Wednesday 1 July 2009

သံယောဇဉ် မပြတ်ဘူး

ငယ်ကအချစ်မို့ သံယောဇဉ် မပြတ်လေသလားကွယ်

အမှန်တိုင်းပြောရရင် ၊ မေ့ပစ်လိုက်ဖို့ပါပဲ ၊၊ ဒါပေမယ့် ကိုယ်ကို တိုင်က သံယောဇဉ် မပြတ် သေးဘူး ၊၊ မင်းလေးသိပါတယ်လေ ၊၊ မင်းလေး နဲ့ ကိုယ်နဲ့ ပတ်သပ်နေထိုင်ခဲ့တဲ့ ကာလကလည်း ပြောရမယ် ဆိုရင်တော့ မနည်း တော့ ဘူးလေ ၊၊ အတူစား အတူသွား အတူနေ အတူထိုင် နောက်ဆုံး အိပ်ရင်တောင် မှ တခါမှ မခွဲခဲ့ဖူးဘူး ၊၊ ဒါကြောင့်လည်း ပြတ်ပြတ်သားသား မေ့မပစ်နိုင်ဘဲ သံယောဇဉ် အမျှင်တန်း နေမိတာ ပေါ့ ၊၊ အပြစ်တော့ မဖွဲ့ကြပါနဲ့လေ ၊၊ ဒီလောက် ချစ်ခဲ့ပါလျက် ၊ အတူနေထိုင်ခဲ့ပါလျက် စွန့်ပစ်ရက်တဲ့ ကိုယ့် ကို လူယုတ်မာ ရယ် လို့လည်း ခပ်လွယ်လွယ် တံဆိပ် မကပ်လိုက်ကြ ပါနဲ့နော် ၊၊ ကြိုတင် တောင်းပန် ပါရစေ ၊၊ တခါတလေ ချစ်ပင်ချစ်ညား သော်လည်း ၊ မပေါင်းဖက်သင့် တော့ တဲ့ အခါ ရင် နာနာ နဲ့ လမ်းခွဲ ရတာပါ ပဲ လေ ၊၊ ကိုယ်မုန်းလို့ တော့ မဟုတ်ပါဘူး ၊၊

ပြသာနာဆိုတာ တစ်ဖက်တည်း ဖြစ်တက်တာမှ မဟုတ်တာနော် ၊၊ နှစ်ဖက်ရှာမှ ပြသနာလေ၊၊


နောက်ဆုံး ခွဲခွာ သွား တဲ့ အချိန်မှာတောင် ဖျတ်ကနဲ လေး ဖြစ်ဖြစ် ကြည့်မိသေးသား ၊၊ ဒါပေမယ့် လည်း ရင်နာနာနဲ့ ပဲ ဒီနေ့နေလည်တော့ ကျောခိုင်းခဲ့ပါတယ် ၊၊ ပြန်လည်း မကြည့်လိုတော့ ပါဘူး ၊၊ သူလည်းသူ့ဘ၀နဲ့သူ ကိုယ်လည်း ကိုယ့်ဘ၀နဲ့ကိုယ်ပေါ့လေ ၊၊ တကယ်ကို နာနာကျင်ကျင် ကျောခိုင်းခဲ့ရတာပါ ၊၊ ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာနိုင် ပါလိမ့် မပေါ့ နော ၊၊ ဒီလိုနေ့မျိုးကို မကြုံလိုတော့ပါဘူး ၊၊ ကိုယ်လည်းဒီလို မဖြစ်အောင် အမျိုးမျိုး ကြိုးစား ထိန်းသိမ်းခဲ့ပါတယ် ၊၊ သူညိုငြင်မှာ စိုးလို့ ညစဉ် ညတိုင်း ထွေးပွေ့ ပြုစု ယုယ ပြီးမှ အိပ်တက်တာ သူသာ အသိဆုံးပါ ၊၊ တခါတလေ ပင်ပန်းလွန်းလို့ ၊ နွမ်းနယ် လွန်းလို့ မေ့လျော့ပြီး အိပ်ပျော်သွားမိတက်တဲ့ ညတွေ ဆို အိပ်မက်ဆိုးတွေ တောင်မက်မိရဲ့ ၊၊


