Tuesday 9 February 2010

ရွက်ကြွေ

အင်း ဒီလိုနဲ့ ဒီလိုနဲ့ပေါ့လေ ……….

အခုတလော ခဏခဏ ၀င် ကြည့်ဖြစ်နေတာကတော့ Facebook ပါပဲ ၊၊ သူငယ်ချင်းတွေ ဘာတွေ လုပ်နေလဲ ဆိုတာ သိရတယ် ၊၊ နောက် ကိုယ်ဝင်ကြည့်တာလည်း သူလည်းမသိဘူးဆိုတော့ လွတ်လပ်တယ် ၊၊ ဒီ Facebook ဆိုတာကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်း သူငယ်ချင်းတစ်ယောက် သုံးနေလို့ သူက ညွန်းခဲ့ပေမယ့် မ၀င်ဖြစ်ခဲ့ဘူး ၊ နောက်တစ်ခုက ကိုယ့်အပေါင်းအသင်းတွေက Friendster ပဲ သုံးကြတာ ဆိုတော့ အဲဒီကိုပဲ ၀င်ဖြစ်တယ် ၊၊ ဒါပေမယ့် friendster မှာ ဆိုးတာတစ်ခုက ကိုယ်ဝင်ကြည့် ရင် အိမ်ရှင်က သိနေတာပဲ ၊၊ အခုလည်း တချို့ ဘလော့တွေဆို အဲဒီလို တင်ထားတော့ နည်းနည်းတော့ တခါတလေ ကသိကအောက်ဖြစ်ပါတယ် ၊၊ ကောင်းတဲ့ ဘက်က ဖြေတွေးလိုက်တော့လည်း အော် ငါလာတာ သူသိတာပေါ့လေ လို့ပဲ တွေးလိုက် ပါတယ် ၊၊

အဲဒီလို ၀င်ကြည့်ဖြစ်တဲ့အခါ ခုတလော အများဆုံးတွေ့ရတာကတော့ ကြင်စဦး ဇနီးမောင်နှံ တွေ ဖြစ်ကြတဲ့ပုံတွေ မင်္ဂလာဆောင်ပုံလေးတွေ စသည်ဖြင့် စသည်ဖြင့်ပေါ့ ၊၊ အင်း ကောင်းတယ် ၊၊ ၀မ်းမြောက် မိတယ် ၊၊ ဂုဏ်ယူမိတယ် ၊၊ အင်း ဒါပေမယ့် အတိတ်က အရိပ်တွေကိုလည်း သတိရမိတယ် ၊၊ ……………. သူတို့ရွေးချယ်မှုဟာ မှန်ကန်ပါတယ် ၊၊ သင့်တော်ပါတယ် ၊၊ မွန်မြတ်ပါတယ် ၊၊ လေးစားလောက်ပါတယ် ၊၊ ဒါပေမယ့် ကိုယ့်မျက်စိ ထဲမတော့ ကိုယ့်သူငယ်ချင်း မဖြစ်တဲ့အတွက် နည်းနည်း လေးမှ တော့ အဆင်မပြေတာ အမှန်ပါ ၊၊ ကိုယ့်သဘောကိုယ့်အမြင်ပါနော် ၊၊ သူတို့ အဲ ကျွန်တော့်ရဲ့ သူငယ်ချင်းမတွေ ရွေးချယ်ထားတဲ့ သူတွေက တကယ့်ကို ပြစ်မျိုးမှည့်မထင် ၊ တန်းဝင်ကျောက်ကောင်း ၊ အကျင့်စာရိတကောင်းသူတွေလည်း ဖြစ်ပါလိမ့်မယ် ၊၊ သို့သော် သို့သော် ……..

အစ်မတစ်ယောက်လို ခင်ရတဲ့ သူငယ်ချင်း အမရဲ့ ပုံတွေ တွေ့တဲ့အခါ သူ့ဘေးက ဂုဏ်သရေ ရှိလူကြီးမင်းထက် ကျောင်းတုန်းက စီနီယာ အစ်ကိုကြီးကို ပဲပြေးမြင်မိတယ် ၊၊ ကိုယ်တိုင်လည်း လေးစားခဲ့ရတဲ့ သူဖြစ်တဲ့အတွက် သူ့ကိုပဲ ဖြစ်စေချင်တယ် ၊၊ နောက် သူငယ်ချင်း တစ်ယောက်လည်း ဒီလိုပါပဲ မျက်ပေါက်ကျဉ်းကျဉ်း မျက်နှာပြားပြား နဲ့ ၀၀ ကြီးကို တွေတော့ သူငယ်ချင်း ကို သတိရမိတယ် ၊၊ သူတို့တွေဟာ ကိုယ့်သူငယ်ချင်းတွေ လောက်တော့ ရိုးသားတဲ့ မျက်လုံး ၊ ကြင်နာတဲ့ အပြုံးတွေ မရှိတာ ဘာသာ ခံစားမိတာပါပဲ ၊၊ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာ ဖိတ်စေချင်တယ် ၊၊

