Saturday, 25 July 2009

အတိတ်ခရီးသို. ပြန်စောင်းငဲ့ကြည့်မိသောအခါ၆

ရှေ့ပိုစ့်တွေမှာ ဆိုခဲ့ဘူးသလို ပါပဲ ၊ ကျွန်တော်ဒီလိုဆိုတော့ ဘ၀ကို အနိမ့်အမြင့်နဲ့ မတိုင်းတာပဲ ခရီးရောက်ခြင်း မရောက်ခြင်းနဲ့ တိုင်းတာပြီးနိုင်းယှဉ် ပြချင်ပါတယ် ၊၊ ကျွန်တော်ခုချိန်ထိ ယုံကြည်နေဆဲ တစ်ခုကတော့ ကျွန်တော် ပတ်သပ်ပေါင်းသင်းခဲ့ဘူးသူ သူငယ်ချင်းအားလုံးသည် ကျွန်တော်ထက် ပိုတော်ပါတယ် ဆိုတဲ့ အချက် ပါပဲ ၊၊ သို့သော် ရွေးချယ်ရာလမ်းကြောင်းကို လိုက်ရ်ျပြောင်းလဲသော ဘ၀အတွေ့ကို ခံစားရပါသည် လို့ သာ ဆိုချင်ပါတော့တယ် ၊၊ အဲဒီလိုပြောတဲ့အခါ ကံတရားဆိုတဲ့ စကားလုံးဆက်နွယ်လာ နိုင်သော်လည်း ယခု လောလောဆည် လက်တွေ့ဘ၀ကို ပြန်ပြောင်းပြောချင်ပါသဖြင့် စိတ္တဇနာမ် ကံတ၇ားကို ခဏတာ ချန်လှပ် ထားခွင့်ပြုပါခင်ဗျာ ၊၊

သိခဲ့ကြပါတယ် ၊၊ အသိချင်းတူခဲ့ ကြပါတယ် ၊၊ ဒီလမ်းကိုသွားရင် ဒီခရီးကိုေ၇ာက်မယ်လို့ ၊ သို့သော် ဒီလမ်းကို ဘယ်လို သွားကြမလဲ ဆိုတဲ့ အပေါ်မှာ လမ်းကြောင်း ရွေးချယ်မှု ပေါ်မှာ အများကြီးမူတည်ခဲ့ပါပြီ ၊၊ ကျွန်တော်ရဲ့ မူလတန်း ၊ အလယ်တန်းဘ၀ သူငယ်ချင်း တွေ နဲ့ လုံးဝ လမ်းခွဲနှူတ်ဆက်လိုက်ရတာ အဲဒီလမ်းဆုံလေးမှာပေါ့ ၊၊ သူတို့ကသိပေမယ့် ၊ အဲဒီလမ်းဆုံလေးကို ကျော်ဖို့ သူတို့မှာ နည်းလမ်းမရှိခဲ့ပါဘူး ၊၊ အဲဒီတံတားလေးကို ကူးဖို့ သူတို့မှာ အင်အားမရှိခဲ့ရှာပါဘူး ၊၊ အမှန်အတိုင်း ပြောရရင် ကျွန်တော် အဲဒီဘ၀တွေကို စိတ်နာတယ် ၊၊ လုပ်ချင်ပါလျက် လုပ်ဖို့ အင်အင်းတွေ ရှိပါ လျက် ၊ နောက်ခံဘက်ဂေ၇ာင်းလို့ လူတွေ လွယ်လွယ်ပြောနေတဲ့ အထောက်အပံ့ မရှိတဲ့ဘ၀တွေကို အမှန်တကယ် ကိုယ် ချင်းစာမိသလို စိတ်လည်းနာမိပါတယ် ၊၊ ဒါကြောင့်လည်း ဒီလိုဘ၀တွေ ကို ချပြနေမိပါတယ် ၊၊ အားလုံးကို သိစေချင်ပါတယ် ၊၊ နောက်လူတွေကို ကူညီ စေချင်ပါတယ် ၊၊
ကျွန်တော်အဲဒီ အရွယ်မှာ အ၇မ်းဖြစ်ချင်ခဲ့တာ ရှိခဲ့ဖူးပါတယ် ၊၊ အဲဒါကဘာလဲ ဆိုတော့ Junior Ambasdor ဆိုတဲ့ ဂျပန်ကို သွားရတဲ့ အစီအစဉ် တစ်ခုပါ ၊၊ ကျွန်တော်သိခဲ့တယ် ၊၊ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ မသိခဲ့ဘူး ၊၊ အဲဒီကတည်းတွေးခဲ့ဘူးတယ် ၊၊ ခလေးတွေးပေါ့လေ၊၊ ဘာလို့ ငါ့တို့ဘ၀တွေ ကွာခြားနေရတာလဲ၊၊

