Saturday 11 April 2009

ရိုးသားစွာ ရင်ခုန်ကြပါစို.


နှစ်သစ်မှာ အားလုံးပျော်ရွှင် ကြပါစေ လို. ဆုမွန်ကောင်း တောင်း လိုက်ပါတယ် ဗျာ ၊၊

ရိုးသားစွာ ရင်ခုန်နေကြသော သူငယ်ချင်းအပေါင်းးအသင်း ရောင်ရင်း များနဲ. ရင်ခုန်သံချင်း ညှိနှိုင်း ရင်း နဲ. ချီတက်လာတာ အခုဆိုရင် ကျုပ်ရဲ. Blog လေးက ၁ လ သားလေး ကျော်ခဲပြီပေါ.ဗျာ ၊၊ စာတွေလာဖတ်တဲ. မိတ်ဆွေတွေကို တွေ.ရင် ၀မ်းသာ မိ ပါတယ် ၊၊ Comment လေးတွေ ကို တေ.ွမိရင် ပျော်မိပါတယ် ၊၊ စာတိုစာရှည် Email တွေ ရတဲ. အခါ ကြည်နူးမိပါတယ် ၊၊ ရိုးသားစွာ ရင်ခုန်မိတာလေးကို တင်ပြ မျှဝေတာပါ ၊၊ ကျန်တဲ. အပေါင်းအသင်း ရောင်းရင်းများလည်း ထိုနည်းနှင်နှင် ခံစားရမိ လိမ်.မယ် လို. ယုံ ကြည် မိပါတယ် ၊၊ ဒီလိုနဲ. ဒီလိုနဲ.ပေါ.ဗျာ ၊၊

မနေ.ညကမှ စာရေးသက် အတော် ရနေပြီဖြစ်တဲ. သူငယ်ချင်း တစ်ယောက် ရဲ. Blog လေးကို ၀င်ဖတ်ရင်းနဲ. သူရဲ. မိတ်ဆွေ ၀ါရင်. Blogger (Blog ရေးသက်ကြာ နေပြီ မို. လေးစားစွာ သုံးလိုက်ပါတယ် ) တစ်ယောက်ရဲ. Comment လေးကို ဖတ်မိရင်း ဒီ Post လေးကို ရေးဖြစ်သွားတာပါ ၊၊ သူလည်းရိုးသား စွာ ရေးမိတယ် လို. ယုံကြည်ပါတယ် ၊၊
“အခုတစ်လောဘလော့တွေသိတ်များတယ။် ဖောင်းပွလာတယ်လို့တောင်ခံစားရတယ။် အဆင့်မှီစေဘို့ဘာပေတံ့နဲ့တိုင်းမလဲ။ တိုင်းစရာမရှိဘူး။ ဆယ်တန်းအောင် မှ တက္ကသိုလ်တက်ရမယ်လို့ကန့်သတ်ချက်ရှိပေမဲ့ ဘလော့ရေးဘို့ဘာ ကွာလလီဖီကေးရှင်း ရှိရမယ်လို့သတ်မှတ်ချက်မရှိဘူး။အင်တာနက် တစ်ခုရှိရင်ရပြီ။ မြန်မာဖောင့်ကောင်းကောင်း မရိုက်ချင်တဲ့သူတောင် ဘလော့ရေးလို့ ရတဲ့ အချိန်မှာ ရင်ထဲရှိတာတွေ ချရေးခွှုင့်ရတဲ့ ဘလော့ဟာ အားလုံးအတွက်တော့ အိုအေစစ်ကလေးဘဲ။”

ဒီလိုစာမျိုး ရေးလို. ဘယ်လိုသဘော မှမပါပါ ဘူးဆိုတာ တော. ကြိုတင် တောင်းပန် ပါတယ် ၊၊ အထက်မှာ ဆိုခဲ့သလို ရိုးသားစွာ ရင် ခုန်တယ်လို. ပဲ မှတ်ယူပေးပါ ၊၊ Blog ရေးတဲ. သူ အများစု ဟာ ကိုယ်.ယုံကြည် ချက် လေးတွေနဲ.ကိုယ် ၊ ကိုယ် ရင်ထဲမှာ ခံစားနေရတာလေးတွေကို ရိုးသားစွာ ရင်ခုန်နေခြင်းပါ ၊၊ ဒီ အထက်က Blogger ကြီးဆို ခဲ့ သလို အိုအေစစ်လေး တွေပေါ.ဗျာ ၊၊

နောက်ထပ် ကျုပ် ရဲ.အသိဥာဏ် လေး တစ်ထွာတစ်မိုက် နဲ.သိရသလောက် ကတော. Blog ရေးနေတဲ့ သူ အများစုဟာ Internet ကောင်းကောင်း အသုံးပြုလို. ရတဲ. နိုင်ငံ ရပ်ခြားမှာ နေထိုင် လုပ်ကိုင်နေသူ တွေများမယ် လို.ထင်ပါတယ် ၊၊ မြန်မာပြည် ကနေ ရေးနေတဲ. ကျွန်တော် လေးစားရသော Blogger များလည်း ရှိပါတယ် ၊၊ သူများတိုင်းပြည် ၊ သူများနေရာမှာ လာရောက်လုပ်ကိုင်နေထိုင်နေရ တဲ.သူ အများစု ရဲ. ရင်ထဲမှာ ခံစားချက်လေး တစ်ခုစီတော. ရှိကြ မှာပါ ၊၊ ဘယ်လောက်ပင် အဆင်ပြေပါတယ် ၊ အထက်ကနေ အလုပ်လုပ် ကိုင်နေရပါတယ် ဆိုပေလင်.ကစား ၊၊ အမေ.အိမ်မှာ မနေရတဲ. သား ရဲ.ဘ၀လို ၊ ခံစားချက်လေး တစ်ခုတော. ရင်ထဲမှာ ရှိနေကြတာပါ ၊၊ အမိမဲ့ သား ရေနည်းငါး ” ဆိုသလို “ အဖမဲ.သား ဟိုချောင် ဒီချောင် ” ဆိုတဲ့ ခံစားချက်လေးတော. ခံစားကြရမှာ ပ ၊၊

