Wednesday 8 April 2009

မိဘအပေါ် သိတက်ပါ ၊ ၀န်မပိပါစေနှင်.

.(အခုခေတ် လူငယ်တွေ မိဘအပေါ် ပိုပြီးသိတက် လာပါတယ် ၊၊ ကျပ်တည်းလာတဲ. ခေတ်အခြေအနေ ကို နားလည် လာကြ လို.လား ၊၊ အသိဥာဏ် တွေ ပိုရှိလာ ကြလို.လား ၊၊ )
.
၂၀၀၇ - ခုနှစ် က ရန်ကုန်တိုင်း ဂျာနယ်တွင် ဖေါ်ပြ ၊ ပါရှိသော ဟိုယခင်က ကျွန်တော်၏ လက်ရာ ဆောင်းပါး တိုလေးအား ကူးယူတင်ပြ မျှဝေလိုက် ရပါသည် ၊၊

.....................................
.
.

အခုခေတ် လူငယ်တွေဟာ မိဘအပေါ် ပိုပြီးသိတက် လာကြပါတယ် ၊၊ ကျပ်တည်းလာတဲ. ခေတ်အခြေ အနေ ကို နားလည် လာကြ လို.လား ၊၊ အသိဥာဏ် တွေ ပိုရှိလာကြလို.လား ၊၊ ရှာဖွေ ရုန်းကန် နေရတဲ. မိဘတွေကို ကိုယ်ချင်းစာ နားလည်ခဲ.လို.လား ၊၊ ဘာ.ကြောင်. မှန်းမသိ ပေမယ်. ဟိုအရင် လူ တွေထက် ဘ၀အသိ ပိုရှိ လာကြ တာတော့ ကျန်းသေ ပါသည် ၊၊ အရွယ်ရောက် လာတာနဲ. အလုပ်ဝင်ဖို. အဆင်သင်. ဖြစ်နေ ကြပြီး မိသားစုကို တဖက် တလမ်း က ကူညီနိုင်သမျှ ကူညီကြ ပါတယ် ၊၊ မှန်မလား မှားမလား တော. သေချာ မသိရပါဘူး ၊၊ စစ်တမ်း ကောက်မထားတဲ. အတွက် လည်း ကိန်းဂဏန်း အတိအကျ တော. မဖေါ်ပြနိုင် ပါဘူး ၊၊ သေချာတာကတော. အရင်ခေတ် နဲ. ယခုနောက်ပိုင်း ခေတ် လူငယ်များ၏ ရပ်တည် ရမှူပိုင်း တော. တော်တော် လေးကို ခြားနားသွား ခဲ.ရပါပြီ ၊၊

ဟိုအရင် မဆလ ခေတ်မှာ လူဖြစ်ခဲ.ရတဲ. နောင်တော် တွေ ဆိုရင် ကျောင်း တက်မယ် ၊၊ ဘွဲ.ရရင် သင်.တော် ရာ အလုပ်တစ်ခုဝင် ၊ ပြီးရင် မိန်းမယူ လို. အိမ်ထောင်တစ်ခု ကို ထူထောင်မယ် ဆိုတဲ. စီမံကိန်း အဆင်သင်. ရှိကြပါတယ် ၊၊ ဖြစ်ရိုးဖြစ်စဉ် သမရိုးကျ ဘ၀ တစ်ခု ကို တည်ဆောက် ကြတယ် လို. ဆိုရမလား၊၊ မိဘများကို တပြန်တလှည်. လုပ်ကျွေးရအုံး မယ်ဆိုတဲ. စိတ်ကူး မျိုး မရှိကြ ပါဘူး ၊၊ ( အများစုလို. သုံးပါတယ် ၊ အားလုံးကို မဆိုလိုပေ မယ်. ၊ ရာခိုင်နှုန်း အတော် များများကတော. မရှိတာသေ ချာပါတယ် ) ၊၊ ရှိရင်တော. ရှိပါလိမ်.မည် ၊၊ သို့သော် ရှားပေလိမ်.မည် ၊၊ အခြေအနေကလည်း ဒီဖက်ခေတ် လောက် မလိုအပ် ခဲ.ပေကိုး ၊၊ ဒါဟာလည်း သူတို. ရှင်သန် ကြီးပြင်း ခဲ.ရတဲ. ခေတ် အခြေ အနေက သူတို. ရဲ. အသိတွေကို ဘောင် ခတ်ပေးခဲ.တာပါ ၊၊ အဖေလုပ်တဲ.သူ တစ်ယောက် ရှာတဲ.ငွေက လောက်ငှ တာကို ၊၊ နောက် ခေတ်ရဲ. တောင်းဆိုမှူ ဆိုတာလည်း ဒီလောက် မများ ခဲ.ဘူးလေ ၊၊