ဘယ်လောက်ပဲ ချစ်ခင်ယုယ ခဲ့ပေမယ့် အခုတော့လည်း မတူညီတော့တဲ့ ဘ၀တွေမို့ ဝေးကြပြီပေါ့ ၊၊ သူက ကိုယ့်ကို ဒုကတွေ ပေးလာခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး ၊၊ ဒါပေမယ့် သူ့ကို ကိုယ် မစွန့်ပစ်နိုင်ရက်လို့ သည်းညည်းခံခဲ့ပါတယ် ၊၊ ဒါကိုလည်းသူသိပါ တယ်လေ ၊၊သူမရှိရင် ကိုယ့်ဘ၀မှာ နေလို့မှ အဆင်ပြေပါ့မလားရယ်လို့ ကိုယ်တွေးပြီး ချွေးပြန်ခဲ့ဘူးတယ် ၊၊ သူမရှိတဲ့နေ့မှာ ကိုယ်ဘယ်လိုများ နေရပါ့မလဲရယ်လို့ တွေးတွေးပြီး အိပ်မပျော်ခဲ့တဲ့ညတွေ မရေမတွက်နိုင်ပေါ့ ၊၊


ဒီနေ့တော့ ကိုယ်သူ့ကိုယ် တကယ်ကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီ ၊၊ အမှန်တော့ ကိုယ် တက် နိုင် သမျှလေးသူ့ကို ထိန်းသိမ်းထား ချင်ပါသေးတယ် ၊၊ ဒီနေ့လည်း တခါတည်း စွန့်ပစ် ဖို့ အစီအစဉ် မရှိခဲ့ပါဘူး ၊၊ သူ့အကြောင်းကို နားလည်တဲ့အစ်မတစ်ယောက်ကို ကြိုတင် ချိန်းပြီးသွားတွေ့ခဲ့တာပါ ၊၊ အမှန်ကတော့ မေးမြန်းတိုင်ပင်ပြီး ဘယ်လို ပြုပြင် ရင် ရနိုင်မလဲ ၊၊ ဘယ်လို ဆက်ပြီးထိန်းသိမ်းသွားမလဲ ၊၊ ဒါလေးကို သွားပြီး တိုင်ပင်ခဲ့တာပါ ၊၊ စိတ်မကောင်းဘူးဗျာ ၊၊ မင်းမေ့လိုက်ပါတော့တဲ့လေ ၊၊


သူမရှိလို့လည်း မင်းဘ၀မှာ ဘာမှ မဖြစ်ဘူးတဲ့ ၊၊ အစ်မနှစ်ယောက်တွေ့ခဲ့တာပါ ၊၊ ပထမ အစ်မငယ်ကို သေချာ ပြောပြပြီး မေးတော့ သူလည်း ဘယ်လိုဆက်လုပ်သွားမလဲ မေးမြန်း ပြီး စဉ်းစားကြပါသေးတယ် ၊၊ အစ်မကြီးကတော့ ခပ်ပြတ်ပြတ်ပဲ ၊၊ လုံးဝအဆက်ဖြတ်လိုက် ပါတော့တဲ့ ၊၊ ကျွန်တော် ဘယ်လောက်များ နာကျင်လိုက် မလဲနော် ၊၊နှစ်ပေါင်းများစွာ အတူ ရှိခဲ့တဲ့ နေ့ရက်တွေ အတွက်ဘယ်လိုများ မေ့နိုင်ပါ့မလဲနော် ၊၊ သူကိုယ့် အပေါ် မကောင်း တော့ ဘူး ၊၊ ဒုကတွေ ပေးနေပြီ ၊၊ မကောင်းကြံနေပြီ ၊၊ နောက်ဆုံး ကိုယ့်ဘက် က ဘယ်လောက်ပင် ဂရုတစိုက် ပြု စု ယုယ ၊ ခဲ့ပေမယ့် သူ့ဘက်ကတော့ ကိုယ့်ကို အစားတလုတ်တောင် ကောင်းကောင်း အရသာခံ မစားရလောက်အောင် ကို နှောက်ယှက်နေခဲ့ပြီ လေ ၊၊


