Tuesday 8 September 2009

သတင်းမှား

သတင်းမှားကိုလက်ခံရရှိတာဟာ အင်မတန်မှ အန္တာရယ်များပါတယ် ၊၊ အဲဒီသတင်းအချက်အလက်ကို မရတာ ကမှာ သတင်းမှားကို လက်ခံရရှိတာထက် ပိုပြီးကောင်းပါသေးတယ် ၊၊ ကျွန်တော်ဒီပိုစ့်လေးကို ရေးမိပြန် ပါပြီ ၊၊ ခံစားရတာလေးကို မျှဝေပေးခြင်းသပ်သပ်ပါ ၊၊ အခုလို စီးပွားရေးအခြေအနေမကောင်းတဲ့ကာလလေးမှာ အလုပ်အကိုင်တွေ ကျပ်တည်းနေတဲ့ အချိန်မှာ သတင်း မှားတစ်ခုကို လက်ခံရရှိမယ်ဆိုရင် အခြေအနေမကောင်းရင် ဘ၀ပါပျက်သွားနိုင်တယ် ဆိုတာလေး သိစေ ၊ သတိရစေလိုတဲ့အတွက် တင်မိပါတယ် ၊၊

တခါတလေမှာ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများကြောင့် ပြီးမြောက်အောင်မြင်သွားတဲ့ အကြောင်း အရာ တွေ ရှိသလို အဲဒီမိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများကြောင့်လည်း ဘ၀ပျက်သွားနိုင်ပါတယ် ဆို တာလေးကို မမေ့ကြစေချင်ပါဘူး ၊၊ကျွန်တော် ဟိုးရှေးပိုင်းစောစောတုန်းက ပိုစ့်တစ်ပုဒ်တင်ခဲ့ဘူးပါတယ် ၊၊ လခအကြောင်းအရာနဲ့ပါတ်သပ်လို့ပါပဲ၊၊ စင်ကာပူ၏ပထမဆုံးသောနေ့ရက်များ ၃ ဆိုတဲ့ပိုစ့်လေး ပါပဲ ၊၊ ကျွန်တော်ကတော့ ဒီကိုရောက်လာကတည်းက သူတို့သတ်မှတ်ထားတဲ့ အခြေခံလခရယ် ၊ နောက် အကြမ်းဖျင်းမေးမြန်းပြီး လုပ်လိုက်တာပါပဲ ၊၊ ဒါက အဓိက ဆိုလိုချင်တာမဟုတ်ပါဘူး ၊၊ အတော်များများ ပြောနေတဲ့ ဈေးလျှော့လုပ်တယ် ဆိုတဲ့ အကြောင်းပါပဲ ၊၊ လျှော့ တာမလျှော့တာ ၊ ဘယ်လောက်တောင်းတယ် မတောင်းတယ်ဆိုတာက ကိုယ့်ကိစ ကိုယ့်အပိုင်းမို့ ကိုယ်နဲ့သာ ပါတ်သပ်ပါတယ် ၊၊ လူတကာကို ပြောဖို့ မလို သလို လူတကာကို မေးဖို့လည်း မလိုဘူးလို့ ထင်ပါတယ် ၊၊

