Friday 17 July 2009

အတော်ပွေလီတဲ့ ကိုချာလီ

အော် ပြောမဆုံးပေါင်တောသုံးထောင် ဆိုသလို ပဲ သူ့နိုင်ငံမှာ လာရောက်လုပ်ကိုင်နေရတော့လည်း သူ့အနွံတာ ခံရတာတော့ မစမ်းပါဘူးလေ ၊၊ ကိုယ့်မြန်မာလူမျိုးဆိုတာလည်း သည်းခံတက်တဲ့ ဗီဇကမွေးကတည်း ပါလာခဲ့ လေတော့ အကျင့်ဖြစ်နေပါပြီဗျာ ၊၊ ဒီမှာလုပ်ကိုင်နေတဲ့ ကာလအတွင်းမှာ ထိတွေ့ဆက်ဆံရတဲ့ သူတို့အကြောင်း လေးတွေ ဖေါက်သည်ချပါအုံးမယ် ၊၊ ကောင်းတာရောဆိုးတာရောပေါ့လေ ၊၊ ကိုယ်တွေ့ရော သူငယ်ချင်းတွေ့ ရော ပေါ့ဗျာ ၊၊ ကိုယ်လည်းဒီမှာကြာသေးတာ မဟုတ်တော့ သိပ်တော့လည်း မသိပါဘူး ၊၊ ကိုယ်တွေ အခံစိတ် ကလည်း သိမ်ငယ်နေတာ လည်းပါပါတယ်လေ ၊၊ လူတိုင်းကြုံတွေ့ရတဲ့ အကြောင်းလေးတွေ ပေါ့ဗျာ ၊၊

ဘယ်နေရာ မဆို ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလည်း ရှိပါတယ် ၊၊ နောက် မှတ်တမ်းလေးထားတာက တကယ် လို့များ ကျွန်တော်တို့ မသေခင် ဟိုအီးမေးတွေ ထဲကလို မြန်မာပြည်ကြီးသာလျှင် ကမ္ဘာ့အလယ်မှာ ထည်ထည် ၀ါဝါ ရပ်တည်လို့ သူတို့တွေများ လာရောက် လုပ်ကိုင်တဲ့ အခါ သူ့တို့လို မဆက်ဆံမိအောင် သတိယစေဖို့ ဆိုတဲ့ ရည် ရွယ်ချက် အပြည့်ပါပါတယ် ၊၊ ( မဖြစ်နိုင်ဘူးဆိုပြီး မပြုံးနဲ့နော် ၊ မကြာမှီလာမည်မျှော် ၊ ကိုရွှေ မေတ္တာ ဝေတယ် ပြည်သူတွေ ................ပါစေ ) တဲ့ဗျာ ၊၊



( Neck Tie အပြာရောင် နဲ့ အရပ်မြင့်မြင့် တစ်ယောက်က ကျွန်တော်ပြောတဲ့ Mr Charles Ng ပေါ့ဗျာ)

Mr Charles Ng

ကျွန်တော် ပထမဆုံးတွေ့ရတဲ့ ဒီနိုင်ငံသားစစ်စစ် ကျွန်တော်ရဲ့ လုပ်ဖေါ်ကိုင်ဖက်ပါ ၊၊ ကျွန်တော် ကံကောင်း ပါတယ်၊၊ ဘာ့လို့ဒီလိုပြောလည်း ဆိုတော့ သူကအင်မတန်မှ စိတ်ကောင်းရှိတဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ ၊၊ လူကြီးဆန်တယ် ၊၊ အသက်က ၄၀ ကျော် ဆိုပေမယ့် နည်းနည်းတော့ အိုစာတယ်ဗျ ၊၊ မြန်မာပြည်က ရုပ်ရှင်မင်း သား နေအောင် ရဲ့ ရုပ်အတိုင်းပဲ ၊၊ ကျွန်တော့ဆီက ဘင်္ဂလားတွေကတော့ Good Heart ရှိတဲ့ လူတစ်ယောက် လို့ပြောကြတယ်ဗျ ၊၊ မှန်ပါတယ် ၊၊ အင်မတန်မှ နားလည်တက်ပြီး လုပ်သက်လည်းရပြီဖြစ်တဲ့ လူတော် တစ်ယောက် ပါ ၊၊ နောက် Political ကို အင်မတန်မှ မုန်းတီးသူ တစ်ယောက်ဖြစ်ပါတယ် ၊၊ သူအဓိက လေးလေး စားစား ဆက်ဆံတာကတော့ နိုင်ငံခြားသားတွေ ပါပဲ ၊၊ နောက်အထူးအဖြင့် မြန်မာတွေကို သူ အထင် မသေး ဘူး ၊၊


