Sunday 24 May 2009

အိပ်မက်လေလား

YGN ဆိုတဲ့ အင်တာနက်ကောင်းကင်မှာ အမှတ်မထင် ဆုံ တွေ.ခွင့်ရခဲ့တဲ့ Moon ဆိုတဲ့ ကောင်လေးရယ် ၊ Star ဆိုတဲ့ ကောင်မလေးရယ် ၊၊


**************************************


တိတ်ဆိတ်နေတဲ့ ညလေးတစ်ခုမှ အနက်ရောင် မော်နီတာပေါ် မှာမထင်မှတ်ပဲ တွေလို. သူငယ်ချင်းတွေ ဖြစ်ခဲ့ရတယ် ၊၊ ကောင်လေး ရဲ့ နာမည် ၀ှက်က Moon လို.ခေါ်ပြီး ကောင်မလေးရဲ့ နာမည်ဝှက်ကတော့ Star တဲ့ ၊၊ တွေ.ဆုံခဲ့တာက မဟူရာညရဲ့ YGN အင်တာနက် ကောင်းကင်မှာပေါ့ ၊၊ တိမ်တိုက်တွေလွင့်မျော နေတဲ့ ကောင်းကင် ပြင်ထဲမှာ သီးခြားလွင့်မျောနေတဲ့ အစိတ်အပိုင်းလေးတွေ အဖြစ် တွေ.ဆုံခွင့်ရတဲ့ ကြယ် နဲ့ လ ဆိုတာ အလင်းနှစ်သန်းပေါင်း များစွာ ဝေးကွာတယ် ဆိုတာ မသိခဲ့လေသလား ၊၊ ဘယ်တော့ မှ မဆုံတွေ နိုင်တဲ့ ကြယ် နဲ့ လ ဟာ အမြင်မှာ နီးပေမယ့် တကယ် လက်တွေ. ဘ၀မှာ တော့ မရေမတွက်နိုင်သော အလင်းနှစ်သန်းပေါင်းများစွာ ဝေကွားရင်းပေါ့ ၊၊


**************************************


Star : ဟလို ၊ နေကောင်းလား ?

Moon : ကောင်းပါတယ် ဗျာ ၊၊ ခင်ဗျားလေးရော နေကောင်းပါသလားခင်ဗျာ ?

အဲဒီလိုတွေ ဆုံမှု နဲ့ ညပေါင်းများစွာ ကြာတဲ့ အခါ မတွေရရင် မနေနိုင်တဲ့ အထိ ခင်မင်ခြင်း သံယောဇဉ် တွေ တိုးလာခဲ့ရင်းပေါ့ ၊၊ ညစဉ် ထမင်းစားပြီးတိုင်း YGN မ၀င် ရရင် မနေနိုင်တဲ့ အကျင့်တစ်ခု စွဲလို. ၊၊ ဒီလိုနဲ. Online မတက်ရရင် မနေနိုင်တဲ့ ၊ အိပ်လို.မပျော်တဲ့ ညတွေ များစွာကို အထီးကျန်စွာ ကျော်ဖြတ်ရင်း ၊၊ မဆုံဖြစ်တဲ့ ညတွေမှာ ဆို ရင်မှာ ဟာတာတာနဲ့ တစ်ခုခု လိုအပ်နေခဲ့မိပေါ့၊၊ အဲဒီလို အချိန်မှာများ သူရဲ့ Nick လေး က အစိမ်းရောင်ပြောင်းလို. Online လေးများပေါ်ခဲ့ရင် အငမ်းမရ နှူတ်ဆက်မိခဲ့တာ ၊၊

