Wednesday 15 July 2009

စာရိတ္တ ခိုင်မာရေး တဲ့လား

Seoul teachers targeted in anti-bribery drive


ကျောင်းသား များ ၊ ကျောင်းသားမိဘများထံမှ လက်ဆောင် များ ၊ ငွေကြေးနှင့် လာဘ်ပသကာများ လက်ခံတယ် ဆိုတာဟာ တကယ်တော့ ဆရာဆရာမများရဲ့ ဂုဏ်သရေ ကို ညှိုး နွမ်းစေပါတယ် ၊၊ အဲဒီလို ကျောင်းသားမိဘများထံမှ လက်ဆောင် ပစည်းများ လက်ခံနေပါတယ် ဆိုတဲ့ ဆရာဆရာမများကို ဖေါ်ထုတ်သတင်းပေးသူများအား ဆုငွေ ချီးမြှင့်ပါမယ် ဆိုတဲ့ လှုပ်ရှား မှုတစ်ရပ် ကိုးရီးယား နိုင်ငံ ဆိုးမြို့ ပြုလုပ်ခဲ့ပါတယ် ၊၊

ဆိုးမြို့ မှာရှိတဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းကြီးမှ နေပြီးတော့ ကိုးရီးယားငွေ သန်းပေါင်း ၃၀ ၊ စင်ကာပူဒေါ်လာ ၃၄၃၂၀ ကို ချီးမြှင့်မှာ ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ခဲ့ပါတယ် ၊၊ဒီအစီအစဉ်ဟာ အကျင့်ပျက် ချစားနေတဲ့ အမူအကျင့်ရှိသူဆရာဆရာမတွေ ကို ဖေါ်ထုတ်ပြီး အဲဒီလို အမူအကျင့်မျိုး ကို မှေးမှိန်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ် ၊၊ အတိအကျ သတင်းပေးတိုင်ကြားသူ ၅ ယောက်မှ ၇ ယောက်အထိ ကို ဆုချီးမြှင့်သွားမှာပါ ၊၊ ဖွဲ့စည်းထားတဲ့ ကော်မတီမှ လက်ခံရရှိတဲ့ တိုင်ကြားစာများကို သေချာစွာစိစစ်ပြီး ရွေးချယ် မှာလို့ ဆိုပါတယ် ၊၊

သူတို့ အဖွဲ့ရဲ့ တိုင်းတာ လေ့လာတွေ့ ရှိချက်များ အရတော့ ကျောင်းသားမိဘ ၁၆၆၀ လျှင် ၅ ယောက်က လက်ဆောင် များနှင့် ငွေကြေးများ ပေးရတယ်လို့ ဆိုပါတယ် ၊၊ ဒီလိုဖြစ်ရပ်ကို မကျေနပ်တဲ့ ၊ ကာလကြာရှည် မြိုသိပ်ထားရတဲ့ ကျောင်းသားမိဘများကတော့ အခုလို အစီအစဉ်ကို ကျေကျေနပ်နပ်ကို လက်ခံခဲ့ပါတယ် ၊၊ ဒီအစီအစဉ်ကို ကို လည်း အထူးကို ကျေးဇူးတင်နေကြပါတယ် ၊၊ ၄၆.၈ ရာနှုန်းသော ကျောင်းသားမိဘများကတော့ ဒါဟာ တကယ်တော့ လာဘ်ပေးလာဘ်ယူတဲ့ အပြစ်တစ်ခုပါပဲ လို့ ဆိုကြပါတယ် ၊၊သဘောကတော့ သူတို့ ဒီလိုပေးရတာမျိုးကို မကျေနပ်ပါဘူး လို့ ဆိုကြတာပါပဲ ၊၊ ဒီလို အကျင့်ပျက် စရိုက်ဆိုး ကို လည်း ပပျောက်စေလို ကြပါတယ် ၊၊

