Thursday 21 May 2009

ဘယ်သူ. မှာတာဝန်ရှိပါသလဲ

ရန်ကုန်မြို့တွင်းခြောက်မြို့နယ်၏ နောက်ဖေးလမ်းကြားအမှိုက်များကို အထူးစီမံချက်ဖြင့် ရှင်းလင်းလျက်ရှိ


မြို့တော်စည်ပင်မှ အထူးစီမံ ချက်အနေဖြင့် လမ်းမတော်၊ လသာ၊ ကမာ ရွတ်မြို့နယ် များ၏ နောက်ဖေးလမ်းကြားရှိ အမှိုက်များကို ဖေဖော်ဝါရီ ပထမအပတ်မှ စတင်ရှင်းလင်း လျက်ရှိပြီး ဆက်လက်၍ မြို့တွင်း ၆ မြို့နယ် ကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။ ''အခုလောလောဆယ် လမ်းမတော် (၁) လမ်းက နောက်ဖေး လမ်း ကြားကိုရှင်းတော့ ကားအခေါက်ရေ ၁ ခေါက်၊ လသာ ၁၇ လမ်းနဲ့ ၁၈ လမ်းကြားမှာ ကားအခေါက်ရေ ၇ ခေါက်၊ ကမာရွတ် ၅ ရပ်ကွက်၊ ဟံသာ ဝတီရိပ်မွန်အိမ်ရာကိုရှင်းတာ အခေါက် ၃ဝ ရှိပြီး နောက်ဖေးလမ်းကြားကို အမှိုက်မပစ်ရဘူးဆိုပြီး ဥပဒေထုတ်ထားလည်း ပစ်ကြတာပဲ။ အဲဒီလိုတွေ ပစ်တော့ အမှိုက်တွေပုံနေတာပေါ့။ အဲဒါကြောင့် လိုက်ရှင်းနေရတာ။ ၂၅ ရက်နေ့ကျရင် သာယာကုန်းရပ်ကွက်က အောင်သပြေလမ်းနဲ့ ပိတောက် လမ်းကိုရှင်းမယ်။ မင်္ဂလာတောင်ညွန့်ကို နောက်အပတ်စလုပ်မယ်'' ဟု မြို့တော်စည်ပင် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှ တာဝန်ရှိ သူ တစ်ဦးက ပြော သည်။
ဟိုတစ်နေ.က ပေါ်ပြူလာဂျာနယ် လေးဖတ်မိတော့ အထက်ပါသတင်းလေး ကို ဖတ်လိုက်မိရာက ဒီပို.စ်လေးကို ရေးဖို.စိတ်ပေါ်လာ တာပါ ၊၊ သူရဲ့သတင်းဆောင်းပါးထဲမှာ ဓါတ်ပုံလေးပါ ထည့်ထားပါတယ် ၊၊ ဒီအမှိုက်တွေကို မြို.တော်စည်ပင်သာယာက တာဝန်ယူ ရှင်းလင်း ရမယ်ဆိုတာတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး ၊၊ ဒါဟာသူတို.တာဝန်ပါ ၊၊ နိုင်ငံတော်က ပေးထားတဲ့ လစာ ကိုယူထားတဲ့အတွက် နိုင်ငံတော်အတွက် ပြန်လည် ပေးဆပ်ရမှာပါ ၊၊ မြို.တော်စည်ပင် ၀န်ထမ်းတွေ တစ်နေကုန် သန်.ရှင်းရေးလုပ်နေတာကိုတော့ ကျွန်တော်တို.ဟိုမှာ အမြဲပဲတွေရပါတယ် ၊၊ တံမြက်စည်းလှည်းနေတဲ့သူတွေ ၊ ပန်းပင်စိုက်နေတဲ့သူတွေ ၊ သစ်ပင် ရေလောင်းနေတဲ့သူတွေ ၊ တစ်နေကုန် အလုပ်လုပ်နေကြတာ ကိုတွေခဲ့ ၊ မြင်ခဲ့ သတိထားခဲ့ဖူးပါတယ် ၊၊ အားလုံးလည်း သတိထားမိမယ် လို.ထင်ပါတယ် ၊၊ ကျွန်တော် ပြောနေတာ အောက်ခြေက အမှန်တကယ် အလုပ်လုပ်နေတဲ့ အ၀ါရောင်ဝတ်စုံတွေနဲ. သန်.ရှင်းရေးဝန်ထမ်း တွေ အကြောင်းပါ နော် ၊၊

