Friday 11 September 2009

အဟုတ်တကယ်ကျေးဇူးပါ

အဟုတ်တကယ်ကျေးဇူးတင်ပါတယ် ၊၊ လမ်းကြုံလို့ပဲဝင်ဝင် ၊ အားနာလို့ပဲလာလာ ၊ ဖတ်ချင်လို့ပဲ ဆိုဆို ဘာလို ခံစားချက်နဲ့ပဲ ရောက်လာပါစေ တကယ်အဟုတ်ကျေးဇူးပါ ၊၊ ကိုယ့်ရင်ထဲမှာမွန်းကျပ်တာတွေ ခံစားတာတွေ ဟုတ်တာတွေရော ထင်တာတွေပါ ဝေေ၀ဆာဆာ တင်ချင်တာတွေ တင်လာတာလည်း မနည်းတော့ပါဘူး ၊၊ အားကလည်း ခပ်နာနာပါ ၊၊ တခါတခါ လူတိုင်းကို ပြောပြလို့မရတဲ့ခံစားချက် က ကိုယ်မသိတဲ့ မိတ်ဆွေတွေကို ရင်ဖွင့်လိုက်တဲ့အခါ ပေါ့ပါးသွားတဲ့ ခံစားချက်ကြောင့်တင်နေမိဆဲ ၊ ရေးနေမိဆဲ ၊၊ ကိုယ်မမြင်ဘူးတဲ့ သူငယ်ချင်း တွေကို ပိုခင်တွယ်မိနေဆဲ ၊၊

တခါတခါတော့လည်း ကိုယ်ရေးချင်တာရေးမိတဲ့အခါ တဖက်သားများ ထိခိုက်သွားလေမလားရယ်လို့ နောက်ကျမှ စဉ်းစားမိတာမျိုးလည်း ရှိရဲ့ ၊၊ ကိုယ်ကတော့ ကိုယ်အမြင်နဲ့ ကိုယ်ထင်တာ တင်မိလေတာ ၊၊ သပ်သပ် သာထိခိုက်ပါစေလည်း မရည်၇ွယ် ၊၊ တခါတခါတော့လည်း ရှိတက်မှာပါပဲ ၊၊ ပွင့်ပွင့်လင်းလင်းပြော တဲ့ သူရှိနိုင်သလို တချို့လည်း တိတ်တိတ်လေး ကြေကွဲနေမလားပဲ ၊၊ ခံစားကြည့်တာပါ ၊၊ ရှိချင်လည်း ၇ှိမယ် ရှိချင်မှလည်း ရှိမယ်ပေါ့ ၊၊ ဒါကတော့ စာအပုဒ်တိုင်း ၊ အကြောင်းအရာတိုင်း ၊ ဘလော့ရေးသူတိုင်း တွေ့ကြုံရမှာပါ ၊၊ ကိုယ်တွေက ကိုယ်ထင်တာ တင်ပြသလို အခြားတစ်ဖက်မှာလည်း ထင်တာတွေ ရှိနေတက် တာကလား ၊၊ ဒါ့ကြောင့်လည်း လက်ခုံလက်ဝါးရယ်လို့ ဆိုခဲ့ကြပေသကိုး ၊၊

ဟောကြည့် အခုလည်းဘာရယ်မဟုတ် လတ်တလောဖျတ်ကနဲ ခံစားနေရတာလေး တင်မိပြန်ပြီ ၊၊ ဘာပဲဖြစ်ဖြစ် အဟုတ်တကယ်ကျေးဇူးပါဗျာ ၊၊ စာလေးဖတ်လို့ပေါ့ဗျာ ၊၊ အခြားရေးဖော်သူငယ်ချင်းများလည်း သတိထား မိစေပေါ့ ၊၊ ဟာဟ ဆရာလုပ်တာဟုတ်ဘူး ရယ် ၊ တတိပေးတာ ဘာမှ ဖြစ်လို့ရယ်ဟုတ်ဘူး ဟီဟိ..( အချိန်ခဏ လေးရလို့ ရုံးမှာဘလော့ကင်းလိုက်တာ )
ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

8 comments:

မယ့်ကိုး said...

စာဖတ်တဲ့သူဖက်ကလည်း အတွေးလေး အသိလေးတွေရလို့ ကျေးဇူးတင်ပါတယ် =)

khin oo may said...

ရေးပြီးတိုင်းဘာမျှားမှားသွားလဲမသိလို့ ခဏခဏ စဉ်စားမိတယ။် ဖျက်ရကောင်းနိုးလဲခဏခဏဖြစ်မိတယ်

မင်းနေဝေး said...

တတိပဲပေးတာလားဗျ ....
လူလစ်တုန်းဝင်မန့်တာ ..... :D

ဝက်ဝံလေး said...

ဟေ ရေးချင်တာရေးကွာ ကျောင်းအားရင် ဖတ်မယ် မအားတော့လဲ နောက်မှ ပေါင်းဖတ်တာပေါ့ နော့် ကိုမင်းအိမ်ဖြူရာ ဟိဟိ

ဘိုင်တာ့တာ

Yu Ya said...

သူငယ်ချင်း ကိုမင်းအိမ်ရေ.. Different Standing Points ကိစ္စတွေက ခေတ်အဆက်ဆက် ဖြစ်တည်လာနေတာဆိုတော့ ဘယ်သောအခါမှလည်း ညှိယူလို့ ရနိုင်မှာ မဟုတ်တော့ပါဘူးဗျာ။

ဘာပဲဖြစ်ဖြစ် ကိုယ်ယုံကြည်ရာလမ်းကိုတော့ သတ္တိရှိရှိလျှောက်လှမ်းရဲရမယ်လေ..အကောင်းဆုံးကို မျှော်လင့်ပြီးတော့ပေါ့။

အဟီး..ဆရာမလုပ်တဲ့သူကို ဆရာလုပ်သွားတာပါခင်ည။

yu ya

ရွှန်းမီ said...

စိတ်ညစ်တာတွေ ပြေပါစေ =)

mae said...

စာရှည်ကြီး အားတင်းပြီး ပြီးအောင် ဖတ်သွားတယ်
အဟတ်

နေဒေးသစ် said...

တစ်ခါတစ်လေ ကိုယ့်ရင်ဘတ်ကို သူများမြင်အောင် ခဏလောက် ဖွင့်ပြရတာလဲ Feel တစ်ခုပဲ ...

နေဒေးသစ်။