Sunday 19 April 2009

Angle လွဲတဲ့မှန်


အသွား ရှိရင် အပြန်ရှိတယ်တဲ့
အပေးရှိရင် အယူရှိပြန်တယ်တဲ့
အလျော်ရှိရင် အစားရှိတယ်တဲ့
မှန်သားပဲ
ဒါကြောင်.လည်း နိယာမလို. ဆိုကြသကိုး .................
နွေပေါင်း သုံးဆယ်
မိုးပေါင်း သုံးဆယ်
ဆောင်းပေါင်း သုံးဆယ် ဒီနိယာမဆိုတာလေးကို ပဲ
လက်ကိုင်ထားခဲ့တယ် ...................
မမှားသော အမှန်တရားကို နိယာမဆိုတော့
ကိုယ်နားမလည်တဲ့ ဘာသာစကား
အငြင်းလည်းမပွား လိုပါဘူး ................
နွေတွေ၊ မိုးတွေ ၊ ဆောင်းတွေ
အလီလီ ပြောင်းလို. အမြင်တွေလည်း
အခါခါ ညောင်းခဲ့လေတော့
ပေးတိုင်းလည်း ပြန်မရတာ
သွားတိုင်းလည်းပြန်မလာတာ
လျော်တိုင်းလည်း မစားရတာ
အခါခါတွေ များ လာခဲ့လေတော.
နိယာမများ မှားလေသလားကွယ် ...................
သံသယတွေ အခါခါ ပွားလို. ထပ်ခါထပ်ခါ
စဉ်းစားကြည်.တော.
ပြန်တော. ရသား
လာတော.လာသား
ရတော. ရ သား
သို.ပေသည်.
ကိုယ် သွားတဲ့ ဆီက
ကိုယ် ပေးတဲ့ ဆီက
ကိုယ်လျော်တဲ့ ဆီက
မဟုတ်တာ အခါခါတွေ.ရပြန်တော. ...............

သြော်
ရေးတေးတေးလေးတွေးမိတာက
Angle လေးများ လွဲလေသလားရယ်လို. ၊၊

အင်း
Angle မလွဲသည်. တိုင် ပြန်စွမ်းအင်ပေး
ပြဒါးလေး မရှိရင်လည်း ပြန်မရနိုင်တာ
လက်တွေ. ဘ၀ရဲ့ သင်္ခန်းစာ ၊၊
အဲဒါ ဘ၀ကပေးတဲ့ သင်္ခန်းစာ ၊၊


( ပေးတိုင်းမရရ်ျ စိတ်တိုင်းမကျလေတိုင်း Angle လေများ လွဲလေသလားလို. စဉ်းစား ပြီး ဖြေသိမ်.ကြည်.ပါ လို. )

( ကိုယ်ပေးလိုက်တဲ့ မှန်လေးက ၊ နေရာလေးက ပြဒါးကွာနေရင်လည်း ကိုယ် ပေးတာ Angle မှန်ပေ သည်. တိုင် ကိုယ်ထံ ပြန်မလာ နိုင်တော.တာလည်း မမေ.စေချင်ပါ ၊၊ )

မင်းအိမ်
ခံစားရရ်ျရေးမိပါသည်၊၊