အင်း ကိုကို မောင်မောင် ဒါလင် မရှိရင် မဖြစ်ပါ ဘူးဆိုတဲ့ သူငယ်ချင်းမတွေ အခုအခါ ကိုကို မောင်မောင် ဒါလင် အသစ်တွေနဲ့ တူယှဉ်တွဲပြီး ဓါတ်ပုံတွေ တင်ထားတဲ့အခါ သူတို့ ပြောတဲ့ ကိုကို မောင် မောင် ဒါလင် မရှိရင် ဆိုတာကို ပိုပြီး နားလည် လာပါတယ် ၊၊ အော် ကိုကိုမောင်မောင် ဒါလင် ဆိုတာက နာမ်စား ၊ မည်သူမဆို ဖြစ်နိုင်တယ် ၊၊ အင်း ကိုယ့်သူငယ်ချင်း ရောင်းရင်းတွေကတော့ ငယ်လေး ဟန်နီ အသည်းလေး ကို ပဲ လွမ်းနေဆဲ လားတော့ မသိ ခုချိန်ထိတော့ တကိုယ်တော် ခရီးကို ရွှက်လွင့်နေကြဆဲ……….

လေးစားတဲ့

မင်းအိမ်

သူငယ်ချင်းများအား လွမ်းဆွတ်ရေးဖွဲ့ပါသည် ၊၊

5 comments:

သူကြီးမင်း (တုံးဖလား) said...

ကိုကိုမောင်မောင်တွေ ထပ်နေတော့ ကျနော့်ကိုများပြောနေသလားလို့ ကျောမလုံဖြစ်နေမိသေးတယ်းဝ။

ကြည်နူးနေကြတဲ့ စုံတွဲလေးတွေကို မြင်ရရင် ကိုယ်တိုင်လဲ ကြည်နူးမှုတစ်ခုခုတော့ ဖြစ်မိတာပါဘဲ။

ကိုဖြူကြီးလဲ အများနည်းတူ တစ်ကိုယ်တော် ရွက်လွင့်ဘ၀က လွတ်မြောက်နိုင်ပါစေဗျာ။

~ဏီလင်းညို~ said...

ကိုမင်းအိမ်ရေ...
ကိုယ်ကသာ ဖိတ်ချင်းဖိတ်....ကိုယ့်အိတ်ထဲဖိတ်ချင်စေချင်ပေမယ့်...သူတို့ကတော့ သူတို့ နှစ်သက်ရွေးချယ်မယ့်သူကိုပဲ အကုန်ဖိတ်ပစ်လိုက်တာ သဘာဝပါနော်ဗျာ...။
ပြီးတော့လည်း...ကိုယ့်အကြောင်းနဲ့ ကိုယ်တွေဆိုတော့လေ....း(
ခင်မင်တဲ့
ဏီလင်းညို

mae said...

ကိုယ့်အိပ်ထဲဖိတ်စေချင်ပေမယ့်လဲ အိမ်ထောင်ရေးဆိုတာက ငယ်ကျွမ်းဆွေ ဆိုတာအပြင် နားလည်မှုတွေ အများကြီးလိုသေးတာပဲလေ၊ ကျမလဲ တွေ့ဖူးနေတာပဲ၊ အသစ်ရှာတယ်လို့တော့ မမြင်မိဘူး၊ ဖူးစာပေါ့လေ၊

တခါတလေကျတော့လဲ ကိုယ့်အိပ်ထဲမဖိတ်တာ ပိုကောင်းသလိုပဲ၊ သူငယ်ချင်းမိတ်ဆွေကနေ ချစ်သူဖြစ်သွားကြရင် စိတ်မတိုက်ဆိုင်လို့ ခွဲကြတဲ့အခါ ရင်နာစရာတွေ ဖြစ်ကုန်တယ်၊

(ကိုမင်းအိမ်နဲ့လဲ အမြဲ ကန့်လန့်တိုက်သလိုကို ဖြစ်နေတယ်၊ )

ZT (TGO) said...

လူပျို ကြီး ခင်ဗျာနဲ ခက်တယ်ဗျာ ခင်ဗျား သူငယ်ချင်း မယူ ရဲ မယူ ရဲ ဝင့် လို အချိန် ဆွဲယူနေလိုလဲ ဖြစ်နိုင် တယ် လူ သားနှစ်ဦး ပေါင်းစပ် ဒါ ဟာ လွယ် မလိုနဲ ခက် ပါ တယ် ဗျာ..
မိန်းမလေး မှာ အချိန် ရှိသေး ဒယ် ဗျာ ခင်ဗျာ သူငယ်ချင်း ကို စောင့် နေ ပိ မ ယူ ဖြစ်ရင် ရော ။
heart & Brain စဉ်းစား တာ ကောင်း တယ် လို ထင် ပါ တယ်....

မငုံ said...

အမြန်ဆုံး တကိုယ်တော်ဘ၀ှ လွတ်မြောက်စေသောဝ်။