အထက်တန်း ကျောင်းသားဘ၀ ချင်းတူပါလျက် ၊ ဘာ့ကြောင့် ကျွန်တော်တို့ ကျောင်းက ဆရာဝန်တွေ အင်ဂျင် နီယာ တွေ မထွက်ရ တာလည်း ၊၊ ဘာ့ကြောင့် ဘာသာစုံဂုဏ်ထူးရှင်တွေ မပေါ်ပေါက်ရတာလည်း ၊၊ ဆရာတွေ လည်းအထက်တန်းပြချင်းတူပါလျက် ၊ လစာခြင်းလည်းတူပါလျက် ၊ နယ်ကျောင်းကကျောင်းသားတွေ အမှတ် မကောင်းရဘူးဆိုတဲ့ သတ်မှတ်ချက်များ ရှိနေလား ၊၊ အဲဒီအချိန်မှာ အဲဒီအတွေးကို တွေးဖို့အတွက် လူတိုင်းမဖြစ် နိုင်ပါဘူး ၊၊ အဲဒီအတွေးဝင်သလို အဲဒီအတွေးကို အကောင်အထည်ဖေါ်ဖို့လည်း လိုအပ်ပြန်ပါရော ၊၊ မဟုတ်ပေ လားဗျာ ၊၊ လက်ခံပါသလား ၊၊ အဲဒါလေးတစ်ချက်က ကျွန်တော့်ရဲ့ ဘောကန်ဖက်ငယ်ပေါင်းသူငယ်ချင်းတွေကို လမ်းခွဲ စွန့်ပစ်ခဲ့ရတဲ့ အကြောင်းရင်းပေါ့ဗျာ ၊၊

အဲဒီလိုနဲ့ အဲဒီလို ကျွန်တော်ချစ်တဲ့ မွေးရပ်မြေက စာသင်ကျောင်းလေးက ကျွန်တော့်ကို ဒိထက်ကောင်းတဲ့ ဘ၀ တစ်ခုကို မပို့နိုင်ဘူးဆိုတာသိတာနဲ့ တပြိုင်နက် ကျွန်တော် စွန့်ခွာဖို့ နည်းလမ်းတွေ ရှာကြံပါတော့တယ် ၊၊ ကျွန်တော် အဲဒီအချိန်ထိ ကံကောင်းခဲ့ပါတယ် ၊၊ အမေ့ရဲ့ ထောက်ခံအားပေးမှုနဲ့ အဖေ့ဆီကဗီဇာ လွယ်လွယ် ရသလို ထောက်ပံ့ကြေးပေးမယ့် Granter အစ်ကိုအစ်မတွေ လည်းရှိတော့ ကျွန်တော် ငယ်ငယ်ရွယ်ရွယ်နဲ့ မွေး ရပ်မြေကို စွန့်ခဲ့ရတာပေါ့ ၊၊ ဒီပိုစ့်မှာ ကျွန်တော့် ရဲ့ ငယ်သူငယ်ချင်းတွေကို တခန်းရပ်မှာပါနော်၊၊ သည်းခံ ပေးပါအုန်း ၊၊ ကျွန်တော်နဲ့ အမြဲတမ်း အမှတ်တူ အရည်အချင်းတူတဲ့သူငယ်ချင်းတွေ က တကသိုလ် ၀င် အောင် စာရင်းထွက်တဲ့အခါ သာမန်အောင်တဲ့သူနဲ့ ၊ ကျတဲ့သူနဲ့ ၊ ဂုဏ်ထူးဆိုတာ သူတို့အတွက် ဘုရားပေးတဲ့ ဆုလဒ် ထက်တောင် တန်ဘိုးကြီးနေလေတော့ ကျွန်တော် အံအားသင့်ခဲ့သလို ၊ ကျွန်တော့်ရလဒ်အတွက် လည်း အံအား သင့်ခဲ့ရပါတယ် ၊၊ တကယ်လို့ကျွန်တော်သာ ဒီမွေးရပ်မြေမှာ ဆက်နေခဲ့ရင် ကျွန်တော် သူတို့နဲ့အတူတူ ခုချိန်ဆို ပျော်နေပြီလား ၊၊ ၁၀ တန်းလေးတောင် အောင် ပါ့မလား ၊၊ ဒါဟာ ဘာ့ကြောင့် ဒီလို တွေ ကွဲပြား သွား ရတာလဲ၊၊ အရည်အချင်းမတူလို့ပေါ့ကွာလို့ မပြောပါနဲ့ ၊၊ ကျွန်တော့်ကို ကျွန်တော်သိပါတယ် ကျွန်တော်ဟာ သူတို့ထက် ဘယ်နေရာမှာမှ ပိုမသာခဲ့ဘူး ၊၊