ဒါကြောင်.လည်း ရင်ထဲမှာ ခံစားနေရတာလေးတွေ ၊ မြင်တွေ.နေရတာလေးတွေ ၊ ရင်ခုန် ခံစားနေရတာ လေးတွေကို တင်ပြပြီး စိတ်ကျေနပ်မှူလေးတစ် ခု ကို ရယူနေကြရတာပါ ၊၊ ကျုပ်တို.ရဲ. ရင် ထဲက ခံစားချက်တွေကို တနည်းနည်း နဲ. ပေါက်ကွဲနေကြတာ ပါ၊၊ ဖွင်.ထုတ်နေကြတာ ပါ ၊၊ ဒီလိုရေးလို. ကိုယ်.ရဲ.စိတ် ထွက်ပေါက် တစ်ခုအတွက် ရေးချင်ရာ ရေးနေကြတယ် လို.တော. မထင်စေချင်ပါဘူး ၊၊ သတိထားနေတဲ.ကြား က အမှားတွေ တော့ ရေးမိကြမှာ ပါ ၊၊ လူပဲလေ ဆိုတဲ. အမြင်လေး တစ်ခုနဲ. ခွင်.လွတ်ပေးကြ ရ မှာပေါ့ ၊၊ ဒါကြောင်. ကောင်းတာ လေးတွေ ရှိသလို ၊ မကောင်းတာလေး တွေလည်းရှိမှာ ပါ ၊၊ ရေးတက်သူ တွေ ပါသလို ၊ မရေးတက် ရေးတက် ရေးနေသူတွေလည်းပါ မှာပါ ၊၊ ကျုပ်လို ပ ၊၊

Blog တွေကို အရောင် စုံတဲ. ပန်းခင်းလေးလို. ကျုပ်တော. ခံစားမိပါတယ် ၊၊ နှင်းဆီ ၊ ခတ္တာ ၊ ဒေလီရာတွေ ၊ သဇင်၊ ဗန်တာ ၊ သစ်ခွ ပန်းတွေ နဲ. ဝေနေတဲ. ပန်းခြံကြီး ရဲ. အလှအပကို ဒီတိုင်း အဖိုးတန် အမျိုးမှန် တော်ဝင် နန်းထိုက် ပန်းမဟာတွေ နဲ.တင်.တယ်စေတာ အမှန်ပါ ၊၊ သို.ပေငြားလည်း ပန်းခြံကြီးအတွင်းမှာ လူးလားခေါက်ပြန် သွားလာ ကြည်နူးကြသူတွေ လျှောက် လှမ်းကြရာ လမ်းတစ်လျှောက် က ဘာပန်းမှမရှိ ရင် အတော် ကို အရုပ်ဆိုး အကျည်း တန်နေပါလိမ်.မယ် ၊၊ လူတွေသွားရာ လမ်းတစ်လျှောက်မှာ အဖိုးမတန်တဲ့ လမ်းလျှောက်ပန်း လေးတွေများ ပျိုးထားရင် ပိုပြီမတင်. တယ်ပေဘူးလားဗျာ ၊၊ လမ်းလျှောက် ပန်းလေးတွေရဲ. အထောက် အပံ့ကြောင်. နန်းထိုက် တဲ. ပန်းတော်ဝင် တွေ ဂုဏ်တင်.မလာပေဘူးလားဗျာ ၊၊ လမ်းလျှောက် ပန်းမရှိပေ သည်. သဇင်ဟာ သဇင်ပါပဲ လို.တော. ဆိုနိုင်သပေါ.လေ ၊၊

ကျုပ်ရဲ.အမြင်မတော. ဘယ်လို ပဲဖြစ်ဖြစ် နုလုံးသားနဲ. နားလည်ပြီး ရင်နှင်.ခံစားလို. အားပေး မိပါတယ် ၊၊ ယူတက်ရင် ရပါတယ် ၊၊ စာကောင်းသော် လည်းကောင်း စာမကောင်းသော် လည်းကောင်း ၊ သေချာတာ တစ်ခုခုတော. ရပါတယ် ၊၊ နောက်ဆုံး ဒီလို Blog မျိုး နောက် မဖတ်တော.ဘူးဆို တဲ. အသိတစ်ခု ရသွားရင်တောင် နောက် တစ် ကြီမ်အတွက် အချိန်အများကြီး Save ဖြစ်သွားပါ ပြီ ၊၊ နောက် သူငယ်ချင်း တွေကို သတင်းပေးရင် သူတို. လည်း အချိန်ကုန် သက်သာတာပေါ.ဗျာ ၊၊ ဒါဟာ အနည်းဆုံး ရသွားတဲ့ အမြတ်ပေါ.ဗျာ ၊၊ မဟုတ်ဘူးလား ၊၊ မြန်မာ Blog တွေကို ဖတ်တဲ. မြန်မာ စာ ပေ ချစ် ပရိတ်သတ် တကမ္ဘာ လုံးမှာ သိန်းကျော်မှာပါ ၊၊ ဒီလိုပဲ ရေးတဲ.သူ သိန်းကျော်တော. ရော ပိုမကောင်း ပေဘူးလားဗျာ ၊၊ ရေးတဲ.သူ တွေဟာ လည်း ဖတ်တဲ.သူ တွေပါပဲ ၊၊

