Tuesday, 11 August, 2009

To Be Cooking Rice


ထမင်းတစ်လုံးဖြစ်ဖို. အတွက်


၁၊၊ ထမင်းချက်ချင်တဲ့စိတ်

၂၊၊ထမင်းချက်ဖို့အချိန်

၃၊၊ထမင်းဖြစ်လာမယ့် ဆန်

၎၊၊ထမင်းချက်ဖို့ ရေ

၅၊၊ထမင်းချက်ဖို့အိုး

၆၊၊ထမင်းချက်ဖို့ မီး ဆိုတဲ့


အခြေခံ အချက်ကြီး ၆ ချက် လိုအပ်ပါတယ် ၊၊ ချက်ကျွေးချင်တဲ. စိတ်အတူတူ ရှိနေ မယ် ဆိုရင်တောင် ထမင်း တစ်လုံး ဖြစ်လာမယ့် အထောက်အပံ့ တွေ မပြည့်စုံ ခဲ့ရင် ကောင်းမွန်တဲ. ထမင်းအိုးတစ်လုံး ၊ ထမင်းပွဲ တစ်ခု ဖြစ်လာမယ် မဟုတ်ဘူး ဆိုတာတော့ ကျွန်တော် ရဲ့ တစ်ဖက်သပ် ယူဆချက် သပ်သပ် များ ဖြစ်နေမလားပဲ ၊၊


တွေးဖြစ်နေတဲ့

မင်းအိမ်ဖြူ

7 ခံစားချက်:

မေဇင် said...

အန်...ဘယ်လောက်ကြာတာမှတ်လို့.... အဲ့ဒါ အားလုံးက စလုံးမှာ မြန်မှမြန်...ရေ၊ မီး ၊ အိုး၊ ဆန် အဲ့ဒါတွေက အဆင်သင့် ပဲ ဘယ်အချိန်မဆိုပေါ့... ဒါပေမယ့် အချိန် နဲ့ စိတ်တော့ တိဝူးးးးးးးးးးး အလွန်ဆုံး ၅ မိနစ်လောက်ပဲ အချိန်ကုန်ပါတယ်.. ကျက်ဖို့ကို တော့ ဟိုဟာလေး ဒါလေး လုပ်ရင်နဲ့စောင့် ၁၅ မိနစ်ပေါ့

မင်းအိမ်ဖြူ said...

အဟတ် ဟုတ်သားပဲ

မေဇင်ပြောမှ ပြန်စဉ်းစားမိတယ်

ကိုယ်ရူးနေပြီလား Haha P:

Lucifer said...

အော်... သူပြောမှ ထမင်းချက်ရတာ အဆင့် တွေတော်တော်များတယ်ဟဲ့..

eveningstar said...

အင်း ဒီလိုဆိုတော့လည်း တော်တော်ခက်နေတာပဲ။ ဒါပေမယ့် ဖွတ်ဂလိဒင်္ဂါးလေး နည်းနည်းပါးပါးလောက်ရှိရင်လည်း ကျန်တာတွေ မရှိလည်း ဖြစ်နိုင်တာပဲလို့ အခြားတစ်ဘက်ကနေ ပြန်တွေးလိုက်မိပါတယ်။

လသာည said...

ဒါများ ဘာများခက်အောင် စဉ်းစားနေစရာလိုလို့လဲကွာ။ ချက်ကျွေးချင်တဲ. စိတ်ရှိဖို့က အဓိကပဲဟာ။

အချက်တစ်ရှိရင် ပြီးတယ်။ ဒါပေမဲ့ အဲဒါ မရှိတဲ့သူသာဆိုရင်တော့ အိုးမရှိလို့ပါ..။ အချိန်မရှိလို့ပါ..ဆိုပြီး ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်တွေ.. :P ဆင်တစ်ကောင်လုံး အသုံးချသွားလိမ့်မယ်။

ဧကန္တ ကိုမင်းအိမ်တစ်ယောက် ဘလော့လာသူတွေကို ချက်ကျွေးဖို့ အစီအစဉ် ရှိနေပြိထင်တယ်။

ဘာပဲဖြစ်ဖြစ် အခု ကိုမင်းအိမ်မှာ ချက်ကျွေးချင်စိတ် ရှိနေပြီဆိုတော့ အရာရာကို မဖြစ်ဖြစ်အောင် ကြိုးစားချက်တော့မှာသေချာတယ်။

ကောင်းတယ်ကောင်းတယ် စိတ်ဆန္ဒလေး အထမြောက်ပါစေလို့။ :P

Yu Ya said...

ကိုမင်းအိမ်ရေ...ကျွန်တော်မှာတော် အဲဒီ အခြေခံ ၆ ချက်ရှိနေပါသော်လည်း ထမင်းချက်ဖို့ နေရာလေးတစ်ခု ပျောက်နေပါသဖြင့် ထိုအခြေခံ ၆ ချက်ရှိနေပါသော်လည်း ကိုမင်းအိမ်ကို ဖိတ်ကျွေးဖို့ ထမင်းဖြစ်မလာပါဘူးဗျာ...။ အဟီး..။

yu ya

Mae said...

microwave နဲ့ ချက်လဲ ရတယ်လေ.. အဟတ်

စ တာပါ၊ ကိုမင်းအိမ်ရေးတာက ထပ်ဆင့် အတွေး ပေါ်သွားတယ်၊ nice thought