နောက်ကြောင်း ကိုပြန်ငဲ့ကြည့်လိုက်တဲ့ အခါတိုင်း မပီဝိုးတ၀ါး အရိပ်တွေက ခေတ်ဟောင်းရုပ်ရှင်ကား တစ်ခုလို ဖြူလိုက်မည်းလိုက် တခါတခါတော့ စိမ်းလိုက်ဝါလိုက် ၊၊ အော် အတိတ်ရဲ့ အရိပ်တွေက ကိုယ့်နောက်မှာ ထပ်ချပ် မကွာဘူးနော် ၊၊ နေပူပူမှာ အတူလျှောက်ခဲ့ရတဲ့ ကာလလေးတွေမှာ တစ်ယောက်ကို တစ်ယောက် ကယုကယင် ဖေးမခဲ့ဖူးတဲ့ ကာလလေးတွေကို သတိရတယ် ၊၊ နေပူပူ ခရီးကြမ်းတစ်ထောက်မှာ တစ်ယောက် လက်ကို တစ်ယောက် တွဲပြီး လျှောက်လှမ်းခဲ့ဖူးတာကို လွမ်းတယ် ၊၊ ဟိုအခါ နေပူစဉ်က မင်းလှမ်းခဲ့တဲ့ ရေပူ ခွက် လည်း ဘယ်ဆီမှာလည်းကွယ် ၊၊ ခုနေခါမတော့ မင်းကမ်းမယ့် ခွက်က ကိုယ့်အတွက် မဟုတ်သလို ကိုယ် ကြိုက်တဲ့ ရေနွေးကြမ်းလည်း မဟုတ်နိုင်တော့ဘူး ၊၊ မင်းကိုလှမ်းမယ့် လက်ကလည်း ကိုယ်မှ မဟုတ်တော့တာပဲ ၊၊ မင်းသွား တဲ့လမ်း ပန်းပွင့်တွေ ခင်းထားပေမယ့် ကိုယ်လျှောက်နေရတဲ့ လမ်း ဆက်လက် အထီးကျန် နေဆဲပါလား ၊၊ ဘယ်အချိန်ဘယ်ကာလမှာများ နားခိုရာကိုင်းလေးတစ်ခု ၊ သောက်သုံးစရာ ကမ်းလင့်လာမယ့် ရေအေးလေး တစ်ခွက် ရနိုင်ပါ့မလဲ ရယ်လို့ တမ်းတမ်းတတ ငံ့လင့်နေမိဆဲ ၊၊
ဝိုင်ဝိုင်းကတော့ ကမ္ဘာမြေကြီးရဲ့ တစ်နေရာမှာတော့ ရှိမယ်တဲ့လေ တကယ်များလား ကိုယ့်အတွက်တော့ အတိတ်တွေ သာမက အနာဂတ်ဆိုတာက လည်း မပီဝိုးတ၀ါး ပါလားနော်
ဝိုင်ဝိုင်းကတော့ ကမ္ဘာမြေကြီးရဲ့ တစ်နေရာမှာတော့ ရှိမယ်တဲ့လေ တကယ်များလား ကိုယ့်အတွက်တော့ အတိတ်တွေ သာမက အနာဂတ်ဆိုတာက လည်း မပီဝိုးတ၀ါး ပါလားနော်
လူဆိုတာ အားနည်းနေသမျှ ပြည့်စုံခြင်းဆိုတဲ့ ကံတရား မျှော်လင့်ရင်းမောနေ တဲ့
အမှန်တကယ်ကို အဲဒီမပြည့်စုံခြင်းတွေ အတွက် မောနေရတာပါပဲ
ကမ္ဘာမြေရဲ့ တစ်နေရာမှာတော့ အားပေးမယ့်သူရှိအုံးမယ် တွေ့ချင်သေးတယ်
တကယ်ပါ ၊၊ တစ်နေ့နေ့ပေါ့ ၊၊ တွေ့ခွင့်ရရင် တွေ့ချင်ပါသေးတယ် .................