ဒါပေသည်. ဒီဖက်ခေတ်မှာ လူဖြစ်လာရသည်. ၊ ယခုနောက်ပိုင်း လူဖြစ်လာရသည်. လူငယ်တွေမှာ တော. ဒီလို သမရိုး ကြ ဘ၀မျိုး မစဉ်းစားနိုင် ကြရိုး အမှန်ပါ ၊၊ ကျောင်းတက် နေကြဆဲ ကာလ မှာကိုက တဖက် တလမ်း မှ မိသားစု ကို ၀င်ကူနေရပါပြီ ၊၊ နေ.ကျောင်း အဆင် မပြေ ၊ အဝေး သင်ပြောင်း လို. ကိုယ်ဘ၀ ကိုယ် ကျောင်းနေရပါပြီ ၊၊ တဖက်တလမ်းက ၀င်ငွေရမည်. အလုပ်မှန်သမျှ ၊ အရောင်းစားရေးကစ ၊ ကား စပါယ်ရာ အလယ် ၊ ကျုရှင်ဆရာ အဆုံး ကိုယ် ကျင်လည် ၀င်ဆံ့နိုင် မယ် . ဘ၀မျိုး စုံ ကို ၀င်ရောက် နေရာ ယူကြရပါတယ် ၊၊ နောက် ခေတ်ရဲ. တောင်းဆိုမှူ ဆိုတာလည်း များသထက် များလာ ခဲ.ပါ သည် ၊၊ လိုအပ်ချက်တွေ ကို အမှီ ဖြည်.စည်း နိုင်ဖို. ကြိုးစား ရုန်းကန်ကြရ ပါသည် ၊၊ အဖေလုပ်တဲ.သူ တစ်ယောက် ရှာတဲ.ငွေက လောက်ငှ ဖို. မလွယ်ကူတော.ပါ ၊၊

ဒါဟာ ခေတ်ကပေးတဲ. သင်္ခန်းစာ ၊ တာဝန် နဲ. ၀တ္တ ရား ဆိုတဲ. မလွဲမသွေ လက်ခံ ရမယ်. ဆုလဒ်ပါ ၊၊ဒီလိုနဲ. ကျောင်းပြီး သွား လို.လည်း ကိုယ်ဘ၀ တစ်ခုကို ခွဲသွားဖို. ၊ တစ်အိုးတစ်အိမ် ထူထောင်ဖို. ၊ မစဉ်းစား နိုင် ကြ ပါ ဘူး ၊၊ မပြီဆုံးသေး သော အငယ် ညီအစ်ကို မောင်နှမတွေ အတွက် ၊၊ ကျန်နေခဲ. ရှာမယ်. မိဘ အိုကြီးအိုမ နှစ် ပါးအတွက် ၊၊ ဘယ်လို အတွေး အခေါ် အယူအဆ မျိုး ၊စိတ်ဓါတ် မျိုး နဲ. ကျော ခိုင်းခဲ့ နိုင်ပါမတုံး ၊၊ “ မိဘတွေ ကို ဘာမှလုပ် မပေးရသေး ဘူးကွ ” ၊ “ ငါ. မိဘတွေ ကို ပြန် လုပ်ကျွေးရအုံး မယ် ကွာ ” ၊ “ အဖေတို. အမေတို. ကို ပြည်. ပြည်.စုံ စုံ လေးထားခဲ့ ချင်တယ် ကွာ ” ဆိုတဲ. စကားမျိုး ကို ပဲ အမြဲကြားရပါတယ် ၊၊

