Monday 30 March 2009

မှောက်ရက်လဲခြင်း


.
.
................ ....................

...................မနေ.က မှတ်တမ်း တင် ဖြစ်ခဲ.သော Topayoh ကျောင်းနှင်.
......................................ကြည်ညိုဖွယ် ရာ စေတီတော်



ကျွန်တော် မနေ.က အကြောင်း အရာ လေး တစ်ခု ကိုပြော ပြချင်ပါတယ် ၊၊ ထုံးစံ အတိုင်း နမော်နမဲ. နိုင်လှ စွာသော ကျွန်တော် မှောက်ရက် လဲကျရသော အကြောင်း အရာလေး ပေါ.ဗျာ ၊၊

မနေ.က တနင်္ဂနွေ ဆိုတော. ရုံးပိတ်ရက် အပြင် ထွက်ဖြစ် တာပေါ.ဗျာ ၊၊ အခုရက် ဘယ် မှလည်း မထွက် ချင် ပါဘူး ၊၊ စိတ်ထဲ ဘာဖြစ်နေလဲ တော.မသိဘူးဗျ ၊၊ သိပ်မရွှင်ဘူး ၊၊ ဒါပေမယ်. မနေ.ကတော. သွားဖြစ် တာတွေ က ဘုရား နဲ. ဘုံကျောင်းကိုပါ ၊၊ ဒါကြောင်.လည်း သွားခဲ.တာ ၊၊

အိမ်ကနေ SBS 25 Bus ကား စီးပြီး AngMoKio ကို အရင် သွားတယ်ဗျ ၊၊ ပထမဆုံးက Topayoh တရုတ် ဘိုးဘိုး ကြီး နတ်နန်းကို ပါ ၊၊ အဲဒီကနေ MRT စီပြီး သွားမယ်ပေါ. လေ ၊၊ AngMoKio Bus Interchange ကနေ MRT station ကို Underpass ကနေ ဖြတ်သွား လို.ရတယ် လေ ၊၊ အဲဒီ လမ်း အကူးလေးမှာ ပေါ.ဗျာ ၊၊

ဖြစ်ချင်တော. မနေ.က ကျွန်တော် က Slipper ဖိနပ်လေး စီးသွား တယ်ဗျ ၊၊ ဟောင်းနေ ပြီဆိုတော. ထိပ်က ခြေညှပ် နေရာ က ကြိုးက လျော.နေပြီ ၊၊ သတိတော. ထားမိ ပါတယ် ၊၊ စပြီးအိမ်မှာ ထုတ်စီးထဲက ၊၊ ဒါပေမယ် . လွတ်လွတ် လပ်လပ် ပဲ သွား ချင်တဲ.စိတ်က စိုးမိုးနေတော. ဘာကိုမှထပ်ပြီး မစဉ်းစားချင်တော.ဘူး ၊၊ မဖြစ်လောက်ပါ ဘူးပေါ. ၊၊ ခပ်ဖော.ဖော.ပဲ တွေးပြီး အတည် ပြုလိုက်တယ် ၊၊

ကျွန်တော.ဘ၀မှာလည်း ဒီလိုပဲဗျာ ၊၊ မဖြစ်လောက်ပါဘူး ဆိုတဲ . အသေးအဖွား လေးတွေက အကြီးအမားတွေ ဖြစ်လာရတာ ၊၊ ပြသသနာ ဖြစ်နိုင်တယ် ဆိုတာတော. တွေးမိတာပဲဗျ ၊၊ ဒါပေမယ်. အဲဒီအချိန်မှာ အမှန်ကို မဆင်ခြင်နိုင် လောက်အောင် ၊ လုပ်ချင်တဲ. ဖြစ်ချင်တဲ. ဆန္ဒတွေက စိုးမိုးထားတော. ဘာကိုမှ မဝေခွဲ နိုင်တော.ဘူးဗျ ၊၊ မကောင်းမှန်း သိပေမယ်. ၊ ဆန္ဒတစ်ခု ရှိနေတော. ကိုယ် စိတ်ကို ဖော.တွေး ပြီး ၊ အမှန်တရားကို လျစ်လျုရှု တက်တာ လူသဘာဝပဲနော် ၊၊