ကျွန်တော့်ရဲ့ ငယ်ပေါင်း ၊ ငယ်ကပေါင်းတဲ့ သူငယ်ချင်း အပေါင်းရဲ့ အရေးပါ အရာ ရောက်မှုကို တင်ပြပါရစေ ၊၊ အမြင့်ဆုံး နိုင်ငံတော်တာဝန်ထမ်းဆောင် နေတဲ့ သူငယ်ချင်းက စိုက်ပျိုးရေးသိပံဆင်းတဲ့ ကျေးရွာ စိုက်ပျိုးရေ မန်နေဂျာ ၊ စစ်တပ်က လက်နက်စက်ရုံက တပ်ကြပ် ၊ ရဲဝန်ထမ်းကျောင်းဆရာမ ၊ စက်ချုပ်သူ ၊ ကွမ်းယာသည် ၊ စက်ဘီးပြင်ဆရာ၊ လဖက်ရည်ဆိုင်ပိုင်ရှင် ၊ ကုန်စုံဆိုင်ရောင်းသူ ၊ ဓါတ်ပုံဆရာ ၊ သာမန်လက်လုပ်လက်စား ၊ ခုချိန်ထိ အလုပ်အကိုင် မယ်မယ်ရရ မရှိတဲ့ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ၊ ပြည်ခိုင်ဖြိုး ယောင်ယောင် ၊ စွမ်းအားရှင်လိုလို သူငယ်ချင်းတွေလည်း ရှိပါတယ် ၊၊ အမှန်တကယ် ပါ ၊၊ ကျွန်တော် ဘယ်လိုများ ခံစားနေရမလဲ ၊၊ ကျွန်တော်နဲ့ ပြန်တွေ့တဲ့ အခါ ကျွန်တော့်ကို ကြည့်တဲ့သူတို့ အကြည့်တွေကို ရင်မဆိုင် ချင်ဆုံးပါ ၊၊ ငယ်ငယ်တုန်းက ဒိုးရိုက်ဖက်ချင်း ၊ ဘောကန်ဖက်ချင်း ကျွန်တော်က ဘာတွေ သာလို့ ကျွန်တော့်ကို ဒီလို ကြည့်ရတာလဲ ၊၊ ကျွန်တော်တကယ် မခံစားနိုင်ပါ ၊၊ အဲဒီလူတွေ ဟာ ၊ ကျွန်တော့်သူငယ်ချင်းတွေဟာ ၊ ခပ်ညံညံခပ်တုန်းတုန်းတွေ တော့လည်း မဟုတ်ပေ မယ့် အခုများတော့ သူတို့မှာ သူတို့ နေ့စဉ် ပုံမှန်ဝမ်းစာအတွက် ကိုသာ လုံပန်းနေရသလို ဖြစ်သလို ဖြတ်သန်းနေကြရတာပါ ၊၊ ဒါဟာ သူတို့မှာ ကြိုးစားဖို့ အခွင့်အရေး မရခဲ့လိုပါပဲ ၊၊ အဲဒီအခွင့်အရေးကို မသိခဲ့တာ မဟုတ်ပေမယ့် တောင်းဆို ဖို့ မဖြစ်နိုင်လို့ မေ့ချင်ယောင် ဆောင် ရင်းက တကယ်ကို မေ့သွားကြတာ ယနေ့ထိပါပဲ လေ ၊၊ စဉ်းစားကြည့်ပါ ၊၊ ငယ်ကပေါင်းတဲ့သူငယ်ချင်းတွေ အကြောင်းကို ၊ သူတို့ညံ့ခဲ့လို့မှာ မဟုတ်ခဲ့တာ ၊၊ သေချာပါတယ်ဗျာ ၊၊ သူတို့ညံ့လို့မဟုတ်ဘူး ၊၊ သူတို့မှာ အခွင့်အရေး မရခဲ့တာပါ ၊၊ ( ဒီနေ့ဒီကာလမှာ ငါတော်လို့ ဒီလိုနေရတာ ဆိုတဲ့ သူမျိုးကိုတွေ့ ရင် အင်မတန်မှ ရယ်ချင်မိတာ အဲဒီလို အသံတွေ အသံကြားရတိုင်းပါ )

