Tuesday 11 May 2010

လွမ်း


တကယ်တော့ ကျွန်တော် ကိုယ်တိုင်လည်း မပြတ်သားနိုင်တော့ဘူးထင်ပါတယ် ၊၊ ဘာလုပ်ရပါ့မလဲ လို့ ဘာသာ အကြိမ်ကြိမ် မေးမိတာလည်း ဘယ်နှစ်ကြိမ်မြောက်လည်း မသိတော့ ပြီ ၊၊ ကျွန်တော် ဖောက်ပြန်နေမိပြီလား ၊၊ ဟင့်အင်း ကျွန်တော် မဖောက်ပြန်ပါဘူး ၊၊ ဖောက်ပြန်တာကို ကျွန်တော် အင်မတန် မုန်းသည် ၊၊ ကျွန်တော် ညိုလေး အတွက် ဘယ်လောက်တောင် စောင့်ထိမ်းခဲ့လဲ ၊၊ ကိုယ်တိုင်သာအသိဆုံး ၊၊ သူငယ်ချင်းတွေ သာအသိဆုံး ၊၊ သူ့နာမည် ကို နှုတ်ကမချလို့ ဘေးကလူတွေတောင် အမြင်ကပ်ပေမယ့် ကျွန်တော် ဂရုမစိုက်ခဲ့ ၊၊ ကျွန်တော့် အတွက် ညိုလေးဆိုတာ ဘ၀ ၊ မရှိမဖြစ် ၊၊

တခါတလေ စံပါယ်နဲ့အတူတူ ထမင်းစားနေရပေမယ့် ကျွန်တော် ညိုလေးကို လွမ်းနေတာ ကျွန်တော်သာ အသိဆုံးပါ ၊၊ တခါတလေ စံပါယ်နဲ့ အတူ ရေကူးကန်မှာ ရေအတူကူး နေရပေမယ့် ညိုလေးကို လွမ်းနေတာ ကျွန်တော် သာ အသိဆုံးပါ ၊၊ စံပါယ်လည်း အသိဆုံးပါ ၊၊ ကျွန်တော့် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာအားလုံး ဟာ ညိုလေးရဲ့ အရိပ်ပါ ၊၊ စံပါယ်ချက်ကျွေးတဲ့ မုန့်ဟင်းခါး စားနေရပေမယ့် ကျွန်တော် ညိုလေးကို ချစ် နေဆဲပါ ၊၊ အခြေအနေအရ ညိုလေးနဲ့ ခွဲနေရပေမယ့် ကျွုန်တော် ညိုလေးကို ပဲ အသက်မက ချစ်နေ လွမ်းနေဆဲပါ ၊၊ မြန်မာပြည်မှာ ပျော်တဲ့ ညိုလေး ကြောင့် အကြိမ်ကြိမ် ခေါ်ပေမယ့် ခုချိန်ထိ ရောက်မလာခဲ့ ပေမယ့် မျှော်လင့်နေမိဆဲ ၊၊ စံပါယ်ကတော့ ကျောင်းအတူတူ လာတက်တဲ့ သူချင်းမို့ ပိုတွဲဖြစ်ခဲ့သည် ၊၊ ကျွန်တော့်အပေါ်အင်မတန်မှ နားလည် နိုင်တဲ့ စံပါယ့်ကိုတော့ သံယောဇဉ် ပိုမိသည် ၊၊ နှစ်ယောက်လုံး ကျောင်းပြီးလို့ အလုပ်ရတော့ ပိုတွဲဖြစ်လာသည် ၊၊ ဒါပေမယ့် ကျွန်တော် ညိုလေးကို ချစ်ပါသည် ၊၊ ကျွန်တော် ချစ်ဆဲ လွမ်းဆဲ ဆိုတာလည်း အများသိအောင် ပြောနေဆဲပါ ၊၊