မှတ်မှတ်ယယ မနှစ်က နာဂစ်ဖြစ်တဲ့အခါ ဘယ်လူကြီးမှ အရေးမလုပ်ဘူး ၊၊ ဒါပေမယ့်သူက ကျွန်တော်တို့ မြန်မာ တွေ အားလုံးကို ဖုန်းဆက်တယ် ၊၊ မေးတယ် ၊၊ အိမ်နဲ့ အဆက်အသွယ် ရတဲ့ ကိုအောင်မြင့်ဆိုတဲ့ အကို အတွက်ဆို သံရုံးကို သွားဖို့ နောက် ဘယ်လိုကူညီရမလဲဆိုပြီးမေးတယ် ၊၊ တစ်ခုဆိုးတာက သူက ကျွန်တော် တို့ မြန်မာ သံရုံးအကြောင်းမှ မသိတာကိုး အဟ ၊၊ ထားလိုက်ပါ ကျွန်တော်ဆိုလိုချင်တာက သူဟာအဲဒီလို စိတ်
ကောင်း ရှိတဲ့ လူမျိုးဗျ ၊၊ တကယ်ကို စိတ်ကောင်းတာ ၊၊ နောက်လူကဲခတ် တော်တယ် ၊၊ အဲ နောက်တစ်ခုက ပြည်ကြီးတရုတ်တွေကို မုန်းတီးရေးသမား စစ်စစ် ၊၊ ဘယ်လိုမှ ကြည့်မရတာ ၊၊ တွေ့တာနဲ့ ဆဲတော့ တာပဲ ၊၊ တကယ်ပါ ၊၊ တခါတလေ ကိုယ်တောင် အားနာတယ် ၊၊ အဲဒီတရုတ်တွေကလည်း ကွယ်ရာ မှာ သူ့ကို အတင်း အုပ်တယ် မြန်မာနဲ့ ဘင်္ဂလားပဲ လူထင်တဲ့ လူကြီးတဲ့လေ ၊၊


အသက်ကြီးတယ် ၊၊ လုပ်သက်ကြာပြီ ၊၊ ဘယ်တော့မှ ငါလုပ်သလိုလုပ်လို့ မပြောဘူး ၊၊ အမြဲတမ်း တိုင်ပင်တယ် ၊၊ ကျွန်တော့်ကို လုပ်ပိုင်ခွင့်ပေးတယ် ၊၊ ကိုယ်ရဲ့ကြိုးစားမှု အရာထင်ခဲ့တယ် ၊၊ သူကလုပ်ပိုင်ခွင့်ပေးလို့ပါ ၊၊ ကျွန်တော် မှားခဲ့တာတွေ မနည်းပါဘူး ၊၊ ဒါပေမယ့် အပြစ်မပြောဘူး ဘယ်လိုဖြေရှင်းရမလဲ သင်ပေးတယ် ၊၊ အဲဒီ လိုမျိုးဆိုတော့ ကျွန်တော်တို့လည်း လုပ်ရတာ အဆင်ပြေတာပေါ့ဗျာ ၊၊ နောက်သူကျွန်တော့်ကို အမြဲပြော တယ် မင်းကို ငါယုံတယ်တဲ့ ၊၊ ဒါဟာတကယ်တော့ သူတကယ်တော်တယ်ဆိုတာ ပြတာပဲဗျ ၊၊ ဘာလို့ဒီလို ပြော လည်းဆိုတော့ ကိုယ့်ကို တော်တယ်ပြောလို့မဟုတ်ဘူး ၊၊ သူက လူတွေကို သာသာလေးနဲ့ ထိန်းချုပ်တာ ၊၊ အခြား သူတွေ တော့မသိဘူး ဗျ ၊၊ ကျွန်တော်ကတော့ အဲဒီ ယုံတယ် ဆိုတဲ့ စကားကို အကြောက်ဆုံးပဲ ၊၊ ကိုယ့် ကို ဘယ်လိုမှ လွတ်ထွက်လို့ မရအောင် ချုပ်ကိုင်လိုက်တာပဲ ၊၊