ပြသနာကတော့ ဘာဖြစ်လာလဲဆိုတော့ လောလောဆယ်မှာ ဆိုလ်းမှာ ရှိတဲ့ ပညာရေးဆိုင်ရာ အဖွဲ့ အစည်း ရုံး ၁၆ ရုံးအတွက် ၃ နှစ်အတွင်း တိုင်းတာရရှိတဲ့ အကျင့်စာရိတ္တကောင်းမွန်မှူ ရမှတ်က အင်မတန်မှ နည်းနေ ပါတယ် ၊၊ အဲဒီလိုတိုင်ကြားခံရတဲ့ ဆရာ တွေကလည်း ဒေါသထွက်နေပါတယ်တဲ့ ၊၊ ပြန်လည် ဖြေရှင်းဖို့ အဆင့်သင့် ဖြစ်နေကြတယ် လို့ ဆိုပါတယ် ၊၊ ဒါဟာလည်း နောက်ထပ် ပြသနာတစ်ခုပါ ၊၊ ပညာရေးဆိုင်ရာ ပြော ရေးဆိုခွင့်ရှိသူ Mr Kim Dong Seok ဆိုသူကတော့ ဘယ်လိုပြောသလဲဆိုတော့ တချို့လူတွေ ဟာ ဆုကြေးငွေ ရယူလိုမှုအတွက် ပုဂ္ဂိုလ်ရေး မုန်းတီးမှုအပေါ်မှာ မှားယွင်းတဲ့ တိုင်တန်းချက်တွေ ပေါ်ပေါက်လာပါ တယ် ၊၊ အဲဒီအတွက် အမှန်တကယ် ရိုးသားတဲ့ ဆရာတွေ ကို အကာအကွယ်ပေးဖို့ လိုအပ်ပါတယ် လို့ ဆိုပါတယ် ၊၊ နောက်ထပ်အရေးကြီးဆုံးကတော့ ကျောင်းသားတွေ နဲ့ ဆရာတွေ ကြားမှာရှိတဲ့ အပြန်အလှန် ယုံကြည် ချစ်ခင်မှုဆိုတဲ့ ဆက်ဆံရေးတစ်ခုကို ပျက်ပြားစေလိမ့်မယ် လို့ သူကစိုးရိမ်တကြီးဆိုပါတယ် ၊၊ ဒါဟာ တကယ့်ကို ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးတဲ့ အချက်ပါ လို့ ထပ်လောင်းပြောဆိုလိုက်ပါတယ် ၊၊

( My Paper မှ သတင်းတိုလေးအား ခံစား ဘာသာပြန်ပါသည် ၊၊ မှားယွင်းမှုများသည် စာရေးသူ၏ ချိုးယွင်း ချက်သာဖြစ်ပါကြောင်း တောင်းပန်ပါသည် )


အင်း ဒီသတင်းလေးဖတ်မိတဲ့အခါ ကိုယ့်ရဲ့ငယ်ဆရာတွေကို သတိယမိတာတော့ အမှန်ပါပဲ ၊၊ တကယ် စဉ်းစား မယ်ဆိုရင် ဆရာ ဆရာမတွေ ဆိုတာဟာ နိုင်ငံတော် အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်ပါတယ် ၊၊ ပညာရေးဆိုတာ ဟာ အကျင့်စာရိတ္တ ရဲ့ မဏိုင် တစ်ခုပင် မဟုတ်ပါလား ၊၊ ဒီလိုပညာရေးရဲ့ အရေးပါမှုကို သိမြင်ရပါလျက် နောင်လာနောက် သား လူငယ်များရဲ့ ဦးဆောင်လမ်းညွှန် ဆရာတွေ အတွက်လည်း ကြံကြံ့ခိုင်ဖို့ ၊ မယိုင်လဲဖို့ ဘယ်လို အားနဲ့များ ခြေ ကန်ထားရပါမလဲ ၊၊ လူအဖွဲ့အစည်းအတွက် အရေးကြီးဆုံး သော အခြေခံ အချက်ကြီး ၃ ခုဖြစ်ပါတဲ့ စားရေး ၊ ၀တ်ရေး ၊ နေရေး ဆိုတဲ့ အခြေခံအချက်တွေ ပြည့်စုံပါမှသာ စာရိတ္တ မယိုင်အောင် ခြေကန်နိုင်မှာ မဟုတ်ပေ လားဗျာ ၊၊