လူကြီးဆိုတာ လူငယ်ဘ၀ ကို ဖြတ်သန်းခဲ.ရတာ ပါ ၊၊ ဒီနေ. အောင်မြင်နေတဲ.သူ တွေဟာ လည်း မအောင်မြင်ခင် ကြိုးစားခဲ့ရတာပါ ၊၊ ကျုပ် ၁၀ တန်းအောင်ကာစ အနုပညာ နဲ. ပတ်သပ်တဲ. အသိုင်းအ၀ိုင်းတစ်ခုထဲကို အခြေချတိုးဝင် ဖို. ကြိုးစားခဲ.ဖူးတဲ့ အချိန်မှာ ကျုပ် အစ်မ တစ်ယောက်က ကျုပ် ကို ဆုံးမတဲ. စကားလေးတစ်ခု မှတ်မိပါသေးတယ် ၊၊ သူဟာ စာတွေရေးတဲ့ စာရေးဆရာမ တစ်ယောက်မဟုတ် ပါဘူး ၊၊ နောက် ပညာ ရှင်တစ်ယောက် လည်းမဟုတ်ပါဘူး ၊၊ ဒါပေမယ်. သူရဲ. ဘ၀အသိနဲ. ယှဉ်တဲ့ အတွေးလေးမို. ရိုးစင်းပြီး ချစ်စရာ လည်းကောင်းပါတယ် ၊၊ “ ပင်လယ်ဆို တာ ဖြစ်လာဖို. အတွက် အနားသတ်ပေး ရတဲ့ ကမ်းနားဆိုတာ ရှိရတယ် ၊၊ အောင်မြင်တဲ. သူ တစ်ယောက် ဖြစ်လာဖို.အတွက် မအောင်မြင်တဲ. သူတွေဆိုတာ အနားမှာ ၀န်းရံ ဇာတ်ပို.ပေးရတယ် ၊ အနုပညာ အလုပ်ဆို တာ ဟာ ပိုပြီးခက်ခဲ နက်နဲတယ် ၊ ကြောက်စရာလည်း ကောင်းတယ် ၊ နင်အောင်မြင်ရင် ထိပ်ကိုရောက်မယ် ၊ မအောင်မြင်ရင် အနားမှာ ၀န်းရံနေရတဲ့ ဘ၀ ခံနိုင်ရမယ် ” တဲ့ ၊၊ သူအမြင်လေးကို သူ ရိုးစင်းစွာ ကျူပ်အတွက် ဝေမျှသွားတာပါ ၊၊

ဒီလိုပါပဲ ၊၊ Blog တွေဘယ်လောက် ပဲ များနေပါစေ ၊၊ နောက်ပိုင်းမှာ တကယ် တော်တဲ. ၊ သူတွေသာ ကျန်ခဲ့မှာ ပါ ၊၊ နောက် စာဖတ်တဲ.သူ တွေ ဟာ စာရေးတဲ.သူ တွေထက် ပိုတော် ပါတယ် ၊၊ သူတို.မှာ ဝေဖန်သုံးသပ်နိုင်တဲ. အရည်အချင်း တွေရှိပါတယ် ၊၊ သူတို.ကောင်းတာ လေးတွေ ကို ရွေးပြီးဖတ်မှာပါ ၊၊ နောက် စာ ရေးနေတာ ၊ စာ ဖတ်နေတာဟာ မကောင်းပေဘူးလားဗျာ ၊၊ ကျွန်တော်တော. နွေးထွေးစွာ ကြိုဆိုပါတယ် ၊၊ အားပေးတယ် ၊၊ အတွေ.အကြုံတွေ မျှဝေမယ် ၊၊ ကူညီမယ် ၊၊ ဝေဖန်မယ် ၊၊ အကြံတွေ ပေးမယ် ၊၊ နေ.စဉ် ဒိုင်ယာရီရေး တာ တောင် ကောင်းတယ် အလေ.အကျင်.လို. မှတ် ယူ ရင် ကိုယ်. ရဲ.အတွေ.အကြုံ တွေ ၊ ခံစားချက်တွေကို ရိုးသားစွာ မျှဝေတာ မကောင်းဘူးလားဗျာ ၊၊

ကျုပ် ဟာစာတွေရေးတာ ကို တော် တော်ကို ခုံမင်ပါတယ် ၊၊ ဟိုးကလေးဘ၀ စာရေးတက် စကတည်းက စာတွေရေးပါ တယ် ၊၊ တက်ကျမ်းတွေ ၊ ဇာတ်လမ်းတွေတော. မဟုတ် ဘူးပေါ.ဗျာ ၊၊ ကျုပ်ရဲ. ရင်ထဲမှာ ခံစားရတာတွေကို ကျုပ် အစ်မကို တိုင်စာ ရေးတာပါ ၊၊ အမက အိမ်နဲ. မိုင် ၂၀ လောက် ဝေးတဲ. မြို.လေးမှာ ကျောင်းသွားတက်နေရတာပါ ၊၊ အိမ်က တစ်ယောက် ယောက် က ညနေဆိုစားစရာ သွား ပို.တာပါ ၊၊ အဲဒီလူ ကြုံနဲ. စာပါးတာပါ ၊၊ အဲဒီတုန်းက တယ်လီဖုန်းတွေ မရှိတာလည်း ပါမှာပေါ. လေ၊၊ ဒါပေသည်. ခုဒီမှာ အလုပ်လုပ်နေတဲ. ယနေ.ထိ အိမ်ကို စာ ပို.နေဆဲဆို ရင် အံ့အားသင်. ကြမလားဗျာ ၊၊ ဖုန်းလည်း အပတ်စဉ် ဆက်ပါတယ် ၊၊ စာလည်း လူကြုံရှိတိုင်း ၊ ဒါမှမဟုတ် စာတိုက်ကနေတဆင်. စာတွေရေးနေဆဲပါ ၊၊ တခါတလေ နှုတ် နဲ.ပြော လို. အဆင်မပြေတာတွေ က စာနဲ.ရေးတာ ပိုပြီး ကဗျာ ဆန်ပါတယ်၊၊ ကျုပ် က တော. နုတယ်ဗျာ ၊၊ ဒါကြောင်.လည်း စာရေးတဲ. စနစ်က ယနေ.ထိတွင် ကျယ်နေတာ ပေါ.ဗျာ ၊၊

