Saturday, 18 April 2009

ဆုံခွင်.ရှိရင်သာ

" မြတ်နိုးရိပ် " မှာ ထမင်းစားတဲ့. အခါတိုင်း သတိယမိတဲ့ စိတ် ကို ထိန်းချုပ်လို. မရမှန်းသိ လို. ဘယ်တော.မှ မစားဘူးလို. ဆုံးဖြတ်ထားတဲ့ ကြားက ရောက်တိုင်း ၀င်မိတဲ့ စိတ် ကို ဘာသာ မကျေမနပ် ဖြစ်မိသည် ၊၊ စားပြီးရင် ခံစားရသည် ၊၊ စားပြီးတိုင်းလည်း နောက်မကြိမ် မလာဘူးရယ်လို. အကြိမ်ကြိမ် စိတ်ထဲမှာ တွေးမိ သည် ၊၊ ဒါပေမယ်.လည်း ၃ နှစ်မက ကြိုးကျခဲ့တဲ့ ခြေလှမ်းတွေက ဘာသာ ခေါ်ဆောင်သွားနေကျ ၊၊ ရောက်ဖြစ် တဲ့ အခါတိုင်းလည်း မှာမထားပါလျက် ကန်ဇွန်းပလိန်း တစ်ပွဲရယ် ၊ ကြက်ချဉ်စပ်ရယ် ၊ ကြက်ဥ မွေကြော်တစ် ပွဲရယ် က အဆင်သင်. ၊၊ ဇွန်း ခရင်းတစ်စုံ နဲ. လက်ကိုင်ပ၀ါလေးက ဘေးနားမှာ ငြိမ်လို. ၊၊ အရာအားလုံး ဟာ ကျောင်းတက်နေတုန်းက အတိုင်း ၊၊ မရှိတော.တာက မလေးငယ်ဆို တဲ့ အမျိုးသမိးတစ်ဦး ရယ်သာ ၊၊

ကံကောင်းတယ်လို. ဆိုမလား ၊ ကံဆိုးတယ်လို. ပြေမလား၊၊ ဘ၀မှာဘယ်တော. မှ မေ.လို.မရတဲ့ စွယ်တော် နန်း နဲ. နီးနီးနားနား စီမံကိန်းမှာ တာဝန်ကျတာ ၊၊ အလုပ်ပြောင်းရွှေ. မိန်.စာ ရတော. ၀မ်းသာသလို ၀မ်းနည်းသလို ၊၊ မလေးကိုလည်းပို သတိယမိသလို ၊၊ အလုပ်ထဲမှာ စိတ်ကို နှစ်ထားပေမယ်. တခါတလေတော. နင်.နင်.သည်းသည်း သတိယမိတာ အမှန် ၊၊ မလိမ်ညာချင် ၊၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ ငွေအတွက်လည်း မဟုတ်ပါပဲ သွားနေတဲ့ မလေးကို တခါတခါ တမ်းတမိတာတော. မညာချင် ပါ ၊၊ မလေးလို တကယ်တော်တဲ့ မိန်းမတစ် ယောက်ကို နိုင်ငံအတွက် နှမြောမိသည် ၊၊ မလေးက ပြောသည် ၊၊ ငွေလိုချင်ရင် ငါအိမ်မှာ စိပွားရေး လုပ်လို. ရသည် တဲ့ ၊၊ ဟုတ်ပါတယ် လေ ၊၊ မလေး ချမ်းသာတာလည်း သိပါတယ် ၊၊

