Tuesday 14 July 2009

ဘုံဘိုင်ရေ လည်းသန့်ပါတယ်


“ဘုံဘိုင်ကရေလည်း သန့်ပါတယ်ဗျာ ၊ တကယ်တော့ ရေသန့်ဗူးခွံတွေက သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေတာဗျ ” လို့ ကျွမ်းကျင်သူပညာရှိများက ဆိုပါတယ် ၊၊

Australian နိုင်ငံ Sydney တောင်ပိုင်းမှ မြို့ငယ်လေးတစ်ခုဖြစ်တဲ့ Bundanoon မြို့မှာ လွန်ခဲ့တဲ့ ဗုဒ္ဒဟူးနေ့က သောက်ရေသန့်ဗူး တားဆီးတိုက်ဖျက်ရေး အတွက် မဲခွဲဆုံးဖြတ်တဲ့ ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်၊၊ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံးပြုလုပ်တဲ့ သောက်ရေသန့်ဗူး တိုက်ဖျက်ရေး စီမံကိန်းတစ်ခု ဖြစ်ပါတယ် ၊၊

စင်ကာပူမှာတော့ ဒီလိုကန့်ကွက်တားဆီးရေး ဆိုတာ မလွယ်ကူတဲ့ ဖြစ်ရပ်တစ်ခုပါလို့ ကျွမ်းကျင်သူများက ဆိုပါတယ် ၊၊ အဲဒါပေမယ့် လူတွေ အားလုံးပူးပေါင်းပါဝင် ပြီး ဒီဗူးတွေ ကို သပိတ်မှောက်ဖို့ဆိုတာတော့ မျှော်လင့်ချက်တစ်ခုပါပဲ ၊၊

လွန်ခဲ့တဲ့နှစ်က သောက်ရေသန့်ဗူး ၁၃၅ ၀၀၀ တန်ကျော် အတွက် စုစုပေါင်း စင်ကာပူဒေါ်လာ ၁၂၆သန်းကျော် အသုံးပြုခဲ့ရပါတယ် လို့ဆိုပါတယ် ၊၊ Lee Kuan Yew School of Public Policy ကျောင်း မှ PhD ကျောင်းသူ Ms Leong Ching နှင့် Professor Tommy Koh ကဆိုတာကတော့ စင်ကာပူနိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ အမူအကျင့် တွေ ကို ပြုပြင်မယ် လို့ယုံကြည်ပါတယ် ၊၊ ဒီအလေ့အကျင့်ဟာ မကောင်းဘူးဆိုတာလည်း သူတို့သိနေတာ ပဲ ၊၊ နိုင်ငံတော်အတွက် လည်း မလိုအပ်ပဲ ငွေကြေးတွေ အမြောက်အမြား ကုန်ကျနေတယ်လေ ၊၊

ဆောင်းပါးအနေနဲ့ PUB Magazine , Pure , Straits Times တွေမှာ တင်ပြခဲ့ပြီးပါပြီ ၊၊ ပတ်ဝန်းကျင်နှင့် ရေအရင်းမြစ်ထိန်းသိမ်းရေး ၀န်ကြီးဌာနသို့လည်း တိုက်တွန်းခဲ့ပြီးဖြစ်ပါတယ် ၊၊ ၀န်ကြီးဌာနတွေအားလုံး ၊ အဖွဲ့အစည်းများအားလုံး ၊ ဆက်စပ်နေသော လုပ်ငန်းများအားလုံးသို့ ပညာရေးဌာနအဖွဲ့အစည်းများ အားလုံးသို့ ရေသန့်ဗူး သောက်သော အလေ့အထကို တားဆီးရေးအတွက် တိုက်တွန်း သင့်တယ်လို့ထင်ပါတယ် လို့ သူတို့နှစ်ဦးက ဆိုပါတယ် ၊၊

ဂျာနယ် ဆရာမတစ်ယောက်ဖြစ်တဲ့ Ms Leong ကဆိုတာကတော့ တကယ်တော့လေ လူတွေ အားလုံး သိအောင် ဆောင်ရွက်သင့်ပါတယ် ၊၊ အခုတော့ လူတွေကအဲဒီအကြောင်းကို သေချာမသိကြဘူးရှင့် ၊၊ ရေသန့်ဘူးထဲက ရေက ဘုံဘိုင်ရေထက်သန့်တယ်လို့ သူတို့က ထင်နေကြတာလေ ၊၊ တကယ်တော့ ရေသန့်ဗူးထဲက ရေက ဘုံဘိုင်ရေထက် အဆ ၈၅၀ ပိုပြီးဈေးကြီးတယ်ဆိုတာ သူတို့သိစေချင်လိုက်တာ၊၊ လို့ဖြည့်စွက်ပြောကြားလိုက်ပါတယ် ၊၊