၁၀ တန်းအောင်တဲ. အခါ အခြားဘာသာတွေ အတွက် ထူးပြီးရင်မခုန် ပေမယ်. ၊ မြန်မာစာ ဂုဏ်ထူးအတွက် ယနေ.ထိ ဂုဏ်ယူ နေမိဆဲ ၊၊ ( နောက်များမှ ဆရာ ဂုဏ်ထူးဦသိန်းနိုင် အကြောင်း သပ်သပ် ရေးပါအုံးမည် ) ကျုပ်ရဲ. အဒေါ်တွေ ၊ ဦးလေးတွေကလည်း အဲဒီ အတွက် ပဲ ဂုဏ်ယူနေ ကြဆဲပါ ၊၊ ခုလို Blog တွေ ဖောင်းပွလာ တဲ့ အချိန်မှာ Blog လေးတစ်ခု တည်ဆောက်မိ တဲ့ ကျုပ်ကိုယ်ကျုပ်လည်း ရှက်ရွံ.စွာ မလုံမလဲ လေး ဘာသာ ခံစားမိပါတယ် ၊၊ ဒါပေမယ်. ကျုပ် စာတွေကို ရေးခဲ.တာ တက္ကသိုလ် ကျောင်းသားဘ၀ ကတည်းက ပါ ၊၊ နောက် ကျောင်းပြီးလို. အလုပ်ထွဲမှာ လည်းစာတွေ ရေးနေဆဲပါ ၊၊ သို.ပေသည်. ၀ါသနာရှင်တို.ရဲ. သဘာဝ စာရေးခြင်း သည် စာရေးခြင်း သပ်သပ် ပ ၊၊ စာရေးရရင် ကျေနပ်ပြီး စာတွေရေးနေ ခြင်းပါ ၊၊ တင်ပြခြင်း ဆိုတဲ. အဆင်.ကို ရောက်မလာခဲ့ပါ ၊၊

ကံအားလျော်စွာ မြန်မာပြည်မှာ ဂျာနယ်တွေ ၊ မဂ္ဂဇင်းတွေ အပြိုင်ထုတ်ဝေ လာတာနဲ. အမျှ ကျုပ် တို.လို ၀ါသနာရှင်တွေ အတွက် အခွင်.အလန်းတွေ ပိုပွင်.လာ ခဲ့ပါတယ် ၊၊ ဒီလိုနဲ. ဂျာနယ်လေးတွေမှာ တင်ပြဖို. ကြိုးစားရင်း စာတွေပိုရေးဖြစ်လာ ခဲ့ပါတယ် ၊၊ ပါလာတဲ. အခါ နောက်ထပ် တစ်ပုဒ်တွေ များစွာ တင်ပြဖို. ကြိုးစားရင် အားတွေ လည်း တက်ခဲ့ရပါတယ် ၊၊ အားမနာစွာ ဝေဖန်တက်တဲ. ချစ်သူနဲ. တွေ.ရတဲ့ အခါလည်း ဘောပင် မကိုင်မိအောင် ကို ကြိုးစားခဲ.ရပါတယ် ၊၊ တိုးတိတ်စွာ ကျေကွဲခဲ့ရပါတယ် ၊၊ ကိုယ် ရဲ.အသေးအမွှား အောင်မြင်မှူအတွက် မုဒီတာမ ပွားပေးနိုင်လေသော ချစ်သူ ကို ချစ်ခြင်း များစွာဖြင်. မုန်းတိးခဲ.မိပါတယ် ၊၊ စာရေးခဲ့ခြင်း နဲ. ကျုပ် ရဲ. ဘ၀လေး တစိတ် တဒေသ ပေါ. ဗျာ ၊၊

ဒီလိုနဲ. ဒီလိုနဲပေါ. ဗျာ ၊၊ ဒီမှာ အလုပ် လုပ်တဲ. အချိန်မှာ Blog ဆိုတဲ. စကားကို စတင် ကြားဖူးခဲ့ ရပါတယ် ၊၊ ကံကောင်းချင်တော. အတူနေ တဲ. သူငယ်ချင်းက Blog တွေရေးတဲ့ နာမည်ကြီး Blogger တစ်ယောက် ဖြစ် နေခြင်းပေါ. ၊၊ ဒါပေမယ်. ကျုပ် မရေးနိုင်ခဲ့ပါဘူး ၊၊ အလုပ်က ၆ ရက် လုပ် ရပြီး မနက် ၈ နာရီကနေ ည ၇ နာရီထိ လုပ် ရပါ တယ် ၊၊ Blog ရေးဖို. နေနေသာသာ ၊ ဖတ်တောင် မဖတ်နိုင်ခဲ့ပါ ၊၊ ဒီလိုနဲ. အခွင်. သင်.လာချင်တော. ဒီနှစ် January လမှာ ၅ ရက် ပဲလုပ် ရမယ်. အလုပ်တစ် ခု Offer ရခဲ.ပါတယ် ၊၊ နောက် လုပ် ရတဲ. အလုပ် ကလည်း အရင် အလုပ်လောက် မများခဲ့ပါ ၊၊ အရင် အလုပ်တုန်းက တစ်နေကုန် ထိုင်ချိန်တောင် မရခဲ့ပါ ၊၊ ဒါကြောင်. အိမ်ရောက်တာနဲ. တုံးကနဲဆို အိပ်ပျော် သွားပါ ပြိ ၊၊ ယခုလက် ရှိအလုပ်လေးက အနည်းငယ်လေး အအားရလာတာနဲ. Blog ရေ မယ် ဆိုတဲ့ စိတ်ကူးလေးလည်း ၀င်လာခဲ့ပါတယ် ၊၊