ရင်နာနာနဲ့ အစ်မကြီးလုပ်သူရဲ့ လမ်းညွှန်ချက်ကိုပဲ လက်ခံခေါင်းညိတ်ရတော့မယ် ၊၊ ကိုယ့်မှာ ရွေးစရာလမ်း မရှိတော့ဘူး ၊၊ ကိုယ့်ကို အခုချိန်မှာ အပစ်မတင်ပါနဲ့တော့နော် ၊၊ တစ်သက် လုံးတူတူနေလာခဲ့ပြီး ၊ အသုံးမ၀င်တော့မှ ခပ်လွယ်လွယ် စွန့်ပစ်သွားသူရယ် လို့ အပြစ်မတင် ပါနဲ့နော် ၊၊ ကိုယ်အဲဒီလို လူစားမျိုးမဟုတ်ပါဘူး ၊၊ လိုရင်သုံးလို့ ၊ မလိုတဲ့ အခါ စွန့်ပစ်သွားတက်သူထဲမှာ ကိုယ်မပါပါဘူး ၊၊ ကိုယ် ဘယ်လိုအင်အားမျိုးနဲ့ မင်းကို စွန့်ပစ် နိုင်မှာလဲ ၊၊ တကယ်လို့ အစ်မကြီးတို့သာ မကူညီဘူး ၊ မဆောင် ရွက်ပေးဘူး ဆိုရင် ကိုယ် မင်းကို ဒီလို စွန့်ပစ်သွားနိုင်မှာ မဟုတ်ပါဘူး ၊၊ ကိုယ့်ကို ခွင့်လွှတ်ပါလို့ နောက်ဆုံး တောင်းပန် ရင်း ပဲ အစ်မကြီးတို့ စီမံရာကို အသာလေး အသံတိတ် လက်ခံလိုက် ရ ပါ တော့တယ် ၊၊


ကိုယ်လေ မင်းမရှိရင် အစာတောင် ၀င်ပါ့မလား ၊၊ အခုချိန်မှာ အတွေးလေးနဲ့ ရေ လေးသောက်ဖို့တောင် ကိုယ် မ၀ံ့တော့ ပါဘူး ၊၊ ကိုယ့်ကို လိုအပ်တဲ့ အချိန်မှာသာ အသုံးချတက်ပြီး မလိုအပ်တော့ ဘူးထင်ရင် ခပ်လွယ် လွယ် စွန့်ပစ်တက်သူရယ်လို့ တော့ တံဆိပ်မကပ် လိုက်ပါနဲ့နော် ၊၊ ကိုယ်ဟာ အဲဒီလို လူစားမျိုး မဟုတ်ပါဘူး ၊၊ မှန်ပါတယ် ၊၊ အရင်တုန်းက ၊ အတိတ် တချိန်တုန်းက မင်းလေးဟာ ကိုယ့် အပေါ် အင်မတန်ကောင်းခဲ့တယ် ၊၊ ကိုယ်လက်ခံပါတယ် ၊၊ ကျေးဇူးလည်း တင်ပါတယ် ၊၊ ဘာဖြစ်ဖြစ် မင်းကိုယ့်ကို ကာကွယ်ပေးခဲ့တယ် ၊၊ ဒါပေမယ့် အခုတော့ မင်းရှိနေတာ ကိုယ့်အတွက် အန္တရယ် ဖြစ်နေပြီ ၊၊ မင်းကိုယ့်ကို အနီးကပ် တိုက်ခိုက်နေပြီ ၊၊ ဒါ့ကြောင့် ရင်နာနာ နဲ့ ပဲ အစ်မကြီးတို့ အကူအညီနဲ့ မင်းကို လုံးဝ စွန့်ပစ် လိုက်ပါပြီ ၊၊ မင်း အစ်မတို့ကိုလည်း စိတ်မနာပါနဲ့နော် ၊၊ သူတို့က ကိုယ့်အတွက် ကြားထဲက လူစွမ်းကောင်းလုပ်ပြီး မင်းကို ကိုယ့်ဆီကနေ ဆွဲထုတ်ပေးလိုက်ကြတာပါ ၊၊ ဒါပေမယ့် ခုချိန်ထိတော့ လေ မင်းလေး ကို သံယောဇဉ် မပြတ်သေးဘူးကွာ ၊၊ အချိန်ဆိုတဲ့ သမား တော်သာလျှင် မင်းလေးကို မေ့ဖို့ ကူညီနိုင်မလား ၊၊ ဘာပဲပြောပြော သံယောဇဉ် တော့ မပြတ်သေးဘူးကွာ ၊၊



