဲ. နေ. .....................

ဒီနေ.ဟာ သူ စိတ်ကူးယဉ် အိမ်ဖြူကလေး ထဲ က အ ပြီးထွက်ခွာသွားတဲ.နေ. .......................

ဒီနေ.ဟာ ဘ၀ရဲ. သက်တမ်းတစ်ခုကို ပိုင်းခြားပေးလိုက်တဲ. မှတ်မှတ်ယယ နေ.လေးတစ် နေ...................

အဖေ. ထံသို. မွေးနေ. အမှတ်တယ

အဖေရေ….. ဒီနေ့သားရဲ့မွေးနေ့ ။ ကလေးကနေလူငယ်၊ လူငယ်ကနေ လူလတ်ပိုင်းဆိုတဲ့ အရွယ်ကို ရောက်လာပြီ အဖေ။ဒီနေ့ဆို အဖေ့ကို ပိုပြီးသတိယမိတယ်။ သားသမီးတွေရဲ့ ဆန္ဒကို ရှေ့တန်းတင်ပြီး အရာရာကို အခုအချိန်အထိ ဖြေရှင်းပေးချင်နေတဲ့ အဖေ။ အဖေ အမြဲပြောတဲ့ “ကြက်သားအုပ်မကြီးလို သားသမီးတွေကို အခုအချိန်အထိရင်ခွင်ထဲမှာ အုပ်ထားချင်သေးတာ” ဆိုတဲ့ အဖေ။ အခုတော့ အဖေ့ရဲ့ သားသမီးတွေ အများစုက အဖေနဲ့ဝေးတဲ့ ဟိုးတစ်နေရာစီမှာလေ။ ဘယ်သူများ အဖေ့အနားမှာ နေပြီး ခြေဆုပ်လက်နယ်ပြုစုပေး နေနိုင်သလဲ။ နားလည်ပေးပါအဖေရယ်…. ......

သားသမီးတွေ အဝေးကို ထွက်ခွာသွားကာနီးတိုင်း ယောင်္ကျားကြီးတန်မဲ့ မျက်ရည်ဝဲပြီး ဆုပေးတတ်တဲ့ အဖေ။ ဘူတာရုံနဲ့လေယာဉ်ကွင်းတွေမှာ မမြင်ရတဲ့ အချိန်အထိ လက်ပြနှုတ်ဆက်လွမ်းနေတတ်တဲ့ အဖေ။ အဖေရေ… အဖေပြောသလို “ရေကြည်ရာ မြက်နုရာ ရှာကြရမှာပေါ့” ဆိုတဲ့ ဆွေးဆွေးမြည့်မြည့် အသံကို အခုထိ ကြားယောင်နေဆဲပဲ။ “ငါ့သားရယ် အဖေပိုင်တဲ့ ဒီခြံဝိုင်းကြီးထဲမှာ သားတွေသမီးတွေ အားလုံးကို စုစုဝေးဝေးနဲ့ တစ်ယောက်စီ အိမ်ဆောက်ပေးပြီး နေစေချင်တာကွ” ဆိုတဲ့ အဖေ။ အခုများတော့ အိမ်ကြီးထဲမှာ အမေနဲ့ နှစ်ယောက်တည်းပေါ့။ နားလည်ပေးပါ အဖေရယ်……......

မိုးသည်းတဲ့ ညတွေမှာ အဖေပြောပြနေကြ ပုံပြင်လေး သားအခုထိ သတိယနေသေးတယ်အဖေ။ ဒါပေမယ့် အခုအချိန် အထိလည်း သား ပုံပြင်လေးအဆုံးသတ်ကို မသိသေးဘူး။ အဖေကလည်း ဆက်မပြောဘူး။ သားလည်း တစ်ခါမှ မှတ်မှတ်ယယ မမေးမိခဲ့ဘူး။ သားအမြဲ အမှတ်ယနေရာက “မိုးလေးက ဖြုတ်ဖြုတ် ဖြုတ်ဖြုတ်နဲ့ ရွှေဂျိုးဖြူနဲ့ မူလခဲ… သိုက်တံခါးအဖွင့်……”ဆိုပြီး အဖေ့ဇာတ်လမ်းလေးက ရပ်သွားရော။ ဒါပေမယ့် ဘာကြောင့်ရယ် အဖြေမသိဘူးအဖေ အခုအထိတော့ အဲဒီအပိုင်းအစလေးက ရင်ထဲမှာ စွဲကျန်နေတုန်း။...............