ဒီမှာတင် ကျွန်တော်ရဲ့ အတိတ်ခရီး ကို နောက်ဆုံးအဖြစ် ကျွန်တော့် ငယ်ဘ၀ သူငယ်ချင်းများကို တခန်းရပ်ခွင့် ပြုပါ ၊၊ နောက်ဆုံး ဇာတ်သိမ်းအဖြစ် နောက်ပိုစ့်တစ်ခုနဲ့ ကျွန်တော်အတိတ်ခရီးကို အနှစ်ချုပ်တင် ပြပါရစေလို့ တောင်းဆိုရင်း ပျော်ရွင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည် ၊၊
လေးစားခြင်းများဖြင့်
မင်းအိမ်ဖြူ

10 comments:

Yu Ya said...

ကိုမင်းအိမ်ရေ... များများရယ်ပြီး မြန်မြန်မေ့ပလိုက်ပါဗျာ... စိတ်ထဲမှာ နေရထိုင်ရတာကောင်းပါတယ်။ ဒီလိုပါပဲ သွေးနာထင်ရောက်တယ်ဆိုတာမျိုးက ကုလို့မရတဲ့ ရောပါထဲမှပါတယ်ဗျ.။ သွားမကုနဲ့ ကုတဲ့သူပဲ ဓာတ်ကူးသွားလိမ့်မယ်။ လွတ်ထားပေးလိုက်ပါ။

ကိုမင်းအိမ်ပြောသလိုပါပဲ ... အဖြေတစ်ခုဆိုတာ အချိန်နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

အေးချမ်းပါစေ။
yu ya

ကိုလူထွေး said...

အဲဒါဟာ အမြင့်မှာထိုင်ပြီး အဂတိလိုက်စားနေတဲ့ အသုံးမကျတဲ့ လူတစုကြောင့်ပဲလေ...

စနစ်မကောင်းရင် ပြည်ပျက်သတဲ့...

လူသားတိုင်း တန်းတူအခွင့်အရေးရနိုင်ကြပါစေ...

Mae said...

ဖတ်ပြီး တမျိုးပါပဲ.. လူတစ်ယောက် တစ်နေရာရဖို့ဆိုတာ ကံ ဥာဏ် ဝီရိယ သုံးပါးလုံးနဲ့ ဆိုင်တယ်လို့ ယူဆပါတယ်၊

ကိုလူထွေးပြောသလို ခေတ်မကောင်းတာလဲ ပါတာပေါ့၊ ဒါပေမယ့် ဒီမှာရော စင်္ကာပူမှာရော အခွင့်အရေးရှိနေရက်နဲ့ သိပ်များများစားစား မရည်မှန်းတာတွေလဲ တွေ့နေရပါတယ်၊ ကိုမင်းအိမ် အရင်ရေးဖူးတဲ့ အလုပ်သမားသား အလုပ်သမားပဲ ဖြစ်တယ်ဆိုတာမျိုးပေါ့..