Interchange ကအထွက် မှာ လှေကားထစ်လေးတွေ ရှိတယ်ဗျ ၊၊ လှေကားထစ်လေး တွေ ပြီးတော. Man Hole အဖုံး ၃ ခုလောက် ရှိတယ် ၊၊ မြောင်းသေးသေးလေးတွေဖြစ်နေတာ ပေါ.ဗျာ ၊၊ လမ်းလျှောက်လိုက် ရင် ဖိနပ်က နောက် ကျန်နေခဲ.တော. သတိထားနေတာပဲ ၊၊ မြောင်းလေးတွေ တွေ.တော. ဖိနပ်ထိပ် ၀င်သွား ရင် လဲကျသွား နိုင်တယ် ပေါ. ၊၊ စဉ်းစားပြီး လှမ်းနေရင်း ဖျတ်ဆို ၀င်သွား ပြီး မှောက်ရက်လဲတော.တာ ပဲဗျ ၊၊ သိတယ်နော် ၊ တွေးတယ်နော် ၊ စဉ်းစားမိတယ်နော် ၊ သတိထားတယ်နော် ၊၊ ဒါပေမယ်. နောက်ကျသွားခဲ.ပြီ ၊၊
စပြီးတွေး မိတည်း က အိမ်မှာ ဖိနပ် ပြောင်းစီးခဲ.ရင် ၊ ပိုပြီး သတိထား ခဲ.ရင် ၊ ပိုပြီး ဆင်ဆင်ခြင်ခြင် ၊ ဂရု ပိုစိုက် ခဲ.ရင် ၊ ဒီလို လဲကျမှာ မဟုတ် ဘူး ဗျာ ၊၊

လက်တစ်ဖက်က ပိုက်ဆံအိတ် နဲ. ရှင်ဆန္ဒာဓိက စာအုပ်လေး ကိုင်လို. ၊ လက် တစ်ဖက်က တယ်လီဖုန်း ကိုင်လို. ၊၊ လဲကျတာက လမ်းလယ်ကောင်မှာ ၊၊ ခြေလွတ် လက်လွတ် ၊၊ မှောက် ရက် ကြီး ၊၊ ဘယ်လိုမှ ထိန်းလို. မရတော.ဘူး ၊၊ အလျှင်အမြန် ထိန်းပေမယ် . အရှိန်ကို မထိန်းနိုင်တော.ဘူး ၊၊ ညာဖက်လက်က ထောက် လိုက်လို. မျက်နှာနဲ. မြေပြင် တိုက်ရိုက် မထိသွားတာ ကံကောင်းတယ်ပေါ . ၊၊ နောက် ဒူးနှစ်ဖက် နဲ.ထောက်လိုက် လို. ရင်ဘက်နဲ. နှစ်ပါ.မသွားတာပါ ၊၊ ဒူးနှစ်ဖက်လည်း တော် တော်ပွန်း သွားတယ် ၊၊ ဘောင်းဘီတို ဆိုတော. ပိုစိုးသွားတယ် ၊၊ ရုပ်ပျက်ဆင်းပျက်ကို မှောက်ရက်လဲကျတာပါပဲ ၊၊

လူတွေကြားထဲ မှာဆိုတော. ၊ ရှက်ကလည်း ရှက် ၊ တော. မြန်မြန် လူးလဲ ထလိုက် ရပါတယ်၊၊ သွေးပူနေတုန်း တော. ဘယ်နေရာကမှ မနာပါဘူး၊၊ ဒူးခေါင်းနေ ရာ ပွန်းသွားတာနဲ. ၊ လက်နေရာ ပွန်းသွားတာ ပဲ ၊၊ မြန်မြန် ထပြေးခဲ.ရပါတယ် ၊၊ နောက် အဲဒီကနေ Topayoh က ဘိုးဘိုးကြီးနန်း သွား အမွေးတိုင် တွေဘာတွေ ပူဇော်ပေါ. ၊၊ နောက် အဲဒီကနေတဆင် . Topayoh မြန်မာ ဘုန်းတော် ကြီးကျောင်း ဆက်သွားတယ် ၊၊ ဘုရားကန်တော. ပြီး SBS 130 စီးပြီး Bugis က Kwan Inn မယ်တော် ကျောင်း ဆက်သွားဖြစ်တယ် ၊၊