အူမတောင့်မှ သီလစောင့်နိုင်ပါသတဲ့လေ ၊၊ ကျွန်တော်တို့ ဒီနေ့ဒီအချိန်မှာ ဒီလို ရပ်တည်နိုင်ဖို့ သင်ကြားပေးခဲ့ ကြတာဟာ ကျွန်တော်တို့ရဲ့ ဆရာများ မဟုတ်ပါလားဗျာ ၊၊ ကျွန်တော်တို့သာ ကြီးပြင်းလာတယ် ၊ ဆရာဝန်ကြီး တွေ ၊ အင်ဂျင်နီယာကြီးတွေ ဖြစ်လာတယ် ကျွန်တော်တို့ ဆရာဆရာမတွေ ကတော့ မူလတန်းမှာ ကျန်နေခဲ့ကြ ဆဲပါ ၊၊ ဟိုးကတည်းက ၀တ်ဆင်ခဲ့တဲ့ လုံချည်အစိမ်းလေးလည်း နွမ်းနေဆဲပါပဲလေ ၊၊ အင်္ကျီအဖြူလေး လည်း ဖားအု တွေ စွဲနေ လို့ပါလား ၊၊ ကိုယ့်တပည့်လေးတွေ က ကြီးပြင်းလို့ လူလားမြောက် ၊ အရွယ်တွေ ရောက် ကြီးပွား နေပေမယ့် ကျွန်တော်တို့ရဲ့ ဆရာတွေ ကတော့ ခုချိန်ထိ နဂိုအတိုင်း မပြောင်းလဲသေးပါလားနော......


လွမ်းဆွတ်ခြင်းများစွာဖြင့်
မင်းအိမ်ဖြူ

7 comments:

Yu Ya said...

နာ(၃)နာ သမားတွေပေါ့ဗျာ...သူတို့အတွက် မျှော်လင့်ချက်ဆိုလို့ တပည့်တွေ ထူးချွန်စွာ စာတတ်မြောက်သွားရေးပဲ ရှိတယ်မဟုတ်လား... အထူးသဖြင့် သူငယ်တန်းက ဆရာမတွေကို ပိုပြီး သတိရမိပါတယ်ဗျာ..

ကျေးဇူးတင်စွာဖြင့်
ကျေးဇူးတင်စွာဖြင့်

မယ့်ကိုး said...

ဒီစာလေး ဖတ်ပြီး ရင်ထဲမှာ အမြဲအမှတ်ရနေတဲ့ ငယ်ငယ်က ဆရာတစ်ချို့ ကို ပိုသတိရမိပါတယ်။

မေဇင် said...

နောင့် တို့ငယ်ငယ်တုန်းက ဆရာတွေကို လက် နဲ့ပဲ ကန်တော့ တယ်..ဟိဟိ...။အဲ့ဒါလဲ သူတို့ ပိတိလေး တွေဖြစ်လို့...။

ဝက်ဝံလေး said...

ဟုတ်တယ် သူငယ်တန်းက ဆရာ ဆရာမတွေက ပိုအရေးပါတယ် ဘာလို့လဲဆိုတော့ စာကိုဘယ်လိုရေး ဘယ်လိုဆွဲဆိုတာ ကို သူတို့သင်ပေးမှလေမဟုတ်ရင် အမှားကြီးတွေ တသက်လုံးပဲ
ကျေးဇူးပါ ကိုမင်းအိမ်ဖြူရဲ့ ဒီပို့စ်အတွက် ငယ်ငယ်က ဆရာမတွေကို သတိရသွားပြီ

ဘိုင်

mae said...

“အူမတောင့်မှ သီလစောင့်နိုင်ပါသတဲ့“

ကျမလဲ ဒီလိုပဲ စဉ်းစားမိတယ်၊ အတွေးတွေ ပေးတဲ့ အတွက် ကျေးဇူးပါ၊

မငုံ said...

ပိုစ့်ကောင်းလေးပါ။ မူလတန်းမှ အထက်တန်းအထိ စာသင်ပေးတဲ့ ဆရာ၊ ဆရာမများကို အထူးသတိရမိတယ်။ မှန်တယ် မူလတန်းက ဆရာမတွေကို အခုထိမမေ့သေးဘူး။ ပိုချစ်သလိုပဲ။

မင်းအိမ်ဖြူ Minn Eain Phyu said...

ကျွန်တော်နဲ့ အတူ ငယ်ဆရာ ငယ်ဆရာမ များကို သတိယ လွမ်းဆွတ်နေကြသော သူငယ်ချင်းများ အား ကျေးဇူးအထူးတင်ရှိပါသည် ၊၊

ကော့မန့်မရေးသွားတဲ့သူတွေက ဆရာတွေကို မေ့နေလို့ လို့ မှတ်ပါသည် ၊၊ ဟာဟာ နောက်တာပါ

ပျော်ရွှင်ကြပါစေ

ချစ်ခြင်းများဖြင့်
မင်းအိမ်ဖြူ