မှတ်မှတ်ယယ မွေးနေ.က မတ်လ ၁ ရက်နေ. ၊၊ မှတ်မှတ် ယယ လေး တစ်ခု လုပ်ချင်နေတဲ. အချိန် မှာ ၊၊ Blog ရေးမယ် ဆိုတဲ့ စိတ်ကူးလေးက လန်.နိုးလာခဲ့ပါတယ် ၊၊ နောက် အနားမှာလည်း Bloger သူငယ်ချင်း ၃ ယောက်က ရေးနေဆဲဆိုတော. ၊ အဲဒီစိတ် ကူးလေးက ပိုပြီး ပြင်းထန်လာခဲ့ပါတယ် ၊၊ မြန်မာစာ မရိုက်တက်တာက တစ်ကြောင်း ၊ နားမလည်တဲ့ နည်းပညာတွေက တစ်ဖုံနဲ. မို. မလုပ်ဖြစ်ခဲ့လေသော Blog လေးတစ်ခုကို အားတင်းပြီး အနားက သူ ငယ် ချင်းတွေ အားကိုးနဲ. တည် ဆောက်ဖြစ်ခဲ့ပါတယ် ၊၊ ကျုပ်ကို အားမနားတမ်းဝေဖန်တက်တဲ့ ၊ ကျုပ်ကို ဘယ်တုန်းကမှ အထင်မကြီးသလို ၊ အကောင်းလည်းမမြင်တက်တဲ့ ၊ ကျုပ် ရဲ. ဟိုးတချိန်က ချစ်ခဲ့ဘူးသူကလည်း နင် Blog ရေးပါလားလို. အမှတ်မထင် ပြောလာခဲ့တဲ့အတွက် ၊ ဖြစ်နိုင်မလားရယ် လို.ဆိုတဲ့ စိတ်ကူးလေးနဲ. ၊ ထူးထူးခြားခြား မှတ်မှတ်ယယ အဖေ. အကြောင်းလေးနဲ. ကျွန်တော်. ရဲ့ Blog အိမ်ဖြူလေးကို စတင် တည် ဆောက် ဖြစ်ခဲ့ပါတယ် ၊၊

အစပြုခဲ့တဲ့ ရက်တွေမှာ သင်ပြပေးခဲ.တဲ့ သူငယ်ချင်း Blogger ကြောင့် အားတက်ခဲ့ ရပါတယ် ၊၊ ခုချိန်ထိလည်း ဘာမှနားမလည်သေးပါ ၊၊ စာလုံးတွေ မရိုက်တက်လို. လှမ်းပြော ပြတဲ့ ညီငယ် Blogger တစ်ယောက် ၊၊ Layout Setting ကမှအစ အဆင်မပြေ လို. လှမ်းပြီးပြင်ပေး ရတဲ့ ညီငယ်တို.ကြောင်. အားတွေတက်ခဲ့ရပါတယ် ၊၊ တဖြည်းဖြည်း တက်လာ တဲ. လာရောက် လည်ပတ်သူ တွေကြောင် . အရင်က တချိန်ကုန် အပြင်မှာ နေတဲ့ ကျုပ် အိမ်မှာ နေဖြစ်လာခဲ့ပါတယ်၊၊ ဘာပဲဖြစ်ဖြစ် comment လေးတွေ ကြောင့် ရေး အားတွေ တက်ခဲ့ရပါတယ် ၊၊ ရိုးသားစွာ ရင်ခုန်ခဲ့ခြင်းပါ ၊၊ ခုချိန်ထိ ကျုပ် ရဲ. Blog အိမ် လေးကို အလည်တစ်ခေါက် မရောက် လာခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်း နာမည် ကြီး Blogger တစ်ယောက်ကို တော့ နေ. စဉ်မျှော်ရင်း ခင်မင်ခြင်းများစွာ နဲ. မုန်းတီးချင်လာမိပါတယ် ၊၊ ဘာလို.များပါလိမ်. လို.လည်းနေ.စဉ်တွေး ရင်း အားငယ် စွာ ၀မ်းနည်း ခဲ့ရပါတယ် ၊၊ ခုတော.လည်း အထက်က နာမည်ကြီး Blogger တစ်ယောက် ရဲ. Comment လေးကို ဖတ်ရတဲ့အခါ ဒါကြောင်.များလားလေ ရယ်လို. မယုံရဲရဲ အတွေးလေး က ၀င်လာခဲ့ရပါတယ် ၊၊ ဟုတ်နိုင်ပါဘူး လေရယ် လို. လည်း အခါခါ အားတင်း နေရဆဲပါ ၊၊ (အခုတစ်လောဘလော့တွေသိတ်များတယ။် ဖောင်းပွလာတယ်လို့တောင်ခံစားရတယ။် အဆင့်မှီစေဘို့ဘာပေတံ့နဲ့တိုင်းမလဲ။ တိုင်းစရာမရှိဘူး။ ဆယ်တန်းအောင် မှ တက္ကသိုလ်တက်ရမယ်လို့ကန့်သတ်ချက်ရှိပေမဲ့ ဘလော့ရေးဘို့ဘာ ကွာလလီဖီကေးရှင်း ရှိရမယ်လို့သတ်မှတ်ချက်မရှိဘူး။အင်တာနက် တစ်ခုရှိရင်ရပြီ။ မြန်မာဖောင့်ကောင်းကောင်း မရိုက်ချင်တဲ့သူတောင် ဘလော့ရေးလို့ ရတဲ့ အချိန်မှာ ရင်ထဲရှိတာတွေ ချရေးခွှုင့်ရတဲ့ ဘလော့ဟာ )

