Thursday 20 August 2009

Opposite Thinking

ထိလွယ်ရှလွယ် ခံစားလွယ်နေဆဲ
ဘာကိုဖြစ်ဖြစ် အသေးအမွှားကစ ခံစားတက်နေဆဲ ၊၊

တောသားတစ်နေ့တောပြန်မှာပါ
အရောင်မတူတဲ့နေရာမှာ တောသားမပျော်ပါဘူး ၊၊

ဒါပေမယ့် ကျေးဇူးလည်းတင်တယ်
ကိုယ်မသိတာတွေလည်းသိရတယ် ၊ ကိုယ်နားမလည်တာတွေလည်းကြားရတယ် ၊၊

အမေလွှတ်လိုက်ကတည်းက အလည်အပတ်လို့ သဘောထားပါသားတဲ့
တစ်နေ့တော့ ပြန်လာခဲ့ပါသား တဲ့လေ ၊၊

အိုလေ သူ့ဆီမှာ ကိုယ့်ထက်သာတာရှိရင် ဘာလို့သာလဲပဲ တွေးတယ်
ကိုယ့်မှာ မရှိတာရှိနေတဲ့ သူ့ကို အထင်မကြီးပေမယ့် အထင်လည်း မသေးမိပါဘူး ၊၊

သေချာတာကတော့ ကိုယ့်ထက်သာနေတာကို လက်ခံလိုက်ဖို့ပဲ
ကိုယ်လည်း သူ့ထက်သာအောင် စွမ်းဆောင်ဖို့ပဲ၊၊

မကောင်းတာတွေ ရွေးပြီး ၊ မကောင်းတာတွေ တွေးနေရင်တော့
အင်း သားအဖနှစ်ယောက် ခရီးသွားတာ ဒီလားတစ်ကောင်နဲ့ ဘယ်နှစ်နှစ်တောင် ကြာခဲ့ပြီလဲ
ချည်ထည်တွေ ပေါလို့ လွယ်အိတ်တွေ များတယ် ... အင်းဒါတွေ ဟာ ဒေသထွက်ကုန်တဲ့လား ၊၊

သေချာတာကတော့ ဘယ့်သူ့ကိုမှ အထင်မကြီးသလို
ဘယ်တစ်ယောက်ကိုမှာ အထင်မသေးတက်သလို
ကျေးဇူးတင်ထိုက်သူကိုတော့ ကျေးဇူးတင်မိတာ ဘာသာရင်ထဲကစေတနာပါ ၊၊

ဆန်ပေးလို့ဆီရတယ် ၊ သူပေးလို့ ငါလုပ်တယ် ဆိုတာထက်
ကိုယ်လိုအပ်တဲ့အချိန်မှာ ကူညီပါလားလို့ပဲ တွေးတွေးပြီး ကျေုးဇူးတင်လိုက်တယ် ၊၊
ဒါပါပဲ ၊၊
ဒါလေးပါပဲ ၊၊

1 comment:

Yu Ya said...

နှလုံးသားလေး ခံစားလှချည်လား ကိုယ့်သူငယ်ချင်း ကိုမင်းအိမ်ရယ်...။

yu ya