ဘာဖြစ်လို့သူတို့ ရေသန့်ဗူးတွေကို သောက်နေရတယ်ဆိုတာ နားလည်ပါတယ် ၊၊ သူတို့အတွက် အခြား နည်းလမ်း မရှိဘူးလေ၊၊ နောက်တစ်ခုက တကယ်တော့ ရေက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတဲ့ အချက်အလက်မခိုင်မာတဲ့ အချက်အယူအဆတစ်ခုကလည်း ရှိနေသေးတယ်လေ ၊၊ စင်ကာပူမှာ ဒီဗူးခွံတွေကို မီးရှို့ပစ်ရတယ် နောက် ကာဗွန်ဒိုင်အောက်ဆိုက်တွေ လည်း အကြောင်းမဲ့ ထွက်နေတာပေါ့၊၊ ကမ္ဘာတစ်ဝှမ်းမှာ ရေသန့်ဗူးတိုက်ဖျက်လျော့ချရေး စီမံချက်တွေဟာ ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနဲ့ ၊ ကုန်ကျ စရိတ် လျှော့ချရေးအတွက် တစ်တပ်တစ်အားပါဝင်လာမှာပါ ၊၊

Euromonitor International Research company ရဲ့ တွေ့ရှိချက်အဆိုအရတော့ ကျန်းမာရေးအတွက် စိတ်ချရတာရယ် ၊ လွယ်လွယ်ကူကူ ၀ယ်ယူရရှိနိုင်တာရယ်က ရေသန့်ဗူးတွေကိုသောက်သုံးဖြစ်စေဖို့ အကြောင်းပြချက်တစ်ခု ဖြစ်မယ်လို့ဆိုပါတယ်၊၊ နောက်အသက် ၁၇ နှစ်အရွယ် Nanyang Polytechanic ကျောင်းသူ Ms Melanie Ghui ကဆိုတာကတော့ လွယ်လွယ်ကူကူဝယ်လို့ရတယ် နောက် ဈေးလည်း သိပ်မကြီးဘူးလေ၊၊ ဒါ့ကြောင့်ဖြစ်မယ့်ရှင့် လို့သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြပါတယ် ၊၊

ကျွမ်းကျင်သူပညာရှိများကတော့ ခန္တာကိုယ်အတွက် လိုအပ်တဲ့ အဟာရတွေကို အစားအစာတွေ ကနေ ရပါတယ် ၊၊ ရေကနေရတာမဟုတ်ပါဘူးလို့ ထပ်လောင်းအတည်ပြုပါတယ်၊၊ လိုအပ်တဲ့ အဟာရဓါတ်ပြည့်ဝ ဖို့ ရေတွေ အများကြီးသောက်ဖို့လိုအပ်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစပါလို့ Nutritionist Velumani Deepapriya ဆိုသူက ထပ်လောင်းပြောဆိုပါတယ် ၊၊

ဒါပေမယ့် လူတွေ ရဲ့ အမူအကျင့်ကို ပြုပြင်ဖို့တော့ တော်တော် ခဲယဉ်းမှာပါ ၊၊ စင်ကာပူမှာတော့ စီမံချက် တစ်ခုအနေနဲ့ အခုလောလောဆယ် မလုပ်သေးပါဘူး ၊၊ ဒါပေမယ့် စင်ကာပူနိုင်ငံသားတွေကိုတော့ လက်ခံယံကြည်စေချင်ပါတယ်လို့ Director Howard Shaw က ဆိုပါတယ် ၊၊ ဒီလို စီမံချက်မျိုးတော့ လုပ်သင့်တယ်လို့ ထင်မြင်ပါတယ် ၊၊ ဘာ့ကြောင့်လည်းဆိုတော့ ဘုံဘိုင်ရေကလည်းေ သာက်လို့ ဖြစ်နေတာ ပဲ လေ၊၊ ဒါပေမယ့် စားသောက်ဆိုင်တွေ အတွက်တော့ အဆင်မပြေနိုင်ဘူးထင်တယ် ၊၊ နောက်တစ်ခုက PUB က ကြော်ငြာထားတာကတော့ စင်ကာပူက ဘုံဘိုင်ရေက ကမ္ဘာ့ အဆင့်အတန်း မှီ ရေသန့်ဖြစ်တယ်လေ ၊၊ ဒါဆိုစိတ်ချလက်ချ သောက်လို့ရတာပေါ့ ၊၊ မစိုးရိမ်ပါနဲ့ဗျ ၊၊ လို့ဆိုပါတယ်လေ ၊၊
ဒီနေ့ထုတ် Straits Times သတင်းစာမှ ဆောင်းပါးတစ်ပုဒ်အား ဘာသာပြန်ပါသည် ၊၊ မပြည်စုံ လွဲမှားမှုများ သည် ကျွန်တော် ဘာသာပြန်သူ၏ ညံ့ဖျင်းမှု အားနည်းချက်သက်သက်သာ ဖြစ်ပါသည် ၊၊
လေးစားစွာဖြင့်
မင်းအိမ်ဖြူ