Moon : ဟေး နေကောင်းလား ၊၊ ဘယ်ရောက်နေတာလဲ ၊၊ ကြာလိုက်တာနော် ၊၊

Star : ဘယ်သွားသွားပေါ့ ၊၊ ကြာတော့ ဘာဖြစ်လဲ ၊၊

အဲဒီလိုများ ဖြေခဲ့ရင် ကိုယ် အရမ်းကို ခံစားရတယ်လေ ၊၊ သိသိကြီးနဲ့ နှိပ်စက် နေတာ များလား ရယ် လို. မထင်ရက်ခဲ့ ၊၊ ဒါပေမယ့် သူရဲ့ နောက်ဆက်တွဲ စကားလေးကြောင့် ပဲ ကိုယ့် မှာ ကျေနပ်ရပြန်ရော ၊၊ ကြည်နှူးရပြန်ရော ၊၊ ကျွန်တော့်ရဲ့ အဖြစ်က သူနဲ့ တွေ. ဆုံ ရတဲ့ အခါ တိုင်း ရေပူရေနွေး နဲ. Shower အောက်မှာ ရေချိုးနေရသလို ပဲ ၊၊ တခါတခါ နွေးခနဲ ခံစားရပြီး ၊ တခါတခါတော့ အေးကနဲ စိမ့်ကနဲ ပေါ့ ၊၊ တခါတလေတော့ လည်း နှစ်ခုပေါင်းလို. နွေးနွေးကြီးလေ ၊၊ ဒါဟာအချစ်တဲ့လားကွာ ၊၊

Star : စိတ်မဆိုးနဲ.နော် ၊၊ စတာ သိလား ၊၊ ရေချိုးပြီး ခေါင်းလျှော်နေလို. ကြာသွားတာ၊၊ နောက်ဆို နောက်မကျစေရဘူး သိလား ၊၊

အဲဒီလိုလေးများ ကြားရရင်ဖြင့် စောင့်နေရသမျှတွေ က ပိန်းကြာဖက်ပေါ် ရေမတင်သလိုပ၊၊

Moon : ကိုယ်တို. အပြင်မှာ တွေ . ရအောင်လေကွာ ၊၊

Star : အခုလည်းညတိုင်း တွေ နေရတာပဲ ၊၊ နောက်မှ တွေ ကြတာပေါ့နော် ၊၊

Moon : ကိုယ်တို.ခင်တာ ကြာပြီပဲ ၊၊ သူငယ်ချင်းတွေ အဖြစ် အပြင်မှာ တွေ. ရအောင်လေ ၊၊ ကော်ဖီအတူတူ သောက်ကြမယ်လေ ၊၊

Star : တကယ်လို. အပြင်မှာ အသားမည်းမည်း ၊ အရပ်ပုပု ၊ အရုပ်ဆိုးဆိုးကြီးဆိုရင် ဘယ်လိုလုပ် မလဲ ၊၊

Moon : ဒါတွေ မလိုပါဘူးကွာ ၊၊ ကိုယ်တို.နှစ်ယောက်ကခင်နေပြီပဲ ၊၊ ကိုယ်သူငယ်ချင်းကို အပြင်မှာတွေ. ချင်တာပါပဲ ၊၊ လို. ကိုယ်ကချွဲရင် …

Star : နောက်ဆိုတွေမယ်လေကွာ နော် ၊၊ အခုတော့ ဒီတိုင်းပြောကြတာပေါ့ ၊၊ ဒါနဲ့ သူ.ကို ပြောပြရအုံးမယ်သိလား ၊၊ ဒီနေ.တို.မြို.ထဲမှာ ကော်ဖီသွားသောက်တာ အရှက်ကွဲရသေး တယ်သိလား ၊၊ ……………… ၊၊ …………….၊၊ ………………

ဒီလိုနဲ. သူရဲ့ စကားတွေ အောက်မှာ ကျွန်တော့်ရဲ့ အပြင်မှာ တွေ ရအောင်ဆိုတဲ့ ဦးတည်ချက်လေးပျောက်ပြီး စီးမျောသွားရပြန်တာပါပဲလေ ၊၊



**************************************


ဒီလိုနဲ့ မထင်မှတ်ပါပဲ နဲ. ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့် ကျွန်တော် အရမ်းတွေ.ချင်နေတဲ့ Star ဆိုတဲ့ ကောင်မလေးကို အပြင်မှာတွေ. ခွင့်ရခဲ့ပါတယ် ၊၊ အဲဒီအချိန်ကတည်းက YGN ဆိုတဲ့ မဟူရာကောင်းကင်ကနေ ပြေးထွက်လာခဲ့တာ ဒီနေ. ထိပေါ့ ၊၊ သူနဲ.အတူရှိခဲ့ဖူးတဲ့ အမိမြေကနေ ထွက်ခွာလာခဲ့တာ ကြာလှပေါ့လေ ၊၊ Online ပေါ်ကို နောက်ထပ်မရောက်ခဲ့တော့ သလို တွေဆုံနေကြ ညပိုင်းတွေ မှာ ပူလောင်ပြင်းပျတဲ့ သဲကန္တာရကို ဖြတ်ကျော်လှမ်းလျှောက် ရသလို ပါ ၊၊ မထင်မှတ်တဲ့ တွေ.ဆုံမှူလေးက ………….