သူနဲ့ပတ်သပ်ရင်တော့ ပြောစရာတွေကအများကြီးပါ ၊၊ ပျင်းနေမှာဆိုးလို့ ဖြတ်လိုက်တော့မယ် ၊၊ နောက်လူတွေ လည်းအများကြီးပြော ရအုံးမယ်လေ ၊၊ အဲသူကျွန်တော့်ကိုပေးထားတဲ့ နာမည် တစ်ခုရှိသေးတယ် ၊၊ ကွယ်ရာမှာ လည်းအဲဒီလိုပဲ ခေါ်တယ် ၊၊ ကုမ္မဏီ Anniversary Dinner ညတစ်ခုမှာ စပြီး နာမည်ပေးလိုက်တာလေ ၊၊ အဲဒီနာမည်ကိုပဲ ခေါ်တယ် ၊၊ သူစိတ်ပျော်ရင်ပေါ့ ၊၊ ဘယ်လိုခေါ်လည်း သိချင်ကြလား ၊၊ Handsome Man တဲ့ဗျား ၊၊ ဒါ့ကြောင့်ပြောတာပေါ့ဗျ Charles က လူတော်ပါ လို့ ........... ကဲယုံပြီမဟုတ်လား ၊၊
မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

9 comments:

မင်းအိမ်ဖြူ Minn Eain Phyu said...

ံ့Handsome Man လိုက်မရှာနဲ့ တွေ့မှာ မဟုတ်ဘူး ဗျ
ဟာဟ

အရင်အလုပ်ကလူတွေကိုလည်းသတိယလို့ နောက် လုပ်ဖေါ်ကိုင်ဖက်တွေ အကြောင်း ရေးသွားမလားလို့ ဒီပိုစ့်လေးကိုတင်ပါတယ်ဗျာ ၊၊

ကျွန်တော်ကအပေါင်းအသင်းမ၀င်ဆံ့ပါဘူး ၊၊ ကျွန်တော် ကနိုင်ငံခြားသား သူငယ်ချင်းတွေ လို တခါ တလေ သုံးမိရင် အိမ်မှာ အရင်ကအတူနေတဲံ သူငယ် ချင်းကပြောတယ် ဘယ်နှစ်ယောက်များ ရှိလို့လဲ တဲ့ ၊၊ ဟီဟိ သူံပြောလည်းပြောစရာပါ ၊၊ ကျွန်တော်က တော်တော် အပေါင်းအသင်း မရှိတာဗျ ၊၊ံ့အင်္ဂလိပ် မကောင်းတော့ ပိုဆိုးတာပေါ့ဗျာ ၊၊ ကျွန်တော့်သူငယ် ချင်းကတော့ တော်တော်လည်း အီးကောင်းသလို သူပေါင်းတာတွေက တကယ့်ကို အနောက်တို့ဘာတို့က တကယ့် နိုင်ငံခြားသားစစ်စစ်တွေဗျ ၊၊
အခုကတော့ ကိုယ်သိတာလေးရယ် ကိုယ့်သူငယ်ချင်း တွေ ပြောတာလေးတွေရယ်ကို ရေးသွားမှာပါဗျာ ၊၊

မေဇင် said...