ဒီနေ့ ညာဖက် အပေါ် အံသွားတစ်ချောင်း နှုတ်လိုက် ရ တယ် လေ ၊၊ ချိုင်းနားတောင်းက ဒေါက်တာ မမ တွေ အကူအညီနဲ့ပေါ့ဗျာ ၊၊ မမတို့ကလည်း တို့များ မြန်မာနိုင်ငံ ကပါပဲ ၊၊ တကယ်လို့ များ လိုအပ်ရင် သွားဖို့ လမ်းညွှန်တာပါ ၊၊ ကျွန်တော်လည်း ဒီနိုင်ငံမှာ သွားနှူတ်ဖို့ ဈေးကြီးလွန်းလို့ မြန်မာ ပြည် ပြန်မှ ပဲ လုပ်မလို့ပါ ၊၊ ဘယ်လိုမှ မနေနိုင်တာနဲ့ လုပ်လိုက် ရတယ် ၊၊ ဈေးနှုန်းလည်း ချိုသာပါတယ် ၊၊ နောက် မြန်မာ အချင်းချင်းဆိုတော့ ပြောရ ဆိုရတာ အင်မ တန်မှ အဆင်ပြေပါတယ် ၊၊ ဘာပဲ ဖြစ်ဖြစ် မြန်မာလို ပြောလိုက်ရမှ အားရှိတဲ့ ကျွန်တော်တို့ မြန်မာသူငယ်ချင်းတွေ အတွက် လမ်းညွှန်ပေးတာပါ ၊၊ ကြော်ငြာတာ မဟုတ်ပါဘူးနော် ၊၊ ကျွန်တော်ဆို နောက်ထပ် သွားတွေ တောင် သွားဖာ ရအုံးမှာ ၊၊ အခုတော့ ပိုက်ပိုက် မရှိသေးလို့ စုလိုက်အုံးမယ် ၊၊ ဒီတချောင်း နှုတ်တာ နဲ့ ဒီလ အတွက် ကျန်းမာရေးစရိတ် ပြည့်သွားပြီ ၊၊ အပျော် ပါ ၊ နောက်တာပါ ၊ အတည်ပါ ၊ တကယ်ပါ ၊ ဟုတ်ပါတယ် ၊၊
www.idcsg.com ဆိုတာကတော့ အဲဒီဆေးခန်း Website လိပ်စာလေး ဖြစ်ပါတယ် ၊၊ ဒါလေးတော့ ထည့်ပေးလိုက်ပါတယ် ၊၊ တကယ်လိုအပ်လို့ အသေးစိပ်သိလိုရင် တော့ ကျွန်တော့် ဆီကို အီးမေး ပို့လိုက်ပါနော် ၊၊ ကျွန်တော် တက်နိုင်သမျှ ပြောပြ လမ်းညွှန်ပေးပါမယ့် ၊၊

အားလုံးကျန်းမာ ပျော်ရွှင် နိုင်ကြပါစေ ၊၊

မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

16 comments:

နေဒေးသစ် said...

၁ လာယူတာပါ ဟဲဟဲ ...
၁ မရဘူး ပြောပြောနေလွန်းလို့
haha
နေဒေးသစ်။

နေဒေးသစ် said...

အာမလေးးးးးးးးးးးးးးးး ဟဲ့ ....
တော်ပါတော့ ...
အဟုတ်မှတ်လို့ ဖတ်နေတယ် ...
တော်ပြီ .. နောက် ဘယ်တော့မှ ၁ မယူတော့ဘူး ...
ငါ့နှယ် :D

ဟွန်းးးးးးးးးးးးးး
လူဆိုးကြီးးးးး
ဒီက လူကတော့ သြော် ဖြစ်မှ ဖြစ်ရလေ ဖြစ်မှ ဖြစ်ရလေ ဆိုပြီး သနားလို့ .....
သူက ဘယ်ဟုတ်မလဲ ....

ရပါတယ်
ရပါတယ် ...
လုပ်ပါ ရှင်တို့က ရဲတွေပဲ လုပ်ပါ ... hahaha

နေဒေးသစ်။

လင်းဒီပ said...

သွားနုတ်ရင်လည်း နုတ်ချင်တဲ့သွားကို သေချာပြဦးနော်...
ဒေါက်တာမမတွေနဲ့ စကားတွေပြောပြီး...ရယ်ရယ်မောမောနဲ့
သွားမှားနုတ်လို့ရှိရင် ကိုယ်ပဲခံရမှာ...:P

နွေးနေခြည် said...

အစောကြီးကတည်းက ရိပ်မိတယ်း)

Yu Ya said...

အော်..အခုတော့ အိမ်ဖြူလေးက ပြူတင်းပေါက်လေး ဖွင့်ထားတယ်ပေါ့။ အဟီး..

Pyae Wut Hmone said...

တကယ်မှတ်လို့ ခံစားပြီးဖတ်နေတာ... ပြီးတော့မှပဲ သိတော့တယ်... ဟီဟိ
ဆေးခန်းကို သိလိုက်ရတဲ့ အတွက် ကျေးဇူးပါ... လိုအပ်တဲ့အခါ သွားလို့ရတာပေါ့... အခုထိတော့ ဂရုတစိုက်နဲ့ စောင့်ရှောက်နေရတယ်... ရင်နာနာနဲ့တော့ လမ်းမခွဲရသေးဘူး... :)

မင်းနေဝေး said...