ဒါဟာသူတို. ရင်ထဲကလာ တဲ. ဆန္ဒ စကား အမှန်ပါ ၊၊ ဒါ.ကြောင်.လည်း တော်ရုံ ဆို အိမ်ထောင်ရေးကို ဦးစားမပေး နိုင်တော.ပါဘူး ၊၊ “ ယူမယ်ဆိုရင်တောင် အိမ်ကိုတော. ပြည်.ပြည်. စုံ စုံ လေးထားခဲ. ချင်တယ် ၊၊ ကိုယ် အိမ်ထောင် နဲ. ဆို အိမ်ကို လှည့် ကြည်. နိုင်မှာ မဟုတ်တော.ဘူး ” ဆိုတဲ. သူ တွေက များပါတယ် ၊၊ ဒိလိုနဲ. တော်တန်ရုံ နဲ. အိမ်ထောင် မပြုဖြစ် ကြသူတွေ လည်း တပုံတပင် ပါ ၊၊ အိမ်ထောင် ပြု ကြဖို. မိဘများကတောင် နားချရသည် အထိ အများကြီး တွေ.ရ ကြားရ ဖူးပါသည် ၊၊

“ ငါတို.ဘ၀ ကို ဒီအခြေအနေ ရောက်အောင် ကျွေးမွေး ပြုစု ခဲ့တဲ့ ကျေးဇူးတွေကို ပြန်ဆပ် ရအုံးမယ် ကွ ” ဆိုတဲ.စကားမျိုး အမြဲ ကြားနေရပါတယ် ၊၊ တကယ် ကို ၀မ်းသာ ပီတိ ဖြစ်မိပါတယ် ၊၊ အမှန်တကယ် ဘ၀ အသိ နဲ. ယှဉ်တဲ. ၊ ရင်ထဲကလာ တဲ. စကားလေး တွေပါ ၊၊ ကျွန်တော်. Site ထဲမှာ အသက် ၂၀ ကျော် ၀န်းကျင် လူငယ် အမျိုးသား အမျိုးသမီး လေးတွေ ရှိကြပါတယ် ၊၊ သူတို.ရဲ. အသက် အရွယ် လေးတွေ ဟာ ပညာ ဆက်သင် အုံးမယ် ဆိုရင် ကျောင်းပတ် ၀န်းကျင်မှာ တွေ.ရမဲ. အရွယ် လေးတွေပါ ၊၊ သို.ပေသည်. ဘ၀က ခွင်.မပြုရှုာလေတော. ၊၊ အလုပ်ခွင် ၀င်ရင်း ကျောင်းတဖက် နဲ. မိဘကို တဖက် တလမ်းက ကူညီ နေကြရင်း ပေါ. ၊၊

တစ်လတစ်လ သူတို. ရသမျှ လခလေးကို အိမ်ကို ပြန်ပို. ကြပါတယ် ၊၊ ရသမျှလေးထဲက အသုံးလေး အချို. အ၀က် ချန်လို. အားလုံးကို ပြန်ပို. ကြတာပါ ၊၊ သူတို.ကိုယ် တိုင်တော. ဖြစ်သလိုနေ ၊ ဖြစ်သလိုစား ပြီး ၊ ရောင်.ရဲ ကျေနပ် တင်းတိမ် နေကြ ရှာပါတယ် ၊၊ ခရီးထွက်လို. ပစည်းတွေ ၀ယ်ကြတဲ. အခါ ၊ အဖေဖို. အမေဖို. ၊ ညီလေးဖို. ၊ ညီမလေးဖို. နဲ. သူတို. အတွက် ကတော. ဘာမှမပါ ကြပါဘူး ၊၊ အမှန်တကယ် ကျွန် တော် လက်တွေ.ပါ ၊၊ ဒါတွေကို မြင်ရ ကြားရတဲ. အခါ ပိတိ ဖြစ်မိပါတယ် ၊၊ သူတိုးလေး တွေ အ တွက် လည်း ဂုဏ် ယူ မိပါတယ် ၊၊

ဒိလို သိတက် သိသူတွေ ထဲမှာမှ ပိုပြီး သိတက် သူ တွေ အချို.လည်း ရှိပါသေးတယ် ၊၊ အသိတက် လွန်တော. လည်း ကိုယ်. ရဲ. ၀န်က အခြား သူတွေကို ပိစေပါတယ် ၊၊ ကိုယ်ကို တိုင် သတိမပြုမိ ပေသည်. အခြားသူ များ ကို အနေအထို်င် ကျပ်စေပါသည် ၊၊ လာရောက် လုပ်ကိုင် နေသူ အားလုံး ဟာ ကိုယ် မိသားစု အတွက် လာရောက် လုပ်ကိုင် နေကြတာပါ ၊၊ ဒါ.ကြောင်. လည်း အလုပ် ခွင်ထဲကို အချိန်မတန် ပဲ ပင်ပန်း ဆင်းရဲစွာ လာ ရောက် လုပ် ကိုင်နေ ကြတာ ပ ၊၊ ကို ယ် .မိဘ ၊ ကိုယ် .မိသားစု ကို ကိုယ် ပြန်ပို. ချင်သလို ၊ အခြားသူ များလည်း သူ တို. မိဘများကို ပြန်ပို. ချင်ကြပါ လိမ်. မည် ၊၊