http://www.fileden.com/files/2009/7/12/2506628/water-disaster.pps


သူငယ်ချင်းတစ်ယောက် ပို့ပေးလိုက်တဲ့ Water-disaster ဆိုတဲ့ PowerPoint File လေးကိုလည်း အတူတကွ သိမ်းဆည်းထား လိုက်ပါသည် ၊၊

12 comments:

မေဇင် said...

နောင့် ကတော့ ဘုံဘိုင်ကရေကို ကျိုချက်ပြီး အအေးခံ ပြီးတော့မှ ရေဗူးလေးထဲ ထည့်ပြီး သွားလေ ရာသယ်တာပါရှင်... အဟဲ ..ဘုံဘိုင် ရေအစိမ်းလဲ မသောက်ဘူး ၊ ရေသန့်ဗူးကလဲ ဈေးကြီးလို့လေ...ကျေးဇူးပါ..ဗဟုသုတ ရစရာလေးတွေ မျှပေးလို့..း)

ခင်တဲ့
မေဇင်

နဒီမိုးညို said...

နဒီ..တို့ နယ်မှာတုန်းက..ရေကိုကိုသောက်ရတာ.
အရမ်း..အရသာရှိတယ်..
ခုခေတ်ရေသန့် ဗူးတွေ နဲ့ များကွာပါ့..
အားပေးနေတယ်..နော်...

Lucifer said...

ဗဟုသုတလေး မျှပေးလို့ကျေးဇူးတင်ပါတယ်..
သတင်းစာမဖတ်အားတော့ အခုလိုတင်ပေးတော့ကောင်းတာပေါ့...

မင်းအိမ်ဖြူ said...

မေဇင်ရေ အချိန်ရရင် ရေ ပိုကြိုပေးပါခင်ဗျ ..P

နဒီရေ ကျွန်တော်ကတော့ ရေအစိမ်းကို ပိုကြိုက်တယ် ကလေးဝမှာတာဝန်ကျတုန်းကတောင်အစိမ်း ပဲသောက်တယ် ဟာဟ မောမောနဲ့သောက် ရင် ချိုနေတာပဲ