“ဟာ ကိုကို တစ်ယောက်တည်းလား ၊ ဒါမှမဟုတ် တစ်ယောက် ယောက် ကိုစောင့် နေတာလား ” လို.မေးလာတဲ့ ညီညီ က ကျွန်တော် ထိုင်နေတဲ့ စားပွဲမှာ လာထိုင်ရင်း သူနဲ. အတူပါလာတဲ့ ချစ်စရာကောင်မလေးကိုလည်း ထိုင်ခိုင်းရင်းပေါ့ ၊၊ ဆူးလေဘုရားလမ်းက Cyber Café တစ်ခုရဲ့ ဘေးက Aroma မှာ တစ်ယောက်တည်း ကော်ဖီသောက်နေတဲ့ ကျွန်တော့် ရဲ့ အတွေးတွေကို ဖြတ်တောက်ရင်းလေ ၊၊ Star ဆိုတဲ့ကောင်မလေးရဲ့ အကြောင်းကို အေးစိမ့်စိမ့် ကော်ဖီဆိုင်လေးထဲမှာ ထိုင်ပြီးတွေးနေဆဲ မှာ ပေါ့ ၊၊

“ တစ်ယောက်တည်းညီညီ ဒီမှာထိုင်လေ ကိုကို ကော်ဖီ တိုက်မယ် ” လို.ညီ့ ကို ပြန်ပြောတော့
“ အတော်ပဲ ကိုကို ၊ ဒီကောင်မလေးက အင်တာနက်သုံးမလို.တဲ့ ၊ အခုတော့ အဖေါ်ရပြီ ၊ မဟုတ်ရင် တစ်ယောက်တည်းပျင်းနေမှာ ”

မျက်နှာလေးချိုပြီး ၊ အ၇မ်းလည်းချစ်စရာကောင်းတဲ့ ကောင်မလေးကတော့ Americano ကော်ဖီတစ်ခွက်ကို သောက်ရင်း နာရီ တကြည့်ြ့ကည့်နဲ့ပေါ့ ၊၊

“ ကိုကို လည်း အင်တာနက်သွားသုံး မလို.ကွ သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားလို. ၊ ညီညီ ခဏစောင့်ပြီး သီချင်းနားထောင်ပေါ့ကွာ ” ဆိုတော့

အရမ်းကို စိတ်ပျက်သွားတဲ့ အမူအရာနဲ့ ညီညီက

“ ကိုကိုကလည်း အင်တာနက်သုံးမှာ ဒါဆို ညီတစ်ယောက်တည်း ပျင်းနေတော့မှာ ” ဆိုပြီး ကလေးတစ်ယောက်လို စိတ်ပျက်လက်ပျက် ငြီးနေတဲ့ ညီညီကို ချော့ထားပြီ ထွက်လာခဲ့တယ် ၊၊ ညီညီဆိုတာက အနားမှာ အဖေါ်တစ်ယောက်မရှိရင် မနေတက်တဲ့သူ ၊၊ ညီညီ ရဲ့ ကောင်မလေးကလည်းကျွန်တော်နဲ့ အတူ ပါလာခဲ့ပါတယ် ၊၊ ကျွန်တော်က ညီမက ဘာသုံးမှာလည်း လို.မေးကြည့်တော့ “ ဟဲဟဲ ချက်တင်း ၀င်မလို. အစ်ကို ” တဲ့ ဆိုတော့ သြော် အစ်ကိုလည်း ချက်တင်း ၀င်လေ့ရှိတယ် ညီမရဲ့ လို. ဆိုရင်း ညီမနဲ.များ YGN မှာ တွေ. နေမလားပဲ မသိဘူးနော်ဆိုတော့
“ခု ညီမ ၀င်မယ့် Nick က Star တဲ့ အစ်ကို ” လို.ဆိုရင်း လွတ်နေတဲ့ ခုံတစ်လုံးမှာ နေရာယူရင်း အလုပ်တွေ ရှူပ်နေတော့ တဲ့ ကောင်မလေးကို အံ့အောစွာ ငေးမောရင်း ကျောခိုင်းလို. စင်္ကြ၀ဌာ ကြီးထဲကပါ ပြေးထွက်သွားချင်တော့တာပါပဲ ၊၊ ညီညီ့ကိုတောင် နှူတ်မဆက်နိုင်တော့ ပဲ ပြန်ခဲ့ပါတယ် ၊၊ ဖေါ်မပြနိုင်တော့တဲ့ ခံစားချက်တွေနဲ. ရက်စက်တဲ့ ကံတရားရဲ့ တိုက်ဆိုင်စွာ လှည့်စားမှုကို တိတ်တိတ်လေး ကျိန်ဆဲရင်း အပြစ်တင်မိပါတယ် ၊၊