သားသမီးတွေကို စိတ်ဓါတ်မကျဖို့ အမြဲတမ်းအားပေးတတ်တဲ့ အဖေ။ တကယ့်ကို တစ်ခါမှ မဆူခဲ့ မမာန်တတ်တဲ့ အဖေ။ နည်းမျိုးစုံသုံးပြီး စိတ်ချမ်းသာအောင် ပြောပေးတတ်တဲ့အဖေ။ မှတ်မိသေးတယ်အဖေ စာမေးပွဲဖြေဖို့ ခုံနံပါတ်တွေ ထွက်တိုင်းပြောတတ်တဲ့ စကားလေးတွေ။ ၁ဆိုရင် ထိပ်ဆုံးကပေါ့ကွ။ ၇ဆိုရင် Lucky 7 ပဲနေမှာတဲ့။ ၉ဆိုရင်လည်း ကိုးန၀င်းကြေပြန်သတဲ့။ အဲဒီတုန်းက အဖေ့ကို ပြန်ပြောမိတယ် အဖေကလည်း ဘာလာလာကောင်းတာချည်းပဲလို့။ ခုမှ ပြန်စဉ်းစားမိတယ်။ ဒါဟာ အဖေက သားသမီးတွေအပေါ်ထားတဲ့ မေတ္တာနဲ့ စေတနာပါလားလို့ သိမြင်လာရတယ်။ နှုတ်စကားလေးနဲ့တောင် မကောင်းတာ မဖြစ်စေချင်တဲ့ အဖေပါလားလို့။................

ပြီးတော့ ဘ၀မမေ့တတ်တဲ့ ကျနော့အဖေရယ်ပါလေ။ ထမင်းစားတိုင်း လျှပ်စစ်ပေါင်းအိုးနဲ့ ချက်ထားတဲ့ ထမင်းကိုမြင်ရင် မြေအိုးနဲ့ ချက်တဲ့ ထမင်းကို တမ်းတမ်းတတရှိတတ်တဲ့ အဖေ။ မနက်ခင်းစာတွေ ဖွယ်ဖွယ်ရာရာ စားရတိုင်း ငပိဖုတ်နဲ့ ပဲလှော်သုတ်ကို မမေ့နိုင်သေးတဲ့ အဖေ။ သားသမီးတွေကို ဘ၀မမေ့ဖို့ ဘ၀င်မမြင့်ဖို့ အမြဲတမ်းပုံတိုပတ်စတွေနဲ့ သိုင်းဝိုင်းဆုံးမတတ်တဲ့ အဖေ။ အဖေရေ…အဖေပြောပြောနေတဲ့ “ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့ကွာ” ဆိုတဲ့ စကားလေးအမြဲတမ်းနှလုံးသွင်းမိတယ် အဖေ။ ပေါ့ပေါ့လေးထင်ရပေမယ့် တကယ့်ကို လေးနက်ကျယ်ဝန်းတယ်အဖေ။ ဒါကြောင့် ကိစ္စတစ်ခုလုပ်ခါနီးတိုင်း ဒီစကားလေးနဲ့ ယှဉ်ပြီးစဉ်းစားတယ်အဖေ။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူး။ ဖြစ်ခဲ့ရင်ရော..ဆိုပြီးတော့ပေါ့။ အဖိုးတန်စကားလေးအတွက် ကျေးဇူးပါအဖေ။..................