မိုးသောက်ကြယ်ရေ ဒီလိုပြောတော့ ကျေးဇူးတင်တယ်ဗျ


ကျွန်တော်တို့ အိမ်မှာက ဟိုးတည်းက ရေပြာဆိုတာပဲ သောက်တယ် ၊၊ ကြားဖူးကြလားမသိဘူး ၊၊ ရေအရောင်က ပြာလဲ့လဲ့လေး ၊၊ ရွာကနေ ၀ယ်ရတာ ၊၊ ရေစည်လှည်းနဲ့လာရောင်းတယ်လေ ၊၊ တွင်းက ကျောက်တွင်းကွာ ၊၊ ရေက အဲဒီထဲကနေ စိမ့်ထွက်တာ ၊၊ သဘာဝအရောင်ကိုက ပြာလဲ့လဲ့လေး ၊၊ ကျွန်တော်တို့ ဒေသမှာတော့ ရေပြာလို့ခေါ်တယ် ၊၊ အဟ လူတိုင်းဝယ် မသောက်နိုင်ပါဘူး ၊၊ ဈေးပေးရတယ်၊၊ ဖန်ထွက်ထွတ် လေး အေးနေတာပဲ ၊၊ ရေခဲသေတ္တာ မလိုဘူး ၊၊ ရန်ကုန် ရောက်တော့တောင် မနည်းကျင့်ယူရတယ် အခြား ရေ ညိုတွေ သောက်ဖို့ ၊၊ အမေက မိုးတွင်းဆို တစ်နွေစာ မိုးရေတွေ ကို ကန်ကြီးနဲ့ စုထားတယ် ၊၊ နောက် ကုန်ရင် ရေပြာတွေ ကို စဥ့်အိုး ရာဝင်အိုးတွေ နဲ့ လှောင်ထား တက်တယ် ၊၊ မားသားကြီးက သိပ်ကြောင့်ကြ တက်တာ လေ ၊၊ ရေကုန်မှာ စိုးလို့တဲ့ ဟာဟ ၊၊ ဒီမှာတော့ မလိုဘူး နော် ၊ ဘုံဘိုင်လေးဖွင့်သောက်ရုံပဲ ၊၊ ရေးရင်းတောင် အမေ့ ကို သတိယသွားတယ် ၊၊ ဒီမှာဆန်ဝယ် တိုင်း လည်း သတိယပါရဲ့ ၊၊ ဆန်ကို စည်ပိုင်းတွေ နဲ့ နှစ်ပေါက်လှောင်တာ သူ့အကျင့်လေ ၊၊ ကျွန်တော်တို့ ကြီးလာမှ မနည်း အဲဒီအကျင့်ကို ဖျောက်ရတယ် ၊၊ တစ်နှစ်ကုန်ဒီ ဆန်က ဘယ် အရသာ ရှိတော့မလဲနော် ၊၊ ဒါပေမယ့် သူကြုံတွေ့ ခဲ့ရတာက မဆလ ခေတ်လေ ၊၊ နယ်ကူး ဆန် မသယ်ရတဲ့ ကောင်စီခေတ် ဆိုတော့ သားသမီး များ တဲ့ သူလည်း ပူရှာမှာပေါ့လေ၊၊ အမေ့အကြောင်း ပြော ရင်း သတိယလိုက်တာ အမေ့ကို ၊၊

မေဇင် said...

အန်...ပိုစ့် နောက်တစ်ပုဒ်ကို comment ထဲက ရေးတယ်ဟ...း)

မင်းနေဝေး said...

ငယ်ငယ်က တော့ ရေစိမ်းပဲ သောက်ရေအိုးထဲက ခပ်သောက်တယ်ဗျာ ... ကြီးလာတော့ ရေသန့်ဘူး မှာသောက်တယ် ... ခံနိုင်ရည်အားပြည့်ဝလာတဲ့ သဘောလားပဲနော် .. :P

မယ့်ကိုး said...

ရေဘုံဘိုင်က ရေသန့် တယ် ဆိုပြီး အချိန်ရရင် ရေလည်းကျိုခိုင်းတော့....
နောက်ပိုစ် တစ်ခု ထပ်ရေးပါလေ။ :P

ဒီက စလုံးမသူငယ်ချင်းက မသောက်နဲ့  ဆံပင်ကျွတ်တယ်ဆိုလို့ ... အခုလို မျှဝေပေးတာ ကျေးဇူးပါ။

Yu Ya said...

ကိုမင်းအိမ်ဖြူရေ.. ကျွန်တော်ရန်ကုန်မှာ အကြာကြီး ရေသန့်သောက်လာပြီး နယ်ရောက်လို့ အိမ်က တွင်းရေသွားသောက်မိရင် ဗိုက်နာတော့တာပဲ...။ စိတ်ထင်လို့ပါလို့ပြောရအောင်လည်း သေသေချာချာကြီးကို သတိထားမိတာ ၄ခါ ၅ခါလောက်ကို ရှိမယ်။ ဒါနဲ့ပဲ ကျွန်တော် နယ်ဘက်ကို သွားရင် အမြဲရေသန့်ဗူးပဲ ဆောင်ရတယ်ဗျာ။ ကျွန်တော်အမေဆိုရင် ကျွန်တော်လာတော့မယ်ဆိုတာနဲ့ ရေသန့်ဗူးတွေ အများကြီး ဆောင်ထားပေးတယ်...အဟီး.။ လူက အကျင့်နဲ့လည်းဆိုင်တယ်နဲ့ တူတယ်ဗျနော်။ နှစ်ပေါင်း ၂၆ နှစ်လောက်ကို တွင်းရေသောက်လာပြီးမှ ၃ နှစ်လောက် ရေသန့်သောက်လိုက်တာ။ အခု ဘယ်လိုမှ တွင်းရေသောက်လို့ မဖြစ်တော့ဘူးဗျ...။

