Friday 4 September 2009

လိုအပ်မယ်ထင်တာလေး

မြန်မာနိုင်ငံမှာတုန်းက အလုပ်ရှာတဲ့အခါမှာ အရေးမကြီးဘူးလို့ထင်ထားပေမယ် အခု စင်ကာပူ ကိုရောက်တဲ့အခါမှာ မဖြစ်မနေလုပ်ရတာကတော့ Resume Form ကောင်းကောင်း တစ်ခု ပြင်ဆင်ရတာပါပဲ ၊၊ မလိုအပ်ဘူးလို့ မြန်မာနိုင်ငံမှာ ထင်ထားခဲ့ပေ မယ့် ဒီကိုရောက်လာတဲ့အခါမှာတော့ တော်တော် အရေး ပါတယ် ဆိုတာ အလုပ် ရှာဖူးသူတိုင်း သတိထားမိကြမှာပါ ၊၊ မြန်မာပြည်မှာက လျှောက်လွှာတင်သမျှလူကို ပထမဆုံး အင်တာဗျူး အဖြစ်လူတွေ့ခေါ်ပေမယ့် ဒီမှာကတော့ သတ်မှတ်ထားတဲ့လူလောက်ကိုသာ ခေါ်တွေ့တော့တာပါ ၊၊ သူတို့ အဆိုအရတော့ Shortlist Candidates ကိုပဲ ခေါ်ယူပါမယ် ပေါ့ ၊၊ ဆိုလိုတာ ကတော့ လူတိုင်းကို သူတို့ ခေါ်မှာ မဟုတ်တော့ပဲ သူတို့ စိတ်ဝင်စားတဲ့သူ ကိုသာခေါ်မယ် ဆိုတဲ့သဘောပါ ၊၊ အဲဒီတော့ ရတာ မရတာအပထား လူချင်းသွားတွေ့ခွင့် ရဖို့ကိုက တော်တော် မလွယ်တဲ့ သဘောပေါ့ ၊၊

အဲဒီအခါမှာတော့ ကိုယ့်ရဲ့ အရည်အချင်းကို တင်ပြတဲ့ ကိုယ်ရေးရာဇ၀င် စာရွက်ပိုင်းလေး က တော်တော်ကို အရေးပါတဲ့အပိုင်းကို ရောက်လာပြီလို့ ဆိုရပါမယ် ၊၊ သူတို့ စိတ်ဝင်စား စေမယ့် အရည်အချင်းတွေ ရှိနေဖို့ လိုအပ်ပါတယ် ၊၊ တင်ပြပုံကောင်းကောင်းလေး ပြင်ဆင် ထားဖို့လိုအပ်တယ် လို့ထင်ပါတယ် ၊၊ အခုအခါမှာတော့ အင်တာနက်ကနေပြီးတော့လည်း ပုံစံနမူနာတွေ ကို Free Download ဆွဲနိုင်သလို ၊ ၀ယ်ယူလို့လည်းရပါတယ် ၊၊ နောက် တစ်ခါ ရှေ့မှာ Cover Letter လို့ခေါ်ကြတဲ့ Application Form ကိုလည်း တက်နိုင် သမျှ ကောင်းကောင်းလေး ရေးထားဖို့လိုအပ်ပါတယ် ၊၊ ရှားပါးလှတဲ့ အချိန် အတွင်းမှာ ထိထိမိမိ သတင်းပေးနိုင်ဖို့က ကိုယ့်ရဲ့ တာဝန်ပါ ၊၊ အင်္ဂလိပ်စာ အင်မတန် ကောင်းဖို့ မလိုပေမယ့် သူသိစေဖို့ လိုအပ် တဲ့ သတင်း အချက် အလက် ပေးဖို့တော့ လိုအပ်ပါ တယ် ၊၊

အဓိကကတော့ ကိုယ့်ရဲ့ ပညာအရည်အချင်း ၊ နောက် အလုပ်အကိုင်အတွေ့အကြုံတွေကို တိုတိုရှင်းရှင်း ထိထိမိမိ တင်ပြနိုင်ဖို့ပါပဲ ၊၊ ဒါမှသာလျှင် ကိုယ့်အတွက်လည်း အခွင့်အရေး သာနိုင်ပါတယ် ၊၊ တစ်ခု သတိထားရမှာကတော့ ကိုယ်တကယ် မတက်ကျွမ်း ၊ နားမလည် တာကို ထည့်မရေးမိစေဖို့ ရှေုာင်ရှားစေချင်ပါတယ် ၊၊ တခါတလေ ကိုယ်က သူများဆီက ကူးယူတဲ့အခါ ကိုယ်တကယ် မကျွမ်းကျင်ပါပဲလျက် ထည့်မိတာလေးတွေ ရှိတက်ပါတယ် ၊၊ အကယ်မို့ ကူးယူမိပြီဆိုလျှင်လည်း ကိုယ်ကိုတိုင် ကိုယ့် Resume ပါ အချက်အလက် လောက်ကိုတော့ သိထားသင့်တယ်လို့ ထင်ပါတယ် ၊၊ ဒါဟာ တကယ်ကို အရေး ကြီးတဲ့ အချက်ပါပဲ ၊၊ ဘာလို့ဒီလိုဆိုရသလဲဆိုတော့ ကိုယ်တွေ့သူငယ်ချင်းတစ်ယောက် ကြုံခဲ့ဖူး လို့ပါပဲ ၊၊ အဲဒီအခါ နှစ်ဦးနှစ်ဘက်နစ်နာပါတယ် ၊၊ သူလည်းကိုယ့်အတွက် အချိန်ကုန်သလို ကိုယ်လည်း အကြောင်းမဲ့သပ်သပ် လူလိမ်လို့ အထင်ခံရနိုင်ပါတယ် ၊၊

ဆက်လက်တင်ပြပါအုံးမည် ၊၊
လေးစားစွာဖြင့်
မင်းအိမ်ဖြူ

1 comment:

မေဇင် said...

မှန်ပါတယ်...ကိုမင်းအိမ်ဖြူ....နောင့် ဆိုရင် မြန်မာပြည်က ရေးလာတဲ့ resume ကို ... ဒီရောက်တော့ အဒေါ်က မသုံးပဲ အသစ်ပြန်ရေးပေးတယ်...။း)) အရေးကြီးပါတယ်..။ တစ်ခါ တစ်ခါ သူတို့က အလုပ်အတွေ့အကြုံ မေးတဲ့အခါ resume ထဲက ရေးထားတဲ့အတိုင်း ပြောလိုက်ရင်ပဲ နဲနဲတော့ အဆင်ပြေတယ် ပြောကြတယ်..။