Monday 24 May 2010

ချစ်တယ်

အပြင်တစ်နေရာကနေ လွမ်းနေရပေမယ့် ကိုယ့်ဒေသက ကောင်းသတင်းလေးတွေကိုသာ ကြားချင်နေမိတာပါ၊၊ ကိုယ့်ဆီမှာ ဘာဖြစ်ပြန်ပြီ ၊ ညာဖြစ်ပြန်ပြီ ဆိုတဲ့ သတင်းဆိုးတွေ ကြားရလေတိုင်း တကယ်ပါ .... ရင်ထဲမှာ မကောင်းဘူး ....... ကိုယ်တွေ လည်း ဘာတစ်ခုမှ မစွမ်းဆောင်ပေးနိုင်သလို ........ စည်းဝိုင်းအပြင်ကို ရောက်နေသလို ...... အားမလိုအားမရ အမြဲတမ်း ခံစားရတာ လူတိုင်းဖြစ်မှာပါ .........

အမေကျော်ပြီး ဒွေးတော်လွမ်းလို့ ပြည်ပတစ်နေရာမှာ ပျော်ပျော်ကြီး နေနေရတာ မဟုတ်ပါဘူးဆိုတာ ကို မြန်မာ့ အသံက လူတွေကို သိစေချင်ပါတယ် ......... ဟိုလူကြီးလည်း သိစေချင်ပါတယ် ........ ကိုယ့်မြေကိုယ့် ရွာ ကိုယ်ဌာနေမှာ လူချင်းတူတူ သူချင်းမျှမျှ တန်းတူအခွင့်အရေးတွေ မရလို့ ၊ ရှာဖွေ စားသောက် ၀မ်းတစ်ရေး အတွက် ၊ သွားလာနေထိုင် အိမ်တစ်လုံးအတွက် ချစ်တဲ့ မိသားစုကို ထားခဲ့ပြီး နေ၇ရှာတယ်ဆိုတာ သူတို့တွေကို သိစေချင်စမ်းပါဘိ ...........

မုန်တိုင်းမွှေတုန်းကလည်း ပြည်ပကလူတွေ မသိချင်ယောင်မဆောင်ခဲ့ပါဘူး .......... ရေငတ်တော့လည်း မကြားချင်ယောင် မဆောင်ပါဘူး ......... အခု ဒီနေ့ မိးလောင်တော့လည်း အားလုံး စိတ်မကောင်းတွေ ဖြစ်နေ ကြတာပါပဲ .............

အလုပ်ကအပြန် ညည့်နက်လို့ တက်စီစီးရတဲ့အခါတိုင်း မင်းတို့တိုင်းပြည်က အရမ်းချမ်းသာတာပဲနော် ဆိုတဲ့ စကားကြားရလေတိုင်း ဘာသိဘာသာ မျက်ရည်ဝဲမိတာ ညတိုင်းပါပဲ ............ မင်းတို့တွေ တကယ်တော် တယ်နော်ဆိုတိုင်း ဘောင်းဘီ ၀တ်တွေလောက် မြန်မာပြည်မှာ ထမင်းမ၀ခဲ့တာ ရင်နာတာပါပဲ ........... ခုချိန်ထိ ကိုယ့်တိုင်းပြည်က ကိုယ်တွေကို မလိုအပ်ပေမယ့် ........... ကိုယ်တွေက အဝေးတစ်မြေက လွမ်း နေကြဆဲပါ ........... တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါ့တို့ အိမ်ပြန်ကြမယ်လို့ ဘာသိဘာသာ တီးတိုး အားပေးရင်း မာန်တင်းနေကြဆဲပါ .................... သို့သော် ဘယ်နေ့မှာလဲ .................. မင်းတို့ ဒီနိုင်ငံသား ခံမှာလား လို့မေးတိုင်း ဟင့်အင်း အချိန်တန်ရင် အိမ်ပြန်မယ် .... ငါ့တို့တိုင်းပြည်မှာပဲ နေချင်တယ်လို့ မတုံ့မဆိုင်း ပြန်ပြောမိပေမယ့် ငါတို့ကိုရော ငါတို့ တိုင်းပြည်က လိုအပ်ပါသေးရဲ့လား ............ လက်ခံချင်ပါသေးရဲ့လား ... ဘာပဲဖြစ်ဖြစ် ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်ဌာနေကိုတော့ အခုချိန်ထိ ချစ်တယ် ..........

1 comment:

ကာရံဆူး said...

အမှန်ပါပဲ ကိုမင်းအိမ်ရေ...သာတူညီမျှ အခွင့်အရေးတွေ လူတိုင်းကိုယ်စီ အိမ်တဆောင် မီးတပြောင်နဲ့ နေနိုင်ရင် ရေခြားမြေခြားဆိုတာကြီးကို ရောက်လာစရာ မိသားစုတွေနဲ့ ခွဲလာစရာ အကြောင်းမရှိတာ အမှန်ပါ...မတတ်သာလို့ ခပ်ခွာခွာနေရပေမဲ့ ကိုယ့်နိုင်ငံလောက် မက်မောစရာ တွယ်တာစရာ ချစ်စရာ ကောင်းတာ မတွေ့ ခဲ့မိပါဘူး...တိုင်းတပါးဆိုတာငွေကြေးကြောင့် ဖွံ့ ဖြိုးတိုးတက်နေပေမဲ့ ခဏတာပျော်ရွှင်မှုတွေကို သူတို့ တွေ သာယာနေတာမြင်တိုင်း ကိုယ့်နိုင်ငံက တကယ့်ကို သာယာစရာ အေးချမ်းပျော်ရွှင်မှုတွေကို မှီနိုင်မယ် မထင်ပါဘူး...ဘာပဲဖြစ်ဖြစ် တန်းတူညီမျှ အခွင့်အရေးရခဲ့ရင် ချက်ချင်းပင် အပြေးပြန်မိမှာ အသေချာပါ...စာရေးရင်း ၀မ်းနည်းနေမိပါတယ်...