ဒီလိုနဲ. ချီတက်လာခဲ.တဲ. ကျုပ်ရဲ့ Blog လေးကို လာ ရောက် ဖတ်ရှုသူ အားလုံးကို ရင် ထဲက နေ ကျေးဇူးတွေ တင် နေဆဲပါ ၊၊ ကျုပ်ဆီ ကို Email ရှည် ကြီးတွေ ပို.ပြီး ဝေဖန်တဲ့ စာပေ မိတ်ဆွေ တွေကိုလည်း ကျေးဇူးတင် ဆဲပါ ၊၊ ဘာပဲဖြစ်ဖြစ် ကျုပ်တို ရဲ. သူငယ်ချင်း ရောင်းရင်း အပေါင်းအသင်း များလည်း ထပ်တူ ရင်ခုန် နေကြမယ် ဆိုတာ ယုံ ကြည် စွာ မျှော်လင်.နေဆဲပါ ၊၊ စောင်.ကြည်.ဝေဖန်ပေးနေတဲ့ စာပေ မိတ်ဆွေ ကို ကျူပ် စာပြန်ခဲ့တဲ့ အထဲက ကျုပ်သူကို ပြောခဲ့တာ လေးကို သူငယ်ချင်း ရောင်းရင်းများအတွက် မျှဝေပါရစေ ၊၊


“ဒီအကြောင်းအရာလေးကို ဖတ်မိပြီး ကိုမိုးဝေပြောခဲ့တာလေးကို သွားသတိရလိုက်လို့ပါ။ ကိုမိုးဝေမှတ်မိမလားပဲ...ကိုမိုးဝေရဲ့စာသားတွေကိုပြန်လည်ကောက်နှုတ်ဖော်ပြပေးရမယ်ဆိုရင် ဖြင့်...

"ကျွန်တော်.မှာ အဲဒီလို ရည်ရွယ် ချက်နဲ. ရေးခဲ.တာ မဟုတ်ဘူးဆိုတာတော. ရဲရဲဝံ၀ံ အာမခံရဲပါတယ် ၊၊ ရင်ဘက်ထဲက ခံစားချက်ကို ဇာတ်ကောင်လေးတွေ သုံးပြီး ၊ ဇာတ်လမ်း လေးတွေအဖြစ်တင် ပြခြင်း သက်သက်သာဖြစ်ပါတယ် အကို ၊၊ ဟုတ်ပါတယ် ၊၊ ရေးခဲ.သမျှ အားလုံးမှာ ခံစားချက်တွေ ၊ အတွေးတွေ ၊ ရင်နှင်. အမျှ ခံစား ခဲ. ဖူးတာလေး တွေကို စကားလုံးလေးတွေ ၊ စာပိုဒ်လေးတွေ အဖြစ် ပုံစံပြောင်းပြီ တင်ပြ ခဲ.ခြင်းသာ ဖြစ်ပါသည် ၊၊ကျွန်တော်.ရဲ.ညံ.ဖျင်းမူ ကြောင်. အရောင် ပြောင်းပြီး ၊ ရည်ရွယ်ချက်တွေ လွဲမှားခဲ. တာတော. စိတ်မကောင်းပါဘူး ၊၊"” လို.ကျွန်တော် ပြန် ပြောခဲ့သလို

ကိုမိုးဝေရဲ့အောက်ဖော်ပြပါစကားလေးများအတွက်လည်း ကျွန်တော် ၀မ်းသာ ပီတိ ဖြစ်မိပါတယ်။

"အဲဒီလိုမဖြစ်အောင်တော. ကျွန်တော် သတိပြုဆင်ခြင်သွားပါမယ် ၊၊ ဒါပေမယ်. ကျွန်တော်. ရဲ.ရင်ထဲက ခံစားချက်တွေကိုတော. ဆက်ရေးနေဖြစ်အုံးမယ်အကို၊၊" လို. ကျွန်တော် စာပြန်ခဲ့ပါတယ် လေ ၊၊

စာပေမိတ်ဆွေက ကျုပ်ကို ကိုမိုးဝေ လို.ပဲ ခေါ်ပါတယ် ၊၊


နှစ်သစ်မှာ ပျော်ရွှင်ကြပါစေဗျာ၊၊

6 comments:

မယ့်ကိုး said...

“အလည်တစ်ခေါက် မရောက် လာခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်း နာမည် ကြီး Blogger တစ်ယောက်ကို တော့ နေ. စဉ်မျှော်ရင်း ခင်မင်ခြင်းများစွာ နဲ. မုန်းတီးချင်လာမိပါတယ်”
ရင်ဖွင့်လေသောအခါပေါ့....
ဘာပဲပြောပြော ရိုးသားမှုတွေ မြင်နေရတဲ့ ဒီဘလော့မှာ အမြဲတမ်းစာလာဖတ်ပါတယ်။

Welcome said...