ဘာလို့ဒီလို ဆိုရပါသလဲဆိုတော့ ကျွန်တော်ကိုယ်တိုင် နှစ်ကြိမ်တိုင်တိုင် ကိုယ်တွေ့ကြုံဖူးလို့ပါပဲ ၊၊ ပထမအကြိမ် က ခုန တင်ခဲ့တဲ့ပိုစ့်ထဲက လူတစ်ယောက်ပါ ၊၊ သူတစ်ကယ်ပြောခဲ့တာပါ ၊၊ ကျွန်တော် တစ်ယောက်တည်းကို တောင် မဟုတ်ပဲ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း ကိုပါ ၊၊ ကျွန်တော်တို့ စင်ကာပူ ရောက်ကာစ အလုပ်ရှာ စဉ်တုန်းက သူငယ်ချင်း နှစ်ယောက်တူတူ အလုပ်ရှာပါတယ် ၊၊ အင်တာဗျူးတူတူသွားပါတယ် ၊၊ မှတ်မှတ် ယယ အဲဒီ မှာ ခုနပြောတဲ့ လူတစ်ယောက်နဲ့တွေ့တော့ သူက အလုပ်ကို သတ်မှတ်နှုန်းထက် လျှော့မလုပ်သင့်ကြောင်း မြန်မာတွေကို ဈေးနှိမ်တာကို လက်မခံသင့်ကြောင်း တော်တော်ကိုအားကောင်းမောင်းသန်ပြောပါတယ် ၊၊ နောက် သူပဲ သတ်မှတ်ဈေးထက် ၃၀၀ လားမသိ လျှော့ပြီး လက်ခံလိုက်ပါတယ် ၊၊ ကျွန်တော် လက်ခံပါတယ် ၊၊ လူဆိုတာ ကိုယ့်ဘ၀ ကိုယ့်အခြေအနေနဲ့ပါ ၊၊ နားလည်ပါတယ် ၊၊ သို့သော် ကိုယ်လက်ခံမယ်ဆိုရင်လည်း မပြော သင့်ဘူးလို့ထင်ပါတယ် ၊၊ စာဖတ်သူလည်း သူရဲ့သဘောထားကို စစ်ကြောမိမယ်လို့ ထင်ပါတယ် ၊၊ ကိုယ့်ရဲ့ နေရာ လေးတစ်ခုအတွက် တစ်ဖက်သားကို သတင်းမှားပေး ၊ စိတ်ဓါတ်ရေးရာအရ တိုက်ခိုက်ပြီး လုယူလိုက်တဲ့ သဘောပါ ၊၊ ဒါမျိုးကိုတော့ သတိထားသင့်တယ်လို့ထင်ပါတယ် ၊၊ တကယ်လို့ အဲဒီနေရာမှာ ကျွန်တော်တို့ မဟုတ်ပဲ နေထိုင်ခွင့်လည်း ကုန်တော့မယ့် ၊ အဆင်မပြေတဲ့ ဒီအလုပ်မှ မရရင် မဖြစ်တဲ့သူဆို ရင် ဘယ်လို လုပ်ပါ့မလဲဗျာ ၊၊ ဒါပထမတစ်ယောက်ပါ ၊၊