တခါတလေ စဉ်းစားမိပါတယ်၊၊ သူတို.ကို ဘယ်သူတွေကများ ကြီးကြပ်ပေးနေလဲ ပေါ့ ၊၊ လခရော ဘယ်လောက်ရကြလည်းဆိုပြီး စဉ်းစားမိပေမယ့် ရှေ.ဆက်တက်မလာခဲ့ပါဘူး ၊၊ ရွှေပြည်သားများရဲ့ ထုံးစံ ကိုယ်ကျိုးဆန္ဒ၊ ကိုယ့်ကိစတွေ များပြားလှတာကြောင့် သူလည်း သူ.အလုပ်သူလုပ် ၊ ကိုယ်လည်းကိုယ့် လဖက်ရည်ကိုယ်သောက် နဲ. ပြီးဆုံးခဲ့ပါတယ် ၊၊ အမှန်ပါ ၊၊ ဒါပေမယ့် အမြဲတော့ သတိထား ကြည့်နေခဲ့ပါတယ် ၊၊ တခါတလေ ထိုင်များနေမလား ၊၊ ပျင်းပျင်းနဲ.အိပ်များနေမလားပေါ့ ၊၊ ကျွန်တော် တွေ.ရသလောက်တော့ သူတို.အလုပ်ကို သူတို.ပုံမှန် လေးနဲ.လုပ်နေကြတာပါပဲ ၊၊ ခိုးလားဝှက်လား ဆိုတော့ လည်း ကျွန်တော် သိသလောက်တော့ မကြားမိပါဘူး ၊၊ အမှန်ကို သူတို.ဟာ နေ.စားဝန်ထမ်းတွေလား ၊ လခစားဝန်ထမ်းတွေလားဆိုတာတောင် ကျွန်တော် မမေးခဲ့မိပါဘူး ၊၊ မြို.တော်စည်ပင်မှာ သူငယ်ချင်းအချို. အလုပ်လုပ်နေပေမယ့် တွေတဲ့အခါ ထောင်တန်တဲ့ စကား အကြီး အကျယ် တွေ သာပြော ဖြစ်ခဲ့ပြီး ၊ သူတို.အကြောင်းကို မေးမယ် မေးမယ်နဲ. မမေးဖြစ်ခဲ့တာ ဘာသာမကျေမနပ်လေး တော့ ဖြစ်မိပါတယ်၊၊

ဒီဆောင်းပါးလေးကို တွေတော့ ရေးချင်စိတ် ၊ မေးချင်စိတ်လေးပေါ်လာတာနဲ. ၊၊ ဘယ်သူ.လှမ်းမေးရမှန်းလည်း မသိတာနဲ. ၊၊ အဲဒီနောက်ဖေး လမ်းကြားသန်.ရှင်းရေးလုပ်နေတာ တော်တော်ကြာပြီဗျ ၊၊ ကျွန်တော် သတိထားမိသလောက် တော်တော်ကြာပြီ ၊၊ မြန်မာ့ရုပ်မြင်သံကြား ကနေတောင် အစီအစဉ်တစ်ခု အနေနဲ. လွှင့်ပေးတယ်ဗျာ ၊၊ နောက်ဖေးလမ်းကြားမှာ သတင်းစာဖတ်နေတဲ့ အန်တီ ကြီးတွေ ပုံတွေ ပါတွေနဲ. ၊၊ မှတ်မိကြတယ်ဟုတ် ၊၊ ကလေးတွေ ဘောလုံးကစားနေတဲ့ ပုံတွေလည်းပါတယ်လေ ၊၊ အ၀တ်လှန်းနေတာလေး တွေရော ၊၊ အဲဒီတော့ သူတို.သန်.ရှင်းရေး မလုပ်ဘူးလို. ကျွန်တော်တို. Buly လုပ်လို.မရတော့ဘူးဗျ ၊၊ လုပ်တယ် ၊၊ ဒါဆို ဒီအမှိုက်တွေက ဘယ်ကရောက်လာတာလဲ ၊၊ ဒါလည်း သူတို.အသုံးမကျလို.ဆိုပြီး ထပ်ပြီးမစွပ်စွဲသင့်ဘူးလို.ထင်ပါတယ် ၊၊

ရန်ကုန်မြို.လယ်ခေါ်င်မှာနေသူတွေက သူတို.ကိုယ်သူတို. မြို.ကြီးသားဆိုပြီး သိပ်ဂုဏ်ယူပါတယ် ၊၊ ဒီကစင်ကာပူသားတွေလိုပါပဲ ၊၊ ဟုတ်တယ်မဟုတ်လားဗျာ ၊၊ ရန်ကုန်တမြို.တည်းတောင်မှ မြို.လယ်ခေါ်င်သား ဆိုပြီး စိတ်ကြီးဝင်နေသူတွေ က ဘာလို.များ ဒီလို အဆင့်အတန်းမရှိတဲ့ အလုပ်ကို အရှက်မဲ့စွာ လုပ်ကြရတာတုန်း ၊၊ ငါမလုပ်ဘူး လို.ငြ်းရင် ရပါတယ် ၊၊ ငါ့တိုက်တွဲက မလုပ်ဘူးလို. ငြင်း လို.မရပါဘူး ၊၊ အမှန်တကယ်လည်းလုပ်နေကြ ဆဲပါ ၊၊ အမှိုက်ကားမလာလို.လား ၊၊ ကိုယ့်ကိစမဟုတ်ပါဘူး အိမ်ရှေ.ထွက်ပုံထားလိုက် ၊၊ သူတို.တာဝန် သူတို. သိမ်းလိမ့်မယ် ၊၊ ပလတ်စတစ်အိတ်နဲ. လုံအောင်ထုပ် ပြီးရင်စုရပ်မှာ ပို.ထားလိုက် ၊၊ လာမသိမ်းလို. နောက်ပိုင်းကိစ သူတို.တာဝန် ၊၊ နောက်ဖေးလမ်းကြားမှာ ပစ်တယ်ဆိုတာကတော့ အလွယ်လိုက်ရာ ကြပါတယ် ၊၊