Congratulations ပါ ..
ကျွန်တော်က လူတစ်မျိုး ..
အသစ်အသစ်တွေကို အားပေးတယ် ကူညီတယ်။
စိတ်ဓာတ်မကျအောင် သွားသွားအော်ပေးရတယ်။
နက်မကောင်းတဲ့ကြားက ကွန်မင့်ရေးပေးတယ်။
စီနီယာ့ စီနီယာတွေရဲ့ အားပေးဖော်ကိုတော့ ကျွန်တော်လဲ မမျှော်လင့်ရက်ပါဘူး ..
ကျွန်တော်က အပျော်တမ်းမို့လို့ပါ ..

နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံပါစေ
လေးစားလျက်
ဝင်းဇော်

khin oo may said...

လာဖတ်သွားပါတယ။်

စရေးကတည်းကခံစားရမဲ့သူတွေ ရှိနိုင်တယ်ဆိုတာ သိပါတယ။် ဘာဘဲပြောပြော ရေးချင်တာ ရှိရင်ရေးချင်တဲ့ ခံစားချက်အတိုင်းရေးပါတယ။် လူတိုင်းဟာ သူ့ခံစားချက်နဲ့ သူရှိပြီး လွတ်လပ်စွာ ခံစားခွင့်ရှိပါတယ။် ဘလော့ရေးဘို့အတွက် အစကတည်း က ဝင်ခွင့် တောင်းမထားပါဘူး ရေးနိုင်ပါတယ။် ကိုယ်လဲ ရေးတယ။် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ရေးမှာပါဘဲ။ လာဖတ်ရင်တော့လည်းဝမ်းသာပါတယ။် ဆူဆဲသွားလည်းခံရမှာဘဲ ကိုယ်က ရေးမိပြီကိုး။

အင်တာနက်ရှိပြီး မြန်မာဖောင့်ရရင် ဘလော့ရေးလို့ရပြီဆိုတာ ညီလင်းဆက်ပြောတယ်လို့ကြားဘူးပါတယ။် မြန်မာဖောင့်မရိုက်တတ်ဘဲနဲ့ ဘလော့ရေးနေတယ်ဆိုတာကတော့ ကိုရင်ညိမ်းက တို့ကို ပြောတယ်လို့ထင်ပါတယ။် ဘာဘဲဖြစ်ဖြစ်ရင်ထဲက ခံစားချက်တွေ ကချ ပြလို့ရတဲ့နေရာမို့လို့ အန်မတန် စွဲလမ်းမိပါတယ။်

ပြောချင်တာ ကတော့ ကိုယ်ဟာ ဘလော့အားလုံးလိုလိုကို နိုင်သလောက်ဖတ်ပါတယ။် ထွက်သမျကို တို့ဘလော့မှာ link လုပ်ပြီးတော့ကိုဖတ်တာပါ။ ကွန်မက်လဲ နိုင်သလောက်ရေးပါတယ။် ကိုယ်ကိုယ်တိုင်ကို က စာကလေးရေးပြီးးရင်ဘယ်သူများဘာလေးများလာရေးသွားမလဲလို့မျော်နေတဲ့သူမို့လို့ ကိုယ့်လိုဘဲများလားဆိုတဲ့ ခံစားချက်နဲ့ အနည်းဆုံးလာဖတ်သွားပါတယ်လို့ရေးပါတယ။် ကိုယ့်အတွက်ကတော့လာဖတ်သွားရင်ကိုဝမ်းသာမဆုံးပါဘူး

အဲသလိုနဲ့ ဖတ်လာလိုက်တာ အခုအတော်ကြာပါပြီ။ တစ်နေ့တစ်ခြားလည်း လင့်တွေ တိုးလာလိုက်တာ မနည်းပါဘူး။ ကိုယ်က ကျောင်းစာ အိမ်စာ လုပ်သလိုကို ပြီးအောင်ဖတ်တတာပါ။ ထွက်သမျကို ဖတ်တာပါ။ သေချာလည်းဖတ်ပါတယ။်

ကွန်မက်လည်းနိုင်သလောက်ရေးပါတယ။် အဲသလိုနဲ့ကြာလာတော့ exhausted ဖြစ်လာပါတယ။် တစ်နေ့တစ်နေ့ပေးလိုက်ရတဲ့ အချိန်မနည်းပါဘူး။ ချက်တင်လည်း လုပ်သေးတယ။် ဘလော့ရေးဘို့လည်းတွေးပါသေးတယ။် သိမှာပါ အချိန်ဘယ်လောက်ကုန်သလဲ ပတ်ဝန်းကျင်နဲ့ဘယ်လောက်ကင်းကွာသလဲဆိုတာကို။ တို့ရဲ့ဘလော့လင့်ကို လာကြည့်ပါ။ အများကြီးပါ အဲဒါကို နေ့တိုင်းဖတ်တယ်။ တကယ်ဖတ်ပါတယ။် ကြာလာတော့ အိုအေစစ်ကလေးတွေများလာလို့မွန်းလာတယ်ဆိုတာ တစ်ကယ်ပါ ညာမပြောဘူး စိတ်ထပ်ဆိုးလည် မတတ်နိုင်ဘူး ခံစားရတာကိုပြောတာဘဲ ကိုယ်ဒိလေို ပြောလို့လည်းရေးနေကျလူ က မရပ်ပါဘူး ဆက်ရေးမှာမှာပါဘဲ.။ သပ်သပ်စီပါ။ ဆက်ဖတ်နေဦးမှာပါဘဲ။ ကိုယ့်ကိုယကို မဖတ်ပါနဲ့လို့တားဆီးလို့ ပြောလို့မရသလို။ ကိုယ်ကိုယ်တိုင်လည်း ဘာကောင်မှ မဟုတ်ပါဘူး။ ရေးချင်လို့ ရေးနေတဲ့သူတစ်ယောက်ပါဘဲ။ လာဖတ်သူတွေကို အားနာလိုက်တာ လာဖတ်ရတာ လို့ပြောပြီး ဆက်ရေးနေဥိးမဲ့သူတစ်ယောက်ပါဘဲ။