ဒီနေ့တော့ စံပါယ် ငိုနေရပြီ ၊၊ မကြာခင် ညိုလေး လိုက်လာတော့မယ်တဲ့ ၊၊

ငိုနေတဲ့ စံပါယ့်ကို ချော့နေရတဲ့ ကျွန်တော် ၊၊ ဘာသာ လိပ်ပြာမလုံပေမယ့် စံပါယ့်ကို တစ်ယောက်တည်း ထားခဲ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ ၊၊ ကျွန်တော့်နှလုံးသားက စံပါယ့် ကို ထားရစ်ခဲ့ဖို့ လက်မခံတော့ ၊၊ ဒါဆို ကျွန်တော် သူ့ကို ချစ်နေပြီလား ၊၊ မဟုတ်နိုင်ဘူး ၊၊ ကျွန်တော်ချစ်တာ ညိုလေး ပဲ ၊၊ မြန်မာပြည်မှာ ကျန်နေရစ်ခဲ့တဲ့ ညိုလေးပဲ ၊၊ ကျွန်တော် ညိုလေးကိုပဲ ချစ်တယ် ၊၊ သေချာတယ် ကျွန်တော် ညိုလေးကိုပဲ ချစ်တယ် ၊၊ ကျွန်တော့် ရင်ခွင်ထဲမှာ တစ်ရှိုက်ရှိုက် ငိုနေတဲ့ စံပါယ်ရဲ့ ခေါင်းလေးကိုပွတ်လို့ ချော့ရင်း တွေးနေမိတာက ကျွန်တော် ညိုလေးကို ချစ်တယ် ဆိုတာပါပဲ ၊၊ ညိုလေးဟာ အခြားတစ်ယောက်နဲ့ ကျွန်တော့်ကွယ်ရာမှာ ကျွန်တော် မသိအောင် ဖောက်ပြန်နေပေမယ့် ကျွန်တော် ညိုလေးကို ချစ်နေဆဲပါ ၊၊ ကျွန်တော် ဖောက်ပြန်တာကို မုန်းသည် ၊၊ သို့သော် ညိုလေးကို ချစ်သည် ၊၊ ကျွန်တော့် ရင်ခွင်ထဲမှာ တစ်သိမ့် သိမ့်ရှိုက်နေတဲ့ စံပါယ့်ကို ချော့ရင်း ၊ စံပါယ့် ကျောလေးကိုပွတ်သပ်ချော့ရင်း ကျွန်တော် ညိုလေး ကို လွမ်းပါသည် ၊၊

ကျွန်တော် ဘာလုပ်သင့်ပါသလဲ ၊၊ ကျွန်တော် ဘာလုပ်သင့်ပါသလဲ …….

6 comments:

Anonymous said...

ရှင်သင့်ပါတယ်။:)))


မအယ်

အမြင်ကပ်သူ said...

သေသင့်တယ်.။

ကာရံဆူး said...

သူငယ်ချင်း သံယောဇဉ်နဲ့ စံပယ်ကို ချစ်နိုင်အောင် ကြိုးစားလိုက်ပါ...ဖောက်ပြန်ပြီးမှ ပြန်ရောက်လာတဲ့ ချစ်တယ်ဆိုတဲ့ ချစ်သူကိုတော့ မေ့လိုက်ပါ...

Reborn Steven said...

ညိုလေး. စံပါယ်. မြန်မာပြည် . စလုံး..
အတွေးတွေ ခေါင်းခြောက်သွားတယ်..( အပိုတွေ တွေးနေလို့ ဖြစ်မှာပါ)။ ယောင်္ကျားလေး မိန်းကလေး အို အစုံပါပဲ။
ဘဝအတွက် ထာဝရ လက်တွဲနိုင်မဲ့သူကို ရွေးပါလေ။ မိဘဆွေမျိုး အသိုင်းအဝိုင်းကြား လူအများကြား ထဲမှာလဲအပါပေါ့..

အကောင်းဆုံးရွေးချယ်နိုင်ပါစေ ကိုမင်းအိမ်ဖြူရေ

သိင်္ဂါကျော် said...

ဟို သီချင်းထဲကလိုပေါ့..
“နှစ်ယောက်စလုံးကို ချစ်တယ်
နှစ်ယောက်လုံးကလည်း ချစ်တယ်
ငါ့ကိုယ်ငါပဲသတ်သေလိုက်ချင်တော့တယ် ”
:P

SSK said...

ကိုယ် ဟာကိုယ်ဆောင့် ပြီးသေလိုက်ပါ
မနေသင့် ဘူးထင်တယ်လောကမာ