နဂိုကမှ စုတ်နေတဲ့ ကျွန်တော်တို.အိမ်လေး ၊ ထူးပါဘူးကွာဆိုပြီး မထိန်းသိမ်းကြရင် ဘာဖြစ်သွားမလဲ၊၊
မင်းမကောင်းလို.ငါမကောင်းတာ ၊ ငါ့မှာအပြစ်မရှိဘူးကွာ ဆိုပြီး အပြိုင်အဆိုင် လုပ်ကြကြေးဆိုရင် ဘာဖြစ်သွားမလဲ ၊၊

ဒီလိုကိစလေးတွေကတော့ ကျွန်တော်တို့ အားလုံးရဲ့ ပင်ကိုယ်သိနဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးတယ်လို. ထင်ပါတယ် ၊၊

မြို.ထဲမှာ နေတဲ့ လက်ရှိ မြို.လည်ခေါင်သားများကလည်း မေ့လျော.နေတဲ့ ကိုယ့်ရဲ့မိသားစုဝင် တွေကို လှမ်းပြီးသတိပေးလို.ကိုယ့်အိမ်လေးကို ကိုယ်တွေပါ ၀ိုင်းဝန်းထိန်းသိမ်းစို.လားဗျာ ၊၊ စင်ကာပူမှာ အမှိုက်ပစ်ရဲကြရဲ့လား ၊၊ ပြောပြပေးပါ၊၊

ဒါမှသာကျွန်တော်တို.လွှမ်းနေတဲ့ဟိုးတချိန်ကအာရှမှာအလှဆုံးပါဆိုတဲ့မဟာရန်ကုန်ပြန်မြင်ရမှာပေါ့ ၊၊

( မည့်သည့် ရည်ရွယ်ချက်မျှမပါပါ ၊ သန်.ရှင်းစေချင်တာလေးတစ်ခုရယ်ပါ ၊ စကားလုံးအမှားပါရင် ခွင့်လွှတ်ဖတ်ရှုပေးပါလို. )

6 comments:

မယ့်ကိုး said...

ဒီဆောင်းပါးလေး ကောင်းပါတယ်။

ကျွန်မကတော့ ဟိုးအရင်တည်းက အမှိုက်ပစ်ရတာ ရှက်တယ်။ မြန်မာပြည်မှာလဲ ကိုယ်နဲ့ သွားတဲ့သူက အမှိုက်ပစ်ရင် ရှက်လို့ မဆုံး သူ့ ကိုလည်း ပြောလို့ မဆုံးဖြစ်မိတယ်။

Unknown said...

ကျေးဇူးတင်ပါတယ်မယ်ကိုးရေ
လူတိုင်းဟာ ဒီလိုပဲဖြစ်သင့်တယ်လို.ထင်ပါတယ်ဗျာ

မိုးခါး said...

ကိုယ့်အသိစိတ်နဲ့ကိုယ် တယောက်ချင်းပြုပြင်သွားရင် ဖြစ်လာနိုင်ပါတယ် ..

JulyDream said...

လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဒဏ်ကြေး သတ်မှတ်ရင်လည်း ဒဏ်ငွေကောက်တဲ့သူ တာဝန်ယူမယ့် လူကြီးတွေလည်း သမာသမတ် ရှိဖို့လိုပါတယ်။ ငါ့အမျိုး ငါ့တူမို့လို့ မျက်စိမှိတ်ထားမယ် ဆိုတာမျိုး ဖြစ်လို့မရပါဘူး။

တိုက်အပေါ်ထပ်က လူတွေလည်း ဘယ်သူမှ မမြင်ပါဘူးလေ ဆိုပြီး လစ်သလို ပစ်ချနေတာတွေလည်း ပြင်သင့်ပါတယ်။ တိုက်အောက်က သူတွေပဲ ခံရတာ ငါတို့ ခံရတာ မဟုတ်ဘူးဆိုတဲ့ စိတ်ဓါတ်တွေ ပြင်သင့်ပါတယ်။

Unknown said...

တကယ်ကောင်းတဲ့ ဆောင်းပါးလေးပါ
ဒီလိုမျိုးရေးတက်အောင် ကျွန်တော်လည်း
ကြိုးစားလိုက်အုံးမယ်ဗျာ..

မင်းအိမ်ဖြူ Minn Eain Phyu said...

မိုးခါးရေ အားလုံးဒီလို တွေးမိရင်ကောင်းတာပေါ့

July ရေ မှန်တာပေါ့ ဒါပေမယ့် လူတိုင်းက ကိုယ်နဲ. လွတ်ပြီးရော ဆိုတော့

ကိုသားထူးရေ ကျေးဇူးပါ ၊ ဒါပေမယ့် သတိတော့ထား အဆဲခံရနိုင်ပါတယ် ဟာဟ