ကံဆိုတာ လူကလုပ်တာမို. ကံကိုရိုးမယ် ဖွဲ. ဘ၀ကို အရှုံးပေးနေတဲ့ သူတွေကို မလေးအ မုန်းဆုံးပါတဲ့ ၊၊ လုပ်တိုင်းဖြစ်တဲ့ မလေးငယ် ၊၊ ခုချိန်ထိလည်း အောင်မြင်မှူ သရဖူတွေ ဆင့်ကဲဆင့်ကဲ ဆောင်းနေ ဆဲဆိုတာ ကြားတော. မလေးအတွက် ဂုဏ်ယူမိသည် ၊၊ နောက်နောင်လည်း ထိထက်ပိုပြီး အောင်မြင်ပါစေ လို. ဆုတွေ တောင်းနေ ဆဲပါလေ၊၊ ချမ်းသာတဲ့ အ၀န်းအ၀ိုင်းက ပေါက်ဖွားလာသူမို. ငွေစကားမပြောတက်ပေမယ့် တကယ်. ဘ၀တွေကို မမြင်နိုင်ခဲ့တဲ့ မလေးကို ရှင်းပြဖို.လည်း ဘယ်တုန်းက မှ မကြိုးစားခဲ.ဘူးပေ ၊၊ မလိုအပ် လို.လည်းထင်မှတ်ခဲ့ သည်၊၊ ၅ တန်း ၆ တန် ကျောင်းသား အရွယ်ကတည်းက အမေပေးတဲ့ ရွှေထုပ်လေး ကိုင် ပြီး ငွေသွား ချေးရတဲ့ ဘ၀ ဆိုတာကို မလေးများ သိရင် ဘာများပြော အုံးမလဲ ၊၊ မှတ်မိသေးတယ် အဲဒီ ရွှေဆိုင် ပိုင်ရှင် မိန်းမကြီးရဲ့ အပြော မောက်မောက်မာမာကို ၊၊ ဒီတစ်ခေါက် အိမ်ပြန်တော. အဆင်မပြေ ဘ၀ပျက်နေ ကြ တာ တွေ.တော. သူတို.အတွက် ၀မ်းမသာ စကောင်းပေမယ်. သွားတော. နှူတ်ဆက်လိုက် ချင်စမ်း ပါရဲ့ သို.သော် အသိတရားက ခွင်.မပြုခဲ့ပါ ၊၊

အကြီးတွေအားလုံး တပြိုင်တည်း တက္ကသိုလ်ဆိုတာ ကို သွားနေကြတဲ့ အချိန်မှာ ၊ အိမ်မှာ ကျန်နေခဲ့တဲ့ ဘ၀တွေက ဟိုရှေ.က လူတွေ မျက်နှာမငယ်ဖို. ချိုးခြံ ချွေတာခဲ့ ရပါတယ် ဆိုတဲ့ ဘ၀တွေကို မလေးများသိရင် ဘာများပြောအုံးမလဲ ၊၊ မနက် အိပ်ရာထတာနဲ. ဈေးဆိုင်ဝင် ၊၊ ကျန်တဲ့ အစ်မ ၂ ယောက် ဈေးရောင်းဖြောင်. စေဖို. မနက်စာ ပြင်နေရတဲ့ ၄ တန်းကျောင်းသား အရွယ် အမောင်ငယ် ဟာ မောင်မိုးပါ ဆိုရင် မလေးဘာ ဆိုအုံးမလဲ ၊၊ ဒီလိုနဲ့ ကျောင်းကို မောင်နှမတွေ ကသုတ်ကရုတ်ပြေးလို. စာတွေ သင်ကြပေါ့ ၊၊ ကျောင်းဈေး ဆိုင်တန်း က အစ်မကြီးက မောင်မိုးဆီက ပိုက်ဆံရရင် ထီထိုးမယ် လို. အနောက် ခံရတဲ့ အထိ တို.များ မောင် နှမတွေ တကြီမ်ဘူးမျှ ကျောင်းဈေးဆိုင်မှာ မုန်.၀ယ်မစားဘူးတာ တစ်သက်နဲ. တစ်ကိုယ် ၊၊ ၃ တန်း ၄ တန်း ကျောင်းသားဘ၀ မှာကတည်းက ကျောင်းတက်ရင်း မုန်.ရောင်းစားခဲ. ဘူးပါတယ် ဆိုရင် မလေး အံ့သြမလား၊၊
ဆိုင်မှာ ရောင်းတဲ့ ပြား ၈၀ တန် မုန်းတစ်ထုပ်ကုန်ရင် တစ်ကျပ်နဲ. ၂၅ ပြားရတယ် ၊၊ လွယ်အိတ်ထဲမှာ တင် ဈေး ဆိုင် တည် ထားခဲ့ တာ ၊၊