အလုပ်ကိစ္စတစ်ခု ခိုင်းလိုက်လို့မှားလာရင်တောင် ဘယ်တော့မှမဆူ မဆဲခဲ့ပဲ ဥပမာ ဥပမေယျနဲ့ ဆုံးမတက်တယ်။ အဖေပြောနေကြလေ “ ဖိုးဝဲဖောင်တင်လွှတ်သလိုပဲ” ဆိုတာလေ။ ဖိုးဝဲဆိုတဲ့သူကို ဖောင်တင်ရွာခိုင်းလိုက် ဖိုးဝဲရေ ဖောင်တင်က ဦးသာဗျောအိမ်မှာ မျိုးစေ့စပါးလေးသွားပေးချေစမ်းကွာ။ လို့ ပြောရင် စကားဆုံးအောင်တောင်နားမထောင်ဘူး ဖိုးဝဲက ဖောင်တင်ရောက်သွားပြီ။ ဒါနဲ့ ခိုင်းနှိုင်းပြီး ဆုံးမတတ်တာ။နောက်ရှိပါသေးတယ်။ “ဖြိုးကြီး ပျိုးနှုတ်သလိုမျိုး” တို့ “ကုလားပုဇွန်ချေးသလို” တို့။ အဖေ့အကြောင်း စဉ်းစားမိရင် တော.အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုမွေးနေ့မှာ ပိုပြီးမှတ်မှတ်ယယလေးတော့ ဖြစ်မိတယ် အဖေရယ်။ လွမ်းလိုက်တာများ အဖေရယ် .............

အ ဖေ


တောစပ်က ရွာနားမှာ ချက်မြုပ်ခဲ.ပေမယ်.

သားသမီးတွေကို မြင်.မားစေတဲ.အဖေ ၊၊

ကိုယ်ကိုတိုင်မြေအိုး နဲ. ထမင်းစားခဲ.ပေမယ်.

သားသမီးတွေကို ကြီးပွားစေချင်တဲ.အဖေ ၊၊

ကိုယ်ကိုတိုင်လမ်း မီးတိုင်အောက်မှာ စာ ကျက် ခဲ.ပေမယ်.

သားသမီးတွေကို လိုတရ စေချင်တဲ.အဖေ ၊၊

ကိုယ်ကိုတိုင် (၉) တန်းလောက်သာတက် ခဲ.ပေမယ်.

သားသမီးတွေကို မဟာဘွဲ. ရ စေချင်တဲ.အဖေ ၊၊

ရေခြားမြေခြားဆိုတာ မင်းတို.လိုပြည်.စုံသူတွေသာ

လုပ်နိုင်နေနိုင်တဲ.အရပ်ပေါ.သားရယ်ဆိုပြီး

သားသမီးတွေကို ဂုဏ်ဖေါ် စေချင်တဲ.အဖေ ၊၊

လူနည်းနည်းများစုံရင် သားသမီးတွေရဲ.

ဘွဲ.ဓါတ်ပုံတွေပြပြီး ဂုဏ်လုပ်ချင်တဲ.အဖေ၊၊

သားသမီးတွေအတွက်

ထာဝရဂုဏ်တင်ချင်တဲ. အဖေ၊၊

ခုအချိန်ထိအားမလျှော.ဘဲ

သားသမီးတွေအတွက်ရုန်းကန်ချင်နေတဲ.အဖေ၊၊

ခုအချိန်ထိ အိမ်ပြန်တိုင်း

မင်းအတွက်မုန်.ဖိုးကွဆိုပြီးပေးချင်နေတဲ.အဖေ၊၊

အဖေ

သားစဉ်းစားတယ်

ဒီလိုအဖေမျိုး သားရနိုင်ပါအုံးမလား၊၊

ဒီလိုအဖေမျိုး သားဖြစ်နိုင်ပါအုံးမလား၊၊

အိမ်ဖြူကလေးရဲ. ကျေးဇူးမော်ကွန်း


ဒီအိမ်လေးတည်ဆောက်ဖြစ်ဖို. တွန်းအားတွေပေး ခဲ.တဲ. အနားမှာ မရှိတော.တဲ. သူလေးရယ်…….

အပြင်မှာမဆောက်ဖြစ်ခဲ.တဲ. အိမ်လေးအတွက် မျှဝေ ခံစားပေးတဲ.သူငယ်ချင်းရယ်…………..

အချိန်အတိုင်းအတာတစ်ခုအထိ အနားမှာရှိနေပေးခဲ.သော ……………

အရာရာကို နားလည်မူပေးခဲ.တဲ. သူငယ်ချင်း များစွာရယ် ကို ကျေး ဇူး တင် စွာ ဖြင်……………………