ဒီလိုပါပဲ၊ လူတွေအားလုံး တစ်ပုံစံတည်း ဖြစ်နေရင်လဲ လောကကြီးက အဓိပ္ပါယ်မဲ့နေမယ်ထင်တယ်၊ စာဖတ်ဝါသနာပါရင် စာအုပ်တစ်အုပ် ညွှန်းချင်တယ်.. http://www.classicreader.com/book/1279/

နဒီမိုးညို said...

တွေ့ ဖူးတာပေါ့..သွေးကြီးနေတဲ့လူတစ်ခို့ ..
တစ်နေ့ ..သူတို့ ..မဆင်း၇ဲ သွားဖူး.ဘယ်သူပြောနိုင်သလဲ
ဆင်း၇ဲတဲ့လူက..လဲ..မချမ်းသာသွားဖူး..ဘယ်လိုပြောမလဲ..
သေချာတာကတော့.ဟန်ချက်ညီအောင်..ထိန်းရင်း..ဘဝ..ကို
ဆက်လျှောက်ဖို့ ပါ...
တွေးစရာ..အများကြီး..ပဲနော်...

မယ်ကိုး said...

အခုလို ကိုယ်တွေ့ နဲ့  ယှဉ်ရေးထားတော့ အလုပ်သမားကြီးသား အလုပ်သမား ဆိုတာ အလေးထားစရာဖြစ်လာပါတယ်။

ကံဆိုတာ လူက လုပ်တာတဲ့။ ဖတ်ရတာ စိတ်မကောင်းဘူး။

မင်းနေ said...

ကံဆိုတာဘယ်လိုယူဆသလည်းပေါ့ ...
ကံဆိုတာလူကလုပ်ပါတယ်ဆိုရင် ... လုပ်ခဲ့မိသမျှအတွက် နောင်တမရှိပါဘူးဗျာ ....

Lucifer said...

စာဖတ်ရတာတော့စိတ်မကောင်းစရာပါလား.. နောက်ထပ်ပို့စ် တစ်ခုကိုမျှော်နေမယ်နော်..

သီဟသစ် said...

အင်း ကံက ပစ်ချထားတဲ့အတိုင်း ခံနေရသလိုပါပဲ ကိုမင်းအိမ်ရေ

တစ်ခုတော့ရှိပါတယ်။ နယ်တွေမှာနေပြီး ထူးချွန်အောင် ကြိုးစားနိုင်တဲ့သူ၊ ဖောက်ထွက်နိုင်တဲ့သူ တွေ အများကြီးပါပဲ။

ခင်မင်စွာဖြင့်
သီဟသစ်

ငှက်ကလေး said...

ကိုမင်းအိမ်ဖြူ ကိုယုယပြောသလိုပဲ များများရယ်ပြီးများများအိပ်ပလိုက် ဟုတ်လား ညီမဆိုအဲဂလိုပဲ လုပ်တယ် ဟဟဟဟ

ဖတ်ပြီး ဟင်းးးးးးးးးး ဆိုပြီး သက်ပြင်းရှည်ကြီး ချသွားတာ ယုံလားးးးးး လူလဲကြာရင် အဘွားကြီးအိုရုပ်ပေါက်တော့မယ် ဟွန်းးးး

မင်းအိမ်ဖြူ said...

ကျေးဇူးတင်ပါတယ်

ဟုတ်ပါတယ်ကိုလူထွင်းရေ

တချို့ကအခွင့်အရေးမရလို့ အချို့ကတော့ အခွင့်အရေး ရပါလျက် မှန်ပါတယ်မမေ
ကျွန်တော့်စာလေးတွေ သေချာဖတ်ပေးလို့

နဒီ သေချာပါတယ်

မယ်ကိုး ရေ အစ်ကိုတို့က အတွေးတွေတူပါတယ်

ကိုမင်းနေ အင်း........

မမီးရေ ထပ်တင်ပါမယ်ဇာတ်သိမ်းလေးပေါ့

ကိုသီဟရေ လက်ခံပါတယ် သို့သော် Transit တွေ များလွန်းတာပေါ့အစ်ကိုရယ်

ငှက်ကလေးရယ် အဖွားကြီးတော့လုပ်ပါနဲ့အုံး ဦးဦးတို့ အရင်အိုပါရစေဗျာ