Sunday 1 March 2009

အ ဖေ


တောစပ်က ရွာနားမှာ ချက်မြုပ်ခဲ.ပေမယ်.

သားသမီးတွေကို မြင်.မားစေတဲ.အဖေ ၊၊

ကိုယ်ကိုတိုင်မြေအိုး နဲ. ထမင်းစားခဲ.ပေမယ်.

သားသမီးတွေကို ကြီးပွားစေချင်တဲ.အဖေ ၊၊

ကိုယ်ကိုတိုင်လမ်း မီးတိုင်အောက်မှာ စာ ကျက် ခဲ.ပေမယ်.

သားသမီးတွေကို လိုတရ စေချင်တဲ.အဖေ ၊၊

ကိုယ်ကိုတိုင် (၉) တန်းလောက်သာတက် ခဲ.ပေမယ်.

သားသမီးတွေကို မဟာဘွဲ. ရ စေချင်တဲ.အဖေ ၊၊

ရေခြားမြေခြားဆိုတာ မင်းတို.လိုပြည်.စုံသူတွေသာ

လုပ်နိုင်နေနိုင်တဲ.အရပ်ပေါ.သားရယ်ဆိုပြီး

သားသမီးတွေကို ဂုဏ်ဖေါ် စေချင်တဲ.အဖေ ၊၊

လူနည်းနည်းများစုံရင် သားသမီးတွေရဲ.

ဘွဲ.ဓါတ်ပုံတွေပြပြီး ဂုဏ်လုပ်ချင်တဲ.အဖေ၊၊

သားသမီးတွေအတွက်

ထာဝရဂုဏ်တင်ချင်တဲ. အဖေ၊၊

ခုအချိန်ထိအားမလျှော.ဘဲ

သားသမီးတွေအတွက်ရုန်းကန်ချင်နေတဲ.အဖေ၊၊

ခုအချိန်ထိ အိမ်ပြန်တိုင်း

မင်းအတွက်မုန်.ဖိုးကွဆိုပြီးပေးချင်နေတဲ.အဖေ၊၊

အဖေ

သားစဉ်းစားတယ်

ဒီလိုအဖေမျိုး သားရနိုင်ပါအုံးမလား၊၊

ဒီလိုအဖေမျိုး သားဖြစ်နိုင်ပါအုံးမလား၊၊

3 comments:

Anonymous said...

ဒီလိုအဖေမျိုး သားရနိုင်ပါဦးမလား ....
ဘယ်တော့မှ အစားမရနိုင်တော့ပါဘူး ...
ဒီအဖေ တစ်ယောက်တည်းသာလျှင် စွမ်းဆောင်နိုင်တာပါ ...

ဒီလိုအဖေမျိုး သား ဖြစ်နိုင်ပါဦးမလား ....
တော်တော်လေး ကြိုးစားရပါဦးမယ် ....
ကိုယ်တွေ မိဘနေရာ ရောက်တဲ့ တစ်နေ့ ... မိဘဖြစ်သူတွေရဲ့ စေတနာ မေတ္တာတွေ တစ်ခါပြန် ဦးညွတ်ကြရပါဦးမယ် ....
နေဒေးသစ်။

ကြယ်ပြာ said...

အဖေနဲ့ဝေးနေတာတောင် အဖေ့စကားတွေနှလုံးသွင်းနိုင်တဲ့ သားတစ်ယောက်ကို ချီးကျူးမိပါတယ် ... ကျွန်မကလဲ အဖေ အမေကိုသိပ်ချစ်တဲ့ သမီးတစ်ယောက်ဖြစ်လို့ ဒီပို့စ်လေးဖတ်ရင်း ကြည်နူးမိပါတယ် ...

ဆန်းဝင်း said...

ကျွန်တော့် အဖေလဲ အဲလို အဖေမျိုးပါပဲ..
ခံစားသွားပါတယ်ခင်ဗျာ..