မလေးမသိခဲ့ ဘုးတဲ့ အမောင်.ဘ၀ ထဲက တစ်စိတ်တဒေသပေါ့ ၊၊ ဒီလို ဒီလိုနဲ အမောင်.ဘ၀ ပေါ . ၊၊ ဟိုတုန်း က မောင်မိုးဆိုတာ အခု ထိုင် ပြီးထမင်းစားနေတဲ့ အရာရှိကြီးပါ ဆိုရင် ယုံကြမယ်မဟုတ် ဘူးလေ ၊၊ သြော် မလေးငယ် နိုင်ငံခြား သွားတော. လိုက်ချင်လိုက်တာ ၊၊ မောင်မိုး အကိုကို ပြောပြတော. အကိုက တသက်မမေ့ စရာ ပြောပေးခဲ့တာ ၊၊ အေး ငါတို.က သူများလို ချမ်းသာတာ မဟဟုတ်ဘူး ၊ အခြားလူတွေ အတွက် နောက် တစ်ကြိမ်ဆိုတာ ရှိတယ် ၊၊ ငါတို.အတွက် စမ်းသပ်ခွင်.မရိုဘူး ၊၊ မင်းသွားချင်ရင်တော. ငါမရရအောင် ရှာပေး မယ် ၊၊ ဒါပေမယ်. သေတော. သေချာမစေနော်တဲ့ ၊၊ မလေး ရေ မလေးတို. အတွက် ၂၀ ၊ အစိတ် ဆို တာ ဈေး သွား ငါးဝယ် ၊ Shopping ထွက်သလောက် ရှိပေမယ် ၊ မောင်မိုးတို. ဘ၀ကို ကြည်.ပါအုံး ၊၊ အသက် ၂၃ ။၂၄ အရွယ် အလုပ်မလုပ်ဘူးတဲ့ ကောင်လေးက ဘယ် လို အာမခံချက်တွေနဲ. ဒီငွေတွေကို ယူဝံ့ပါ.မတုံး ၊၊

မလေးသိနေတဲ့ အစ်ကိုအကြီးဆုံ ဆိုတာက အပြောသက်သက်လေ ၊၊ ဘာမှမကူညီတဲ့ အပြင် အငယ်တွေကို စိတ် ဒုက္ခတွေပါ ပေးသေးရဲ့ ၊၊ အခုအချိန်မှ ရိုးသားစွာ ၀န်ခံရရင် မလေး တို.ဘက်က ငွေအကူ အညီကို သာ ရ ခဲ့ရင် အဲဒီတုန်းက လက် ခံမိမှာ အမှန်ပဲ ၊၊ မရှက်တမ်း ပြောတာပါမလေးရယ် ၊၊ အဲဒီအချိန်တွေ ကို ပြန်မတွေး ချင်ပါဘူး ၊၊ အဆိုးဝါးဆိုး ဖြတ်ကျော်ခဲ့ ရတဲ့ ဘ၀ ရဲ့ အစိတ် အပိုင်းေ တွ ပဲ ၊၊