**************************************


“မောင် ကိုကို ပြန်သွားပြီ လား” လို.ကော်ဖီဆိုင်ထဲကို ၀င်လာတဲ့ ကောင်မလေး ကမေးတော့
“ပြန်သွားတာတောင် ကိုယ်ကိုနှူတ်ဆက် မသွားဘူး ” လို.ကောင်လေးကဖြေရင်း ဆက်လို.
“မင်းအစ်မ ကိစရော အဆင်ပြေလား ” ဆိုတော့ ကောင်မလေးက
“မမပေးတဲ့ Nick နဲ့ဝင်တာပဲ မောင်ရယ် ၊ စပယ်လည်း သိပ်မှ မသုံးတက်တာ ၊ စောင့်တော့ နေတာပဲ ၊ မမပြောတဲ့ Star ဆိုတဲ့ သူလည်းမလာဘူး ၊ ဒီလိုမှန်းသိ မောင့် အစ်ကို ကို အကူအညီတောင်းလိုက်ပါတယ်နော် ၊ သူကပိုကျွမ်းမှာ ၊ အိမ်မှာ ပြန်ပြောပြရင် မမက ငိုအုံးမှာ ၊ မမ သနားပါတယ် မောင်ရယ် ” ဆိုပြီး ကောင်မလေးက ဆွေးဆွေးမြည့်မြည့် ဆိုရင်း ကောင်လေးကလည်း စိတ်ဝင်စားစွာနားထောင်ရင်းပေါ့ ………


**************************************


အဲဒီ နေ.ကတည်းက YGN ဆိုတဲ့ ကောင်း ကင်ကြီးထဲ ကနေ Moon ဆိုတဲ့ User လေးတစ်ယောက် ရယ် Star ဆိုတဲ့ နာမည်ပြောင်လေးတစ်ခုရယ် ပျောက်သွားခဲ့တာ ဒီနေ. ထိပေါ့ ၊၊ Star ဆိုတဲ့ ကောင်မလေး များ တွေ.ခဲ့ရင် Moon ဆိုတဲ့ ကောင်လေး Singapore ရဲ့ ကောင်းကင် ကြီးထဲမှာ ဆုံဖို. စောင့်နေဆဲ ပါဆိုတဲ့ အကြောင်းလေး သတင်းလေးပါးပေးပါ ဗျာ …………

11 comments:

မယ့်ကိုး said...

ဇာတ်လမ်းလေး ကောင်းပါတယ်။
ဒါပေမယ့် ကြားဖူးတာတော့ chatting မှာ ကြူတဲ့သူတွေက တပြိုင်တည်း ဆယ်ယောက်လောက်ဆိုလား....
စ တာနော်....:)

Anonymous said...

ချက်တင်အကြောင်းရေးတဲ့သူ တော်တော်များရဲ့ ချက်တင် ခံစားချက်တွေ လိုက်လံခံစားဖူးပါတယ် .. ဒါပေမယ့် ဒီအကြောင်းအရာလိုတော့ ခံစားချက် မစုံဖူးဗျာ .. တကယ့်အဖြစ်အပျက်လား .. စိတ်ကူးကောင်းကင်ယံထက်က အိပ်မက်ဝတ္ထုတစ်ပုဒ်လား တော်တော်လေး သဘောကျမိပါရဲ့
နေဒေးသစ်။

ဇော် said...