နောင့် ရဲ့ မန်နေဂျာလဲ အဲ့လိုပဲ..ဒါပေမယ် သူက 60 ကျော်ပြီ...နောင့်..လဲ အများတွေ လုပ်မိတာမနည်းဘူး..ဒါပေမယ့် သူပြောတာက Learn from mistake တဲ့...။ ယုံတယ် လို့လဲ အမြဲ ပြောတယ်...ကိုမင်းအိမ်ဖြူပြောသလိုပါပဲ..အဲ့ဒီ စကားက ကိုယ့်ကို အမှားနည်းစေတယ်...။

မယ်ကိုး said...

ကိုပွေလီအကြောင်း စာလာဖတ်သွားပါတယ်။

ငှက်ကလေး said...

လာဖတ်သွားတယ် ကိုမင်းအိမ်ဖြူ ညီမကို စိတ်ဆိုးသလား အကို့ကို ဘလော့ဂ်ဂါများရဲ့ လတ်တလော အခြေအနေမှာ ဖဲ့ထား အဲ ပြောထားလို့ မဆိုးရင် လာဖတ်ပါဦးလို့နော်

ပြီးတော့ လေ ညီမ သိပ်မြင်တတ်တယ် အဟီးးး ပြင်ပေးဦးမယ် မှတ်မှတ် ရရ ပါနော် မှတ်မှတ် ယယ ဟုတ်ဘူး သိလား ကျန်သေးတယ် သတိရ တာနော် သတိယ တာဟုတ်ဘူးရယ် သိလား သူများတွေ ပြောမှာစိုးလို့နော် ညီမ ကပြင်ဖတ်လို့ရတယ် သိလား မနိုင်း မှာ အဲဒီလိုဖြစ်ဖူးလို့ သဒ္ဒါမတတ်ရင် စာမရေးနဲ့ ဘာညာပြောဖူးလို့ လေ သိလား စိတ်မဆိုးဘူး ဟုတ်


ဘိုင်

mae said...

သူများအကြောင်းရေးသလိုလို နဲ့ ကြော်ငြာဝင်တာလား ကိုမင်းအိမ်

မင်းအိမ်ဖြူ Minn Eain Phyu said...

ဟဲဟဲ

မမေကလဲ

အဲဒီလိုတော့ ဟုတ်ဘူးလေ သူတော်တယ်လို့ ပြောတာပါ

Yu Ya said...

ံHandsome ကို တွေ့နေတယ်နော်... တွေ့နေတယ်...ဟဲ..ဟဲ...

သိချင်သူများ ဆက်သွယ်ကြပါရန်... အဟီး...။

yu ya

မင်းနေ said...

လာဖတ်သွားတယ်ဗျို့ ....
နေကောင်းပါစ .. ကိုမင်းအိမ် ..

Mogok Thar said...

ညီမင်းအိမ်
အလုပ် ကတော့ ဘယ်မှာ မဆို ကောင်းသူ မကောင်းသူ။ ကြိုးစားသူ မကြိုးစားသူ ရှိတတ်ကြတာပဲလေ ဏော။
ကိုယ်တွေ လုပနိုင်တာ အကောင်းဆုံး လုပ်ပေးလိုက်။ သိမ်ငယ်စိတ်ထက် မေတ္နာ စိတ်လေး ရှေ့ထားလိုက်။ ညီက စေတနာကောင်း သဘောဖြူသူပဲ။ စကားနည်းလည်း လူခင် ပေါမှာ ယုံတယ်ဗျာ။
မနက်ဖြန် ညီ့ကို တွေ့ရန် စာရင်းထဲ မျှော်မိပေမဲ့....