အမ် ... အလွမ်းကဗျာတစ်ပုဒ်ရတော့မယ်မှတ်နေတာ ...
သွားကဗျာဖြစ်တော့မှာပဲ .... :D

Mae said...

ဒေါက်တာမာလာထွန်းက ချောတယ်၊ အဟတ်.. ဒါပေမယ့် ဗမာလိုတော့ မပြောမိဘူး၊

မသိပါဘူး.. ကြော်ငြာများဝင်တာလားလို့..

မယ့်ကိုး said...

နောက်တယ်နော်။ အတည်ကြီးနော်။ ဒီမှာ မျက်နှာလှလှလေးတစ်ခု ပြေးမြင်ပြီး ... ... ငိုပဲငိုရတော့မလို... ဘာမှန်းမသိ မျက်နှာပူပူနဲ့ 

တော်တော်နောက်ပါတယ် ။ :D ..ဒါပေမယ့် ကောင်းတယ်။

Mogok Thar said...

ထင်တော့ထင်သား။ ညီမင်းအိမ်လဲ ကိုယ့်ပို သွားဒုက္ခများ တွေ့လေသလားပေါ့။
ဟုတ်ပါ့။ ဒိလောက် တယုတယ ထားတာတောင်ဗျာ...
ခွဲရကံ ကြုံလို့ စွန့်လွှတ်လိုက်ရတယ် သဘောထားလိုက်ပါ။
ကိုယ့်တုန်းက မစွန့်လွှတ်ခင်တပါတ် အလူးအလဲ ခံစားရပြီး၊ စွန့်လွှတ်ပြီးတပါတ်ကျော် ခံစားရတာ။ မစားနိုင် မသောက်နိုင် မအိပ်နိုင်ပါပဲ။
ခုထိ သူမ၇ျိတော့ ဟာတာတာကြီး ဖြစ်နေတုန်း။

မေဇင် said...

အီးးးးးးးး..ဘာများလဲ လို့...သူကိုး.။ နောင့် ဆို သံယောဇဉ်အပြတ်ပဲ..။ ဒုက္ခပေးလိုက်တာမှ လွန်ရော.. အအိပ်ပျက်၊ အစားပျက်..။ နောက်ဆုံး အဲ့ဒီချိုင်းနားတောင်းက တီတီ မာလာ နဲ့ တွေ့ရော ဆိုပါတော့... မပစ်ရသေးပါဘူးတဲ့ ... သူ့ကို ပြုပြင်လိုက်ပါ ဆိုတာနဲ့ပဲ..။ ဟင်း...သူ့ကို ပြုပြင်ရတာ...တော်တော်တော့ မလွယ်ဘူး..။ တော်တော် ထွက်သွားတယ်..(ပိုက်ပိုက်) ..။ ဒါပေမယ့် သူနဲ့ ပဲ ဆက်စခန်းသွားရမှာဆိုတော့လဲလေ...။း))

ဝက်ဝံလေး said...

ဒီမယ်ငှက်ကိုတော်တယ် လို့မပြောနဲ့နော် ဖတ်ကတည်းက တမျိုးပဲလို့ ထင်လိုက်တယ် စဉ်းစားကြည့်လေ အိပ်ရင်တောင် အတူအိပ် တယ်ဆိုလို့ ဟဟဟ နောက်တော့မှ သွားနှုတ်တာ ဖြစ်နေတယ် ဟဟဟဟ ရေးတာ တော်ပါပေတယ် ခစ်ခစ်

မငုံ said...

အဟုတ်မှတ်လို့ ဖတ်နေတာ။ ထင်တော့ ထင်တယ် ဒါပေမဲ့ အံသွားလို့ မထင်ထားမိဘူး ။ အတော်မှခံလိုက်ရရဲ့လား :)

မီးတောင် said...

သြော် သွားလား ... ဘာများလဲလို့းP

ကောင်းကင်ပြာ said...

တခုခုပဲ ဆိုတာ စဉ်းစားပီးတော့ ဖတ်လာမိတယ်၊ နောက်ဆုံး ကိုယ်ထင်တာလွဲသွားတယ်

Ngu Wah said...

အဟုတ်ခံစားပြီးဖတ်နေတာ အမလေးနောက်ဆုံးတော့ ဆေးခန်းကြော်ငြာပါလား :(