ဖတ်ပြီး ရင်ထဲမှာ တကယ်ကို ခံစားလိုက်ရပါတယ်ဗျာ။
ခုလိုပဲ တကယ် အပြင်မှာ ခံစားသွားကြရတဲ့သူတွေ ဘယ်နှစ်ယောက်လောက်ရှိနေခဲ့ပြီလဲနော်။ တစ်ချို့ကတော့ ပေါ့ပျက်ပျက်ပေါ့။ တစ်ချို့ကလဲ တကယ်ကို လေးနက်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲပေါ့ဗျာ။ ရင်ထဲနှလုံးသားထဲက သံယောဇဉ်နဲ့ စွဲလန်းခြင်းဆိုတာကလဲလေ...။

thawzin said...

ခေတ်ရေစီးနဲ့ ရေးတတ်ပါတယ်ဗျာ
ကံကြမ္မာကလှည့်သလား ...

Anonymous said...

တိုက်ဆိုင်လိုက်တာရှင်...
မေနဲ့ မေချစ်သူ နဲ့ လဲ on line ချစ်သူတွေပါ
ဒါပေမဲ့မေက ကံမကောင်းခဲ့ပါဘူး...
မေက သာသူအပေါ်တကယ်ချစ်ခဲ့တာ....
သူကမေကိုခဏအစားထိုးခဲ့တာလေ....

မင်းအိမ်ဖြူ Minn Eain Phyu said...

မယ်ကိုးရေ တစ်ယောက်တည်းပါလို.
ကိုနေဒေးရေ ကျေးဇူးပါ နော်
ဇော် အချစ်လေ အချစ်လေ ချစ်လေခံစားရလေတဲ့
ကိုသော်ဇင် ရေ ကံကြမမ္မာ ပဲဆိုရတော့မှာပေါ့လေ
မမေ ရေ ကိုယ်က ချစ်တက်သလို ကိုယ့်ကိုချစ်တက်ဖို. ပညာလည်းလိုအပ်သေးတယ်ဗျ...
အင်း ညီညီကိုမမေးဘူးလား ၊ သတ္တိမရှိဘူးဆိုတဲ့ Myanmar Friends က သူငယ်ချင်းတွေရယ် ညီညီတို.ပဲ သိတာကို ဘယ်လိုမေးပါ့မလဲ လို. ...
ညီညီတို.လင်မယား ဂျပန်ကပြန်လာရင်တော့ မေးလိုက်ပါအုံးမယ်ဗျာ...
အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ...........

Taungoo said...

ကောင်းတယ်ဗျာ။
နောက်ဇာတ်လမ်းလေးတွေလည်း လုပ်ပါဦး။

မိုးခါး said...

ဟင်း .. ဆုံပေးလိုက်တာမဟုတ်ဘူး ... ရက်စက်ပး(

မင်းအိမ်ဖြူ Minn Eain Phyu said...

ဆုံစေချင်ပါတယ် ဗျာ

မကြာပါဘူး ခဏစောင့်

ဘ၀ဆိုတာ ဖြစ်စေချင်သလို ဖြစ်တာမှ မဟုတ်တာနော်

Mogok Thar said...

ညီမင်းအိမ်.. ကို့ သယ်ရင်းတွေလဲ YGN Chat မှာဆုံကြ။ တကယ် နှစ်နှစ်ကာကာ ချစ်ပြီး လက်ထပ်ဖြစ်ကြ။ ခုချိန်ထိလဲ အချစ်မပျယ် ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနေကြပါတယ်။ တချို့ဆို အချစ် ပုစုခရုလေးတွေနဲ့ လူဖြစ်ကျိုးတောင် နပ်လို့။
Moon နဲ့ Star ကောင်းကင်မှာရော၊ လူ့ဘ၀မှာရော ပြန်ပေါင်းဆုံပါစေဗျာ။

မင်းအိမ်ဖြူ Minn Eain Phyu said...

ကျွန်တော်လည်းသူတို.ကိုပေါင်းစေချင်ပါ၏