လဲကျကာစ ၊ ရှက်ရှက်နဲ. လူးလဲထ ခဲ.လို. ဘာမှမဖြစ်ဘူး ထင်ပေမယ် . ၊ သွေးအေးလာတော. တဖြည်းဖြည်း နာလာတယ် ၊၊ စောင်.ကျတဲ. အရှိန်နဲ. လက်မောင်းရင်းက နာလာတယ် ၊၊ ဒူခေါင်းနေရာက လမ်းလျှောက်လို. သိပ်မကောင်း ချင်တော.ဘူး ၊၊ ထွက်လာ လက်စနဲ. ဆက်သွားနေရပေမယ်. စိတ်က မပါတော.ဘူး ၊၊ နောက် လိုအပ်တာလေး တွေ ၀ယ်ဖို. Musafa Center ကို ၀င် ၊၊ ခဏပါ ပဲ ၊၊ လူကနာနေပြီ ၊၊ နားချင်နေပြီ ၊၊

ဘ၀မှာလည်း ဒီလိုပါပဲ ၊၊ ဘာမှမဖြစ်နိုင်ဘူး လို.ထင်ရတဲ. ကိစအသေး အဖွား လေးက အစ ပြု ပြီး ဘ၀တစ် ခုလုံးကို ပြောင်းပြန် လှန်ပစ် တက်တာကို တွေးမိ လာတယ် ၊၊ ဒီဖိနပ် ကို စီးရင် ၊ ဒီလို လဲကျ မယ်ဆိုတာ သိခဲ. ပေမယ်. ၊ လွတ်လပ်စွာ သွားချင်တာလေး တစ်ခုအတွက် နဲ. သိသိကြီးနဲ. မပြောင်း လဲနိုင်ခဲ.ဘူး ၊၊ မှောက် ရက် လဲကျကာမှ ဘယ်လိုကျားကန် ပေမယ်. မရတော.ဘူး ၊၊ မတားနိုင်တော.ဘူး ၊၊ အနည်းငယ် သတိလေး ရှိလို. လုံးဝ မှောက်ရက်ကြီး ကျမသွားပေမယ်. ၊ လဲကျခဲ.တဲ. အရှိန်နဲ. ခန္တာကိုယ် တစ်ခုလုံး နာကျင်နေပြီ ၊၊ ဘယ်လောက် ကြာကြာ ခံစားနေရ အုံးမလဲ ၊၊ ပျောက်သွားခဲ ရင်ရော ၊ ဒဏ်ဖြစ်ပြီး ကျန်နေအုံးမှာ မလွဲပါ ၊၊
အချိန်အခါ မရွေးပြန်ပေါ် လာနိုင်တဲ. ဒဏ်ဖြစ်နေ အုံးမှာ ပါ ၊၊

ဒါကြောင်. ဘယ်နေရာ ၊ ဘယ်ကိစမှာမဆို ပြသသနာ ဖြစ်နိုင်တယ် ၊ ဒုက္ခပေးနိုင်တယ် လို. ခံစား လာရရင် ၊ ဘာကိုမှ စောင်းဆိုင်း စဉ်းစား အချိန်မဆွဲ ပဲ အမြန်ဆုံး ပြင်ဆင်နိုင်ပါစေ လို. ၊၊ ကျွန်တော်. ဘ၀မှာ လည်း မှားမှန်း သိပေမယ်. မပြင်မိခဲ. တဲ. အတွက် ရခဲ.တဲ. ဒဏ်ရာတွေ ၊ ဒဏ်ဖြစ်နေဆဲပါ ၊၊ ဒါကြောင်. မှားမှန်းသိရင် အမြန်ပြင်နိုင် ကြပါစေလို. ................
.
.
.

2 comments:

ဗီလိန် said...

သတိထားရက်နဲ့ ဖြစ်ခဲ့တဲ့ အမှားတွေ ဘဝမှာ တပုံတပင်ပါဗျာ။

မယ့်ကိုး said...

မှောက်ရက်လဲတာ ဖတ်ရလို့  စိတ်မကောင်းလိုက်တာ။
အမှားကို သိရဲ့ အမှန်ပြင်ဖို့ ခက်တဲ့ အထဲမှာ စာရေးသူတွေက ထိပ်ဆုံးက ထင်ရဲ့ ။ :)