ကျွန်တော်. Site ထဲမှ ကောင် လေး တစ်ယောက် သူ. မိဘ အပေါ် အတော် ကို သိတက်ပါသည် ၊၊ ရသမျှ အကုန်ပြန်ပို. သည် ၊။ သူ.အတွက် ကို ချန်မထားတော. ပါ ၊၊ ထိုအခါ အတူနေသူ ဘေးလူ များ အခက်တွေ. ရပါသည် ၊၊ ဒါ.ကြောင် မကြာခဏ ခေါ်ပြော ပေးရသည် ၊၊ သူ.မိဘပေါ် သိတက် တာ မျိုးဆို တော. ပြောရလည်း ခက်သား လား ၊၊ သို.ပေသည်. ဘေးလူတွေ အနေရမကျပ် ဖို. ပြောခဲ. ရဖူး ပါသည် ၊၊

သိတက် မှူကို သဘောကျပေ သည်. ဒီလို မျိုးတော. မဖြစ်စေချင်ပါ ၊၊ ကိုယ့်မိသားစု ပံ့ ပိုးချင်တာတစ်ခုနှင်. တော. ဘေးလူတွေ ကို ၀န်မပိစေချင်ပါ ၊၊ ၀န်မပိုစေချင်ပါ ၊။ ဒါလေးတစ်ခု ကို တော. သတိပြုမိ စေချင် ပါ သည် ၊၊ ခါးပိုက် နှိုက် လုပ်သူ က ငါ.အမေ အတွက် နှိုက်တာ ကွ ၊ ဆိုသလို အ နှိုက်ခံရသူ လည်း အဲဒီ ပိုက် ဆံ တွေက သူ.အမေ အတွက် ယူလာတာ ဖြစ်မှာ ပါ ၊၊ ဒါ.ကြောင်. ကိုယ်.မိဘအပေါ် သိတက်ပါ ၊၊ သို.သော် သူ များ မိဘ အပေါ် ၀န် မပိပါ စေနှင်. လို. ၊၊
လေးစားစွာဖြင်.
မိုးဝေ ( စက်မှူတက္ကသိုလ် )

2 comments:

ဗီလိန် said...
This comment has been removed by the author.
ဗီလိန် said...

သိပ်ကောင်းတဲ့ ဆောင်းပါးလေးပါဗျာ။ မှန်ပါတယ်။ ခုခေတ်လူငယ်တွေက အရင်ကလိုမဟုတ်ပါဘူး။ ဒါပေမယ့် လူကြီးတွေက လ္ဘက်ရည်ဆိုင်ထိုင်တာကို မိန်းမထိုင်ငန်းတယ်လို့ ထင်နေကြတယ်။ အမှန်က လ္ဘက်ရည်ဆိုင် ထိုင်တာကလည်း စီးပွားရေး၊ လူမှူရေး၊ ပညာရေး၊ ဘာသာရေး၊ အထွေထွေကို ပြောဆိုငြင်းခုံပြီး အဖြေရှာနေကြတာပါ။ အပျော်အပါးအတွက် ပြောဆိုကြတာပါပေမယ့် တော်တော်လေးနည်းပါး သွားပါပြီ။ လူငယ် စကားဝိုင်း၊ စကားရည်လုဝိုင်းလေးလို့ ပြောရင် မမှားပါဘူး။ ဒါကြောင့် လူငယ်တွေ အနေနဲ့ ဒီ့ထက်မက တွေးခေါ်စဉ်းစားတိုင်ပင် ကြဖို့လည်း တိုက်တွန်းချင်သလို လူကြီးတွေ အနေနဲ့ လ္ဘက်ရည်ဆိုင်ထိုင်တာကို အတင်းအကျပ် ပိတ်ပင်တားဆီးတာမျိုး မလုပ်သင့်ပါဘူးလို့ ထင်မိပါတယ်။