ဟင့်အင်း တခါမှ မငြင်းခဲ့ဘူးနော ..........နိုးနိုးနိုး တခါဘူးမှလည်း မုန်းတယ်လို့ပြောခဲ့ပါဘူး ......... ဒါပေမယ့် မဆုံနိုင်တဲ့ ဘ၀တွေကိုသိသိကြီးနဲ့ ဘာလို့ များ နီးစပ်ချင်ရတာလဲ ၊၊
ဆုံခွင့်ရတဲ့ အချိန်က လမ်းခွဲလို့ ၀မ်းနည်းရမယ့် အချိန်နဲ့ စာရင်
မကြေကွဲတာမကောင်းဘူးလား
ဖြောင့်ဖြူးတဲ့ လမ်းခရီးမှာ ဆူးညှောင့်ခလုတ်ဖြစ်မှာထက်
ခပ်ဝေးဝေးက သစ်ပင်အိုလေးက အေးရိပ်ကိုပေးတယ်လို့များ မဖြေသိမ့်နိုင်ဘူးလား ၊၊
ဘာလုပ်မှာလဲ
တစ်ညတာ လက်တွဲပြီး တစ်ဘ၀တာခွဲနေရမယ့်အရေး
ခပ်ဝေးဝေးက လွမ်းရတာခံသာပါအုံးမယ် ၊၊
မကြိုးစားချင်ဘူး ကိုယ်မကြိုးစားချင်ဘူး
သိသိကြီးနဲ့ ရုန်းဖယ်ခဲ့တာ မချစ်လို့ မဟုတ်ဘူး မုန်းလို့ မဟုတ်ဘူး
မချစ်သင့်လို့ ၊ မလွမ်းသင့်လို့ ၊ သိကာရှိရှိ လမ်းခွဲချင်လို့ရယ်ပါ ၊၊
တခါတလေ နာကျင်နေမလား
တခါတလေ ကြေကွဲနေမလား
တွေးဖူးပါတယ် တွေးဖူးပါတယ်
နောင် အခါခါ နာကျင်မှာထက်
ဒီတခါနာကျင်တာက သက်သာမှာပါလေရယ်လို့
ဖြေသိမ့်တွေးရင်း မကြင်နာခက်ခက်ရယ်နဲ့ ရင်နာလျက်နဲ့ လမ်းခွဲခဲ့တယ်
တကယ်တွေးခဲ့တာ မင်းအတွက်ရယ်ပဲ ၊၊

ရွှေလက်တွဲပြီး နွှဲခွင့်မရဘူး၇ယ်လို့ မကျေကွဲပါနဲ့လေ
ကိုယ်တွဲဖို့ လက် မင်းအတွက် မမြတ်ဘူးထင်လို့
ရင်နာလျက်က ကမ်းလက်မဆင့်ခဲ့တာပါ
ဒါကိုသာ မြင်တက်ရင် ၊ အခါခါသာ ကျေးဇူးတင်နေရမှာပါ ၊၊
ဒီဘ၀ဆုံခွင့်မရလည်း နောင်ဘ၀တွေသာ ရှိခဲ့မယ်ဆိုရင် မင်းအတွက် ကမ်းလင့်ကြိုဆဲ ၊၊
ဓါတ်ပုံလေးတွေကို ဒီနေရာလေးကယူထားပါတယ်


.jpg)