ဒီနေ. လည်း ထူးထူးခြားခြား ကျေင်းကို ရောက်ဖြစ်ခဲ့ပြန်တာ ပေါ့  ၊၊ မလေး ရယ် မောင်မိုး ရယ် ပျော်ခဲ့ဘူး တဲ့ ကျောင်းကြီး ကတော့ ရောက်လာ တဲ့ သူတိုင်းကို ပျော်စေနေတုန်းပေါ့ ၊၊ တို.များလို ဘယ် နှစ်တွဲများ ကွဲလို. ဘယ်နှစ်တွဲများ ပေါင်းရမလဲ ကျောင်းကြီးကတော. သိရှာမယ် ထင်ဘူး ၊၊ လက်ခုပ်ပင် ကြီကလည်း ထီတည်း တစ်ပင်တည်း ၊၊၊ ခုများတော. ကိုယ် နဲ. ဘ၀တူပေါ့လေ ၊၊ ဘွဲနှင်းသဘင် လမ်းဘေးက ရေတမာစောက်ထိုး တွေက အရင် ထက်တောင် ဝေစည် လို.ရယ် ၊၊ ကိုယ်တို. လက်တွေ.၀င် ရတဲ့ လက်တွေ.ခန်း ဘက်လည်း စားသောက်ဆိုင် တွေနဲ့ ဝေစည် လို ရယ် ၊၊ ဗိသုကာ ဌာန က အဆောင်ပုလေး တွေက ပို ပြီး လှလို. ၊၊ မလေး ကြိုက်တဲ့ ခရေပန်းလေး တွေတောင် ဝေတပွင်. ကြွေတလွင်.နဲ. ၊၊

စီမံကိန်းတွေ တစ်ခုပြီး တစ်ခုပြီးလို. နေရာတွေ တစ်နိုင်ငံလုံး နှံ.နေပေမယ်. ကျောင်းမြေကို တော. ပုံမှန် လာ မိနေတုန်းပဲ ၊၊ ရောက်တိုင်းလည်း မလေးကိုလွမ်း နေဆဲပဲ ၊၊ မလေး တစ်ယောက် အဆင်ပြေတယ် ဆိုတာ ကြား တော. ရင်ထဲမှာ ၀မ်းသာ ပီတိ တွေ ဝေနေဆဲ ပဲ ၊၊ သြော် ဘာမှ မကြာဘူးထင် ရပေမယ်. အခု ဆိုရင် မလေး ရဲ့ သားသမီးတွေ တောင် အတန်းတွေ အတော် ရောက် နေရော.ပေါ့  ၊၊ မောင်မိုးဆိုတဲ့ လူတစ်ယောက် က တော့ ကျောင်းဖက်ကို ရောက်တဲ့ အခါတိုင်း ကြွေပေမယ်. လန်းနေဆဲ ဖြစ်တဲ့ ခရေပန်း လေးတွေ ကို ကောက် လို. သီနေဆဲပေါ. လေ ............
အဆင်သင်.ရင်ဖြင်. တခါတစ်ခေါက်လောက်တော. လာရောက်လို. နှူတ်ဆက်လိုက် ချင် စမ်းပါ ရဲ့............
လွမ်းလို.နေဆဲ

5 comments:

မယ့်ကိုး said...

“ဗိသုကာ ဌာန က အဆောင်ပုလေး တွေက ပို ပြီး လှလို့ ...”...:P
ဇာတ်လမ်းရှည် ရေးနေတာလား...

နွေးနေခြည် said...

ကောင်းလိုက်တာ

လင်းဒီပ said...

ကျုပ်လည်း လွမ်းသွားတယ်ဗျာ..
လောကမှာ ချစ်တိုင်းသာညားကြရင်
အလွမ်းဆိုတာ
ပြတိုက်မှာ သွားကြည့်ရမှာ...။

Mogok Thar said...

စွယ်တော်နန်းက ခရေပန်းတွေ လာမွှေး သွားတယ်။
ကျောင်းတော်ကြီးရယ်.. လွမ်းလိုက်ထာ။
(ကိုယ်တွေကတော့ ခရေတွေ သီကုံးပေးတောင် လက်ခံယူမဲ့သူ မရှိလို့...
ပြန်တွေးကြည့တော့ ကိုယ့်ကိုယ်ကိုယ်တောင် သနား သယောင်ယောင်။)

မင်းအိမ်ဖြူ Minn Eain Phyu said...

ကိုကြီးမိုးကုတ်သားရဲ့ ကော့မန်လေးဖတ်ရင်းမှ ပြန်ဖတ် မိတယ် ၊ကိုယ့်ဘာသာကိုယ်တောင် ထပ်လွမ်းသွားတယ် တကယ် ....အဟတ်