အသစ်တွေကို နိမ်လိုတဲ့ဆနမရှိပါ။ အသစ်ဆိုတာ ကြာတော့လည်း အဟောင်းဖြစ်သွားတာပါဘဲ။ အဲဒီထဲက ဆက်လက်ရေးနေတဲ့သူတွေ ရှိသလို ရပ်တဲ့သူတွေလည်း အမျိုးမျိုးရှီပါတယ။်။ ဆန္ဒရှိသလို ရေးနိုင်ပါတယ။်

ခင်မင်လေးစားစွာဖြင့်။

Anonymous said...

ကျနော့ဘလော့လေးတုန်းက အဖြစ်ကလေးတွေကို ပြန်မှတ်မိစေတယ်ဗျာ။

စရေးခါစ သုံးလေးလ ကော့မန့်ဆိုတာကိုဘာမှန်းလည်းမသိခဲ့ဘူးလေ။ ရေတွက်ရကောင်းတယ်လို့လည်းမထင်ခဲ့ဘူး။ ဘယ်သူတွေလာလို့ ဘယ်သူတွေ စာရေးနေမှန်းလည်း မသိခဲ့ဘူးလေ။ နောက်တော့ တဖြည်းဖြည်းနဲ့မှ သိလာရတယ်။ ကျနော်ကြိုက်တဲ့ ဆရာမ မေငြိမ်းဘလော့တဲ့၊ ၀တ္တုတွေအများကြီးတင်တတ်တဲ့ မာယာဘလော့၊ လေးစားရတဲ့ ဆရာဦးတင်မိုး သမီး မမိုးချိုသင်းဘလော့တ၊ဲ့ အိုး သူ့ထက်သူ ဘလော့ဂါတွေထဲမှာ စာကောင်းပေကောင်းတွေ ရေးနေတဲ့ အမကေ၊ မတန်ခူး၊ ကဗျာတွေရေးတဲ့ ကို ငြိမ်းဇေဦး၊ ကိုအောင်သာငယ် စသည် စသည်ပေါ့ဗျာ။ တစ်ယောက်နဲ့တစ်ယောက်လည်ကြတယ်။ ဆရာမမေငြိမ်းဆီက စာလာဖတ်တယ်ဆိုပြီး ဆီဗောက်မှာလာပြောတော့ မယုံမရဲနဲ့ ဆရာမ ဟုတ်ပါသလားလို့ ၀မ်းသာအားရ ပြန်မေးခဲ့ဖူးတယ်။ မမိုးချိုသင်းက ကော့မန့်ပေးတော့လည်း ပျော်လိုက်ရတာ။ အမကေကို စောင်းကားလေး ကြည့်မိတယ်ပြောတော့ သူပြန်လိုက်လာတယ်။ နောက်တော့ လူချင်းမသိပေမယ့် ရင်ဘတ်ချင်းရင်းနှီးတဲ့သူတွေက ပိုပိုလာတာပေါ့ဗျာ။ ကျနော့စာတွေကို အမြဲမပြတ်ဖတ်ပေးတတ်တဲ့ မခင်ဦးမေတို့ ညီငယ်မောင်မျိုးတို့ကလည်း ရင်းနှီးမှုတွေ တစ်ပုံတစ်ပင်နဲ့ပေါ့။ တစ်ချက်တစ်ချက်လာဖတ်တတ်တဲ့သူတွေကြတော့လည်း အလုပ်အားချိန်လေး လာဖတ်ရှာတယ်ပေါ့ဗျာ လေးစားခင်မင်ရတာပါပဲ။ ကိုမင်းအိမ်ဖြူရဲ့ ခံစားချက်ကိုလည်း ထပ်တူနားလည်ပေးမိပါတယ်။
နှစ်သစ်နဲ့အတူ ကိုမင်းအိမ်ဖြူမျှော်လင့်နေတဲ့ အရင်းနှီးဆုံး သူငယ်ချင်း နာမည်ကြီးဘလော်ဂါကြီးလည်း အလည်တစ်ခေါက်မက ရောက်ပါစေလို့ဆန္ဒပြုဆုတောင်းပေးပါတယ်။
ဒီညအိပ်လို့ပျော်ပါစေ....

Mae said...

ဟဟ.. မမက ဒီလောက်အရှည်ကြီး လာရေးသွားတယ်ဆို ဂုဏ်ယူသင့်တာ၊

ကိုမင်းအိမ်ရေးတဲ့စာတွေ ကောင်းပါတယ်၊ ဘယ်သူ့ဘယ်သူမှလဲ ရွံ့နေစရာအကြောင်းမရှိပါဘူး၊ ကျမကတော့ ဝါသနာပါလို့ စာဖတ်တာ၊ comment အမြဲ မပေးဖြစ်ရင်တောင် ဖတ်ဖြစ်နေမှာပါ

မင်းအိမ်ဖြူ Minn Eain Phyu said...

ဒီပိုစ့်လေးအတွက် ကော့မန်.တွေကို မပြန်ဖြစ်ခဲ့ဘူး၊၊
အားလုံးကို ကျေးဇူးတင်ပါတယ်လို.ပဲ ဆိုလိုက်ပါရစေ ၊၊ ရေးလိုက်တဲ့ အချိန်မှာ တထိုင်တည်း ခံစားရသမျှ ရေးလိုက်တာပါပဲ ဗျာ ၊၊ နားလည်ပေးကြပါလို....