အခုလည်း ဘုံပိုင်ရေ ဘယ်လောက်သန့်တယ်ပဲဆိုဆို အဖြူကောင်တွေက မသောက်ကြဘူးထင်တယ်။ အမြဲ ရေသန့်ဝယ်သောက်တာ တွေ့ရတယ်။ သန့်တယ်ဆိုတာ ဓာတ်ခွဲပြီးမှ ပြောတာဆိုပေမယ့် စိတ်က လက်မခံနိုင်သေးရင် ဘယ်လိုမှ အတည်မပြုနိုင်သေးဘူးလေ။ ဒါကြောင့်လည်း ရေသန့်လုပ်တဲ့ နည်းစနစ်တွေက အမြဲတမ်း စမ်းသစ်နေတာပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့လေ.. ဆန်းသစ်တဲ့ နည်းပညာတွေရဲ့ ဘေးထွက်ဆိုကျိုးတွေကတော့ တိုက်ရိုက်အချိုးကျနေမှာပါ။

တကယ်ဆို ရေသန့်ဗူးသောက်တဲ့ အလေ့အထကို တိုက်ဖျက်ရမယ့်အစား သူတို့လုပ်ရမှာက ရေသန့်ဗူးထုတ်တဲ့ စက်ရုံတွေကို ပိတ်ခိုင်းရမှာဗျ။ ဥပမာ - ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို လွန်စွာမှ ထိခိုက်နိုင်ပါသည်လို့ မည်သို့ပင်ဆိုစေကာမူ .... ဆေးလိပ်စက်ရုံတွေကို မပိတ်နိုင်သေးသ၍ လူတွေရဲ့ စိတ်တွေကို ဘယ်တော့မှ တားဆီးလို့ ရနိုင်မှာ မဟုတ်ပါဘူးဗျာ။ ဒါဟာ ကျွန်တော်တို့ နှလုံးသားတွေမှာ အမြစ်တွယ်နေပြီး အားလုံးသိနေတဲ့ ထာဝရ အမှန်တရားတစ်ခုအဖြစ် ယနေ့ထိတိုင်ပါ။

ကျေးဇူးတင်စွာဖြင့်
yu ya

mmtn (kalay) said...

အော် ကလေးအကြောင်းသိနေတာက ကလေးဝမှာ တာဝန်ကျဖူးလို့ကိုး၊ ဟုတ်တယ် ကလေးမှာတုန်းက အ၀ီစိတွင်းရေ ကို ဒီတိုင်းသောက်တာပဲ။ အခုထိလည်း ရေသန့်ဘူးဆို သိပ်တောင် မသောက်ဖြစ်ပါဘူး။ ဘာပဲပြောပြော ဗဟုသုတ ရပါတယ် ကိုမင်းအိမ်ဖြူရေ။

ဝက်ဝံလေး said...

ဒီက ဘုံဘိုင်ရေတွေကတော့ သောက်လို့ရတယ် ကိုမင်းအိမ်ဖြူရဲ့ ဟဲဟဲ

အော်ဒါနဲ့ အိမ်လာပြီးပီလား ခိခိ ဆော်ထားတယ်နော် ကိုမင်းအိမ်ဖြူကို စိတ်မဆိုးဘူးဟုတ် ဟဟဟ

mae said...

ကျမတော့ စင်္ကာပူမှာ ဘုံဘိုင်ရေပဲ သောက်တာပါ၊ အပြင်ထွက်မှ ရေသန့်ဝယ်သောက်ဖြစ်တာ၊ ဒီမှာလဲ တူတူပဲ၊ ရေသန့်ဝယ်သောက်ရမှာကို နှမျောတာ..

ငယ်ငယ်ကတော့ ရန်ကုန်မှာ ပိတ်စလေးနဲ့ စစ်ပြီး မြေအိုးထဲထည့်ထားတဲ့ရေအေးအေးပဲ သောက်တယ်၊ ခုတော့လဲ ရေသန့်ပေါ့

မငုံ said...

အိမ်မှာတော့ ရေကို ကျိုချက်ပြီး သောက်ပါတယ်။