လာပါပြီနောက်တစ်ယောက် က တစ်မျိုး ၊၊ ခုလိုအချိန်မှာ အားလုံသိတော်မူတဲ့အတိုင်း နိုင်ငံသားတွေ တောင်မှ
ခက်ခက် ခဲခဲ အလုပ်ရှာနေရတဲ့ အချိန်မှာ အလုပ်တွေ ပြန်ကောင်းလာပြီလို့ သတင်းမှားကို တဘက်သား အလုပ် ရှာနေသူတွေ ထင်ယောင်ထင်မှားဖြစ်အောင်ပေး ၊၊ လခတွေ ကိုအဆမတန် ပိုတောင်းခိုင်း ၊၊ ဒီရာထူးကိုဒီ လခ နဲ့ မလုပ်သင့်ဘူး ၊၊ ပိုတောင်း ဆိုပြီး ကောင်းစေချင်သလိုနဲ့မြောက်ပေး ၊၊ အမှန်ကတော့ သူလည်း မလွယ်ဘူး ဆိုတာ အသိပါ ၊၊ စိတ်ဓါတ်ရေးရာ အရ တိုက်ခိုက်တာပါ ၊၊ နောက် ခုန အထက်က တစ်ယောက် ဆိုခဲ့သလို ဈေးလျှော့မလုပ်သင့်ဘူး ၊၊ ဒါဟာနှိမ်တာပဲ အစရှိသဖြင့်ပေါ့လေ စိတ်ဓါတ်ကို စကားလုံးတွေနဲ့တိုက်ခိုက်တက်ပါတယ် ၊၊ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ချင့်ချိန်ပြီးမှ ယုံကြည်စေချင်ပါတယ် ၊၊ သူများပြောသမျှ မယုံပဲ ကိုယ်တိုင် လည်း လိုက်လံစုံစမ်းစေ ချင်ပါတယ် ၊၊ တချို့တလေက တကယ် စေတနာနဲ့ပြောသလို တချိုတလေကတော့ တစ်ဖက်သား သပ်သပ် မဲ့ အဆင်မပြေအောင် လုပ်ကြံပြောဆိုကြတာဖြစ်ပါတယ် ၊၊ နောက်တော့လည်း သူတို့ကိုယ်တိုင် ရသလောက်ဈေး နဲ့လက်ခံလိုက်တာ ကိုယ်တွေ့ပါ ၊၊ အဲဒီအခါမှာတော့ စိတ်မကောင်းဖြစ်မိရုံမှတစ်ပါးကိုယ့်မှာလည်း ပြောစရာ စကား မရှိတော့ပါဘူး ၊၊ အဲဒီတော့ သူငယ်ချင်းတွေကို ပဲ အဲဒီလို ကြုံခဲ့ရင် နားမ၀င်မိစေဖို့ သတင်းပေး ရင်း မျှဝေပါတယ် ၊၊ ကိုယ့်ဘ၀ကိုယ့်အကြောင်းနဲ့မို့ ဘယ်သူတွေ ဘာတွေပဲပြောနေပါစေ ကိုယ့်အရာကို ကိုယ်သာဆုံးဖြတ်ကြပါ ၊၊ တချို့လူတွေက လဲကျနေရင်သာ ဖေးကူချင်ပေမယ့် ထောင်မတ်ပြီး အဆင်ပြေသလို ရှိမယ်ဆိုရင်တော့ ရိုက်ချဖို့ အမြဲအကွက်ချောင်းနေကြတာပါ ၊၊ ဘာပဲဖြစ်ဖြစ် သတိလေးထား ပြီးတော့သာ အသိဥာဏ်လေး ဖေးပြီးတော့ အသက်မွေးကြပါလို့ဆိုပါရစေ ၊၊ အခု အချိန်မှာ ဒီမှာ နေထိုင်လုပ်ကိုင်နေသူတွေ အနေနဲ့ PR မဟုတ်ဘူးဆိုရင်တော့ တစ်ချက်ကလေး ခြေချော်လက် ချော် ဖြစ် သွားတာနဲ့ တခါတည်း ပြည်တော်ပြန် ဂျောင်းရမှာမို့ ချုံခိုတိုက်ခိုက်သူတွေကို သတိထားပြီး ဝေးဝေး ကရှောင်ကြပါလို့ပဲ သတင်းပါးလိုက်ပါရစေ ၊၊

မင်းအိမ်ဖြူ

9 comments:

ဝက်ဝံလေး said...

အင်းးးးးးးး မှတ်သားသွားပါတယ် ကိုမင်းအိမ်ဖြူရေ

ဝက်ဝံလေး said...

အစ်ကိုရော အဆင်ပြေတယ်ဟုတ်

ခရောင်း said...

သတင်းမှား=ကောလဟာလ

မယ့်ကိုး said...

ဒီဆောင်းပါးလေး ပထမတစ်ခါဖတ်ဖူးနေတယ်နော်။
ဒါပေမယ့် မဖတ်ရဖူးသူတွေ အတွက် ကောင်းပါတယ်။

naylin said...

ညစ်တွန်းလေး တွန်းဖူးကြမယ် တဲ့ သီချင်းတောင်ရှိသေးတယ်

Yu Ya said...

ကိုမင်းအိမ်ရေ.. ဒါတွေပြောရင် ဒေါတွေပါတယ်..။
မပြောတာပဲကောင်းပါတယ်ဗျာ။

yu ya

Lucifer said...

မှတ်သားစရာပါ ကို မင်းအိမ်ရေ..မမီးတော့မှတ်သားသါားတယ်... ကိုယ်တိုင်လည်း ဆင်ချင်လို့ရတာပေါ့.. ကျေးဇူးတင်တယ်နော်..

မင်းနေဝေး said...

သတင်းမှားကို လာဖတ်တယ်ကိုမင်းအိမ်ရေ .....

ရွှန်းမီ said...

ဟုတ်တယ်.. ဒါမျိုးတွေ သတိထားရမှာပဲ..
သတိပေးတာ ကျေးဇူးတင်ပါတယ်.. ကိုမင်းအိမ်ဖြူ