Tuesday 8 September 2009

နေရာလေးတစ်ခု


ဒီနေရာလေးမှာ တရားဝင်ထိုင်ပြီး ဟောဒီလိုညနေခင်း နေ၀င်ချိန်လေးတွေကို ငေးချင်မိပါရဲ့ ၊၊ ဘယ်တော့များမှ ကိုယ့်အလှည့်ကျမှာလဲနော် ၊၊ စောင့်စားခဲ့တာ အချိန်တွေကြာပေါ့ ၊၊ အင်း ဘာပဲဖြစ်ဖြစ် ဆက်စောင့်နေအုံးမှာပဲ ၊၊ တစ်နေ့တော့ ကိုယ့်အလှည့်ရောက်လာမှာပေါ့ ၊၊ သွားစရာနည်းလမ်းတွေ အသွယ်သွယ်ရှိပေမယ့် ကိုယ့် လိပ်ပြာ ကိုယ်လုံချင်သရွေ့တော့ လမ်းရိုးကို လျှောက်လှမ်းနေမှာပဲ ၊၊ ကျားကုတ်ကျားခဲ ရခဲ့တဲ့ နည်းနည်းလေး မို့ လွယ်လွယ်လည်း စွန့်မပစ်နိုင်ဆဲ၊၊

7 comments:

ဝက်ဝံလေး said...

အွန့် ဘာတွေ ဖစ်နေတာတုံး ဒါက တယောက်တည်း ပြောစမ်း

ဝက်ဝံလေး said...

စိတ်ညစ်နေတာလား ဘာဖြစ်နေတာတုံး ဟင် ဂယ်မသိလို့မေးတာ စိတ်ညစ်နေရင် ရင်ဖွင့်လှည့် နားထောင်ပေးမယ် နော် ဟုတ်ပြီလား ပစ်မထားပါဘူးနော်

ဝက်ဝံလေး said...

အိုကေ နော် ဂလိုဆိုရင် ပြန်ပြီသိလား ဘိုင်တာ့တာ

Yu Ya said...

သူငယ်ချင်းရယ်.. အချိန်ဆိုတာရောက်လာတဲ့တစ်နေ့ ဘာကိုမှ ရှောင်လွှဲလို့မရဘူးဆိုတာကို သိလျက်နဲ့ “ဘယ်တော့များမှ ကိုယ့်အလှည့်ကျမှာလဲနော်” တဲ့လား..

သူငယ်ချင်းဆန္ဒတွေပြည့်ဝဖို့ အဲဒီအချိန်အမြန်ရောက်လာပါစေလို့ပဲ ဆုတောင်းပေးပါတယ်..

yu ya

Mogok Thar said...

ညီမင်းအိမ် ရေ...

ကောင်းသော စိတ်ဆန္ဒတေါ အားလုံး ဖြစ်လာပါစေ လို့ ၀ိုင်းကူ ဆန္ဒပြု သွားပါတယ်ဗျာ။

ပျော်ရွှင်ချမ်းမြေ့ပါစေ။

mae said...

အဆင်ပြေပါစေ ကိုမင်းအိမ်

နေဒေးသစ် said...

ဖြစ်ချင်တာတွေ ဖြစ်လာရမယ်လို့သာ ယုံကြည်ထားလိုက် ကိုမင်းအိမ် ..
သေချာတယ် ဖြစ်ကို ဖြစ်လာမှာ ..

နေဒေးသစ်။